မိတ် ဆက် ခြင်း

shwe pontJanuary 28, 20121min25127

မန်းဂေဇက်မင်ဘာဝင်တယောက်အဖြစ် အခုမှစာရင်းသွင်းဖြစ်ပေမဲ့ ဒီနေရာကိုရောက်ပြီး စာတွေဖတ်ဖြစ်ခဲ့တာ ၂ နှစ်ခန် ့ရှိတော့မည်ထင်ပါသည်။ မန်းဂေဇက် ရဲ ့စာတွေကို နေ ့စဉ် ဖတ်ဖြစ်ခဲ့လို ့ စာရေးသူများကို စိတ်ထဲကရင်းနှီးကျွမ်းဝင်နေခဲ့တာလည်းအတော်ကြာပါပြီ။ ဓါတ်ပုံတွေလည်းကြည့်၊ စာတွေလည်းဖတ်၊ ကြိုက်တဲ့စာမူတွေ ဗဟုသုတ ရစရာစာတွေကို သိမ်း၊ တွေ ့ဆုံပွဲတွေကိုလည်း အားကျ နဲ ့ မန်းဂေဇက်မင်ဘာတွေရဲ ့စည်းလုံးမှုကိုလည်း အသိအမှတ်ပြုမိခဲ့ပေမဲ့ မိမိကိုယ်တိုင် မင်ဘာတစ်ဦးဖြစ်ဖို ့တော့ ဒီနေ ့မှ အားထုတ် ဖြစ်ခဲ့တာပါ။ အမှတ်တရ ဇန်နဝါရီ 28 ရက်ပါပဲ။ စာရေးကောင်းလှသူတွေကို အားကျလှသလို မိမိကိုယ်တိုင်လည်း စာရေးကောင်းသူတစ်ယောက်ဖြစ်ချင်တာပါ။ ခုထိ မန်းဂေဇက်မှာ စာတတန် ပေတဖွဲ ့ ရေးပြီး တင်ရဲလောက်အောင် မရဲသေးပေမဲ့။ တကယ်ရေးချင်လာတဲ့တစ်ရက်မှာတော့ ကျွန်မရဲ ့ပို ့စ်လည်း မန်းဂေဇက်ပေါ်ရောက်လာကောင်း ရောက်လာဖြစ်မှာပါ။ ပထမစပြီးရေးတာမို ့ စည်းကမ်းနဲ ့မညီညွတ်တာများရှိရင်လည်း ပြုပြင်ပေးကြပါ။ ခုတော့ မန်းဂေဇက်ရဲ ့ သူကြီးနဲ ့တကွ ၊ စီနီယာမင်ဘာများကို မိတ်ဆက်ရုံပါပဲ။ ကျွန်မ ရွှေပုံ ့ ပါ။ 🙂

27 comments

  • windtalker

    January 28, 2012 at 11:57 am

    ရွှေပုံ ့ရေ ငွေအမှုန် ့တွေ ပက်ဖြန်းပြီး တော့မှ မင်္ဂလာပါခင်ဗျာ လို ့ပြောခွင့်ပြုပါခင်ဗျား ။

    • စိန်ပေါက်ပေါက်

      January 28, 2012 at 12:00 pm

      ရွှေပုံ ့ရေ
      ရွာထဲရောက်ရင် ဒီအပေါ်ဆုံးကလူကြီးကို ရှောင်ကွဲ ့
      တင်ထားတဲ့ရုပ်ကိုသာကြည့်တော့
      အူးတို ့ကတော့ သူ ့လောက်မဆိုးဘူးကွဲ ့.အူးတို ့က အေးချေး..အေးချေး
      😀

  • kotun winlatt

    January 28, 2012 at 12:01 pm

    မန်းဂေဇက်မှ…လှိုက်လှဲစွာ ကြိုဆိုပါကြောင်းး
    မရွှေပုံရေ…။

  • MAUNG

    January 28, 2012 at 12:21 pm

    ကြိုဆို ပါတယ်ဗျာ

  • နွယ်ပင်

    January 28, 2012 at 12:25 pm

    မဂင်္လာပါ ရွှေပုံ့ရေ .. နောက်ထပ်ရေးတင်မယ့် ပိုစ့်တွေကိုလည်း
    စောင့်မျှော်အားပေးနေပါတယ်နော် ……………

  • ဖားသက်ပြင်း

    January 28, 2012 at 12:51 pm

    ကြိုဇိုဘာဒယ် ခေးရယ်….

    ခေးရေးတင်သမျှ ကို စောင့်ဖတ် အားပေးနေမယ့် ….
    အာကိုဂျီး တီယောက်လုံး ချိဘာဒယ်ကွယ်…..
    😀

    အပေါ်က ကင်း-ပေ-ဖော် လူဇိုးဂျီး ၃ဖော် ကို သဒိထားပါကွယ်……

    ခင်တဲ့…
    အာကိုဂျီး…
    ဖားသက်ပြင်း…

    😀

    • MaMa

      January 28, 2012 at 5:27 pm

      သဂျီးတို့တော့ ရတနာပုံဆိုက်ကိန်းကြုံတော့မယ်ထင်တယ်။
      ဝင်လာတဲ့မန်ဘာက ရွှေပုံ့ဆိုပါလား။
      ရွာထဲခုမှရောက်ပေမယ့် ရွာပြင်ကနေ လျှောက်ပြန်သံပေးနေတာ ၂ နှစ်လောက်ရှိပြီဆိုမှတော့ ပေ့ါသေးသေးတော့ ဖြစ်မယ်မထင်မိဘူး။
      ဆိုတော့- ပြောလက်စနဲ့ ရွာ့အထာ ပေးရမယ်ဆိုရင်
      အပေါ်က သွားမရှိလို့ စကားမပီတော့တဲ့ အဘကြီးနဲ့
      ကင်း-ပေ-ဖော်ဆိုတဲ့ ခေါင်း၃လုံးရှိတဲ့ ရွာသူား စီနီယာကြီးတွေကို
      ကိုယ့်အဖိုးတွေလို သဘောထားပြီး ခင်မင်နိုင်ရင်းနှီးနိုင်ပါတယ်ကွယ် 😆

  • shwe pont

    January 28, 2012 at 1:07 pm

    ဟုတ်ကဲ့ ခုလိုနွေးထွေးစွာကြိုဆိုပေးကြသော စီနီယာများအားလုံးကို ကျေးဇူးတင်ပါတယ်။ 🙂

  • char too lan

    January 28, 2012 at 2:04 pm

    ကျေးဇူးတင်ရင် အာဘွားပေးလေ 🙂
    ဘာမှလဲဆိုင်ဘူးနော် hehee 😀

    • စိန်ပေါက်ပေါက်

      January 28, 2012 at 2:08 pm

      ဆိုင်လိုက်ပါလားတဲ့
      သဂျီးက ပြောခိုင်းလိုက်တာဘာ
      သများပြောတာဟုတ်ဘူး.
      😀

  • Thel Nu Aye

    January 28, 2012 at 2:28 pm

    ကြိုဆိုပါတယ်မရွှေပုံ။ မင်္ဂလာ————————–ဘား————————–။
    ( အဆိုတော်လေသံနှင့်ဖတ်ပါ )

  • htoosan

    January 28, 2012 at 2:45 pm

    ရဲရဲရေး ရဲရဲတင်
    ရဲရဲမြင်လိမ့်မည် …… နောက်တဝက် အမှန်တဝက်နော် .. 😀 😀
    စီနီယာ ဂျုနီယာ ရှိပါဘူးတဲ့ .. လက်သံပြောင်ဖို့ဘဲလိုတာပါတဲ့…

  • Harumoto

    January 28, 2012 at 5:03 pm

    ရွှေပုံ့ အနေမကျုံ့စေဖို့
    မင်္ဂလာစည်တော်နဲ့ ပြည်ဝင် သံသာပေးလိုက်မယ်…
    ဂေဇက်မှာ အနေမခက်ရအောင်
    ဝိုင်းဝန်းကာ ဖေးမစို့….။
    ပုလင်းသမားနဲ့လဲ အချင်းမများနဲ့
    အတင်းစကားနဲ့ ဟို မသမာကောင်တို့ အဖွဲ့ ရှောင်……
    မာမီတို့နဲ့ သင့်အောင်ပေါင်း
    ပေါက်ကရ ရှောက်ဖွတဲ့အကြောင်း
    အကောင်းလိုက်ပြော..
    ရွာထဲ တသောသော ရယ်မောပြီး
    ပျော်ရွှင်နိုင်ပါစေ……။

  • thit min

    January 28, 2012 at 8:27 pm

    လှိုက်လှဲစွာကြိုဆိုပါတယ်။
    နောက်မှ အလုပ်ပျက်(သို့) အိပ်ရေးပျက်မှန်း သိသွားတဲ့အချိန်လောက်ကြရင်
    ဂေဇက်ကို ရင်းနှီးသွားပြီလို့ သဘောပေါက်လိုက်ပါတော့။

    လေးစားပါတယ်။(^^)

  • naywoonni

    January 28, 2012 at 8:45 pm

    ကောင်းပါ့ကွယ်…။ ကိုယ်တွေ တုန်းက အဲဒိလို မိတ်ဆက်ဖို့ စိတ်ကူးပေါ်မလာဖူးဘူး…။ ning.com က ပိုက်ဆံတောင်းလို့ စာရေးစရာရှာနေတုန်း ဒီဂဇက်တက်ထဲကိုရောက်လာတာ …။ ဖတ်လည်းရေးမှာပဲ မဖတ်လည်း ရေးမှာပဲဆိုပြီး ရေးလာတာ 14 လလောက်ရှိပြီ…။ အဲဒိတော့ ရွှေပုံ့အနေနဲ့ ရေးချင်တာ ရေးစရာရှိတာ ရဲရဲတင်းတင်းသာရေးဖို့ အားပေးပါတယ်…။

  • ရွာစားကျော်

    January 28, 2012 at 8:55 pm

    ကြိုဆိုပါတယ် ရွှေပုံ့ရေ

    ကျနော်လည်း အတူတူပဲဗျ မင်ဘာဝင်ထားပေမယ့်
    ဒီနေ့မှ စပြီး ပို့စ်ရေးဖြစ်တာ
    ဖွာဖက်တော် ရွာသူရွာသားတွေမို့ အားပေးနေခင်မင်သွားပါမယ်ဗျာ
    (ဘယ်သူ ခေါ်ခေါ် မခေါ်ခေါ် အတင်းဆွေမျိုးစပ်ပစ်မှာပဲနော်..)

    • ရွာစားကျော်

      January 28, 2012 at 8:57 pm

      ရေးချင်ဇောနဲ့ ဖွားဖက်တော် ကို ဖွာဖက်တော်ဖြစ်သွားဘီ အဟီး

  • Khin Latt

    January 28, 2012 at 10:17 pm

    ရွှေပုံ့ ရေ
    ဘဝတူပါဘဲ။ ရွာပြင်မှာ လှည့်ပါတ်နေပြီးကြည့်နေတာ အချိန်အတော်ကြာမှ ရွာထဲကို ဝင်ခဲ့ပါတယ်။
    နွေးထွေးစွာကြိုဆိုပါတယ်နော်။

    @ ကိုသစ်
    “အလုပ်ပျက်(သို့) အိပ်ရေးပျက်မှန်း သိသွားတဲ့အချိန်လောက်ကြရင် ဂေဇက်ကို ရင်းနှီးသွားပြီလို့ သဘောပေါက်လိုက်ပါတော့။”
    ရာခိုင်နှုန်းပြည့် သွေးထွက်အောင် မှန်လွန်းပါ၏။

    @ ကိုနေဝန်းနီ
    ကျွန်မ လဲ ဒီလိုဘဲ မိတ်မဆက် ဘဲ ဒီအတိုင်းဝင်လာမိတာ။
    ဒီလို မိတ်ဆက် ဝင်လာတာပို ကောင်းတယ်ထင်မိတယ်။

    ရွာစားကျော် ကိုလဲ ကြိုဆိုပါတယ်နော်။

    ရေးလာမဲ့ အကြောင်းလေးတွေကိုလဲ မျှော်နေပါတယ်။ 🙂

  • စိတ်ထဲရှိတာချရေး
    ရေးရင်းနဲ့လက်သွက်
    စာကောင်းကောင်းလေးတွေထွက်လာပါမယ်
    ရွှေပုံ့ရေ ကျနော်တို့လဲ သုညက စလို့ လက်သွေးရင်း အများကြီးရေးဖြစ်သွားတာပါဗျာ။
    လက်ကမ်းလို့ကြိုပါတယ် မည်သူမဆို စာရေးချင်သူမှန်သမျှကို………………………….

  • ဇွဲမာန်(အင်းဝ)

    January 28, 2012 at 11:18 pm

    ကြိုဆိုပါတယ် ရွှေပုံ့ရေ….

  • nature

    January 28, 2012 at 11:57 pm

    သူကြီးရဲ့ မန်းဂေဇက်တော့ ရတနာပုံကိန်းဆိုက်ပြီ။ ရွှေပုံကြီးမန်းဂေဇက်ထဲကိုဝင်လာပြီတဲ့။ 🙂
    ကျွန်တော်ရေးတဲ့သက်တမ်းက ၁နှစ် ရွှေပုံ့ရဲ့ဖတ်တဲ့သက်တမ်းက ၂နှစ်ဆိုတော့ ရွှေပုံ့ကိုတောင် စီနီယာပြန်ခေါ်ရတော့မယ်ထင်တယ်။ 🙂

  • padonmar

    January 29, 2012 at 2:10 am

    မင်္ဂလာဆောင်ပါ ရွှေပုံ့၊
    ရွာလည်အုံးမယ့်သူ တစ်ယောက်တိုးပြန်ပြီပေါ့။
    သတ်ပုံအသင်းရောဝင်မလား၊ 😀

  • kyawmonkhant

    January 29, 2012 at 6:49 am

    မင်္ဂလာပါ၊ WARMLY WELCOME TO MG.

  • shwe pont

    January 29, 2012 at 10:33 am

    နွေးနွေးထွေးထွေးကြိုဆိုကြတဲ့အတွက် တကယ်ပျော်ပါတယ်။ ဖေဖော်ဝါရီမှာတော့ ရေးနိုင်အောင်ကြိုးစားပါမယ်။ ခုထက်ထိ ခေါင်းစဉ်ရှာလို ့မရသေးဘူး။ ကုန်ကြမ်းရှာထွက်ရမယ်နဲ ့တူတယ် (ဟီး) တကယ့်စာရေးဆရာကြီးတွေကအဲလိုလုပ်ကြတယ်ဆိုဘဲ..

  • ကြောင်ကြီး

    January 29, 2012 at 11:56 am

    ရွှေပုံ့
    အနေမကြုံ့ဖို့
    ရေမုန့်ကျွေးကာ
    မိတ်လိုက် (အဲ..)
    မိတ်ဆက်ချင်ပါတယ်..။ 😳

  • water-melon

    January 29, 2012 at 4:09 pm

    အနေတုပ်တဲ့
    ရွှေပုံ့ကို
    မောင်ဖရဲက ကြိုဆိုပါတယ်
    အတူအညီလိုရင်ပြောနော်
    အားမနာနဲ့
    ရွာထဲက စိန်ပေါက်ပေါက်ဆိုတဲ့ တရုတ်ကြီးကိုရှောင်
    သူက နာဘူးကြီး 😆

Leave a Reply