မြုံပြင်ကျေးရွာမှာ ဆင်းရဲသားတောင်သူလယ်သမားတစ်ဦးမှာ

ကျွဲတစ်ကောင်ဟာ ကျမ္မာရေးမကောင်းဘဲ မထနိုင်ဖြစ်သွားလို့  ဆွေမျိုးတွေဝိုင်းပြီး

ဒီကျွဲကို လှီးပြီးဝေငှ ကာ ပိုင်ရှင်ကို ထောက်ပံ့လိုက်ကြပါတယ်

ဒါကိုလိုင်စင်စီက သိသွားပြီး ရဲကိုခေါ်သွားကာ ငွေ (500000) ကျပ်တောင်းပါတယ်

ငွေမပေးနိုင်ရင်ထောင်ချမယ်ပြောပြီး ချိန်းရှောက်လို့ ပိုင်ရှင်မှာ အတိုးနဲ့ချေးပြီးလျှော်လိုက်ရပါတယ်

ခုလိုဆင်းရဲသားတွေကို ဥပဒေမဲ့လုပ်နေတာတွေကိုလုပ်နေတာဟာ ဒီတစ်ကြိမ်မကတော့ပါဘူး

လိုင်စင်စီကကောဥပဒေနဲ့အညီလုပ်နေတာလဲဘာမှမတွေ့ရဘူး

အာဏာပိုင်တွေကို လဘ်ထိုးပြီး လုပ်ချင်တာလုပ်နေတဲ့ လူတွေကို

ထိရောက်တဲ့အရေးယူမှုမျိုးတွေလုပ်ဘို့လိုပါပြီ

ဒီလိုဆင်းရဲသားပပျောက်ရေးဆောင်ရွက်နေတဲ့ခေတ်မှာ ဆင်းရဲသားတွေကိုနှိပ်စက်နေတဲ့

အမြတ်ကြီးစားတွေကို နှိပ်ကွပ်ဖို့ အချိန်တန်ပြီလို့ထင်ပါတယ်

ဂျိတ္တောသား ငထွား

About kyawkyaw11

has written 26 post in this Website..