ကျင်ငယ်စွန် ့တဲ့ကြွေခွက် က ..အနုပညာ ပစ္စည်း..တဲ့..။

alinsettJanuary 28, 20121min16912

ပြင်သစ်လူမျိုး ပန်းချီဆရာကြီး.. MERCEL DUCHAMP .. ( 1887 – 1968 ) ဆိုသူတစ်ဦး ရှိခဲ့ပါတယ်။

အနုပညာလောက တစ်ခုလုံးကို ပြဿနာ တွေ..၊ အငြင်းပွါးဖွယ်ရာတွေ…အများကြီး ဖြစ်အောင်..ပွဲ..လှုပ်ခဲ့သူ

ကြီး..လို ့….ဆိုကြပါတယ်။ ဘာကြောင့် လဲ…။
__________________________________________________

ဘာကြောင့်လဲ..ဆိုတော့..

1917 ခုနှစ် ၊ နယူးယောက် ပန်းချီပြပွဲတစ်ခုမှာ…

သူ..တင်ပြခဲ့တဲ့ အနုပညာပစ္စည်း ဟာ….

ကျင်ငယ်စွန် ့တဲ့ ကြွေခွက် တစ်လုံး….ဖြစ်နေလို ့ပါ။

ကျင်ငယ်စွန် ့တဲ့ကြွေခွက်ပေါ်မှာ M . RUTT ..ဆိုတဲ့ ဆူဒိုနင် ကလောင်အမည် နဲ ့ လက်မှတ်ထိုးပြီး

ပြပွဲ..ကို တင်သွင်းလိုက်တယ်..။

ကြွေခွက်ကို အနုပညာပစ္စည်း တစ်ခုအဖြစ် ( ပန်းပုရုပ် တစ်ရုပ်ပေါ့လေ..) ရေပန်း / FOUNTAIN ဆိုတဲ့

အမည် နဲ ့ တင်ပြတယ်..တဲ့ ။

အဲင်္ဒီပြပွဲ ကို ခင်းကျင်းပြသဖို ့ ဦးဆောင်သူတွေ ထဲမှာ.. DUCHAMP .. လည်း ပါ ပါတယ်။

နယူးယောက် ပန်းချီပြပွဲကလည်း…သူ ့ရဲ့ ကျင်ငယ်စွန် ့တဲ့ကြွေခွက်ကြိးကို ပြခွင့်မပြုဘူး။

DUCHAMP ..ကိုယ်တိုင်လည်း…ဂျူရီ လူကြီး..အဖြစ်ကနေ..နှုတ်ထွက်လိုက်တယ်..တဲ့။

ကမ္ဘာ ့အနုပညာလောက တစ်ခုလုံးလည်း ပွက်လောရိုက်သွားပါတယ်။

_________________________________________________

အဲဒီ ဖြစ်ရပ် ဖြစ်အပြီးမှာ… …. …

“” စိတ်ကူးအဓိက အနုပညာ / CONCEPTUAL ART “”

ဆိုတဲ့… အနုပညာ အယူအဆ တစ်ခု ဖြစ်ပေါ် ခဲ့ပါတယ်။

အဲဒီ အယူအဆ အရ…

အနုပညာ ဆိုတာဟာ…. စိတ်ကူး သာ အဓိက ပဲ..တဲ့။

နောက်ဆုံး ရလဒ်..၊ ထွက်ပေါ်လာတဲ့ အနုပညာပစ္စည်း (ပုံသဏ္ဍာန် ) က အရေးမကြ်ီးဘူး..တဲ့။

ဘယ် ပစ္စည်းနဲ့မဆို အနုပညာ ဖန်တီးလို ့ရတယ်။ ကိုယ်တိုင်….ဖန်တိးတာပဲ.ဖြစ်ဖြစ်…၊

လုပ်ထားပြိးသား… ၊ ရှိနှင့်ပြိးသား . အရာဝတ္ထုတစ်ခုခု ( ဘယ်အရာ ဝတ္ထုကိုမဆိုု ..)

ယူ ပြပြိး…..ဒါ အနုပညာပဲ…လို ့ ပြောလို ့ရတယ်..တဲ့။

________________________________________

ဘယ်လို အယူအဆကြီးပါလိမ့် …………… … လို ့……

ပုူညံပူညံ…ပြောစရာတွေ..ရှိလာပါတယ်။

( CONCEPTUAL ART အကြောင်းကို… အကျယ်တဝင့် မပြောနိုင်သေးပါဘူူး။

သဘောအချုပ်လောက်ကိုပဲ..တင်ပြခဲ့ပါတယ်။

ကျွန်တော့်ရဲ့ ကျေးဇူးရှင် ဆရာကြီး.ဇော်ဇော်အောင်…ပြောခဲ့သလို..( ပြောနေသလိုပါပဲ..)

ကျွန်တော်တို ့ အရမ်း နောက်ကျနေပါတယ် ။ စာအုပ်စာတမ်းတွေ..၊ အချက်အလက်တွေ..

အများကြီး..လိုအပ်နေပါသေးတယ်။

အခု သုံးခဲ့တဲ့ .CONCEPTUAL ART ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို..

စိတ်ကူးအဓိကအနုပညာ….လို ့ပဲ…သမားစဉ်ဆက် သုံးခဲ့ကြသလို..သုံးပါတယ်။

အင်္ဂလိပ် –မြန်မာ အဘိဓာန် ထဲက အဓိပ္ပါယ် ကို ကျွန်တော် ရှောင်ပါတယ်။ ။)

စိတ်ကူးကိုပဲ.. အဓိက ထားတော့…. အင်း………………………..

. ……………………………………………………..

အနုပညာ ပစ္စည်းဆိုတာက ဘာကြီးပဲ.ဖြစ်နေဖြစ်နေ……….

။။ ။။ ဆိုတော့…. ဘယ်အရာမဆို အနုပညာပစ္စည်း ဖြစ်နိုင်တယ်.. ။

ဘယ်သူမဆို အနုပညာ ဖန်တီးနိုင်တယ်…. ။ ဒါဖြင့် …….

……………………………………………..
……………………………………………

ကျွန်တော်..ဆက်တွေးပါတယ်။

ကျွန်တော် တွေးတာတွေကို အကျယ်တဝင့် ပြောဖို ့ မရည်ရွယ်ပါဘူး။

ဒီဆောင်းပါးရဲ ့ရည်ရွယ်ချက်ကိုက….

ထူးခြားတဲ ့ အနုပညာ တင်ပြမှုတွေနဲ ့ ထူးခြားတဲ့ အနုပညာဆိုင်ရာ အယူအဆတွေကို…ပြန်လည် တင်ြပြရုံ

သက်သက်ပါပဲ..။

_____________________________________________

ဒီလို…အနုပညာ တင်ပြမှုမျိုး.ရှိခဲ့တယ်။

ဒီလို အနုပညာ အယူအဆ တစ်ခု ပေါ်ပေါက်ခဲ့တယ်။

ဒါကို ..ကျွန်တော်က တဆင့်ပြန်လည်…တင်ပြတယ်…။ ဒါပါပဲ..။

ကျွန်တော့်ရဲ ့ စာဖတ်သူ မိတ်ဆွေများ…နဲ ့

အနုပညာ လေ့လာသူများ…ဆက်လက် တွေးတော ခံစားကြည့်ကြစေချင်ပါတယ်။

အနုပညာ ရဲ ့ အလင်းရောင်တွေဆီ….

ဆက်လက် ချီတက်ကြပါစို ့……..။

လေးစားစွာဖြင့်…

အလင်းဆက်

21 . 1 ။2012 . 21 း 10 …PM

12 comments

  • alinsett

    January 28, 2012 at 7:20 pm

    စကားမကျန်အောင် ရှင်းပြခဲ့ရ ရင်..

    ကျွန်တော်..လည်း အဲဒီ အယူအဆ ကြိးကို ချစ်ရ မလိုလို မုန်းရမလိုလို ဖြစ်တုန်းရှိပါသေးတယ် ။

    ချစ်လို ့လည်း မရ ချင်ပေမယ့် ..မုန်းလို ့လည်း မရနိုင်သေးဘူး ဆိုပါတော့ ။ ဘာပဲ..ပြောပြော..အနုပညာ မြတ်နိုးသူတွေ အနေနဲ ့လေးစား..မှတ်သားသင့်တယ်..လို ့ ထင်မြင်မိပါတယ် ။

    DUCHAMP.. ရဲ ့ အနုပညာ တင်ပြမှု..( ကျင်ငယ်စွန် ့တဲ့ကြွေခွက် ..) ကို..

    အနုပညာပစ္စည်း…အဖြစ် လက်ခံ သင့်လား..လက် မခံ သင့်ဘူးလားဆိုတာကိုလည်း..ခုထိ မဆုံ့းဖြတ်နိုင်သေးပါဘူး။

    စာချစ်သူ မိတ်ဆွေများ…အားလုံးးကို ခင်မင်လေးစားခြင်းများစွာ..နဲ ့

    alinsett.art@gmail.com

  • koyinmaung

    January 28, 2012 at 7:37 pm

    အင်….ကိုအလင်းဆက်ရေ
    နွားချေးပုံအခြောက်ကြီးကိုစာကပ်ပြီး
    တင်ပြရင်လဲဒီလူတွေအနုပညာမျက်လုံးနဲ့ကြည့်နေအုံးမှာ…ဗျာ
    ဟဲဟဲ……

  • thit min

    January 28, 2012 at 8:11 pm

    ကိုအလင်းဆက်ရေ……..
    မတွေ့တာကြာပြီဗျာနော်။
    ကျနော့ဆီမီနာမှာ ကော်မန့်ဝင်ပေးသွားတာ ကျေးဇူးတင်ကြောင်း ဒီမှာဘဲ တဆက်တည်း
    ပြောပါစေဗျာ။
    ခင်ဗျား အဲဒီလို စ၊စပေးလိုက်တိုင်း ကျနော်က ဆရာဦးဇော်မြင့်ကိုသတိရ။
    ယုဇနမခင်ပျိုကို သတိရ။ နောက်တော့ ဟိုးအရင် စိုးအောင်၊မြတ်သစ်တို့အတွဲထဲက
    ငပြောင်ကြီး မြတ်သစ်ကို သတိယနဲ့ “စိတ်အလုပ်ရှုပ်”သွားတယ်ဗျ။
    ဪ စိတ်ဆိုလို့။ဟိုနေ့က စိတ်ဆစ်ရုပ် ဆိုတဲ့ ကဗျာတပုဒ်ရေးမိရင်းနဲ့ ကိုဘလက်ချောက
    ကဗျာတပုဒ်တင်လာလို့ အဲဒီကိုသွားပြီး ၊ စိတ်ဆစ်ရုပ်ရဲ့ အရိပ်လေး တခု ချပြမိတုန်း
    ကိုအလင်းဆက် ကို သတိရလိုက်မိသေးပါရဲ့ဗျာ။
    ——————————————-
    ခုအလင်းဆက်ရဲ့ ပို့စ်လိုပါဘဲ လူအမျိုးမျိုးက အနုပညာကို ပုံစံအမျိုးမျိုးနဲ့ တင်ပြကြတာ
    ထူးခြားစွဲဆောင်စေချင်တဲ့ သူတို့ရဲ့ “Attention Seeker” စိတ်ဓာတ်အရပါ။ သူတို့ကိုလူတွေ
    အာရုံစိုက်မှုလွန်ကဲစွာလိုချင်သူများပေါ့ဗျာ။
    ဂျာမနီမှာရှိတဲ့ နာမည်ကျော်ပန်းချီ ဆရာ တယောက်ဟာ စုတ်တံအစား သူ့ဘော်ဒီ ကိုသုံးပြီး
    ပန်းချီဆွဲတာ ဂျပန်တီဗီမှာပြဘူးတယ်ဗျ။ စပရရေးဗူးနဲ့ စက္က္က္က္ကန့်ပိုင်းအတွင်းအရမ်းလှအောင်ပန်းချီ
    ဆွဲသူတွေလဲ သိမှာပါ။
    လတ်တလော ရှိတာပြောရရင် ဖန်ထည်ပစ္စည်းထုတ်တဲ ့ကန်ပနီတခု က သူ့ဖန်ထည်တွေကိုပြခန်း
    လုပ်ထားတာရှိတယ်။။
    အဲဒီမှာ ကိုရီးယားက ပညာရှင်တယောက်ရဲ့ အထူးပြခန်းဖိတ်စာရလို့ သွားကြည့်မိပါတယ်။
    လား လား ဖန်ခွက်၊ပုလင်း ကွဲ တွေကို ကြဲချထားတဲ့ အပုံကြီးဗျ။ ရောင်စုံတွေပေါ့နော်။
    ပြီးတော့ နောက်တခုက သစ်ရွက်ခြောက်အပုံကြီးဗျ။ အဲလိုတွေ။
    ကြည့်ရတာ အတွေးစပါတဲ့ စိတ်ခံစားချက် တခုခုကို ပေးနိုင်တဲ့ အရာ ကို အနုပညာလို့ ပြောချင်နေကြ
    ပြီလားလို့ အဲဒီဟာကိုကြည့်တုန်းကစဉ်းစားမိတယ်ဗျို့။
    လေးစားစွာ

  • ဒါကတော့
    သူ့အမြင်နဲ့ သူပေါ့
    ကိုယ်ကလည်း ကိုယ့်အမြင်နဲ့ကိုယ်ပေါ့
    ကျွန်တော်လည်း တော်တော်များများမှာ အနုပညာမျက်စိနဲ့ ကြည့်ပါတယ်
    မော်ဒယ်ချောချောလေးတွေဆိုရင်လည်း အနုပညာမျက်စိနဲ့ပဲ ကြည့်ပါတယ်
    (ကျန်တာနဲ့ကြည့်ရင်လည်း ဘယ်သူသိတာမှမဟုတ်တာ … လူကြားကောင်းအောင်တော့ ပြောထားရတယ်) … 😛
    —————————————————
    အလင်းစက်ဆီက
    ထွက်ကြလာမည့်
    အနုပညာ အလင်းရောင်များကို
    အမှောင်ချောင်ထဲမှ
    စောင့်မျှော်နေလျှက်
    မင်းကောင် ….

  • windtalker

    January 28, 2012 at 9:25 pm

    ကျွန်တော် လဲ စဉ်းစားစိတ်ကူးနေတယ် ကိုအလင်းစက်ရေ
    သဂျီးပုံတူ ထု ပြီး ၊ အောက်ကနေ ကျွန်တော့် လက်မှတ်ကလေး ထိုးပြီး
    ရန်ကုန်က ပန်းချီပန်းပု ပြပွဲကြီးမှာ တင်ရင်ကောင်းမလား လို ့။ ဟဲဟဲ

  • kai

    January 29, 2012 at 3:58 am

    ဗျဝိနဲ့ဗျတ္တအကြောင်းမှာ…လား..။ ဓမ္မစေတီအကြောင်းမှာလားမသိ…
    အီအီးပါတာ..အီးပုံက စေတီပုံထွက်နေလို့.. ဘုန်းကြိးက.. ကြီးပွားမဲ့ကောင်လို့ ပြောတာသတိရမိတယ်..။

    အနုပညာပဲလားဟင်င်င်င်… 🙂

  • ကြောင်ကြီး

    January 29, 2012 at 10:19 am

    အဲဒီ့ဆြာဂျီးက သေးပေါက်တဲ့ခွက်ကို ရေးပန်းဆိုပြီးပြရင် အကျွန်ုပ်ကြောင်ကြီးကလည်း အားကျမခံ မြွှေဖမ်းဆိုပြီး တခုပြစရာရှိဒယ်….။ နောက်တခါ ပွဲရှိရင် ဆက်သွယ်လိုက်ပါ..။

  • alinsett

    January 29, 2012 at 6:16 pm

    ဟုတ်ကဲ ့ ။ ကျေဇူးပါပဲ..ဆရာ သစ်မင်းရေ..။
    .. ကျွန်တော်လည်း..စိတ်ကူးခံ့စားချက်တစ်ခုခုကို တင်ပြလို ့ရနိုင်တာကို အနုပညာလို ့ သတ်မှတ်ကြတဲ့ ့..အဲဒီ ဝါဒကြိးကို ချစ်လို ့လည်းမရ..မုန်းလို ့လည်းမ၇..ဘူးလို ့ ဆိုခဲ့ပါတယ် ။

    ဘယ်အရာကိုမဆို အနုပညာလို ့ လက်ညှိုးထို းပြလို ့ရနေရင်…
    တိုင်ပတ်သွားးနိုင်ပါတယ်။

    အထူးသဖြင့်..ရှေးရိုး အစဉ်အလာကို တော်ရုံ..နဲ့ မလွန်ဆန်ချင်ကြတဲ့ .ကျွန်တော်တို ့ဆီမှာ…
    ပြိုပြီးတော့တောင်…တိုင်ပတ်နိုင်ပါတယ်။

    ကျွန်တော်ကတော့…။ ။.. ဥပမာ …… လူတစ်ယောက်…လေးလံတဲ့ အရာကြိးတစ်ခုကို…ထပ်ခါထပ်ခါ
    သယ်..သယ် ပြနေမယ်ဆိုပါစို ့..။
    အဲဒါကို ..သူက အနုပညာပြကွက်တစ်ခု..လို ့လည်း ပြောမယ်..ဆိုပါစို ့.။
    (ကျွန်တော်တို ့အနေနဲ့…ဘေးက ကြည့်နေသူတွေအနေနဲ့)
    သူ ့ဘဝမှာ လေးပင်လှတဲ့ သောကတွေ…ကို သယ်ပိုးထားရပါလား…။
    သူ ့ဘဝဟာ…အဲဒီ အလေးအပင်ကြီး သယ်ပိုးထားရသလိုပါပဲ..လား..။
    ဒါကို သူ….ပြောချင်လို ့ ဒီလို လုပ်ပြတာပါလား..လို ့
    သဘောပေါက်ဖို ့ ခက်ပါလိမ့်မယ်။

    ဒီဝါဒ နဲ့ ပက်သက် ဆက်သွယ်ကြည့်မှ..သဘောပေါက်နိုင်မယ် ထင်ပါတယ်။

    ကျွန်တော်…ဒီဝါဒကို ချစ်လို ့လည်းမရ..မုန်းလို ့လည်း မရ..ဘူးလို ့ ဆိုခဲ့ပါတယ်။

    ကျွန်တော်က…ဒီလို အနုပညာ တင်ပြပုံ့ နဲ့ အယူအဆ တစ်ခု တော့ ရှိခဲ့တယ်..လို ့..
    ပြန်လည် တင်ပြ….ရုံပါပဲ.။

    ကျွန်တော့် မိတ်ဆွေ..များနဲ့..စာဖတ်သူ..အနုပညာချစ်သူများအားလုံးကို..ခင်မင်လေးစားစွာ..ဖြင့်
    alinsett.art@gmail.com

  • mg aoukall

    January 30, 2012 at 12:14 am

    ကျွန်တော့်အမြင်ကတော့ ဒါကို ဖန်တီးမှု အစကိုပဲ ပြန်ကြည့်ရလိမ့်မယ်ထင်တယ်ဗျ…ကျင်ငယ်စွန့်တဲ့ကြွေခွက်ကို ဒီပုံစံအတိုင်း စလုပ်ခဲ့တဲ့သူရဲ့ စိတ်ကူးကို ကျွန်တော်တို့ အသိအမှတ်ပြုရမယ်..သူ့ရဲ့ စိတ်ကူးကြောင့်ကျင်ငယ်ခွက်က ဒီပုံစံအတိုင်း ဖြစ်လားရတာ.
    အဲဒီံ့စိတ်ကူးကိုပဲ သူ့ရဲ့ အနုပညာလို့ ဆိုရမယ်ထင်တယ်..1917 မှစပြီး ကျင်ငယ်ခွက်က အနုပညာလက်ရာ ဖြစ်လာတာမဟုတ်ပါဘူး..စပြီးတီထွင်ဖန်တီး လိုက်ကတည်းက ဒါဟာ အနုပညာပစ္စည်းတစ်ခုလို့ ဆိုလို့ရပါတယ်..လူတွေက ကျင်ငယ်စွန့်တဲ့ နေရာမှာ သုံးလိုက်တော့ ကျင်ငယ်ခွက်ဖြစ်သွားရတာပေါ့……

  • kokothandar

    January 30, 2012 at 9:33 am

    အနုပညာရှင်ဟာလဲ ပုထုစဉ်ဆိုတော့ ရူးကြောင်ကြောင်လုပ်တတ်တဲ့ လူအဖြစ်ဘဲမှတ် လိုက်ပါမယ်

  • alinsett

    January 31, 2012 at 5:52 pm

    ဟုတ်ပါ့ ။ ကိုကို သန်ဒါ..ရေ..။
    ကျွန်တော်က လည်း အနုပညာသမားဖြစ်ချင်တဲ့ ပုထုစဉ် လူသားလေးဆိုတော့
    ရူးကြောင်ကြောင်..ဖန်တီးမှု လို့ ့ အများ သတ်မှတ်တာတွေကိုပါ..စိတ်ဝင်စားနေမိတယ် ။

    ကျွန်တော်တို ့ ဖန်တိးတဲ့ အနုပညာကို ခံစားသူတွေ..အမျိုးမျိုးရှိကြပါတယ် ။
    ခံစားရုံ ခ့စားသူတွေက…ခံစားပြီးတာနဲ့ ပြိးပြိ။
    တချို ့ ခံစားသူတွေက ခံစားရုံနဲ ့အားမရဘူး။ အသုုံ့းချ လိုက်ချင်သေးတယ် ။ အသုံးချအနုပညာ ဆိုတဲ့
    စကားလုံးလည်း ကြားဖူးကြမှာပါ။

    အနုပညာအကြောင်း…ကို အများကြိး..ပြောချင်ပါသေးတယ် ။

    ပြောနိုင်အောင် ကြိုးစား နေပါဦးမယ်.

    စာဖတ်သူများအားလုံးကို ခင်မင်လေးစားစွာ….

  • rain pricess

    February 1, 2012 at 5:33 pm

    ဒါဟာအနုပညာဆိုရင် ဘယ်လိုအနုပညာပါလိမ်.
    သေချာစွာ နားလည်ချင်ပါသည်။

Leave a Reply