“ငရံ့မင်းစံတော်မူရာ ရန်ကင်းတောင်တော်”(အပုိုင်းတစ်)

“ငရံ့မင်းစံတော်မူရာ ရန်ကင်းတောင်တော်”

1ရန်ကင်းတောင်အဝင်(အနောက်ဘက်ခြမ်း)
2 ရန်ကင်းတောင် အရှေ့ဘက်က ကားဆိုင်ကယ်တက်တဲ့လမ်း
3 တောင်အတက်လမ်းက သာယာသော နေရာ အဝေးမှာရှမ်းရိုးမ
4တောင်အောက်ခြေကလယ်ကွင်းတွေက မိုးတွင်းမှာဆိူရင်စို စိမ်းစိုလို့ လှပပါတယ်။
5ဒီဘုရားကိုမြင်ရရင်တောင်ပေါ်ရောက်ခါနီးပြီလေ
6 အမြင့်ကမြင်ရတဲ့မြင်ကွင်း
7 တောင်ပေါ်အရောက်အောက်ကိုငုံ့ကြည့်တာလေ ကျောက်တောင်ကြား ကြည့်ရတာ ခေါင်းတောင်မူးလာတယ်

 

8တောင်စောင်းမှာ စေတီနဲ့ဘုန်းကြီးကျောင်း
9 စကားပန်းလေးပွင့်နေပုံက ဆောင်းပေမယ့် နွေဦးကို ကြိုဆိုနေသလိုု ကျိုးတို့ ကျဲတဲ
10 ဒီတိုင်လေးက ကျောက်တောင်အစွန်းမှာရှိတာပါ ဒီအုတ်ခုံ့လေးပြီးသွားရင်ချောက်နက်နက်
11 ဒီဘုရားကို ဒီလိုမြင်ရတယ်ဆိုရင် ငရံ့မင်းတွင်းကိုရောက်ခါနီးပြီ
12 ဒီလှေခါးအတိုင်းဆင်းသွားရင် င့ရံ့့မင်းကို ဖူးမြင်လို့ရပါပြီ။

 

“ငရံ့မင်းစံတော်မူရာ ရန်ကင်းတောင်တော် အပိုင်းတစ်”

 

မန်းလေးမြို့က တောင်တွေဝန်းရံထားတဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်။

အရှေ့ဘက်မှာရှမ်းရိုးမ အနောက်ဘက်မှာ မင်းဝံတောင်တန်း။

မန်းလေးမြိုရဲ့ အထင်ကရတောင်နှစ်တောင်ရှိပါတယ်။

မန်းလေးမြို့မြောက်ဘက်မှာရှိတဲ့ မြွေကြီးနှစ်ကောင် အလည်လာဘူးတဲ့မန်းလေးတော်တော်နဲ့

ငရံ့မင်းသုံးကောင်ကိန်းဝပ်တော်မူတဲ့ရန်ကင်းတောင်တော်တို့ပါဘဲ။

မန်းလေးမှာ မိုးခေါင်လို့ ရာသီဥတုများပူပြင်းခဲ့ရင်

ဒီငရံ့မင်းတွေကို ပင့်ဆောင်ပြီး ငရံ့မင်းပရိတ်ကိုရွတ်ဖတ်ရင်း

မြို့ထဲမှာလှည့်ပေးရင် မိုးရွာတယ်လို့ မန်းလေးမြို့သူမြို့သားများက ယုံကြည်ကြပါတယ်။

တိုက်ဆိုင်တယ်ဘယ်ပြောပြော ဘာပြောပြော မိုးခေါင်ချိန်များ ငရံ့မင်းလှည့်ရင်မိုးရွာတာ

အမှန်ပါဘဲ။

 

ဒီရန်ကင်းတောင်ကြီး ကတော့ မန်းလေးမြို့ အရှေ့ဘက်ကျုံးရောက်ရင်  19လမ်အတိုင်း

အရှေ့ဘက်ကို တည့်တည့်သွား အောင်ပင်လယ် လယ်ကွင်းတွေရဲ့အဆုံး ပုသိမ်ကြီးမြို့လေးကိုလွန်သွားတာနဲ့

ရန်ကင်းတောင်ကြီးကိုဘွားကနဲ့တွေ့ရမှာအမှန်ပါဘဲ။

အရှေ့ဘက်စောင်းတန်းကတော့ အတက်လမ်းမတ်စောက်ပါတယ်။

တော်ရုံဇွဲနဲ့မတက်နိုင်ပါဘူး။

အခုတောင်အရှေ့တောင်ဘက်ခြမ်းကနေပြီး ကျောက်လမ်းဖောက်ထားတော့ ဆိုင်ကယ်ကား

တက်ရလွယ်သွားသလို ခြေလျင်တက်ရင်လဲ နာရီဝက်လောက်တက်ရင်ရောက်ပါတယ်။

မောသမျှတွေ ပန်းသမျှတွေက တောင်ပေါ်မြင်ကွင်းတွေကို တွေ့တာနဲ့ ပြေသွားမှာကတော့ သေချာပေါက်ပါဘဲ။

ကဲ တစ်ခေါက်လောက်တောင်ပေါ်တက်လိုက်ရအောင်။

တစ်ခုတော့ ရှိတယ် သမီးရီးစား အတူသွားရင်ကွဲတတ်တယ်လို့ ယုံကြည်သူလဲရှိတယ်နော်။

 

 

 

ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့

(31-1-2012)

10 comments

  • water-melon

    February 1, 2012 at 8:32 am

    လေးပေါက် မန်းလေးတော်တော်ဖြစ်နေတယ်
    ရန်ကင်းတောင်က နွားနို့သောက်ချင်တယ်
    မရောက်တာတော်တော်ကြာပြီ
    အရင်တုန်းက သွားရလာရအဆင်မပြေဘူးကြားလို့
    လမ်းကောင်းလားလေးပေါက်
    ထန်းရည်ဆိုင်တွေဘက်တော့ ရောက်ဖြစ်တယ် :mrgreen:

  • water-melon

    February 1, 2012 at 8:34 am

    သူကြီး ကွန့်မန့်လုပ်ထားတာမိုက်တယ်
    ဘယ်ချိန်က လုပ်လိုက်တာလဲ 8:00 မှလုပ်တာထင်တယ်
    ၄ မိနစ်ကများသလားလို့ 😆
    ကျွန်တော် ပထမဆုံးဈေးဦးဖောက်လို့ ပွိုင့်တိုးပေးနော်။

  • Diamond Key

    February 1, 2012 at 11:14 am

    ကိုပေါက်ရေ၊
    မရောက်တာကြာတဲ့ ရန်ကင်းတောင် ကိုပေါက်ပုံလေးတွေနဲ့ ရောက်ပြီ။
    သမီးရီးစား အတူသွားရင်ကွဲတတ်တယ်လား။
    သား……..ရီးစား နဲ့ သွားရင်တော့ ကွဲဘူးပေါ့နော်…….. :mrgreen:

  • စိန်ပေါက်ပေါက်

    February 1, 2012 at 11:48 am

    အူးအူးပေါက်..အူးအူးပေါက်
    သများမန်းလေးလာလည်ရင် ရန်ကင်းတောင်တို ့ မန်းလေးတောင်တို ့..ဟိမဝန္တာတောင်တို ့ကို အကုန်လိုက်ပို ့ပေးရမယ်နော်
    သများက တောင်သိပ်ကြိုက်တာ..တက်ရတာကိုပြောတာ…
    ရန်ကင်းတောက်ရောက်ရင် ဟိုတိုင်ပေါ်က ငှက်ကို ဂွနဲ ့ ဆော်ပါရစေနော်..
    ရီကွက်စ် လုပ်ပါဒယ်

  • ba gyi

    February 1, 2012 at 1:05 pm

    ကိုပေါက်ရေ၊ မြန်မာ့ ရှုခင်းအလှအပတွေ၊ကိုလက်ရာကောင်းကောင်းရိုက်ချက်တွေနှင့် – ၊မြန်မာတွေဂုဏ်ယူစရာပါခင်ဗျား။

  • FattyCat

    February 1, 2012 at 1:29 pm

    ငရံမင်းကိုကြည့်ချင်တယ်လေ…
    ငရံပြ…ဦးပေါက်

  • ငရံ့မင်းပုံက နက်ဖြန်ကျတော့ ပါလာမယ်လေ။
    အပိုင်းနှစ်ထဲမှာထည့်ထားပါတယ်။
    ကိုသော့ရေ သမီးရီးစားကွဲတတ်တယ်ဆိုတာကိုသိနေတော့
    ကိုယ် ပြတ်စေချင်တဲ့ကောင်မလေးကို အဲဒီခေါ်သွားလိုက်ပေါ့ဗျာ။

    • Thel Nu Aye

      February 1, 2012 at 3:03 pm

      ကိုပေါက်အဲလိုတော့လုပ်ကြံခိုင်းနဲ့လေ။ မတော်သူ့ကျမှပြောင်းပြန်ဖြစ်ပြီးညားကြလေသတည်း ဆိုရင်ကိုပေါက်တာဝန်ယူနေရအုံးမယ်။ ပြောလို့ရတာမဟုတ်။

  • pooch

    February 1, 2012 at 3:53 pm

    လေးပေါက်ရေ မန္တလေးတောင်ရောမပါဘူးလား အဲ့ဒီအဆိုက ။ 😛
    ကြုံဖူးတဲ့ သူငယ်ချင်းအတွဲကတော့ မန္တလေးတောင်ကို မနက်တိုင်းအတူတူ တောင်တက်ကြတာ သူငယ်ချင်းတွေနဲ့ ။ ကြိုက်ကြတာလည်း ခုနှစ်နီးပါးရှိပြီ ခုတော့ ကွဲသွားကြပြီလေးပေါက်။ အနော့်သူငယ်ချင်းက ခုဆိုနောက်လူနဲ့ သမီးလေးတောင် မွေးပြီးသွားပြီ။

    နောက်သိတဲ့ထဲက လည်း ၃ တွဲလောက်ရှိပြီ ကွဲသွားတာ။ အမတို့အတွဲလည်းပါတယ်။ သူကိုယ်တိုင်ပြောတာပဲ သူငယ်ချင်းကလည်း အဲ့လိုပြောလို့ ။ ဟုတ်လားဟုတ်လားတော့ သိပါဘူး။ လေးပေါက်ပြောတာတွေ့လို့ မေးကြည့်တာ ဟီး :mrgreen:

  • မှားတယ်မယ်ပုရေ………………
    မန်းလေးတောင်ပေါ်ခေါ်သွားရင် ကွဲတယ်ဆိုတာ။
    မယုံရင်ညည်းချစ်သူရှိရင်ခေါ်သွားကြည့်ပါလား။
    လေးပေါက်တို့တုံးကတော့ သွားတာဘဲ အခုထိအေးဆေးဘဲ။

Leave a Reply