မန်းဂေဇက်စုပေါင်းအလှူ သာဓုခေါ်လို့ ကုသိုလ်ယူ (ဓာတ်ပုံ)

မန္တလေးဂေဇက် ရဲ့ ပထမဆုံး အလှူမှာ ကုသိုလ်ပါဝင်ဖို့ဟာ လွဲနေတာ

အစကတည်းက ပို့စ်တင်တဲ့အထိပဲ။

လွဲကြောင်းစုံတော့ ပြောပီးဘီ ။ ဒီဟာက ဘဏ်ချလံကို ဓာတ်ပုံလုပ်ပီးတင်တာ

ကျန်ခဲ့လို့ ရွာထဲက မမ ပေးတဲ့ အကြံအတိုင်း ပို့စ်အသစ်တင်တာ။ ဒဂျီးကမှ

သားတို့လို ရွာသားအသစ်လေးကို တင်ပြီးသားပို့စ် အဲဒစ်လုပ်ခွင့်မပေးတာ။

အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့….

(မetone ရေ ဒီပို့စ်လေးနဲ့ အကြောင်းကြားပါတယ်)

 

13 comments

  • koyinmaung

    January 29, 2012 at 10:19 pm

    သာဓုခေါ်ပါတယ်ဗျာ…..
    ခုလို့လွဲရတဲ့လိပ်စာသိသွားရတဲ့အတွက်
    ပိုဝမ်းသာသွားတယ်ဗျို့…

  • Swal Taw Ywet

    January 29, 2012 at 10:37 pm

    Sar Du, Sar Du, Sar Du. for your donation.
    Thanks for your help.
    Let’s try one after another.

    With respect,
    Swal Taw Ywet.

  • MaMa

    January 29, 2012 at 11:09 pm

    သာဓု သာဓု သာဓု ပါ ရွာစားကျော်ရေ။
    စိတ်တူလက်တူ ပါဝင်တာကိုလည်း ဝမ်းသာပါတယ်။

  • ဦးဦးပါလေရာ

    January 29, 2012 at 11:31 pm

    ရွာစားကျော်ရဲ့ ကုသိုလ်အတွက်လဲ သာဓုပါ။
    တယောက်ခြောက်ကျပ်ဘိုး ပါရမီဖြည့်ရရှာတဲ့ သူကြီးအတွက်လဲ သာဓုပါ။

  • Khin Latt

    January 30, 2012 at 12:06 am

    သာဓု၊ သာဓု၊ သာဓု ပါရှင်။
    နောက်ဆို ဒါထက်ပိုပြီး တိုးတက်အောင်မြင်ပါစေ။
    ပိုပြီးလှူဒါန်းနိုင်ပါစေ။ 🙂

  • etone

    January 30, 2012 at 9:56 am

    ဘဏ်အကောင့်မှာ တလုံးပိုနေတယ် .. နောက်ဆုံးက လေးမပါဘူး ..ဟီးဟီး … ကိုယ့်လက်ရေးနဲ့ကိုယ်မြှားလေးထိုးထားတာကို … လေးဆိုပြီး ဟိုပို့စ်ထဲ ထည့်တင်လိုက်တာ .. ဦးဦးပါလေရာ သတိပေးတော့မှသိတယ် … အခုတော့ ပြန်ပြင်ထားတယ် .. ။ ဘဏ့်နိမ်းကတော့ … လူနာမည်မှ ရမယ်ဆိုလို့ အကောင့်သွားဖွင့်တဲ့ AKKO သူ့နာမည်နဲ့ လုပ်ခဲ့တယ် … ။

    … အထုမှ သိဘီ ….. နာ့ဖုန်းနံပါတ် ထည့်ပေးယိုက်လို့ ဘဏ်က နာ့ရှီ ဆက်တာဂိုး … ။ 😆

    • ရွာစားကျော်

      January 30, 2012 at 12:02 pm

      ဪ ဘဏ်ကလွှဲပီး၊ ပို့စ်တင်ပီးတဲ့ထိတောင် လွဲချက်ကကျန်နေသေးသကိုး
      ဘဏ်အကောင့်မှာ တလုံးပိုနေတာ စာရင်းထဲကော ဝင်ရဲ့လားဗျာ
      တော်ကြာ သူများအကောင့်ထဲရောက်သွားလို့ ထပ်လွဲနေဦးမယ်

  • Rose Minn

    January 30, 2012 at 10:09 am

    သာဓုသာဓုသာဓုပါ။ ပိုက်ဆံလဲ လှူ သလို 12ရက်နေ့သွားမယ့် အခါ။ ဝေယျာဝစ္စပါကုသိုလ်ယူနိုင်ပါစေ။

  • etone

    January 30, 2012 at 10:11 am

    ယခုအချိန်ထိ ကောက်ခံရရှိငွေပေါင်း ခြောက်သိန်း ခုနှစ်သောင်း သုံးထောင် တိတိရရှိပြီး ဖြစ်ပြီး … ထပ်မံထည့်ဝင်ဖို့ ဆက်သွယ်လာသူ လေးငါးယောက်ရှိပါသေးတယ် … ။ ဖုန်းဆက် အင်ကွာရီလုပ်ထားတာဖြစ်ပြီး ပိုက်ဆံ လက်ထဲ၊ဘဏ်ထဲ (တကယ်) မရသေးလို့ … ၎င်းတို့ကို စာရင်းထဲ ထည့်ပေါင်းထားခြင်း မရှိသေးပါဘူး …. ။

    ဘဏ့်ကို တိုက်ရိုက်ငွေလွဲသူများအ နေဖြင့်လည်း အပမ်းမကြီးဘူးဆိုလျှင်ဖြင့် …မိမိတို့ရဲ့ ဂျီမေးလ်ကနေ … အလှူရှင်နာမည်နဲ့ အလှူငွေပမာဏလေးကို etone.mandalaygazette@gmail.com ကို ပို့ပြီး အကြောင်းကြားပေးလို့ရပါတယ် .. ဒါမှ သာ လတ်တလော အလှူငွေ ကောက်ခံမှု အခြေနေ update ဖြစ်တိုင်းမေးလ်ပို့တဲ့အခါ … ဆက်သွယ်ပြီးအလှူရှင်များဆီကို ပို့ပေးနိုင်မှာပါ ။

    ရွာသူရွာသားအားလုံးရော ၊ ပါဝင်ကုသိုလ်ယူလှူဒါန်းပေးကြသူအားလုံး စိတ်ဧ။် ချမ်းသာခြင်း ၊ ကိုယ်ဧ။် ကျန်းမာခြင်းတွေနဲ့ ပြည့်စုံကြပါစေနော် ။ 🙄

  • Shwe Tike Soe

    January 30, 2012 at 10:17 am

    ကျေးဇူးတင်ပါတယ်ဗျာ အခုလို အလွဲလွဲအမှားမှားကိုတောင်ရအောင်လှူတဲံရွာစားကျော်….. ရွားစားကနေမြို.စား၊နယ်စား တွေထိ ရာထူးတိုးပါစေ ဟေဟေဟေ 😀

  • Shwe Tike Soe

    January 30, 2012 at 10:17 am

    ကျေးဇူးတင်ပါတယ်ဗျာ အခုလို အလွဲလွဲအမှားမှားကိုတောင်ရအောင်လှူတဲံရွာစားကျော်….. ရွာစားကနေမြို.စား၊နယ်စား တွေထိ ရာထူးတိုးပါစေ ဟေဟေဟေ 😀

  • manawphyulay

    January 30, 2012 at 10:18 am

    တဖြည်းဖြည်းနဲ့ အလှူလေးလည်း မြိုင်ဆိုင်လာပြီိ။ သာဓုများကိုလည်း ခေါ်နေပါတယ်။ လူနိုင်သူတွေ တစ်နိုင်တစ်ပိုင်လှူတာ အရမ်းဝမ်းသာ လှိုက်လှဲမိပါတယ်။

Leave a Reply