တံခါးစောင့် ဖတ်စာ။

black chawJanuary 28, 20121min38546

မန်းဂဇက်မှ ကျွန်တော်လေးစားသူများ စာရင်းတွင် ကိုကြောင်ကြီး နှင့် ကိုသစ်မင်းတို့သည် ရှေ့ဆုံးမှာ ရှိပါသည်။ ကိုကြောင်ကြီးကိုလည်း မရှိမဖြစ်ကြောင်ကြီး ဆိုသည့် နာမည်ဖြင့်လည်းကောင်း၊ ကိုသစ်မင်းကိုလည်း များများပေး၍ များများရသူ သစ်မင်း ဆိုသည့် နာမည်ဖြင့်လည်းကောင်း ဂုဏ်ပြုသည့်ပို့စ်လေးတွေ ရေးပေးခဲ့တာ အားလုံးအသိဖြစ်ပါသည်။
ဟိုတစ်နေ့က ကိုသစ်မင်းပို့စ်မှ စတင်၍ ကြောင်ကြီးနှင့် ကိုသစ်မင်းတို့ ပဋိပက္ခ ပုံစံဖြစ်လာသည့်အခါ ကျွန်တော် အကြီးအကျယ်ဖီလင် ဖြစ်မိပါသည်။ ဘေးမှလည်း မီးစတစ်ခုကို ဝိုင်းငြှိမ်းရမည့်အစား ပိုလောင်အောင် ဝိုင်းပြီး လေတိုက်ကြပါသည်။
ကိုကြောင်ကြီး နှင့် ကိုသစ်မင်း တို့သည် မန်းဂဇက် ၏ အမာခံတိုက်စစ်မှူး နှစ်ယောက်လည်း ဖြစ်သဖြင့် အပေးအယူ မျှမျှ ဖြင့် ဂိုးတွေသွင်းသလို ပို့စ်ကောင်းကောင်းလေးတွေလည်း ထွက်လာခဲ့ဘူးပါသည်။

၁။ ကိုကြောင်သို့….. (၁) (ဂျပန်နဲ့တို့တွေဘယ်လိုကွာ)
https://myanmargazette.net/78629/business-economy
၂။ ကိုကြောင်သို့…..(၂) (ဂျပန်ကပေးတဲ့အကောင်းဆုံးLessons )
https://myanmargazette.net/79050/business-economy
၃။ ကိုကြောင်သို့…..(၃) (တရုတ်နိုင်ငံဖွံ့ဖြိုးမှုဆိုသည်မှာ…)
https://myanmargazette.net/78787/business-economy
၄။ ကိုကြောင်ရေ ဆက်ဆွဲရအောင်
https://myanmargazette.net/80841/business-economy

ဒီအတားအဆီးတစ်ခုကို ကျော်ဖြတ်လိုက်ရင် အားလုံးပျော်စရာ ကမာ္ဘသစ်တစ်ခုကို ရောက်သွားမည်ဟု ကျွန်တော် ထင်ပါသည်။ ကျွန်တော့်အနေဖြင့် ကျန်တာတွေကို စိတ်မဝင်စားပါ။ ကိုကြောင်ကြီး နှင့် ကိုသစ်မင်းတို့ နှစ်ယောက်လုံး ရှိနေသော ရွာကြီးကိုသာ မျှော်လင့်မိပါသည်။ ထို့ကြောင့် အောက်ပါ စာစုလေးကို စေတနာ အပြည့်ဖြင့်ရေးပါသည်။ ရွာသူရွာသားတွေလည်း ဖတ်ကြည့်ပေးကြပါခင်ဗျာ။

ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင် စမ်းစစ်ကြည့်ဘူးကြပါသလား။ တစ်ခါတစ်ရံ ဘာမှ မဟုတ်တာလေးနဲ့ စိတ်ဆိုးဒေါသထွက်နေတတ်တာကို သတိပြုမိပါသလား။ စာမဖွဲ့လောက်သည့် ကိစ္စကလေးများက ဖြေရှင်းမရနိုင်သည့် ပြသနာကြီးကြီးတွေ ဖန်တီးပေးနေတာကို တွေ့လာရပါလိမ့်မယ်။
ဒီရက်ပိုင်း ရွာထဲမှာ ဖြစ်နေတဲ့ ပြသနာလေးတွေကို ပြန်စမ်းစစ်ကြည့်လိုက်တော့ စာမဖွဲ့လောက်တဲ့ ကိစ္စလေးတွေ ဖြစ်နေတာကို တွေ့ရမှာပါ။ MG သည် စစ်မြေပြင်တစ်ခု မဟုတ်ပါ။ ကျွန်တော်တို့ကလည်း MG မှာ စစ်တိုက်ဖို့ရှေ့တန်း ထွက်လာတဲ့ စစ်သည်တော်တွေ မဟုတ်ကြပါ။ သူ့အမြင် ကိုယ့်အမြင် မတူညီတဲ့ အမြင်တွေကြားမှာ မတူညီတဲ့ ကွန်းမန့်တွေနဲ့ အပြန်အလှန် ကူးလူးဆက်ဆံနေကြတဲ့ နေရာတစ်ခုမှာ အပြောအဆို မှားတာမျိုးတွေ ရှိနိုင်ပါတယ်။ ဘာသာပြန်လွဲတာမျိုးတွေ ရှိနိုင်ပါတယ်။ နားလည်မှုအလွဲလေးတွေလည်း ဖြစ်နိုင်ပါတယ်။ မေ့သင့်တာကို မေ့ပစ်လိုက်ကြစေချင်ပါတယ်။ ခင်ဗျားတို့ ပြောဆိုဆွေးနွေးနေတဲ့ အကြောင်းအရာတွေက ရပ်ကွက်အဆင့်တွေ မဟုတ်ကြပါ။ အနည်းဆုံးတိုင်းပြည်နဲ့လူမျိုးနဲ့ ချီတဲ့ အကြောင်းကိစ္စတွေ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးကိုတောင် ပြုပြင်ပြောင်းလဲစေချင်ကြ တဲ့ ကျွန်တော်တို့ ရွာသူရွာသားတွေအနေနဲ့ ကိုယ့်တစ်ဦးချင်းစီ ကရော သဘောထား ကြီးဘို့ မလိုအပ်ဘူးလား။ ဒီလို ဘာမဟုတ်တာလေးတွေနဲ့ ပြသနာ အဖြစ်ခံနေကြမှာလား။ ဆရာကြီးစတိုင်နဲ့ ဝင်ပြီး နိုင်ငံရေး အမြတ်ထုတ်ခြင်း မဟုတ်ပါ။
ဖတ်ဘူးတဲ့ စာအုပ်လေးတစ်အုပ်ထဲမှ အကြိုက်တွေ့မိသော အချက်လေးတစ်ခုကို ပြန်ရှယ်ချင်ပါတယ်။
လူတိုင်း ကို ကိုယ့်ထက်တော်သူဟု သဘောထားလိုက်ရန်ဖြစ်ပါသည်။ ရွာထဲတွင် ပို့စ်တင်သူမှန်သမျှကို ကိုယ့်ထက်တော်သည်ဟု သဘောထားလိုက်လျှင် လည်းကောင်း၊ ကွန်းမန့်ပေးသူမှန်သမျှသည် ကိုယ့်ကို သင်ခန်းစာပေး မည့်သူများဟု သဘောထားလိုက်လျှင် လည်းကောင်း မကျေနပ်မှုများ လျော့နည်းသွားပါလိမ့်မည်။ ယုတ်စွအဆုံး ရိုင်းစိုင်းစွာ ဆဲဆိုထားသော ကွန်းမန့်တစ်ခုကပင်လျှင် ကျွန်တော်တို့ကို သင်ခန်းစာတစ်ခုခု ပေးနိုင်လိမ့်မည်ဟု တွေးလိုက်လျှင် အားလုံးအိုကေသွားပါလိမ့်မည်။
ရွာသူရွာသားအားလုံးကို ကျွန်တော့်ထက်တော်သူတွေဟု သဘောထားပါသည်။
ကျွန်တော့်ကို သင်ခန်းစာပေးမည့်သူများဟုလည်း နားလည်ထားပါသည်။
သင်ယူရန်လည်း လက်ခံထားပါသည်။
အဲဒါလေးပါ။
နည်းနည်းခက်ပေမယ့် လေ့ကျင့်ယူရင် ဖြစ်နိုင်ပါတယ်ဗျာ။
စမ်းကြည့်ကြရအောင်ပါ။

46 comments

  • တားတားကတော့
    ဘာမှမတတ်လို့
    တူများတွေ ရေးတာကို အားကျပြီး ငေးမောကြည့်ရင်းရုံမျှသာပါဂျ
    တားတားကတော့ အားလုံးကို ချစ်တတ်တယ်
    မယုံရင် အချစ်ခံကြည့်ကြဗျာ
    😛

    ဘဘကြီး ဘလက် နောက်ထပ်လည်း ဝေမျှပေးပါ
    ချစ်ခင်စွာဖြင့်
    KING

  • blackchaw

    January 28, 2012 at 3:13 pm

    ကင်းရေ။
    အဲဒီအချစ်တွေကိုပဲ ကြောက်နေတာပါ။
    ဘလက် အသက် ၄၂ နှစ်ရှိပါပြီကွယ်။
    ဘဘ လောက်ဆို ရပါပြီ။
    ဘဘတော့ မကြီးပါရစေနဲ့ ဗျာ။
    အသာလုပ်ပါ။

    • စိန်ပေါက်ပေါက်

      January 28, 2012 at 3:41 pm

      ဘဘကြီးချင့်
      ဒါဟာ တစ်အူးနဲ ့ တစ်အူး ကျီစားနေတာဖစ်ပါတယ်..
      မစိုးရိမ်ပါနဲ ့
      မကြာခင် သဂျီးတပဲ့ အူးအောင်ဘု လာပြီး ရန်တိုက်..အဲ..အဲ….ဖြန်ဖြေပေးပါလိမ့်မယ်.. 😀
      (သတ်ပုံမှားရင်ခွင့်လွတ်ပါ)

  • nozomi

    January 28, 2012 at 3:19 pm

    ဒီတစ်ခါတော့ တံခါးစောင့်ကြီးကနေ မက်ဆင်ဂျာဖြစ်သွားပြီ
    ကိုချော သူများပဲ ပြောမနေနဲ့ဦး ကိုချောလဲ ရွာမှာ မရှိမဖြစ်နော ဒီပို့စ် က သက်သေတစ်ခုပေါ့
    ကျွန်တော်ငယ်ငယ်က တွေးဘူးတယ်ဗျ ဒုက္ခတွေ ငြိမ်းချင်လို့ နိဗ္ဗာန်ဆိုတာကို သွားချင်ပေမဲ့ ၊ ဒုက္ခဆိုတာ နဲနဲလေးမှတောင် မရှိတဲ့ ဘဝကြီးက ပျင်းဘို့တော်တော်ကောင်းမှာနော (ကလေး အတွေးပေါ့ 🙂 )

    အကွေ့အကောက်လုံးဝ မရှိဘဲ အရမ်းကောင်းတဲ့ လမ်းကို မောင်းနေရရင်လဲ ကြာလာရင် အိပ်ချင်လာမှာပေါ့
    ကျွန်တော်တို့ ရွာလေးလဲ စရိုက်အမျိုးမျိုး အကျင့်အထွေထွေ အယူအဆအဖုံဖုံနဲ့ လူပေါင်းစုံ ရှိနေတာကိုက ရွာပီသတယ်လိုပဲ ပြောရမယ်ထင်တယ်

    ကိစ္စတိုင်းကို ကောင်းပါတယ် ဟုတ်တာပေါ့ ဆိုတာကြီးပဲ ကျ ပျင်းစရာကြီး ၊ တစ်ခါတစ်လေ အခုလို နားလည်မှု လွဲနေတာလေးကိုက သဘာဝ တစ်ခုလို မြင်ပါတယ် ၊ ခဏ အကြာမှာပဲ တစ်ရွာလုံး အရင် လို ပျော်ပျော်ရွင်ရွင် နောက်နောက်ပြောင်ပြောင် နဲ့ နားလည်မှု ရှိရှိ ဖြစ်သွားကြမှာပါ

    ကိုရင်လို အဘတပည့် မဟုတ်ပေမဲ့ ၊ ကျွန်တော် ပြောရင် လွဲခဲတယ် ဗျ ၊ ကိုချောကြီး မယုံရင် ဘီယာကြေးလောင်းမလား

    • MaMa

      January 28, 2012 at 6:07 pm

      နိုဇိုမီရေ- ပျောက်နေတာ ကြာပါပြီကော။
      ပြန်ပေါ်လာလို့ အားတက်လှပါတယ်။

      • nozomi

        January 28, 2012 at 9:51 pm

        တစ်ခါက မိတ်ဆွေတစ်ယောက် နိုင်ငံခြားသွားဘို့ လေဆိပ်အရောက် သူ့အသိ တစ်ယောက်နဲ့ သွားတွေ့တယ် – မင်း ဘယ်သွားမှာလဲ လို့ မေးတော့ ၊ ကျွန်တော် လူ့ပြည် သွား မလို့ ဆိုတော့ ၊ ဟာ ဒါဆို ငါတို့ မြန်မာပြည်ကို ငရဲပြည်လို့ ဆိုလိုချင်တာလား ဆိုမှ မဟုတ်ပါဘူး ဗျာ ဒီနေရာက နတ်ပြည်ပါလိ်ု့ ဖြေတာလေး သတိရမိရဲ့

        ကျွန်တော် နတ်ပြည်မှာ နေတော့ ကွန်နတ်ရှင် ဆိုတာကြီးကြောင့် ရွာထဲကို ဝင်ခွင့် မရဘူး ဖြစ်နေလို့ ပျောက်နေရတာပါ ခင်ဗျာ

        အခု ခေတ္တလူ့ပြည်မို့ ရွာထဲပြန်ရောက်လာတာပါ

        • ကိုရင်စည်သူ

          January 28, 2012 at 10:08 pm

          ကိုရင်ကြီးနိုဇိုမိ… ဘယ်ကပဲ ပြန်ရောက်လာလာ..
          ဝမ်းသာစွာကြိုဆိုလျှက်ပါဗျာ…
          ကိုဘလက်ဆီက ဘီယာလောင်းတာနိုင်ရင် တားတားကို
          ခေါ်ဖို့မမေ့နဲ့နော်… အတိုကြီး… 😀 😆

          လေးစားစွာဖြင့်
          ကိုရင်မိုးတိမ်စည်သူ (ခဏ နတ်ပြည်)

    • ကိုရင်စည်သူ

      January 28, 2012 at 8:52 pm

      ကျနော်ကတော့ ကိုရင်နိုဇိုမိ ပြောတာလေးကို အပြည့်အဝထောက်ခံပါတယ်..
      ရွာမှာ အဲ့ဒီလိုဖြစ်နေတာနဲ့ပတ်သက်ပြီး ကျနော် ရုပ်ဝါဒီသဂျီးကို ဇာတ်ကောင်တည်ပြီး
      သဂျီးကျွေးတဲ့ သရက်သီးသနပ်ဆိုတဲ့ ပို့စ်မှာ ရေးခဲ့ပြီးပါပြီ… ဒီလင့်ခ်လေးမှာပါ..
      http://myanmargazette.net/88742/creative-writing
      ဆန်ကျင်ဖက်တွေ ၊ ချဲလင့်ခ်တွေ ပေါ်နေတာကို ကျနော်သဘောကျတယ်…
      ချဲ့လင့်ခ်တွေ ရှိနေတာဟာ ရွာရဲ့ လျှို့ဝှက်ရင်ခုန်ပွဲ တစ်ခုပဲ မဟုတ်ဘူးလား…
      ဘီယာကြေးလောင်းရင် ကိုရင်လည်း ကိုနိုဇိုမိဘက်ကလောင်းမယ်… ဟိဟိ.. 😆
      ရှူံးရင်လည်း ကိုနိုဇိုမိတိုက်လိမ့်မယ်… 😀 😀 😀

  • water-melon

    January 28, 2012 at 3:21 pm

    အသက် ၄ဝမှ ဘဝစတာ ကိုဘလက်ရေ
    အရွယ်ကောင်းရှိပါသေးတယ်
    ရွာထဲကလူတွေအကုန်လုံးကို လေးစားပါတယ်ဗျာ
    ပြေလည်ကြပါစေလို့ ဆန္ဒပြုရင်း

  • blackchaw

    January 28, 2012 at 5:45 pm

    ပေါက်ဖေါ်ရေ – သူတို့နှစ်ယောက် ကို ယုံပါတယ်။
    နောက်ကသွေးထိုးလှုံ့ဆော်သူတွေကို မယုံတာပါ။
    စစ်အစိုးရစကားငှားသုံးရရင်
    အဖျက်အမှောင့်သမားတွေကို မယုံတာပါ။

    ကိုနိုဇိုမိရေ – ခင်ဗျား ရဲ့ စကားတစ်ခွန်းက ကျွန်တော့်ကို အားတက်စေပါတယ်။
    ဘီယာကြေးတော့မလောင်းချင်ဘူးဗျာ။
    ကျွန်တော်က အရက်သမားပါ။ ဘီယာမတိုးတော့ပါဘူး။ ဟားဟား။

    ညီလေးဖရဲရေ – ရွာထဲက လူတွေအကုန်လုံးကို လေးစားတယ် ဆိုတဲ့ စကားလေးက
    တော်တော်လှပါတယ်ဗျာ။ အားလုံးကောင်းသွားမှာပါနော့။

  • MaMa

    January 28, 2012 at 5:47 pm

    ကိုချောရေ-အားပေးပါတယ်။
    ကိုချောလို မရေးတတ်တာပဲ ရှီတယ်။
    ခံစားချက်ခြင်းကတော့ တူတူပါပဲ။
    ရွာထဲမှာ အလွှာအမျိုးမျိုးက လူတွေ စုံနေတာကိုက
    စတုဒီသာမဏ္ဍပ်ကြီးမှာ အရသာစုံ ဟင်းမျိုးစုံနေသလိုပေ့ါ။

  • blackchaw

    January 28, 2012 at 5:59 pm

    မမရေ။
    အားပေးမှုအတွက်
    ကျေးဇူးပါဗျ။

  • weiwei

    January 28, 2012 at 6:40 pm

    ဆြာသစ်နဲ့ ဆြာကြောင်ကိုတော့ စိတ်မပူပါဘူး …
    ပဋိပက္ခဖြစ်တယ်လို့ကို မထင်လိုက်မိဘူး … အမြင်မတူတာလေးတွေ ညှိယူနေတဲ့သဘောလို့ပဲ မြင်မိပါတယ် …

  • ကြက်ဖင် ( အကယ်ဒမီ )

    January 28, 2012 at 6:58 pm

    ပြဿနာဘဲ
    ပလာဗလမ်ဘဲ
    ဒေါသချောင်းချောင်းထွက်စရာဘဲ
    ဒါ ………………………………………….ါ ါ ါ ါ ါ ါ ါ ါ ါ
    ဒီဂေဇက်တစ်ခုလုံးရဲ့ မန်ဘာတွေကို အကြီးအကျယ် ကမ်းကုန်အောင်
    မိုက်ရိုင်းစော်ကားလိုက်တာဘဲ
    ဘယ်သူခံခံ ကျုပ်မခံဘူး လုံးဝမခံဘူး ( နေ့တွက်ကိုက်ရင်တော့ တစ်မျိုးကြံဖန်ဦးမယ် 😀 )
    ရွာထဲက ဘုန်းတော်ကြီးတွေ
    ဗေဒင်ဆာတွေ
    ကဗျာဆာတွေ
    ဓာတ်ပုံဆာတွေ
    သူ့စတိုင်နဲ့သူရေးနေကြတာဘဲ
    ဒီတစ်ဝက်လုံးမှာ အဲ့သည်နှစ်ယောက် မရှိရင်မဖြစ်ဘူးဆိုတော့ ကျန်တဲ့သူတွေက ဘာတွေဒုံး
    ဒါစော်ဂါးတာ ကိုကျော်ပြီး ကားကားကြီးကိုစော်တာ
    သူကြီးမင်းအရေးယူပါ ဒီဂိတ်ပေါက်စောင့်တဲ့လူကို အရေးယူပါ

  • thit min

    January 28, 2012 at 7:36 pm

    ကိုဘလက်ရေ……..
    စိုးရိမ်ကြီးပြီး ရေးလိုက်တဲ့ ခင်ဗျားစာလေးကိုကျေးဇူးတင်ရပါတယ်။
    ၁။ ကိုကြောင်နဲ့ကျနော်တို့ကြားမှာဘာမကြေလည်မှုမှမရှိပါဘူး။
    ၂။ကိုကြောင်ကရော ကျနော်ကရော တဦးအပေါ်တဦးရှိတဲ့ ခင်မင်မှုနဲ့ လေးစားမှုဟာအပြောင်းအလဲ
    လုံးဝမရှိပါဘူး။
    ၃။ကျနော်တင်ပြခဲ့တဲ့ အယူအဆ ကို “နွယ်”ယူပြီး ကိုကြောင်ကဆက်လက်စဉ်းစားသွားတာမျိုးပါ။
    ၄။ လူအချင်းချင်း ဝေဖန်မှု(လုံးဝ)ကင်းတဲ့ အယူအဆ ဆွေးနွေးပွဲသက်သက်ပါ။
    ၅။သူ့မူအတိုင်း အဆုံးထိရောက်အောင် “သွား”တတ်လို့ ကျနော့ “ဒါရိုက်ရှင်”နဲ့ လွဲသွားတာမျိုးပါ။
    ၆။ ကျနော်တို့အိုဗာစီးမှာ ခုလိုဆွေးနွေးပွဲတွေဟာ “သမရိုးကျပါ”။ ပြင်းထန်စွာပြောဆိုမှုတွေတောင်ရှိ
    ပါသေးတယ်။ရန်ဖြစ်သလိုကြီးးလို့ တောင်မြင်ရလေ့ရှိပါတယ်။
    (အဲ လူအချင်းချင်းဝေဖန်တိုက်ခိုက်မှုတော့မလုပ်ကြပါဘူး၊)
    ၇။ကိုကြောင်နဲ့ ကျနော်တို့ရဲ့ ရင့်ကျက်မှုအတိုင်းအတာမှာ ကိုယ်ပိုင် “ပရင်စပယ်=မူ” တွေရှိပါတယ်။။
    …………..ဆိုလိုတာက သူများသွေးထိုးစကားကို နားယောင်တဲ့အဆင့်မဟုတ်ပါဘူး။

    ဆိုတာလေးကိုပြောပြပါရစေခင်ဗျာ။

    ဘာဘဲဖြစ်ဖြစ်
    ဂေဇက်ကိုချစ်တဲ့ခင်ဗျားက……
    ကျနော်နဲ့ကိုကြောင်ကိုသံယောဇဉ်ရှိတဲ့ ခင်ဗျားက…..
    ကျနော်တို့ကို စိတ်ပူစိုးရိမ်သွားတာကို လွန်စွာကျေးဇူးတင်ရပါကြောင်းထပ်ပြောရင်းနဲ့…
    ကျနော်တို့ရဲ့ စိတ်သဘောထားကို ကိုဘလက်အတွက် ရှင်းလင်းပြောပြပေးလိုက်ရပါသည်ခင်ဗျား။

    လေးစားခင်မင်စွာဖြင့်
    မောင်သစ်မင်း(^^)

    • ကြောင်ကြီး

      January 29, 2012 at 10:08 am

      ဟုတ်ပါတယ် ကိုဘလက်ချောရေ..။ ဆြာသစ်နဲ့ ကျနော့်အကြားမှာ ဘာတင်းမာမှုမှ မရှိပါဘူး။ နှစ်ဦးစလုံး နှလုံးသားရေးရာကို အလုပ်ထဲမှာ ဝင်မရှုပ်ရဘူးဆိုတာ သိထားဂျပါဒယ်။ 😳
      ရွာစောင့်နတ်ကြီအနေနဲ ကိုယ်ထင်ပြ ဆုံးမစကားဆိုလို နာယူမှတ်သား ကျေးဇူးတင်ရပါတယ်။ ဒီကိစ္စမှာ ကျနော် နားလည်မှု လွဲသွားတာလည်းပါတယ်။ နောက်တချက်က ပိုရင်းနှီးလာလို့ သူ့ကိုလည်း ယုံကြည်လို့ ပွင့်ပွင့်လင်းလင်း ပြောတာပါ။ ချစ်စခင်စ ကြင်နာစမှာ အကြည့်ချင်းဆုံ ပြုံးပြတယ်၊ ရင်းနှီးလာတော့ ဟိုကိုင်ဒီကိုင် ရှိတယ်၊ နောက်တော့ ဟိုသွားဒီသွား….ဒီလိုနဲ့ သေတပန်သက်တဆုံး ဖြစ်သွားကြသလို နင်ပဲငဆ ကွဲပြဲသွားနိုင်ပါတယ်။ တဦးနဲ့တဦး မေးထူးခေါ်ပြောနဲ့ ပြီးမသွားဘဲ ပိုမိုရဲတင်းလာတဲ့ သာမာန်ထက်ပိုထက် ဆက်ဆံရေးပါ။ နောင်လည်း ဒီလိုပဲ သွားပါအုံးမယ်။ (ဘယ်သူက ဘာဆိုတာ ပြောလိုက်ရင် နောက်တပွဲ ဆက်သွားမှာစိုးလို့ သူပြီးကိုယ့်အလှည့်လိုသာ တွေးကြည့်ပါဒေါ့…။)

  • htet way

    January 28, 2012 at 9:04 pm

    ကျွန်တော်ကတော့ မျက်စိသူငယ်နားသူငယ်ပါပဲ ကိုဘလက်
    ဝေဖန်ရေးရှိမှတိုးတက်တာပါ။
    အားလုံးကောင်းကြပါတယ်။
    ခင်ဗျားရဲ့ဂေဇက်အပေါ်မှာ အားထုတ်မူ သံယောဇဉ်ကြီးမူတွေကို
    ကျွန်တော် လေးစားပါတယ်။
    ကိုဘလက်ကျန်းမာ၍ စိတ်ချမ်းသာပါစေဗျား။

  • winzaw

    January 28, 2012 at 9:23 pm

    ဒဂါးဇောင့်ဂျီး
    ဖေးဖေးလုပ်ပါဂျာ
    အဲ နယောက် အစိဂ ဆိုလော့
    ခင်ဂျားလဲ မရေးနဲ့တော့လေ

  • Khin Latt

    January 28, 2012 at 10:05 pm

    ကိုဘလက်ရေ –
    ဆရာထက် ပြောသလိုပါဘဲ။ “ခင်ဗျားရဲ့ဂေဇက်အပေါ်မှာ အားထုတ်မူ သံယောဇဉ်ကြီးမူတွေကို” ဆိုတာ တကယ်ပါဘဲ။
    မနေ့ က ကိုဘလက်ရဲ့ စာကို အေးအေးဆေးဆေး ဖတ်ရုံမက သိမ်းပါထားချင်လို့ ကူးလိုက်တာ ၄၆ မျက်နှာ ရတယ်။ ဒီလို စာတွေကို အချိန်ယူ ဖတ် ပြီး တစ်ခြားစာဖတ် သူတွေ အတွက် ကြိုးစား မျှ ပေးနေတဲ့ ကိုဘလက် ကို အားလုံးချစ်ခင် လေးစားကြတာ အဆန်းမဟုတ်ပါဘူး။
    ဒါဟာ တော်ရုံစေတနာ၊ ဝီရိယ နဲ့မရပါဘူး။
    ကျွန်မ တို့ ကိုဘလက် ရဲ့ အနှစ်ချုပ်လေးတွေ ကို ဆက်ပြီး အားပေးနေပါတယ်။
    တံခါးစောင့် ရှိမှ ပြည်တော် ဟာလဲ ကျက်သရေ ရှိပေမပေါ့။

    နောက်ပြီး ကိုသစ်ရဲ့ “သူကြီးသို့” မှာလဲ ကိုကြောင်ကြီး နဲ့ သူတို့ နှစ်ယောက်ကြား ပြဿနာ မရှိလောက်ပါဘူး။
    တစ်ခြား တစ်ချို့ ကသာ “ဘာသာပြန်” မှားလိုက်လို့၊ နားလည်မှု လွဲခဲ့လိုက်တာထင်ပါတယ်။
    အခုတော့ သူတို့လဲ ကိုသစ် ဘာကိုဆိုလိုတယ် ဆိုတာသိလောက်ပြီ ထင်ပါတယ်။

    မမ ပြောသလိုဘဲ “စတုဒီသာမဏ္ဍပ်ကြီးမှာ အရသာစုံ ဟင်းမျိုးစုံ” ထဲက ကိုယ်နဲ့ ခံတွင်း တွေ့ရာကို မြည်းဖို့ ကိုဘလက် ရဲ့ ကဏ္ဌ္ဌ (စာလုံးပေါင်း မှန်ရဲ့လားမသိ 😉 ) က အလွန်အရေးပါတယ် ဆိုတာ ကို မမေ့ပါနဲ့ ချင့်။ 🙂

    ခင်မင်လေးစားစွာဖြင့်

    PS – ၄၂ ဆိုတော့ ကိုယ့်ထက် ငယ်နေတာ တွေ့ရသကိုး။
    တုံတုံ နဲ့ တွေ့ရင် အလန့်တကြား မဖြစ်အောင် ကြိုပြောထားတာလား။ 😉

    • MaMa

      January 29, 2012 at 6:31 pm

      မလတ်ရေ-
      (ကဏ္ဍ) ပါ။ shift+2 မှာ (ဏ္ဍ) ရှိတယ်။
      ဒါပေမယ့် မလတ်ရေးထားတဲ့ ဏ္ဌ္ဌ ဆိုတာကို ဘယ်လိုရေးရသလဲ သိချင်သား။ 😛

      • စိန်ပေါက်ပေါက်

        January 29, 2012 at 6:39 pm

        ဘာပဲဆွေးနွေး..ဆွေးနွေး
        သတ်ပုံလေးတော့ မှန်အောင်ကျင့်ကြဦးနော
        😀

  • wailinn

    January 28, 2012 at 11:01 pm

    ပါတီစုံ ဘဲ ကောင်းတယ်
    တပါတီ စနစ်ကို ဆန့်ကျင်တယ်
    လက်ရှိအစိုးရကို ဆန့်ကျင်မယ်
    မီဒီယာ လွတ်လပ်ခွင့်ပေး မပေးရင် မီးဒုတ် မီးဒုတ် ရှို့ ရှို့———–

  • padonmar

    January 29, 2012 at 2:23 am

    ကျွန်မလည်း သူတို့ နှစ်ယောက် ပဋိပက္ခဖြစ်တယ်တောင် မထင်လိုက်မိဘူး။
    အငြင်းအခုံရှိမှ တိုးတက်တယ်လေ။
    တခါတလေတော့လည်း ရွာဆူပေးမှ အိပ်ချင်ပြေတယ်။

  • ိုကိုယ်စိတ်ထဲရှိတာ တင်ပြချင်တာလေးတွေ ကိုယ်သိသလောက်ကို ကိုယ်ကြိုက်သလိုရေး။
    (သူများကို အကြောင်းမဲ့သက်သက်မဲ့စော်ကားသလို အရွဲ့တိုက်သလိုမဖြစ်ရင်တော်ပြီ)
    ဖတ်တဲ့သူက လဲ သူသဘောပေါက်သလို ကော်မင်းတွေပေး ရေးချင်ရာရေး။
    ရောက်သမျှနေရာက မြင်သမျှဓါတ်ပုံရိုက်လို့တင်။
    လှတယ်ပြောရင်တော့ အရမ်းကိုသဘောကျ။
    သူကဟာသဆို ကိုယ်ကလဲပြန်နောက်။
    အယူအဆမတူပြန်ရင်လဲ ကို်ယ်သိတာကိုယ်ပြန်ပြော။
    အများအတွက်ဘာမှအကျိုးမရှိဘူးထင်ရင်တော့ နောက်ဆုတ်နေပါတယ်။
    သက်သက်မဲ့စော်ကားတယ်ထင်ရင်တော့ စိတ်ပေါက်ရင်ချဲ။
    မန်းလေးဂေဇက်မှာ ကျနော်ရဲ့ သဘောာထားကတော့ အဲဒါပါဘဲ။

  • blackchaw

    January 29, 2012 at 12:54 pm

    weiwei – မဝေရေ။ ကျွန်တော် သင်ယူသွားပါတယ်ဗျ။
    လေးလေးစားစားကြီးကို သင်ယူသွားပါတယ်။

    ကိုသစ်မင်း – ကျွန်တော် ထပ်ပြီးသင်ယူသွားပါတယ်။
    အိုဗာဆီး မှာ ဒါတွေကအေးဆေးပါ ဆိုတာ သူကြီးရဲ့ ပို့စ်တစ်ခုထဲမှာ
    ဓါတ်ပုံနဲ့တကွ ဖတ်ဘူးပါတယ်။
    အေးအေးဆေးဆေး ဆိုလို့လည်း ဝမ်းသာရပါတယ်။

    ကိုထက်ဝေး – ကွန်းမန့်လေးအတွက် ကျေးဇူးတင်ပါတယ်။

    မခင်လတ် – ကျွန်တော် ရွာထဲဝင်လာကတည်းက အသက်ကို ကြေညာထားပြီးသားပါ။
    နားလည်မှုလွဲတာက ကျွန်တော်တစ်ယောက်တည်းပါ။
    ဒါနောက်ဆုံးပါ။ ဒီလိုသူများတွေကြားဝင်တာ ဒါနောက်ဆုံးပါ။
    ဆရာတွေကို ဆရာဝင်လုပ်သလိုဖြစ်သွားတာလည်း အားလုံးကို တောင်းပန်ပါတယ်။

    မပဒုမ္မာ – ဟုတ်ကဲ့ပါ အစ်မရေ။ ကျွန်တော် မှတ်သားထားပါပြီ။

    ကိုပေါက် – မှတ်သားသွားပါတယ်ဗျာ။

  • blackchaw

    January 29, 2012 at 1:17 pm

    ကိုကြောင်ကြီးရေ။
    ကျွန်တော် ဉာဏ်ရည်နိမ့်သွားပါတယ်။
    ခင်ဗျားတို့ ကို အထင်သေးသလိုဖြစ်သွားတာ တောင်းပန်ပါတယ်။
    ဒီပို့စ်လေးက မလိုအပ်ပဲရေးလိုက်မိသလို ဖြစ်သွားလို့ အားလုံးကိုတောင်းပန်ပါတယ်။
    အဲဒီတော့ မလိုအပ်ပဲ နှမ်းဝင်ဖြူးမိတဲ့ ဘလက်ကို ခွင့်လွှတ်ပေးကြပါဗျာ။
    နောက်ကို ဘယ်ကြားမှ မဝင်တော့ပါဘူး ခင်ဗျာ။

  • thit min

    January 29, 2012 at 2:49 pm

    ကိုဘလက်ရေ
    အဲဒီလိုကြီးတော့ မဟုတ်ပါဘူးဗျာ။
    လူသားဆန်စွာ အချင်းချင်းပြေလည်စေချင်တဲ့ ခင်ဗျားရဲ့စေတနာကိုလေးစားပြီးသားပါ။
    ပြီးတော့ ကိုဘလက်ပြောတဲ့ ကြားဝင်သွေးထိုးဆိုတာတွေကလဲ တကယ် ရှိနေတာ ကော်မန့်
    တွေအရ သိတယ် ဆိုတော့ ကိုဘလက်ရဲ့ သတိပေးမှုက ကျနော်တို့အပြင်
    တခြားသူတွေအတွက်လဲ တော်တော် အသုံးဝင်ပါတယ်ဗျာ။
    အဲဒီလူဟာ အိုင်ပီတခုထဲနဲ့ ဟိုလိုကော်မန့်ပေးလိုက် ဒီလိုကော်မန့်ရေးလိုက်နဲ့ လုပ်နေတာ
    မြင်နေရတယ်။ တခါ တခါ အီးမေးလ်ကြီးတောင် တူတူကြီးနဲ့ နာမည်က ခုတမျိုးတော်ကြာ
    တမျိုးဗျ။
    မသိတဲ့ လူတွေအတွက်တော့ အထင်မှားစရာပေါ့ဗျာ။ သူက “လုပ်နေကြဘဲဗျ”။ခုမှလုပ်တာတော့
    မဟုတ်ပါဘူး။
    အဲဒီမှာ တခုအမြတ်ရသွားတာက ပို့စ်တခုကို ပေးတဲ့ ကော်မန့်ရဲ့လမ်းကြောင်းကို လူတော်တော်
    များများ ဇဝေဇဝါ ဖြစ်တတ်တယ်ဆိုတာပါဘဲ။
    ကော်မန့်ပေးသူက သူလိုရာကို ယူပြီးတခုရေး၊နောက်နာမည်ပြောင်းပြီး နောက်တယောက်လိုလိုနဲ့
    ထပ်ဆင့် အချွန်နဲ့မ။ အဲဒီလိုနဲ့ လမ်းကြောင်းဖော်သွားတာကို သိရလို့ အဲဒီသဘောတရားကို
    ကောင်းကောင်းကြီးနားလည်သွားတယ်ဗျ။
    ဒါ့ကြောင့် အဲဒီဟာ ကို စိုးရိမ်သွားတဲ့ ခင်ဗျား မှန်ပါတယ်။
    အဲဒီအတွက် ခင်ဗျား ဘယ်သူ့ကိုမှ တောင်းပန်နေစရာမလိုပါဘူးဗျာ။
    ခင်ဗျား ခင်လို့၊မင်လို့၊ စိတ်ပူလို့စေတနာနဲ့ ပြောတဲ့ စကားတွေ “အဟောသိကံ” မဖြစ်ပါဘူး။
    စိတ်မကောင်းမဖြစ်ပါနဲ့ ဗျာ။
    ကျနော်တို့အားလုံး ရဲ့ ခင်မင်မှုကို ဘယ်လိုအနှောင့်အယှက်မျိုးကမှ ဖျက်စီးလို့မရပါဘူးဗျာ။
    ကိုဘလက် ရွှင်လန်းချမ်းမြေ့ပါစေ။
    လေးစားစွာ
    မောင်သစ်မင်း(^^)

    • ဘမျိုး ဘိုးတူ

      January 29, 2012 at 7:08 pm

      မောင်သစ်မင်း ရေးသားပုံ ကြည့်ရတာ တစ်ဖြည်းဖြည်း ဂေးနဲ့ တူနေပီကွယ်။
      ကိုယ့်လမ်းကို ကိုယ် ဆက်လျှောက်ပါလေ ။ အရမ်းကြီး မခံစားပါနဲ့လား ။
      စာရေးတင်လိုက်ပီ ဆိုကတည်းက အပြောအဆို ခံနိုင်ရပေမပေါ့ ။
      သည်းခံစိတ် များများမွေး မှ ကြည့်ရတာ သင့်တော်မပေါ့ကွယ် ။

      • ဘမျိုး ဘိုးတူ

        January 29, 2012 at 7:15 pm

        ကိုယ့်လူကို ချဲလင့်လုပ်နေတာ၊ ဆန့်ကျင်ဘက် သဘောနဲ့ အကျိုးပြုနေတာ၊ ဆန့်ကျင်ဘက်ဆိုတာ ပြီးပြည့်စုံခြင်းကို ကူညီတဲ့ တန်ခိုးရှင်တစ်မျိုးဖြစ်တယ် ကိုယ့်လူ၊ ဆန်ကျင့်ဘက်တွေ့တိုင်း “ငါ့ကို ကူညီဖို့ရောက်လာပြီ”ဆိုပြီး အရိုအသေပေးတတ်အောင် လေ့ကျင့်ထားစမ်းပါ။

        အဲဒီလိုမလုပ်တတ်ဘဲ ဆန့်ကျင်ဘက်တွေ့တိုင်း စိတ်အနှောက်အယှက် ဖြစ်မယ်ဆိုရင် ကိုယ့်လူ ရူးသွားလိမ့်မယ်
        ဒီ မှတ်ချက်လေးက မဆိုးနိုင်လောက်ဘူး မောင်သစ်မင်းရေ ။

  • kai

    January 29, 2012 at 2:53 pm

    တခါးမှုးပါဆိုနေမှ.. စိတ်ပူတာပေါ့..
    ရေးတင်လိုက်တော့လည်း.. စိတ်ထဲ…ရှင်းလင်းသွားတာပေါ့ဗျာ…။

    ယူအက်စ်မှာ… အခု.. သမ္မတအိုဘားမားကိုအပြုတ်နှံမယ်ဆိုတဲ့.. ရီပါ့ဗလစ်ကန်င်ပါတီက.. သမ္မတလောင်းတွေ.. ဒီဘိတ်လုပ်နေတယ်လေ..။ တီဗီမှာတောက်လျှောက်ကို.. လွှင့်နေပါတယ်..။
    နိုဝင်ဘာ ရွေးကောက်ပွဲအတွက်ပေါ့..
    တလုံးချင်း.. တပိုဒ်ချင်းဆီက.. အင်မတန်စိတ်ဝင်စားစရာကောင်းတယ်..။
    ပုဂ္ဂိုလ်ရေးလည်း ..ချကြပြောကြတာပဲ..။ လာဘ်စားတဲ့အကြောင်း.. မင်းစားတယ်..။ ငါမစားဘူးပြောတာပဲ..။
    မင်းအယူအဆမှားတယ်.။ ငါကမှန်တယ် လုပ်တာပဲ..။

    ဒါပေမဲ့…
    အချိန်တန်ရင်.. ညစာတူတူပြန်စား..အလုပ်တူတူပြန်လုပ်.. တိုင်ပင်နှီးနှောနေကြတာပါပဲ..။ 🙂

    • thit min

      January 29, 2012 at 3:13 pm

      ဪ သူကြီးက သူ့တံခါးမှူး ကြတော့ ချစ်သားဗျ။
      ဟုတ်ပသူကြီးရေ။
      ဒီစာလေးကတော့
      ကိုဘလက်က တော်တော်လေးချစ်ဖို့ကောင်းသော တံခါးစောင့်ဖြစ်ကြောင်း
      မှတ်တမ်းဝင်သွားတာပါဘဲဗျို့။

  • alinsett

    January 29, 2012 at 6:50 pm

    ကိုဘလက်ေ၇…။
    ဂေဇက်ဟာ စစ်မြေ မဟုတ်သလို…ကျွန်တော်တို ့သည်လည်း..စစ်တိုက်ဖို ့ထွက်လာကြသူတွေ မဟုတ်ပါဘူး…ဆိုတဲ ့စကားလေးကို လက်ခံ သဘောကျပါတယ်။

    ကျွန်တော်လည်း..စစ်တွေကို စိတ်ပျက်လွန်းလို ့ စစ်ကားတောင် မကြည့်ဖြစ်သလောက်ပါပဲ။

    ဒီ ဝက်ဘ်ဆိုက်လေးရဲ ့အဝင်မျာ သင်နှင့်ငြိမ်းချမ်းရေးကိုသာ ဝင်ခွင့်ပြုမည်..ဆိုတဲ ့
    စာသားလေးကိုလည်း သဘောကျတာနဲ ့ ကျွန်တော် ဂေဇက်ထဲ.ရောက်ခဲ ့ရပါတယ်။

    အဲဒီ စာသားနဲ ့ ဆင်တူသလိုရှိတဲ ့..ဆရာတာရာမင်ဝေရဲ ့
    သင်နှင့် နံနက်ခင်းကိုသာ ဝင်ခွင့်ပြုမည်..ဆိုတဲ ့ စာအုပ်ကိုလည်း..
    သတိရသွားပါတယ် ။
    ဘာမီတော့ မဆိုင်ဘူးပေါ့ ။စာပေသမား..ဖြစ်ချင်တဲ့ကောင်လေးဆိုတော့ စာအုပ်နဲ ့ ပက်သက်အောင် လျှောက်ပြောမိတာ..။

    လေးစားစွာ…

  • kotun winlatt

    January 29, 2012 at 7:07 pm

    လွတ်လပ်စွာသဘောထားကွဲလွဲတာကိုလက်ခံနိုင်ပေမယ့်
    ဆွေးနွေးမှုသဘောမဆောင်ပဲ ငြင်းခုန်မှုကနေ
    ဒေါသတွေပါလားပြီး ရန်ပွဲဆီကို ဦးမတည်သွားအောင်
    ထိန်းသိမ်းပေးနိုင်မဲ့လူမျိုးလိုတာအမှန်ပါ…
    ဦးးးးဦးးးးဘလက်ရေ…။

  • ko ko soegyi

    January 29, 2012 at 7:53 pm

    ရွာဆူနေတဲ့အသံကြား နေရတော့ဝမ်းသာသားပဲ.. ဟဲဟဲ.. အရင်တုန်းက အဆောင်နေကျောင်းသားများလိုပေါ့… ဆူညံနေရင်ကောင်းသော လက္ခဏာပဲ.. အဲ ငြိမ်နေပြီဆိုရင်တော့ မကောင်း တာတစ်ခုခု ကြံနေတာပဲတဲ့.. (ဒီနေ့မှ ရှေးဟောင်း ကျောင်းသားဆိုးကြီး တစ်ယောက်ကပြောလို့ သိရတာပါ… ကျွန်တော်ကတော့ မသိဘူး)

  • ရွာစားကျော်

    January 29, 2012 at 8:08 pm

    အမြည်းမရှိလို့ အာပူသွားကြတာပါ
    ဘာမှမစိုးရိမ်ဘာနဲ့
    သောက်ဖော်သောက်ဖက် အဲ.. ရေးဖော်ရေးဖက်တွေပဲဟာ နော့်..

  • ဖွတ်ငပျင်း

    January 29, 2012 at 8:48 pm

    မျက်စိကျယ်ပီး အပျင်းပြေသွားပီ
    အစောင့်ကြီး ရေ အတည့် အစောင်း ချောင်းမြောင်းရေးအူး
    ဒါမှ အပျင်းပြေမှာ
    ပုံ
    ဖွတ်ငပျင်း

  • ဒါပေမယ့် မလတ်ရေးထားတဲ့ ဏ္ဌ္ဌ ဆိုတာကို ဘယ်လိုရေးရသလဲ သိချင်သား။ 😛
    မမရေ မတွေ့ဘူးသလောက်ဘဲဗျာ။

  • တွေ့ပြီ မမရေ

    ပုံသဏ္ဌာန်
    စိတ်သဏ္ဌန်ဆိုတဲ့ နေရာမှာသုံးပါသတဲ့။
    ဇွဲမာန်(အင်းဝ)ကရှာပေးတာပါဗျာ။

  • Khin Latt

    January 29, 2012 at 11:22 pm

    ကျေးဇူးဘဲ မမ၊ ကိုပေါက် နဲ့ ဇွဲမာန်(အင်းဝ) ရေ။
    ကျွန်မ လဲ အမှားလို့တော့ သိတယ်။ တစ်ချို့ကို ပေါင်းကြည့် လဲ မဟုတ်ဘူး ဆိုတာသိတယ်။
    အခု တော့ ကဏ္ဍရော၊ ပုံသဏ္ဌာန် နဲ့ စိတ်သဏ္ဌန် ရော စာနွေးပြီးဖြစ်သွားပြီ။

    သတိပေးလို့ သင်းခရူပါ … အိမ်ရှေ့စံ စိန်မျောက် (အဲ) စိန်ပေါက်ပေါက် ရေ။ 🙂

  • Khin Latt

    January 29, 2012 at 11:26 pm

    ကိုဘလက် ရေ – ဒါ ဆရာ လုပ်တာမဟုတ်ပါဘူး။ ပြောသင့်တာကို ပြောတာပါ။
    အဲလိုပြောတဲ့သူရှိတာ ကောင်းချက်ပါ။
    အဲလိုမှ မပြောဆို၊ မဆွေးနွေးကျရင် ကျွန်မတို့ ဒုံရင်း ဒုံရင်း ဘဲဖြစ်နေမှာပေါ့။
    ဘယ်လို ရှေ့ကိုဆက်တက်ကြပါ့မလဲ။ မဟုတ်လား။ 🙂

  • padonmar

    January 29, 2012 at 11:39 pm

    မားမာမိုးမွန်မတ်ကင်း မှ သတ်ပုံပြင်ပါမည်၊
    ပုံသဏ္ဌာန် မှန်ပေမယ့် စိတ်သန္တာန်လို့ ရေးရပါမည်၊ 😀

    မမသိချင်တာက how to type ဏ္ဌ္ဌ ဖြစ်ပါမယ်။ကျွန်မလည်း မသိပါ။

    ကိုဘလက် စိတ်ပူတာတွေလျော့အောင် ဝိုင်းဖြေသိမ့်ပေးနေကြတာပါ။
    ကြားဝင်တယ်လို့ မထင်ပါဘူး။
    နောင်လည်း ရွာဆူရင် အကြီးလည်းတော် အငယ်လည်းတော်တော့လို့ ဝင်ဆွဲပေးပါအုံး။ 😀

    • Khin Latt

      January 30, 2012 at 4:43 am

      အစ်မ ပဒုမ္မာ – ပြင်ဆင်ချက်လေး အတွက် ကျေးကျေး ပါ။
      မမ ရေ – တို့ စာရိုက်တာ သူများတွေ လို အဆင့်မြင့် မြန်မာကီးဘုတ် လက်ကွက် နဲ့ မဟုတ်ဘူး။
      Burglish နဲ့။ အဲဒီမှာ ” ္ဌ” လေးပါတယ်။ ဏ ရဲ့ အောက်က ဏ အသေးလေး ဏ္ဍ ကို မတွေ့ဘူး။
      အမှန်က မြန်မာ ကီးဘုတ် နဲ့ စနစ်တကျ ရိုက်တတ်ဖို့ကောင်းတာ။ :opps:

    • ကြောင်ကြီး

      January 30, 2012 at 8:57 am

      ~ shift X ပူးတွဲရိုက်ရင် -္ဌ ရပါတယ်။ ဏ္ဌ ဏ္ဌ ဏ္ဌ ကိုလိုချင်ရင် ဏနဲ့တွဲရိုက်ပါ။။
      ပုံ
      သတ်ပုံပညာရှိအကျော်တို့၏ဆြာပြင်ညာယှိကြောင်ကြီး..

  • ဦးဦးပါလေရာ

    January 29, 2012 at 11:40 pm

    ဒီပိုစ့်ကနေ ကိုဘလက်ချောရဲ့
    ရွာအပေါ်ထားတဲ့စေတနာနဲ့ သံယောဇဉ်အတိမ်အနက်ကို
    မြင်လိုက်ရပါတယ်။

    စာ ဆိုတာ ရေးတဲ့သူရဲ့စိတ်ထားစေတနာကို ရောင်ပြန်ဟပ်လေ့ရှိပါတယ်။
    ကိုဘလက်ရေးတဲ့စာကိုဖတ်ရင်း
    ကိုဘလက်စိတ်ကိုလဲ ဖတ်မိလို့
    အရင်ထက်ကို ပိုလို့ လေးစားမိပါတယ်။

    ကိုသစ်မင်းရေးတဲ့စာလေး ပြန်ကုတ်လိုက်ချင်ပါတယ်-…..

    “ဒီစာလေးကတော့
    ကိုဘလက်က တော်တော်လေးချစ်ဖို့ကောင်းသော တံခါးစောင့်ဖြစ်ကြောင်း
    မှတ်တမ်းဝင်သွားတာပါဘဲဗျို့။….” …..တဲ့

Leave a Reply