မန်းတလေးမြို ့သားများ သတိထား

မောင် ပေJanuary 27, 20121min27333

သည်ကနေ ့ည တွင် ကျွန်တော် စာရေးချင်စိတ်များ တဖွားဖွား ဖြစ်နေခဲ့သည်။ ထို ့အတွက် ရေးခဲ့မိပါသည် ။ များသောအားဖြင့် ကျွန်တော် ရေးမိသော စာများမှာ အရေမမရ အဖတ်မရ သည်များသာ ဖြစ်သည် ။ ယခု လဲ အရေမရ အဖတ်မရ တိုတိုလေး ရေးဦးမည် ။
ယခုချိန် မန်းဂေဇက်မှာ တစ်ကယ့် တစ်ကယ် ကောင်းမွန်သော ၊ ကျွန်တော် လိုက်မမှီသော ပို ့စ်များ ကို အားရပါးရ ဖတ်ရပါသည် ။ ထို ့အတွက် ကျေနပ်မိပါသည် ။ ရေးသူများကိုလဲ လေးစားပါသည် ။ ကျွန်တော် ကတော့ ထုံးစံအတိုင်း ကွမ်းစားတတ်သူ တစ်ယောက် ဖြစ်သည် နှင့် အညီ ကွမ်းဝါးပြိး အရေ ထွေးထုတ်သလို အရေမရ အဖတ် မရ ရေးနေပါဦးမည် ။ စာဖတ်သူ အနေဖြင့် တစ်ခုခု ရခဲ့သော် ၊ ကျွန်တော်ရေးသော စာအတွက် ကျွန်တော် သုံးလိုက်ရသော အချိန် ၊ အင်တာနက် အသုံးပြုခ ကုန်ရကျိုးနပ်ပါမည် ။ မရခဲ့လဲ ဘာမှမဖြစ်ပါ ။ ကျေနပ်ပါသည် ။ အားလုံးကို ကျေနပ်မိပါသည် ။
ကျွန်တော့် ကို ကျွန်တော် ပေါင်းသင်းဆက်ဆံရေးကောင်းသည် ဟု မယူဆ မိခဲ့ပါ။ သို ့သော် ကျွန်တော့် လက်တွေ ့ပတ်ဝန်းကျင်တွင် ကျွန်တော့် ကို တစ်ကယ်ခင်မင် သော အပေါင်းအသင်းများစွာ ရှိကြောင်း တွေ ့ရှိရသဖြင့် ကိုယ့် ကို ကိုယ် ဝမ်းသာကျေနပ် ဖြစ်ရသည်။
တစ်ချိန် ့တစ်ချိန် က ကျွန်တော် သည် ဖိုက်တာ ခေါ် လူမိုက် တစ်ယောက် ဖြစ်ခဲ့ဖူးပါသည် ။
ထိုအတွက် ဖိုက်တာ ဝန်းကျင်လောက မှ အပေါင်းအသင်းများစွာ ကို ယနေ ့အထိ တိုင် ရှောင်လွဲ ရွေ ့မရသေးပါ ။
ကျွန်တော် သည် မန်းတလေး သား ဖြစ်အိ ။
ကျွန်တော် ရန်ဖြစ်ခဲ့ပုံများကို အနဲငယ် ပြောပြချင်ပါသည် ။
“ မင်း ဘာဖြစ်ချင်လဲ ” ဟု ကျွန်တော့်ကို ဘုကျကျ လာမေးခဲ့သော အခါများ တွင်
ကျွန်တော် ပါးစပ်နှင့် မဖြေခဲ့ပါ ။ လက်သီးတစ်လုံး ပေးခဲ့လိုက်ပါသည် ။
လက်သီးဆိုသော နေရာတွင် ကျွန်တော်သုံးခဲ့သော လက်သီးမှာ ၊ ပုံမှန်သာမန် လက်သီးဆုတ် ထိုးခဲ့သည် မဟုတ်ပါ ။
လက်မ ကို ကွေး ၊ ကျန်လက်လေးချောင်းကို တစ်ဆစ်ဘဲ ကွေးပြီး ထိုးခဲ့ခြင်း ဖြစ်သည် ။ ထို ကဲ့သို ့ထိုးလျှင် လက်ဆစ်ကျွံခြင်း သက်သာအိ။ ထားပါ ။
ထိုစဉ်က အထိုးခံရသောသူမှာ မကျေနပ် ရွေ ့လက်နက် တစ်စုံတစ်ရာ ကိုင်ဆောင်ပြီး ထပ်လာအံ့ ။ ကျွန်တော့် ဆိုင်ကယ်ထဲတွင် ကင်ဒိုဓါးတစ်လက် နှင့် တရုတ်သိုင်းကားများထဲမှ နံချပ်ကူ ခေါ် တုတ်နှစ်ချောင်းဆက် လက်နက် များပါသည် ဖြစ်ရာ တစ်ခုခု ပြေးယူပြီး ပြန်လည် ဖြေရှင်းခဲ့သည် ဖြစ်သည် ။
ထိုအတွက် ကျွန်တော့် ဝမ်းဗိုက်တွင် ဓါးထိုးခံရသော စူးရာ အမာရွတ်ကလေးမှာ ယခုထိတိုင် ရှိနေဆဲ ။
အလဲ့ ။ ကိုယ့်ကိုကိုယ် မွှမ်းနေသလို ဖြစ်နေပါပြီ ဗျာ ။
ပြောချင်တာက ဒီလိုပါ ။
၃၁.၁၂.၂၀၁၁ နှစ်သစ်ကူးည ၊ ဟက်ပီး နယူးရီးယား ည က ပေါ့
ကျွန်တော် တစ်ယောက်ထဲ လမ်းမပေါ်တွင် ယောင်လည်လည် ဖြစ်နေခဲ့သည် ။
ဖြစ်နေခဲ့ရခြင်း မှာ လည်း ကျွန်တော် သည် သွေးအေးသမား ဖြစ်သည်နှင့်အညီ ၊ တစ်ယောက်ထဲ သွားလာတာ များသည် ကိုး ။
ထိုည က အဆုံးပိတ်မှာ ၊ မန်းတလေးမြို ့ရှိ နိုက်ကလပ်များ ကျင်းပလေ့ ရှိသည့် ဟော်တယ်ကြီးသို ့ဖုန်းဆက်မိသည် ။
ဖုန်းဆက်မိသည် ဆိုသည်မှာလဲ ထိုဟော်တယ် ရက်ဆက်ရှင်းတွင် ကျွန်တော့် မိတ်ဆွေ တစ်ယောက် ရှိသည့်အတွက် ဖြစ်သည် ။
မိတ်ဆွေ က ကလပ်ဝင်ကြေး တစ်သောင်း ၊ လာခဲ့ပါ ဟု ဖိတ်ခေါ်သည် ။
ကျွန်တော် တစ်သက် နှင့် တစ်ကိုယ် တွင် မည်သည့် နိုက်ကလပ်မှ မတက်ခဲ့ဖူးပါ ဟု ဆိုလျှင် စာဖတ်သူ မိတ်ဆွေ ယုံမည်လော ။ မယုံလဲ နေပါ ။
ကျွန်တော် ဘယ်ကလပ် မှ မတက်ခဲ့ဖူးပါ ။ နားအေးပါးအေး ဘဲ နေတတ်သူ ကျွန်တော့် အတွက် အဆိုပါနေရာများကို လုံးဝ မသွားချင် ။
အဆိုပါ နယူးရီးယားည တွင် ကျွန်တော် မသွားခဲ့ခြင်းမှာ မှန်ခဲ့သလို ၊ မှားလဲ မှားခဲ့အိ
အဘယ်ကြောင့်ဆိုသော်
သည်နေ ့မှ ကျွန်တော် သိရလို ့သည်နေ ့မှ ကျွန်တော် သည်စာကို ရေးခြင်းဖြစ်သည် ။
ကျွန်တော့် မိတ်ဆွေ လူငယ် လူမိုက်တစ်ယောက် ရှိသည် ။ သူ ့ကို လူမိုက် ဟု သုံးရခြင်း မှာ ၊ သူ နှင့် ပတ်သက်သမျှ ရန်ပွဲ တစ်ပွဲမှ မရှောင်သောကြောင့် ။ သူ သည် ကျွန်တော့် ထက် ၈ နှစ်ခန် ့ငယ်ပြီး ကျွန်တော့် ကို အလွန်ချစ်သည် ။
ယခု လဲ ၊ ကျွန်တော် သည် ဘလော့ရေးသည် ဟု သူ သိသောကြောင့် ၊ သူဖြစ်ခဲ့ပုံများကို ရေးစေချင်စွာ ရင်လာဖွင့်သဖြင့် ၊ ကျွန်တော် ရေးတင်သည် ။
ယခု အကြောင်းအရာသည် မန်းတလေးမြို ့ရှိ မြိုဲ ့သူမြို ့သား အားလုံး နှင့်ဆိုင်သလို ၊ မန်းတလေး တိုင်းဒေသကြီး အုပ်ချုပ်သူများ ကို မေးခွန်းထုတ်စရာ ဖြစ်လာမည် မှာ မလွဲ ဖြစ်သည် ။
ကျွန်တော် ကြောက်တတ်သည် ။ သို ့သော် ရေးမည် ။
ဒီလိုပါ ။ အဲ့ နယူးရီးယားည က ကလပ်ထဲ မှာ ရန်ဖြစ်ကြတယ် ။ လူငယ် ဘာသာ ဘာဝ ဘဲ ထားပါတော့ ။ ဘယ်သူက မှား ဘယ်သူ က မှန် ထား ။
အဲ့ည က အဲ့ဒီ့ မန်းတလေး မြို ့က ကလပ် ကျင်းပနေကြ ဟော်တယ် ကြီးထဲ မှာ မြန်မာ (ခ) ဗမာ လူမျိုး နဲ သတဲ့ ။ အဲဒါ ထားဦး
ဖြစ်တာက ၊ သူရို ့ရန်ဖြစ်တော့ ၊ လူမျိုးခြား ( ကိုးကန် ့ဟု ထင်သည် ဟု ဖြစ်ခဲ့သော ကလေးက ထင်မြင်ချက်ပေးသည် ) များက သေနတ် ကိုယ်စီထုတ်ပြီး ချိန်သည်တဲ့ ။ လက်ဗလာ နဲ ့ရန်ဖြစ်နေကြသော သူရို ့ခဗျာ ၊ ကြောက်စိတ် ၊ သေရမည် ကို ကြောက်သော စိတ်ဖြင့် အကုန်ပြေးခဲ့ကြရသည် တဲ့ ။
သည်နေရာမှာ
မန်းဂေဇက် က သဂျီး ဟောကိန်းထုတ်ခဲ့တဲ့ “ ဂန်စတား ” တွေ ကြီးစိုးမယ် ဆိုတာ ကို သွားသတိရမိသေးသည် ။
သို ့သော်လဲပေါ့လေ
“ မန်းတလေးမြို ့” လို မြို ့ကြီးမှာ တရားဝင်သော်လည်းကောင်း ၊ တရားမဝင်သော် လည်းကောင်း “ သေနတ် ကိုင်ဆောင်ခွင့် ရှိနေပြီလား ” ဆိုတာ မေးခွန်းဖြစ်သည် ။
တရားဝင် ဆိုသော စကားနှင့်ပတ်သက်ရွေ ့ ၊ ကျွန်တော် တို ့နိုင်ငံ သည် မနေ ့တစ်နေ ့က မှ စစ်တပ် မှ သမတ ဖြစ်လာသော နိုင်ငံ ဖြစ်သောကြောင့် ၊ စစ်ဗိုလ်သားသမီး က သေနတ် ကိုင် လျှင် နားလည် လို ့ရသေးသည် ။
“ အော်…သူ ့အဖေ က အာမီ က မို ့၊ သူ ့အဖေ သေနတ် ကိုင်လာတာဘဲ ” ဟု
ယခု မူ “လူမျိုးခြား” ဘာလဲတော့ မသိ ၊ သူရို ့တစ်တွေ က သေနတ် တွေ တရမ်းရမ်း နှင့် ဆိုတော့
မြန်မာနိုင်ငံသား ၊ “နိုင်” မှတ်ပုံတင် ကိုင်ဆောင်သူ ၊ မြန်မာ (ခ) ဗမာ လူမျိုးများ မှာ “ ရှုံးပေးလေဦးတော့ ” ( မဟုတ်လဲ ရှုံးနေကြဘဲ မလား ဟီဟိ )
စကားချပ်
ကျွန်တော် သာ တိုင်းဒေသ အုပ်ချုပ်ရေးထဲ မှ ဖြစ်လျှင်
နေ ့စဉ် လမ်းပေါင်းစုံ ၊ မိမိ အုပ်ချုပ်ရသော ဒေသများထဲ မှ ရှိသမျှ လူအားလုံး ကို လက်နက် ကိုင်ဆောင်မှု ရှိမရှိ စစ်ဆေးမည် ”
မြန်မာ ကို မြန်မာ မကာကွယ် ရင်
မြန်မာ ကို မြန်မာ မစောင့်ရှောက်ရင်
မြန်မာ ဘာဖြစ်သွားမလဲ
“ သည်စာ ကို ခံစားချက် ပြင်းထန်စွာ ရေးတင်သည် ”

33 comments

  • wailinn

    January 27, 2012 at 1:32 am

    ကင်ဒိုနဲ့ ချဗျာ
    နန်ချပ်ကူနဲ့ ချဗျာ
    မနိုင်ဘူး ထင်ရင် ဖက်ကိုက်ဗျာ
    ( နောက်တာပါ )
    အကိုပြောသလို ဆို မလွယ်ရေးချ မလွယ် ဖြစ်တော့မှာနော်

  • captainamerica

    January 27, 2012 at 1:38 am

    အင်း ပြီးခဲ့တဲ.နယူးရီးယားက ကျွန်တော်လည်းမန္တလေးမှာရှိတယ်ကိုတော်ကာရေ:-)
    အဲဒီနေရာကိုလည်းသာွးဖို.ကြိုးစားသေးတယ်။ဖြစ်ချင်တော့အဆင်မပြေဝူး။အမူးလွန်နေ
    တဲ.တစ်ကောင်ပါလို. လူမိုက်ကကိုယ်ထက်မိုက်တဲ.သူတွေ.ရင်ရှောင်တယ်။
    လမ်းသရဲဆိုတဲ.ကောင်တွေကဘာမှမသိဝူး။ကံကောင်းတယ် အဲနေရာကိုမရောက်ဖြစ်တာ
    ဒီကောင်တွေတကယ်မပစ်ရဲပါဘူး။မသကာဓါးနဲ.ထိုသာွးယုံပေါ့။ဘယ်ကောင်မှလည်းပစ်လို.
    မရဝူး။အစွန်အဖျားအဖျားနယ်မြေတွေကလွဲလို.(ဗမာပြည်မှာ)။သေနပ်နဲ.ပစ်တယ်ဆိုတာ
    ဟိုတစ်လောကမှအိမ်ပြန်ရောက်သာွးတဲ.လူကြီးလက်ထက်မှာကျန်ခဲ.ဘီလို.ထင်တာပဲ။
    သူပတ်(စ်)ပေးလို.ဖြစ်ခဲ.တာကတကယ်တွေ။

    • “ဘီလူးကြီး”ogre

      January 28, 2012 at 7:31 pm

      ဒီဇာတ်လမ်းက ဘယ်ကစတာမှမဟုတ်ဘူးဗျ
      ဘာငြိမ်းချမ်းရေးညာငြိမ်းချမ်းရေဆိုပြီး
      တိုင်ရင်သားတွေကို တဖက်လှည့်နဲ့ ရအောင်ယူပြီး
      နာမည်လိုချင်တဲ့ ရာထူးတက်ချင်တဲ့ လူကြီးတွေကစလိုက်တာပဲ
      ကိုယ်ဇာတ်ကိုယ်မနိုင်ပဲ အခုတော့ ခင်ဗျားတို့ပြောတဲ့ ဂိုဏ်စတားတွေလိုဖြစ်လာနေပြီ
      ဒီကောင်တွေကလဲ လူပါးဝတော့တာပေါ့
      သတ်မှတ်နယ်မြေကျော်ပြိီး လက်နက်ကိုယူလာနိုင်အောင်
      လမ်းတစ်လျှောက်မစစ်ဆေးရဲလောက်အောင် အောက်ခြေဝန်ထမ်းကို ချောက်လှန်ထားတာ
      စစ်ဆေးလို့ တွေ့လို့ သတင်းပို့ရင်လဲ ပို့တဲ့ဝန်ထမ်းပြန်ပြသနာအရှာခံရတော့
      အောက်ခြေက ဝန်ထမ်းတွေက သူတို့ ဆိုလက်ရှောင်ပြီ မသိချင်ယောင်ဆောင်နေကြရော
      ပြသနာဖြစ်လာပြန်ရင်လဲ
      ဟိုဟာကြီးထိခိုက်မှာ နိုင်ငံတစ်ကာအလယ်မှာ ဘာဖြစ်ညာဖြစ်အဲဒါနဲ့
      လျှော်လျှော်ပေးရင်းက ကိုပေ တို့မြို့ထဲထိ သေနတ်ကိုင် ဂိုဏ်စတားများ
      ရောက်ရှိလာခြင်းဖြစ်ပါကြောင်း

  • Khin Latt

    January 27, 2012 at 4:40 am

    မောင်ပေ ရေ

    သူကြီး တို့အရပ် ဆီမှာတော့ သေနတ် ကို လွတ်လပ်စွာ ကိုင်ခွင့် ရှိတယ် ထင်ရဲ့။
    အရီးတို့ အရပ် ဆီမှာတော့ လိုင်စင် လုပ်ရင် ကိုင်လို့ရတယ်။ အမဲလိုက်ဖို့တို့၊ အပျော်ထမ်း သေနပ်ပြစ် ကလပ်တို့ လိုမှာ သုံးဖို့။
    ဘယ်သူ တွေ လိုင်စင်လုပ်လဲ ဆိုတာ ဆိုင်ရာ ရဲစခန်း တွေမှာ စာရင်းရှိတယ်။
    အဲဒီ သေနတ်ကို လူတွေနဲ့ နီးရာမှာ မပြစ်ရဘူးတို့၊ အကြောင်းပြချက် မရှိဘဲ လူတွေ ကြား မကိုင်ရဘူး တို့ စသဖြင့်ပေါ့။ စည်းကမ်းများပြင်းထန်စွာရှိပါတယ်။

    အခု မန်းမြို့ မှာ ကိစ္စကတော့ တမင်ရမ်းကားချင်လို့ ကို ဥပဒမဲ့ ကိုင်ကြတာဖြစ်မှာပါ။
    တကယ် က မြန်မာပြည်မှာလဲ လက်နက် ကိုင်ဆောင်ခွင့် ဥပဒေ ရှိဘူးခဲ့ပါတယ်။
    “စစ်ဗိုလ်သားသမီး ” ဖြစ်တိုင်း သေနတ်ကိုင်ခွင့်မရှိပါ။
    တကယ်ကတော့ တရားဝင် သေနတ်ကိုင်ခွင့် ရတဲ့ ဝန်ထမ်း များတောင်မှ ကန့်သတ်ချက် စည်းကမ်းများရှိပါတယ်။
    အခု ကာလ ကတော့ အားလုံး ဟာ ဥပဒေဘောင်လွတ် တွေချည်းများနေတာပါဘဲ။
    သူများကို အပြစ်မဖို့ချင်ပေမဲ့ ဒါတွေဟာ တကယ်တော့ ခေါင်မလုံ တာကြောင့်မို့ချည်းပါဘဲ။

    အရီး အနေနဲ့ကတော့ အဲဒီလို လူကြားထဲ လက်နက်ကိုင်တာကို အပြင်းအထန် ကန့်ကွက်ပါတယ်။
    လူတွေ အတွက် တကဲ့ အန္တရာယ်ပါဘဲ။
    ဥပဒေ ခိုင်ခိုင်မာမာ ကို ပြစ်ဒါဏ် နဲ့တစ်ကွ သတ်မှတ်ပြီး သေသေချာချာ ကိုင်တွယ် ကြပ်မတ်သင့်ပါတယ်။

    ——
    စကားမစပ် – ” မင်း ဘာဖြစ်ချင်လဲ ” ?????? (ဘုကျကျ မေးခြင်း ဖြစ်၏)
    ——-
    😉

  • kai

    January 27, 2012 at 4:51 am

    ယူအက်စ်မှာ ပါတီ.. စတိတ်ရှိုးတွေ.. နှိုက်ကလပ်တွေ.. လူများစုတဲ့ပွဲတော်တွေ.. အရမ်းးးးများတာပါ.
    ရန်ဖြစ်ကြတာ ..အင်မတန်ရှားတယ်..။

    မြန်မာပြည်မှာများ..
    ထစ်ဆို.. ကြားရပြန်ပြီ.. ကြားရပြန်ပြီ..
    သင်္ကြန်လိုပွဲတော်မှာ.. ရန်ဖြစ်ဖို့.. လူတဖက်သားအနိုင်ကျင့်ဖို့ ပြင်ဆင်နေသူတွေတောင်.. အများကြီးကြားဖူး..မြင်ဖူးတယ်..။ 😕

    ဆိုတော့…
    ဒါကို အဖြေထုတ်.. ဆွေးနွေးကြစေချင်ကြောင်းပါခင်ဗျ…။ 🙄

  • sealion

    January 27, 2012 at 6:59 am

    ကိုတော်ကာပြောအရဆိုရင်တော့ စိုးရမ်စရာပဲ အဲဒီကောင်တွေ သိပ်ဆိုးတယ် ဗမာစကားလဲ မပြောတတ် အပြောအဆို အမူအရာ ကလဲ ရိုင်း ဗမာဆို ရင် ေ-ာက် ဂရုမစိုက်ချင်တဲ ့ စတိုင်နဲ ့ ကိုယ် ့မြေပေါ်လာပြီး အကျောကြီးနဲ ့ စိတ်နာတယ်ဗျာ အကုန်လုံး က အုပ်ချုပ်သူ ကိုငွေမက် တို ့ကြောင့်ပဲ ပစားပေးထားလို ့ ကန်းတက်နေတာ ဟို အရင် က ရဲအုပ်တယောက်တောင် ဆန့်သွားသေးတယ်လေ မန်းတလေး ပြန်ရင်တော့ သေနပ်ရှာဝယ် ရမလို ဖြစ်နေပြီ သရက်သီးသနပ်ပြောပါတယ်

  • aye.kk

    January 27, 2012 at 7:49 am

    တာဝန်ရှိတဲ့လူတွေ၊မသိကျိုးကျဉ်ပြုနေကြပါ၏…
    ထပ်တူထပ်မျှခံစားရပါသည်။(လုံးဝလုံးဝမဖြစ်သင့်)

  • water-melon

    January 27, 2012 at 7:57 am

    ကိုပေရေ ကိုးကန့်ဆို ဝေးဝေးရှောင်တယ်ဗျို့
    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဆိုတော့ ထောင်ထောင်ထောင်ထောင်နဲ့
    ဖရဲလည်း သေနတ်ဝယ်အုန်းမှဘဲ
    တရုတ်ပြည်သွားရင် A 45 ဝယ်လာမယ်ကွ
    ဟီးဟီး
    မန်းလေးက ကလပ်ဆိုတော့ M-Bar ၊ စွမ်း ၊ ဆီအိုးနား ၊ မန်းလေးဟေးရီးဆော့
    ဆီအိုးနား က ရှိသေးလားမသိ new year တော့ ရှိမယ်ထင်တယ်
    နောက်ပိုင်း ပူစူ ကိစ္စကြောင့်လား မသိပိတ်သွားတယ်

  • thit min

    January 27, 2012 at 8:31 am

    သက်ဆိုင်ရာကိုအကြောင်းမကြားကြဘူးလားဗျာ?
    လက်နက်ကိုင်ဆောင်မှုတွေ ရှိတယ်ဆိုရင် ဆိုင်တွေလဲ “အ” ကုန်မှာပေါ့။
    အေးချမ်းသာယာရေးအတွက် သေသေခြာခြာ စီစဉ်သင့်တယ်လို့ထင်ပါတယ်။
    အရင်ကတော့ ရန်ကုန်မှာတောင် မြို့လယ်ပစ်ခတ်မှုတွေဖြစ်ရတာလဲ သူတို့လို့ကြားဘူးတာဘဲ။
    ဒီမိုကရေစီရဲ့လုပ်ပိုင်ခွင့်တွေ ပေးလိုက်ပြီးနောက်မှာ ပိုဆိုးလာနိုင်တယ်လေ။
    ကျနော်တို့ လူမျိုးကလဲ သီးခံစိတ်ကျနဲပါးတယ်။ ထစ်ကနဲရှိသွေးပူတတ်တော့ သူသေနတ်လဲ ကိုယ့်ဓားနဲ့
    ဝင်ပိုင်းမယ်ဆိုတဲ့ကောင်တွေကလဲ အပေါသားမဟုတ်လား။
    ရန်ကြွင်းရန်စရယ်လို့ ဖြစ်လာရင် မီး က မငြိမ်းနိုင်လို့ ရန်ရှောင်တာကောင်းတယ်ဆိုပေမဲ့ တဲ့တဲ့ကြီး
    တိုး တော့လဲ ချ ပလိုက်တာမျိုးက လက်တွေ့မှာ အများကြီးပေါ့နော်။
    အထိန်းအကွပ်လွတ်လို့ မရသေးဘူး ဆိုတာ မြင်သာလှပါတယ်။
    သူကြီးပြောလို့ ပြောရရင်
    ဒီမှာလဲ အရက်ဆိုတာ သောက်သလားမမေးနဲ့ ။မတရားသောက်ကြတာ။ ယောက်ျား၊မိန်းမ။
    ဘာမှကိုကြီးကြီးကျယ်ကျယ်မဖြစ်ဘူး။ အဲ ဖြစ်ပြီလို့ သတင်းမှာပါလာရင် နိုင်ငံခြားသား ပါ နေပြီ။
    ဒီထက်ပိုပြောရရင် ခွေးခြင်းတောင်မတူဘူး။
    ဒီက ခွေးတွေက လူစိမ်းကိုနှုတ်ဆက်တဲ့ပုံစံမျိုးနဲ့ အနားကပ်လာတာများတယ်။
    ကိုက်လိုက်မယ်ဟဲ့၊ ဟောင်လိုက်မယ်ဟဲ့ ဆိုတာလဲ ကျနော်တို့ဘက်ကခွေးတွေဆိုတော့
    “ဝေ့ဖ်= (စိတ်) လှိုင်း” ဆိုတဲ့ အယူအဆ ကို သတိရသွားတယ်။
    လူတွေရဲ့စိတ်တွေပူပင်ရတာများရပြီဆိုရင်လေထဲမှာ အပူလှိုင်းတွေများလာတယ်ပေါ့။ထပ်ပိုပူတတ်သတဲ့။
    ဒေါသလှိုင်းတွေကိုလွှတ်တဲ့ သူတွေများလာတော့ လေထဲမှာဒေါသလှိုင်းတွေချည်းဘဲဖြစ်ပြီး အသီးအနှံကအစ
    မအောင်မြင်၊ လူတွေအပါအဝင် အိမ်မွေး “ပက်” လေးတွေပါ ဒေါသကြီး ကုန်ကြပုံပါဘဲ။
    ~~~~~~~~~~~~~~~~~~~~~
    လောကဓာတ်ကို မေတ္တာဓာတ်တွေ လွှင့်ထုတ်ပေးသော သင့်နှလုံးသားစက်ရုံ တည်တံ့ပါစေ ။
    ခင်မင်လျှက်
    မောင်သစ်မင်း

  • thit min

    January 27, 2012 at 8:32 am

    သက်ဆိုင်ရာကိုအကြောင်းမကြားကြဘူးလားဗျာ?
    လက်နက်ကိုင်ဆောင်မှုတွေ ရှိတယ်ဆိုရင် ဆိုင်တွေလဲ “အ” ကုန်မှာပေါ့။
    အေးချမ်းသာယာရေးအတွက် သေသေခြာခြာ စီစဉ်သင့်တယ်လို့ထင်ပါတယ်။
    အရင်ကတော့ ရန်ကုန်မှာတောင် မြို့လယ်ပစ်ခတ်မှုတွေဖြစ်ရတာလဲ သူတို့လို့ကြားဘူးတာဘဲ။
    ဒီမိုကရေစီရဲ့လုပ်ပိုင်ခွင့်တွေ ပေးလိုက်ပြီးနောက်မှာ ပိုဆိုးလာနိုင်တယ်လေ။
    ကျနော်တို့ လူမျိုးကလဲ သီးခံစိတ်ကျနဲပါးတယ်။ ထစ်ကနဲရှိသွေးပူတတ်တော့ သူသေနတ်လဲ ကိုယ့်ဓားနဲ့
    ဝင်ပိုင်းမယ်ဆိုတဲ့ကောင်တွေကလဲ အပေါသားမဟုတ်လား။
    ရန်ကြွင်းရန်စရယ်လို့ ဖြစ်လာရင် မီး က မငြိမ်းနိုင်လို့ ရန်ရှောင်တာကောင်းတယ်ဆိုပေမဲ့ တဲ့တဲ့ကြီး
    တိုး တော့လဲ ချ ပလိုက်တာမျိုးက လက်တွေ့မှာ အများကြီးပေါ့နော်။
    အထိန်းအကွပ်လွတ်လို့ မရသေးဘူး ဆိုတာ မြင်သာလှပါတယ်။
    သူကြီးပြောလို့ ပြောရရင်
    ဒီမှာလဲ အရက်ဆိုတာ သောက်သလားမမေးနဲ့ ။မတရားသောက်ကြတာ။ ယောက်ျား၊မိန်းမ။
    ဘာမှကိုကြီးကြီးကျယ်ကျယ်မဖြစ်ဘူး။ အဲ ဖြစ်ပြီလို့ သတင်းမှာပါလာရင် နိုင်ငံခြားသား ပါ နေပြီ။
    ဒီထက်ပိုပြောရရင် ခွေးခြင်းတောင်မတူဘူး။
    ဒီက ခွေးတွေက လူစိမ်းကိုနှုတ်ဆက်တဲ့ပုံစံမျိုးနဲ့ အနားကပ်လာတာများတယ်။
    ကိုက်လိုက်မယ်ဟဲ့၊ ဟောင်လိုက်မယ်ဟဲ့ ဆိုတာလဲ ကျနော်တို့ဘက်ကခွေးတွေဆိုတော့
    “ဝေ့ဖ်= (စိတ်) လှိုင်း” ဆိုတဲ့ အယူအဆ ကို သတိရသွားတယ်။
    လူတွေရဲ့စိတ်တွေပူပင်ရတာများရပြီဆိုရင်လေထဲမှာ အပူလှိုင်းတွေများလာတယ်ပေါ့။ထပ်ပိုပူတတ်သတဲ့။
    ဒေါသလှိုင်းတွေကိုလွှတ်တဲ့ သူတွေများလာတော့ လေထဲမှာဒေါသလှိုင်းတွေချည်းဘဲဖြစ်ပြီး အသီးအနှံကအစ
    မအောင်မြင်၊ လူတွေအပါအဝင် အိမ်မွေး “ပက်” လေးတွေပါ ဒေါသကြီး ကုန်ကြပုံပါဘဲ။
    ~~~~~~~~~~~~~~~~~~~~~
    လောကဓာတ်ကို မေတ္တာဓာတ်တွေ လွှင့်ထုတ်ပေးသော သင့်နှလုံးသားစက်ရုံ တည်တံ့ပါစေ ။
    ခင်မင်လျှက်
    မောင်သစ်မင်း

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 27, 2012 at 9:42 am

    ဒီနေရာမှာအုပ်စုခွဲတတ်မှရမယ်ဗျ
    သဂျီးပြောသလို နိုင်ငံကြီးသားပီသတာတွေဘာတွေကတော့ ခင်ဗျားတို့နားမယောင်နေနဲ့
    ဒီနေရာမှာ မျိုးချစ်စိတ်ဆိုတာကလည်း တော်တော်အရေးကြီးသေးတယ်
    ဆိုလိုတာက မျက်ကန်းမျိုးချစ်စိတ်မဖြစ်ဘို့ဘဲ
    သတ္တိရှိတာနဲ့ မိုက်ရူးရဲတာလည်း သွားရောလို့မရဘူး
    တစ်ခါတစ်လေလည်း ကြားနေဖတ်နေရတာဘဲ
    ဘယ်လူကြီးကြီးသားသမီး ဘယ်ကောင် ဘာညာကွိကွ နောက်ဆုံး မော်တော်ကားစပါယ်ယာ ကတောင်
    ဘာဖြစ်တယ်ညာဖြစ်တယ် လုပ်နေကြတာဘဲ
    အရေးကြီးတာက ခွဲခြားတတ်ဘို့ရယ် ကိုယ်ကိုယ်တိုင်က မှန်ကန်ဘို့ရယ် ဆိုတာကလိုသေးတယ်
    ဘာကောင်လည်း ကျားလား နဂါးလား ဆင်လား ဘာကောင်လဲဆိုတာကို
    အလျှင်သိအောင်လေ့လာရမှာဘဲ
    သတ္တဝါတိုင်းသေတတ်ပါတယ်ဗျာ
    သေတတ်တဲ့ကောင်ကို သေတတ်တဲ့ကောင်က သေအောင်လုပ်တာ ဘာများခက်လို့လဲ
    ကျုပ်ကတော့ သီးခံတဲ့ဖက်ကမပါဘူး
    ဖဲ့ပြစ်
    အနည်းဆုံးတော့ ဒီကောင်တွေစီးတဲ့မော်တော်ကားကို လေခိုးလျှော့ပေါ့ဗျာ 😀

  • ကြောင်ကြီး

    January 27, 2012 at 10:11 am

    တရုတ်နဂါးကြီး၏ သမီးပျိုကြေးမုံလေးအား ဝင်ရောက်ဆွေးနွေးဖို့ ကပေကိုယ်စား ဖိတ်ခေါ်ပါသည်..။

  • ကိုရင်စည်သူ

    January 27, 2012 at 10:15 am

    ကိုပေရေ.. ကျနော် ကွန်မန့်စမရေးခင် နှပ်ဆေးလေးနဲ့ တစ်ယာလောက်ကျွေးစမ်းဗျာ… ဟဲ..
    ပထမ ကိုရင်ပေရေးတဲ့ အပေါ်ဆုံးအကြောင်းအရာကို ပြောချင်တယ်… ကျနော်ကတော့ ဘယ်တုန်းကမှ
    ကိုရင်ရေးသမျှကို အရည်မရအဖတ်မရလို့ မထင်ခဲ့ဘူး။ ဘောလုံးအပိုင်းဖြစ်ဖြစ်၊ အတွေ့အကြုံပိုင်းဖြစ်ဖြစ်
    အတွေးအမြင်အပိုင်းအဖြစ် တကယ့်ကို အရေးလက်သွက်ပြီး လက်တွေ့ (Practical) ကျတဲ့ ပို့စ်တွေလို့ပဲမြင်တယ်…။ ကိုရင် ဝါသနာကြောင့်
    အချိန်၊ ငွေကြေး၊ အတွေးအမြင်သုံးလိုက်ရတဲ့ အပိုင်းက အကြောင်းပါ… အဲ့ဒီအကြောင်းကို အကျိုးပြုလို့ အကျိုးဖြစ်နေတယ်ဆိုတာ
    ကျနော်တော့ လှမ်းမြင်မိသဗျာ… ဒါကြောင့် ကျနော်က ကိုရင်ပေပို့စ်ရဲ့ (အထူးသဖြင့် ဘောလုံးပို့စ်)ဂေဇက်အမာခံပရိသတ်တစ်ယောက်အဖြစ် မှတ်ထားပေးပါနော့…။

    ဒုတိယအချက်က… ကျနော်နဲ့ ကိုရင်နဲ့ တူတဲ့အချက်လေးတစ်ခုပါ… ကျနော်လည်း အရင်က ကိုရင်ပေလိုပဲ ဆိုးခဲ့ မိုက်ခဲ့ဖူးပါတယ်…။ ခုချိန်တော့ မိုက်ခဲ့မိ၊ ဆိုးခဲ့တာတွေကို ဂုဏ်ဖော်မနေတော့ပါဘူး။ အဘဆီသာမရောက်ရင် ကျနော်က
    ဂျလေဘီဖြစ်ပြီး ဟိုအိမ်ကပ်စား ဒီအိ်မ်ကပ်စားနေတဲ့ အဖြစ်တောင်ရောက်နိုင်ပါတယ်…။ ထားပါတော့… လူငယ်ဆိုတော့လဲ
    မှားတတ်ကြတာပဲနော့… အပြစ်တော့မဟုတ်ပါဘူး… သဘာဝဖြစ်စဉ်တစ်ခုလို့ပဲ သတ်မှတ်ပါတယ်…

    တတိယအချက်က…. ရှမ်း၊ ကိုးကန့်၊ တရုတ်စပ်ရှမ်း၊ တရုတ်တွေဟာ နယ်စပ်ကနေ တိုးလျှိုးပေါက်ဝင်လာပြီး မန်းလေ၊ ကျနော်တို့ ရန်ကုန်အစရှိတဲ့ မြို့ကြီးတွေမှာတောင် လူပါးလာဝနေတာကြာပါပြီ.. မပြောချင်လို့ပါ။…. အဲ့ဒီကောင်တွေက မမူးရင်သာ အေးဆေး
    နေရင်နေမယ်… မူးရင် နယ်စပ်မှာကိုင်ဆောင်ရတဲ့သေနတ်တွေ တပြပြနဲ့ မန်းလေး၊ ရန်ကုန် ကလပ်တွေ ဖင်ကျယ်နေတာ ကြာနေပါပြီဗျာ…။ လူငယ်တွေရန်ဖြစ်တယ်ဆိုတာ တုတ်၊ ဓါးအထိ လက်ခံလို့ရပါတယ်…။ သေနတ်နဲ့ ဖြဲရအောင် အဲ့ဒီ မအေရိုးတွေက ရဲလား၊ စစ်သားလား မေးစရာရှိတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေကလည်း ဘာမှမလုပ်ပဲ လျစ်လျူရှူ့ထား
    ကြတယ်..။ တရားမဝင်လက်နက်ကိုင်ဆောင်တာ ဘယ်နိုင်ငံဖြစ်ဖြစ် ပြင်းထန်တဲ့ ဥပဒေတွေရှိပါတယ်…
    ဒီမှာတော့ မအေးရိုး ရှမ်း၊တရုတ်၊ကိုးကန့်တွေက ထစ်ကနဲရှိ သေနတ်တပြပြနဲ့ ခြိမ်းခြောက်နေတာတော့ ကျနော်တို့
    မြန်မာလူငယ်တွေအစား ရင်နာလှတယ်ဗျာ… ကိုရင်ရေ.. မန်လေးသားတွေတင်မဟုတ်ပါဘူး.. ဒီကိတ်စက မြန်မာပြည်သားတွေ အကုန်လုံး သတိထားရမဲ့
    အမျိုးသားရေး ကိတ်စတစ်ခုဖြစ်နေပါတယ်ခင်ည..။
    ကိုရင်ပေရေးတဲ့ ပို့စ်ကိုလည်း သက်ဆိုင်ရာမှ ဆိုင်ရာပိုင်ရာတို့ ဖတ်မိပါစေလို့ ကျနော်ဆုတောင်းမိတာတော့ အမှန်ပါပဲဗျို့…။

    ကဲ… ကိုရင်ပေရေ.. နှပ်ဆေးလေးနဲ့ ကွမ်းတစ်ယာလောက်ဗျာ.. 😀 😀
    လေးစားစွာဖြင့်
    ကိုရင်စည်သူ (မိုးတိမ်)

  • three colors

    January 27, 2012 at 10:15 am

    ဒီ ဝ တွေ၊ ကိုးကန့် တွေ ကို ဆော်ဖို့တော့တော်ပြီ၊ ဆော်ဖို့ အချိန်လဲရောက်လာပြီ၊
    စေ့စပ်ညှိနှိူင်းစရာ မလိုဘူး၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ဘဲ လိုတယ်၊
    ဒါကို sanction အဖွဲ့ကလဲ နားလည်ပါတယ်။

  • စိန်ပေါက်ပေါက်

    January 27, 2012 at 11:05 am

    တစ်ဂယ်တော့ အဖွဲ ့နဲ ့..လက်နက်နဲ ့မှ ဇရှိရဲကြတာနေမပေါ့
    ဒီစိတ်ဓာတ်တွေက ငပေါက် ခုနစ်တန်းကျောင်းသားဘဝက ကျန်ခဲ့ပါဘီ 😀
    ခုဆိုတစ်ယောက်ထဲလဲ မမိုက်ရဲပါဘူး 😆

    ကြာဒယ်ကွာ
    ဂေဇက်ဂိုဏ်းဖွဲ ့ပြီး အေဘေးတွေကို လိုက်ဖြုတ်ရအောင်..

    သဂျီး
    ၂လုံးပြူးခဏ ငှားစမ်းဘာ.
    ပေါင်ပြီး ဘီအီးကစ်မလို ့

    • မိုက်ကယ်ဂျော်နီအောင်ပု

      January 28, 2012 at 1:20 am

      ဒီ အခြောက်မ ရဲ့ ကွန်မန့်ထဲမှာ
      လက်တွေ့ကြတဲ့ အဖြေတွေရှိတယ်

      • မိုက်ကယ်ဂျော်နီအောင်ပု

        January 28, 2012 at 1:22 am

        တစ်ခါတစ်လေကြတော့လီး
        စိတ်ကူးယဉ်တတ်တဲ့ ခင်ဗျားတို့နဲ့
        ဇာတ်ကားအကြောင်းတွေပြောဘို့ ကျုပ်အလိုမရှိတော့ဘူး 🙁

  • etone

    January 27, 2012 at 1:27 pm

    အိမ်ကတူလေး .. အရမ်းဆော့လွန်းလို့ … သူ့သေနတ်တွေအားလုံးယူပြီး … တစ်ထောင်ဖိုး သုံးလက်နဲ့ရောင်းလိုက်တာဗျို့ … ငှဲလျောင်း ငှဲလျောင်း … မီဂျောက်ဂျဘာနဲ့ :mrgreen:

  • comegyi

    January 27, 2012 at 1:27 pm

    ဪ …..လက်စသတ်တော့
    အင်မတန် သိမ်မွေ့ဘာဒယ် ဆိုတဲ့
    ငါ့ရဲဘော်ဂျီးလည်း တစ်ခါတုန်းက
    သိုင်းလောက သားဂျီးဂိုး
    လေးစားပါတယ်ဒယ် လေးစားပါတယ်ဒယ်
    သားလည်း ခြေသလုံးပလွေရိုးပေမဲ့
    စိန်ပေါက်ပေါက်ပြောသလို တစ်ခါများတုန်းက
    ဂြိုလ်ကိုးလုံးဂိုးဏ်ထူထောင်ပြီးသကာလ
    ရပ်ကွက်တစ်ခွင် ပြဲပြဲစင်အောင်
    ညလူဖြစ်ခဲ့ပါကြောင်းရယ်လေ …
    …..
    ဟုတ်ပါ၏ မြန်မာကို မြန်မာကမှ
    မစောင့်ရှောက်ရင် ဘယ်ထွေးသဒေါင်းဇားက
    စောင့်ရှောက်ကြမတုန်း ဗရာဗို ဆြာရဲဘော်…
    ခင်ဗျားပျောက်နေတယ်နော်……

  • မောင်ဘလိူင်

    January 27, 2012 at 3:18 pm

    နင်ဂျာလမ်းစဉ် လျှို့ဝှက်ချက်များ ဆက်တင်ပေးဦးမှ ထင်တယ်..
    ဒါမှ အရေးအကြောင်းဆို ဖြုတ်ခနဲ ထွက်ပြေးနိုင်မှာ.. 🙂

  • aungnng87

    January 27, 2012 at 3:31 pm

    တော်တော်ရင့်တဲ့ကောင်တွေနော်။ မန်းလေးမြို့ခံတွေစုစုစည်းစည်းနဲ့ဒီလိုကောင်မျိုးတွေ မန်းလေးကိုမလာရဲအောင် နှိပ်ကွပ်သင့်တယ်။

  • Foreign Resident

    January 27, 2012 at 5:04 pm

    ရန်ကုန်မြို့ သိမ်ကြီးဈေး အပေါ်ထပ်မှာ မြန်မာမပြောနှင့်
    နိုင်ငံခြားသား ဖီလစ်ပီနို Band ကကောင်ကို
    သေနတ် နှင့်ချိန်ပြီး လက်ကို ဘေ့စ်ဘော ရိုက်တဲ့တုတ်နှင့်
    စာပွဲပေါ်တင်ပြီး ကျေအောင်ထုလိုက်တာ
    အဲဒီ ဖီလစ်ပီနို လက်ဖြတ်လိုက်ရတယ် ။
    အဲဒီအချိန်တုန်းက သူတို့တစ်ဖွဲ့လုံး
    ( ခွန်ဆာ ရဲ့ မောင်တိုင်း အာမီ )
    အတို တစ်လက်စီပါတဲ့အပြင်
    ကားပတ်ကင်က Surf ကား ထဲမှာ
    M-16 Assault Rifle တွေပါပါတယ် ။

    ရဲတွေ စစ်ထောက်လှမ်းရေးတွေ သိသိကြီးနှင့်
    အနားတောင် မကပ်ရဲဘူး ။

    မန္တလေးမှာ ဒုရဲအုပ်ကို ပေါ်တင် လူကြားကြီထဲ
    အေးအေးဆေးဆေး ပစ်သတ်သွားတုန်းကလည်း
    ဗျူဟာမှူးရဲ့ ရဲတွေကိုနားချတဲ့စကား ၊
    ” ရဲတစ်ယောက်သေတာ အရေးမကြီးပါဘူး
    ငြိမ်းချမ်းရေး မပျက်ပြားဖို့ အရေးကြီးပါတယ် ”
    ဆိုတာကလည်း နာမည်ကြီးပဲ ။

    ကိုးကန့်တွေ ဝတွေကို အမြစ်ပြတ်အောင် ဖြတ်ချင်ရင်တော့
    အနဲဆုံး လူ သုံးသောင်းလောက် အသေခံမှရမယ် ။
    ဒါတောင် တရုတ်ကြီးက လက်ခံမှရမယ် ။

    တရုတ်ကြီးက လက်မခံ လို့ကတော့
    မြေပုံ ပြင်ပေးရလိမ့်မယ် ။
    သံလွင်မြစ် အရှေ့ဖက်ခြမ်း ပေးရမလား ၊
    ကံဆိုးရင် ဧရာဝတီမြစ် အရှေ့ဖက်ခြမ်း ထိပါ ပေးရနိုင်တယ် ။

    စစ်ကို ပါးစပ်နှင့်တိုက်တာ လွယ်ပါတယ် ။
    တကယ့် စစ်မြေပြင်မှာ သူ့နယ်မှာ သွားတိုက်ဖို့က မလွယ်ဘူးလေ ။
    အခု ကချင် မှာပဲကြည့်လေ တပ်မတော်မှာ ရှိရှိသမျှ
    ခြေမြန် တပ်မ ၊ ဒကစ ၊ စကခ အားလုံးလောက်နီးနီး နှင့်
    တက်ထိုးတာတောင် မရနိုင်သေးဘူးလေ ။
    ကိုယ့်ရဲဘော်တွေ သေလိုက်ကြတာလဲ သောက်သောက်လဲ
    တပ်ရင်း တစ်ခုဆို ဝိုင်းပါတ်ခြေမှုန်းခံလိုက်ရတာ
    ဖွဲ့စည်းပုံပါပျက်သွားတယ် ။

    ကချင် KIA ရဲဘော်တွေက ငယ်သားတွေကိုယ်တိုင်က
    သူတို့ KIA ခေါင်းဆောင်တွေကို မြန်မာ့တပ်မတော် နှင့်
    ငြိမ်းချမ်းရေး မယူဖို့ တောင်းဆိုတယ်ဆိုပဲ ။

    သူ့နယ်နော် သူ့နယ် လွယ်မယ် မထင်နဲ့ ။
    ကချင် KIA က ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို
    တရုတ်ပြည်မှာ တရုတ်အရာရှိတွေရဲ့ရှေ့မှာမှလုပ်တာနော် ။
    မေ့မထားကြနှင့်အုန်း ။

    စစ်ကို ပါးစပ်နှင့်တိုက်ရတာ လွယ်ပါတယ် ။

  • kotun winlatt

    January 27, 2012 at 6:39 pm

    ဆြာပေရေ…မန်းးလေးးးမှာအဲ့ဂလိုဖြစ်နေပီကြားတော့…
    စိတ်မကောင်းဖြစ်မိတယ်….
    ကျနော်မြစ်ကြီးနားမှာ နေတော့လည်း အခြောက်တိုက်
    ပစ္စတိုတပြြုပလုပ်တတ်တဲ့ လူနီဖြူစပ်တစ်ကောင်ကိုသွား
    သတိရမိသေးရဲ့ဗျာ…

  • naywoonni

    January 27, 2012 at 9:03 pm

    မန်လေးမာ အဲလိုကြီးဖစ်နေဘီလား စုတ်ခ စုတ်ခ

  • ရွှေဘိုသား

    January 27, 2012 at 9:39 pm

    မအေပေး လူကြီးတွေ ဒါမျိုးကျတောကခွင့်ပြုတယ်
    ကိုယ်တစ်ခါလေး ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ဓားလေးယူသွားတော့ ဓားသိမ်းပြီး စခန်းက သစ်ပင်တောင်ရေလောင်းခိုင်းသေးတယ်ဗျ အခုကျတော စောက်လူကြီးတွေ ဘယ်ရောက်နေတာလဲ

  • windtalker

    January 27, 2012 at 9:53 pm

    ဖတ်ရှူအားပေးသွားသူများအားလုံး နှင့် ကွန်မင့်ချီးမြှင့်ကုန်ကြသော ရွာသူား အပေါင်း နှင့် သဂျိုင်ခီး အား အထူးဘဲ လေးစားကျေးဇူးတင်ရှိပါသည် ။
    အဆိုပါ ဖြစ်ရပ်များမှာ ၊ ယခုမှ မဟုတ် ၊ ဟိုး ၁၉၉ဝ ဝန်းကျင် ခေတ်များကတဲက ရှိခဲ့ကြောင်း ထပ်မံသိရှိလိုက်ရပါကြောင်း… ရယ်ပါလေ

  • unclegyi1974

    January 27, 2012 at 10:55 pm

    မောင်ဝင်းကညညဆိုအပြင်ထွက်တာကိုး
    ဘတို့လိုအိမ်ထဲကအိမ်ပြင်မထွက်ပဲနေလိုက်
    ဘာဆိုဘာမှမဖြစ်မသိအေးဆေး

  • ကြက်ဖင် ( အကယ်ဒမီ )

    January 28, 2012 at 7:40 pm

    ဒီနေရာလေးမှာ တစ်ခုက အထင်အရှားသိဘို့လိုတယ်ဗျ
    မြင်တတ်ဘို့ဆိုတာလေးပါ
    ဘာကောင်တွေဘဲဖြစ်ဖြစ်ပါ
    လက်နက် ဆိုတာနဲ့ အနိုင်ယူခြင်ကြတဲ့သဘောလေးကိုပါ
    ပြောနေကြတာပါဘဲ တော်လှန်ရေးတို့ တိုင်းပြည်ကာကွယ်ရေးတို့
    လက်ထဲကို သေနတ်ရောက်တာနဲ့ လက်နက်အားကိုးနဲ့ မျက်နှာတွေကို အစွမ်းကုန်မာပြီး
    မိုက်ရိုင်းကြတာဘဲ
    ဇဂါးမစပ် ဟိုအပေါ်က မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့ကောင်က ဘာလဲ
    ခင်ဗျားက ဘယ်လောက်အတွေးခေါ်မြင့်နေလို့လဲ
    ဘဝင်လေလာဟပ်နေတယ်
    ဝမ်းချုပ်နေလို့လား ဒေါက်တာချက်ကြီးဆီသွား 👿

  • ရွာစားကျော်

    January 28, 2012 at 8:25 pm

    အော် တို့ မန္တလေးလည်း
    တရုတ်တွေ ကြီးစိုးတာခံရ
    ကိုးကန့်က ဗိုလ်ကျတာခံရနဲ့
    စိတ်မသက်သာလိုက်တာဗျာ..

  • uncle kyaw

    January 29, 2012 at 12:34 am

    နောက်နှစ်ကျရင် ကျောက်တော်ကြီးဘုရားပွဲက ပစ္စတို တစ်လက် ကြိုဝယ်ထားပြီး ခပ်တည်တည် ခါးမှာချိတ်ထားရမယ်..(မသိ မသာလေး ဖုံးထားဦးမှ ) တော်ကြာ ကြီးတောင့် ကြီးမ နဲ့ ဆွဲစေ့ခံနေရ ဒုက္ခ..

  • kokothandar

    January 30, 2012 at 11:29 am

    ဒါတွေက ဦးခင်ညွှန့် ထောက်လှမ်ရေးမှုးဘဝက ကိုးကန့်တို့ ။ဝတို့ ရဲ့ ။အဖွဲ့အစည်းတွေကို ရန်ကုန်မြို့တော်ထိ
    လက်နက်ကိုင်ခွင့် ပေးခဲ့တာကစခဲ့တာတွေပါ သူတို့ကားကတစ်ခြားကား ဝင်တိုက်ရင်တောင် က.က.လှမ်းက
    လိုအပ်ရင် ကူညီပါဆိုတဲ့ လက်မှတ်ဲပြတာနဲ့ ယာဉ်ထိမ်း က သားရေကို ပါးစပ်ကသုတ်ရင်း အတိုက်ခံရသူက
    လျော်ရမဲ့ ပုံမျိုးလုပ်လို့ အတိုက်ခံရတဲ့ ကားရှင်ဟာ သူ့ကားသူပြင်ရတော့တာ့ဘဲ
    ဪဦးခင်ညွန့် ခင်ဗျားလုပ်ချက်တွေက ပြည်သူတွေမှာ ခင်ဗျားမွေးခဲ့တဲ့ မျောက် တွေ့ရဲ့ အခြောက်အလှန့်ကို
    ခုထိခံနေရတုံးပါဘဲလား ကိုယ်အာဏာအရှိန်အဝါတက်ရေး ပြည်သူတွေကို မင်တို့လုပ်ချင်ရာလုပ် ငါရှိတယ်
    ဆိုပြီး မူးယစ်ဆေးမှောင်ခိုပို့ရာ မှာဝင်ကူညီခဲ့တယ် ဟိုကောင်တွေပေးတဲ့ငွေကလဲ တစ်နစ်တစ်ပိုးဆိုတော့
    ဝန်ကြီးချုပ် ဘဝနဲ့တောင် လာဘ်စားမှုနဲ့ထောင်ကျခံသည်ထိ မိုက်ခဲ့တာဘဲ ရက်စက်ပါပေ့ဗျာ

  • cobra

    January 30, 2012 at 3:26 pm

    cobra သေနတ်မျိုးစုံရောင်းသည်။
    ဝယ်ယူလိုသူများစုံစမ်းနိုင်ပါသည်။

Leave a Reply