ရွာ့ ရာဇဝင်လူဆိုးကြီး မိပြီ caught

ムラカミJanuary 27, 20121min12035

 

ရွာသူားအပေါင်းတို့ခင်ဗျား …

ရွာအတွင်း လွန်စွာ ဆိုးသွမ်း သောင်းကျန်းသော ….

လှည့်ပတ် မီးဒုတ်ရှို့တတ်သော..

ရွာအပျိုချောများကို သွားရည်တမြားမြား ငန်းတတ်သော ….

ရွာ့အော်ကြော်လန် ပြည်လုံးအန် တစ်ဦးဟု ဆိုနိုင်သူ ပါခင်ဗျား….။

ထိုလူသည် ..စကားပြောသည့်အခါ လိပ်ကို ကြမ်းပိုး ဖြစ်အောင်

ပြောတတ်လွန်းသည့်အတွက် …လိပ်ကြမ်းပိုးကိုရင် ဟု လူတကာ ခေါ်ကြသော သူလည်းဖြစ်၏ …။

 

သတ္တိအရာတွင်မူ သဂျီး နှုတ်ခမ်းမွေးကို တပင်ချင်း နှုတ်၍ ကျီစားဝင့်သော်ငြား…ပုံမှန်အားဖြင့်မူ ….

ရွာ့ တံခါးစောင့်ကြီး၏ စွပ်ကျယ် ၂ထည်အား ခိုးယူ၍ ကြက်တိုက်ခြင်း….။

အရီး အရီးဟုခေါ်ကာ …အရီးလတ် အိမ်တွင် မွေးမြူထားသော ကြက်ကို ခိုးယူသတ်ဖြတ်၍ …ရွာ့တောင်ဘက်ခြမ်းမှ

ခွင်ခွင် ဆိုသူနှင့်ပေါင်းကာ …အစိမ်းလိုက် ကလိမ်းလိုက်ကြခြင်း……။

ရွာ့ တီလုပ်ချစ်တီး ဖူးဆွား ဆိုသော တီလုပ်မဂျီးထံမှ အကြွေးယူကာ ပေါက်သမျှ ဖော်နေသော လူဂျီးနှင့် ဘီအီးကစ်ခြင်း ….ကြွေး

ပြန် မဆပ်ခြင်း…..။

ရွာ့ ဆြာမလေးဇိ ၏ ကျောင်း မှ ကလေးသူငယ်များကို ဇက်ကျောဆွဲခိုင်းခြင်း …နပန်းသတ်ခိုင်းကာ ဘော်ဒါများ လောင်းကြေးထပ်ကြခြင်း..

ရွာ့ ပညာကျော် ကစ်သို ၏ အဖိုးတန် စာအုပ်များကို ခိုးယူပြီး အချိန်နှင့်ရောင်းရန် အချိန်မပြတ် ချောင်းမြောင်းနေခြင်း….။

ရွာ့ ဆေးဆြာ ဆြာထက် ဆီမှ ဝမ်းနှုတ်ဆေး ပုလင်း ခိုးယူကာ မြောက်ပိုင်း သဌေးကြီး အူးနို ၏ မီးခိုးတိတ် မှိုဟင်းတွင် ခတ်သောကြောင့် …..

မား-မာ-ဝေ-နွယ်-တုံ အစချီသော …ရွာ့အပျိုကြီးတစ်သိုက် ရေအိုးနှင့် အိမ်သာ ပြေးကာ မျော့မျော့သာကျန်ခြင်း….

မှော်-လူ-သော့ အစချီသော ရွာ့ လူပေလူတေကြီးများကိုကျပ်ပေးပြီး ….ရွာဦး ကင်းဗွီဒိုရုံတွင် …ကလသားကြိုက်ကားများကို …

ပြသပေးရန်လှုံ့ဆော်ခြင်း ..(ဘောပွဲ delay တွေပြောပါတယ်…အဟဲ)

ထိုပွဲများကို အရင်းပြု၍ …ဘောဒိုင် ကေပို နှင့်ပေါင်းကာ ဘောပွဲလောင်းကစားခြင်း….

 

ညအခါများတွင်လည်း ရွာသူား တို့ ကောင်းစွာ အိပ်စက်ခြင်းမပြုနိုင်အောင် ကြောင်ညီနောင် တေးဂီတ ဟူသော…

ရွာ၏ တခုတည်းသော ကာရာအိုကေ ခန်းတွင် သံသေးသံကြောင်ဖြင့် အုံးအွမ်ခြင်း …စသော

ခွင့်မလွှတ်ဖွယ်ရာသော အပြုအမူများကို ပြုလုပ်သောသူ ဖြစ်ပေသည်….

 

 

ယခုမူ ထိုသူအား မိပေပြီ …။ ပုံတွင်ဖော်ပြထားသည်ကား…

ယခု အရှင်လတ်လတ် ဖမ်းဆီးရမိသော …နှူးဘာ ဂိုဏ်းချုပ်၏ လက္ခဏာဖြစ်ပါသည်….။

အိမ်ထောင်မကျသေးသော သူငယ်မ များအတွက် လွန်စွာ အန္တရာယ်ကြီးသော ပုဂ္ဂိုလ်ဖြစ်ပါသည်…။

နောင်လာနောက်သားများ …သတိပြုမိကြရင် ယခုကဲ့သို့ တင်ရခြင်းဖြစ်ပါသည်…။

ဝေဒ ကဝိများ သည်အတိုင်းကြည့်မနေကြပါကုန်လင့်……။

 

ထူးခြားချက်များကို အများသိအောင် အားရှိ ပါးရှိ ဖွင့်ဟတော်မူကြပါကုန်……။

 

 

ခင်တဲ့..

ဖားသက်ပြင်း….။

35 comments

  • စိန်ပေါက်ပေါက်

    January 27, 2012 at 2:40 pm

    ဟယ်.
    လိုင်းကားပေါ်မှာတွေ ့တာ ဒီလက်ကြီးပေါ့
    😀
    ကစည်သွပ်ရေ..
    ကြည့်ပေးလိုက်ပါဦး.
    ကျနော်တော့ ကျွန်းတစ်တော တွေ ့တယ်
    တလုပ်ပြည် သွားရောင်းဦးမှ

  • kai

    January 27, 2012 at 2:53 pm

    မာစတာတင်မက… ဒေါက်တာဘွဲ့အထိရဦးမှာ.. ရဦးမှာ…. 🙂

  • ရွာဦး ကင်းဗွီဒိုရုံတွင် …ကလသားကြိုက်ကားများကို … ပြတာ ဟုတ်ဘူးဗျို့
    ရွာဦးဆရာတော် ဘဇင်းပုကိုကြောက်လို့
    ရွာနောက်ဘက်က သုသန်နားမှာပြတာ … ဘယ်သူမှမလာရဲတော့ ကြည့်ချင်တာ ကြည့်လို့ရတာပေါ့
    (ဘောပွဲတွေပြောပါတယ် … မိန်းကလေးတွေလာရင် ကိုရီးယားကားပြခိုင်းမှာစိုးလို့) … 😛

    ပုံတွင်ပြထားသော လက်ကိုကြည့်ပြီး…
    ကပေါက်ဖော်က တလုပ်ပြည်သွားရောင်းစားလို့
    ကျန်တဲ့နေရာလွတ်တွေကို ယိုးဒယားကို ငှားစားပါတော့မည် … 😛

  • Moe Z

    January 27, 2012 at 3:01 pm

    အဟာရပြတ်လက် ချောက်ကပ်နေတဲ့လက်ကိုကြည့်ရတာ သနားစရာပဲ
    ရွာမှာနေရင် အဲလောက်အခြေအနေဆိုးမယ်မထင်ဘူး 😛

  • ကိုရင်စည်သူ

    January 27, 2012 at 3:02 pm

    ဒီရွာအော့ကြော့လန် နှူးဘားဂိုဏ်းချုပ် ကျွန်တော်ဘော်ဒါကြီး၏ လက္ခဏာရေးအား
    အားမနာတမ်းပစ်ပစ်နှစ်နှစ် ဝေဖန်ရရင်တော့….
    ၁။ တဇွတ်ထိုးလုပ်မည်…။ မှားမှားမှန်မှန် ဇွတ်ဆိုမှ ဇွတ်
    ၂။ အိမ်ကွဲယာကွဲနဲ့ တနယ်တကျေးမှာ လုပ်စားရမယ့် ဇွတ်သမား
    ၃။ အိုင်တွေ့တိုင်းခြေဆေး ရေကူးကန်တွေ့တိုင်း ရေဝင်စိမ် ဆိုသည့် စကားပုံများသည် ထိုလက္ခဏာရှင်အတွက် ကလေးစကားပုံသာဖြစ်ပေမည်..
    ၄။ အသောက်အစားကြူးပြီး အာရုံငါးပါးကို နစ်မြောနေတတ်သော စရိုက်လည်း တွေ့ရသည်။
    ၅။ ဉာဏ်ပညာကြီးမားသော်လည်း ကောင်းတဲ့ဘက်စိတ်မရောက်ဘဲ မကောင်းတဲ့ဘက်မှာ
    အသုံးချနေတဲ့ အရေးကြောင်းများ
    ၆။ ဂမ်ဘီယကြက်ခြေခတ်ကြီးပါသောကြောင့် ဆိုးခဲ့သမျှ နောင်တရ၍ ဘဝအဆုံးသတ်ခါနီး
    သာသနာဘောင်ဝင်သွားမည့်
    ရွာထဲမှ နှူးဘားဂိုဏ်ချုပ်၏ ဘဝနိဂုံးချုပ်ဖြစ်ပေသည်တကား… 😀 😀 😆

    ———————————————————————————-
    အလကားနောက်နေတာနော့်… နှူးဘားကြီး…
    ထို ဂိုဏ်ချုပ်အား.. ဒုတ်ခရောက်စေချင်သူများအား
    ယတြာပေးပါ့မယ်…
    ကျီးအသီးကို ရေစိမ်သောက်ပြီး… ဂီ့ဂီ့.. ဂီ့ ဟု ကျီးအသံ ပြုလေကုန်….

    ဗေဒင်ကဝိ မိုးတိမ်စည်

    • ဖားသက်ပြင်း

      January 27, 2012 at 10:49 pm

      ကုန်ဘာဘီဂျာ …ရှိစုမဲ့စု …(အဲ့လေ လုံးလုံးမရှိတဲ့) သိက္ခာလေးတော့….
      အကုန်ပေါ်တော့တာဘဲ …..

      အလေးပြုဘာဒယ် ကရင်စည်ရယ်….
      မေးရဲလော့ဝူး ဝါး …..:cry:

      ခင်တဲ့..
      ဖားသက်

  • Diamond Key

    January 27, 2012 at 4:50 pm

    တို့ကို ဟိုဟာတွေ ပြဖို့ လှုံ့ဆော်တဲ့ လူ၊ လက်ကြီးကိုက ကြောက်ချာကြီး၊ ဖိလစ်ပိုင်က ဟိုမိန်းမလက်ထဲ ပေးပြီး လက်စွတ်ပြုတ်လုပ်စား ခိုင်းလိုက်မယ် :mrgreen:

    • ဖားသက်ပြင်း

      January 27, 2012 at 10:51 pm

      မေတ္တာထားဒယ်လားကွယ်….

      သိပ်ရက်စက်တဲ့ ဆြာသော့…
      အသည်းနှလုံး မရှိတဲ့လူဂျီး…
      ရင်ဘတ်ထဲက ဟာဂျီးက ရေစုတ်စက်သာသာရှိတဲ့ ဟာဂျီး…
      စိတ်နာတွားဘီ…..

      (ဟိုနေ့က ကမ်းခြေမှာ စိုင်တကောင် ချွတ်ရိုက်လာတာ ပြတော့ဝူး..ဟွန့်…)

      • Diamond Key

        January 28, 2012 at 9:37 am

        လိမ်မပြောနဲ့ လူကြီးတွေကို၊ လုံးဝမယုံဘူး…….မယုံရေးချ မယုံဘူး…… 😛 …. :mrgreen:

  • nature

    January 27, 2012 at 5:12 pm

    ဂီဂီရေ ဘယ်လက်ကြီးဖြစ်နေတယ်လေ။ ညာလက်မှ ပိုမှန်မယ်ထင်တယ်။
    ၁ ။မှန်ကန်စွာတွေးတောစဉ်းစားတတ်တယ်။ ဉာဏ်ကောင်းမယ်။
    ၂ ။ငယ်စဉ်ကချူချာမယ်။ ရေနစ်တတ်တယ်။
    ၃ ။ ကျန်းမာမယ်။ (ရောဂါကြီးတွေ မဖြစ်တတ်) အသက်ရှည်မယ်။
    ၄။ အိမ်ထောင်စောစောမကျတတ်။ ငယ်စဉ်ကကြိုက်သောသူနှင့်မရတတ်။
    ၅ ကိုယ်ပိုင်ယာဉ် ရထားရှိမယ်။
    ၆ ။ မွေးခြင်း ၃ယောက်မကရှိမယ်။
    ရ ။ ကပ်စီးနဲမယ်။
    ၈ ။ ကုန်သည်ပွဲစားလို နှုတ်ချိုချိုပြောရတဲ့ အလုပ် လူလည်ကျရတဲ့အလုပ်မျိုးအကျိုးပေးမယ်။
    ၉ ။ ကတိတည်မယ်။ သစ္စာရှိမယ်။
    ၁ဝ ။ နိုင်ငံခြားခရီးသွားရတတ်တယ်။
    ၁၁ ။ လိုအင်ဆန္ဒတွေပြည့်ဝတတ်တယ်။

    အဟီး ….။ ဘယ်နှစ်ခုမှန်လဲ ပြောဦး ။:)

  • kotun winlatt

    January 27, 2012 at 6:02 pm

    လက္ခစာဆရာကပြောဒယ် ဂီရေ…..။
    ဟဲဟဲ။။။။။။

  • ရွှေဘိုသား

    January 27, 2012 at 6:59 pm

    လက်ဝါးဖြန့်မနေနဲ့ ပိုက်ဆံမရှိတော့ဘူး နင့်အဖေအရက်ဖိုးယူသွားပြီ သွားအိပ်တော့

  • wailinn

    January 27, 2012 at 7:40 pm

    အားနာစရာဂျီး
    ဖြန့်ထားတဲ့လက်ကို အားနာသဖြင့်
    ရွာသူား တို့ မမစစ လုပ်ပေးခဲ့ဂျဘာ ။

  • ဂျက်ကီချီးပေ

    January 27, 2012 at 7:51 pm

    အင်းးးးးးးးးးးးးးးးးး
    အသက်လမ်းကြောင်းကလေးကိုဟောပေးလိုက်ပါမယ်
    အိုဇာတာကောင်းပါတယ်
    အသက်ရှစ်ဆယ်ကျော်ပြီးတဲ့နောက်ပိုင်း
    ဘာမှပင်ပင်ပမ်းပမ်းလုပ်စားစရာ လိုကိုမလိုတော့ဘူး
    မလွဲစေရဘူး
    ပုံ
    ဗေဒဘာဂျာ ဂျက်ကီချီးပေ

  • MaMa

    January 27, 2012 at 8:19 pm

    ပိုစ့်ရဲ့ခေါင်းစဉ်ကို အလိုက်ဖက်ဆုံးပေးရရင်ဖြင့်
    (လကုန်ပြီ) 😆

    • ဖားသက်ပြင်း

      January 27, 2012 at 8:36 pm

      ဟုတ်ပါတယ်မာမား …
      တားတားကို မုန့်ဖိုး ပေးဒေါ့မယ်ပေါ့ ……
      😀

      • MaMa

        January 27, 2012 at 9:11 pm

        နောက်တနည်း-
        လကုန်ပြီ ဆိုတော့ …
        လစာထုတ်ရတော့မယ်….
        အဲဒီတော့ လက္ခဏာဗေဒအရ ပြောရရင် ငွေဝင်မယ်။
        မမှန်ရင် ငွေပြန်အမ်းမယ်။
        မှန်ရင် ဗေဒင်ဟောခ မ စ ပါ။ 😀

        • ဖားသက်ပြင်း

          January 27, 2012 at 9:23 pm

          ဗေဒင်ဟောခ ..အစိမ်း ၁ထောင် မစလိုက်ပါသည်….
          သို့သော် မမှန်သောကြောင့် ၂ထောင် ပြန်လည် ပေးစေလိုပါသည်…
          ဂီတို့ရုံးသည် ၁ဝရက်နေ့ လခထုတ်ရသော….
          (၃၁ရက်နေ့ထိ အတန်းဒန့်စ်ယူ ၁ဝရက်ကြာ တွက်ချက်)
          သော စနစ်ဖြစ်သောကြောင့် အခက်ခဲဆုံး ရက်သတ္တပါတ် ကို ဖြတ်ကျော်ရန်
          ရှိနေပါသည်. ..။

          ထို့ကြောင့် အမြန်ဆုံး ပြန်အမ်းပေးပါရန်..
          ခိခိ

        • MaMa

          January 27, 2012 at 10:30 pm

          အင်းးးးးး အံ့ဖွယ်သုတပါလား။
          (လခကို ၁ဝ ရက်နေ့မှ ထုတ်တယ်ဆိုတာ ခုမှ သိရတယ်။)
          မှားတဲ့အခါလည်း မှားပေမပေ့ါ။
          ဒါပေမယ့် ကတိဆိုတာ ပေးပြီးရင် တည်မှဖြစ်မယ်။
          အဲဒီတော့ ဗေဒင်ဟောခ အစိမ်းတစ်ထောင် ပို့လိုက်ပါ။
          သာတယ်နာတယ် သဘောမထားပါဘူး။
          ၂၀၀ဝ ကျပ် ပြန်အမ်းလိုက်ပါ့မယ်။
          🙂

  • htet way

    January 27, 2012 at 8:43 pm

    အင်းဝမ်းနုတ်ဆေး ပုလင်းပျောက်နေလို့ ရှာတာမတွေ့ခဲ့ ဘူး သင်းလက်ချက်ကိုး
    ဟိုတနေ့က ကိုရင်စည်သူ ၃ရက်တိတိ ဝမ်းချုပ်နေတာ အမ်အိုပဲသောက်ခိုင်းလိုက်ရတာ
    ဆေးပုလင်းပျောက်နေလို့ပါ။ နောက်လာရင် သတိထားမှ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 28, 2012 at 1:16 am

    ကျုပ်ကဗေဒပညာရှင်တော့ဟုတ်ရပါဘူးနော
    လက္ခဏာရေး ကြက်ခြေခတ်က ကျုပ်နီးနီးတယ်ထင်းရှားသဂိုး
    တစ်နေ့တွေ့ခြင်ပါသေးတယ်
    ( လူဖြောင့်စိတ်တိုဘဲ )
    ကိုရင်စည်သူ ကို အသိမှတ်ပြုပါတယ်

    • Khin Latt

      January 28, 2012 at 7:22 am

      ~~~ လက္ခဏာရေး ကြက်ခြေခတ်က ကျုပ်နီးနီးတယ်ထင်းရှားသဂိုး
      တစ်နေ့တွေ့ခြင်ပါသေးတယ် ~~~
      အဘဘု လက္ခဏာရေး ကြက်ခြေခတ် အဲဒါဘာလဲ။
      ဘာလုပ်မလို့ တွေ့ချင်တာလဲ။ လက်ဝါးချင်း ရိုက်မလို့လား။ LOL 🙂

    • ကိုရင်စည်သူ

      January 28, 2012 at 9:24 pm

      ရွာအပေအတေ ဗေဒင် ချောက်တိချောက်ချက် တွက်တတ်တဲ့ ကိုရင့်ဘဝလဲ… ကိုမိုက်ကယ်ပု… ဇွတ်အသိအမှတ်ပြုလိုက်တော့လဲ..
      ရွာထဲမှာ.. သေပျော်သွားပါပြီဗျာ…
      တန့်ခယူး၊ ကျေးဇူးမတင်ဘူးဗျာ..
      ကိုရင်မိုက်ကယ်ပုရေ… ကျနော် ရွာထဲက ထွက်တဲ့နေ့ကျရင်..
      ဂင်မ်ချီနဲ့ အရက်ကြမ်းလေ နှစ်ပတ်လောက်မတိုက်ချင်ဘူးလားဗျာ… ငှဲငှဲ.. 😀 😀 😆

  • Khin Latt

    January 28, 2012 at 7:18 am

    အရီး က ကြက်မမွေးပါဘူး တော်။ ပန်းသီး ဘဲ စိုက်တာပါ။ 😉

    ဒါထက် – လက္ခဏာ က ပြတ်သားလှပါလား။ 🙂

  • padonmar

    January 29, 2012 at 2:03 am

    လေးဒေါင့်လက်ဆိုတော့ လက်တွေ့ဆန်တဲ့လက်ပဲ။ဒါ့ပုံအလှတွေ ဖန်တီးနေတော့ အနုပညာလက် ရှည်သွယ်လေးများ တွေ့မလားလို့၊:D
    အသက်လမ်းကြောင်းက လက်မဖက်ကွေးသွားတယ်ဆိုတော့
    အင်း မွေးရပ်မြေနဲ့ ရေခြားမြေခြားမှာ ခေါင်းချရလိမ့်မယ်(လောင်းမလား) 😀

    • နှာကိုယ်တော် မောင်မောင်ဇာ

      January 30, 2012 at 10:58 am

      လေးထောင့်လက် လား ဘာလားတော့ မသိဝူးခည …
      အတော်တော့ ယားတာ အဲ့လက်၂ဖက်လုံးက ..
      အငြိမ်ကို နေလို့မရဝူးရယ်….သည်ပုံတောင် နေမကောင်းလို့
      ဘယ်မှမသွား ဘာမှမလုပ်နိုင်တုန်း ရိုက်တင်ထားတာသာကြည့် …ဟီဟိ…

      အနုပညာလက် လေးထောင့်လက် စိတ်ကူးယဉ်လက် ..
      ဘာညာ သာဒကာ လက်- ဒစ်ခွစ်မီနေးရှင်း မီလုပ်စေဂျင်ဘာဘူး ကြီးကြီးရေ….

      ဆေးကုတဲ့လက်ဟာ ဆြာဝန်လက် … နိုင်ငံရေးလုပ်တဲ့လူရဲ့လက်ဟာ နိုင်ငံရေးသမားလက်
      အနုပညာ လုပ်တဲ့လက်ဟာ အနုပညာလက် လို့ပဲ ….လက်ကို လက်တွေ့ကျကျ …
      ပဉာတ်ချင်ပါတော့တယ်ခင်ဗျား….

      ပုံ
      အလွန်အင်မတန်လက်ကမျင်းသော
      နှာကိုယ်တော် မောင်မောင်ဇာ

  • padonmar

    January 29, 2012 at 2:12 am

    ရေအိုးနဲ့ အိမ်သာပြေးခိုင်းထားတော့ လက်စားချေလိုက်ပြီ။ 😀

  • kokothandar

    January 29, 2012 at 9:25 am

    ဦးခင်ညွန့် နဲ့ ဦးခင်ရွှေတို့ နှစ်ယောက်ပေါင်းထာတဲ့ လက္ခာမျိုးပါလား

  • ဆူး

    January 30, 2012 at 5:03 pm

    ယူထားတဲ့ အကြွေးတွေ ပြန်မပေးပဲ သူကပဲ လက်ဝါး လာဖြန့်ရတယ်လို့..
    အရေးအကြောင်းတွေ တော်တော် ထင်ရှားတာပဲ..
    လေးထောင့်ဆန်တဲ့ လက်ဝါးဖြစ်ပြီး နည်းနည်း စိတ်ဆတ်တဲ့ သဘောရှိမယ် ထင်တယ်။ လက်ချောင်းတွေ တုတ်ပြီး တိုနေသလို ဖြစ်နေတယ်။
    တခြား အကြောင်းအရာတွေကတော့ မေးခွန်းပေါ် မူတည်ပြီး ဟောပေးမယ် ဒီတိုင်းတော့ ရဘူး။
    အတိုးကော အရင်းကော အကုန်ပေးမှ ဆက်ပြောမယ်။

    • နှာကိုယ်တော် မောင်မောင်ဇာ

      January 30, 2012 at 5:58 pm

      ဟီးဟီး …မှားတယ်..ကင်မလာ မှန်ဘီလူး ခုံးနဲ့ရိုက်ထားလို့ လက်ဖနောင့်ကြီး ပြူးထွက်နေတာ ..ခိခိ….
      လက်ချောင်းတွေက ရှည်တယ်ခည …..

      အစက သိပ်မသိဝူးရယ် …. သည်ရောက်ကာစ က ယောက်ျားလေး ၄ယောက် နေရတယ်..
      ထမင်းပေါင်းအိုးမှာ ဆန်ချင်ခွက်ပျောက်လို့ …ဆန်ထည့်ပြီး ရေ
      လက်တစ်ဆစ် လောက် ခန့်မှန်း ထည့်ပြီး ချက်ပြုတ်စားသောက်ကြရဝယ်…
      သများချက်တဲ့နေ့တိုင်း ထမင်းပျော့တော့ ဟိုဘဲဒွေက ကြာတော့ မခံစားနိုင်ဖြစ်ပြီး..
      သူတို့နဲ့ လက်ဆစ်ချင်းတွေတိုင်းတာ …လားလား ..တစ်ဆစ်ချင်းစီကို ပျမ်းမျှထက်ရည်နေပါရောလား…ဂျာ….

      အဲ့ကတည်းက ထမင်းချက်ရာထူးပြုတ်ပြီး အကြော်ဆြာ ဖြစ်လာပါပကော ….

      ဟီး…

  • Khaing Khaing

    February 29, 2012 at 10:58 am

    ဝူး မောလိုက်တာ ရွာထဲကို တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ မိဂီကလည်းဘာလုပ်တာလဲ ဗေဒင်ကြည့်ပေးရမှာလား ပိုက်ဆံထည့်ပေးရမှာလား အင်း ဗေဒင်ကြည့်ပေးရမယ်ဆိုရင်တော့ လက်ကလေးတွေက သွယ်လျတော့ ပင်ပင်ပန်းပန်းအလုပ်မလုပ်ရဘူး (ပန်းရံသယ်တာမျိုးပေ့ါနော်) လက်ဝါးကဂြိုဟ်ခုံတွေက မမောက်ဘူး စိတ်သဘောထား မပြည့်ဝဘူး ပညာရေးလမ်းကြောင်းကတော်တော် ရှည်တယ် …. သိတော့ဝူး ဒါပဲသိတယ် ရော့ မြန်မာငွေ 5000 ပြန်အမ်းပေးပါ 4999ကျပ်….

  • Rose Minn

    February 29, 2012 at 11:36 am

    အသက်လမ်းကြောင်းက ရှည်တယ်ဆိုရင်ဖြင့် အသက်ရှည်မယ်ပေါ့ကွယ်။ သောကြာခါးပတ်လေးက ရေးရေးရယ်ဆိုတော့ အပျော်ပါးမက်လိုက်သည့်ဖြစ်ခြင်း။ စိတ်မှာဖြင့် မာန်ကတော့မချ။ အရာရာတောင် ဂိုဏ်ချုပ်လုပ်ချင်တာ။ ဟုတ်တယ်ဆိုရင် တွက်ခ မ စပါ။ ပြန်လာရင်ပေး အကြွေး မှတ်ထားမယ်။ အဟီ။

    • နွေဦး

      February 29, 2012 at 2:19 pm

      သားရေကွင်း နဲ့ မသေမချင်း ပစ်စေ ပေါ့
      အဲ သေနိုင်တဲ့ နေရာရွေးပစ်နော်..
      မသေဘဲ ထ လာရင်တော့ ကိုယ့်တာဝန်ကိုယ် ယူကြေး…

  • ba gyi

    February 29, 2012 at 4:10 pm

    အိမ်း ထီပေါက်မည့်လ့္ခဏာတော့မမြင်ဘာဗျား၊
    နှစ်လုံး၊သုံးလုံး၊ကြံ့ဖွတ် ထီမှအစ ဘောလုံး၊ဂမ်ဘလာ အရာရာရှောင်ပေရော့ဗျား။
    သို့ဂလိုတွေး ထိပ်စည်း လိုချင် သားရပင်ယူခဲ့ဆိုတဲ့ လိမ်စား၊ရိုက်စားဘေးများလည်းရှောင်လယ်ကွဲ့။
    တဖန်သောကြာခါးပတ် ဟိုမပြတ်ဒီမပြတ် သဟာမို့၊ အနုပညာဝါသနာထုံသလိုနဲ့၊ မျှာတွေနဲ့ ရင်းနှီးဖေါ်
    ရွှေ၊တစ်ပေပေ တစကပ်ကပ်၊ ပတပ်ရပ် ဓါတ်စာချတတ်သဗျ။
    ဟ ဟ အဲဒါအဟုတ်မမှတ်နဲ့နော် – လက်ပြလို့ယောင်ပြီးထွက်ထွာ။

Leave a Reply