နိုင်ငံတည်ဆောက်ရေးနှင့် မီဒီယာအခန်းကဏ္ဍ

klnJune 2, 20101min460

စာရေးဆရာမောင်ဝံသမှ – “THE ROLE OF MEDIA IN THE STATE BUILDING” “နိုင်ငံတည်ဆောက်ရေးနှင့် မီဒီယာအခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမည်
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံပုစွန်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းကျင်းပသည့် ဟောပြောပွဲများကို ၂၀၀၆ခုနှစ်၊ ဇန်နဝါရီလ၊ (၇) ရက်နေ့မှစ၍(၂) ပတ်လျှင်တစ်ကြိမ်ကျင်းပလျက်ရှိရာ ၂၀၁ဝခုနှစ်တွင်လည်း(၂)ပတ်လျှင်တစ်ကြိမ်ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။ ယခုကျင်းပမည့် ဟောပြောပွဲအမှတ်စဉ် (၁၁/၂၀၁၀) တွင် စာရေးဆရာမောင်ဝံသမှ – “THE ROLE OF MEDIA IN THE STATE BUILDING” “နိုင်ငံတည်ဆောက်ရေးနှင့် မီဒီယာအခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမည်ဖြစ်ပါသည်။ ၎င်းဟောပြောပွဲကို၂၀၁ဝခုနှစ်၊ ဇွန်လ (၅)ရက်(စနေနေ့) နေ့လည်(၂းဝ၀)နာရီတွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ ဘုရင့်နောင်လမ်းမကြီးနှင့် စက်မှုဆေးဝါးထောင့်၊ အနောက်ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ရန်ကုန်မြို့တို့တွင် ကျင်းပမည်ဖြစ်ရာအသင်းဝင်များနှင့် စိတ်ပါဝင်စားသူမည်သူမဆိုတက်ရောက်နိုင်ကြောင်းဖိတ်ကြားအပ်ပါသည်။