“အပြစ်”ဖြစ်မိသည်

aye.kkJanuary 29, 20121min21012

ကလေးဘဝကား….အကောင်းအဆိုးမသိ၊အကြောင်း
အကျိုးတို့အားနားမလည်ပါပေ။ ထို့ကြောင့်ပင်ဆိုရချေမည်၊ကျမကားကလေးဘဝအရွယ်
နားမလည်ပါသဖြင့်အပြစ်ဖြစ်မိခဲ့ပေသည်……..။
ထိုအပြစ်ကြောင့်ပင်…ယနေ့တိုင်ထိပင်ရင်ထဲမှာ
တနုံ့နုံ့နှင့်ခံစားရမဆုံးရှိချေသည်။ ဆေးကြော၍လည်းမရနိုင် ပါပေ၊ထိုအကြောင်းလေးအားစဉ်းစားမိတိုင်း ခံစားနေရသဖြစ်ဖွင့်ဟချင်မိကာ စာဖတ်သူတို့အား ဖော်ပြရေးသားရခြင်းဖြစ်ပါသည်။ ကျမမှတ်မိနေသည့်အရွယ်ကဟုဆိုချင်ပါသည်။ ကျမ၏မိဘများတို့တွင် အိမ်ခြံလုံအောင်မွေးထားသော ခွေးထီးတကောင်နှင့်ခွေးမလေးတကောင်ရှိပါသည်…..။ ခွေးထီးတကောင်ကတစ်ကိုယ်လုံးခဲပြာရောင် ဖြစ်၍မိသားစုတို့အားလုံးက ချစ်စနိုးနှင့်ပြာကြီးဟုခေါ်ကြပြီး အမလေးကိုတော့တစ်ကိုယ်လုံးအုန်းခွံရောင်ဖြစ်၍ညိုမ
ဟုခေါ်ဆိုကြပါသည်။ ပြာကြီးကအိမ်နောက်ဖေးခြံဝင်းထဲတွင်နေထိုင်ကာ၊ညိုမကအိမ်ကမိသားစုများနှင့် အတူပွတ်သီးပွတ်သပ်နေထိုင်ပါသည်။ကျမက
ခင်တွယ်တတ်သူဖြစ်၍ ညိုမအားလွန်စွာချစ်ပါသည်…….။ ကျမသည်မိဘများကကျမအားစားရန်ပေးထားသည့်စားစရာများအားညိုမကိုချကျွေးတတ်သူဖြစ်ပါသည်…….။ မိဘတို့ကသိလျှင်ဟန့်တားတတ်သော်လည်း၊ကျမ
အကျင့်ကမပျောက်ပါ……။ အဘယ်ကြောင့်ဆိုသော်…..ညိုမကလူစကားအား လွန်စွာနားလည်သည့်အပြင် ကျမပြောသမျှနားလည်နေသည်ကို အလွန်သဘောကျ နှစ်ခြိုက်နေမိခြင်းကလည်းအကြောင်းရင်း တစ်ခုဖြစ်ပါသည်။ ထိုကြောင့်ကျမဘာစားစားညိုမအား ကျွေးနေမိခြင်းဖြစ်ပါသည်။ှ ပြာကြီးနှင့်ညိုမတို့နှစ်ဦးအား အမေတို့မအား၍ကျမအားထမင်းကျွေးခိုင်းလျှင် ကျမလွန်စွာသဘောကျပါသည် ၊ တစ်အိမ်သားလုံး အမဲသားမစားကြသော်လည်း ခွေးကျွေးရန်အတွက်ဆိုလျှင် အဖေကအမေ့အားဈေးမှအမဲရိုးများမှာကာ နေ့စဉ်အမြဲဝယ်ကျွေးပါသည်။ အဖေကခွေးဆိုသည်မှာ အမဲရိုးအားလွန်စွာကြိုက်နှစ်သက်ကြောင်း ၎င်းတို့အတွက်လည်းခွန်အားဖြစ်ကြောင်း အဖေပြောသည်ကိုမကြာခဏ ကြားဘူးနေပါသည်။ အမေတို့ကခွေးနှစ်ကောင် အတွက်ဟုဆိုကာ
အမြဲပုံတာကြနှင့် နယ်ကျွေးပါသည်။
(ညီတူမျှတူကျွေးသည်ကိုဆိုလိုခြင်းဖြစ်ပါသည်)
ကျမအားကျွေးခိုင်းသောနေ့များဆိုလျှင် ကျမစားမည့်ဟင်းလျှာပုံတာအား တောင်းထားတတ်ပါသည်။ ပြီးလျှင်ညိုမစားမည့်ပန်းကန်ထဲသို့ ထဲ့ကျွေးတတ်ပါသည်၊ထိုသို့်မကြာခဏပြုလုပ်သည်ကို ပြာကြီးကတွေ ့မြင်လျှင်ညိုမအားအမြဲလိုလိုမာန်ဖီကာ မာန်စောင်နေတတ်ပါသည် ။ ကျမကပြာကြီးအား..
“ဟင်း”နော်ဟုဆိုကာ ခြောက်တတ်ပါသည်။ ပြာကြီးကအမဲရိုးကလွဲလျှင်ဘာမျှမစား၊အသားငါးများကျွေးပါကလည်းဘယ်တော့မှမကြိုက်၊အမဲရိုးမဟုတ် သောနေ့ဆိုလျှင်ပြာကြီးထမင်းမစားတော့၊တစ်ခါတစ်ခါခြံထဲမှာခွေခွေလေးသွားလှဲနေတတ်ပါသည်။ အဖေမြင်လျှင်တော့ အမေ့ကိုအမဲရိုးမပါရကောင်းလားဟုဆူတတ်ပါသည် ။ ထိုအခါအမေက… (ဥပုတ်သ်)နေ့လိုမျိုးတိုက်ဆိုင်နေလျှင် တစ်ခါတလေမရောင်းတတ်၊ ဝယ်မရ၍သာပြန်လာရသည် စိတ်ထဲမှာမကောင်းပါဟုအဖေ့အား အမေကရှင်းပြတတ်ပါသည်။
တစ်ခါတွင်ပြာကြီးအကြောင်းအားသိချင်သဖြင့်အမေ့အား ကျမမေးဘူးပါသည်။အမေပြောပြသည်မှာ….. ပြာကြီးကား……….အင်မတန်ဂျီးထူသည် ၊ သူ့သခင်များက အိန္ဒိယပြည်ပြန်သွားကြရသဖြင့် ခေါ်သွားခွင့်မပြု၍သာ မြန်မာပြည်မှာကျန်နေရစ်သည်။ သခင်ကိုလွမ်းနာကျ၍နေမကောင်းဖြစ်ကာ
ဆေးကုထားပေးရသည်။ သခင်များကလည်း ကောင်းကောင်းလေးပြုစုစောင့်ရှောက် မွေးထားပေးရန်မျက်ရည်စက်လက်နှင့် မှာကြားကာထားခဲ့ရရှာသည် ။ ငါတို့အပေါ်မှာလည်း သူ့ ့သခင်များကသစ္စာရှိခဲ့ကြသူများဖြစ်ပေသည်။ယ္ခင်ကငါတို့နှင့်အတူတူနေထိုင်ကြသည့် အိမ်ခြံစောင့်ဒ၇ဝမ်(မာလီ)ကုလားလင်မယား ဖြစ်သော်လည်း မိသားစုပမာချစ်ခင်ခဲ့ကြသည်။ ၎င်းတို့လင်မယားနှစ်ဦးလုံးကအိန္ဒိယနိုင်ငံဖွားများ ဖြစ်၍အချိန်တန်တော့သူတို့နိုင်ငံပြန်ကြရသည်။ သူတို့ပင်မဟုတ် ထားခဲ့ရသောခွေးကလည်း လွန်စွာသစ္စာစောင့်သိသည်။ သူခိုးပင်အနားမကပ်ရဲ လွန်စွာပင်စိတ်ချရသည်ဟု ပြောပါသည်။
ပြာကြီးက…….သူများခွေးတွေနှင့်လုံးဝတမတူ၊ထူးခြားနေ
သည်ကား၊တစ်ကိုယ်လုံးခဲပြာရောင်၊(မိုးပြာလည်းမကျ)…
အဖေကအဖော်၇ရန်ညိုမလေးအား မွေးထားသော်လည်းသူကမောင်နှမလိုပဲနေနေသည်။ အဖေက…ငါကသူ့အကျင့်ဗီဇကောင်းသဖြင့်မျိုးဖောက်ချင်၍ ညိုမအားမွေးထားသည်၊မိတ်လိုက်ချိန်ရောက်လာလျှင် ဘယ်ခွေးကမှမနေနိုင်၊မိတ်လိုက်ကြသည်ချည်းပင်၊အခုပြာကြီးကညိုမမှမဟုတ်အခြား ဘယ်သူနှင့်မျှပင်မိတ်လိုက်ခြင်းမရှိ။လွန်စွာအံ့ဩဘို့
ကောင်းပေသည်၊ခွေးတောင်မှသူ့ ့အမျိုးအားသူလွန်စွာတန်ဘိုးထားပေသည်။
ငါတို့ကခွေးလောက်တောင်သစ္စာမရှိဟုပြောရမလိုဖြစ်နေသည် ဟု….၊ သဘောအလွန်ကျကာပြောဘူးလေသည်။
ကျမအပြုအမူတွေကိုသဘောမကျဖြစ်လာနေသည်မှာကား……
ပြာကြီးပင်ဖြစ်တော့သည်၊ပြာကြီးနှင့်ညိုမအားခွဲခြား
သလိုဖြစ်နေသည်ကို မသိနားမလည်သူကကျမပင်။ပြာကြီးကအသားငါးသူမစား၊
သူမစားတော့၊ကျမကမကျွေးမိ… ပြီးတော့ပြာကြီးကခြံထဲမှာပဲနေသည်။ ဘယ်သူနှင့်မျှလည်းရောရောနှောနှောမနေတော့၊ကျမကမခင်တွယ်မိခြင်းဖြစ်ပေသည်။
ညိုမကအိမ်မှာပဲနေသည်ခိုင်းလျှင်လုပ်ပေးတတ်သည်…..။ ကျမစကားအားသူနားလည်သည်…ဘယ်လောက်အထိနားလည်သည်ဟုပြောပြရပါလျှင်….
ကျမက…ညိုမေ၇..ဖင်ထိုင်ခုံလေးယူလာပေးပါဟုဆိုသည်နှင့်ဖင်ထိုင်ခုံလေးနားရောက်လျှင် သူ့မေးစေ့လေးနှင့်ကျမအားကြည့်ကာဖင်ထိုင်ခုံလေးအားထိုးပြပါသည်။
ကျမကခေါင်းငြိမ့်ပြလျှင်သူ့ပါးစပ်လေးဖြင့် ကိုက်ချီကာယူလာပေးပါသည်။ ကျမကအိမ်နောက်ဖေးစီး ခုံဖိနပ်လေးမေ့ကာ အမေဆူမည်မည်ကိုစိုးသဖြင့် အိမ်ထဲစီးဖိနပ်လေးဖြင့်လာမိလျှင်….
ညိုမရေခုံဖိနပ်လေးယူပေးပါဦးပြောလျှင် ကဆုန်ပေါက်ပြေးသွားကာ ခုံဖိနပ်လေးအားတဖက်စီသာကိုက်ချီကာယူလာပြီး.. နှစ်ခေါက်နှစ်ခါမျှပင်အမောခံ၍သူယူပေးပါသည်။
ကျမနှင့်အမေ့အကြောင်းသူသိနေသလိုပင်၊ ကျမကသတိမေ့ပြီး..
အိမ်ထဲစီးဖိနပ်နှင့်အိမ်နောက်ဖေးဖိနပ်မှားစီးလျှင်.. စည်းကမ်းမရှိဟုဆိုကာအမေကမြည်တွန်တောက်တီးတတ်၍ ဆူတတ်ခြင်းကြောင့်ဖြစ်ပါသည်။ ညိုမကအရမ်းလိမ္မာသည်၊သူမကိုကျမအလွန်ချစ်ကာ
တန်ဘိုးထားပါသည်။
ပြာကြီး၏ကျေးဇူးကိုကျမကသတိမမူတတ်ခဲ့၊တန်ဘိုးထားရမည်ကိုကိုယ်ချင်းမစာတတ်မိခဲ့၊ပြဿနာစမိသူက ကျမဖြစ်နေခဲ့ပါသည်။ပြာကြီးကညိုမကိုကျမကအချစ်ပိုနေသည် ဟုထင်ကာသူ့ရင်ထဲလိပ်ခဲတည်းတည်းရှိနေခဲ့ပါသည်။ ကျမကအစာကျွေးရသည့်တစ်ရက်တွင် ညိုမအားခါတိုင်းကဲ့သို့အသားငါးထဲ့ပေးမိရာတွင်..ပြာကြီးက.. ထမင်းပန်းကန်ပြားမှစားနေရင်း..ညိုမအားမာန်ဖီခြင်းမရှိတော့ဘဲကျမအားတချက်စောင်းငဲ့ကာကြည့်ပြီး.. တချက်မျှမာန်ဖီလိုက်ပါသည်။ ကျမကအံ့အားသင့်သွားကာချက်ချင်း သူ့အားဆူမိပါသည်။ နင်မစားတဲ့ဟာငါကညိုမကျွေးတာ…နင်ဘာမနာလိုဖြစ်
နေတာလည်းဟုပြောလိုက်မိပါသည်။ မာန်ဖီခံလိုက်ရသဖြင့်ကြောက်လည်း ကြောက်မိသွားပါသည်။နောက်ပိုင်းတွင်ကျမကညိုမကို
သပ်သပ်ကျွေးမိပါသည် ၊ပြာကြီးက
ကျမအားအခဲမကြေအငြိုးထားကာ အချိန်အခါကောင်းကိုစောင့်နေခဲ့ပါတော့သည်။ ကျမအားပြာကြီးအင်မတန်မုန်းသွားသည်ကို
မသိသူကားကျမပင်ဖြစ်ပါသည်။ နွေရာသီကျောင်းပိတ်ရက်တနေ့မှာဖြစ်သည်၊ကျမတို့အိမ်ခြံနောက်ဖေးအိမ်မှာဇီးသီးပင်ရှိပါသည်။ အိမ်နောက်ဖေးခြံတံခါးသော့ဖွင့်ထားသဖြင့် ဇီးသီးကောက်ရန်သွားမိပါသည်။
အိမ်နောက်ဖေးအိမ်ကခွေးထီးတကောင်ရှိပါသည်။ (ဂုတ်ကြားဟုခေါ်ပါသည်) ကျမတို့ကထညက်အမြဲကျွေးသဖြင့်ကျမတို့နှင့်
ယဉ်ပါးနေသူဖြစ်ပါသည်။ ကျမတဖက်အိမ်နောက်ဖေးခြံထဲသို့သွားတာ
ပြာကြီးကမြင်သဖြင့်ကျမအနောက်မှမသိမသာအသာ
အယာလှမ်းကာလိုက်လာပါသည်။ ကျမသတိထားမိလိုက်သောအချိန်၌ကား…. ပြာကြီးကသိကာချက်ခြင်းပင် ဂုတ်ကြားအားအဖော်ခေါ်ကာ… ပြေးလိုက်ပြီးလျှင်ကျမအားကိုက်ခိုင်းခဲ့ပါသည်။ ပြာကြီးနှင့်ဂုတ်ကြားတို့ကရုတ်တရက်ပြုမူခြင်းဖြစ်၍ ကျမ.. မထင်မှတ်ကာအံ့ဩပြီးငယ်သံပါအောင်အော်မိပါတော့သည်။ အငြိုးကြီးသောပြာကြီးကား..ကျမအားသူကိုယ်တိုင်မကိုက် ပဲဂုတ်ကြားနှင့်ကိုက်ခိုင်းခဲ့ခြင်းပင်ဖြစ်ပါသည်။ မည်သူမျှဆွဲချိန်၊တားချိန်မရလိုက်….ပဲ လူကြီးတွေလည်းအံ့အားသင့်ကာဝေခွဲမရဖြစ်ကုန်ကြပါသည်။ ခွေးနှစ်ကောင်ကကျမအား ဤသို့ပြုမူလိုက်ခြင်းကိုလွန်စွာမထင်မှတ်ထား၍ဖြစ်ပါသည်။ ရာဇဝင်မှာစာတင်ရလောက်အောင်ဟုသာပြောချင်ပါတော့သည်။ မိမိအိမ်မှခွေးကပြေးလိုက်ဆွဲကာ.. သူများအိမ်ကခွေးနှင့်ကိုက်ခိုင်းသည့်အဖြစ်ကလွန်စွာရုပ်ဆိုးလွန်းလှ၍ဖြစ်ပါသည်။
အကိုက်ခံရကာအလန့်လွန်နေသောကျမအားလူကြီးများက ချက်ခြင်းပင်ရေတခွက်တိုက်ကာ ဒဏ်ရာအချေအနေအားကြည့်ကြပါသည်။
ခွေးသွားကစူးရှကာဒဏ်ရာအပေါက်ကနက်ရှိုင်းသဖြင့် သွေးများကထွက်လာပါသည်။သွေးမြင်လျှင်လန့်တတ်
သောကြောင့် ကျမငိုခြင်းကားမဆုံးနိုင်တော့။အပေါက်ရာကသုံးပေါက်မျှပင်ဖြစ်သည်။ အဖေနှင့်အမေကကျမအားအိမ်ပြန်ခေါ်လာကာ ဒဏ်ရာအနာအား အရက်ပျံနှင့်ဆေးကြောပေးကာ သင်္ချာ(ဆေးနီရည်)အားထဲ့ပေးပါသည်။
စပ်သဖြင့်ကျမမှာဖျတ်ဖျတ်လူးပင်…၊အဖေကပြာကြီးအား သတ်မည်ကိုကြိမ်းသေသိနေမိပါသည်။ ကျမကဘယ်နည်းနှင့်မျှပြာကြီးအားခွင့်မလွတ်
နိုင်တွေ ့ရာသင်္ချိုင်းဓားမဆိုင်းဟုဖြစ်မိပါသည်။ ပြာကြီးကားတပတ်မျှတိတိအိမ်ပြန်မလာ၊အဖေနှင့်
ကျမကားပြာကြီးအားအငြိုးမကြေနိုင်။ (ခံစားထားကြရ၍ဖြစ်ပါသည်)
အဖေကခွေးကိုက်ပါက ချက်မှာခွေးရှူးမပြန်နိုင်အောင် ခွေးရှူးပျံဆေး(၁၄)ချက်မျှထိုးရမည်၊ငါ့သ္မီးကားငယ်လွန်းသဖြင့် ဆေးထိုးခံရမည်ကိုစဉ်းစားမိပါက ငါ့ရင်မှာမခံစားနိုင်အောင်ဖြစ်ရသည်ဟုအမေ့အားပြောပြလျှင် အမေကအမွေထိမ်းအိမ်သို့ပြေးကာဖြစ်ကြောင်းကုန်စင်ပြောပြပါသည်။ ထိုအခါအမေ့၏အမွေထိမ်းအုပ်ထိန်းသည့်သူက သူတော်စင်ဖြစ်နေ၍ ကျမအားညနေခေါ်လာပါ ဒဏ်ရာကုသပေးမည် ကလေးဘာမျှမဖြစ်စေရဟု ပြောပါသည်။အမေသည်အဖေ့အား အကျိုးကြောင်းပြောပြကာ ညနေရောက်လျှင်အမ်းကုန်းဆီခေါ်သွားပါသည်၊ ပြီးလျှင်အမ်းကုန်းသည် အင်းစာရွက်ဟုထင်ရပါသည် ထိုအင်းစာရွက်လေးအားပြာချပြီးကာမန်းထားသည
့်ရေအားတိုက်ပါသည် ။ သုံးရက်အတွင်းအနာဖေးကွာကြကာ လုံးဝပျောက်ကင်းသွားမည်ဟုအမေ့အားပြောပြပါသည်။
ပြီးလျှင်အတီပြောစရာရှိသည်ဟုဆိုကာ ကလကာအစိမ်းရောင်နောက်သို့ခေါ်သွားပြီး ကျမအားအပြင်မှာနေရန်အမေကပြောပါသည်။ ကျမကစပ်စုသည့်ဝါသနာ ရှိကာအမ်းကုန်းနှင့်အမေတို့ပြောသည့်
စကားအားခိုးနားထောင်မိပါသည် ။ ကျမနားစွန်နားဖျားကြားလိုက်ရခြင်းက အတီ…ကလေးခွေးကိုက်ခံရသဖြင့်ကံနိမ့်သွားသည်၊စိတ်မကောင်းမဖြစ်နှင့်တရားနဲ့သာဖြေပါဟု ပြောလိုက်ခြင်းပင်ဖြစ်ပါသည်။ အမေကစိတ်ထိခိုက်သွားခဲ့ပါသည်၊အဖေက အန်းကုန်းဆေးကုသမှုအား သုံးရက်အတွင်းစောင့်ကြည့်ကာ လက်တွေ ့ပျောက်ကင်းသွားသဖြင့် ယုံကြည်ကာဆေးမထိုးတော့ပါ..။
အန်းကုန်းကိုယုံကြည်သည်၊ အဖေ့ရင်ထဲမှာတော့စိုးရိမ်ကြောက်ကြစိတ်ကတထိတ်ထိတ်နှင့် ဟုအဖေကပြောပြပါသည်။ တပတ်ပြည့်တော့ပြာကြီးကပြန်လာပါသည်… စိတ်ပြေလောက်ဟုသူထင်နေမိ၍ဖြစ်ပါမည်။ အဖေကနေရာအနှံ့ရှာတာတောင်သူ ့အားမတွေ ့သဖြင့်တအိမ်သားလုံးကအံ့ဩနေကြပါသည်။ အမေကပြာကြီးအားမသတ်ရန်တောင်းပန်ပါသည်၊ကျမကနှိပ်စက်ချင်နေမိပါသည် ၊ ကိုယ်ကိုတိုင်ကတော့သတ္တိမရှိပါ ပြာကြီးအားစိတ်နာနေမိပါသည်။ အဖေနှင့်အစ်ကိုအမများကပြာကြီးအားခွင့်မလွတ်နိုင်ဟုဆိုကာ အဖေကသတ်မည်ဟုပြောလျှင်အမေက
ငိုယိုကာတောင်းပန်ပါတော့သည်။ဘယ်လိုမှ
ပင်ခွင့်မပြုနိုင်ပါဟုအမေကအသဲအသန်တားမြစ်ပါတော့သည်။
အဖေက အမေမသိအောင်ပြာကြီးကြိုက်သောအမဲရိုးအား အသားအများဆုံးတွဲနေသည့်ဘက်မှရွေးယူကာ အင်တလင်း(အဆိတ်ဆေး)သုတ်လိမ်းကာ သူများနှင့်သတ်ခိုင်းခဲ့ပါသည်။ သူလည်းကိုယ်တိုင်မကိုက်ခဲ့၊ငါလည်းသူ့အားလက်ဖြင့်ကိုယ်တိုင်သတ်ရန်ကံအကြောင်းမပါ…. ဟုအဖေပြောပါသည်၊မောင်နှမအားလုံးအား
မေ့အားမပြောရန်နှုတ်ပိတ်ခိုင်းခဲ့ပါတော့သတည်း….။
ပြာကြီးကားဆန့်ငင်ဆန့်ငင်ဖြစ်အိမ်ရှေ့သို့ မရောက်ရောက်အောင်ပြန်လာခဲ့ပြီးကာ အိမ်ရှေ ့အရောက်ဘိုင်းကနဲလဲကြပြီးမှ သေသွားပါသည်။ ထိုအခါမှအဖေက အသိတရားဝင်ကာ ငါသတ်ခိုင်းခဲ့တာမှားပြီဟုဆိုပါသည်။ ခွေးပေမဲ့သစ္စာရှိလွန်းလှသည်။နင်နဲ့ငါက
ကံအကြောင်းတရားတို့ကုန်ပေပြီ၊နောင်သံသရာမှာ ဒီလိုအဖြစ်မျိုးမကြုံတွေ ့စေရန်ဆုတောင်းပေးလိုက်ပါသည် ဟုပြောကာ အလုပ်သမားတယောက်အားခေါ်ယူ၍ ရေချောင်းထဲမျှောချပစ်ခိုင်းခဲ့ပါသည်။အမေ့ကိုကား
အဖေညာရပါတော့သည်၊သူများခွေးရှူးတွေထနေသဖြင့် ပြာကြီးကအဆိတ်စားမိကာသေဆုံးသွားပြီဟုပြောပြပါတော့သည်။
ဪ……ငယ်ငယ်ကမသိနားမလည်သဖြင့်၊
အကြောင်းအကျိုး၊အကောင်းအဆိုးမခွဲတတ်ခဲ့ခြင်းကြောင့် အဖေပါ“အပြစ်”ဖြစ်မိသည်………ယနေ့တိုင်ရင်ထဲခံစားမှု
တို့ကားပျောက်ပျက်မသွားတော့၊မိမိကြောင့်အပြစ်ဖြစ်ခဲ့ရမှုအပေါ်ရင်ထဲတွင်တနှံ ့နှံ့ခံစားရင်းဖြတ်သန်းလာခဲ့ရပေတော့သတည်း။
ညိုမလေးသေသည့်အချိန်တွင်ကား……. ကျမတို့အိမ်ရှေ ့ဗန်ဒါပင်ချေရင်းအောက်တွင်
ကောင်းကောင်းမြုပ်နှံခဲ့ပေးကြပါသည်။ တစ်အိမ်သားလုံးဆုမွန်တောင်းပေးကြကာ မသေမီကျမတို့မောင်နှမအားလုံးက
ညိုမလေးအားသရဏဂုံတင်ပေးခဲ့ကြပါသည်။
(ကိုယ်တွေ ့ခံစားချက်များသာဖြစ်ပါသည်၊
ဝေဖန်ထင်မြင်ချက်ပေးပါရန်တောင်းခံအပ်ပါသည်)

12 comments

  • စိန်ပေါက်ပေါက်

    January 29, 2012 at 8:33 pm

    ခွေးယုတ်ပါဗျာ
    သူ ့ကိုကောင်းကောင်းမကျွေးတိုင်း ခွေးကျင့်ခွေးကြံကြံပြီး ခွေးခွေးချင်း ပင်းပြီး အညှိုးထား ကိုက်ခိုင်းတာ
    အဲလိုခွေး ဘာမှ မသနားနေနဲ ့..
    သူကိုယ်တိုင်ကိုက်မှ ပိုဆိုးမှာ
    မြန်မြန်သေအေးတယ်..အဲလိုခွေးမျိုး..
    ကျုပ်တော့ မသနား..ခွေးပါး…
    မစားရရင် စားရတဲ့နေရာပြောင်းပေါ့…
    အေပေးခွေး..

    ( အလို..
    ငါလဲ…
    ခွေးနဲ ့ပြိုင်ပြီး ရန်ဖြစ်နေတာပါကလား..
    သတိပြန်ချပ်မှ..
    အနိစ္စ..အနိစ္စ..အနဂ္ဂ )

  • windtalker

    January 29, 2012 at 8:43 pm

    အဲဒါတွေကြောင့်မို ့ခွေးမမွေးချင်တာ အန်တီအေးရေ
    သံယောဇဉ် ငြိသွားရင် ၊ စိတ်မော ရတာကလား

  • pooch

    January 29, 2012 at 11:31 pm

    အိမ်မှာလည်း ခွေးမွေးတယ်။ ဒါပေမဲ့ ကျမတို့အပေါ်မှာ သစ္စာရှိပြီး လိမ္မာတဲ့ ခွေးတွေပါ။ ဒါပေမဲ့ သူတို့တွေသေရင် စိတ်မကောင်းဖြစ်ရလွန်းလို့ ဒီတကောင်နောက်ဆုံးပဲလို့ တအိမ်လုံးဆုံးဖြတ်ထားကြတယ်။ ဒီလိုမျိုးကတော့ အခုမှကြားဖူးတယ်။ ငယ်မွေးခြံပေါက်မဟုတ်လို့ထင်ပါတယ်။

  • Khin Latt

    January 30, 2012 at 12:00 am

    အစ်မ အေးရေ – ပုံပြင်မဟုတ်တဲ့ ဇာတ်လမ်းလေးကို ဖတ်ပြီး စိတ်မကောင်းလိုက်တာ။
    ခွေးတွေက သခင်ကို ချစ်ကြတာဘဲ ကြားဘူးခဲ့တာ။ ဒီလို အငြိုးထားတာ မျိုး မကြားဘူးခဲ့ဘူး။
    ဒါကြောင့် ကိုယ်မသိတာတွေ လောက မှာ အများကြီးပါဘဲ။
    ဒီလို ဘဲ တစ်ဆင့်စကား တစ်ဆင့်ကြား နဲ့ ဗဟုသုတ တိုးရပါတယ်။
    အစ်မရေ – ပြာကြီး က ဘာလို့များပြန်လာခဲ့ပါလိမ့်နော်။
    ကြည့်ရတာ သံယောဇဉ် ကလဲ မပြတ်ဘူးထင်ပါရဲ့။
    စိတ်ထဲမှာတော့ မထားပါနဲ့တော့ အစ်မအေးရေ။
    ပြီးခဲ့တာတွေ တစ်ချို့ဆိုတာ ပြန်ပြင်လို့မှမရတာနော်။
    အဲဒီကနေ သင်ခန်းစာ ယူနိုင်ရင်ကို အမြတ်ပါဘဲ။
    အစ်မ Post လေးအတွက် ကျေးဇူးပါနော်။

    ချစ်ခင်စွာဖြင့်
    မလတ်

  • padonmar

    January 30, 2012 at 1:18 am

    aye.KK
    တိရစာ္ဆန်မှာလည်း လူကို ငြိုးတတ်တယ်ဆိုတာ ဆင်တွေ၊မြွေတွေမှာတော့ ဖတ်ဖူးတယ်၊
    ခွေးကိုတော့ မထင်မိဘူး၊
    မေ့နိုင်အောင် ကြိုးစားပါလို့ပဲ ပြောချင်ပါတယ်။
    သံယောဇဉ်ကြီးတတ်တဲ့သူတွေ တိရစာ္ဆန်လေးတွေ မမွေးတာ အကောင်းဆုံးပါပဲနော်။

  • ကြောင်ကြီး

    January 30, 2012 at 9:31 am

    သဂျီးပြောတော့ တိရိစာ္ဆန်မှာ ခံစားသိစိတ်မှ မရှိဘူးဆို…..။ သူ့ရွာမှာနေပြီး သဂျီးကို ပုန်ကန်တာလား။ သားသားကြောက်ကြောက်ပါ..။

  • kyeemite

    January 30, 2012 at 9:38 am

    အေးဗျာ..aye.kk ရေးတဲ့စာစုလေးဖတ်ရတော့..ကျွန်တော်လဲ..မေ့မရသေးတဲ့ ခပ်ဆင်ဆင်အဖြစ်လေးသွားသတိရမိတယ်…အမရပူရမှာ…ကျွန်တော်ငယ်ငယ်က..အိမ်မှာမွေးထားတဲ့ ဆိတ်အကောင်၃ဝကျော်လောက်ကိုနေ့တိုင်းထွက်ကျောင်းရတယ်…ဆတ်ဆိုတဲ့သတ္တဝါကလဲ..
    အရွက်မျိုးစုံစားတယ်လေ..အဲဒီထဲမှာမှ..ကုလားပဲစိုက်ခင်းကကုလားပဲပင်တွေကိုအကြိုက်ဆုံးပဲဗျ..
    သူမျာအခင်းဆိုတော့..ဝင်စားတာတွေ့ရင်လဲ ပိုင်ရှင့်အဆဲခံရသေးတာဆိုတော့..မဝင်အောင်အမြဲကရု
    စိုက်ရသေးတယ်…ဒါပေမဲ့ဒီကေင်တွေကလဲ..နဲနဲလစ်တာနဲ့..ဝင်တွယ်တာဘဲ..ကျုပ်ကမောင်းထုတ်လိုက်..
    လစ်ရင်ဝင်တွယ်လိုက်..နဲ့သံသရာလယ်နေရောဗျို့..ကြာတော့ ကျုပ်လည်းစိတ်တိုလာရော..ဒါနဲ့နောက်တခါ
    လဲဝင်ရော..လောက်လေးဂွထုတ်ပီး..ဝင်တွယ်နေတဲ့ကောင်ကိုလှမ်းပစ်လိုက်တာ..
    ဆိတ်မတဲ့တဲ့မှန်ပါလေရာ..တခါတည်းဗျာ အသံကုန်အော်ပီး..ပတတ်ရပ်ခုံလိုက်တာကျုပ်တောင်လန့်သွား
    တယ်..ဒါနဲ့ ဘယ်နားမှန်သွားပါလိမ့် ဆိုသွားကြည့်တော့…အား…ကျုပ်တော်တော်လန့်သွာတယ်..
    တော်တော်ကြီးလဲဝမ်းနည်းသွားတယ်..မျက်လုံးတဲ့တဲ့မှန်တာဗျာ..မျက်လုံကပေါက်ထွက်ပီး..
    တန်းလန်းကြီးကျနေတာ…ကျွန်တော်အဲလောက်ကြီးမရည်ရွယ်ပါဘူး..ချောက်ရုံလေးပါ
    အဲဒီကထဲကကျွန်တော် လေးဂွကိုစွန့်လွှတ်လိုက်တာဘဲ..ခုဒီစာရေးနေတဲ့အချိန်ထိ..သတိရတိုင်း..
    စိတ်မကောင်းဖြစ်တုံးဘဲဗျာ..

  • amatmin

    January 30, 2012 at 11:16 am

    ကိုယ်ပြုခဲ့မိသော မကောင်းမှုအပြစ်ကို မေ့ပျောက်ရာ၏..
    ပြုခဲ့ဖူးသော ကောင်းမှုတရားတို့ကိုကားအဖန်တလဲလဲ ဆင်ခြင်ရာ၏.
    ထိုသည်ကား ကိုသစ်ထံမှမှတ်သားဖူးသောစကားပေတကား.. 🙂

    သဂျီးကတော့ ကိုယ့်ကိုထိခိုက်လာမဲ့အရေးဆိုရင်သတ္တဝါချင်းပေမဲ့ရှင်းသင့်တာ အကုန်ရှင်းပြစ်ရမယ်လို့ မန့်သဗျ..
    အဓိကတော့ တနုံနုံ ဖြစ်နေရင်မကောင်းတာတော့ အမှန်ပဲ…

  • etone

    January 30, 2012 at 1:08 pm

    ပို့စ်လေးဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ် ။ ပြန်ဖတ်တိုင်း ဝမ်းနည်းနေရမယ့် ပို့စ်လေးပါပဲ … ။

    တိရိစာ္ဆန်ဆိုတာ ဘယ်လောက် ယဉ်ပါးပါး .. လူလောက်တော့ အသိဉာဏ်မဖွံ့ဖြိုးပါဘူး .. ဒါကို ကျွန်မလည်း အချိန်အတော်ကြာထိ မေ့နေခဲ့ဖူးတယ် … ။ အိမ်မှာကြောင်လေးတစ်ကောင်ရှိတယ်… မနက်ပိုင်းဆို လာလာနှိုးတယ် … အရင်ကတော့ တဆာဆာ အော်ပြီး နှိုးတာ.. အခုနောက်ပိုင်း အော်လည်းနှိုးတယ် လူကို ကုတ်ပြီးလည်း နှိုးတယ် … ကုတ်တာ တခြားနေရာမဟုတ်ဘူး .. မျက်နှာကိုပါ … ။ သူက လက်ကလေးနဲ့ ပုတ်ပေမယ့် လက်သည်းကြောင့် အစင်းရာတွေ ထင်နေရင် အရမ်းကြည့်ရစိုးပါတယ် … ။ တစ်ရက်ကျတော့ ဘာစိတ်ကူးပေါက်လည်း မသိဘူး … သူ့နှာခေါင်း စိုစိစိနဲ့ မျက်နှာကို လာထိပွတ်ပြီး နှိုးတယ် … ။ ကြောင်နှပ်ချီးမပြောနဲ့ .. လူနှပ်ချီးတောင် ရွံတာ .. စိတ်တိုပြီး လက်နဲ့ ရွယ်လိုက်လို့ … ထွက်ပြေးသွားခဲ့တယ် .. နောက်ရက်တွေမှာလည်း လာမနှိုးတော့ပဲ စိတ်ကောက်နေတတ်တယ် … ။

    တစ်ရက်နှစ်ရက်ကြာထိ စိတ်ကောက်တုန်းဆိုတော့ ….စိတ်ဆိုးပြေအောင် လက်နှစ်ဘက်နဲ့ မျက်နှာလေးကို စုကိုင်ပြီး ငုံနမ်းလိုက်တုန်း မထင်မှတ်ထားတဲ့ အပြုမူကြောင့် အတော် လန့်သွားပြီး ကြောင်ကိုလည်း တွန်းထုတ်လိုက်တာ လေးငါး မီတာ လွင့်သွားတယ် … ။ ချုပ်မထားတဲ့ လက်နဲ့ မျက်စိကို လှမ်းကုတ်လိုက်ခြင်းပါ … ။ … လုပ်ပြီးသွားမိတနှုံ့နှုံ့ စိတ်မကောင်းဖြစ်ပြီး ပြန်စဉ်းစားတော့မှ .. ငါ သူ့ နားရွက်ကို ဖိလိုက်မိတာကိုး နာလို့ ကုတ်တာ ဆိုတာ သိလိုက်ရတယ် … ။

    အခုတော့ တော်ရုံတန်ရုံ ခြင်တောင် ဘတ်တံနဲ့ မရိုက်ဖြစ်အောင် ထိန်းနေပါတယ် … သတ္တဝါတွေလည်း … သူတို့အသက်ကို သူတို့ တွယ်တာတတ်ကြတာကြောင့်ပါ ။ 🙁

  • weiwei

    January 30, 2012 at 2:03 pm

    အမအေးအဖြစ်အပျက်နဲ့ ခပ်ဆင်ဆင်ပဲ .. ကျွန်မတို့အိမ်မှာ မွတ်တားလို့ခေါ်တဲ့ ခွေးထီးကြီးရယ် အိမလို့ခေါ်တဲ့ တယ်ရီယာခွေးမလေးရယ်ရှိခဲ့ဖူးတယ် … မွတ်တားကြီးက အရင်မွေးထားတာ .. အိမရောက်လာတော့ အိမကို ပိုချစ်တာကို ဒီကောင်က မျက်မုန်းကျိုးနေတာ .. သခင်တွေကို မျက်စောင်းထိုးတယ် … စိတ်နာတဲ့အပြုအမူလဲပြုမူတယ် … အိမက ကလေးတွေမွေးပြီး ကလေးတွေကိုပါ ချစ်တော့ သူအရမ်းစိတ်ဆိုးပြီး အိမ်ပြန်မလာတော့ဘူး … ဘယ်လိုမှ ခေါ်လို့မရတော့တာ .. စည်ပင်က အမဲသားပစ်မယ်သတင်းပေးလို့ သူ့ကိုလိုက်ရှာပြီး အိမ်ထဲအတင်းထည့်တာကို အထည့်မခံပဲ အတင်းရုန်းကန်ပြီး ပြန်ထွက်ပြေးတယ် … အဲဒီညမှာ အဆိပ်မိသွားပြီး အိမ်ရှေ့အထိ မရောက်ရောက်အောင်ပြန်လာပြီးမှ တစ်အိမ်သားလုံးမျက်စိရှေ့မှာ သေသွားလို့ ကျွန်မတို့လဲ တော်တော်ဝမ်းနည်းခဲ့ရပါတယ် …
    ခွေးမှာလဲ စိတ်ခံစားချက်ရှိတာ လက်တွေ့ပါ ….

  • aye.kk

    January 30, 2012 at 7:27 pm

    စိန်ပေါက်ပေါက်,….ရေ
    အံတီတော့ကိုယ့်ကိုကိုယ်ဘဲပြစ်တင်မဆုံးဖြစ်မိရပါတယ်။
    ကိုပေ,…ပြောတာမှန်ပါတယ်၊အဲဒီကတည်းကစပြီးအမေကဘယ်တိရိစာ္ဆန်မှမပေးမွေးတော့တာပါ။
    pooch,ရေ..
    ငယ်မွေးခြံပေါက်မဟုတ်ပဲ၊သူ့ရဲ ့သခင်ကမလွဲသာဘဲထားခဲ့ရတာမို့ပါ၊ပြောတာမှန်ပါတယ်လို့ပြောလိုက်ပါရစေနော်။
    မလတ်,ေ၇…
    ခွေးနဲ့ပတ်သက်ပြီး၊ဗဟုသုတရလိုက်ပါသေးတယ်..
    ပြာကြီးကသူမကိုက်ဘဲ၊ဘာလို့ဂုတ်ကျားနဲ့ကိုက်ခိုင်းရတာလဲပေါ့နော်..
    ်ဆိုပြီးဘကြီးကိုမေးမိခဲ့ပါတယ်…
    ဘကြီးကခွေးရဲ ့မေးစေ့အောက်မှာ..
    မုတ်ဆိတ်နှုတ်ခမ်းမွှေး(၁)ချောင်းကအလစ်မှာ
    ကိုက်တတ်သူဖြစ်ပြီး၊(၂)ချောင်းကဟောင်ပြီးခြံလုံအောင်
    စောင့်ရှောက်တတ်ပြီး၊(၃)ချောင်းကလိမ္မာပြီးအိပ်စား
    သက်သက်ဖြစ်တယ်၊ပြန်ပြီးကြည့်ချေလို့ပြောပါတယ်။
    ပြာကြီးက(၂)ချောင်း၊ညိုမက(၃)ချောင်း၊ဖြစ်နေတာတွေ ့ရတယ်။
    ပြာကြီးကသူခံစားနာကျင်နေရတဲ့ဝေဒနာကိုပြန်
    သိစေချင်တာဖြစ်မယ်လို့ထင်မြင်မိပါတယ်…
    အင်တလင်းကစားမိရင်အူတွေပြတ်ထွက်ပြီးပူစပ်ပူလောင်သေဆုံးရတယ်
    လို့အဖေကပြောပြပါတယ်။
    ကျမကြောင့်ဖေအပြစ်ဖြစ်ရတယ်၊ကျမကငရဲကြီးခဲ့တာပေါ့နော်၊ဒါကြောင့်စိတ်ထဲမှာ
    ခုထိခံစားနေရတာပါ။
    အမေကပြောပါတယ်…ကြီးကြီးငယ်ငယ်ပေါ့နော်အပြစ်လုပ်ထားတာ
    ရှိရင်မကြေဘူးတဲ့၊ငရဲကြီးမှာကအမှန်ပါပဲတဲ့မလတ်ရေ…။
    ဒေါက်တာေ၇,…..ကျေးဇူးပါနော်။
    ကိုကြောင်ကြီး,မှတ်သားပါ့မယ်နော်။
    kyeemite,အပြစ်ရှိသူအဖြစ်ခံစားမိရပါတယ်။
    amatmin,ရေ..သတိပေးတာကျေးဇူးပါ။
    အိတုံ,ရေ…ပြာကြီးစိတ်ထဲမှာတော့အမကို
    မကောင်းတဲ့သူအဖြစ်မြင်မိသွားလို့ဘဲထင်မြင်မိပါတယ်ကွယ်၊နောင်ကိုဆင်ခြင်စရာပေါ့နော်။
    ဝေဝေရေ…ကိုယ်ခံစားရသလို၊သူကကိုယ့်ထက်အဖြစ်ပိုဆိုးသွားတာမြင်လိုက်ရတော့..
    အမကငရဲကြီးပြီဆိုတာခံစားမိလိုက်ရပါတယ်။
    ကိုပေါက်,ရဲ ့ဆုံးမစကားလေးအတွက်ကျေးဇူးပါလို့ပြောပြလိုက်ပါရစေနော်..။

Leave a Reply