Hacker ရဲ ့ Skill Level…… (1)

nigimi77January 29, 20121min16111

အချင်း နိဂိမိသည် ဆဲဆိုခြင်း အမှုကို အထူးပြု၏ ။

တပါးသူအားလည်း မညှာမတာတိုက်ခိုက်တတ်၏ ။

ညစ်ညမ်းစကားလုံး သုံးနှုန်းရာတွင်လည်း ဂျော်နီအောင်ဘုနှင့် တခုံတည်း ထိုင်ရာ၏ ။

နှာဘူးကျသည့် နေရာတွင်လည်း နှူးဘာဘုန်းကြီး ဖားသက်ပြင်း နှင့် ဂိုဏ်းတူ ညီအကိုဟု ဆိုအပ်ရာ၏ ။

လူပုသောကြောင့် ဗိုလ်ချုပ်ကဲ့သို ့ သူမတူသော ဦးခေါင်းချွန်ကို One Way အမောက်ထောင်ကာ ရှည်ချင်

ယောင် ဆောင်တတ်၏ ။ မွေးမိသခင်မှာ သချာင်္ဆရာမဖြစ်သော်လည်း သချာင်္အလွန်ညံ့ဖျင်းသော အချင်း

နိဂိမိသည် ဘာသာစကား အရာတွင် တဖက်ကမ်းခတ်လေ၏ ။

ကြုံရာကျပန်း အလုပ် ကုန်စင်အောင် ကျွမ်းကျင်လေ၏ ။

၁ ။ Injection ဆွဲဖူးသောကြောင့် ပုံစံတူ အမျိုးအမည်မသိ ကော်စေ့အား မီးရှို ့ကာ အနံ ့ခံခြင်းဖြင့်

အမျိုးအစား ခွဲခြားပေးရာတွင် တဖက်ကမ်းခတ်၏ ။

၂ ။ Co2 Gas ဝရိမ်နှင့် Spot ရိုက်ရာတွင်လည်း တဖက်ကမ်းခတ်ချေ၏ ။

၃ ။ Press နင်းရာတွင်လည်း မျက်စိမှိတ် နင်းရာ၏ ။ (ထို ့ကြောင့် လက်မ တဆစ် အနိစ္စ သဘောသို ့ရောက်၏)

၄ ။ မိဘ လက်ငုတ် ပရိဘောဂ အလုပ်ဖြစ်သောကြောင့် သစ်နှင့် ပတ်သပ်ရာတွင်လည်း တဖက်ကမ်းခတ်၏ ။

၅ ။ နာမည်ကြီး Jinro Soju စက်ရုံတွင် Q.C အလုပ်ကို လုပ်ကိုင်ခဲ့သောကြောင့် အရက်သောက်ရာတွင်လည်း

တဖက်ကမ်း ခတ်ချေ၏ ။

၆ ။ နာမည်ကြီး ကားစက်ရုံ KIA တွင် လုပ်ကိုင်ခဲ့သောကြောင့် ကားခိုးခြင်းနှင့် မူးပြီး ကားမောင်းခြင်း အလုပ်တွင်

တဖက်ကမ်း ခတ်လေ၏ ။

ရ ။ ဖဲရိုက်ခြင်း အတတ်တွင်လည်း ဝါသနာထုံသောကြောင့် ၁ဝ နှစ်တွင် ၅ နှစ်စာ ကုန်လေ၏ ။

၈ ။ အီလက်ထရောနစ် ပစ္စည်းများအား အလွန်နှစ်သက်သောကြောင့် ကျန်သော ၅ နှစ်စာပါ ထပ်ကုန်လေ၏ ။

၉ ။ သောင်ဇင် ဖင်ကုန်းအား ခေါင်းထောင်ခြင်း အတတ်အား ထုံမွေ ့သောကြောင့် မွေးရာပါ နဖူးအကောင်းတွင်

ဘုတလုံး အမှတ်တရကျန်လေ၏ ။

၁ဝ ။ ရန်ဖြစ်ခြင်း အနုပညာအား မြတ်နိုးသောကြောင့် သူတပါးလက်ချက်ဖြင့် အသက် မထွက်ရုံတမည် ဒဏ်ရာ

များစွာရှိ၏ ။

၁၁ ။ အထည်ချုပ်တွင် လုပ်ခဲ့သောကြောင့် အထည်ချုပ်လုပ်ခြင်းအပြင် Design Pattern ထုတ်လုပ်ခြင်း

အရာတွင်လည်း ကျင်လည်လေ၏ ။

၁၂ ။ ဘိုင်ယာလောကတွင်လည်း လုပ်ခဲ့သောကြောင့် အမျိုးသမီး ဝန်ထမ်းများ အား အုပ်ချုပ်ခြင်း အတတ်တွင်

လည်း တဖက်ကမ်းခတ်လေ၏ ။

၁၃ ။ ကုန်သည်ပွဲစား အရာတွင်လည်း ကျွမ်းကျင်သောကြောင့် နည်းနည်းမျှ မအပ်စပ်သော လမ်းခင်းကျောက်တိုက်၊

သဲချ Sub-con အလုပ်ကိုလည်း ဝင်ပြီး လုပ်ချေ၏ ။

ရွာထဲမှ အပျိုစင်များ သေချာစွာ စိတ်ကူးကြလေကုန် ။ 🙂

အနှီ မျောက်နှင့် တူသည့် စိတ်ရှိသော အချင်း နိဂိမိ သည် ရန်ကုန်ပြန်ပြီး အပန်းဖြေခိုက် အငြိမ်မနေ ဘာရေးရမည်

ဆိုသည်ကို စဉ်ဆက်မပြတ်တွေးခေါ်နေခိုက် တခုသော နေ ့တနေ ့တွင် လားလားမျှ မအပ်စပ်သော အတွေးတစ်ခု

ဝင်ပြီး သကာလ အောက်ပါ စာတို ့ကို ချရေးပြီး ရွာသူရွာသားတို ့အား ခေါင်းစားရန် ကြံစည်လေသတတ်….။

အဟမ်း……..။

ရွာထဲက ပညာရှင် သတို ့သားတွေ သီးခံပြီး ဖတ်စေချင်တယ် ။ လေ့လာမိသလောက်ကိုရေးတာဆိုတော့

မှားရင်လည်း ထောက်ပြပေါ့ ။

၁ ။ Elite

သူတို ့ကို 3133t , 31337 လို ့လည်း သိထားကြတယ် ။ နည်းပညာလုံခြုံရေး လုပ်ငန်းတွေမှာ ရှေ ့တန်းနေရာ

တွေမှာရထားတဲ့ သူတို ့တွေရဲ ့စွမ်းဆောင်ရည်ဟာ အကန် ့အသတ် မရှိဘူးလို ့ ဆိုပါတယ် ။

အခြားလုပ်ငန်း အမျိုးအစားတွေနဲ ့ ယှဉ်ကြည့်လိုက်ရင် အသက်အရွယ်ကြီးရင် ကြီးတဲ့အလျောက် နေရာပိုပြီး ခိုင်မာ

လာကြတာဟာ သူတို ့ရဲ ့ထူးခြားချက်ပါ ။ သူတို ့ဟာ Operation System တစ်ခုလုံးရဲ ့ Interior နဲ ့ Exterior

တွေကို နက်နက်ရှိုင်းရှိုင်း သိထားကြတယ် ။ Programming ဆိုတာကတော့ လုံးဝကို အခြေခံ အဆင့်အနေအထားပါ။

တကယ့် ပါရမီရှင်တွေများပါတယ် ။ Knowledge နဲ ့ပါတ်သပ်ရင် သောက်လေသောက်လေ ငတ်မပြေတဲ့ စိတ်ဓါတ်မျိုး

တွေရှိကြတယ် ။ ” ဒီ Code ကို Root အနေနဲ ့မဟုတ်ပဲ သာမာန် အသုံးပြုသူ တစ်ယောက် အနေနဲ ့ Action ယူ

လိုက်ရင် ဘာကြောင့် Segment Error ဖြစ်ပေါ်လာရသလဲ…” ဆိုတဲ့ မေးခွန်းမျိုးဖြစ်ပေါ်လာတဲ့ အခါမျိုးဆိုရင်

အဖြေကို ရှာတွေ ့တဲ့ အထိ အားထုတ်ပြီးရင်း အားထုတ်ကြတယ် ။ Elite Hacker တွေဟာ သိရှိထားတဲ့ Knowledge

ကို Apply လုပ်ပြီး သူတို ့ရဲ ့စိတ်ထဲမှာ သဘောကျတဲ့ အနေအထားအထိကို ပြုပြင်ပြီးရင်း ပြုပြင်တဲ့ နည်းလမ်းနဲ ့

အခြေအနေအသစ်တရပ်ကို ဖွင့်ထုတ်တတ်ကြတယ် ။ Operation System ဒါမှ မဟုတ် Software မှာ ချို ့ယွင်းချက်

အားနည်းချက် တခုခုရှိနေပြီဆိုတာကို တွေ ့ရှိတဲ့ အခါမျိုးမှာ ထိုင်ရာက မထပဲ ချို ့ယွင်းချက် ၊ အားနည်းချက်ရဲ ့

ဇစ်မြစ် ၊ အကြောင်းရင်းတွေကို Trace လိုက်ကြတယ် ။ မြင့်မားလှတဲ့ Technique နဲ ့ ကြိုးစားအားထုတ်မှုကို

မဖမ်းမိအောင် အတွက် သေချာပေါက်ကို စောင့်စည်းကြတဲ့ အချက်ကတော့ ၊ Elite Hacker တွေဟာ System ရဲ ့

အတွင်း ၊ အပြင်ကို ဘယ်လို ခြေရာလက်ရာမျိုးမှ ကျန်ရှိမနေအောင် Hack ကြတယ် ။ အဲဒီ အတတ်ပညာဟာ

ဘယ်လောက်ထိအောင်လဲ ဆိုတော့ Hack ခံလိုက်ရတယ် ဆိုတာတောင် မသိနိုင်တဲ့ အခြေအနေမျိုး အထိပါ

ဖြစ်လောက်အောင်ကို ပိရိသေသပ်ကြတယ် ။ သူတို ့တွေ Hack ရတဲ့ ရည်ရွယ်ချက်က ရှင်းလင်းတယ် ။

သူဟာ System ထဲကို Penetrate လုပ်ခဲ့ပြီး အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားနိုင်တယ်

ဆိုတာကို သက်သေထူချင်တာပါပဲ ။ ဒါကြောင့်မို ့လို ့ သူတို ့ကို Trace လိုက်နိုင်တဲ့ Data လောက်ကိုပဲ ဖျက်ပြစ်

ပြီး ကျန်တဲ့ ဘယ်လို အချက်အလက်မျိုးကိုမှ မတို ့မထိကြပါဘူး ။

သူတို ့တွေသာ စိတ်ပါမယ်ဆိုရင် Network တစ်ခုလုံးကို Down အောင် ပြုလုပ်နိုင်စွမ်းရှိကြသလို ၊ System Penetrate

လုပ်ပြီး System တစ်ခုလုံးကို Recovery လုပ်လို ့မရတော့အောင် ပြုလုပ်နိုင်တဲ့ အစွမ်းရှိသူတွေဖြစ်တယ် ။

ဒါပေမဲ့လည်း သူတို ့ဟာ ဘယ်တော့မှာ အဲဒီလို မလုပ်ကြပါဘူး ။

ဘာကြောင့်လည်း ???

Elite တွေဖြစ်လို ့ပါပဲ ။

၂ ။ Semi-elite

သူတို ့ရဲ ့အသက်အရွယ် အပိုင်းအခြားဟာ အပေါ်က Elite Hacker တွေနဲ ့ ယှဉ်လိုက်ရင် အနည်းငယ် ငယ်ရွယ်

ကြတယ်။ ကွန်ပျုတာနဲ ့ ပါတ်သတ်ပြီး အတော့ကို Comprehensive ဖြစ်ကြပြီး ၊ Operation System ကိုလည်း

ကောင်းကောင်းနားလည်ထားကြသလို ထူးခြားချက်နဲ ့ အားနည်းချက်တွေကိုလည်း သိရှိထားပြီး အဲဒီ အားနည်း

ချက်ကို အခြေခံပြီး တိုက်ခိုက်နိုင်တဲ့ Exploit ကို Coding လုပ်တာလောက်တော့ ထမင်းစား ရေသောက် အနေအထား

လောက်ပါပဲ ။ ကြေညာစာတမ်းလို ဟာမျိုး ၊ အသိပေးချက်လိုဟာမျိုး Hack သွားတဲ့ ကိစ္စတွေအတော်များများဟာ

သူတို ့တွေရဲ ့ လက်ချက်တွေပါပဲ ။ သူတို ့တွေဟာ ကိုယ်ပိုင် အရည်အချင်းနဲ ့ အစွမ်းအစကို ထုတ်ပြချင်တဲ့ အတွက်

Elite Hacker တွေရဲ ့ မျက်စိ စပါးမွေးစူး ၊ မျက်မုန်းကျိုးမှုကို ခံရပါတယ် ။ Elite Hacker တွေရဲ ့ အမြင်မှာတော့

ဒီလို လုပ်ရပ်တွေဟာ ရူးမိုက်တဲ့ လုပ်ရပ်တွေ မို ့လို ့ပါပဲ ။ သူတို ့တွေရဲ ့ အသိ နဲ ့ အတတ်ပညာတွေဟာ Elite တွေကို

မှီဖို ့တော့ မလွယ်ပါဘူး ။ Cracking လုပ်ပြီးတဲ့ နောက်မှာ ၊ လွန်စွာများပြားလှတဲ့ ပမာဏရှိတဲ့ Log တွေနဲ ့ ခြေရာ

လက်ရာတွေကို ထားခဲ့တာမို ့လို ့ အချိန်တို အတွင်းမှာပဲ မြန်မြန်ဆန်ဆန် ရှာဖွေ ဖမ်းဆီးခံကြရပါတယ် ။

၃ ။ Developed kiddie

ငယ်ရွယ်တဲ့ အသက်အရွယ်ပိုင်းနဲ ့ သူတို ့ဟာ ၊ သာမာန်အားဖြင့် ဆယ်ကျော်သက် ကျောင်းသားတွေ အနေနဲ ့ပေါ်ထွက်

လာကြတယ် ။ သူတို ့တွေဟာ ဟက်ကင်း ပြုလုပ်ခြင်းဆိုင်ရာ နည်းလမ်းနဲ ့ သဘောတရား စာအုပ်တွေကို အများကြီး

လေ့လာ ဖတ်ရှုကြပြီ း ၊ အဲဒီ Technique ကို ဘယ်နေရာမှာ သုံးရမလဲ ဆိုတာကို သိထားကြတယ် ။

Exploit နဲ ့တင် ခေါင်းစားပစ်လို ့ရတဲ့ အားနည်းချက်ကို ရှာတွေ ့တဲ့ အချိန်ထိကို ကြိမ်ဖန်များစွာ စမ်းသပ်ကြည့်ပြီး

ပထမဆုံး အနေနဲ ့ စနစ်အထဲကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ အခါ လုပ်ချင်လို ့ပဲ ဖြစ်ဖြစ် မလုပ်ချင်ပဲနဲ ့ဖြစ်ဖြစ်

အကြောင်းပြချက် မယ်မယ်ရရ မရှိပဲနဲ ့ကို စနစ်တစ်ခုလုံးကို ဖျက်ဆီးတတ်ကြတယ် ။

အဲဒီနောက်မှာတော့ သူတို ့လုပ်ခဲ့တဲ့ ကိစ္စကိ လမ်းထဲမှာ အခန်းထဲမှာ ကြွားဝါဂုဏ်ယူပြီး ဖလန်းဖလန်း ထနေ

တတ်ကြတယ် ။ သူတို ့တွေအထဲမှာ Hacker ဆိုတဲ့ Title ကို ရထားတဲ့ သူတွေ ရှိသော်လည်း များသောအားဖြင့်တော့ သူတို ့ကို

Cracker အဆင့်လောက်ပဲ သတ်မှတ်ပြီး ခေါ်ဝေါ်ကြတယ် ။ လုံခြုံရေး စနစ်နဲ ့ပါတ်သပ်ပြီး ချို ့ယွင်း အားနည်းချက်ကို အသစ် ရှာဖွေတွေ ့ရှိနိုင်တာမျိုး ၊ ဒါမှမဟုတ် ၊ လတ်တလော တွေ ့ရှိနေတဲ့

ချို ့ယွင်းအားနည်းချက်ကို ရထားတဲ့ အနေအထားမှာ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲနိုင်တဲ့ အရည်အချင်းမျိုး သူတို ့မှာ မရှိကြပါဘူး ။

လိုအပ်ရင်တော့ Service နဲ ့ Knowledge ကို ဖြည့်ဆည်းပေးနိုင်ကြပေမဲ့ Networking မှာ အခြေခံ အားနည်းကြသလို

GUI Operation System က လွဲလို ့ ကျန်တဲ့ Level မြင့် Operation System တွေနဲ ့ ပါတ်သပ်ပြီး အခြေခံ Knowledge

သိပ်ပြီး မရှိကြပါဘူး ။ Unix နဲ ့ ပါတ်သပ်ပြီး မကြာသေးခင်ကမှာ စပြီးသိတဲ့သူ ၊ ဒါမှမဟုတ် အခြေခံလောက်ပဲ သိတဲ့လူတွေက

အများစုပါပဲ ။ သူတို ့တွေဟာ သူတို ့ကို ရှာဖွေဖော်ထုတ်ခြင်းမှ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို ကောင်းကောင်းမသိကြပါဘူး။

ပုံမှန်အားဖြင့် ခိုးလာတဲ့ Dial up account ကို အသုံးပြုပြီး အိမ်ကနေ Crack လုပ်ကြပါတယ် ။ Network ထဲကို ဝင်ရောက်နိုင်တဲ့

အခါများမှာတော့ အရပ်လေးမျက်နှာ လှည့်ပတ်ကြွားဝါတတ်ကြတယ် ။

ဒီလို Level လောက်ပဲ ရှိတဲ့ သူတို ့ဟာ

1 . Credit Card Juggling

2 . Software Piracy

3 . Nuking

အစရှိတဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ပါတ်သပ်နေတတ်ကြတယ် ။

သူတို ့တွေဟာ ဖမ်းမိတဲ့အခါ ထောင်ဒဏ်ကျခံပြီး နောက်မှာ Cracking အလုပ်ကို စွန် ့လွတ်လိုက်ကြတာများတယ် ။

*****ဆက်ရန် ။

11 comments

  • စိန်ပေါက်ပေါက်

    January 29, 2012 at 2:17 pm

    လုပ်ပါဦး.ကျန်ရှိတာလေးတွေ..
    ဗဟုသုတအလို ့ငှာ လေ့လာမှတ်သား.ကျင့်ကြံအားထုတ်..စမ်းသပ်ကလိရအောင်
    မျှော်နေပါ့မယ်..
    စကားအတင်းစပ်
    မောင်ပေ့ကျောက်စိမ်းဆိုင်ကို ဘယ်လိုဟက်ရမလဲခင်ဗျ

    • ဟက်တာတော့ တိဝူး
      ဟပ်တာတော့ တိဒယ် ဒါဗှဲ … 😛

      ၁၂ ။ ဘိုင်ယာလောကတွင်လည်း လုပ်ခဲ့သောကြောင့် အမျိုးသမီး ဝန်ထမ်းများ အား အုပ်ချုပ်ခြင်း အတတ်တွင်လည်း တဖက်ကမ်းခတ်လေ၏ ။
      အဲဒါဆိုရင် ကိုကြောင်ကြီးဆီကိုတွား တလုပ်ပြည်ပို့ဖို့ လူတွေ စုထားတယ်လို့ပြောဒယ် …. 😛

      နောက်ထပ်လည်း စောင့်မျှော်နေပါသေးတယ်ဗျ

  • windtalker

    January 29, 2012 at 6:39 pm

    အမျိုးသမီးတွေ ကို အုပ်ချုပ်တတ်တယ် ဆိုတာနဲ ့တင် လေးစားသွားဘီ ။ ဟဲဟဲ
    စကားမစပ် ဟက်ကာတွေ အကြောင်း သိနေတယ် ဆိုတော့ နင်လဲ ဟက်ကာတစ်ယောက်ဘဲ ဖြစ်ရမယ် ။
    ဂွင်ကောင်းရင် ဘီယာတိုက်ဖို ့ပြင်ထားနော်

  • သံတွဲ သရဲလေး

    January 29, 2012 at 8:17 pm

    ငါလဲပါတယ်နော် သောက်ဖို ့ဆိုရင်လေ.

  • nigimi77

    January 29, 2012 at 8:29 pm

    ကျုပ်လား …. ????

    ဟက်ကာတော့ မသိဘူး …ဟက် တဲ့ ဟာ တော့ နဲနဲ သိသလိုပဲ ။

    LPIC MCSE MCP MCITP MCTS OCSA OCNA

    CCNA CCDA CCNP CCDP CCIE

    CISA CISSP

    အောင်မငီးးးးးးးးး……..ဘာတွေလဲဟ !!!!!!! 🙂

  • က်ိုကိုအိုဗာ

    January 29, 2012 at 9:14 pm

    စနေမောင်မောင် ဝထ္ထုတွေထဲမှာ ပဲရှိတယ်လို ့ထင်တာ မှားပြီထင်တယ်..
    ကိုတတ်ပကြီး တွေ အများသားပါကလား.. ဌင်းဌင်း…

  • ရွာစားကျော်

    January 29, 2012 at 9:55 pm

    ဒီအလုပ် ၁၃ မျိုးလုံးမှာ elite လယ်ဘယ်ကျွမ်းရင်တော့
    ရွာထဲအပျိုကြီးတွေ သူတို့ဘွဲ့ကို စွန့်လိမ်းမယ် သဘောကျမှာ မပူနဲ့

  • captainamerica

    January 30, 2012 at 10:40 pm

    အကိုဆက်ရေးပါအုန်း သေသေချာချာကိုစောင့်ဖတ်ပါ့မယ်။စိတ်ဝင်စားလို.့ပါ။
    ကိုနိဂိမိပြောပုံအရဆိုရင်ကျွန်တော်အဆင့်ကဟိုးးးးးးးးအောက်ဆုံးမှာပဲရှိသေးတာပဲ
    🙁

  • captainamerica

    January 31, 2012 at 3:27 pm

    အင်းခက်တော့ခက်နေဘီ။ဘာရေးရေးဘာပြောပြောလိုက်နီလိုက်နေပါလား။
    ပုဆိုးခြုံထဲကနေလက်သီးပုန်းပြနေပြန်ဘီ။ယောက်ကျားလို.ကိုယ့်ကိုကိုယ်
    သက်မှတ်ရင်ပေါ်တင်ဒဲ့ရှင်းကာွ။ကြောင်တောင်တောင်ကလေးလိုလိုခွေးလိုလို
    လုပ်မနေနဲ.။ကိုနီဂိမိရေအကိုပို(စ်)မှာကျွန်တော်ကွန်မန်.ရိုင်းသလိုဖြစ်သာွးရင်
    ခွင့်လွှတ်ပါဗျား။ကျွန်တော်လည်းစောက်ဂရုကိုမစိုက်ဖူးလို.သက်မှတ်ထားတာ
    ခုဟာကနည်းနည်းလွန်လာဘီ။လူမမြင်ရတဲ့အွန်လိုင်းပေါ်မှာတောင်မိန်းမလို
    မိန်းမရလုပ်နေတော့အပြင်လောကမှာလဲသုံးစားလို.ရမဲ့ကောင်တွေဟုတ်မှာမဟုတ်ဖူး
    ဟုတ်တယ်မလားအခြောက်မတွေ………… :angry

  • Khin Latt

    February 10, 2012 at 5:16 am

    ဟက်ကာ အကြောင်း ရေး ရင်း သူများ အဟက် ခံ ရပြီး ပျောက်နေသလား လို့ စိတ်ပူ မိကာ တုတ် နဲ့ ထိုးကြည့်လိုက်ပါ၏။ 😉
    CIA, FBI, KGB, MI6 တို့မှ လက်ဦးသွားခြင်းတော့ မဖြစ်တန်ကောင်း ပါပေ။ 😀

  • Mr admin

    September 11, 2012 at 6:53 am

    ဪ nigimi77 ရယ် … ကိုယ်မပိုင်ရင် ဘာမှလျှောက်မပြောစမ်းပါနဲ့ဗျာ … ခင်ဗျားတို့အဲလိုပြောနေလို့လည်း အတိုက်ခံရတာ နေမှာ ….. တကယ့် Kid က nigimi77 ဘဲနေမှာ
    ဟားးဟားး xP Hacker အားလုံးကိုဘယ်တော့မှာ ပုံသေ သတ်မှတ်လို့မရဘူး …

Leave a Reply