လူတိုင်းအတွက် အသက်ကယ်ဆေးတစ်ခွက် – မင်းသိင်္ခ

koyin sithuJanuary 28, 20121min1106

ကျွန်ုပ်သည် ဂန္ဓာရီထွက်နေစဉ်အတွင်း တောင်တွင်းကြီးမြို့တွင် တပည့်ဖြစ်သူ ဇင်ယော်နီ ဗေဒင်ဆိုင်ခန်း

ဖွင့်သဖြင့် ဆိုင်ဖွင့်ပွဲသို့ သွားရောက်ခဲ့လေ၏။ ထိုဆိုင်ဖွင့်ပွဲကို လမ်းပေါ်မှ ရပ်၍ ကြည့်နေစဉ်အတွင်း

ရုတ်တရက်   လဲ၍   မေ့ကျသွားသဖြင့်   ကျွန်ုပ်၏   တပည့်များက   နီးစပ်ရာ

ဆရာဝန်တစ်ဦးကိုပြ၍ ဆေးထိုးစေခဲ့ပြီး ရန်ကုန်သို့ ရန်ကုန်သို့ ခေါ်လာခဲ့လေ၏။

ရန်ကုန်သို့   ရောက်သောအခါ   ဒေါက်တာကျော်မြင့်၏   ဆေးခန်းတွင်   ပြရလေ၏။

၎င်းဒေါက်တာ  ကျော်မြင့်သည်  ကျွန်ုပ်အား  စကင်ရိုက်ခိုင်းပြီးလျှင်  စကင်ကို  ဖတ်ကြည့်ရာ

အဆုတ်ပေါက်သွားကြောင်း သိရလေ၏။ ထိုဒေါက်တာကြီးသည် ကျွန်ုပ်ကို သနားသဖြင့် အဖိုးအခမယူပဲ

အခမဲ့ကုသပေးလေ၏။

ထိုအချိန်က   ကျွန်ုပ်သည်   ကျွဲပွဲဘူတာအနီး   စည်ကြီးတင်ဆိုသော   နေရာရှိ

အလယ်ရိုးမအနီး  တောစခန်းလေးတွင်  တဲကြီးတစ်လုံးထိုး၍  နေစဉ်ဖြစ်၏။   တစ်ပါတ်တစ်ခါ

ရန်ကုန်သို့လာ၍ ဆရာဝန်အား  ပြရလေ၏။   ပြီးလျှင်  ထိုစခန်းသို့ ပြန်ရလေ၏။  ကျွန်ုပ်၏ ရောဂါမှာ

မသက်သာလှပေ။အစဉ်သဖြင့်  မော၍နေလေ၏။  နောက်ဆုံးတွင်  မည်သည့်အစာမျှ   မဝင်သော

အခြေအနေသို့  ရောက်သွားလေတော့၏။  ရန်ကုန်တွင်  နေထိုင်သော  ကျွန်ုပ်၏  တပည့်များသည်

တစ်ပါတ်တစ်ခါ ကျွန်ုပ်ရှိရာ စည်ကြီးတင် စခန်းသို့ လာရောက်ကြလေ

၎င်းတို့ ရောက်လာသောအခါ ကျွန်ုပ်၏ တပည့် ဆရာဖြိုးဟန်ကျော်က ဈေးဝယ်၍ အန်တီမော်ဆိုသော

အဒေါ်ကြီးက ချက်ပြုတ် ကျွေးမွေးလေ့ရှိ၏။ ကျွန်ုပ်၏ တပည့်များသည် ကျွန်ုပ် နေမကောင်းသဖြင့် လာ၍

ကြည့်သည်နှင့်   မတူပဲ   ပျော်ပွဲစားထွက်သကဲ့သို့  ရှိလေတော့၏။   တဝတပြဲစား၍  အိပ်ကြ၏။

အိပ်ယာမှ နိုးလာလျှင် လဘက်ရည် တောင်းကြ၏။ ဆရာ ဖြိုးဟန်ကျော်က  လက်ဖက်ရည် ဖျော်၍

တိုက်ရပြန်၏။

ကျွန်ုပ်မှာမူ အစားမဝင်တော့သဖြင့် အသားဟူ၍ မရှိတော့ပဲ တစ်ကိုယ်လုံး အရိုးချည်းသာ ကျန်နေတော့၏။

ကျွန်ုပ်သည် မော၍ ထိုင်နေစဉ်အတွင်း တဝတပြဲစား၍ အိပ်ပျော်နေကြသော တပည့်များက ိုကြည့်ကာ

ဒီငတိတွေကတော့  စားနိုင်လိုက်ကြတာ။  တဝတပြဲ  စားပြီး  အိပ်ပျော်ကြပြီ။  ငါ့မှာတော့  အစာဆိုလို့

ဘာမှကို  မဝင်တော့ဘူး။  ဒီအတိုင်းသာ  ဆက်ပြီးသွားရင်  ငါ  တစ်လတောင်  ခံပါတော့မလား။

ငါ သေရတော့မယ်လို့ တွေးရင်း မျက်ရည်များလည်း ကျလာလေ၏။ ထိုအချိန်၌ ကောင်းကင်မှယတြာကို

သတိရသဖြင့်  မျက်နှာကို  ကောင်းကင်ဘက်သို့  မော့၍  မျက်စိကို  အာရုံတောင်း၍  ကြည့်မိသော

တစ်ခဏ၌ ကျွန်ုပ်၏ မျက်စိထဲတွင် သင်္ဘောသီးမှည့်ကြီး တစ်လုံးပေါ်၌ ရောင်စုံကျက်လျှာ ကိုးလက်

စိုက်ထားသည်ကို  တွေ့ရလေ၏။  ထိုကျက်လျှာ  များတွင်လည်း  (အဆုတ်ရောဂါ  ပျောက်ပါစေ)

(ကျန်းမာပါစေ)   (အစာကောင်းကောင်း   စားနိုင်ပါစေ)   ဆိုသော

ဆုတောင်းစာများ ရေးထားသည်ကိုလည်း တွေ့ရလေ၏။

ထို့ပြင် ထိုသင်္ဘောသီးကြီး၏ အညှာတွင် ဖယောင်းတိုင်အဖြူတစ်တိုင် ထွန်းထားသည်ကို တွေ့ရလေ၏။

ထို့ကြောင့်  ကျွန်ုပ်လည်း  ဖြိုးဟန်ကျော်ကို   အကျိုးအကြောင်း  ပြော၍  သင်္ဘောသီးနှင့်  ကြက်လျှာ

လုပ်ခိုင်းလေ၏။ ဖြိုးဟန်ကျော်သည် ဈေးသို့ကားဖြင့် ထွက်သွားကာ သင်္ဘောသီး ကြီးကြီးတစ်လုံးနှင့်

ကြက်လျှာ  ပြုလုပ်ရန်အတွက် ရောင်စုံစက္ကူများ ဝယ်လာလေ၏။ ကြက်လျှာများ  ပြုလုပ်ပြီးသောအခါ

ဆုတောင်းစာများ ရေး၍ သင်္ဘောသီးတွင် စိုက်လိုက်ပြီး အညှာနေရာ၌ ဖယောင်းတိုင် အဖြူတစ်တိုင်

ထွန်းကာ ခေါင်းရင်းဘက်တွင် ထိုသင်္ဘောသီကို ထားလိုက်လေ၏။

သင်္ဘောသီးအပေါ်တွင်  ထွန်းထားသော  ဖယောင်းတိုင်လေးပုံ  တစ်ပုံခန့်  ကုန်သွားသော  အခါ၌

ကျွန်ုပ်သည် မခံမရပ်နိုင်အောင် ဆာလာလေတော့၏။ ထို့ကြောင့် ကျွန်ုပ်က………..

ဖြိုးဟန်ကျော်ရေ… ငါတော့ ဆာလာတယ်ကွာ…။ ထမင်းရှာစမ်းပါဦးဟု ပြောရာ ဖြိုးဟန်ကျော်က

ထမင်းကတော့  အိုးထဲမှာ  တစ်ချမ်းကြီး  ရှိပါသေးတယ်။  ဆိပ်သားဟင်းကတော့  ဟိုငတိတွေစားလို့

ကုန်ပြီဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က

ဆိတ်သားဟင်း မရှိလည်း ရပါတယ်ကွာ။ မရှိ ရှိတာနဲ့ စားတာပေါ့ ဟု ပြောလိုက်ရာ ဖြိုးဟန်ကျော်လည်း

ထမင်းကို ဇလုံ တစ်လုံနှင့် ခူးလိုက်လေ၏။ ဖြိုးဟန်ကျော်ခူးသော  ထမင်းမှာ အတော်များ၏။ ထို့နောက်

ဖြိုးဟန်ကျော်သည်   ထမင်းဇလုံပေါ်သို့   ချဉ်ပေါင်ရည်ကြဲ   ဟင်းလောင်းချပေးပြီးလျှင်

ငရုပ်သီးမှုန့်များ ဖြူးလေတော့၏။

ကျွန်ုပ်လည်း ဆာဆာနျင့် မြိန်ရည်ရှက်ရေ  စားလေ၏။ ကျွန်ုပ် စားနေစဉ်အတွင်းမှာပင် အိပ်နေသော

တပည့်များ နိုးလာပြီး ကျွန်ုပ်၏ ထမင်းဇလုံကို ကြည့်ကာ………

အဖိုးကြီးက ဘာမှ မစားနိုင်ဘူးကွ။ စားသမျှ အန်ထုပ်နေတာ။ အခု စားနေတာကို ကြည့်ဦး။ လူးစားတာနဲ့

မတူဘူး။ ဖုတ်စားတာနဲ့ တူတယ်။ မဟုတ်မှလွဲရော အဖိုးကြီးတော့ ဖုတ်ဝင်နေပြီနဲ့ တူတယ်…ဟု ပြောကာ

ဖုတ်ကို ဟိုလူ ထုပ်မယ်။ ဒီလူ ထုပ်မယ်ဟု ပြောကြလေ၏။

ကျွန်ုပ်လည်း  စားပြီးသောအခါ  ရေသောက်ပြီးလျှင်  ”ဘယ်ကလာ  ဖုတ်ကမှလဲကွ။  ငါ  ကိုယ်တိုင်

စားနေတာပါ ”

ထိုအချိန်မှစ၍  ကျွန်ုပ်လည်း  အစာပြန်၍  ဝင်လာပြီးလျှင်  ပကတိ  ကျန်းမာလာလေ၏။

အသားအရည်လည်း ပြန်လည်၍ ပြည်ဖြိုးလာလေ၏။

ထိုအချိန်မှစ၍  သင်္ဘောသီးကြက်လျှာပေါ်တွင်  မီးထွန်းသောယတြာသည်   ကျွန်ုပ်တို့အဖွဲ့၏

ကိုယ်ပိုင်ယတြာ   ဖြစ်သွားလေတော့၏။   အသည်းအသန်  ဖြစ်နေသော   လူနာများကို

ထိုယတြာပြုလုပ်ပေးလိုက်လျှင် ကောင်းသွားသည်ချည်းကို တွေ့ရလေတော့သတည်း။

(မင်းသိင်္ခ)

 

6 comments

  • ကိုရင်စည်သူ

    January 28, 2012 at 8:22 pm

    ကျနော်တို့ ကျေးဇူးရှင်အဘ နေမကောင်းဖြစ်ပြီး ဆေးရုံပေါ်ရောက်တော့
    ရခဲ့တဲ့ အကြားအမြင် ယတြာတစ်ခုပါခင်ဗျာ… မျှော်လင့်ချက်မဲ့နေသော
    ဆေးမမှီတော့တဲ့ ဝေဒနာရှင် လူနာများအတွက် နောက်ဆုံး မျှော်လင့်ချက် ထွက်သက်ယတြာကို
    စေတနာဖြင့် ပြန်လည် ရေးသားဖော်ပြပေးပါတယ်ခင်ဗျာ…
    ကျေးဇူးတင်ပါကလည်း ကျနော်တို့ အဘဒေါက်တာ မင်းသိင်္ခကိုပဲ ကျေးဇူးတင်ကြပါကုန်…။
    စကားမစပ်… အဘ ဆေးရုံးတက်တုန်း လူနာစောင့်ရင်းနဲ့ တပည့်တွေ စားကြသောက်ကြ အိပ်ကြတုန်းက
    ကိုရင်ကား ထိပ်ဆုံးကလေ… အဘရေးထားတာလေး ပြန်ဖတ်မိတော့ ကိုယ့်ကိုယ် ရှက်ပြီး
    အဘကို လွမ်းသွားတယ်… အမြဲတမ်းလွမ်းဆွတ် လေးစားလျက်ပါ… အဘဆရာကြီးရေ… 😳

  • windtalker

    January 28, 2012 at 9:05 pm

    သေချာ မှတ်သွားပါတယ်နော ကိုရင်ရေ
    ကျေးဇူးတင်ကြောင်း ရယ်ပါလေ

  • ကိုရင် ကိုရင် အပျိုမြင် ချိုချဉ်မစားရ ……
    …………………………………………….
    မှတ်သားထားပါတယ် …
    …………………………………………
    အကူအညီလိုရင်ရော မလိုရင်ရော ဆက်သွယ်ချင်ပါတယ်
    ခင်မင်စွာဖြင့်
    မင်းကောင်

  • ကြောင်ကြီး

    January 29, 2012 at 10:52 am

    လုပ်ပါအုံးဗျ…ဂလို ထူးခြားတာလေး…။ သဂျီး မျက်နှာဂျီးကတော့ လငပုပ်ဖမ်းသလို မဲ့နေလေရဲ့…။ 😆

  • စိန်ပေါက်ပေါက်

    January 29, 2012 at 11:43 am

    ကိုမိုးတိမ်ရေ
    မှတ်ထားပါတယ်..
    ဒါနဲ ့..
    ကြက်လျှာဆိုတာ ဘယ်လိုဟာလဲဗျ

  • chityimhtoo

    January 29, 2012 at 2:58 pm

    ကြက်လျှာကသေးလွန်းလို့ ဝက်လျှာမရဘူးလားဗျာ…

Leave a Reply