“သမိုင်းအဖြစ်မှန်ကို သက်သေခံနေတဲ့…………”

1 ရှေ့မြင်ကွင်း အဝေးက မြင်ရတာ တောင်ဘက်က ခြင်္သေ့
2မြောက်ဘက် က မြင်ရတဲ့ ခြင်္သေ့နှစ်ကောင် မြစ်ကမ်းဘေးက ရိုက်ထားတာပါ
3 ရှေ့ပိုင်းက မြင်ရတဲ့ အပြို အပျက် ခြင်္သေ့
4မြောက်ဘက်က မြင်ကွင်း အရှေ့တည့်တည်ကပါ
5 မြောက်ဘက်ကမြင်ကွင်း

 

6 မြစ်ထဲက မြင်ရတဲ့ ခြင်္သေ့နှစ်ကောင်နဲ့ပုထိုးတော်ကြီး
8 ရှေ့မြင်ကွင်း မြောက်ဘက်က နေမြင်ရတာပါ
“သမိုင်းအဖြစ်မှန်ကို သက်သေခံနေတဲ့…………”

မင်းကွန်းကိုရောက်သွားတော့ ကမ်းမကပ်ခင်ကတည်းကမြင်ရတာကတော့

ပြိုကျပျက်စီးနေတဲ့ ခြင်္သေ့ကြီးတွေပါဘဲ။

ငယ်စဉ်ကလေးဘဝကတည်းက မြင်ခဲ့ဘူးတော့ မဆန်းပေမယ်

ဘယ်အချိန်ကြည့်ကြည့် ထူးနေပါတယ်။

ဒီတစ်ခေါက် မင်းကွန်းရောက်တော့ တစ်ခါမှလက်တွေ့ဓါတ်ပုံမရိုက်ဘူးသေးတဲ့

မင်းကွန်းဒေသကိုလက်ဆော့ လို့မဝနိုင်အောင်ပါဘဲ။

အဲဒီမှာ “ဟိုတစ်ဘက်ကမ်းကို ခုန်ကူးတော့မယ့် အတိုင်းပါဘဲဘုရား”လို့

မင်းလို လိုက်မင်းကြိုက်ဆောင်ခဲ့ရတဲ့ အမတ်ကြီးဦးပေါ်ဦးရဲ့ရင်ထဲမှာရှိနေတဲ့

တကယ့်အဖြေ(ရေထဲကို ခုန်ဆင်းတော့မယ့်အတိုင်းဘဲ)လို့ပြောနေသံကို

ပြန်ကြားလာရအောင် ဒီခြင်္သေ့အပျက်နှစ်ကောင်က ပြောနေသလိုပါဘဲ။

အခုခြင်္သေ့နောက်ပိုင်းပုံတင်လိုက်တော့ အရီးလတ်က

ရှေ့ပိုင်းပုံလေးကြည့်ချင်ပါတယ်ဆိုတာကြောင့်

တင်ပေးလိုက်ရပါသဗျာ။

တကယ်တော့ ဒီပုံတွေက သမိုင်းရဲ့ ့သက်သေခံပစ္စည်းတွေဆိုရင်လဲ မမှားပါဘူးနော်။

 

 

ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ နဲ့ အတွေးပါးပါးလေး

(28-1-2012)

 

27 comments

  • weiwei

    January 28, 2012 at 12:08 pm

    ကြီးတိုင်းလဲ မကောင်းဘူးဆိုတဲ့ သမိုင်းသက်သေပေါ့နော် ….

  • windtalker

    January 28, 2012 at 12:14 pm

    လေးပေါက်ခဗျာ
    အီးကြီးတဲ့ ပုံလဲ ကြည့်ပြီးဘီ
    အခု သမိုင်းကိုလဲ ဖတ်ရဘီ ဆိုတော့
    လေးပေါက်ပြောချင်တဲ့
    ဂန်ဂျီးအကြောင်း ကို
    သိရှိနားလည်သွားမိပါကြောင်း
    ရယ်ပါလေ

  • kotun winlatt

    January 28, 2012 at 12:16 pm

    လာကြည့်သွားပါတယ်ခင်ဗျာ..
    ကိုးနတ်ရှင်စိတ်ရင် ကောင်းနေတဲ့အတွက်
    ပုံတွေအကုန်မြင်သွားရပါကြောင်းးးးးးး

  • စိန်ပေါက်ပေါက်

    January 28, 2012 at 12:34 pm

    ငယ်ငယ်က ဒီခြင်္သေ့ပေါ် ဂုတ်ခွစီးပြီး ကစားခဲ့တာ
    ခုတော့လဲ
    ခြင်္သေ့ခမျာ ရုပ်လုံးတောင် မပေါ်တော့ပါလားကွယ်.

  • တောတွင်းပျော်

    January 28, 2012 at 12:48 pm

    အခုမှပဲမြင်ဖူးတော ့တယ်။
    တော်တော်ကြီးတာပဲ……..

  • ရွာစားကျော်

    January 28, 2012 at 6:51 pm

    ကိုပေါက် ရေ
    သမိုင်းသင်ခန်းစာကို ဝင်ရောက်သင်ယူသွားပါတယ်..
    ပို့စ်ထဲမှာ ဓါတ်ပုံလေးတွေထည့်ချင်တာ မလုပ်တတ်လို့
    သင်ပေးပါအုံးဗျာ

  • naywoonni

    January 28, 2012 at 7:05 pm

    ဝမ်းနည်းစရာကောင်းလောက်အောင် တွေ့မြင်ရတာ …။ သမိုင်းမှာ ဒါတွေနဲ့သာအချိန်ကုန်နေခဲ့ပါ….။ အဲဒိသီချင်းလေးခေါင်းထဲရောက်လာလို့ ဘာသီချင်းလဲ သိတယ်နော်…….

  • koyinmaung

    January 28, 2012 at 7:17 pm

    အရင်က ဒီအနီးတဝိုက်ဦးပေါ်ဦးနဲ့ရှင်ဘုရင်တို့
    စာကားပြောခဲ့တဲ့နေရာလေးရယ်လို့တွေးမိတော့လဲ
    လွမ်းမောစရာပါဘဲလေ…….
    သမိုင်းအထောက်အထားလက်ကျန်တွေကသက်သေမဟုတ်လား

  • “ဘီလူးကြီး”ogre

    January 28, 2012 at 8:10 pm

    အင်း
    မင်းကွန်းတော့ ရောက်ဘူးတယ်
    ဒီခြင်္သေ့ကြီးတွေရဲ့ ဓါတ်ပုံတွေပြန်ကြည့်ရတာ
    မြန်မာပြည်မှာ တစ်ခုခု လိုအပ်နေသလိုပဲ ချုံတွေ ရှိမနေသင်ဘူးထင်တာပဲ
    ဒါကြီးကိုပြစားနေပြီး ..ဒါကြီးကျတော့ ဒီအတိုင်;ပစ်ထားတယ်
    အံရော မြန်မာပြည်ပဲ…. 🙁

  • TTNU

    January 28, 2012 at 9:08 pm

    ကိုပေါက်ရေ..
    ဘုရင်ကြီးက ဦးပေါ်ဦးကမေးနေတယ်၊
    ” ဟဲ့ ပေါ်ဦး … သူ့ချည်းပဲလား ” တဲ့။

    • kai

      January 31, 2012 at 4:14 am

      ဦပေါ်ဦးက..
      ဧရာဝတီမြစ်ဟိုဖက်ကမ်းကူးဖို့.. ကမ်းနားတလျှောက်ပြေးလွှားနေခဲ့တာ..

      ဘုရင်ကမေးတော့.. လှေရှာနေတာပါ……. သတဲ့လေ…။

      အဲဒါမျိုးလည်း ရှိဖူးတယ်..။

  • ဇွဲမာန်(အင်းဝ)

    January 28, 2012 at 10:27 pm

    သမိုင်းရဲ့ပုံရိပ်တွေက ရင်ထဲထိပေးစွမ်းနေတယ်လေ
    ကျန်နေသေးတဲ့ မင်းကွန်း သမိုင်းလေးကို လက်ဆော့ပေးပါအုံး အကိုပေါက်ရေ….။

  • Khin Latt

    January 28, 2012 at 10:36 pm

    ကိုပေါက်ရေ – ကျေးဇူး အကြီးကြီးပါနော်။
    ကျွန်မ မန္တလေးကို တစ်ခေါက်ဘဲ ရောက်ဘူးတယ်။ စစ်ကိုင်း နဲ့ မင်းကွန်း ကို မသွားဖြစ်ခဲ့ဘူး။
    အဲဒီ ခြင်္သေ့ ကြီးတွေ အတွက် ဦးပေါ်ဦး လျှောက်ထုံး တွေ၊ ရာဇဝင်တွေ ကြားဘူးပေမဲ့ ဓာတ်ပုံကိုတောင် မမြင်ဘူးခဲ့ဘူး။
    ဒါပထမဆုံး တွေ့ဘူးခြင်းပါဘဲ။
    ရေစပ်မှာ ရှိတဲ့ပုံ ကို ဘက်စုံ ဒေါင့်စုံ ကလှဲ့ရိုက်ရတာ လွယ်တော့မလွယ်ဘူးနော။
    တကယ်တော့ အဲဒါတွေဟာ အခုအခါမှာ တိုးရစ် တွေ ကို ဆွဲ ဆောင်မဲ့ နေရာ ဖြစ်သင့် တာမို့ ရှေးဟန်မပျက် ပြုပြင် ထိန်းသိမ်း မှုတွေ အသေအချာ လုပ်ထားသင့်ပါကြောင်း။
    နားမှာ ကြားစေတဲ့ သမိုင်းအမြင်ပုံလေး အတွက် သင်းခရု လို့ထပ်ပြောပါရစေ။

    တီချယ်ကြီး – ” ဟဲ့ ပေါ်ဦး … သူ့ချည်းပဲလား ” လို့ပေးတာ ပထမ အကြောင်း နဲ့ တော်တော်အချိန် ကွာပြီးမှ မေးတာဟုတ် ???
    အတော် မှတ်ညဏ်ကောင်း သကိုး။
    ကျွန်မ သာဆို “ဘာကိုမေးတာလဲ” လို့ပြန်မေးမှာမို့ အသတ်ခံရမလားဘဲ။ အဟိ။ 😉

    ခင်မင်လေးစားစွာဖြင့်

    • ကြောင်ကြီး

      January 29, 2012 at 12:08 pm

      အဲဒီတုန်းက အမတ်ကြီးက အတွင်းလူနဲ့ပေါင်းပြီး ရှင်ဘုရင် ဘာကြံတယ်ဆိုတာ ကြိုသိထားတာရော မဖြစ်နိုင်ဘူးလား…။

      • Khin Latt

        January 31, 2012 at 7:03 am

        ဟောဒီမှာ သူကြီးရေ – ဟဲလိုကစ်တီ ကိုကြောင်ကြီး တစ်ခုခု ထပ်ကြံ နေပြန်ပြီ။ 😀

  • ရွှေဘိုသား

    January 29, 2012 at 10:08 am

    ဒီပုံတွေကြောင့်လည်း ကမ္ဘာကျော်တဲ့ မြန်မာရွာ ဖြစ်နေတာပေါ့နော် လေးပေါက်
    ကျေးဇူးပဲ တင်ပေးလို့ လေးပေါက်တို့များ လိုင်းတွေ အများကြီးရှိတိုင်း ပုံတွေအကြီးကြီးတွေ တင်နေတာ ကျနော်မျိုးများကျတော့လည်း စာတောင် မနည်းတင်နေရတယ် ဖေကြီး သားသားကို မသနားဘူးလား အဟီး

  • Moe Z

    January 29, 2012 at 12:00 pm

    လေးပေါက်ရေ မိုးစက်မင်းကွန်းရောက်တုန်းက အဲဒီခြင်္သေ့ကြီးနဲ့ရိုက်ထားတဲ့ပုံကို face book မှာတင်ဖူးတယ် အင်္ဂလန်ကဆရာတစ်ယောက်ကအဲဒါဘာပုံလဲလို့မေးတယ် ခြင်္သေ့ဆိုတော့
    ဪ.. ခြင်္သေ့က မြန်မာတွေအတွက် အထင်ကရလားတဲ့
    အဲဒါနဲ့စာအုပ်တွေပြန်လှန်ပြီးတော့ တတ်သလောက်မှတ်သလောက် ဇာတ်စုံခင်းပြရသေးတယ် 😛

  • ဆူး

    January 30, 2012 at 4:16 pm

    အပြိုပုံကို ကြည့်ရင် အုတ်တွေ စီထားတာ ဆိုတော့ မနိုင်မနင်းတွေ ဖြစ်ပြိး ပြိုကျတာ ဖြစ်မယ်။
    အင်ဂျင်နီယာက ခေတ်မှီ နည်းပညာ မတတ်သေးလို့ ဟိဟိ..
    မြန်မာပြည်က အင်ဂျင်နီယာတွေ ခေတ်မှီ နည်းပညာ မတတ်သေးလို့ ဖြစ်မယ်။

    • Thel Nu Aye

      January 30, 2012 at 9:02 pm

      ဟုတ်တယ်။ သံချောင်းလုံးဝမသုံးထားဘူး။ အုတ်ကြီးပဲ စီထားတာ။ အဲတုန်းကဘိလပ်တောင်မပေါ်သေးဘူး။ ဘိလပ်လိုကပ်တဲ့ဟာမျိုးတွေနဲ့စီထားတာ။ ပွပွကြီးတွေပေါ့။

  • ဆူးရေ
    အဲဒီခေတ်က အဆောက်အဦဆောက်ရင် ဘိလပ်မြေမသုံးပါဘူး။
    တစ်ခုနဲ့တစ်ခုတွဲကပ်နေအောင် ဥသျှစ်သီးက ထွက်တဲ့အစေးကိုအသုံးပြုတယ်လို့သိရပါတယ်။
    အင်ဂျင်နီယာအတတ်ပညာလဲမညံ့ကြပါဘူး။
    မြစ်ကမ်းနံဘေးဆိုတော့မြေအောက်မှာရေကြောရှိနိုင်ပါတယ်။
    အောက်ခံမြေသားက မခိုင်မာတာ အဆောက်အဦအကြီး ကြီးဆောက်လို့မရနိုင်တာ ရှေးမြန်မာကြီး
    တွေ သေချာပေါက်သိမှာပါ။
    ဒါပေမယ့် ပြန်ပြောတာ ငြင်းဆန်တာကို မကြိုက်တတ်တဲ့(ခေတ်အဆက်ဆက်ပါ)အုပ်ချုပ်သူကို
    မငြင်းဝံ့ပြန်မပြောဝံ့လို့ ဒီလို အပျက်အစီးတွေဖြစ်ကုန်တာပါ။
    ဒါကတော့ ကျနော့် တစ်ယောက်ထဲရဲ့အမြင်ပါ။

  • Harumoto

    January 30, 2012 at 11:31 pm

    အဲဒါတွေက ငလျှင်ကြောင့်ပြိုသွားတာလို့ သိထားသလားလို့။
    ဟိုခေတ် ဘိလပ်မြေအစား.ထုံးနဲ့ သကာရည် တမာစေးတို့ကို သုံးကြတယ်ဆိုဘဲ..။

    • Thel Nu Aye

      January 31, 2012 at 9:31 am

      ဟုတ်ပါတယ်။ စကိုင်းငလျှင်ကြောင့်ဘုရားရော ခြင်္သေ့ပါပြိုသွားတာပါ။

Leave a Reply