မြန်မာ နှင့် ချဉ်ဖတ် (၂)

nigimi77January 27, 20121min29122


ကင်မ်ချီ မှာ ပါဝင်တဲ့ ကုန်ကြမ်းတွေရဲ ့ အဟာရဓါတ် (Unit – Tentative Planting 100g)

==========================================================

ပြည့်ဝတဲ့ Vitamin နဲ ့ Metabolism Activation

ဥပမာ အနေနဲ ့ပြောရရင်….ငရုပ်သီး ဟာ Vitamin A ပါဝင်မှု များပြားပြီး ၊ အထူးသဖြင့် ပန်းသီး ထက်ကို Vitamin C

37 ဆ ပိုများပြီး ရှောက်ချိုသီး ထက် 7 ဆ ပိုများရုံ အပြင်မကပဲ ခန္တာကိုယ် ရဲ ့ ရင့်ရော်မှု ကို တွန်းလှန်တယ်လို ့

သိထားကြပါတယ် ။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ Aillicin ဓါတ်ဟာ အင်အားကြီးမားတဲ့ Sterilization အကျိုးသက်ရောက်မှု

နဲ ့ အတူ Vitamin B1 စုပ်ယူမှုကို အားပေးပြီး Metabolism Activation ဖြစ်စဉ်ကို ဖြစ်ပေါ်စေပါတယ် ။

ဒီ့အပြင် ဂျင်း ဟာလည်း နှုတ်မိန်စေပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ် ။

=====================================================

ကင်မ်ချီ ချီးမွန်းခန်း ကတော့ ဒီလောက်ဆို လုံလောက်ပါပြီ ။

အမျိုးအစား အနေနဲ ့ လူကြိုက်များတဲ့ ကင်မ်ချီတွေကတော့ အောက်ပါ အတိုင်းပါပဲ ။

၁ ။ ဘယ်ချုး ကင်မ်ချီ

၂ ။ ဘယ်ချုး ဂေါ့ဂျောရီ ကင်မ်ချီ

၃ ။ နာဘာက့် ကင်မ်ချီ

၄ ။ ဘို ကင်မ်ချီ

၅ ။ ဂူ(င်) ဂျု(င်) ဂျော့ကုကျီ ကင်မ်ချီ

၆ ။ ယာင်းဘယ်ချုး ဘို ကင်မ်ချီ

ရ ။ ဆော့က်ပါက့် ဒုံင်ချီမီ ကင်ချီ

၈ ။ ဘဲ့က် ကင်မ်ချီ

၉ ။ ဘိုဆာမ်း ကင်မ်ချီ

၁ဝ ။ ချုံဂါက့်မူ ကင်မ်ချီ

၁၁ ။ ယောလ်မူမူလ်း ကင်မ်ချီ

၁၂ ။ ဘူချူ ကင်မ်ချီ

၁၃ ။ ကဲ့ညိ (ပ်) ကင်မ်ချီ

၁၄ ။ မီနာရီ ကင်မ်ချီ

၁၅ ။ အူအောင်း (င်) ကင်မ်ချီ

၁၆ ။ စုဂါက့် ကင်မ်ချီ

၁ရ ။ အိုဂျီးငေါ ချယ် ကင်မ်ချီ

၁၈ ။ ဖာ ကင်မ်ချီ

၁၉ ။ ဂါက့် ကင်မ်ချီ

၂ဝ ။ ဟိုဘာက့် ကင်မ်ချီ

၂၁ ။ ဒိုရာဂျီ ကင်မ်ချီ

၂၂ ။ ဒိုလ်းလာမူ ကင်မ်ချီ

၂၃ ။ ဟဲ့ဘယ်ချုး ကင်ချီ

၂၄ ။ ရှိဂုမ်းချီ ကင်မ်ချီ

အစရှိတာတွေပါပဲ ။

အဆုံးသပ် အနေနဲ ့ ပြောရရင် ကမ္ဘာပေါ်မှာ ထွက်ရှိသမျှ စိမ်းလန်း တဲ့ အသီးအနှံ တွေ

လတ်ဆပ်တဲ့ သားငါး တွေရဲ ့ ပါဝင်တဲ့ ဓါတ်သဘာဝ အချိုးအစားတွေက အားလုံး

အတူတူ နီးပါးပါပဲ ။ ဘယ်လို စားသောက်ကြတယ် ဆိုတဲ့ အပေါ်မှာ မူတည်ပြီး

ဘယ်လောက် အဟာရ ဖြစ်ထွန်းကြတယ် ဆိုတာက အဖြေပါပဲ ။

ကိုရီးယား အစားအသောက်မှ ကျန်းမာရေး ဓါတ်စာ မဟုတ်ပါဘူး ။

မြန်မာ ဟင်းလျာ အထဲမှာလဲ များသောအားဖြင့် ဒါတွေ ထည့်ချက်ရတာပါ ။

ဒါတွေ ပါသော်လည်း ဘာကြောင်း ရောဂါဘယ ထူပြောကြသလဲ ဆိုတော့ ။

၁ ။ အရောင် မပါရင် လူပမာဟင်းလို ့ ထင်တတ်ကြတယ် ။

ဒါကြောင့် ငရုပ်သီးမှုန် ့အမည်ခံ အရောင်တင်ဆေး တွေ နဲ ့ ခန္တာကိုယ်တွင်း ဆေးရောင်ချယ်ကြတယ် ။

၂ ။ ဆီရေချိုး ၊ ဆေးရိုးမီးလှုံ ဆိုတဲ့ စကား အတိုင်း မြန်မာ အစားအစာတွေဟာ ဆီကို ဒင်းဂျမ်း ထည့်သုံးကြသလို

မြန်မာများကလည်း ဟင်းမရှိရင်တောင် ဆီဆမ်းပြီး ဆား ၊ အချိုမှုန် ့ထည့်ပြီး စားကြတယ် ။

၃ ။ လဖက်လို အစားအသောက်မျိုးဟာ ဧည့်ခံခြင်းနဲ ့ အမြည်းအစမ်း သဘောလောက် အတွက်ပဲ သင့်တော်ပေမဲ့

ဟင်းလုပ်ပြီး စားလိုကြတဲ့ အတွက် လဖက်ထမင်းသုတ်ဆိုတာ နာမည် တလုံးနဲ ့ရပ်တည်လာတယ်။ တွက်ကြည့်ရင် အဟာရတန်ဖိုး ဇီးရိုးပါ ။

၄ ။ အာဂျီနိုမိုတို ဆိုတဲ့ အချိုမှုန် ့…….မြန်မာတွေ အချိုမှုန် ့ဘယ်လောက် ကြိုက်သလဲ ဆိုတော့…..ဓါတ်သဘော အရ ဆိုင်မဆိုင်တော့ မသိဘူး ။

အရင်က ကြည့်မြင်တိုင်ဖက်မှာ လူမိုက်တဦး ရှိပါသတဲ့ ။ အနှီ လူမိုက်ဟာ သူတို ့ရဲ ့ ထိုးပွဲ ခုတ်ပွဲတွေ ပြီးရင် ရလာတဲ့ ဒဏ်ရာတွေကို အချိုမှုန် ့တွေ

ဆုံထဲ ထည့်ထောင်းပြီး သိပ်ပါသတဲ့ ။

ကြုံလို ့ပြောရမယ် ။ ကျွန်တော် ကျောက်ဖြူကို ရောက်ခဲ့တုန်းက ရခိုင် အစားအစာတွေကို တော်တော်များများ လှည့်ပတ်စားသောက်ခဲ့တယ် ။

ငံပြာရည် မသုံးဘူး ။ အချိုမှုန် ့မသုံးဘူး ။ ဆီပါတဲ့ ဟင်း အလွန် မြင်ရခဲ တယ် ။ ပင်လယ်က ထွက်တဲ့ သတ္တဝါပေါင်းစုံက ရတဲ့ အချိုဓါတ်

နဲ ့ဟင်းဖြစ်အောင်ချက်တယ် ။ အရောင်တင်မှုန် ့မသုံးဘူး ။ ငရုပ်သီးစိမ်းသုံးတယ် ။ စိမ်းလမ်းတဲ့ အသီးအနှံအတွေစား လတ်ဆပ်တဲ့ ပင်လယ်စာ

တွေစားလာတဲ့ ရခိုင်သူ ကျောက်ဖြူသူ ပျိုဖြူ လေးတွေ အရပ်အမောင်းက အံ့မခန်း ရှည်လျားကြတယ် ။ ပေါင်တန်ရှည်တယ်။

အသားအရေ တင်းရင်းကျစ်လစ်တယ် ။ စိုပြေတယ် ။ ကျန်းမာဖွင့်ဖြိုးကြတယ် ။ သူတို ့အပြောအရတော့ အဆီ မစားလို ့ပါတဲ့ ။

ဟိုမှာ မောင်ကြီး မပြန်နိုင် ဖြစ်နေတုန်း အလုပ်ကိစ္စကြောင့် ရန်ကုန်ကို ပြန်လာရတဲ့ အခါ ဒီက သမီးပျိုတွေရဲ ့

ရှုနာရှိုက်ကုန်း ၊ အဆီတုန်း ၊ ကြက်ပေါင်စေး ၊ ဝက်ခြေထောက် ၊ ရေချို ငါးဖောင်ရိုး ၊ ပျော့စိပျော့ပြဲ ပြင်းလတွဲ ၊ ဆေးဆိုး အရောင်ချယ်

အလှတွေကို မြင်လိုက် ရတဲ့ အခါကြတော့ …… နမိတ်ကြီး ၃ ပါးကို ပြေးမြင်လိုက်မိတယ် ။ :):)

တော်သေးဘီ……..။

Ref : www.naver.com

22 comments

  • Novy

    January 27, 2012 at 2:27 pm

    အပိုင်း1-2 အကုန်ဖတ်ပြီးသွားပါပြီ
    ဗဟုသုတတွေ အများကြီးရသွားပါတယ်

    ရန်ကုန်ကို ပြန်လာရတဲ့ အခါ ဒီက သမီးပျိုတွေရဲ ့
    ရှုနာရှိုက်ကုန်း ၊ အဆီတုန်း ၊ ကြက်ပေါင်စေး ၊ ဝက်ခြေထောက် ၊ ရေချို ငါးဖောင်ရိုး ၊ ပျော့စိပျော့ပြဲ ပြင်းလတွဲ ၊ ဆေးဆိုး အရောင်ချယ်
    အလှတွေကို မြင်လိုက် ရတဲ့ အခါကြတော့ …… နမိတ်ကြီး ၃ ပါးကို ပြေးမြင်လိုက်မိတယ်

    ရန်ကုန်သူတွေတကယ်လှတာ မမြင်ဘူးသေးလို့နေမှာပါ

  • kai

    January 27, 2012 at 3:04 pm

    ဘုရားရေ…
    ကြည့်ရတာ.. ရန်ကုန်သူတွေချဉ်ဖတ်စာရင်းထဲ.. အမယ်တမျိုးတိုးမဲ့ပုံပဲ…
    နိဂိမိချဉ်ဖတ်….တဲ့..။ 🙂
    နောက်တာပါနော…

    တကယ်တော့.. မြန်မာတွေ… ဆီစားလျှော့သင့်ပြီး.. အချိုမှုန့်မစားသင့်တာတော့.. အမှန်ပါ…။

  • ကိုရင်စည်သူ

    January 27, 2012 at 3:11 pm

    ကျနော် တစ်ခုပဲ သိချင်ပါတယ် ကိုရင်တပ်၇၇…
    ဘီယာ၊ အရက်နဲ့ ရှိရှိသမျှ ချဉ်ဖတ်တွေကို တွဲဖက်အမြည်းလုပ်သင့်လား။
    စားမိရင်ကော ဘာ effect တွေဖြစ်လာနိုင်သလဲဆိုတာပါ။
    ကင်ချီကိုတော့ တခါမှ အရက်နဲ့ တွဲမသောက်ဖူးပါဘူး..
    ဘယ်လိုနေလဲခင်ဗျာ..
    ကျနော်တို့ကို ရှဲပေးပါဦးနော်…

    ခင်တဲ့
    ကိုရင်စည်သူ

    • kai

      January 27, 2012 at 3:30 pm

      ဂျပန်က ချဉ်ဖတ်တွေကတော့.. အရက်ဆိုင်မှာအဓိကရောင်းကြတာပဲ..။
      အရက်ဆိုင်( အိစဂရ) ဖိုထဲမှာ.. ဖွဲနုနဲ့လုပ်ထားတဲ့.. ချဉ်ဖတ်ဖြစ်စေတဲ့ အိုးကြီးထားတယ်.။
      အဲဒီထဲ.. မုန်လာဥဖြူ/နီ၊ သခွားသီး၊ မုန်ညှင်းဖြူတွေတရက်ကြိုပြီး ထည့်နှစ်ထားတာပါ..။
      စားသူက အမြည်းအနေနဲ့မှာရင်.. ပန်းကန်ပြားပေါ်.. လှလှပပဖြစ်အောင် လှီးပြီးထည့်ရောင်းကြတာပေါ့…

      ခိမချီလည်း.. အမြည်းအနေနဲ့ စားကြတာပါ…။

      ဆိုတော့..
      စားသာစား.. များများစား.. အရက်နဲ့လိုက်တယ်..။ ပိုများများသောက်ဖြစ်မယ်..။ 🙂

      • ကိုရင်စည်သူ

        January 27, 2012 at 3:39 pm

        သဂျီးက များများစား အရက်နဲ့ လိုက်တယ်ဆိုတော့လည်း ကိုရင်ခမျာ ကင်ချီနှင့် အခြား
        ချဉ်ဖတ်ဖောက်နည်း တတ်အောင် လေ့လာရတော့မယ်…
        ချဉ်ဖတ်အရက်နဲ့ တွဲသောက်လို့ ကောင်းလား သောက်သင့်လား မေးတာ အကြောင်းရှိပါတယ်…
        ဒီလိုပါခင်ဗျာ…
        ကျနော်တို့ သင်္ဘောပေါ် တခါတလေ အရက်ချည်းပဲ ရှိပါတယ်.. အမြည်းမရှိပါဘူး..
        ချက်ကြီး (စာဖိုမှူး) မလုပ်ပေးရင် ကျနော်တို့မှာ အိုးကိုင်ခွင့်မရကြပါ။ ကျနော် အရက်လည်း အရမ်းသောက်ပါတယ်
        အမြည်းလည်း အရမ်းမက်ပါတယ်..။ အမြည်းမရှိတော့ ရရာ မြေပဲလေး၊ ပဲကြီးလှော်လေးနဲ့
        ဖြစ်သလို ဝါးရပါတယ်… အဆင်တော့မပြေဘူးပေါ့… တခါတလေ အိမ်ကထည့်ပေးလိုက်တဲ့
        ဇာပျံလေးကတို့လျက်ဆားနဲ့တောင် မြည်းရတဲ့နေတွေရှိပါတယ်..။ ဖိုကိုင်ခွင့်မှ ကျနော်တို့မှာ
        မရှိတာ… ဒါကြောင့် အခုတော့ သင်္ဘောပေါ်ရောက်ရင် အမြည်းမငတ်အောင်..
        အပြတ်လေ့လာနေပါတယ်… ချဉ်ဖတ်တို့ဆိုတာက ရောက်တဲ့စိတ်ကမ်းမှာ ဟင်းသီးဟင်းရွက်ဝယ်ပြီး
        ကိုယ့်အခန်းထဲမှာ ကိုယ်စိမ်ထားလိုက်မယ်… အမြည်းမရှိရင် စိမ်ထားတဲ့ ဘူးကြီးထဲက ယူစား
        မကောင်းပေဘူးလား.. 😀 😀
        ဒါကြောင့် ကျနော် သင်္ဘောပေါ်မှာ နည်းနည်းကြာကြာလည်းခံမယ် ၊ လုပ်ရတာလည်း လွယ်မယ့်
        အရက်နဲ့ လိုက်မယ့် ချဉ်ဖတ်လုပ်နည်းမျိုးရှိရင် သင်ပေးကြပါလို့… တောင်းဆိုအပ်ပါတယ်ခင်ဗျာ…

        လေးစားချစ်ခင်စွာဖြင့်
        ကိုရင်စည်သူ

        • nigimi77

          January 27, 2012 at 10:01 pm

          ကိုရင်ရေ ။

          အရက်နဲ ့ ချဉ်ဖတ်က သိပ်လိုက်တာကလားဗျ ။

          ဟို ဆန်ဆေး အချဉ်ရေစိမ် ချဉ်ဖတ်တွေကို ပြောတာမဟုတ်ဘူးနော ။

          ကကြီးတွေရဲ ့အရက်ဝိုင်းမှာ ချဉ်ဖတ်နဲ ့ ဝက်သားက မပါရင် မဖြစ်ဘူး။

          ချဉ်ဖတ် အလွယ် လုပ်နည်းကတော့ Novy ရဲ ့နည်းအတိုင်းသာ လုပ်လိုက်ပေတော့ ။

          အဲဒီအထဲမှာ ငါးနီတူခြောက်လေးတွေ ။ ပုဇွန်ပေါက်စလေးတွေ ။ အော်တိုပတ်စ် ပေါက်စ

          လေးတွေပါထည့်ပြီး နှပ်မယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ ။

          ချဉ်ဖက်နဲ ့ အရက်တွဲသောက်တာ ကျွန်တော်ဖြင့် အတော်ကြာပါပြီ ။

          ဝမ်းသွားတာ ဗိုက်နာတာ အစာအိမ် အချဉ်ပေါက်တာတွေ မရှိခဲ့ပါဘူး ။

          တခုတော့ ရှိတာပေါ့လေ ။ ယင်ဥ ဖြုတ်ဥတွေနဲ ့တော့ ကင်းလွတ်အောင် သေချာဖုံးဖိ

          သိမ်းဆည့်ဖို ့ လိုတာပေါ့ ။ ရေခဲသေတ္တာထဲ ထည့်ထာဖို ့လည်း လိုအပ်တယ် ။

          တခြား ချဉ်ဖတ်တော့မသိဘူး ။ ကကြီး ချဉ်ဖတ်နဲ ့ အရက်တွဲသောက်ရင် အရက်ကြောင့်

          နောက်နေ ့မှာ ခံစားရတဲ့ ဝေဒနာတွေ အံ့ဩဖို ့ကောင်းလောက်အောင် ကင်းဝေးပြီး

          ဝမ်းမှန်တယ် ဆိုတာပဲ ။

        • ကိုရင်စည်သူ

          January 28, 2012 at 9:02 pm

          ခုလို ပြောပြပေးလို့ တိုင်းခယူးဘဲရီးမတ်…
          ဂုန်မတ်ဆူနီဒါပါ… ကိုရင် တပ်မကြီးရေ…
          ကင်မ်ချီလုပ်နည်း လေ့လာလိုက်ပါ့မယ်…
          မရလည်း ဘောဘောပေါ်က ကကြီးတွေဆီက
          တောင်းစားလိုက်မယ်.. ဟဲဟဲ…
          ကိုရင်တပ်မကြီး ပလောဂျက်တွေပြီးသွားရင်.
          တားတားတို့ကို ကင်မ်ချီလေးနဲ့ ရှက်ကီလေးများ
          တွဲမတိုက်ချင်ဘူးလားဟင်… သွပ်.. သွပ်..

  • ဖားသက်ပြင်း

    January 27, 2012 at 3:25 pm

    ကျောက်ဖြူသူ ပျိုဖြူ လေးတွေ အရပ်အမောင်းက အံ့မခန်း ရှည်လျားကြတယ် ။ ပေါင်တန်ရှည်တယ်။
    အသားအရေ တင်းရင်းကျစ်လစ်တယ် ။ စိုပြေတယ် ။ ကျန်းမာဖွင့်ဖြိုးကြတယ် ။

    ဟုတ်တယ်ဗျာ ရန်ကုန်မှာတော့ ……အာဟာရမပြည့်ခဲ့ကြတဲ့ …ဂျာပု တွေ ငဖောင်ရိုးတွေ…လွှတ်များထှာ….
    ကွာပါ့ …..

    အားပေးသွားပါသည်…

    • ရန်ကုန်ကလွဲလို့
      ကျန်တဲ့ အရပ်ဒေသမှာရှိတဲ့
      မိန်းကလေးတွေက ပိုလှနေကြသလားလို့
      ကိုယ်တွေ့ လက်တွေ့ပါ … 😛
      (မှတ်ချက်။ သံချပ်ကာဝတ်၍ ရေးပါသည် … ရန်ကုန်မိန်းကလေးတွေရဲ့ နှုတ်ခမ်းတွေကိုကြောက်လို့) … 😛

      • nigimi77

        January 27, 2012 at 10:10 pm

        ကိုကင်း ။

        ကျွန်တော်က မိန်းမတော မှာပျော်….အဲလေ….မိန်းမတွေ အများကြီး ရှိတဲ့ နေရာမှာ နေတော့

        သိတာလေး တခုတော့ရှိတယ် ။ ရန်ကုန်မှာ တကယ့်ကို ရေဆေးငါးကြီးတွေ အများကြီးပါ ။

        ကံဆိုးစွာနဲ ့ပဲ သူတို ့တွေဟာ လုံးဝကို ရန်ကုန်သူတွေ မဟုတ်ကြပါဘူး ။

        ရန်ကုန်မှာ ရန်ကုန်သူ စစ်စစ်တွေက မလှဘူး မဟုတ် လှတဲ့ သူအများကြီး ရှိပါတယ် ။

        ကျွန်တော်လည်း ရန်ကုန်သား စစ်စစ်မှ အထင်ကရ ကမာရွတ်မြို ့နယ် အာတီးယားလမ်းသား

        ပါဗျား ။ ရန်ကုန်သူတွေ အကြောင်း သိပ်သိသပ ။

        သို ့သော်….ရာခိုင်နှုန်းချပြရရင်ဖြင့် ……

        ရန်ကုန်သူ ဆိုတာ အခုအချိန်မှာ…..

        အမေရိက ရဲ ့ နယ်ခံ အစစ်ကြီးတွေဖြစ်တဲ့

        Red Indian တွေကို လက်ညိုးထိုးပြရသလိုပါပဲ ။

        ……………………

        အားငယ်ထှာ……….။

  • စိန်ပေါက်ပေါက်

    January 27, 2012 at 4:05 pm

    အောင်မာ..အောင်မာ
    ရန်ကုန်က လှပဂေးအလန်းလေးတွေမြင်ဖူးတော့မှ
    အတိတ်မေ့ပြီး နာ့နာမယ် ဘိုခေါ်လဲဟင် ဖစ်တွားမယ်..
    ညှင်း.ညှင်း.

    • Novy

      January 28, 2012 at 9:29 am

      ပြောပြလိုက်ပါ စိန်ပေါက်ပေါက်ရယ်

      တို့မိန်းကလေးတွေကပြောရင် ကိုယ့်ဂင်မ်ချီ ကိုယ်ချဉ်တယ်ဖြစ်အုံးမယ်

      • စိန်ပေါက်ပေါက်

        January 28, 2012 at 10:26 am

        အုပမာ-အန်တီနို့လိုပေါ့
        😆
        ဖျာလိပ်ထဲ ပေါင်းတင်ရင်းတင်ရင်း ချောထွက်သွားတာ ကိုင်လို ့တောင်ရတော့ဘူး
        😀

  • naywoonni

    January 27, 2012 at 8:50 pm

    ရန်ကုဘဆွေရေးတဲ့ ချစ်ဇနီး သို့ စာအုပ်တောင်သွားသတ်ိရတယ်…။ ရေးထားတာစေ့စပ်ပုံကိုပြောပါတယ်…။

  • windtalker

    January 27, 2012 at 9:40 pm

    မတူညီစွာမန် ့ကြည့်ဦးမှ
    ဟဲ့ နီဂမီ
    နင့်ဟာ က သူလေးတွေ ကို ပိန်ရအောင်
    နင့်ပရိုဖိုင်ပုံလဲ ပြန်ကြည့်ပါအုန်းဟဲ့
    ဂမီ ရဲ ့
    ဟီဟိ

    • nigimi77

      January 27, 2012 at 10:03 pm

      ဟဲ့ ကပေရယ် ။

      အဲ့သဟာ ယရိုပီယော်န် ဥပဒိဟဲ့ .. ခွိ …ခွိ ။

  • water-melon

    January 27, 2012 at 9:42 pm

    ရခိုင်တောင် ပြေးသွားချင်နေပြီ
    ဒီနေ့က စပြီးအရပ်ရှည်အောင် နို့သောက်မယ်
    ပလက်ဘားဆွဲမယ်
    အရပ် ၆ပေရှည်အောင်လို့ 😀

  • pooch

    January 28, 2012 at 12:19 am

    ဟုတ်တယ် ကျမတို့ ဆီက ဆီစားများတယ် အချိုမှုန့်သုံးတာလည်း အတော်စွဲနေကြပြီ အိမ်မှာတောင် အချိုမှုန့်ကို မနည်းလျှော့သုုံးနေရတယ် ။
    ဗဟုသုတများအတွက် ကျေးဇူးပါ။ မသိသေးတာလေးတွေ သိလိုက်ရလို့။

  • Khin Latt

    January 28, 2012 at 7:28 am

    အင်း – ပြောရရင်တော့ အရီးမှာ အလွန်ရင်းနှီး တဲ့ ရခိုင် မိသားစု တစ်စု မက ရှိသကွဲ့။
    သူတို့ လဲ သူလို ကိုယ်လို တွေပါဘဲ ကိုယ်တော်ရယ်။
    လေနဲနဲ လျှော့ပါဦး။ (ချိတ်ချိုး နဲ့ အမှန်ပြောတာ) 😉

    • ဖားသက်ပြင်း

      January 28, 2012 at 10:36 am

      ရခိုင်ထက် မွန်က မှ လှတာပါဗျ…
      ဂယ်ကျောလာ
      ကို်ယ်တွေ့ …
      ဒဲယ်..ဟဲဟဲဟဲဟဲဟဲ……

      😀

  • ရွှေဘိုသား

    January 29, 2012 at 9:21 am

    မြန်မာနှင့်ချဉ်ဖက် အများကြီးပဲ

    မြန်မာလူထုရဲ့ချဉ်ဖက် အများကြီးပဲ ဂဋုန်ဦးစော ဦးနေဝင်း ဦးခင်ညွှန့် ဦးသန်းရွှေ ကျနော်မသိလိုက်တဲ့ သူတွေလည်းရှိသေးတယ် ကျနော်မှီတဲ့ချည်ဖက် ကတော့ ဦးခင်ညွှန့် ဦးသန်းရွှေ ဖြစ်ပါကြောင်း

Leave a Reply