တောင်းဆု

weiweiJanuary 28, 20121min10014

ခင့်စိတ်ဘဝင်
ငြိမ်းအေးချင်သည်
ကြောင့်ကြဖယ်ရှင်း
မုန်းမာန်ကင်းအောင်
ဖြစ်ချင်လိုလှ ဆုတောင်းရ။ ။

ချစ်သူကွေကွင်း
ဒုက္ခတွင်းသည်
ပိန်းပိတ်အမှောင်
ဘဝကြောင်မို့
မကြုံလိုလှ ဆုတောင်းရ။ ။

ကြင်လျာသက်နှင်း
ခင့်ချစ်ရင်းသည်
ဆုံးတိုင်ဘဝ
ချမ်းသာရမို့
ပေါင်းဖက်လိုလှ ဆုတောင်းရ။ ။

*** လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ရေးထားဖူးတဲ့ ကဗျာလေး စာအုပ်ဗီဒိုရှင်းရင်းတွေ့တာနဲ့ ***

14 comments

  • စိန်ပေါက်ပေါက်

    January 28, 2012 at 11:43 am

    လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ဆိုတော့
    တားတား ဂေါ်လီရိုက် သရေကွင်းပစ် ဂွေလှိမ့် တူတူပုန်းတမ်းကစား..သရက်ပင် မန်ကလာပင် တက်ကောင်းနေတုန်းပဲ ရှိသေးတယ်ဂျ
    နို ့မို ့ဆို ဆုတောင်းပြည့်အောင် အောင်တွယ်လုပ်ပေးပါတယ်.. 😀

  • kotun winlatt

    January 28, 2012 at 11:51 am

    တောင်းဆုတွေ..ခုချိန်ဆိုပြည့်နေလောက်ရောပေါ့….

    • weiwei

      January 28, 2012 at 11:59 am

      ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ….. 🙂 🙂

  • windtalker

    January 28, 2012 at 11:58 am

    ကျွန်တော် သိပ်ကြိုက်တဲ့ သီချင်းကဗျာ စာသားလေး ကတော့
    ဂျက်မြသောင်း ရဲ ့
    “ မျက်ရည်တော့ မကျနဲ ့အချစ်ရေ ၊ ဘဝဆိုတာ ပန်းခင်းလမ်း မဟုတ်ဖူး ”

  • နွယ်ပင်

    January 28, 2012 at 12:35 pm

    မဝေရဲ့ လွန်ခဲ့တဲ့ (15) နှစ်က ခံစားချက်ကို ဝင်ရောက်ခံသွားပါတယ် ….

  • MaMa

    January 28, 2012 at 5:59 pm

    ဝေဝေ
    လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ရေးတာဆိုတော့ စာရေးသက်မနည်းဘူးပဲ။
    ကိုယ်လို ရွာထဲရောက်မှ လက်တည့်စမ်းရေးတဲ့လူထက်တော့ အများကြီး သာတာပေ့ါ။

    • weiwei

      January 28, 2012 at 6:36 pm

      အဲဒီတုန်းက အတန်းထဲကကျောင်းသားတွေစုပြီး ကဗျာစာအုပ်ထုတ်မယ်ဆိုလို့ မရေးမနေရဆိုပြီး အတင်းဖျစ်ညှစ်ရေးထားတာ … နောက်တော့ မထည့်ဖြစ်လိုက်ဘူး … ကိုယ့်ဟာကိုယ်ရေးပြီး မကြိုက်လို့လေ (ရှက်တာလဲ ပါတာပေါ့ …. 🙂 )

  • naywoonni

    January 28, 2012 at 6:43 pm

    ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည်….။ မဝေရယ် ပေါ့…။ တစ်ကယ်ပြည့်တာမပြည့်တာ ကျွန်တော်နဲ့ မဆိုင်ဘူးနော်…။

  • Harumoto

    January 28, 2012 at 7:22 pm

    ဆုတောင်းမပြည့်လို့ တကိုယ်တည်း ဆိုလား……
    “ဆင်းရဲသော အိမ်နီးနားချင်းများ” မှာ ကြားမိသလားလို့ …း)

  • kokothandar

    January 29, 2012 at 9:46 am

    ယမကာလေးကပုံမှန် ဘောလုံး နှစ်လုံး သုံးလုံး ကိုလဲ မပြတ်တွယ်နေတဲ့ ချစ်သူ ဖြစ်နေရင် ဆုတောင်းမှားမိတဲ့ weiwei ရယ်လို့ ကိုယ့်ကိုကိုယ် ပြစ်တင်နေမှာလား

  • kokothandar

    January 29, 2012 at 9:49 am

    စာကျန်သွားလို့ အဲဒီ မဖြစ်စေချင်ပါ ဖြစ်ရင် တောင်းဆု မဟုတ် ခေါင်းပုဖြစ်မှာပေါ့နော်

  • ကြောင်ကြီး

    January 29, 2012 at 12:13 pm

    တောင်းဆု
    အကြောင်းပြု
    မောင်းအထုမှာ
    ဘူကနဲပေါက်..။ 😀

  • Moe Z

    January 30, 2012 at 12:50 pm

    မမဝေရဲ့ တောင်းဆုကိုဖတ်ပြီး မိုးစက်လည်း ဆုတောင်းချင်လာတယ်
    ဒါပေမယ့်သဂျီးက ဆုတောင်းတာမကြိုက်ဘူး
    သူ့ site မှာရေးတာဆိုတော့ မတောင်းတော့ပါဘူး 😛

Leave a Reply