ကွန်ပျူတာဆားဗစ်ကျွမ်းကျင်မှု

klnJune 2, 20101min510

ကွန်ပျူတာဆားဗစ်ကျွမ်းကျင်မှု အတွေ့အကြုံသင်တန်းများပေးရန် လိုအပ်ချက်ရှိနေသေး
ကွန်ပျူတာအရောင်းနှင့် ဆားဗစ်ဆိုင်များအနေဖြင့် မိမိ၏ဆားဗစ်ဝန်ထမ်းများကို အတွေ့အကြုံရှိသူများမှ ဆားဗစ်ပိုင်းဆိုင်ရာ အတွေ့အကြုံနှင့် ပတ်သက်၍ အတွေ့အကြုံသင်တန်းများ မကြာခဏပေးရန် လိုအပ်ချက်ရှိနေသေးကြောင်း ကွန်ပျူတာဆားဗစ်ဆိုင်အချို့မှ အကြံပြုပြောသည်။ “ ဆိုင်တွေအနေနဲ့ အတွေ့အကြုံရှိတဲ့ ဆားဗစ်ပညာရှင်တွေဆီကနေ လုပ်သက်နုတဲ့ဝန်ထမ်းတွေကို ဘာဖြစ်လို့ သင်တန်းပေးသင့်တာလဲဆိုတော့ လုပ်သက်အရသူတို့မမီလိုက်၊ မသိလိုက်တဲ့ဆားဗစ်ပြဿနာတွေကို ဖြေရှင်းရာမှာ လွဲမှားတာလေးတွေရှိတတ်လို့ ဖြစ်ပါတယ်။ ဥပမာပြောရရင် တချို့ဆားဗစ်သမားတွေအနေနဲ့ Notebook တွေကို ဆားဗစ်ပေးရာမှာ Brand အရအမျိုးမျိုးရှိတာရယ်၊ မော်ဒယ်လ်အမျိုးအစား ကွဲပြားတာရယ်၊ နောက်ပြီး သက်ဆိုင်ရာ Brand အလိုက် နည်းပညာမတူတာတွေရယ်ရှိတဲ့အတွက် ဆားဗစ်ပေးတဲ့အခါ အခက်အခဲဖြစ်တတ်ပါတယ် ” ဟု ဆားဗစ်ဆိုင်တချို့ကပြောသည်။ ထို့ပြင် တချို့သောဆားဗစ်ဝန်ထမ်းများအနေဖြင့် Customer များအပေါ်ရှင်းလင်းပြောကြားရာ၌ အမှန်တကယ်ဖြစ်သည့် ဆားဗစ်ပြဿနာနှင့် ဖြေရှင်းရမည့်လုပ်ငန်းစဉ်ကို သေချာမရှင်းပြနိုင်ခြင်းများ ရှိနေတတ်ပြီး ဆားဗစ်ပြုပြင်ရာ၌လည်း ကျွမ်းကျင်မှု နည်းပါးနေခြင်းကြောင့် မလိုအပ်ပဲပြုလုပ်သည့် ဆားဗစ်ပြုပြင်ခြင်းများမှာ အမှားများဖြစ်ပေါ်တတ်ကြောင်း ၂၀၁ဝခုနှစ် ဇွန်လ ၃ရက်နေ့ထုတ် အင်တာနက် ဂျာနယ်တွင် ဖော်ပြထားပါသည်။