ရောက်တတ်ရာရာဟာသ( တယ်လီဖုန်း)

htet wayJanuary 29, 20121min16111

ကျွန်တော်တွင် တယ်လီဖုန်းတစ်လုံးရှိခဲ့ပါသည်။ ခါးမချိတ်ပဲ အကျင်္ ီ အိပ်ကပ်ထဲ တွင်ထည့်ကာသွားးပါသည်။နယ်မြို့လေးတွင် ချမ်းသာသူများသာဟမ်းဖုန်းခါးချိတ်ကြပါသည်။ကျွန်တော်လို လူဆင်းရဲငမွဲက ဟမ်းဖုန်းနှင့်ဆို ကဲ့ရယ်စရယ်ဖြစ်ပေမည်။ ဖုန်းကို အိတ်ထဲထည့် ပြီး လက်ဖက်ရည်ဆိုင်ထိုင်မိလျှင် ဆရာ ဖုန်းတကောလောက်ဆက်ချင်တယ်။အရေးကြီးကိစ္စတော့မဟုတ်။“ ဟဲ့ မိကြေးနင်ညက ကိုရီယားကားကြည့်သေးလား..”ဘာလားညာလားပြော
ကြသည်။နောက် အသိတွေက ဖြတ်သွားတုန်းဆရာဖုန်းဆက်ချင်လို့ ဆိုပြီးပြောကြဆက်ကြသည်။ မိဇာရေ နင်ကောင်ကြီးဘယ်လိုလဲ အရင်လိုပဲမူးတုန်းပဲလား။လူပုံကဖြောင့်ရဲ့သားနဲ့ ဒီအရက်ကဟယ် ဘာများကောင်းလို့လဲ ..စသဖြင့်
ပြောကြသည်။
နောက် အိမ်မှာနေတုန်း အိမ်ဘေးအိမ်က ဆရာဖုန်းတကောလောက်ဆက်ပါရစေ။ပြောတဲ့ စကားက ယဉ်သကိုး ဆက်ခွင့်ပြုလိုက်တော့ အေးဘုံရေ နင် ကွမ်းရောင်းတာ အဆင်ပြေရဲ့လား ဟဲ့ သူဇာလေ ဟိုကိစ္စနင်ကြားပြီးပလား
သူ့ကောင်က ကဗျာဆရာတဲ့ သောက်တဲ့ အရက်ကပြောမနေနဲ့တော့ ကြွက်တွင်း..ဘာရယ်ဟုတ်ဘူးနော် ဒါပဲ ။ဤသို့ အားမနာလျှာမကျိုးကျေးလက်ဆန်သောကျွန်တော်မြို့ ကလေး၏ စိတ်ပျက်ဖွယ်ကောင်းသောစရိုက်ပါပေ။
နောက်တစ်မျိုးကတော့ ဟလို ဆရာထက်လား..ညီမလေးပါ တအားသတိရတယ်သိလား လူကြီးနော် ဖုန်းမဆက်ဘာမဆက်နဲ့..မုန်းတယ်။ ဒီလိုပြောပြီးဖုန်းချသွားတော့ ဘယ်သူမှန်းလည်းမသိရ ပြန်ဆက်တော့လည်း အများ
သုံးဖုန်းပါ မသိပါဘူးတဲ့ လူက ရင်ခုန်သွားတာပဲ အဖတ်တင်ကျန်ရစ်ခဲ့တယ်။နောက်တခါ ဟလို ဝေးလား ..အသံက မသဲမကွဲနဲ့ ပြတ်တောင်းတောင်း ကျွန်တော်က ဝေးပါလို့ ကိုယ်နာမည်ခေါ်တယ်မှတ်ပြီး ဟုတ်ပါတယ် ဆိုတော့
မီးသဂြိုလ်ဖို့ကိစ္စပါ ဆိုပြီးရေဝေးနဲ့ မှာလိုမှား ဒီမှာ စိတ်ညစ်လာတယ်။ ဒါကြောင့်ဖုန်းကို လျှော့ဈေးနဲ့ ပဲ ပြန်ရောင်းလိုက်မိပါတော့တယ်။ တခါကဖြစ်ပါတယ်ခင်ဗျား……။
အခု ၅သိန်းတန်ဖုန်းတွေခောတ်စားလာတော့ လူတိုင်းဖုန်းဝယ်ကိုင်ကြတယ် အိမ်မဲမှာဆို ၄၉ ဖုန်းတွေများနေပြီ။ကျွန်တော်ကဖုန်းမရှိ။နောက်တော့ လူနာတွေက တဆင့်ဖုန်းနဲ့ပဲပြောနေရတော့ ဖုန်းတစ်လုံးဝယ်လိုက်မိပါတယ်
ဒီမှာလည်းပြန်ရောင်းချင်လောက်အောင် စိတ်ပျက်ရပါတယ်။သို့သော်မပြောလိုတော့ပါ ယခုတင်ပြမည့်ဖုန်းအကြောင်းကိုပဲ ဆက်လက်တင်ပြပါရစေ။
တယ်လီဖုန်း
ဖိုးမောင်က အင်မတန်ဖုန်းလိုချင်နေသည်။ ပဲပေါ်လျှင်ဖုန်းဝယ်မည်ဟုကြိမ်းဝါးထားလေသည်။ သူချစ်သူကိုစကားပြောဆက်သွယ်ရလို့ အဆင်ပြေချင်နေသည်။ ချစ်သူ ချက်စူမ(ခ) ပန်းအိအိမ်မှာကဖုန်းရှိသည်။ ခက်စူမတို့ အိမ်ကဖုန်းရှိ့သော်လည်းသူမဆက်ရဲ အမျိုးသမီးအသံနှင့်ခေါ်မှ ရသည် သူမအဖေက စည်းကြပ်ထားသည် ချက်စူမဖုန်းမကိုင်ရ ၊ ဖုန်းမဆက်ရ။ တခါသားက သူလွမ်းလွန်းလို့ ချက်စူမကို ဖုန်းခေါ်ခိုင်းသည်။အများသုံးဖုန်း
သူကတယ်လီဖုန်းကိုင်အမကြီးကို ခေါ်ပေးပါရန် မျက်နှာချိုသွေးပြီးပြောရသည်။ ဖုန်းဝင်သွားတော့ တဖက်က အမျိုးသမီးအသံ ဟယ်လိုပြောပါ သူကသေချာအောင်အမျိုးသမီးအသံလားမေးတော့ တယ်လီဖုန်းခေါ်ပေးတဲ့
အမကြီးကဟုတ်တယ် အမျိုးသမီးအသံပါပေါ့…။ သူအားရဝမ်းသာ နဲ့ ညီမလေး ကိုကြီးပါ သတိရတယ် သိလား..သူပြောနေတုန်း တဖက်က ဟဲ့..ငါ ချက်စူမအမေနင်ဘယ်သူလဲ..လို့အော်တော့တာပဲ သူလည်းကြောက်လွန်းလို့ ဖုန်းခွက်ကိုချလိုက်ရတော့တယ်။
ဒီမှာတင် ဖိုးမောင်တယ်လီဖုန်းဝယ်ချင်စိတ်က ပြင်းထန်လာတယ်။ သူအိမ်ရှေ့ကလည်း သူရဲ့ ဖုန်းဆက်ချင်တဲ့ အလွမ်းဝေဒနာကို သိနေကြငတယ် ။အိမ်ရှေ့အိမ်က ဖုန်းရှိတယ် ။ဖုန်းမှာ အမ်ပီသရီး နဲ့ အမျိုးသမီးအသံ
ထည့်ထားတယ်။
တစ်နေ့တော့ ဖိုးမောင်ကိုအိမ်ရှေ့အိမ်က ဖုန်းလာတယ်ဆိုပြီးလာခေါ်ပါတယ် ဖိုးမောင်လည်းအားရဝမ်းသာပြေးလိုက်တာ ချော်တောင်လဲတယ် အဲ့ဒီအိမ်ရောက်တော့ ဖုန်းပေးတယ်..ဟယ်လို ပြောပါဆိုတော့
ကိုကို .ချစ်ကို ဘာလို့ ဖုန်းမဆက်တာလဲ
ဪချစ်ရယ် ဆက်ချင်တာပေါ့ မင်းအမေကြီးက ဖုန်းနားမှာ အမြဲတမ်းစောင့်နေတော့
ကိုကို မေးတာဖြေလေ မုန်းသွားလို့လား ကဲပြော…
မဟုတ်ရပါဘူး ကွာ
ကိုကိုနော် ချစ်က ဘာအပြစ်ရှိလို့လဲ ငိုလိုက်ရမလား
ချက်စူမရယ် မငိုလိုက်ပါနဲ့နော်…..
ဟို အသံသွင်းတာကပြောလိုက် ဖိုးမောင်ကပြန်ဖြေလိုက်ဖြစ်နေတုန်း အိမ်ထဲကလူတွေကလည်းတခိခိတခစ်ခစ်ပေါ့။
ကိုကို ချစ်ကို တော့ မရက်စက်ပါနဲ့နော် သူများက အားငယ်တယ်ကွသိလား
အော်ချက်စူမရယ် ငယ်ကချစ်အနှစ်…..
ကိုကို က တကယ်ချစ်တာရောဟုတ်ရဲ့လား
တကယ်ပါအချစ်ရယ်
ဖိုးမောင်းကပြောရင်းမျက်ရည်တွေဝဲလာတယ်။ဒီမှာတင် အိမ်ရှင်က သနားသွားပြီး ဖိုးမောင်းရယ် မင်းစိတ်မဆိုးပါနဲ့နော် ချက်စူမ မဟုတ်ရပါဘူး တို့ အသံသွင်းထားတာပါကွာ
ဒီလိုပြောတော့ ဖိုးမောင်ရှက်သွားတယ်။ကြေကွဲသွားတယ် အဲ့ဒီအိမ်ကပြေးထွက်ခဲ့တော့တယ်။နောက်နေ့အိမ်ကနွားတစ်ကောင်ရောင်းပြီးပုသိမ်တက်လို့ ဖုန်းသွားဝယ်ပါတော့တယ်။ဖုန်းကဒ်ကို ဝယ်ပြီးတော့ ဟမ်းစက်ကို
လိုက်ဝယ်တယ်။ဈေးအကြီးဆုံးကိုပေးပါလို့ပြောပြီးဝယ်တာပါ။ပုသိမ်ကိုသွားရတာ ဆိုင်ကယ်ငှားသွားတာပါ။ဆိုင်ကယ်သမားမှာလည်း ဖုန်းပါတယ်။ဆိုင်ကယ်သမားရဲ့ဖုန်းနံပတ်ကို ဖိုးမောင်က အလွတ်မှတ်ထားပါတယ်။
ဖုန်းဆိုင်ကလည်း စမ်းပြပါတယ် အားလုံးအဆင်ပြေတော့မှ ဖိုးမောင်တို့ ပုသိမ်ကပြန်ထွက်ခဲ့ပါတယ်။
လမ်းမှာဖိုးမောင်ကလေကလေးချွန်လို့တော်တော်ပျော်လာခဲ့ပါတယ်။ လူတွေရှုပ်တဲ့ ကုန်သည်လမ်းမှာ ဆိုင်ကယ်သမားရဲ့ ဖုန်းမြည်လာပါတယ်။ ဆိုင်ကယ်ကို သတိထားမောင်းနေတဲ့ ကြားက ဖုန်းလာတောာ့ ကိုင်ဖို့ခက်နေတယ်
အရေးကြီးတဲ့ဖုန်းဆိုခက်ရချည်ရဲ့ ဒါကြောင့် ကြိူးစားပမ်းစားကိုင်လိုက်တော့
ဟယ်လို ပြောပါ ဘယ်သူများလည်းခင်ဗျား
ဆိုင်ကယ်သမားမေးတာကို တလုံးထဲပြန်ဖြေသံကြားလိုက်ရတယ်
“ငါ”
ဒီအချိန်မှာပဲ ဘေးက စက်ဘီးသမားကို ပွတ်တိုက်မိပါတော့တယ် ဆိုင်ကယ်လည်းမလဲပေမယ့်ယိုင်သွားတယ် ။ရုတ်ပျက်ဆင်းပျက် ဘရိတ်နင်းနဲ ခြေတောက်ထောက်လိုက်သော်လည်းစက်ဘီးစီးလာသူကတော့
လဲသွားပါတော့တယ်။ ဟေ့ကောင်မင်းကွာ… ဖုန်းဆက်ရတယ်လို့ ဆိုင်ကယ်သမားကအော်တော့ ဖိုးမောင်က.
.” ငါလည်းဆက်စရာလူမရှိလို့ သိတာမင်းပဲရှိ တော့ မင်းကို ဆက်တာပေါ့”
ဒီမှာရုတ်ရုတ်သဲသဲ ဖြစ်သွားပေမယ့် ဖိုးမောင်ကတော့ သူဖုန်းလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားဆဲ၊ ချက်စူမဆီဖုန်းဆက်ဖို့ စိတ်ကူးကောင်းနေဆဲ။ ကုန်သည်လမ်းပေါ်မှာတော့ ယာဉ်ထိန်းရဲက ခရာသံပေးပြီး ဆိုင်ကယ်သမားနဲ့
ဆွေးနွေးနေဆဲ။စက်ဘီးသမားကလည်း လမ်းပေါ်မှာ ထိုင်ပြီးဆိုင်ကယ်သမားနဲ့ ရဲကို ငေးကြည့်နေလေရဲ့။ဖိုးမောင်ကတော့ သူဖုန်းကိုပဲချစ်သူမျက်နှာကြည့်သလို ကြည့်နေဆဲ………။

11 comments

  • water-melon

    January 29, 2012 at 8:39 pm

    ဖုန်းကို ခါးကြားမှာ ချိတ်ရင် sperm တွေကို သေကြေပြီး
    မျိုးဆက်အတွက် ဒုက္ခပေးတယ်လို့ ကြားဖူးပါတယ်။ 😀
    ကျွန်တော်ကတော့ ဖုန်းကိုင်ရမှာဆက်လို့ ကိုင်ကိုမကိုယ်ဘူးဗျိ့။

  • ဦးဦးပါလေရာ

    January 30, 2012 at 12:00 am

    ကျုပ်မိုဘိုင်းဖုံးစဝယ်သုံးစ အချိန်တုန်းကတော့ ဖုန်းလေးတကိုင်ကိုင်နဲ့ ဘယ်သူကများဆက်မလဲ ဘယ်သူ့ဆီများဆက်ရမလဲနဲ့ – ပေးရတဲ့ဒေါ်လာလေးထောင်နီးပါးတန်အောင် တော်တော်ဖီလင်လာပါတယ်။

    အခုများတော့ စိတ်ရှုပ်ရှုပ်နဲ့ ပစ်ထား- ရှာမတွေ့တော့မှ တခြားဖုန်းနဲ့ ခေါ်ကြည့်ပြီး အသံကြားတဲ့နေရာသွားရှာရတယ်။
    တခါတော့ ဗီရိုထဲက အံဆွဲထဲ ထည့်လိုက်မိတာ …..

  • Khin Latt

    January 30, 2012 at 4:59 am

    တကဲ့ အဖြစ်အပျက်လား ? 😉

  • nature

    January 30, 2012 at 6:09 am

    ဖြစ်မှဖြစ်ရလေဆရာထက်ရယ်။ ဆိုင်ကယ်ကယ်ရီသမားတော့ ထီပေါက်သွားတာပေါ့။ 🙂 ဆရာထက်ကဒီလိုနေရာမျိုးကျတော့ ညံ့သွားပြန်ရော။ ချက်စူမဆီ ဖုန်းကလေးနဲ့လှမ်းကြူလိုက်ပြီးရော။ 🙂

  • zarlay

    January 30, 2012 at 10:46 am

    နောက်ကို ၅၀၀ဝ တန်ဖုန်း ပေါ်တော့မှာဆိုတော့ပိုဆိုးပြီပေါ့

  • htet way

    January 30, 2012 at 11:11 am

    ကိုနေးချားရေ
    ဖိုးမောင်ရဲ့ အဖြစ်လေးပါ ။ချက်စူမကိုတော့ မကြူရဲပါဘူး။
    ဒီကောင်မလေးက ဝက်ရှုးပြန်ရောဂါရှိတယ်ဗျ။
    ခက်တာက ဒီကိစ္စ ဖိုးမောင်မသိဘူးကျုပ်ကလည်း မပြောရဘူးလေ ဆရာရဲ့
    အော် ခင်ဗျားဖုန်းကော မှားဝင်တာလေးတွေ ရှိလား။ဥပမာ မိုးယုစံတို့ ဘာညာပေါ့

  • etone

    January 30, 2012 at 11:16 am

    အရင်ခေတ်ကတော့ .. ဖုန်းတွေ သိန်းလေးဆယ်လောက်ပေးရတုန်းက …. လူကြားထဲ ဘတ်စကားပေါ် ဖုန်းမြည်လာလျှင် ရှက်ကြတယ် … ။ ဆိုက်ကားစီးရင်း …ဖုန်းမပြောဘူး …. ။ လက်ကကိုင်ထားရမှာလည်း ရှက်ကြတယ် … ။ အဲ့ဒီတုန်းကတော့ ခါးကြားထိုးထားရတာ ဖက်ရှင်တစ်ခုလိုပေါ့လေ … ။အဲ့ဒါနဲ့ အပြိုင် လည်ပင်းမှာ ကျောင်းသားကဒ်ဆွဲသလို ဖုန်းတွေချိတ်ဆွဲတာကလည်း ဖက်ရှင်တစ်ခုလိုဖြစ်ခဲ့သေးတယ် …။

    အခုခေတ် မှာတော့ ဖုန်းဈေးတွေ အရင်ကထက် အများကြီးကျလာပြီး သုံးစွဲသူတွေလည်း များလာတာကြောင့် ကားပေါ်မှာပဲဖြစ်ဖြစ် လမ်းလျှောက်ရင်းပဲဖြစ်ဖြစ် ၊ ဆိုက်ကားစီးရင်းပဲဖြစ်ဖြစ် ပြောချင်ရာပြောတဲ့အခါ ဘယ်သူမှ အထူးဆန်းလို ဝိုင်းမကြည့်တော့ဘူး …. ။ ဖုန်းကို အိတ်ထဲမှာ ထည့်ထားလျှင် မကြားရတာကြောင့် … အပြင်ထုတ်ပြီး လက်က ကိုင်သလိုတွေ ရှိလာကြသလို… အမျိုးသား အများစုကလည်း … ဖုန်းကိုင်ရအဆင်ပြေအောင် ခါးကြားထိုးလာကြတာတွေ့ရတယ် … (သတိထားမိသလောက် ညာဘက်ခါးမှာ ထိုးကြတယ် 😀 ) …

    ကိုထက်ဝေးပြောတဲ့ … ဖုန်းပုံပြင်လေးက … အလွဲလေးတွေမို့ …ရယ်စရာလည်းကောင်း ၊ ရယ်လည်း မရယ်ရက်ပါဘူး … သူ့ခမျာ ချစ်သူအသံလေးကြားချင်လွန်းလို့ ကြိုးစားရပါမှ …. ။ သူများကို ဒုက္ခပေးမိလျှက်သားဖြစ်သွားရှာတယ် … ။ 🙂

  • htet way

    January 30, 2012 at 11:49 am

    ဆရာမရေ
    ဒီလို စာနာစိတ်ကိုကြားရတာ ဝမ်းသာ တယ်ဗျာ ။ဟာသဆိုပေမယ့်
    ဖိုးမောင်အဖြစ်က တကယ့် အဖြစ်ပါ။ဆရာမခင်လတ်ရေ တကယ်ပါဗျာ။ဒီတစ်ခါ
    ထိုးဇာတ်မဟုတ်ပါဘူး။ အဲ့ဒီနေ့က ဆိုင်ကယ်သမားခမျာ လျှော်လိုက်ရတယ် ကြားတယ်
    ဖိုးမောင်ကတော့ အခုထိ ချက်စူမဆီက ဖုန်းမရသေးပါဘူး လာလိမ့်နိုးနဲ့ မျှော်နေတုန်းပါ
    ရွာဆိုတော့ ဖုန်းကရှား အိမ်ပြင်လည်းမထွက်ရ၊ချက်စူမ ကလည်းညံ့ပါတယ်ဗျာ။
    ဖိုးမောင်ခမျာ..ညဆိုလည်းအိပ်ယာဘေး ဖုန်းထားအိပ်လို့ ဖုန်းများလာမလားပေါ့..
    အော် အချစ်…အချစ် အင်း သမာဓိရအောင် ရွာသား၊ ရွာသူတစ်ချို့ဆီ ဖိုးမောင်ကို
    တပည့်ခံခိုင်းရမယ်။

  • ဆူး

    January 30, 2012 at 3:53 pm

    ဒီခေတ်မှာတော့ ဖုန်းက တော်တော် များများ ကိုင်နေကြပါပြီ။
    ဒီထက် ပိုဈေးပေါရင် ပိုပြီး ပေါပေါ များများ မြင်ရမလားပဲ..
    ဖုန်းတွေ များလာရင်တော့ အလကားနေရင်း တောင်းဆက်တဲ့ သူတွေ မရှိလောက်တော့ပါဘူး။
    ဖုန်းကိုင်တာ သူဌေးမှ ကိုင်တဲ့ ခေတ်တောင် မဟုတ်တော့ဘူး။
    ပြောသာ ပြောရတာ ဖုန်းကိုင်ထားပေမဲ့ ဆက်ရမဲ့သူ ရှိအုန်းမှ.. မရှိရင် အလကားပဲ.. ဖုန်းကြီး ကိုင်ပြီး ရှုပ်တာပဲ အဖတ်တင်တယ်။
    အလကား နားငြီးတဲ့ ဖုန်းလာပြန်တော့လည်း ဖုန်းက တမျိုး ရှုပ်ပြန်ကော.. တော်တော် ဆိုးတဲ့ ဖုန်း။
    ဟိဟိ.. 😀

  • MaMa

    January 30, 2012 at 5:48 pm

    ဆရာထက်ရေ-
    သာဓုခေါ်ပါသည်မှာကတည်းက မန့်ချင်နေတာ။
    ဒီမှာပဲ နှစ်ခုပေါင်း မန့်ပေးလိုက်တော့မယ်။
    ဟိုးးးး တုန်းက ဟန်းဖုံးတွေ စပေါ်ကာစတုုန်းကတော့ သွားလေရာ ယူသွားရတော့ တော်တော်အဆင်ပြေတယ် ထင်ခဲ့တာ
    ခုလို ကြာလာတဲ့အခါကျတော့ ဘယ်နေရာရောက်ရောက် ဆက်သွယ်လို့ရနေတော့ လူမှုရေး၊ စီးပွားရေးကိစ္စတွေကနေ ပြေးမလွတ်ဘူးပေ့ါ။ အေးအေးလူလူ အနားယူမယ်ကြံတုန်း ဖုံးလာရင်တော့ စိတ်တောင် တိုမိတယ်။ နောက်မှ ငါနားမယ်ဆိုတာ ဖုံးဆက်တဲ့လူက ဘယ်သိနိုင်ပါ့မလဲလို့ ကိုယ့်ကိုကိုယ် ပြန်ဆုံးမရတယ်။

    ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ကိုယ့်ဘာသာရဲ့ အဆုံးအမကို အပြည့်အဝလိုက်နာတဲ့လူဟာ ယဉ်ကျေးတာပါပဲ။
    အခြားဘာသာဆိုတဲ့ ကန့်လန့်ကာ ခြားမကြည့်ပဲ ကောင်းတာလုပ်တာကို ချီးကျူး ထောပနာပြုလိုက်တဲ့ စိတ်သဘောထားကြီးမှုကို အံ့ဩချီးကျူးမိပါတယ်။
    အခုလို သာဓုခေါ်တဲ့ ဆရာထက်ကိုလည်း လေးစားမိပါတယ်။

  • htet way

    January 30, 2012 at 7:49 pm

    .
    ဆရာမရေ ဖတ်တာရောချီးမွှမ်းတာရော ပီတိဖြစ်ရပါတယ်။
    တကယ်ပြောရရင် ကျွန်တော်က စာရေးအားမကောင်းသလို စိတ်ကူး
    စိတ်သမ်းလည်းအားလျှော့လှပါတယ်။ ဆရာမ ကိုတော့ စာတွေဖတ်ပြီးခင်မင်
    လေးစားမိပါတယ်။မမကြီး စိတ်ငြိမ်းချမ်း၍ကျန်းမာပါစေ။
    ဆရာမဆူးခင်ဗျာ
    အလုပ်တွေရှုပ်နေတာလား စာရေးပါလို့ ပရိတ်သတ်တစ်ယောက်အနေနဲ့ တောင်းဆိုပါရစေ
    ဖုန်းကိစ္စ ကိုပြောရရင် ဖုန်းတစ်လုံးတော့ ရှိသင့်ပါတယ်။ဖုန်းမျှော်တတ်တဲ့
    ခံစားမူလေးဟာလည်း ရသပါပဲဆရာမတို့ရယ်။ သမာဓိကောင်းနေတဲ့ သူတွေကတော့
    ဒီရသထက်ကောင်းတဲ့ သန္တိသုခရချင်ရနေလိမ့်မယ်။

Leave a Reply