ခင့်စိတ်ဘ၀င်
ငြိမ်းအေးချင်သည်
ကြောင့်ကြဖယ်ရှင်း
မုန်းမာန်ကင်းအောင်
ဖြစ်ချင်လိုလှ ဆုတောင်းရ။ ။

ချစ်သူကွေကွင်း
ဒုက္ခတွင်းသည်
ပိန်းပိတ်အမှောင်
ဘ၀ကြောင်မို့
မကြုံလိုလှ ဆုတောင်းရ။ ။

ကြင်လျာသက်နှင်း
ခင့်ချစ်ရင်းသည်
ဆုံးတိုင်ဘဝ
ချမ်းသာရမို့
ပေါင်းဖက်လိုလှ ဆုတောင်းရ။ ။

*** လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ရေးထားဖူးတဲ့ ကဗျာလေး စာအုပ်ဗီဒိုရှင်းရင်းတွေ့တာနဲ့ ***

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....