တဏှာရှင်းတမ်း နှင့် အတွေးများ

blankJanuary 27, 20121min1239

(၁) လူတိုင်း တဏှာ ပယ်လာနိုင်တဲ့အခါမှာ ကိုယ့်မယား ကိုယ်ချစ်တဲ့စိတ် မရှိတော့ဘူးဆိုလျင် သည်လောကကြီး ဘာဖြစ်လာမလဲလို့ ကြည့်ခိုင်းလိုက်ပြန်တယ်။ တလောကလုံး ဖိုစိတ်မစိတ်မရှိတော့ဘူးဆိုလျင် လူတွေ မျိုးပြုန်းသွားမှာအမှန်ပဲ မဟုတ်လား၊ သည်တော့ တို့ဘုရားဟာ လူတွေမျိုးပြုတ် အောင်ဟောတဲ့ဘုရား ဖြစ်နေမ¬ှာပေါ့။ (ဓမ္မဝိဟာရီ ရေး တဏှာရှင်းတမ်း စာ ၁၃)
အပေါ်ကစာကိုဖတ်ရတော့ စိတ်ကူးအရခွဲနိုင်ခြင်းနဲ့ လက်တွေ့အရခွဲနိုင်ခြင်းကို သတိရမိပါတယ်။ မြေအိုးတစ်လုံးကို မြေနှင့် အိုးပုံသဏ္ဌာန်အား သီးခြားစီ ခွဲပေးဖို့ပါ။ လက်တွေ့မှာ ခွဲဖို့မဖြစ်နိုင်ပေမယ့် စိတ်ကူးအတွင်းမှာတော့ မြေကသပ်သပ်၊ အိုးပုံသဏ္ဌာန်ကသပ်သပ် သီးခြားစီခွဲပြီးသိနိုင်ပါတယ်။ တလောကလုံး ဖိုစိတ်မစိတ်မရှိတော့ဘူးဆိုလျှင် ဆိုသောစကားသည် စိတ်ကူးအတွင်း၌သာဖြစ်နိုင်၍ လက်တွေ့၌ မဖြစ်နိုင်သော ပြောဆိုချက်ဖြစ်သည်ဟူ၍ တွေးမိပါသည်။

(၂) “ငါ”ရယ်၊“ငါမဟုတ်ဘဲ၊ ငါအယောင်ဆောင်နေတဲ့အကောင်”ရယ်။ သည်နှစ်ခုရှိကြောင်း သိရမယ်”လို့ တို့ကပြောတယ်။ (ဓမ္မဝိဟာရီ ရေး တဏှာရှင်းတမ်း ၅၃)
“ထမင်းစားတယ် ဆိုကြပါစို့။“ငါ”က စားတာလား၊ ငါ မဟုတ်တဲ့အကောင်က စားတာလား၊
ဒါကိုသိအောင် လုပ်ရမယ်။ ဆိုလိုတာက“ဗိုက်ဆာလို့ စားတာလား၊အရသာခံချင်လို့ စားတာလား၊
ဗိုက်ဆာလို့စားတာဆိုလျင် “ငါ”က စားတာ ဖြစ်တယ်။ ပါးစပ်ဆာလို့ အရသာခံချင်လို့စားတာဆိုလျင် “ငါမဟုတ်တဲ့ အယောင်ဆောင်”က စားတာ ဖြစ်တယ်။ သည်လို နှစ်ပိုင်း ခွဲရပါမယ်။သည်တော့ “ပါးစပ်က ဆာတာ”ရယ်၊ “ဗိုက်က ဆာတာ”ရယ်လို့ စကားနှစ်မျိုး ရှိလာပါတယ်။ တို့မြန်မာစကားမှာတော့ မရှိဘူး။ လူမျိုး
ငယ်တွေမှာတော့ သည်စကားရှိတယ်။ “ပါးစပ်ဆာတယ်ဆိုတာ စားစရာရှိတာကို အရသာခံချင်လို့ စားတာ”။
တကယ်တမ်း လူမှာ အာဟာရဓာတ်လိုအပ်လို့ စားတာ မဟုတ်ဘူး။ အရသာခံနေကျမို့ စားချင်တာမျိုးသာ ဖြစ်တယ်။ ဗိုက်ဆာတယ်ဆိုတာကျတော့ ပါးစပ်ဆာတာနဲ့ မတူဘူး တကယ့်ကို ကိုယ်ကာယကြီးက လိုအပ်လာလို့ ဗိုက်ဆာလာတာ ဖြစ်တယ်။(ဓမ္မဝိဟာရီ ရေး တဏှာရှင်းတမ်း ၅၅)
အထက်ပါစာများအရ ငါအစစ်သည် ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ လိင်ဆက်ဆံမှုပြုလိုခြင်း၊ အိပ်စက်နားနေလိုခြင်း စသည့် ခန္ဓာကိုယ်ယန္တရား၏ တောင့်တတောင်းဆိုချက်ကြောင့် ဖြစ်ပေါ်သော ဇီဝကမ္မလိုအင်များ (Physiological Needs) ကိုဆိုလိုသည်ဟုယူဆပါသည်။ ပါးစပ်ဆာခြင်း ကို စိတ်ပိုင်းလိုအင် (သို့) ဆက်ဆံရေးလိုအင် (Social Needs) ကိုဆိုလိုသည်ဟုယူဆပါသည်။ ထိုစိတ်ပိုင်းလိုအင် (သို့) ဆက်ဆံရေးလိုအင် (Social Needs) ကို ငါ အတု ငါ အယောင်ဆောင်နေတဲ့ကောင်ဟု နားလည်ရသည်။ ထိုအယူအဆများနှင့် တွဲ၍လေ့လာနို်င်ရန် စိတ်ပညာရှင် MASLOW ၏ လိုအင်ဖွဲ့စီးမှုအဆင့်များကို ဖေါ်ပြပါသည်။
(၁) ငါအစစ်ဟုယူဆသည့် ဇီဝကမ္မအခြေခံ လိုအင်များ
(၂) ဘေးအန္တရာယ်ကင်းဝေးမှု လိုအင်
(၃) ပေါင်းသင်းပါဝင်လိုမှု လိုအင်
(၄) အလေးအမြတ်ပြုမှု လိုအင်
(၅) သိနားလည်မှု လိုအင်
(၆) အလှအပ လိုအင်
(၇) အတ္တပြည့်ဝမှု လိုအင် လို့ လိုအင် (၇) ဆင့်ကို MASLOW ကဖေါ်ပြခဲ့ပါတယ်။
“မိုးလောက်ကြီး လိုချင်တာဖြစ်ဖြစ် “ငါ”(အစစ်)ကလိုချင်တာဆိုလျင် “တဏှာ” မဟုတ်ဘူး။ သည်လို
မဟုတ်ဘဲ သေးသေးမှုန်မှုန်လေး အနုမြူလောက်ကလေး လိုချင်တာ ဖြစ်ပေမဲ့ “ငါ”က လိုချင်တာ မဟုတ်ဘဲ “ငါ”မဟုတ်တဲ့ “အယောင်ဆောင် ငါ”ကလိုချင်တာဆိုလျင်တော့ “တဏှာ”ပဲ”လို့ ပြောလိုက်ပါတယ်။ (ဓမ္မဝိဟာရီ ရေး တဏှာရှင်းတမ်း ၅၆၊ ၅၇)
ငါအစစ်ဟုယူဆထားသော ဇီဝကမ္မလိုအင်များသည် မိုးလောက်ကြီးလိုချင်နို်င်မှု ဖြစ်နိုင်မဖြစ်နိုင်၊ ဘယ်အတိုင်းအတာအထိ လိုချင်မှုဖြစ်ပေါ်နိုင်သည်၊ ထိုအတိုင်းအတာများကို တိကျစွာသိနိုင်ခြင်းရှိမရှိ စသည်တို့ကို လေ့လာရပါမည်။

(၃) မွေးကင်းစ ငယ်ငယ်နှောင်းနှောင်းလေးဆိုလျင်“ဘဝမရှိဘူး”လို့ ပြောရလိမ့်မယ်။ “လူ”ရှိပေမဲ့ “ဘဝ”မရှိသေးတဲ့ အနေအထားပေါ့။ ကိုယ့်ဖာသာကိုယ် လှုပ်လှုပ်ရှားရှားနဲ့ စကားတွေပြောလာပြီး၊ အလုပ်တွေ လည်း လုပ်လာပြီး၊ စိတ်ကူးတွေလည်း ကူးလာပြီးမှ “ဘဝ” ကဖြစ်လာတာပါ။ ဒါပေမဲ့ တရားဓမ္မတွေကို အမှန်အကန်အတိုင်း ကျင့်ကြံအား ထုတ်လိုက်ပြန်လျင် အဲသည် “ဘဝ”ဟာကုန်သွားပြန် ပါတယ်။ သည်လို “ဘဝ”ကုန်အောင် လုပ်သွားနိုင်တဲ့ လူတွေဟာ “လူ” ကောင်ကြီး ထင်လင်း ရှိနေလျက်က “ဘဝမရှိ” တော့တာပေါ့။ (ဓမ္မဝိဟာရီ ရေး တဏှာရှင်းတမ်း ၅၂၊ ၅၃)
လူ့ဘဝ သည် လူ၏ အလုပ်၊ လူ၏ အရည်အချင်းဖြစ်၏။ ထိုကြောင့် လှုပ်ရှားမှုကင်းမဲ့သော၊ အလုပ်မရှိသော“လူ”သည် အရည်အချင်းချို့တဲ့သူ ဖြစ်၏။ ဤသို့ပင် “လူသာရှိ၍ လူ့ဘဝမရှိခြင်း” ကို ကြည့်ပါက လူနှင့် လူ့ဘဝသီးခြား ဖြစ်ကြောင်း သိမြင်ကြရပေမည်။
(ရှင်ဉာဏ ရေး သာမညသဘောတရားကျမ်း Ebook စာ ၄ရ )
လှုပ်ရှားမှုကင်းမဲ့သော၊ အလုပ်မရှိသော“လူ”သည် လူ့ဘဝမရှိ ဟုဆိုသလို၊ မွေးကင်းစကလေး သည်လည်း ဘဝ မရှိဟုဆိုကာ၊ တရားဓမ္မတွေကို အမှန်အကန်အတိုင်း ကျင့်ကြံအား ထုတ်လိုက်ပြန်လျင် လည်း “ဘဝ” မရှိ်လို့လည်းဆိုပါတယ်။ ထို ဘဝ မရှိခြင်း သုံးမျိုး၏ အနှစ်သာရကွာခြားမှုကို ဆက်လက်လေ့လာရပါမည်။

ဓမ္မဝိဟာရီ ရေးသည့် တဏှာရှင်တမ်းစာအုပ်ကို ဖတ်၍ ဇီဝကမ္မလိုအင်များ (Physiological Needs) ကို ငါ အစစ်ဟုနားလည်ရသည်။ ထိုသို့ ယူဆပါကလည်း ဇီဝကမ္မလိုအင်တို့ကို ကျွန်တော်တို့သည် အတိအကျ သိနိုင်ကြမည်လားဟု စဉ်းစားစရာရှိသည်။ ဆေးလိပ်ဆာခြင်း၊ ကြက်သား ဝက်သားဆာခြင်း စသည်တို့ကဲ့သို့ အခြားဆာခြင်း လိုအင်ဖြစ်ရပ်များကို ငါ အစစ်ကဆာခြင်း သို့မဟုတ် ငါ အတုကဆာခြင်း ဖြစ်သည်ဟု ခွဲခြားနိုင်သော တိကျသည့်စံတစ်ရပ်ကို ချပြခဲ့ခြင်းမရှိသလို၊ ငါ အစစ်၏ လိုချင်မှုအတိုင်းအတာ အဘယ်မျှထိ ရှိနိုင်သည် ကိုလည်းဖေါ်ပြထားခြင်းမရှိသည် ကိုတွေ့ရပါသည်။ ထိုအချက်များသည် ပစ္စုပ္ပန်ကမ္မဝါဒကို နားလည်နိုင်ရန် ဆက်လက်လေ့လာရမည့် အချက်များဖြစ်ပါသည်။

9 comments

  • a soe lay

    January 27, 2012 at 11:17 pm

    နက်နဲ လှပါပေ့ အကိုလေးရာ ၊ ရွာထဲက ဆရာသခင် များကြွရောက်လာပါလိမ့်မယ် ၊
    အပြန်အလှန်ဆွေးနွေးချက်တွေကို အရသာရှိရှိ စားသုံးဖို့ စောင့်နေပါ့မယ်ခင်ဗျာ ။

  • nyanakyaw

    January 28, 2012 at 1:51 pm

    ရှင်ဉာဏ ရေးသော စာများမှ ဘဝဆိုသည်မှာ လူကောင်ကြီးကို ပြောခြင်းမဟုတ် လူကောင်းကြီးသည် အသိမှားမှုဦးဆောင်မှုဖြင့် လှုပ်ရှားပြောဆိုမှုဖြစ်ပေါ်ပြီး ထိုလှုပ်ရှားပြောဆိုချက်ကို စွဲလမ်းတပ်မက်မှုဖြစ်ပြီး ပြန်လည်လှုပ်ဆောင်စေသော အဖြစ်ကို ထိုလူကောင်ကြီးပေါ်တွင် စွဲထင်ကျန်ရစ်နေခြင်းကို ဘဝ ဟု ပြောခြင်းဟု နားလည်ပါသည်။

    ကိုဘလက်ပြောထားတဲ့ အပေါ်ဆုံးစာပိုဒ်ကို ပြောရရင် ထိုစာပိုဒ်သည် ဦးဉာဏမှ တရားဆွေးနွေးသော အခြားပုဂ္ဂိုလ်များမှ ပြောသော အဖိုအမဆက်ဆံတာသည် တဏှာဟု လက်ခံနေသော အသိကို ခြေဖျက်ဖို့ရန် အတွက် နှင့် တဏှာ ဟုတ်နိုင်/မဟုတ်နိုင် အပေါ်လွင်ဆုံးဖြစ်စေရန် ဥပမာပြ ပြောဆိုခြင်းသာ ဖြစ်ပါသည်။

    လူသာရှိ၍ လူ့ဘဝ မရှိ ဆိုသောအချက်သည် ကလေးဘဝကို ပေါ်လွင်စေရန် နှစ်ထပ်ပြဥပမာ သဘောဖြစ်၍ တစ်ခုတည်းသာ၊ ထိုသူတို့သည် အသိဖြင့်စဉ်ခြင် ခြင်းမဟုတ်၊ ဥပမာ ထပ်၍ ပြောဆိုရလျှင် လွန်ကျူးချက်များကို အပြစ်နှင့်တကွသိပြီး သီလနှင့်တကွ စောင်ထိန်းမှသာလျှင် ထိုစောင့်ထိန်းခြင်း သီလသည် မြဲသောသီလ ဖြစ်သည်ဟု နားလည်ပါသည်။

    • ကိုသစ္စာ

      January 28, 2012 at 6:06 pm

      စာအုပ်ညွှန်းချင်ရင် အပြည့်အစုံ ညွှန်းပေးဖို့လိုပါတယ်။
      ဒါ့ကြောင့် အပြည့်အစုံလေ့လာလိုသူများအတွက်
      http://www.ariyathitsa.org/html/ebooks.html ရှိ ဓမ္မဝိဟာရီဆရာတော်၏

      ၁။ တဏှာရှင်းတမ်းစာအုပ်
      http://sites.google.com/site/sayamvasi/001-AboutTamnha.PDF?attredirects=0

      ၂။ သာမညသဘောတရားကျမ်း
      http://sites.google.com/site/sayamvasi/020-Sarminya.PDF
      များကို ထပ်ဆင့် ညွှန်လိုက်ပါသည်။

      (အကျင်္ ီလျှော်တဲ့အခါမှာ ဂျီး (ဂျေး)နဲ့ အကျင်္ ီအရောင်နဲ့ ကွဲပြားမှ လျှော်တဲ့ အခါမှာ အဆင်ပြေမှာ ဖြစ်ပါတယ်။
      အင်္ကျ ီရဲ့ အရောင်ကို ဂျီး (ဂျေး)ထင်ပြီင်္း လျှော်နေမိရင်တော့ ပင်ပန်းပြီး အချီးအနှီးပဲဖြစ်မှာပဲ။
      အဲဒီလိုပဲ လိုချင်တာတိုင်းကို ကိလေသာ (တဏှာ)ထင်ပြီး ခွပယ်ဖို့ ကြိုးစားနေသူဟာ
      ဂျီး (ဂျေး)နဲ့ အကျင်္ ီအရောင်မကွဲပြားတဲ့သူလိုပါပဲ။

      ဒါ့ကြောင့် ဂျီး (ဂျေး)နဲ့တူတဲ့ တဏှာဘာဆိုတာကို ကွဲကွဲပြားပြာသိဖို့
      တဏှာရှင်းတမ်းစာအုပ်
      http://sites.google.com/site/sayamvasi/001-AboutTamnha.PDF?attredirects=0 ကို အသေအချာ ဖတ်ကြပါစို့။

  • pyaylwin nyeinaye

    January 29, 2012 at 2:29 am

    1)ဘုရားဟောတဲ့တဏှာဆိုတာ ဖိုမဆက်ဆံရေးကို ပြောချင်တာမဟုတ်ဆိုတဲ့အချက်ကိုပြောတာ။ အကျမကောက်ရင် ရှေ့ရောက်မယ်။
    ၂)ငါအတုကဆာတာကို dependence လို့ပြန်ရင်ပိုကောင်းမလားပဲ။ ဥပါဒါနက္ခန္ဓာက စွဲလမ်းပြီးဆာတာကို
    ပြောချင်တာ။
    ငါအစစ်ကဆာတာရဲ့ အတိုင်းအတာကို သိချင်ရင် ဇာတိစိတ်( instinct)ကို လေ့လာပါ။ လွယ်လွယ်လေး။
    3)ဆေးလိပ်ဆာတာ၊ ကြက်သားဝက်သားဆာတာ တွေဟာ ငါအတုက ဆာတာတွေ။ မစားဖူးမသောက်ဖူးရင်
    အဲဒါတွေ လုံးဝမဆာ။ ဒါပေမဲ့ ဗိုက်ကတော့ ဆာမှာဗျာ။ အဲဒါ ငါအစစ်ကဆာတာ။

  • aye.kk

    January 29, 2012 at 7:02 am

    သိထားတာလေးထပ်ဖြည့်ဆွေးနွေးပါရစေ………
    ငါအစစ်သည်ဆာလောင်ခြင်း၊ဆိုတာနဲ့ပတ်သက်ပြီးပြောပြချင်တာပါ။
    တဏှာဆိုတာဆာလောင်မွတ်သိပ်တဲ့သဘောပါ၊(အာရုံခြောက်ပါးဆာလောင်မွတ်သိပ်တဲ့သဘောပါ)
    တစ်နည်းအားဖြင့်ပြော၇ရင်ဆာနာရောဂါလို့လဲခေါ်ဆိုတာပေါ့နော်…..
    အရိယာပုဂ္ဂိုလ်တွေလဲဆာနာရောဂါကိုမျက်နှာလွဲလို့မရပါဘူး……
    မိရောဓသမာပတ်ဝင်စားပြီးနိဗ္ဗာန်ချမ်းသာနဲ့တွေ ့ပျော်နေကြတဲ့အနာဂါန်ရဟန္တာ အရိယာ ပုဂ္ဂိုလ်တွေတောင် ခုနှစ်ရက်ဘဲဆာနာရောဂါသက်သာခွင့်ရပါတယ်…
    သက်သာပြီးလုံးဝပျောက်ကင်းသွားတာမဟုတ်လို့ခုနှစ်ရက်ပြည့်ရင် ဆွမ်းခံထွက်၊ဆွမ်းစားလို့ဆာနာရောဂါကိုကုသရပြန်ပါတယ်….
    ဆာနာရောဂါကဒီဘဝမှာဖြစ်ပြီးဒီဘဝမှာ ပြီးသွားတာမျိုးမဟုတ်ဘဲနောင်တမလွန်ဘဝတွေအထိ
    ဆက်ခါဆက်ခါနှိပ်စက်တတ်ပါတယ်။
    ကိုယ်နဲ့ပတ်သက်တဲ့ဆာနာရောဂါကို၊စားဖွယ်သောက်ဖွယ်နေ့စဉ်ကျွေးပြီးကုသနေရသလို
    စိတ်နဲ့ပတ်သက်တဲ့ဆာနာရောဂါကိုတရားဓမ္မမျိုးစုံနေ့စဉ်ကျွေးပြီးကုသနေဘို့လိုအပ်ပါတယ်။
    စိတ်ဆာနာရောဂါဆိုတာ(တဏှာကိုပြောတာပါ)၊တဏှာဆိုတာဆာလောင်မွတ်သိပ်တဲ့သဘောပါ။
    ကျမပြောချင်တဲ့အဓိပါယ်လေးကတဏှာဆိုတဲ့အကြောင်းရင်းခံသံသရာ
    မပြတ်သရွေ ့(ငါ)ဆိုတာရှိနေတဲ့သဘောလို့ပြောပြချင်မိတာပါ..။
    မှားသွားရင်ခွင့်လွတ်ပါ၊ကိုယ့်အမြင်လေးကိုပြောပြမိတာပါ။

  • ကြောင်ကြီး

    January 29, 2012 at 12:17 pm

    သူတို့များ အဖက်လုပ်လို့…. 😆

  • kokothandar

    January 29, 2012 at 2:46 pm

    aye.kk ရ ကို shift7နဲ့ရိုက်လိုက်ရင် ပိုြ့ကည့်ကောင်းမယ်ထင်ရပါတယ်

  • True Answer

    January 29, 2012 at 7:06 pm

    ုမြတ်စွာ ဘုရား က အနတ္တ (ငါ မဟုတ်) ဟောတယ်။
    သူတို့ က ငါ ဆိုတာ အပြင်….နောက် ငါ အယောင်ဆောင်တဲ့ ငါ လေးပါ ထပ်တိုးလာပါရောလား။

    အော် ဒီလိုဝါဒ မျိုးက အရိယာသစ္စာ အော်နေတော့လည်း
    အော်ရုံပါပဲ။
    တကယ့်အရိယာသစ္စာ နဲ့တော့ အရှေ့ နဲ့ အနောက်လို …..
    တကယ့်ဗုဒ္ဓအယူ နဲ့ တော့ မိုး နဲ့ မြေလို…..
    ကွာခြားပါကြောင်း၊ အသိဉာဏ်ရှိသူများ လွယ်ကူစွာပင် နားလည်ကြပါသည်။

    ကိုယ့် ဟာ ကိုယ် ယူချင်သလို ယူ၊ အဓိပ္ပါယ်ဖွင့်ချင်သလို ဖွင့်တော့ ကိစ္စမရှိပေမယ့်။
    ကိုယ့် ဟာ ကိုယ် ယူချင်သလို ယူ၊ အဓိပ္ပါယ်ဖွင့်ဆိုချက် ကို
    ဗုဒ္ဓအလိုကျ ဖြစ်လေဟန်
    ဗုဒ္ဓဟောကြားမှုများဖြစ်လေဟန်
    ပါဠိတော်များကို ပြုလုပ်နေမှုကား
    လှည့်ဖြားမှု ၊ ကောက်ကျစ်မှုပင်ဖြစ်လေသည်။

  • blank

    January 30, 2012 at 4:27 pm

    “လယ်သမား လယ်ထွန်တယ်။ ဘာကြောင့် လယ်ထွန်သလဲ? စပါးလိုချင်လို့ လယ်ထွန်တာ ဖြစ်တယ်။ “စပါးလိုချင်လို့” လယ်ထွန်တာဖြစ်တဲ့အတွက် “လိုချင်မှု”ကို ပယ်လိုက်လို့ရှိလျင် လယ်သမားဟာ လယ်
    ထွန်တော့မှာ မဟုတ်ဘူး။ ကောက်လည်း စိုက်တော့မှာ မဟုတ်ဘူး။ စပါးလည်း ရိတ်တော့မှာ မဟုတ်ဘူး။ သည်လိုဖြစ်ခဲ့လျင် “လိုချင်မှုကိုပယ်ခြင်း”ဆိုတဲ့ အကြောင်းကြောင့် လူ့လောကကြီး ငြိမ်းချမ်းလာမ
    လား? တကယ်တော့ အကုန်လုံး ထမင်းငတ်ကုန်ကြမှာ မဟုတ်လား? စသည်ဖြင့် ကန့်ကွက်ပြလိုက်ပါတယ်။ သည်လို စည်းစနစ်နဲ့ ကန့်ကွက်ပြလိုက်တဲ့အခါကျတော့ “လိုချင်တာတဏှာ”ဆိုတဲ့ အရကောက်ချက်ဟာလည်း ပျက်ပြယ်သွားပြန်တယ်။ (ဓမ္မဝိဟာရီ ရေး တဏှာရှင်းတမ်း ၉၊ ၁၀)
    လယ်သမားအားလုံးလယ်မထွန်ခြင်းဆိုသည်မှာ လက်တွေ့မှာ မဖြစ်နိုင်ဟုတွေးမိသည်။ ထိုကြောင့် လိုချင်တာ တဏှာဆိုသော အရကောက် ပျက်ပြယ်မှုရှိမရှိကို စဉ်းစားသင့်ပြီး၊ တလောကလုံး ဖိုစိတ်မစိတ် မရှိတော့ဘူးဆိုလျင် လူတွေ မျိုးပြုန်းသွားမှာအမှန်ပဲ ဟူသောစကားသည်လည်း လက်တွေ့တွင် မဖြစ်နိုင်ဟု တွေးကာ ဖိုစိတ်မစိတ်သည် တဏှာမဟုတ် ဟူသောယူဆမှု ဖြစ်နိုင်၊ မဖြစ်နိုင် စဉ်းစားနိုင်ရန် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ အကျကောက်ခြင်းလုံးဝ မဟုတ်ပါကြောင်း နဲ့ ကျွန်တော်၏ စာရေးသားခြင်း ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါသည်ခင်ဗျာ။
    pyaylwin nyeinaye ရေ ( instinct) ခေါ်ဇာတိစိတ်အကြောင်းကို ဖြစ်နိုင်လျှင် ရှင်းပြပေးပါခင်ဗျာ။ ကျွန်တော် ဝက်သားဆာပါတယ်ခင်ဗျာ အဲဒီဝက်သားဆာတာဟာ ငါအစစ်ကဆာတာလား၊ ငါအတုကဆာတာလား၊ ဝက်သားစားဖူးလို့ပဲဆာတာလား၊ ခန္ဓာကိုယ်ကဆာတာလား ကျွန်တော်ခွဲခြားနိုင်မယ့် စံတစ်ခု အကြောင်းပြချက်တွေ ကိုသိချင်တာပါ။ အခုလိုရှင်းပြကြတဲ့အတွက် ကျေးဇူးပါခင်ဗျား။

Leave a Reply