သူတို့လို နိုင်ငံ ခေါင်းဆောင် ကြီးများကိုယ်တိုင် တန်းမစီတတ်ကြတော့ သူလို ကိုယ်လို သူသူ ငှါငှါ တန်းမစီတတ်ကြတာ တိုးဝှေ့နေကြတာ ကျွန်တော်တို့တိုင်းပြည်မှာတော့ ဘာဆန်းတော့မလဲနော် .. ယူန်ီဖောင်း စိမ်းစိမ်းနဲ့ သူများလည်း ထိုနည်း၎င်းပါဘဲ။ ရိုက်တာ မမီလိုက်လို့ မတင်လိုက်ရပါဘူး ။

သူများနိုင်ငံသွားလို့ တစ်ဘက် immigration ကနေ စ တန်းစီ ၊ ကားငှါးဖို့တန်းစီရ ၊ ဘတ်စ်ကား ရထားပေါ် တက်ဖို့က အစ တန်းစီရတာတွေ ။စိတ်ချမ်းသာ စွာနဲ့ ကြားဖြတ် မခံရတာတွေဟာ ပြန်ဖို့လို့ ဘန်ကောက်က မြန်မာပြည် ပြန်မဲ့ ရွှေမြန်မာ များရဲ့ လေယာဉ်ပေါ်တက်ခါနီးက စပြီး ပြန်လည် တိုးဝှေ့တာ ခံရတော့တာပါဘဲ။

တန်းစီပြီးသွားလာ လှုပ်ရှားနေတဲ့ ပုရွက်ဆိတ် တန်းတွေ့ရင် ကျွန်တော် တို့တွေ သူတို့လောက်တောင် အသိမရှိပါလား တွေးမိသလို ဒီလိုပုံတွေ တွေ့ရင်လည်း ကျွန်တော်တို့တတွေ သူတို့ နဲ့ ဘာများကွာတော့မှာလည်းလို့ မကြာခဏ အတွေးဝင်မိပါတယ် …

ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့နော်…….

About ကထူးဆန်း

has written 107 post in this Website..