ကိုယ့်နာမည်ကို ကိုယ်လေးစားရမည် – အဘမင်းသိင်္ခ

koyin sithuJanuary 27, 20121min1218

စိတ်ပညာနဲ့ ပါတ်သက်တဲ့ လေ့ကျင့်ခန်းတစ်ခုကို ပြောပြရဦးမယ်။ အဲဒါက ဘာလည်းဆိုတော့ မိမိနာမည်ကို မိမိအလေးအနက်ထားရမယ်ကွ။ မိဘကပေးတဲ့ နာမည်ကိုလည်း ကိုယ့်ဟာကို နာမည် အသစ်တစ်ခု ပြောင်းပြီး ပေးပေါ့ကွာ။ ဒါပေမယ့် အဲဒီနာမည်ကိုတော့ အလေးအနက်ထားရမယ်။ ကိုယ့်နာမည် မဟုတ်လား ”

အဲဒီလို လုပ်လို တော်ပါမလားဗျာ။ နာမည်ရင်းကို ဖျောက်ပြီး နာမည်သစ်ပေးတယ်ဆိုတာ လုပ်ကောင်းရဲ့လား”

လုပ်ကောင်းတဲ့ ဟိုဘက်တောင် လွန်နေသေးတယ်။ မင်းကို တစ်ခုပြောပြမယ်။ ငါတို့ တိုင်းပြည် လွတ်လတ်ရေးရ အောင် ကြိုးစားခဲ့တဲ့ ရဲဘော်သုံးကျိတ်ဟာ နာမည်ရင်းနဲ့ တစ်ယောက်မှ မရှိဘူးကွ။ အကုန်လုံး နောက်ထပ်ပေးထားတဲ့ နာမည်တွေကြီးပဲ။ အဲဒီတော့ မူရင်းနာမည်ကို ကြိုက်ရင်လည်း မူရင်း နာမည်ထား။ မကြိုက်ရင်လဲ ရဲရဲဝံ့ဝံ့သာ ပြောင်းပစ်လိုက်။ ဒါပေမဲ့ အဲဒိ ပြောင်းပစ်တဲ့ နာမည်ကိုတော့ အလေးအနက်ထားရမယ်။ အဲဒိနာမည်ဟာ မင်းရဲ့ ဘဝမှာ တိုးတက်ပြောင်းလဲအောင် လုပ်မယ့် နာမည်လို ခံယူရမယ် ”

ငယ်နာမည် – ထီးလှိုင်ရှင် ၊ ကြီးတော့ ကျန်စစ်သား။ ငယ်နာမည်- မောင်ခြတက်၊ ကြီးတော့ -ဘုရင့်နောင်။ ငယ်နာမည်- မောင်လွင်၊ ကြီးတော့- မင်းတုန်းမင်းတရား။ ငယ်နာမည်- မောင်ရစ်၊ ကြီးတော့ – မဟာဗန္ဓုလ။ ငယ်နာမည် – မောင်ထိန်လင်း၊ ကြီးတော့ – ဗိုလ်ချုပ်အောင်ဆန်း။ ငယ်နာမည် – မောင်မာ၊ ကြီးတော့- မာန်လည် ဆရာတော်။ ငယ်နာမည်- မောင်ထက်ခေါင်၊ ကြီးတော့- လယ်တီဆရာတော်။ အဲဒီ ဆရာတော်ကြီးတွေကတော့ ငယ်နာမည်ကို ဖျောက်ပြီး ပြောင်းတာ မဟုတ်ဘူးကွ။ သူတို့ရဲ့ ဘုန်းကံနဲ့ အလိုလို ပြောင်းလဲပြီး ခေါ်လာခဲ့ကြတာ။

အဲဒီတော့ မင်းအနေနဲ့ နာမည်ရင်းကို မကြိုက်လို့ ပြောင်းမယ်ဆိုရင်လည်း ပြောင်းနိုင်ခွင့်ရှိတဲ့ သဲလွန်စတွေကို ပြောပြတာပါကွာ။ သမိုင်းမှာလဲ အဲဒီလို နာမည် ပြောင်းသွားတာတွေ အများကြီးပဲ။ တစ်ချို့က တမင်တကာ ပြောင်းတာ။ တစ်ချို့က အလိုအလျှောက်ပြောင်းတာ၊ ငယ်နာမည်က ဗညားနွဲ့ကွာ၊ ဘုရင် ဖြစ်လာတော့ ရာဇာဓိ ရာဇ် လို့ ပြောင်းတယ်။ အဲဒိတော့ ပြောချင်တာက နာမည်ပြောင်းရမယ် မပြောင်းရဘူးဆိုတာက အဓိက မဟုတ်ဘူး။ ကိုယ့်နာမည်ကို အလေးအနက်ထားရမယ်။ ဂရုစိုက်ရမယ်ဆိုတာကို ပြောနေတာ။

အကယ်၍ သင်သည် မိမိ၏ အမည်ကို အသုံးမပြုလိုတော့ဘဲ နာမည် အသစ် ပေးလိုပါက ဒီနေရာတွင် အဘမင်းသိင်္ခ၏ နာမည်ပေးနည်းကို တင်ပြထားပါတယ်။ လေ့လာကြည့်ပါ။

အရေးကြီးတဲ့ အလုပ်ကို လုပ်မယ်ဆိုရင် နာမည်ဟောင်းကို စွန့်ပြီး နာမည်သစ်နဲ့ လုပ်တာ အကောင်းဆုံးပဲ။ ငါ့ဆီမှာ ရေထမ်းနေတဲ့ ဦးပုဆိုတဲ့ လူကြီးဟာ ရဟန်းဝတ်သွားတဲ့အခါ ဦးပုဆိုတဲ့ နာမည်ကို စွန့်ပြီး ဦးပညာဓိပ ဖြစ်သွားတယ်ကွ။ နာမည်ပြောင်းသွားသလို လူကလည်း အတော်ကြီး ပြောင်းလဲသွားတယ်။ အရင်က သူက ငါ့ကို ဆရာလို့ခေါ်တယ်။ အခုတော့ ငါက သူ့ကို ဆရာတော်လို့ ခေါ်ရတယ်။ သူ့ကို ငါက ကိုးကွယ်ရတယ်။ တောရကျောင်းတစ်ကျောင်းမှာ ဆရာတော်ကြီး ဖြစ်နေပြီ။

နာမည်ရင်းက ကိုကျော်ဒင်တဲ့။ ရဟန်းဝတ်တဲ့အခါမှာ ဦးကိတ္တိဖြစ်သွားတယ်.။ နောင်တော့ စွန်းလွန်းဆရာတော် ရယ်လို့ ဖြစ်လာတော့တာပဲ။ အဲဒီတော့ အရေးကြီးတဲ့ လုပ်ငန်းတွေ လုပ်တဲ့အခါမှာ နာမည်ရင်းကိုစွန့်ပြီး နာမည်ရင်းနဲ့ လုပ်ရတယ်ဆိုတာ ထင်ရှားပြီ မဟုတ်လား။ မျိုးချစ်တော်လှန်ရေး သမားတွေဟာ နာမည်ဟောင်းတွေ စွန့်ပြီး နာမည်သစ်တွေနဲ့ တိုင်းပြည်အတွက် ကြိုးပမ်းခဲ့ကြတယ်။ စာရေးဆရာတွေဟာ ရာခိုင်နှုန်း (၉၀)လောက် နာမည်ရင်းနဲ့ မရေးဘဲ ကလောင်နာမည်ဆိုပြီး သီးခြားနာမည် တစ်ခုယူပြီး ရေးသားလေ့ ရှိကြတယ်။

နောက်ငါတို့ ဂမ္ဘီရလမ်းမှာလဲ နာမည်ရင်းကို စွန့်ပြီး ဂမ္ဘီရအမည်ဆိုတာ မှည့်လေ့ရှိတယ်။ နာမည်ရင်းက မောင်အောင်၊ ဂမ္ဘီရအမည်က ဘိုးဘိုးအောင်။ နာမည်ရင်းက မင်းခေါင်။ ဂမ္ဘီရအမည်က – အောင်မင်းခေါင်။ နာမည်ရင်းက ဆရာဆိုင်၊ ဂမ္ဘီရအမည်က ဗောဓိပင်ဆရာဆိုင်။ နာမည်ရင်းက ဦးဩဘာသ၊ ဂမ္ဘီရအမည်က – ရက္ကန်းစင်တောင် ဆရာတော်။ အခုလောက် ပြောပြရရင် အရေးကြီးတဲ့ အောင်မြင်မှု့ကိုရဖို့ နာမည်သစ်တစ်လုံး ဒါမှမဟုတ် ဂမ္ဘီရအမည်တစ်လုံး ရွေးချယ်သင့်တယ်။

နာမည်သစ်ရှာပြီး ဘာဆက်လုပ်ရမလဲ


ငွေပြား၊ ကြေးပြား၊ သံပြား၊ သစ်သားပြား၊ ပလပ်စတစ်ပြား ကြိုက်တဲ့ အပြားတစ်ပြားပေါ်မှာ အဲဒီနာမည်သစ်ပေါ်မှာ အဲဒီနာမည်သစ်ကို ခမ်းခမ်းနားနားရေးပြီး ဘုရားစင်အောက် ဒါမှမဟုတ် ဧည့်ခန်းမှာ အကျအန ချိပ်ဆွဲရမယ်။ ပြီးတော့ နေ့စဉ် စိတ်ဓာတ်တိုးတက်ရာ တိုးတက်ကြောင်း လေ့ကျင့်တဲ့အခါတို်င်းမှာ မင်းဟာ အဲဒီနာမည်သစ်နဲ့ အောင်မြင်တိုးတက်နေပြီဆိုတာ စိတ်ထဲမှာ မြင်အောင် အာရုံပြုရမယ်။

ပြီးတော့ ငြိမ်ငြိမ်ကလေးထိုင်ပြီး မင်းရဲ့ နာမည်ကို တစ်စုံတစ်ယောက်က လှမ်းပြီး ခေါ်နေပြီ။ အဲဒီ တစ်စုံတစ်ယောက် ဆိုတာလဲ အမျိုးမျိုး ရှိတယ်။ ကောင်းကင်ဘုံနဲ့ တင်စားချင် တင်စား။ မနောမယဓာတ်ကြီးနဲ့ တင်စားချင်တင်စား။ သိဒ္ဓိဓာတ်ကြီးနဲ့ တင်စားချင်တင်စား ၊ ကိုယ်လေးစားတဲ့ ဘိုးတော်တို့ မယ်တော်တို့နဲ့ တင်စားချင်တင်စား တင်စားခွင့်ရှိတယ်။

သူက ချစ်ခင်ရင်းနှီးလို့ မင်းနာမည်ကို ခေါ်ပြီးရင် သူတို့က မင်းအတွက် ဘာဖြစ်ပါစေဆိုပြီး ဆုတောင်းပေးတာပဲ ဖြစ်ဖြစ် ၊ ကောင်းချီးပေးတာပဲ ဖြစ်ဖြစ် ဆက်ပြီး ပြောလိမ့်မယ်။ တစ်ခါတစ်လေ ဘယ်လို လုပ်လိုက်ပါလားလို့ ညွန်ကြားတာမျိုးတောင် ရှိတယ်။ အဲဒိတော့ ကိုယ်ကမှ ကိုယ်နာမည်ကို ကိုယ့်နာမည်ကို ဂရုမစိုက်ဘူးဆိုရင် သူတို့က ဘယ်ခေါ်မလဲ၊ ဘယ် ဂရုစိုက်မလဲ။ ဒါကြောင့် ကိုယ်နာမည်ကို သိဒ္ဓိဓာတ်ကြီးက ေခေါ်တဲ့အသံကို ကြားရတဲ့အခါမှာ ကိုယ့်ဘဝအတွက် အောင်မြင်တိုးတက်ဖို့ “ ဂရန်တီလက်မှတ်” ရပြီလို့ သဘောပေါက် လိုက်ပေတော့။ အဲဒီအသံဟာ အပြင်က အသံဖြစ်ဖို့ထက် မင်းကိုယ်ထဲမှာရှိတဲ့ ပါရမီ ရုပ်လွှာက လှမ်းပြီး ခေါ်လိုက် တဲ့ “ တိတ်ဆိပ်တဲ့ အသံ ” ( ဗွိုက်အော့ဖ်ဆိုင်းလင့်) VOICE OF SILENCE ” ဖြစ်ဖို့ များတယ်။ အသံတကာ အသံထဲမှာ ကျက်သရေမင်္ဂလာ အရှိဆုံး အသံဖြစ်တယ်။ အဲဒီအသံကို ကြားလိုက်ရတဲ့ အခါမှာ “ဖရဏာပီတိ၊ ဂွမ်းဆီထိ ” သလို ဆွတ်ပျံ့ကြည်နူးသွားလိမ့်မယ်။

8 comments

  • ကိုရင်စည်သူ

    January 27, 2012 at 4:09 pm

    ကျနော့် ရောင်းရင်း ရွာသူားတွေကို နာမည်ဟာ ဘဝမှာ အရမ်းအရေးကြီးတာကို
    သိစေချင်ပါတယ်…။ နာမည်မကောင်းရင် စိတ်မတွေ့ရင် ကိုယ်လူတို့
    ရဲရဲဝံ့ဝံ့သာ နာမည်ပြောင်းလိုက်ကြပါလို့ အကြံပြုပါတယ်…အချို့နာမည်တွေက တော်တော်စီးတာတွေ့ရတယ်…။
    နာမည်ကြောင့် ဘဝတစ်ခုလုံး ပြောင်းလဲတဲ့အဖြစ်မျိုးအထိ ကျနော် ကိုယ်တွေ့တွေ့ဖူးပါတယ်…
    ကျနော်လည်း နာမည်အမျိုးမျိုးရှိပါတယ်… နာမည်အရင်း… ကိုရင်ဝတ်တုန်းရတဲ့ နာမည်
    အိမ်ခေါ်နာမည်၊ ကလောင်နာမည်၊ ဗေဒင်နာမည်… နာမည်တော်တော်ပြောင်းရတဲ့
    ကိုရင်ပေါ့ဗျာ..
    ဒါနဲ့စကားမစပ်ပါနော့…
    ကေျနော်တို့ ဗေဒင်အသိုင်းအဝိုင်းမှာတော့ ကျနော်ကို ကိုရင်စည်သူအနေနဲ့
    သိတဲ့လူမရှိပါဘူး… ကျနော်ရဲ့ အဘပေးခဲ့တဲ့… နာမည်က
    “မြတ်လင်းအောင်” တဲ့…
    မှတ်ထားကြပါ..နော်.. ဟဲဟဲ…
    လမ်းတွေ့ရင် မြတ်လင်းအောင် လို့ပဲ နောက်ဆိုခေါ်တော့နော်…။ 😎 😎

    • windtalker

      January 27, 2012 at 8:38 pm

      အဆိုတော် ဉာဏ်လင်းအောင် နဲ ့အမျိုးတော်ပါသလား ဟင် ????? 🙂

  • စိန်ပေါက်ပေါက်

    January 27, 2012 at 4:23 pm

    စဝင်ဖြစ်တော့ ကိုယ့်နာမည် အတိုကောက်နဲ ့ ဝင်
    နောက်တော့
    အွန်လိုင်းမှာ ကိုယ်လဲ လျှောက်ဒိုးနေတာများတော့ ပွနေတဲ့ ပေါက်နေတဲ့ဟာလေးတွေ ဖော်ချင်လို ့ ပေါက်ဖော် ဖြစ်
    ခုတော့ စိန်မျောက်မျောက်ကိုအားကျ အူးသိန်းစိန်ကိုအသိအမှတ်ပြုတဲ့အနေနဲ ့ စိန်ပေါက်ပေါက် ခေတ္တလုပ်
    ပြီးရင်တော့ ဘာပြောင်းရဦးမလဲ သိဘူး
    တိုရင်ရေ
    အကျန်ပေးဘာဦး
    ဘာနာမည်ပေးရင်ကောင်းမလဲလို ့
    နေထက်ပူပြင်းတို ့
    နှစ်မိုးလှလူမိုက်တို ့..
    ကျော်စံကွေးတို ့.
    ဘာပေးရမဲဟင် 🙄

  • thit min

    January 27, 2012 at 5:12 pm

    ကိုရင်ရေ….
    တကယ်လားဟင် မြတ်လင်းအောင် ဆိုတာ။
    အဘ ရဲ့ ဖေးဘရိတ်နည်းလမ်း နှစ်ခုကိုသိထားတာလေ အဲဒီ စာလေးရဲ့ အဆက်ဘဲထင်ပါရဲ့ဆရာလေးရေ။
    တနည်းက အမြစ်၊အညွန့်၊စတုရန်း။
    သောကြာသားဆိုရင် မင်းထင်ကျော် လေ။ကိုရင်လေးသိပါတယ်။
    ~~~~~
    နောက်တနည်းက အဘအများဆုံးသုံးတဲ့နည်းလေ။
    ပဉ္စပွတ် ၊ဆပွတ်၊အညွန့် နည်းလေ။
    အဆိုတော်၊သရုပ်ဆောင်တွေဆိုရင်
    အေးချမ်းမေ၊ မိုးဟေကို၊ ခန့်စည်သူ၊ ကျော်ဇောဟိန်း၊မေသက်ခိုင် အများကြီးဘဲ။
    ဆရာ/မ တွေထဲမှာ ဆရာကျော်ဆုသွေး၊ဆရာဇင်ယော်နီ၊ဆရာမကြာညိုသင်း အများကြီးပေါ့ဗျာ။
    ~~~~~
    မြတ်လင်းအောင် ဆိုတော့ နဲနဲမျက်စေ့လည်သွားပြီ။ သင်ပေး ပါလားဆရာလေးရယ်။
    ကျနော့အမြင်က အောက်စိုက်သလားလို့။
    ခင်မင်စွာ
    သစ်မင်း(^^)

    • ကိုရင်စည်သူ

      January 28, 2012 at 8:30 pm

      ဟုတ်ပါတယ်.. ကိုသစ်မင်းပြောသွားတဲ့ အချက်တွေက
      အဘအသုံးများတဲ့ ဖေးဘရိတ်နည်းလေးတွေပါ…
      ကျနော်ကိုကျတော့ ဘာလို့ အဘ ဒီလို အမည်ကင်းပွန်းတပ်ပေးသွားတာလဲတော့
      အခုထိ ကျနော် ဉာဏ်လိုက်မှီရိုးမရှိသေးပါ။… (အကြောင်းတစ်ခုရှိပါလိမ့်မည်)
      သေချာတာတော့ ကျနော့်ကို ဗေဒင်နည်းနဲ့ တွက်ပြီး ပေးခဲ့တာ
      မဟုတ်ပါဘူးခင်ဗျာ…။
      ကိုယ်နာမည်ကို ကိုယ့်ဆရာသခင်က ဘာနည်းနဲ့ တွက်ပေးသွားတာကို မသိလို့
      ဗေဒင်ဆရာမလုပ်ရတော့ဘူးဆို ကျနော်ကထိပ်ဆုံးပဲ နေမှာပဲနော်… ဟဲ.. 😳 😳

      ပညာစုံသော ကိုသစ်ကို လေးစားလျက်..
      မြတ်လင်းအောင်

  • ဒီအတိုင်းတော့ ပြောင်းမခေါ်နိုင်ပါဘူး ကိုရင်ရယ်
    ငှဲ ငှဲ သိတယ်မဟုတ်လား
    လူကြီး ဘာကြိုက်တတ်သလဲဆိုတာ
    ဗေဒင်နဲ့ ခန့်မှန်း
    ပြီးမှ
    မြတ်လင်းအောင် လို့ခေါ်မယ် .. ဒါဗျဲ
    😛

  • kotun winlatt

    January 27, 2012 at 6:47 pm

    ဟုတ်ပါ့..ဒီအတိုင်းးးတော့ ကိုမြတ်လင်းအောင်လို့ ခေါ်လို့ဘယ်ဖြစ်မလဲ..
    နာမည်ပြောင်းးးးးးကိုဒီအတိုင်းးးပြောင်းးးလို့ ဘယ်ရပါ့မလဲ…
    ကိုရင်စည်သူရယ်…ဟဲဟဲ…။

  • aye.kk

    January 27, 2012 at 8:50 pm

    ပညတ်သွားရာဓါတ်သက်ပါ၏…။

Leave a Reply