Japan VS Korea (1)

nigimi77January 29, 20121min17710

ရွာထဲမှာ ဂျာပွန် ဇိမ်ဘုန်းကြီးတွေလည်း ရှိတယ် ။

ကကြီးပြန် အရည်းကြီး နိဂိမိလည်း ရှိတယ် ။

ဒီလူတွေ ရှိနေတာတောင်မှ ဂျာပွန် နဲ ့ ကကြီး ရဲ ့ အကြောင်းကို မသိရင် ဆားမပါတဲ့ ဟင်းလို

ပေါ့ရွှတ်ရွှတ်ဖြစ်နေပေလိမ့်မယ် ။

ကဲ ….ဆားလေး နည်းနည်း ခတ်လိုက်မယ် …. ။

၁ ။ ဂျပန် နဲ ့ ကိုရီးယားမှာ စားသောက်တဲ့အခါ အသုံးပြုတဲ့ တူ (Chop Sticks) နဲ ့ စားခွက် ။

ကိုရီးယားမှာတော့ ဟိုး ယခင်ကတည်းကစပြီး Brass ware လို ့ခေါ်တဲ့ စားခွက် နဲ ့ Earthen ware

လို ့ခေါ်တဲ့ မြေခွက်ကို အသုံးပြုခဲ့တယ် ။ တူ ကတော့ အရင်က ဝါးတူကို အသုံးပြုခဲ့ပေမဲ့ လက်ရှိခေတ်မှာတော့

Stainless Steel ပုံလောင်း တူပြားကို အသုံးပြုတယ် ။

ဂျာပွန် မှာတော့ နေရာအတော်များများ ဝါးတူကိုပဲ သုံးကြပါတယ် ။ တခါတရံမှာတော့ စားသောက်ဆိုင် အကြီးစား

တွေမှာ အလူမီနီယံနဲ ့ ပြုလုပ်ထားပြီး ပေါ့ပါးတဲ့ တူတွေ ထားပေးတတ်ကြပါတယ် ။

ဘယ်လိုပဲ ဖြစ်ဖြစ် ဝါးတူကိုပဲ အသုံးများတယ်လို ့ပြောရမယ် ။

စားခွက် ကတော့ ၂ မျိုး ၂ စားရှိတယ် ။

ဒိုဇာဂီ ??? လို ့ခေါ်တဲ့ Ceramic ware နဲ ့ သစ်သားနဲ ့ပြုလုပ်ထားတဲ့ စားခွက်ကို သုံးပါတယ် ။

လတ်တလောမှာတော့ ပလတ်စတစ်နဲ ့ ပြုလုပ်ထားတဲ့ ခွက်တွေကိုလည်း အသုံးများလာတယ်လို ့သိရတယ် ။

ပုံစံကိုတော့ သစ်သား စားခွက် ပုံစံမျိုး ပြုလုပ်ထားတယ် ။

၂ ။ ဘယ်လို အသုံးပြုကြသလဲ …..။

ကိုရီးယား မှာတော့ ယခင်ကတည်းက ဇွန်းရှည်နဲ ့ တူကို အတူ အသုံးပြုကြတယ် ။

ဂျာပွန် မှာတော့ တူ ကိုပဲ အဓိက ထားပြီး သုံးတယ်လို ့ဆိုပါတယ် ။

များသောအားဖြင့် ဂျာပွန်တွေဟာ လက်တစ်ဖက်ပေါ်မှာ စားခွက်ကို တင်ပြီး စားကြပါတယ် ။

ဟင်းလျာတွေကိုတော့ စားခွက်ထဲမှာ ရှိတဲ့ ထမင်း အပေါ်ကို တင်ပြီး ၊ စားခွက်ကို ပါးစပ်မှာ တေ့ပြီး

ရှုသလို စုပ်သလို ??? ကုန်းလွေး….အဲလေ….စားကြပါတယ် ။

အဲဒါကြောင့်မို ့လို ့ ကကြီး တစ်ယောက်နဲ ့ ဂျာပွန်တစ်ယောက် ထမင်းအတူစားကြတဲ့ အခါ Manner က

Cross ဖြစ်တတ်ပါတယ် ။ ကိုရီးယားမှာတော့ လက်ပေါ်မှာ ခွက်တင်ပြီး စားရင် သူဒေါင်းဇား ဆန်တဲ့ အတွက်

” ဟဲ့…တေနာဂျ..ကယ်ပါလို စားနေတယ် ” လို ့ ငေါက်ငမ်းတတ်ပါတယ် ။

“….ဂျာပွန်တွေ မျက်စိထဲမှာတော့ ကိုရီးယားတွေ ထမင်းစား စားပွဲပေါ်မှာ စားခွက် တင်ပြီးစားတာကို မြင်ရင်

ခွေးက ခေါင်းထိုးပြီးစားနေတာတဲ့ တူတယ် လို ့ ဆိုကြပါတယ် ။….”

၃ ။ ဇွန်း အသုံးပြုခြင်း

ဂျာပွန်မှာ ဇွန်းက မရှိမဟုတ် ရှိတော့ရှိတယ်။ သို ့သော် အသုံးမပြု သလောက်ပါပဲ ။

စားသောက်ဆိုင်တွေကို သွားတောင်မှ ခေါက်ဆွဲပြုတ်ဆိုင် မဟုတ်ခဲ့လို ့ရှိရင် တူ ရဲ ့အနောက်မှာ ဇွန်းက

တွဲပြီး မလာတတ်ပါဘူး ။ များသောအားဖြင့် စားခွက်ကို ပါးစပ်မှာ တေ့ပြီး အရည်ကို သောက်ကြပါတယ် ။

တကယ်လို ့ ဇွန်းတောင်းလို ့ ပေးရင်လဲ ဇွန်းပုံစံက တရုပ်ဇွန်းတို ပုံစံမျိုးပါပဲ ။

၄ ။ ဟင်းလျာတွေ ။

ဂျာပွန်မှာတော့ ချုခယ်မိုနို ??? …..ကိုရီးယားမှာတော့ ကျာင်းငါးကျိ လို ပုံစံမျိုးနဲ ့ ဟင်းလျာကို အစားများပါတယ် ။

ဒါန်းမူဂျီ …ဒါမှ မဟုတ် … ချုခယ်မိုနို ၂ ခု အထဲမှာ တခုခုပေါ့ ။

ပုံမှန်အားဖြင့် အသီးအရွက်ပါဝင်တဲ့ ဟင်းလျာ နဲ ့ ပဲပိပုတ်စပ် ပါတဲ့ မီဆိုရှီရူ ဒါမှမဟုတ် အသားပါတဲ့ ဟင်းတွေကို

အစားများပါတယ် ။ ဂျာပွန်တွေဟာ ဝက်သား ထက်ကို အမဲသားကို ပိုပြီး စားသုံးကြတယ် ။ ကိုရီးယားတွေကတော့

ဝက်မှ ဝက်ပါပဲ ။ ဇာဂယာအီမို ဆိုတဲ ့ အာလူးနဲ ့ အသားကို Soy Sauce မှာ နှစ်ပြီး စားတဲ့ အစားအစာကတော့

ထိပ်ဆုံးကပေါ့ ။

၅ ။ Curry Rice

အဲဒါနဲ ့ ပါတ်သပ်ရင်တော့ ဂျပန်မှာ စားရတာ အတော် အရသာရှိတယ်လို ့ဆိုပါတယ် ။

အမျိုးစားကွဲပေါင်းများစွာနဲ ့တကွ မကြာခဏ စားသောက်ကြပါတယ် ။

Curry Rice ဟာ ကိုရီးယားထက်ကို ဂျပန်မှာက ပိုမိုစုံလင်ပြီး အရသာရှိပါတယ် ။

ပါဝင်တဲ့ ကုန်ကြမ်းပစ္စည်းတွေကတော့ အားလုံး အတူတူနီးပါးပါပဲ ။

Curry Rice ကို စားတဲ့ အခါမှာတော့ ဂျာပွန်လည်း ကိုရီးယားလိုပဲ လက်နက်ကိရိယာ အပြည့်အစုံချပေးပါတယ်။

10 comments

  • စိန်ပေါက်ပေါက်

    January 29, 2012 at 2:21 pm

    အမေဒီကန်မှာ စားပုံစားနည်းကို တဂျီးက တင်ပေးမတဲ့
    😀

  • nigimi77

    January 29, 2012 at 2:23 pm

    ဂျာပွန်မ နဲ ့ ရော ကကြီးမနဲ ့ ရော ဗျန်းဗျန်းဗျန်း…..အဲလေ….ခင်ဖူးတဲ့ အခါကျတော့

    ပြောရမယ် ဆိုရင်ဖြင့် ၂ ယောက်လုံးကို ချစ်တယ် လို ့ပဲ ပြောရမယ် ။ 🙂

    စလင်းဘက် ကွာခြားချက်တော့ သေချာသိထားတယ် ။

    အနှီ ကကြီးမသည် ဒင်းတို ့၏ မေချောက်ဖုံ အရှုံးပေးအံ့သော မျက်ခွက်အား ဖုံးကွယ်ရန် အလို ့ငှာ

    အလှကုန် ပစ္စည်းတို ့အား စဉ်ဆက်မပြတ်ဆောင်ပြီး တစ်ဘူတာ တစ်ခါဆင်း အလှပြင်လေသတတ် ။

    ထို ့အပြင် ဓါတ်ဆီဆိုင်မှ အလကားရစိမ့်သော တစ်ရှုးထုတ်အား ရှုးရှုးပေါက်ပြီးလျင် သုတ်ရန် အလို ့ငှာ

    သွားလေရာ ပါ၏ ။

    ဂျာပွန်မ တို ့သည် ပေါင်တိုသလောက် ခြေအိပ်ရှည် စွပ်ခြင်းအား ဝါသနာထုံ၏ ။

    မျက်ကွင်းအား မာရီလင် မန်ဆန် ကဲ့သို ့ အမဲကွင်းများ ဆိုးတတ်၏ ။ လွန်စွာ အမွေးအမြှင် ထူထဲ၏ ။

    လွန်စွာ အသံပြဲလေ၏ ။ ဆိုလ်းမြို ့ ဒူံဒယ်မွန် အရပ်ဒေသတွင် ခေါက်တုန် ့ခေါက်ပြန် ကူးလူးသွားလာ

    တတ်၏ ။ စလင်းဘက် အထဲတွင် ကြောက်မက်ဖွယ် လက်နက်ကြီးငယ် မျိုးစုံ ကျဉ်ဆန်ဖူးမျိုးစုံ ထည့်ကာ

    အပြင်ထွက်တတ်ကြလေ၏ ။ ထိုကား နိဂိမိ အလိုတည်း ။ မယုံရင် ဇိမ်ဘုန်းကြီး မေးကြည့် ။ ခွိခွိ…..

  • water-melon

    January 29, 2012 at 5:46 pm

    အမလေး ဂျပန်မကြောက်ပြီး ဂျပန်ကားတောင်မကြည့်ရဲတော့ 😕
    ကိုနိဂိမိ ပြောတဲ့ ဗျန်းဗျန်းဗျန်း ဆိုတာဘာလဲဟင် မြည်သံစွဲအလင်္ကာလားဟင် 😆

  • alinsett

    January 29, 2012 at 6:20 pm

    ဟုတ်ကဲ့.။ သိ သင့်တဲ့ အချက်အလက်ကလေးတွေ..ပါလို ့ ဖတ်ရှု မှတ်သားသွားပါကြောင်း…

    ခင်မင်လေးစားစွာ.. ဆက်လက် အားပေးနေမယ့်
    အလင်းဆက်

  • windtalker

    January 29, 2012 at 6:50 pm

    ကျွန်တော် က တော့ ဂျပန် အစားအစာ လဲ မကြိုက် ၊ ကိုရီးယား လဲ မကြိုက် ။
    သို ့သော် မူဗီများကိုတော့ အရမ်းကြိုက်၏ ။ သို ့ဖြစ်ရွေ ့၊ မောင်နီ ့ ဆီမှာ ရှိလျှင် ဝေမျှစေလိုပါ၏ ။ ဟီဟိ

    • naywoonni

      January 29, 2012 at 7:11 pm

      ကပေရေ့….။ ကြည့်ချင်ရင်ကိုယ့်ဟာကိုယ်ဝယ်ကြည့် ငါကတော့ မူဗီထဲမှာ အမေရိကန်ပဲကြိုက်တယ်..။ ကိုရီးယားလည်းမကြိုက်ဖူး ဂျပန်းကားလည်းမကြိုက်ဖူး…။ မြန်မာကားကျတော့ မျက်စေ့မွဲမှာစိုးလို့ မကြည့်ဘူး…။ သိလား????? နင်ကြည့်ချင်ရင်တော့ ငါအခုသုံးနေတဲ့ စက်ထဲမှာရှိတယ်…။ နင်ငါဆီလာရင် DVD ဘမ်းပေးလိုက်မယ်…။ တေအောင်ကြည့် ………………….

      • water-melon

        January 29, 2012 at 7:54 pm

        အမလေး ဇာတ်ကားကြည့်ချင်ရင်တောင် ဝယ်လို့မရဘူးဗျ
        အဖမ်းဆီးရှိလို့ မန်းလေးက ခွေဆိုင်မှန်သမျှပိတ်ထားတယ်
        ဇာတ်ကားတွေ အသစ်ထွက်ချိန်မှ ဖမ်းရသလားတော် 😡

  • Khin Latt

    January 30, 2012 at 4:54 am

    ချဉ်ဖတ် ပြီးသွားတဲ့သဘောပေါ့လေ။ ကောင်းလေစွ။

    ဂျာပွန်တွေ ဟာ uma (အုမ) မြင်းသား စားတတ်ပြီး
    ကိုရီးယား များသည် inu (အိနု) ခွေးသား စားတတ်ကြသည်။
    မှားရင် Gome (ဂေါ်မဲ့) စောဒီး။ 😉

    • နှာကိုယ်တော် မောင်မောင်ဇာ

      January 30, 2012 at 7:22 am

      ကိုရီးယားတွေဟာ ..ဂဲ့(ဂအဲ့) ..ခွေးသား စားတတ်ကြပြီး
      ဂျာပွန်တွေဟာ ..(မယ့်) မြင်းသား စားတတ်ကြပါတယ်ခည…

      မှားတွားရင် …joesonghabnida ..ပါနော….

      😀

Leave a Reply