မင်္ဂလာဈေးမီးလောင်မှုတွင်ဆိုင်ခန်း ၂၁ခန်းမီးကွင်း

klnJune 2, 20101min660

မင်္ဂလာဈေးမီးလောင်မှုတွင်ဆိုင်ခန်း ၂၁ခန်းမီးကွင်းကာ မီးခံသေတ္တာအပါအဝင် ငွေစက္ကူနှင့်ကုန်စည်အချို့ ပြန်လည်ရရှိခဲ့ဟုဆို
အဆင့်မြင့်မင်္ဂလာဈေးစတုတ္ထထပ်မီးလောင်မှုတွင် ဆိုင်ခန်း ၂၁ခန်းမှာမီးဘေးကင်းလွတ်ခဲ့ကာ မီးခံသေတ္တာအပါအဝင်ငွေစက္ကူအနည်းငယ်ပြန်လည်ရရှိခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးကအတည်ပြုပြောကြားသည်။ မြို့တော်စည်ပင်ဈေးဌာနမှ တာဝန်ရှိသူများအပါအဝင်သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့နှင့် ဆိုင်ခန်းရှင်များမေ ၂၆ရက်မွန်းလွဲပိုင်းမှ စတင်၍အထပ်လိုက်တက်ရောက်ကြည့်ရှုခဲ့ရာတွင်ယင်းသို့ ဆယ်တင်တွေ့ရှိခဲ့ကြောင်းသိရသည်။ “ပစ္စည်းပြန်ထုတ်တာမှာသက်ဆိုင်ရာလိုင်စင်နဲ့ စာရွာစာတမ်းပြရတယ်။ မပြရင် ထုတ်မပေးဘူး။ ကျွန်မတို့ကတော့ ပစ္စည်းကိုအဆုံးပဲတွက်လိုက်တော့တယ်” ဟုစတုတ္ထထပ်ရှိ ဆေးဆိုင်တစ်ဆိုင်မှဆိုသည်။ မင်္ဂလာဈေးမီးလောင်မှုတွင် စတုတ္ထထပ်ရှိဆိုင်ခန်းပေါင်း ၇၉ရခန်းနှင့်ယင်းအပေါ်ထပ်ပဉ္စမထပ်ရှိစားသောက်ဆိုင်ခန်းပေါင်း ၃၆ခန်းမီးသင့်ကြောင့်တန်ဖိုးငွေအားဖြင့် ကျပ်သိန်းပါင်းနှစ်သိန်းကိုးသောင်းကျော်ဆုံးရှုံးခဲ့ကြောင်းသိရသည်။ ယခုအခါ မီးလောင်မှုစတင်ဖြစ်ပွားရာ ၈၈၀/၈၁အလှကုန်ပစ္စည်းဆိုင်ရှင်ဦးတင်အောင်အားပေါ့ဆမှုဖြင့် မင်္ဂလာတောင်ညွှန့်ရဲစခန်းမှအမှုဖွင့်အရေးယူထားပြီးဖြစ်ကြောင်းသိရသည်။ အဆိုပါ မင်္ဂလာဈေးမီးလောင်မှုကို မေ ၂၅ရက်နံနက်၈နာရီခွဲမှ စတင်ကာ ၂၆ရက်နံနက်၁နာရီအထိ နာရီပေါင်း ၂ဝကျော်ကြာငြှိမ်းသက်ခဲ့ရကြောင်း ၂၀၁ဝခုနှစ်မေလ ဇွန်လ ၃ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင်ဖော်ပြထားပါသည်။