ဘာကြောင့် လူပျိုကြီး၊ အပျိုကြီးတွေ ဇီဇာကြောင်နေရသနည်း…

koyin sithuJanuary 26, 20121min32240

ဘဝဆိုတာကြီးက အတော်ကို ပျင်းရိငြီးငွေ့စရာ ကောင်းလှပါတယ်ဗျာ။ ဒီနေရာမှာ ကျွန်တော်ရဲ့ အကြောင်းကို မပြောချင်ပါဘူး။ ကျွန်တော်နာမည်က လှမောင်ပါ။ ဒါပေမဲ့ ကျွန်တော်နဲ့ ရင်းနှီးတဲ့ လူတွေက ကျွန်တော်ကို လှမောင်လို့ ဘယ်သူမှ မခေါ်ကြပါဘူး။ ဇီဇာမောင်လို့ ခေါ်ကြတယ်။ ဇီဇာကြောင်လွန်းလို့ လှမောင်ဆိုတဲ ့နာမည်ပျောက် ဇီဇာမောင်ဆိုတဲ့နာမည်ရောက်ခဲ့တာသာ ကြည့်ပေတော့။ ကျွန်တော်ရဲ့အသက်က အခုဆို လေးဆယ်တောင်ဝင်ပါပြီ။ အိမ်ထောင်မရှိသေးတဲ့ လူပျိုကြီး တစ်ယောက်ပါ။ အိမ်ထောင်မရှိသေးဘူး ဆိုတော့ အိမ်ထောင်ရေးတွေကို စိတ်မဝင်စားဘူးလို့ မထင်စေချင်ပါဘူး။ အရမ်း စိတ်ဝင်စားပါတယ်။

လူပျိုကြီး အင်ဇာဂီနှင့် ရန်ကုန်မှ သဲတို့ အပြန်အလှန် ချက်တင်ထိုင်နေကြပုံ... 😛

ကျွန်တော်ဟာ အသက်၁၈-နှစ်သား လောက်ကတည်းက အိမ်ထောင် ပြုချင်ခဲ့တာပါ။ အိမ်ထောင်ဖက်တွေ့ရဖို့ အတွက်လည်း အမြဲတမ်း ကြိုးစား ရှာဖွေခဲ့ပါတယ်။ ချစ်သူ ထားခဲ့ပါတယ်။ ဒါပေမဲ့ မေးစရာ ရှိပါတယ်။ ဘာဖြစ်လို့ အိမ်ထောင်မကျ သေးတာလဲပေါ့။ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော်ရဲ့ ဇီဇာကြောင်လွန်းတဲ့ စိတ်ဓာတ်ကြောင့်ပဲ ဆိုတာ သိပါတယ်။

ကျွန်တော်ရဲ့ ဘဝမှာ ချစ်သူရီးစား တော်တော်များများ ထားခဲ့ဘူးပါတယ်။ မျက်နှာများတယ်လို့ မထင်ပါနဲ့ဗျာ ။ ကျွန်တော်က အပျော်ကြံတာ မဟုတ်ရပါဘူး။ အတည်ကြံတာပါ။ ကျွန်တော်က ချစ်သူမထားခင် ကတည်းက လက်ထပ်ဖို့ ရည်ရွယ်ပြီးမှ ထားတာမို့ပါ။ ဘယ်တစ်ယောက်ကိုမှ အပျော်ကြံတယ်ဆိုတာ မရှိပါဘူး။

နောက် ကျွန်တော်မှာ အမုန်ဆုံးဆိုတဲ့ အရာတွေ တော်တော်များပါတယ်။ ဒါလဲ မကောင်းပါဘူး။ မိန်းကလေးတစ်ယောက် ညစ်ပတ်ရင် အရမ်းမုန်းပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှု့ အားနည်းတာကို ပြောတာပါ။ ကျွန်တော်ရဲ့ ချစ်သူလေးကို လက်မထပ်နိုင်ခဲ့တာ အဲဒါကြောင့်ပါ။ သူက အရမ်း ညစ်ပတ်ပါတယ်။

အဲဒီတုန်းက ကျွန်တော်ရဲ့ အသက်၂ဝပဲ ရှိသေးတယ်။ သူနဲ့ ကျွန်တော်က သက်တူရွယ်တူပါ။ ငယ်သူငယ်ချင်းတွေပါပဲ။ မူလတန်းကျောင်းကနေ အထက်တန်း အောင်တော့လဲ အတူတူ။ နောက် အဝေးသင် သွားတက်ပြီး ဘွဲ့ရတဲ့အထိ အတူတူပါ။ သူနဲ့ ကျွန်တော် ၁၀-တန်းစာမေးပွဲ ဂေဇက်ထွက်တဲ့နေ့မှာ ချစ်သူဖြစ်ခဲ့တာပါ။ ချစ်သူတွေ ဖြစ်လာတဲ့နောက်ပိုင်း သူ့အကြောင်းတွေကို ကျွန်တော် တော်တော်မျာများ သိခဲ့ရတယ်။

သူက အာပုတ်နံ့လည်း အတော် နံပါတယ်။ သူနဲ့ စကားပြောရင် အဝေးကနေပဲ ပြောရပါတယ်။ အနီးကပ်ပြောရင် သူရဲ့ အာပုတ်နံ့ကို ကျွန်တော် လုံးဝ မခံနိုင်ပါဘူး။ မရိုသေ စကားပြောရရင် ချစ်သူတို့ သဘာဝ သူရဲ့ နုတ်ခမ်းလေးက ချိုမြိန်တဲ့ အနမ်းလေးတစ်ခုကို ကျွန်တော် ရယူဖို့ မကြိုးစားခဲ့ပါဘူး။ အဓိကကတော့ သူရဲ့ အာပုတ်နံ့ကို မခံနိုင်လို့ပါ။ အဲဒီလိုနဲ့ သူ့ကို ကျွန်တော် ရင်နာနာနဲ့ပဲ လမ်းခွဲခဲ့ရတာပါ။

နောက်တစ်ယောက် ကျတော့ အရမ်း လိမ်တတ်လို့ပါ။ သူက လိမ်စရာမရှိရင် ကိုယ့်ပေါင်ကို ပြန်လိမ်ရမှ ကျေနပ်တဲ့ လူစားမျိုးပေါ့ဗျာ။ သူနဲ့ ကျွန်တော် ချစ်သူသက်တန်း တစ်လျှောက်လုံးမှာလည်း သူ့ရဲ အလိမ်အညာတွေကို လူးလိမ့်နေအောင် ခံခဲ့ရပါတယ်။ ဘယ်လောက်ထိတောင် လိမ်တတ်သလဲဆိုရင် သူနဲ့ ပတ်သက်တာတွေ အကုန်လုံး အလိမ်အညာတွေ ချဉ်းပါပဲ။

တစ်ခုမှ အမှန်အကန် မပါပါဘူး။ သူ့ရဲ့ မောင်တစ်ဝမ်းကွဲကို ခေါ်လာပြီး ရီးစားဟောင်ပါဆိုပြီး မိတ်ဆက်ပေးလို့ အတော်ခံစားခဲ့ရသလို ရီးစားဟောင်း တစ်ယောက်ကို ခေါ်လာပြီး သူ့ရဲ့ မောင်တစ်ဝမ်းကွဲပါလို့ ပြောလို့ အတော်ပဲ စိတ်ကသိကအောက် ဖြစ်ခဲ့ရပါသေးတယ်။ ဒါကြောင့် လိမ်တတ်တဲ့ မိန်းမကို ကျွန်တော် ကျောခိုင်းခဲ့ရပါတယ်။

နောက်တစ်ယောက်ကျတော့ ရိုးလွန်းအား ကြီးလို့ပါ။
နောက်တစ်ယောက်ကြတော့ ထူလွန်းအားကြီးလို့…..
နောက်တစ်ယောက်ကြတော့ စကားများလို့….
နောက်တစ်ယောက်ကြတော့…စကား မပြောတတ်လို့….
နောက်တစ်ယောက်ကြတော့ စွာလို့ ရန်အမြဲလိုနေလို့ ………..
နောက်တစ်ယောက်ကြတော့ ကျွန်တော်လိုပဲ ဇီဇာကြောင်လို့……….

အဲဒီလိုနဲ့ ကျွန်တော်ရဲ့ အသက်တွေလည်း တစ်နှစ်ပြီး တစ်နှစ် ကြီးလာခဲ့ပါပြီ… ကျွန်တော် ငယ်ငယ်တုန်းက ထဲကသာ ဇီဇာမကြောင်ခဲ့ဘူး ဆိုရင် အခုလောက်ဆို ကျွန်တော်မှာ မိသားစုနဲ့ ဖြစ်နေလောက်ပါပြီ။ အခုတော့ ကျွန်တော် ဇီဇာကြောင် လွန်းအားကြီးခဲ့လို့ အခုတော့ ဘဝမှာ အထီးကျန်ဆန်စွာနဲ့ တစ်ယောက်ထဲ ဖြတ်သန်းနေခဲ့ရပါတယ်။

အခုတော့လည်း သင်္ဘောတစ်ခုပေါ်မှာ အလုပ်လာလုပ်နေပါတယ်။ အခုအချိန်အထိ လှမောင်ဆိုတဲ့ လူသားတစ်ဦးဟာ လုံးဝ ဇီဇာမကြောင်တော့ပါဘူး ဆိုတဲ့အကြောင်းရယ် ၊အိမ်ထောင်မကျသေးဘူးဆိုတဲ့ အကြောင်းလေးတွေကို ခင်ဗျားတို့ နီးစပ်ရာကို ပြောပြပေးပါဦးဗျာ။

ကျွန်တော်နဲ့ သင်္ဘောအတူလိုက်ခဲ့တဲ့ စီနီယာလူပျိုကြီး တစ်ယောက် လူပျိုကြီးဘဝ လွတ်မြောက်ချင်လို့ ပြောပြချက်ကို ပြန်လည် ဖောက်သည်ချရေးပြထားတာပါ။  ကျွန်တော်က သူ့လက္ခဏာကို ကြည့်လိုက်တော့တနင်္ဂနွေဂြိုဟ်ခုံရဲ့ အောက်တည့်တည့်မှာ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတာ သွားတွေ့ရပါတယ်။ (ကိုရင်ထက်ဝေနဲ့ ရွာထဲမှာ မှီတင်းနေထိုင်ကြုန်သော အခြားလူပျိုကြီး၊ အပျိုကြီး များလည်း မိမိလက်ဝါးကို ကြည့်ပြီး ဇီဇာကြောင် မကြောင် ခန့်မှန်းလို့ရပါတယ်)

အဲဒီလို လက္ခဏာ ပိုင်ရှင်တွေဟာ အချစ်ရေးမှာ ဇီဇာကြောင်လွန်းလို့ ချစ်ရမဲ့သူ ၊ ချစ်တဲ့သူ ၊ ချစ်သင့်သူ ၊ချစ်နိုင်တဲ့သူ ဘယ်လို ချစ်သူမျိုးကိုပဲ တွေ့တွေ့ သူ့ရဲ့ ဇီဇာကြောင်လွန်းတဲ့ စိတ်ကြောင့် အချစ်နဲ့ ဝေးကွာတတ်ပါတယ်။ နောက်ဆုံးမှာ တစ်ယောက်ထဲ အပျိုကြီး ၊ လူပျိုကြီး ဘဝနဲ့ အရိုးထုပ်သွားရပါတယ်။

 

အဝိဇ္ဇာနွံထဲမှ ကြယ်တစ်ပွင့်

ကိုရင်စည်သူ

 

40 comments

  • ဖားသက်ပြင်း

    January 26, 2012 at 10:21 pm

    ဇီဇာတော့ သည်လောက် မကြောင်ဘူးခင်ည…
    အမြဲတမ်းထားသွားခံရတဲ့ ဘက်တော်သားပါဗျာ…

    ရည်းစားများသတဲ့ ………..
    အကျင့်မကောင်းဘူးတဲ့ လေ….

    ဂယ်က ကျုပ်ချည်းပဲ ထားခဲ့ခံရတာ……………

    လွယ်ဝူးရယ်…ဇီဇာတော့ မကြောင်တတ်ဘူးဗျာ..
    တခုပဲ …..အချိန်မပေးဖြစ်တတ်ခဲ့ဘူး ………….
    တန်ဖိုးမထားဘူး ..အတ္တသမား …..စိတ်စေရာသွားတယ်…
    ဆိုတာမျိုး … ထားခဲ့ခံထိတိုင်း …ကြုံရသပေါ့ ……..

    အနှီ ၆ကျင့်ကို မပြင်နိုင်သေးဘူးဗျာ …..
    တကောင်ထည်း နေရတဲ့ဘဝမှာ အသားကျနေတဲ့
    မဖြစ်ညစ်ကျယ်ကောင်ပါဗျာ …(အဲ့ အသားကျတော့ အရိုးပဲကျန်တာပေါ့နော….)

    ကရင်စီ ရေ့………….
    အားပေးဖတ်ရှုရင်း ……..ခံစားရတာလေးတွေ
    ဖောက်ထုတ်ဖြစ်ပါတယ်ဗျား ….။

    ခင်တဲ့
    ဖားသက်ပြင်း…

    • ကိုရင်စည်သူ

      January 27, 2012 at 8:59 am

      ကိုရင် အင်ဇာဂီ ခံစားရတာတွေကို နားလည်မိပါတယ်ဗျာ..
      မိန်းမတော်တော်များများကတော့ သူတို့ကို အချိန်ပေးတာကို ပိုနှစ်သက်တယ်ဗျ…
      တခါတခါ ကိုယ်နဲ့ ကီးမကိုက်ပြန်ရင်လဲ ဇီဇာကြောင်တယ် ထင်နေကြပြန်ကော…
      တကယ်ပြောရရင် သုံးဆယ်နား တဖြည်းဖြည်းတိုးလာတဲ့ ကျနော်တို့တွေလည်း
      လူပျိုကြီးဖြစ်မှန်းမသိဖြစ်လာနေပါပြီ…။
      ရွာထဲက ကျနော်တို့ ရောင်းရင်း လူပျိုကြီးများ၊ လူမပျိုတပျိုကြီးများအားလုံးရဲ့
      စိတ်ခံစားချက်တွေကို ဆွထုတ်ရေးပေးလိုက်ချင်းဖြစ်ပါတယ်…
      လူပျိုကြီးတွေ အပျိုကြီးတွေအားလုံး ဘာလို့ အိမ်ထောင်မပြုကြလဲဆိုတာတော့
      ဒီနေရာမှာ share ပေးစေလိုပါတယ်… လက္ခဏာပိုင်းနဲ့လည်း ဘယ်လိုမျိုးတွေ
      ဖြစ်လည်းဆိုတာ ကျနော်အစဆွဲထုတ်ပေးထားတဲ့အတွက် အပြန်အလှန်ဖောက်သည်
      ချပေးမယ်လို့ မျှော်လင့်ပါတယ်…

      ခင်တဲ့
      ကိုရင်စည်သူ

  • ဦးဦးပါလေရာ

    January 26, 2012 at 10:47 pm

    တနင်္ဂနွေ ဂြိုလ်ခုံဆိုတာ လက်ညှိုးအောက်က နေရာလားမသိဘူး။
    ကျုပ်ကတော့ အဲဒီအောက်မှာ ကြက်ခြေခတ်သုံးခုလောက်ပါနေတယ်။
    ဇီဇာကြောင် မကြောင်တော့ ကိုယ့်ကိုယ်ကို မဆုံးဖြတ်လိုပါဘူး..
    ကျုပ်ဇနီးကတော့ မင်္ဂလာဆောင်ပြီးနောက်နေ့ကတည်းက
    နောင်တရတယ်ချည်း ပြောပြောနေတာ… 🙂

  • ဂျက်ကီချီးပေ

    January 26, 2012 at 11:40 pm

    လင်မရှိတဲ့မယား
    တံခွန်မရှိတဲ့ရထား လို့တော့ပြောကြတာဘဲ
    ကျုပ်အမြင်ကတော့
    ရေမထွက်တဲ့ရေတွင်းပေါ့ဗျာ
    အရည်မှမထွက်တာ ဘယ်လိုစိုပြေနိုင်မှာလဲ
    ခင်ဗျားတို့ကို အနုလုံလေးတွေ ( လောကီတွင်းမှ ) အရိပ်အမြွက် ဟောပြလိုက်တာ
    မိုက်ရိုင်းတယ်ဘာတယ် လာမယွားနဲ့
    ကြိုဆိုပါ၏ မြို့အဝင်ဝမှာနေဒယ်

  • aye.kk

    January 27, 2012 at 12:23 am

    ကျမရဲ ့လက္ခာဏာမှာ…
    တနင်္ဂနွေဂြိုလ်ခုံရဲ ့အောက်တည့်တည့်မှာ….
    လွန်စွာဆိုးရွားကာပြတ်ပြီးနှစ်ထပ်ယှဉ်လျှက်ဖြစ်နေပါတယ်…
    ကျမဘဝမှာကြေကွဲစရာတွေချည်းဆက်တိုက်ခံစားရသူပါ…
    ငယ်ငယ်ကကိုင်ရိုလက္ခဏာစာအုပ်ဖတ်ပြီးရင်တနင်္ဂနွေဂြိုလ်ခုံအောက်မှာရှိတဲ့..
    နှလုံးလမ်းကြောင်းရဲ ့အကျိုးအပြစ်ကို
    ဆက်ဖတ်ဖို့အင်အားမရှိဘူး၊အပြစ်တွေသိတော့မခံစားနိုင်တာလည်းပါတယ်။
    စာအုပ်လှန်လျှက်နဲ ့ရင်ပတ်မှာထားပြီးအိပ်ပျော်သွားတာများတယ်။
    ကံအကျိုးပေးကမွေးရာပါလာပြီဆိုတော့၊ဘာတခုကိုမှကြိုပြီးမသိချင်မိဘူး….။
    ဘကြီးပြောပြဘူးထားတာလဲရှိတယ်၊ပင်မလမ်းကြောင်းကြီးတွေက
    အတိတ်ကံအကျိုးကြောင်းနဲ့ပတ်သက်နေတယ်ပေါ့နော်…
    မွေးရာပါလာတာကပြောင်းလဲဖို့မဖြစ်နိုင်သလို၊လက်ဖဝါးပြင်ရဲ ့
    ရေဇာများကလည်းလူတယောက်ရဲ ့ကုသိုလ်ကံအကြောင်းတရားနဲ့
    သက်ဆိုင်နေတာလို့ပြောပြထားတော့လေ့လာခဲ့ရင်းကဟုတ်မှန်နေတာတွေ ့ရှိခဲ့ရတယ်။

    • ကိုရင်စည်သူ

      January 27, 2012 at 9:12 am

      မအေးကေကေရေ..
      လက္ခဏာဆိုတာ မွေးကတည်းက တံဆိပ်နှိပ်ပေးလိုက်တဲ့
      ကံအမှတ်အသားတွေပေါ့ဗျာ… ပါလာပြီဆိုတော့ ဘယ်တတ်နိုင်မှာလဲ..
      ပြင်လို့ရတဲ့နည်းတော့ရှိပါတယ်… အားနည်းတဲ့အပိုင်းကို ယတြာကုသိုလ်ယူရင်း
      အားဖြည့်ပြီး ကံကောင်းအောင်လုပ်ရမှာပေါ့။ ယုံကြည်ချက်နဲ့ ဇွဲရှိဖို့တော့လိုတယ်..
      ကျနော်လေ့လာမိသလောက်တော့ လက္ခဏာဆိုတာ မိမိ ကောင်းမှု မကောင်းမှုတွေကြောင့်
      ၃လတစ်ခါ မသိမသာလေးနည်းနည်းပြောင်းသွားပါတယ်.. သတိထားကြည့်ပါ…။
      ကျနော်ဆိုလဲ အမထက်ကို နှလုံးလမ်းကြောင်းက ရေဇာတွေများချက်ကတော့ ပြောမနေပါနဲ့ဗျာ..
      အားလုံးကို အတွေ့အကြုံတွေထားပြီး ဖြတ်သန်းခဲ့ရတာပါပဲ… 😉

      ခင်တဲ့
      ကိုရင်စည်သူ

  • captainamerica

    January 27, 2012 at 1:02 am

    အင်း လဗျုူိဂျီးစာရင်းထဲပါလောက်နေပါဘီ။အသက်ကလည်း၂ရဆိုတော့
    ကိုရင်စည်သူပြောတဲ့အချက်ထဲက၂ ချက် ၃ချက်တော့ကြုံမိသား 🙂

  • comegyi

    January 27, 2012 at 2:17 am

    သည်လူရီးက ဇီဇာကြောင်တယ်သာပြောတယ်
    သူကချည်း ထားခဲ့တယ်……
    ကျုပ်တို့များ ဇီဇာမကြောင်ဘူးသာပြောတယ်
    ထားသွားခံရတာချည်းပဲ
    ……………….
    ကိုရင်အင်ဇာဂီပြောသလို
    တစ်ခါတစ်ခါ ပရိုပို့စ်လုပ်ထားတဲ့ ရည်းစားက ကိုယ့်ကိုအဖြေပေးခဲ့ရင်တောင်
    သူချိန်းတာကို သွားရမှာ
    ဒါနဲ့ ပျင်းပြီးရည်းစားမဖြစ်ချင်တော့ဘူး
    ဟဲဟဲ ….
    အဲသလိုနဲ့ ကျုပ်လည်း ကျုပ်လည်း …..
    ကိုလှမောင်လို ဖြစ်လာနေပါပြီ အရပ်ကတို့ရေ့……အာဟိ . ..
    စည်သူ ကျုပ်ကိုတော့ ယတြာလေးဘာလေး လုပ်ပေးပါနော် ရဲဘော်…..
    ဒီအတိုင်းကြီး ပစ်မထားပါနဲ့ ….

    • ကိုရင်စည်သူ

      January 27, 2012 at 9:20 am

      ကိုကမ်းကြီး ——– လူပျိုကြီးမဖြစ်ချင်ရင်..
      ကိုရင်ကို ဂျော်နီလမ်းလျှောက်ကပ်ပါရားဟင်…
      ယတြာမပေးဘူး… တခါတည် အပျိုမမတစ်ယောက်နဲ့
      မိတ်ဆက်ပေးမယ်လေ… ငှဲငှဲ…
      လိမ်မာရင် ကိုရင့်ကမ်းကြီး ဖို့ပဲ… 🙄 🙄

      • comegyi

        January 27, 2012 at 1:28 pm

        ရဒယ် ရဒယ်
        ထမင်းသာ အငတ်ခံမယ်
        ဂျော်လနီ လမ်းလျှောက်ကို ဆက်ဆက်
        လာရောက်ဆက်သမည်ဖြစ်ပါကြောင်းရယ်လေ….
        အခုတော့ ပြန်လိုက်ဦးမယ်
        ဒက်ဂလောက်….ဒက်ဂလောက်…….

  • kokothandar

    January 27, 2012 at 8:53 am

    မိုက်ပါ့ ကိုရင်စည်သူရာ စကားမပြောတတ်တာလေးကို ရွေးရမှာဗျ နားကိုအေးလို အိမ်ကဟာကြီးဆိုရင် သူစကား
    ပြောတုံး လမ်းလျောက်နေရင် လုပ်လက်စအလုပ်လုပ်နေရင် မကြိုက်ဘူးငြိမ်ပြီးနားထောင်မှကြိုက်တယ်။ တစ်ခါတစ်လေ
    ဆိုရင် သူများမကောင်းကြောင်းတွေ ပြောလိုက် တာများ နားထောင်ရင်း သူပြောတဲ့သူကို သတ်ပြီး ထောင်ထဲ သွားနေချင်စိတ်ပေါက်တယ် အဲဒါမှ နားအေးမယ်လေ

  • Moe Z

    January 27, 2012 at 9:31 am

    ကိုရင်စည်သွပ်က တစ်ဖက်လှည့်နဲ့ ရွာထဲကလူဗျိုဂျီးတွေကို ဖော်ထုတ်နေပါတယ်
    တိတ်တိတ်လေးဖတ်သွားတဲ့ ရွာသူမမလေး၊ မမကြီးများကို ကွန်မန့်နဲ့ ကြော်ငြာနိုင်ပါကြောင်း 😀 😀

    • ကိုရင်စည်သူ

      January 27, 2012 at 9:53 am

      ““မိုးစက်လေးလည်း ကိုရင့်ကို ဥပေက္ခာပြုထားရင်း တဖြည်းဖြည်းနဲ့ အပျိုကြီးတစ်ပိုင်းဖြစ်တော့မယ်နော်.. 😳
      အချစ်ဦးနဲ့လွဲခဲ့ပေမယ့်… အချစ်ကြီးတဲ့ ကိုရင်တို့ရွာသား နူးဘားစစ်လေးတွေ ရှိပါသေးတယ်နော့… 😎
      မိုးစက်လေးက သူများ မမလေး၊ မမကြီးတွေကျတော့ ပြောပြီး.. မိုးစက်လေးရဲ့ တနင်္ဂနွေအရေးကြောင်းလေး
      ကိုရင့်ကို မပြောခဲ့တာတုန်း…

      နီလေး —- အမေးရှိရင်အဖြေရှိပါတယ်ဗျ… ယတြာတွေကတော့ နောက်တစ်ပိုင်းပေါ့… ဟဲဟဲ…
      တခါတလေကျတော့ ယတြာချည်းနဲ့လည်းမဆိုင်ဘူး.. ကိုယ်တိုင်က တွေ့တဲ့လူကို အိမ်ထောင်ပြုချင်တဲ့
      အတည်စိတ်ဖြစ်နေဖို့လည်းလိုသေးတယ်နော့… 🙂 🙂

      • Moe Z

        January 27, 2012 at 10:11 am

        တနင်္ဂနွေအရေးအကြောင်းလား ?
        ကျွန်းတောင်မဟုတ်ဘူး အာရှတိုက်တစ်တိုက်စာလောက်ခံနေတယ် 😀

        • ကိုရင်စည်သူ

          January 27, 2012 at 10:39 am

          ကျွန်းတောင်မဟုတ်တော့ဘဲ အာရှတိုက်တစ်တိုက်စာဖြစ်နေတဲ့ မိုးစက်လေးရဲ့
          နယ်မြေသစ်မှာ ကိုလံဘတ်စ်လို့ မှန်ပြောင်းလေးကိုင်ပြီး ရွှက်လွင့်လို့…
          ခြေချပါရစေလားဟင်.. 😳 😳
          ကိုလံဘတ်စ်က အာရှမှာ အိန္ဒိယကို စတွေ့တယ်…
          ကိုရင်ကကော မိုးစက်လေး တနင်္ဂနွေအာရှဂြိုလ်မှာ ခြေစချတဲ့အချိန်
          ဘာများတွေပါမလိမ့်… 🙄 🙄
          ခုန်တယ်… ခုန်မိတယ်.. ရင်ခုန်မိလွန်းတယ်… 😉 😉

  • နီလေး

    January 27, 2012 at 9:39 am

    ကိုရင်စည်သူရေ ယတြာလေးများရှိရင် ရေးပေးပါဦးနော်

  • htet way

    January 27, 2012 at 9:55 am

    ကို ရင် ဆရာရေ
    ဇီဇာကြောင်တာတော့ ဝန်ခံပါတယ် ကျုပ်က အနုပညာသမားကိုး
    နောက်တစ်ခုက ကျုပ်ခံရတာ များတာလည်းပါတယ်ဗျ။
    ကဗျာ ဆို သိပ်ရွတ်ချင် တာကိုး ချစ်သူက ဝါသနာမပါ ဒီတော့ ကား မသင့်မြတ်ဘူးပေါ့
    နောက် ဆေးဆရာဆိုတော့ ဆေးအကြောင်းဝါးအကြောင်းသိပ်ပြော..ဟိုက ဗမာဆေး
    အထင်မကြီးတော့ ကွဲရော..။
    နောက်ကျူရှင်ဆရာ၁၃နှစ်လုပ်ထားတော့ ဆရာလုပ်တတ်တဲ့ အကျင့်ပါတာပေါ့
    ဆရာချည်းပဲလုပ်တော့ စွန့်သွားရော
    မခက်ပေဘူးလားဆရာကိုရင် ယဒြာလေးဘားလေးလုပ်မလားလို့ ကိုရင်ကိုပြောတာလေ။
    အခုတော့ အတွယ်အနှောင်တွေ၊ကိလေသာတွေစွန့်ချင်နေပါပြီ
    အချစ်ဆိုတာလည်းဧည့်စိမ်းတစ်ယောက်လို မယုံကြည်ချင်တော့ဘူးလေ။
    ကိုကမ်းကြီးကိုတော့ ချစ်သူရှာပေးဖို့တာဝန်ရှိတယ်လေ။
    ရွာက သူရီးစားကလေးမြင်ပြီး ဒီဆရာကြေကွဲနေတာ သနားတယ်ဗျာ။
    လောလောဆယ် ရွာသာယာ သပြေတန်းက လှလေးစိန်တော့ ရှိပါတယ်
    ခင်မင်သောစိတ်ဖြင့်……….

  • ba gyi

    January 27, 2012 at 10:04 am

    ကိုရင်နော် ခုမှ ဘာတွေ လာပြောမှန်းမသိဘူး လို့မှတ်တယ် အော်အော် သူကိုယ်တွေ့မဟုတ်ပဲ အငှားဇီဇာ
    ကြောင်ပြနေတာကိုး။ ကိုယ်ချင်းစာတတ်သူပါပေ့တောင်း— ကောင်းလေစွ ဗျား။
    ကျုပ်လည်းဇီဇာကြောင်ဘူးပါ့ဗျား၊ ဒါပေမည့် ခံရပါများလို့ ကြောင်တဲ့ဘက်ရောက်သွားရတာပါ၊ ဟဲ ဟဲ ကြုံတုန်း ကြွားရအုန်းမယ်- ခံရရင်း ခံရရင်းနဲ့ ရည်စား(၇)ယောက်မြောက်မှာမှ အိမ်ထောင်ကျတော့သဗျား
    ဒါကြောင့် သူ့ကို တစ်ခါတစ်ခါ ချစ်စနိုးနဲ့ လပ်ကီး ဆဲဗမ်း လို့ကျုပ်ကခေါ်သဗျား။
    သည်လိုဘာလို့ဇတ်ပေါင်းနိုင်သလည်းဆိုရင်၊ ကျုပ်ဘက်က အမြင်ပြောင်းသွားလို့ပဲ- ရည်စားထားပြီဆိုရင်-
    ရယူဘို့လား၊ပိုင်ဆိုင်ဘို့လားတို့ ဘာညာကွိကွ မဟုတ်တော့ပဲ ၊ သူမှာအဆိုးဆုံးအမူအကျင့်ကဘာလည်း၊
    အခြေအနေကဘာလည်း။ သည်အပေါ် ငါဘယ်လောက်၊ဘယ်အထိ ခံနိုင်ရည်ရှိလည်း၊ တစ်သက်လုံး ခံနိုင်လား(သည်းညည်းပြောတာ) ၊ ဒီလိုပဲ ငါ့ ရဲ့ အားနဲချက်၊မကောင်းချက်တွေကလည်းဘာတွေရှိတယ် နင်လေ့လာသည်အပေါ် နင်ဘယ်လောက်သည်းညည်းခံနိုင်လည်း၊ တစ်သက်လုံး သည်းညည်း ခံနိုင်ရဲ့ လားပေါ့၊အဲလိုပွင်ပွင့်လင်းလင်း ပြောကြပြီး၊(၃)နှစ် သုံးမိုး လေ့လာချစ်သထက်ချစ်ပြီးမှ ယူကြတာဗျား။
    ဒါပေမည့် ချွင်းချက် အနေနဲ့ – ကျုပ်အသက်က (၃၆)လောက်ဆိုတော့ ခံရပါများလာတာရယ်၊ အရွယ်နှင့်
    အချစ်ရေးမှာ အနည်ထိုင်မှုလေးစလာတာရယ်ကြောင့်လည်း ဒီလိုဖြစ်နိုင်တာနေမှာ၊ သူကလည်း အသက် (၃၀)ပေါ့။ ကဲ ဒါ လူပျိုသိုး/အပျို သိုးများအတွက်ကိုယ်တွေ့အကြံပြုတာပါ၊ ကျုပ်နည်းအတိုင်းလိုက်နာတဲ့
    ရုံးမှ တပည့်ကျော် လည်းသည်နည်းနဲ့ အောင်မြင်နေပါတယ်။ခဏခဏ ကွဲမယ်ဖြစ်ကြတယ်၊ ဒါပေမည့်
    မယူခင်ကတည်းက အစွန်းစွန်ဆုံး အကျင့်ကိုသိပြီး၊လေ့လာပြီးမှဆုံးဖြတ်ခဲ့တာမို့ ၊ကွဲမယ်ကြံ အဲဒါလေးပြန် ဆင်ခြင်ကြရင်း၊ကလေးက(၂)ယောက်၊ အိုးအိမ်၊ဆိုင်တွေဘာတွေ ပိုင်ဆိုင်လို့၊သူရို့လမ်းထဲမယ်သူရို့လင်း မယား ကို ဘောစိ လင်းမယားလို့ခေါ်ကြတာဗျား။

  • ကိုရင်စည်သူ

    January 27, 2012 at 10:33 am

    @@ ကိုရင်ဆရာထက်ဝေရေ….
    အယူအဆမတူတိုင်းလည်း ဇီဇာကြောင်တယ်လို့ ပြောလို့မရဘူးဗျ… လူတစ်ဦးနဲ့
    တစ်ဦး ဖြတ်သန်းလာတဲ့ ဝန်ကျင်း၊ စရိုက်၊ အလေ့အကျင့်၊ အတွေးအခေါ်တွေက တူမှမတူပဲနော့..
    ကိုရင့်နဲ့ သဘောတူ၊ ဝါသနာတူတဲ့ မိန်းမမျိုးမတွေ့သေးလို့ နေမှာပါနော့်… တွေ့ရင်လည်း
    သံချောင်းခေါက်ဦးနော့.. ဆရာသမား.. ကျနော်ကတော့ ကိုရင့်ကို ခုလိုပဲ အေးဆေးဖြစ်နေတာ
    မြင်ချင်တယ်ဗျို့… နေသားလည်းကျနေပြီမဟုတ်လား။ အိမ်ထောင်ပြု အပူရှာသလိုဖြစ်နေမှာစိုးတယ်…
    ဟဲဟဲ… သူများကိုသာပြောတယ်.. ကျနော်ကတော့ အိမ်ထောင်ပြုချင်တာ တပိုင်းသေနေပြီဗျို့… 😳 😳

    @@ ဘဘကြီးရေ…
    ဘကြီးပြောတဲ့ balance လုပ်တဲ့နည်းလေးကို ကျနော်အလွန် နှစ်ခြိုက်မိပါတယ်ဗျာ.. ကျနော် အခုရွေးချယ်ထားတဲ့
    မဒမ်လောင်းတောင် အဲ့ဒီ balance နည်းလေးနဲ့ ဖမ်းထိန်းထားရတာပါပဲဗျာ… လူဆိုတာလည်း ခက်ပါတယ်ဘကြီးရယ်…
    တွက်ရေးတော့ စက်သဌေး၊ တွက်ကြည့်တော့ စက်မရှိဖြစ်နေမှ ခက်မယ်…။ ပြောမယ့်သာ ပြောတယ်… ကျနော်လည်း
    ဇီဇာနည်းနည်းကြောင်တယ်…။ အိမ်က မိသားစုတွေကတော့ ကျနော်ကို အဖိုးကြီးပေါက်စတောင် ပြောနေကြပြန်ပါကော..
    😎 😎 😎

    • antimoe

      January 28, 2012 at 10:56 am

      ကိုရင်ရေ…..
      အန်တီမိုးအကြံပေးချင်တာက
      ၁) MGကိုပိတ်
      ၂) အပြင်က လေကောင်းလေသန့်ကို တဝရှူ
      ၃) စိတ်ကြည်ပြီ ဆိုမှ ……ရင်ထဲကလာတဲ့ အပြုံးနဲ့….မိန်းကလေးတွေကို နှုတ်ဆက်ကြည့်ပါ။
      ယတြာမလို….အထာသာ…..လိုပါတယ်။ ပြီတီပြီတီတော့….မလုပ်နဲ့ပေါ့။
      တို့မိန်းမတွေ…..အားနည်းချက်က…….အတင်းလိုက်ရင်…..အတင်းပြေးသကွဲ့။
      ဆြာ့ကို ….ဆရာမ…လုပ်တာတော့မဟုတ်ဘူးနော့။

      နောက်တစ်ခုက…..ဆိုးကွက်တွေရှာရင်…….ဆိုးတာတွေပဲတွေ့မကွဲ့။
      ကောင်းတာလေးတွေ…..ရှာရမကွဲ့။
      အိမ်ကလူ….လူပျိုတုန်းက…တယ်နံတာပဲ….။
      နံဆို….လောကကို…စိတ်မဝင်စားတဲ့…programmerကိုးကွဲ့။
      အခုတော့….သင့်တင့်လျောက်ပတ်တဲ့…အစာအာဟာရတွေနဲ့…..
      မီးပူထိုးထားတဲ့….ပုဆိုး….ရှပ်တွေ…ဆင်လိုက်တော့….သိပ်အဆိုးကြီး….မဟုတ်တော့ဘူး။
      ဒေါသကြီးတာတွေလည်း……(white lieလေးတွေ လိုအပ်သလို ဉာဏ်လေးနဲ့ သုံးတော့) တော်တော် လျော့သွားသကွဲ့။
      သွေးမတော်သူ….နှစ်ဦး…က…အတူ..ငြိမ်းချမ်းစွာ….ယှဉ်တွဲနေထိုင်နိုင်ဖို့…
      ဦးနှောက်တော့…အတော်စားတယ်…..နော့။

  • စိန်ပေါက်ပေါက်

    January 27, 2012 at 10:44 am

    ကိုရင်ရေ..တိုရင်ရေ
    သများကိုလဲ ကြည့်ပေးပါဦး
    ၂လုံးလမ်းကြောင်းမှာ ကျွန်းခံနေလားလို ့.
    ကျွန်းခံနေရင် ဒင်းတို ့မဦးခင် ကြိုပြီး တလုတ်ပြည် သွားရောင်းရအောင်
    😀

  • MaMa

    January 27, 2012 at 10:46 am

    ကိုရင်ပေးတဲ့လက်ဆောင်က အံမဝင်ဘူးဖြစ်နေတယ်။
    အပျိုကြီး လူပျိုကြီးတွေအတွက်ဆိုတော့….
    (ရွာထဲမှာ တင်ထားဖူးတဲ့ ပိုစ့်တွေအရ အပျိုကြီးတာကြာတော့ ဂျိုးကပ်နေလို့ အပျိုဂျိုးဖြစ်နေပြီ။) 😆

  • ကြောင်ကြီး

    January 27, 2012 at 11:35 am

    ဇီဇာကြောင်
    ဇောင်ဇာကြည်
    ရှောင်ကာပလီ
    ယောင်လာပြီ
    မောင်လာမည်
    စောင်ခွာအတည်…။

    • ကိုရင်စည်သူ

      January 27, 2012 at 11:43 am

      စောင်မခွာတော့မှီ..
      ကြောင်လာတော့မည်..
      ဇီဇာမကြောင်
      သီတာမောင်
      ချည်ကာပြောင်
      မြည်ကရှောင်..
      ညောင်ညောင်… ။ 😆

  • manawphyulay

    January 27, 2012 at 12:31 pm

    ကိုရင်စည်သွပ်ရေ…
    ကျွန်းမခံပဲ ပျဉ်းကတိုးခံနေရင်ကော ဘယ်လိုလုပ်ရမလဲဟင်…. 😛

    • jujuma

      January 27, 2012 at 1:09 pm

      ပျဉ်းကတိုးခံနေရင်တော့ .. S4S လုပ်ပီး Export လုပ်လို့ရပီလို့..ဟိဟိ

  • amatmin

    January 27, 2012 at 1:00 pm

    ကိုရင်မိုးတိမ်ရေ.
    လက်ညှိုးအောက်မှာ ဆိုရင်တော့ ကျွန်းမခံပေမဲ့ ကြက်ခြေတော့ခတ်ထားတယ်ဗျ.
    အဲဒါကြောင့် မရတာဆိုရင်တော့ ယတြာလေး မစပါဦး နော်..
    ဗီဇာ လည်းဂလောက်ကြီးမကြောင်ပါဘူး
    ဒါပေမဲ့ ၃ဝ ဝင်ကတည်းက ရင်တထိတ်ထိတ် ဖြစ်နေတဲ့သူဗျ 🙁

    • ကိုရင်စည်သူ

      January 27, 2012 at 1:44 pm

      ကိုရင်အမတ်မင်းရေ…
      နှလုံးလမ်းကြောင်းမှာ ကြက်ခြေခတ်ထားရင်တော့… ဟဲဟဲ..
      ပြောတော့ပါဘူး…
      ဗီဇာမကြောင် မဒီကညာချောင်းနေတဲ့ ကိုအမတ်မင်းကို
      ယတြာကောင်းကောင်း ပေးပါ့မယ်နော့်… 😎 😳

  • ကျွန်းလား သစ်မာလား မသိဘူး
    လက္ခဏာတပြင်လုံးက ရှုပ်ယှက်ခက်နေတာပဲ
    လိုသလို ဆွဲယူလို့ရအောင် ရှုပ်ပွနေတယ်
    ဘယ်လိုလုပ်ရမလဲ …… 🙁

    • Moe Z

      January 27, 2012 at 2:51 pm

      ဖြတ်ပစ်လိုက် အဲဒီလက်ကို မကောင်းတဲ့လက္ခဏာတွေပါ တစ်ခါတည်းပျောက်သွားအောင် 😀

      • တိန် ….
        ……………….
        တေပီချာ
        ………………….
        မေတ္တာတွေ အဲဒီလောက်မထားနဲ့လေ
        မေတ္တာတွေ များလာရင် အချစ်တွေ ဖြစ်ပေါ် လာကုန်လိမ့်မယ် …… 😛

        • ကိုရင်စည်သူ

          January 27, 2012 at 3:09 pm

          ကိုကင်းရေ.. တချို့… အပျိုကြီးမမတွေကလည်း
          အဲ့လို့ တပြင်လုံး ရှူပ်ရှက်ခေတ်နေတာလေးကိုမှ
          ခိုက်ကြတယ်ဆိုပဲ… ညှဲညှဲ…ညှဲ.. 😆
          စိတ်ချပါ ကိုကင်းရေးပေါက်နဲ့ဆိုရင်တော့
          တစ်သက်လုံးလူပျိုကြီး မဖြစ်ဘူးလို့
          ကိုရင် အတပ်ဟောလိုက်ပါရစေနော့… 😉 😉

  • etone

    January 27, 2012 at 2:56 pm

    လူပျိုကြီးဖြစ်လို့ ဇီဇာကြောင်ပြီး မိန်းမမရတာမဟုတ်ဘူး …
    မိန်းမရလို့ ဇီဇာကြောင်ပြီး .. လူပျိုကြီးဖြစ်တာ…
    အဲ့ဒီတော့ မရလေ … ကြောင်လေ … ပဲ … ။ 🙄

  • ကိုရင်စည်သူ

    January 27, 2012 at 3:19 pm

    ဒေါ်အိတုံရေ…. ရွာထဲက ပျိုတိုင်းခိုက်တဲ့ အောင်ကြူးခိုင်
    ကြားသွားမှဖြင့် ဇီဇာမကြောင် ဒူလာချောင်လို့ လာပြောနေဦးမယ်… 😛 😛
    ဟုတ်မဟုတ်တော့မသိဘူးနော့်… ကိုကြောင်ကြီးက
    လူပျိုကြီးဆိုပဲ…. ကြားမိတာလေးပြောပြတာပါ… 🙄 🙄

  • ba gyi

    January 27, 2012 at 4:17 pm

    မ အီတုံး ရေ မှန်သဗျ၊ တစ်ချို့ဆိုဂေါက်တောက်တောက်တောင်မြင်ဘူးတယ်။
    အရာရာကိုစိတ်မရှေ၊ အံမဝင်၊ဂွတီးဂွကျ ဖြစ်နေတာတွေလေ- ဟိုဒင်းပေါ့ ၊ ရတာမလို၊လိုတာမရနဲ့ပေါ့။
    အဲဒါ ယောက်ကျားရော၊မိန်းမရောအတူတူပဲ၊(သဘာဝ သဘာဝ) ၊ ရာနှုန်းပြည့် လူပျိုးကြီးတိုင်း၊အပျိုကြီး တိုင်းတော့မဆိုလိုပါဘူးနော့။

  • windtalker

    January 27, 2012 at 7:49 pm

    လက်စသတ်တော့ ကြေငြာအားကောင်းကောင်းနဲ ့၊ ဒီတစ်ခါ ဝါမဝင်မှီ ကိုလူမောင် ကို အပီထုတ်တာဘဲ ဗျ ။
    ဟဲဟဲ….နီးရာလေးတွေကိုလဲ ကြုပ်ကြပ်လိ ပေးလိုက်ပါဦးနော ။
    ပလီပလာကောင် လို ့အပြောမခံကြရအောင်ရယ်ပါ ။

  • water-melon

    January 27, 2012 at 9:53 pm

    ကျွန်တော်ကတော့ မိန်းကလေးတစ်ယောက်ကိုကြည့်ရင် ခြေထောက်ကစပြီးကြည့်တယ်
    ခြေထောက်ကဖွေးပြီးလှ ခြေမျက်စိကလည်း မည်းမနေဘူးဆို လိုက်ပြီဘဲ
    မိန်းကလေးတစ်ယောက်က ခြေထောက်လေးလှနေရင် တော်တော်ကြည့်ကောင်းတယ်
    ငါကွ ဖရဲ 😆

    • etone

      January 28, 2012 at 10:12 am

      ဖရဲသီးရေ .. နိလို့ ကောင်လေးတွေများလျှင် … နာကို အဒူမှ ကြိုက်မှာ ဝုတ်တော့ဘူး … နာ့ခြေဒေါက်က ရေဘဲ ခြေဒေါက် 😀 😀

      • water-melon

        January 28, 2012 at 11:23 am

        အစ်မရေ ကိုAKKO တစ်ယောက်လုံးရှိနေတာကို
        တော်ကြာ အစ်မကို စိတ်ခုနေအုုန်းမယ်
        မပြောချင်ပါဘူး
        အလှူအတွက် mail ပို့ရင် မောင် ကအမြဲပါနေတယ်
        ပြောရင်းနဲ့ရယ်ချင်လာပြီ 😀 😀 😛 😆

        အစ်မ vita မသောက်နဲ့မကောင်းဘူး တစ်ဘူး ၁၅၀ဝ ပေးရတယ်
        ကျွန်တော်သောက်တာ ၁ပါတ်ရှိပြီ ဘာမှမထူးခြားဘူး

  • Htet Htet Soe Hlaing

    June 21, 2012 at 4:30 pm

    ဇီဇာကြောင်တတ်တဲ့သူလူပျိုကြီးဖြစ်တာမဆန်းပါဘူး လူပျိုကြီးလုပ်တာဘဲကောင်းတယ်မဟုတ်လားဒီခောတ်ကြီးမှာ
    အားကျမိပါတယ်လူပျိုကြီးဖြစ်တာ

Leave a Reply