၂၀၁၁ ခုနှစ်အတွင်းမှာ..

kotun winlattJanuary 29, 20122min1108

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသ ဆားမှော်ရွာ ကိုယ်အားကိုယ်ကိုးမူလတန်းကျောင်းလေးသို့

ဆားမှော်ကျောင်းလေးသို့ စာရေးကိရိယာနှင့် ကျောင်းသုံးပစ္စည်းလေးများပေးအပ်နေစဉ်

ဖားပန်အေးချမ်းကျေးရွာ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းလေးသို့

ဆရာမ ကျောင်းသူ/သား ရပ်မိရပ်ဖများနှင့် ကျနော်တို့အဖွဲ့ အမှတ်တရ

အုန်းဒုတ်ရွာ မူလတန်းခွဲကျောင်းလေးသို့ စာရေးကိရိယာအလှူ

နားခွင်းကျင်ကျေးရွာ မူလတန်းခွဲကျောင်းလေးမှာ ဆရာမများ ရပ်မိရပ်ဖများနှင့် ကျနော်တို့အဖွဲ့ အမှတ်တရ

နားခွင်ကျင် မူလတန်းခွဲကျောင်းလေးသို့…


ကရင်ရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးသို့…

ကရင်ရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသူ/သား ဆရာမများနှင့်အမှတ်တရ

သက်ရင်းသာရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးသို့…

သက်ရင်းသာရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာမ ကျောင်းသူ/သား ရပ်မိရပ်ဖများနှင့် အမှတ်တရ..

ဒီပုံလေးတွေကတော့ ၂၀၁၁ ခုနှစ်အတွင်းမှာ ကျနော်တို့အဖွဲ့လေး သွားရောက်လှူဒါန်းခဲ့တဲ့ မှတ်တမ်းလေးများဖြစ်ပါတယ်…

ကျောင်းလေးတွေကတော့ စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသမှ ကျောင်းလေးများဖြစ်ပါကြောင်း

၂၀၁၂ /၂၀၁၃ ပညာသင်နှစ်တွင်လည်း ဆက်လက်လှူဒါန်းသွားရန်အစီအစဉ်များရှိပါကြောင်း ဂေဇက်ရွာသူ/သားများအား

အသိပေးအပ်ပါသည်… လှူဒါန်းမှုအစုစုအား ဂေဇက်ရွာသူ/သားများအား အမျှပေးဝေပါသည်…

 


8 comments

  • စိန်ပေါက်ပေါက်

    January 29, 2012 at 7:17 pm

    ဟာဗျာ
    ဘာလို ့လျှောက်လှူနေတာလဲ
    မြန်မာနိုင်ငံမှာဆင်းရဲသားမရှိဘူး
    သန် ့ရှင်းရေးကအစ အကုန်လုံး တစ်သိန်းကျော်ရနေတာကြီးကို လှူမနေနဲ ့ အလကား.အချိန်ကုန်..ငွေကုန် လူပင်ပန်းတယ် 😆
    ဒါတောင် အောက်ဆိုဒ်တွေ..အပေါ်ဆိုဒ်တွေ မုန် ့ဖိုးတွေနဲ ့..အူစိုနေတဲ့လူတွေရှိသေးတယ်..ခင်ဗျားကိုတောင်လှူလိုက်ဦးမယ်
    ငွှ.ငွှ.ငွှ.. 😀

    { လကား နောက်တာနော့..
    ဆင်ဆာအဖွဲ ့ကြီးကလူတွေကို အသဲပေါက်လို ့သောက်ခွက်ပြောင်တာ
    အူးကိုပေါတာဟုတ်ဘူး
    နောက်လဲ ဒီ့ထက်များများ လှူနိုင်ပါစေလို ့ ဆုတောင်းပေးပါတယ်ခင်ဗျ }

    စကားမစပ်
    အူးရဲ့ ပလေကပ် ပုဆိုးအောက်တစ်ခြမ်းက ရှူရှူးထွက်လို ့စိုနေတာလားဂျ
    😆

  • kotun winlatt

    January 29, 2012 at 7:21 pm

    အဲ့နေ့ မိုးတွေရွာလို့ လမ်းမှာ မိုးမိသွားလို့ပါ ဆြာရယ်…
    ကျနော်တို့ဆီကနေ အဲ့ရွာကို လေးမိုင်လောက်ဝေးတယ်…
    ဆိုင်ကယ်နဲ့ သွားကြတာလေ…
    မိုးမိတော့ ပုဆိုးစိုသွားတာပါဗျာ…
    ရှူးရှူးထွက်တာမဟုတ်ရဘူးးးဟယ်….။

    • စိန်ပေါက်ပေါက်

      January 29, 2012 at 7:30 pm

      အူးက ဘာပြုလို ့ နေထက်လင်းနဲ ့တူတာလဲ ဂျ 🙄

      ဟို နေ ့ က ဂျက်လီနဲ ့တူတယ်
      ဒီနေ ့
      နေထက်လင်းနဲ ့ တူတယ်ဂျ
      😀

  • kotun winlatt

    January 29, 2012 at 8:11 pm

    အောင်မငီးးးးးကပေါက်ဖော်ရယ်….
    ဘီယာသောက်မယ်ဆိုလည်းးးးတိုက်ပါ့မယ်…
    အဲ့ဂလောက်မြောက်မပြောပါနဲ့ကွယ်…
    ဆြာပေရဲ့ အစွမ်းနဲ့ ဘော့လုံးပွဲဝုန်းးးးထားတာရှိတယ်….

  • windtalker

    January 29, 2012 at 8:49 pm

    ဒီညတော့ မောင်ပေ မောနေရတယ်ကွယ်
    ကိုထွန်းဝင်းလတ် ရဲ ့ကုသိုလ်ကောင်းမှု ကို ဝမ်းသာအားရ သာဓု သုံးကြိမ်ခေါ်ဆိုပါတယ်နော်
    ဘောပွဲအားလုံး အောင်မြင်ရပါစေဗျာ

  • kyeemite

    January 30, 2012 at 9:52 am

    အရမ်းအရမ်းကိုလေးစားမိပါတယ်…အနာဂါတ်ရဲ့သားကောင်းရတနာလေးတွေ အတွက်လည်းပီတိဖြစ်မိပါတယ်…

  • နှာကိုယ်တော် မောင်မောင်ဇာ

    January 30, 2012 at 10:05 am

    သာဓုခေါ်ပါတယ်အစ်ကိုရေ….

    သည့်ထက်ပို အများအကျိုး သယ်ပိုးနိုင်ပါစေဗျား …

    ခင်တဲ့ ….

    နှာကိုယ်တော် မောင်မောင်ဇာ

  • ကောင်းသောအမူ့ကို
    ကောင်းသောသူများသာ
    ကောင်းစွာဆောင်ရွက်နို်င်၏
    လို့ မှတ်ရဘူးပါတယ်။

Leave a Reply