CAT Army “အာဏာသိမ်း” ခြင်း နောက် သတင်းစာရှင်းလင်းပွဲ

မြစပဲရိုးJanuary 29, 20121min27268

ရွာထဲမှာ ဒီနေ့ နဲနဲငြိမ် သွားသမို့ ထပ်ဖွ လိုက်ပါဦးမယ်။

သိပ်ရှည်ရှည်ကြီး မပြောလိုပေမဲ့ ရေးရင်း ရှည်သွားခဲ့ရင်လဲ ဖတ်သူများကို ပိုပြီး ကျေးဇူး ရှည်ရှည်  တင်ပေးပါ့မယ်။

ကိုကြောင်ကြီး ရဲ့ “အာဏာသိမ်း” ခြင်း မတိုင်မှီအမှုမှာ ကျွန်မ ဘာကြောင့် “အာဏာသိမ်း” ဆိုတဲ့ အတွေးဖြစ်ခဲ့တာလဲ ဆိုတာ ရှင်းလင်းလို၍ ဤ Post ကို တင်လိုက်ပါသည်။ 😉

ကျွန်မ ရဲ့ အတွေး က “ကိုယ်ချင်းစာခြင်း” နဲ့စပါတယ်။

“ကိုယ်ချင်းစာခြင်း” ဆိုရာမှာ အဓိပ္ပါယ်အမျိုးမျိုး နဲ့ဖွင့်နိုင်ပါတယ်။

အခုကျွန်မ ပြောမဲ့ ကိုယ်ချင်းစာခြင်း ဆိုတာကတော့ “သူများနေရာ မှာ ကိုယ် ကဝင် နေကြည့် လိုက်ခြင်း၊ သူခံစားနေရတာကို ကိုယ်က ဝင်ခံစား လိုက်ခြင်း” ပါ။

“ကိုယ်ချင်းစာခြင်း” လို့ ကျွန်မ ပြောလို့ ကျွန်မ ကို အလွန် စိတ်ကောင်းရှိသူလို့ မတွေး ပါနှင့်။ ကျွန်မ မှာ စိတ်ကောင်း/စိတ်ပုတ် ဒွန်တွဲနေပါတယ်။ ထားပါတော့။ 😀

ဒီဂေဇက် ကို ဝင်လာတော့ ပထမဆုံး သတိပြုမိတာက Post တက်တဲ့ အရေအတွက် ပါ။ (ကျွန်မ သိသလောက်) သတင်းဌာန တွေဆိုရင်တောင်မှ တစ်နေ့ ကို သတင်းတက်မှ ၄/၅ ပုဒ်ပေါ့။ ဂေဇက်မှာတော့ (အသေအချာ တော့ စာရင်းမလုပ် ဖြစ်ပေမဲ့) တစ်နေ့ကို ၁ဝ ကနေ ၂ဝနီးပါး ပျမ်းမျှ ရှိပါမယ်ထင်ပါရဲ့။ ဂေဇက်ရဲ့ Post တိုင်းမှာလဲ သူ့ပရိတ်သတ်နဲ့သူ Comment လေးတွေ နဲ့ ဝေဝေစာစာပါဘဲ။ အဲဒါကိုက ရသာမျိုးစုံ ရစေတဲ့ ဂေဇက် ရဲ့ သူများနဲ့ မတူတဲ့ အလှတရားပါ။ အမှန်တော့ ရွာမှာ လူပိုစည် လေ ပိုကောင်းလေပါဘဲ။

ကျွန်မ ယုံပါတယ်။ သူကြီး နဲ့တစ်ကွ ကျွန်မတို့ အားလုံး ဂေဇက် ပိုပိုပြီး တိုးတက် လာမှာကို လိုလားကြမှာပါ၊

ကျွန်မ နောက်ဆက်တွဲ သတိပြု မိတာကတော့ မန်ဘာ အရေအတွက်ရယ်၊ တက်သမျှ Post နဲ့ Comment တွေကို သိမ်းထားရတဲ့ Server နေရာပါဘဲ။ အဲဒီနေရာ က ဘယ်လောက် ကြီးတယ် ဆိုတဲ့ အပေါ်မူတည်ပြီး ပိုက်ဆံပေးရပါတယ်။ သူကြီး သူ့ဟာသူ ချမ်းသာလို့ အများအကျိုး ဆောင် နေတာမို့ ကျွန်မ သူ့ကို မတွေးပါဘူး။ ကျွန်မ တွေးမိနေတဲ့ သူက အဲဒီ Server နဲ့ Member Account တွေကို ထိမ်းသိမ်း ပေးနေရသူ ကိုပါ။ ကျွန်မနဲ့ အဲဒါ ဘာဆိုင်လဲ ဆိုတော့ ဘာမှတော့ မဆိုင်ပါဘူး။ ကိုယ်ချင်းဘဲ နဲနဲ စာမိသွားတာပါ။

ကျွန်မ အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်း ကလဲ Server တွေကို စောင့်ရှောက်ရပါတယ်။ ဒါကြောင့်ပါ။ User တွေဆိုတာ သူတို့ဘာလုပ်လုပ် သူတို့Files တွေ Data တွေကို လိုလို၊မလိုလို Server ပေါ်မှာ သိမ်းကြပါတယ်။ Data ဆိုတာ အမြဲတိုးတိုးလာတာ သဘာဝပါဘဲ။ ဒါပေမဲ့ တိုးလာတယ် ဆိုတာမှာ တိုးသင့် တာဘဲ တိုးရပါမယ်။ မလိုတာ တွေကိုတော့ သိမ်းမထားသင့်ဘူး ဆိုတာ အားလုံး လက်ခံ ကြမှာပါ။ နောက်တစ်ချက်က Data တွေဆိုတာ အမြဲBackupလုပ်ရပါတယ်။ အဲဒီမှာ မလိုတာတွေက Backup လုပ်တဲ့ အချိန်ကြာစေ ပါတယ်။

နောက် ကျွန်မ အလုပ်မှာ volunteer လုပ်တဲ့သူတွေများပါတယ်။ ဝင်လာသူတိုင်းကို အီးမေး ဖွင့်ပေးရပါတယ်။ အဲဒီလူမလုပ်တော့ရင် ဆိုင်ရာ ဌာနကနေ အီးမေး ကိုဖျက်ဖို့ အသိပေးရပါမယ်။ ဒါပေမဲ့ လက်တွေ့မှာ တော်ရုံ အကြောင်းကြားဖို့ မေ့ကြပါတယ်။ ဒီတော့ တဖြေးဖြေး Active မဖြစ်တဲ့ Account တွေ ပုံလာပါတယ်။ ဒီတော့ Mail Server ထဲမှာ အလကား အပိုဖြစ်ပါတယ်။ အဲဒါတွေဆိုရင် ကာလ သတ်မှတ်ပြီး ဖျက်ပြစ်ရပါတယ်။

တစ်ခါတစ်ခါ ပြန်ဝင်လာတဲ့ သူတွေလဲ ရှိပါတယ်။ ဒီတော့ အသစ်ပြန်ဖွင့်ပေါ့။ မလိုတာကို တော့ တစ်ချိန်လုံး လုပ်ထားစရာ မလိုပါဘူး မဟုတ်လား။

ဒီဂေဇက် မှာလဲ ဒီလိုပါဘဲ။

ကျွန်မတို့ Post တွေ တင်တယ်၊ Comment တွေပေးတယ်။

ကျွန်မ ကြည့်နေမိ တဲ့ Server Maintenance View ကဆိုရင်

ဥပမာ – Post တစ်ခုမှာ Comment ပေးရင် “အားပေးသွားတယ်နော်” လို့ ပြောမဲ့ အစား လက်မလေးထောင်သွားမယ် ဆိုရင် နေရာစားသက်သာမလား။

ဒါမှမဟုတ် ကိုယ်အားပေး သွားကြောင်း သိစေချင်လို့ အဲဒီ လိုမျိုး တွေကို ပေးချင်လဲပေး။ နောက်မှ Admin က ဖျက်ပြစ်ရင်ကော မကောင်းလား။

တစ်ချို့ သတင်း လိုမျိုး တင်ထားပြီး Up-to-Date မဖြစ်တော့တဲ့ Post တွေ ရှိပါတယ်။ တစ်ချို့ လဲ Copy & Paste ပေါ့။ အဲဒါတွေ ကတော့ အချိန်ကာလ တစ်ခု ဘဲ ထားပြီး – ပြီးတာနဲ့ ဖျက်ပြစ်လိုက်ပေါ့။

ဒါဆို မလို တော့တဲ့ Post တွေ၊ “နေကောင်းလား၊ နိုးပြီလား” (ကျွန်မ လုပ်ခဲ့တာပါ) စတဲ့ စာဖတ်သူ အများ အတွက် အဟာရမဖြစ်၊ အကျိုး မရှိ တဲ့ Comment တွေကို Server က တစ်ချိန်လုံး ထမ်းထားစရာ မလိုတော့ ဘူးပေါ့။ ဒါတွေဟာ ကိုယ်ကကြည့်တော့သာ တစ်ကြောင်း တစ်မျက်နှာ ရယ်ပါ။ ကိုယ့်လို လူများစွာ နဲ့ ရက်ပေါင်း၊ လပေါင်း ကြာလာရင် တော့ အဲဒါတွေ ရဲ့ နေရာဟာ အကြီးကြီး ဖြစ်နေတာကို အံ့ဩစွာ တွေ့ရပါမယ်။

နောက်တစ်ချက် ကတော့ Member Account တွေပါ။ အချိန်ကာလ တစ်ခုအတွင်း Active မဖြစ်တဲ့ Account များ ကို ဒီအတိုင်းမထားသင့်ပါ။ ဖျက်ပြစ်ရပါမည်။

ရွာထဲမှာ ပိုမို တင့်တယ်လှပစေဖို့ အမှိုက်တစ်စ မတော်လို့ ကျသွားတာ၊ ဒါမှမဟုတ် တမင် မရည်ရွယ် ဘဲ အမှိုက်ဖြစ် သွားတာ တွေကို တစ်ယောက်ယောက် ကရှင်းပေး တာလို့ မြင်ကြရမှာပါ။

ရွာတည်ထားတဲ့ နေရာလေး သန့်သန့်ရှင်းရှင်း ရှိနေစေရန် လို့ တွေးကြရမှာပါ။

သို့သော် – တစ်ချို့ သူများက အမှိုက်ကို တမင်ချ၊ အဲဒါကို မတွေ့လို့ “ဘယ်သူ ငါ့အမှိုက် ကို ရှင်းလိုက်တာလဲ။ မင်းက မိုက်လို့လား” လို့ နောက်မှ လာပြီး ရန်မစ စေဖို့ ဒါတွေ လုပ်ပါမယ် လို့ ကြေငြာ ခြင်းကို တမင် စည်းကမ်း ကြပ်တယ်လို့ မမြင်သင့်ပါဘူး။

ကျွန်မ အသေအချာ ပြောပါမယ်။

ကျွန်မ ဂေဇက်မှ သူကြီး အပါအဝင် ဆိုင်ရာ မည်သည့် ဂေဇက် Admin နှင့်မျှ အမျိုးမတော်ပါ။

အာဏာသိမ်း သည်ဟု ဆိုသော ကိုကြောင်ကြီး သည် အဘယ်ဒေသတွင် နေ၍ ဘာလုပ် သည်ဟုလည်း မသိပါ။ ဒင်းသည် သူကြီးရာထူး ကို ချောင်းနေသူ ဟုလည်း မသိခဲ့ရိုး အမှန်ပါ။ 😉

ရိုးရိုး သာမာန် ရွာသူပါဘဲ။

ဆရာလုပ်ခြင်း လဲ မဟုတ်ပါ။

အသက်ကြီး၍ အတန်ငယ်ဘဲ စကားများခြင်းသာ ရှိပါသည်။ 😉

ဒါဟာ ကျွန်မရဲ့ အလုပ်နဲ့ယှဉ်သော သာမာန် ကိုယ်ချင်းစာ အတွေး လေးမို့ သူကြီးကို မူလီစုတ် ပေးလိုက်ခြင်းပါဘဲ။

ကျွန်မ ဆိုလိုတာကို အားလုံးသဘောပေါက်မည်ဟု မရဲတရဲ မျှော်လင့်ပါ၏။

ကျွန်မ ကို အထင်အမြင် မရှင်းပါကလည်း ပွင့်လင်းစွာ ဝင်ဆွေးနွေးနိုင်ပါသည်။

ဤကဲ့သို့ သူကြီး အပါအဝင် Admin အဖွဲ့ ကို ဆရာလုပ်မိခြင်း အတွက်ကိုလည်း တောင်းပန်ပါ၏။ 😀

68 comments

  • pooch

    January 30, 2012 at 12:34 am

    အရီးလတ်ပြောမှပဲ သူကြီးထမ်းထားရတဲ့ ဝန်က မသေးမှန်းသတိပြုမိတော့တယ်။ ဒီကြားထဲ မထင်ရင် မထင်သလို သူကြီးကို ဝိုင်းပြီး ကျမတို့ က ရန်လုပ်ကြ၊ အနီတွေ ပေးကြနဲ့ ။ ဒါတောင် သူကြီးက အပြုံးမပျက်ပဲ မငြီးမညူ နဲ့ ရွာသူားများ ကွန်ပလိန်းတက်သမျှ လုပ်ပေးနေတာ။ ခုလည်း update လုပ်နေပါတယ်လို့ အော်ပြီး အခက်အခဲတွေ ပြေနိုင်သမျှပြေအောင်လုပ်ပေးနေတယ်။

    အရီးလတ်ပြောသလို ဆာဗာကြီးမလေးအောင် active မဖြစ်တဲ့ account တွေ ဖျက်လိုက်တာ ကောင်းမယ်ထင်တယ်။( ပြောသာပြောရတယ် သူကြီးက လုပ်ရက်ပါ့မလားမသိ။ )

    နောက်ဆိုကျမလည်း ဆင်ခြင်ပါ့မယ်။ နှစ်သက်ရင် လက်မလေးထောင်ပေးမယ်။ ကွန်းမန့်တော့ ပြောချင်တဲ့ ပြောစရာရှိတဲ့ အကြောင်းလေးများမှပဲ ပေးတော့မယ်။ လျှော့လိုက်တော့မယ် ။ သူကြီးရဲ့ ဆာဗာကြီးကို အားနာလို့။ :mrgreen:

    နောက်ပြီး အရီးလတ်ရေ အရီးမှ မဟုတ်ဖူး ဒီရွာမှာ စာရေးနေတဲ့သူများအားလုံးကို ဘယ်တုန်းကမှ ဆရာလုပ်တယ် မအောင်းမေ့ပါဘူး။ ကိုယ်သိတာလေးကို မျှဝေပြီး အမြင်တွေ ဖလှယ်နေကြတယ်လို့ပဲ သဘောထားပါတယ်။

  • ဒိတ်ဒိတ်ကြဲ

    January 30, 2012 at 1:25 am

    တင်ပြချက်လေးတွေကတော့ အေးချမ်းမှုရှိပါတယ်၊ သင့်မြတ်တယ်လို့ခံစားမိတယ်၊
    ကန့်ကွက်ရန် အကြောင်းမရှိပါကြောင်း…..။

    • zarlay

      January 30, 2012 at 11:24 am

      ဟုတ် ထောက်ခံပါတယ်

  • padonmar

    January 30, 2012 at 1:33 am

    မလတ်ရေ
    ရှင်းပြပေးတာကျေးဇူးပါ၊
    အမှတ်တမဲ့ (point ဆိုတာတော့ ခေါင်းထဲတောင်မရောက်မိပါဘူး) နှုတ်ဆက်စကားလေးတွေ ဟာလည်း
    စုပေါင်းရင် နေရာကျယ်ကြီးယူသွားမယ်ဆိုတာ မတွေးခဲ့မိဘူး။
    တခါက … လေးတွေချတတ်တဲ့ တစ်ယောက်ကို သတိပေးကွန်မန့်လေးတော့ဖတ်မိပါရဲ့။
    စာကြောင်းတွေချဲပေးတဲ့ space တွေကကော နေရာယူသလား သိချင်ပါတယ်။မလိုအပ်ရင် မလုပ်ဖူးပေါ့နော်။
    အသစ်ကိုလည်း အသစ်မို့ အဟောင်းကိုလည်း အဟောင်းမို့ အားပေးချင်တာလေးတွေ ဖတ်သွားကြောင်းသိစေချင်တာလေးတွေဟာ
    ပုဒ်မ ၁၂ နဲ့ ငြိနေတာပေါ့နော်။

    12. Post/Comment တို့ကို စာဖတ်သူတို့အတွက် အကျိုးရှိ/ကျန်ရစ်စေမည့် စာများသာရေးကြပါရန်။ အကြောင်းအရာတူသတင်းကို အရင်တင်ထားသူအောက်တွင်သာ ပေါင်းရေးကြပါရန်

    ကိုယ်ချင်းစာစိတ်နဲ့ ဆင်ခြင်ပါမယ် မလတ်ရေ။
    တကယ်အာဏာသိမ်းရင်တော့ လက်တို့လိုက်နော်။ 😀

    • etone

      February 1, 2012 at 2:59 pm

      အန်တီပဒုံမ္မာရေ …. ပို့စ်ထဲမှာ အစက်လေးတွေချလို့ အစက်မပါအောင်ရေးဖို့ အကြံပေးခဲ့တာ ကိုချောကလက်ကြီးပါ … ။ အဲ့ဒီတုန်းကတော့ …. စာဖတ်တဲ့ လူတွေကို ဒီ အစက်လေးတွေကြောင့် စိတ်ဝင်စားမှုအားလျော့နည်းစေတဲ့အတွက်လို့ ပြောပြထားပြီး ….. စပေ့နဲ့ ပတ်သတ်လို့တော့ သူတစ်ခါမှ မပြောခဲ့ပါဘူး … ။ အဲ့ဒီအချိန်တုန်းက အစက်လေးတွေချတာက နောက်တလုံးရေးဖို့အတွက် အားယူနေတာပါလို့ … အကြောင်းပြချက်ပေးဖူးတယ် … ။

      ဒါမှ မဟုတ်တခြားလူကိုသဂျီးက အစက်ချတာနဲ့ ပတ်သတ်လို့ သတိပေးကော့မန့်များ ရေးခဲ့ဖူးလို့လားဟင် … ။

      အရီးလတ်ပြောတာလည်း သဘာဝကျပါတယ် ။ အရင်က သဂျီးက စာလုံးရေ ဘယ်လောက်ကနေ ဘယ်လောက်ရေးမှ ပို့စ်တခုဖြစ်မယ် ။ တကြောင်းနှစ်ကြောင်းနဲ့ရေးတဲ့ ပို့စ်တွေဆို ဖိုရမ်ထဲပြောင်းလျှင်ပြောင်း မပြောင်းလျှင် ဖျက်ပစ်မယ်လို့ ပြောတာပဲ ရှိတာ .. တကယ်မလုပ်မိတော့ … ဒုံရင်းကဒုံရင်းလိုပါပဲ … 🙄

  • Khin Latt

    January 30, 2012 at 4:34 am

    Pooch ၊ ဒိတ်ဒိတ်ကြဲ နဲ့ အစ်မပဒုမ္မာ –
    ဒီလို အားပေးလို့ အထူးကျေးဇူး တင်ပါတယ်။
    ကျွန်မ လဲ စိတ်ထဲတွေး မိတာပေမဲ့ အချွန်နဲ့မ မိသလိုဖြစ်မှာလဲ စိုးပါတယ်။

    Pooch Says: ( ပြောသာပြောရတယ် သူကြီးက လုပ်ရက်ပါ့မလားမသိ။ )
    Pooch ရေ- အရီးလဲ အဲဒီလိုဘဲ ထင်ပါရဲ့။
    ဒါပေမဲ့ နှစ်တွေ ကြာလာလေ မလိုတာတွေ က ဝန်ပိ လေဖြစ်တတ်တာ လက်တွေ့မို့ပါ။
    Server ကို ဘယ်လောက် ကြီးတာနဲ့ လဲလဲ ခဏဘဲ အမြဲပြည့်ပြည့် သွားတာပါဘဲ။

    ဒိတ်ဒိတ်ကြဲရေ – ဝင်အားပေးလို့ အတော်အားရှိသွားပါတယ်။

    အစ်မပဒုမ္မာ
    စာကြောင်းတွေချဲပေးတဲ့ space တွေကကော နေရာယူ ရင်တောင်မှ လုပ်သင့် တဲ့ အလုပ် ပါဘဲ။
    ဒါမှ စာဖတ်သူတွေ ရှင်းရှင်း လင်းလင်း ဖတ်နိုင်မယ် ထင်တာပါဘဲ။
    တစ်ချို့ဟာတွေ က စရိတ်ကုန်လဲ သုံးပျော် ပြီး တစ်ချို့ ကျ အလဟသ ဖြုန်းသလို ဖြစ် တတ်တယ် လို့ ထင်တာပါဘဲ။ ဒါပေမဲ့ တစ်ခြားသူ အမြင်မှာ လဲ ကျွန်မတွေးမိတာ လွဲနိုင်ပါသေးတယ်။
    Post တွေမှာ ကျွန်မ တို့ ဖတ်သွားကြောင်း comment ဝင်ရေး၊ ပြီးရင် အဲဒါမျိုးတွေကို Admin ကလိုက် ဖျက် ပေးပေါ့။ Oppps …. 😀

    အမှန်တော့ ပြောသာပြောရတယ် – သူကြီး နဲ့ သူ့ အဖွဲ့ မှာလဲ ကောင်းကောင်း တွေ ရှိမှာပါလေ။
    ကျွန်မ က “မိချောင်းမင်း ရေခင်းပြ၊ ဘုန်းကြီး စာချ လုပ်နေတာ” 😉

  • thit min

    January 30, 2012 at 6:04 am

    အစ်မလတ်ရေ
    တော်တော်လေး အကွက်စေ့တဲ့ ထောက်ပြ ပြောဆိုမှုလေးပါ။
    ကျနော် ကြားဘူးတဲ့ လောကမှာတန်ဖိုးအရှိဆုံး လူနှစ်မျိုး နဲ့ ကိုက်ညီပါပေတယ်။
    ၁။ ဦးစွာကျေးဇူးပြုသူ (သူတပါးတို့ကို မိမိစေတနာသက်သက်ဖြင့် စတင် ကျေးဇူးပြုသူ)
    ၂။ သူတပါးကျေးဇူးကို သိတတ်သူ (ဒါကတော့ ကာယကံ၊ဝစီကံ၊မနောကံတွေနဲ့ ကျေးဇူးတုံ့ပြန်သူ)
    ဆိုတာပါဘဲ။
    ဒီပို့စ်မှာ အဲဒီ ၂ ယောက်လုံးပါနေပါတယ်ကော (^^)

  • MaMa

    January 30, 2012 at 8:03 am

    မလတ်လို အသိမရှိတော့ ကျမတို့ကတော့ ကိုယ်ချင်းစာရကောင်းမှန်းကို မသိတာ။
    အခုလို ပြောပေးတာ ကောင်းပါတယ်။
    ကျမတို့လို မသိတဲ့လူတွေ သိလာတော့ ဆင်ခြင်နိုင်ကြတာပေ့ါ။
    (ဒါတောင် သဂျီးက ဆာဗာကိစ္စ စိတ်ထဲမထားကြပါနဲ့၊ ရေးချင်တာ ရေးကြပါဆိုပြီး ရေးနေသေးတယ်။) 🙂

  • အာချိတိုမိုတို လီဂျင်ဖရဲသီး

    January 30, 2012 at 8:58 am

    အစ်မပြောမှဘဲ ကိုယ်တင်တဲ့ ပို့စ်တောင် အားနာလာပြီး
    တင်ချင်စိတ်တောင်မရှိတော့ပါဘူးဗျာ 😥
    ကျွန်တော်ရေးတဲ့ စာတစ်ကြောင်း စာတစ်ပိုဒ်က ဖတ်တဲ့သူ အကျိုးရှိရင်တော့ အကောင်းသား၊မရရင်တော့
    အလကားဖြစ်သွားပြီ။
    နောင်နောက် တင်ချင်မှတင်တော့မယ်
    သူကြီးကို အားနာတယ်။
    ကျေးဇူးပါ အစ်မ။

  • Moe Z

    January 30, 2012 at 9:11 am

    အရီးလတ်ရေ သဂျီးက သူ့ဒုက္ခသူရှာတာပဲ မသနားပါဘူး 😀 အလကားနောက်တာ

    12. Post/Comment တို့ကို စာဖတ်သူတို့အတွက် အကျိုးရှိ/ကျန်ရစ်စေမည့် စာများသာရေးကြပါရန်။ အကြောင်းအရာတူသတင်းကို အရင်တင်ထားသူအောက်တွင်သာ ပေါင်းရေးကြပါရန်

    အဲဒီစည်းကမ်းချက်ကိုလိုက်နာပြီး မိုးစက်ကွန်မန့်မပေးရဲဘူးဖြစ်သွားသေးတယ်
    ဦးနှောက်ပိစိကွေးလေးနဲ့ စာကြီးပေကြီးတွေဆို မဝေဖန်ရဲဘူး 😛
    ဒါကြောင့် သူများတွေကိုပဲလိုက်စနေတာ နောက်ဆိုဆင်ခြင်ပါ့မယ့် promise!

  • ကြောင်ကြီး

    January 30, 2012 at 9:14 am

    အကောင့်တွေ ပိတ်မလားဗျ။ သဂျီးခင်မျာ အခုလောက်အရေအတွက်ရအောင် မနည်းလုပ်ထားရတာ။ ဖျက်ခြင်းဖျက် အပိုဆာဒါး ကွန်းမန့်တွေ ပို့စ်တွေ ဖျက်မှာပေါ့။ သူ့ဆာဗာကြည့်ရဒါ အကောင့်ဖွင့်သူအရေအတွက်များရင် တွက်ခြေကိုက်ပုံ ပိုရတယ်။ အကျန်ပေးရရင် ရွာသူားထဲက ဗော်လံတီယာ လေးငါးဆယ်ဦးကိုရွေးပြီး တက်လာတဲ့ပို့စ်၊ ကွန်းမန့်တိုင်းကို စီစစ်သတ်မှတ်ပြီး သဂျီးဆီသတင်းပို့။ ကနဦးမှာ အဲဒီအဖွဲ့က ပို့လိုက်တဲ့ ဟာအားလုံးကို သဂျီးကစီစစ်ရွေးချယ်ပွိုင့်ပေး။ နေသားကျသွားရင် ဘုတ်အဖွဲ့၈၀%သဘောတူလိုက်တဲ့ ပို့စ်မှတ်ချက်မျိုးဆို စစ်မနေနဲ့တော့။ တဖက်ဖက်က တဦးနှစ်ဦးအသာလောက်နဲ့ ရွေး၊ ပယ်၊ ပွိုင့်မပေးတာမျိုးတော့ မဖြစ်သင့်ဘူး။ အဲလိုမျိုးဆိုရင် သဂျီးကနေ ဗီတိုအာဏာသုံးစစ်။ ရွေး၊ ပယ် တာထက် ပွိုင့်ပေးမပေးက ပိုပြသနာကြီးလိမ့်မယ်။ အရေးကြီးတာ ဘုတ်အဖွဲ့မှာ အတွေးအမြင်အစုံရှိသူများ ပါရမယ်။ အမေရိကန် စူပရင်းဟိုက်ကုတ်လိုပေါ့ဗျာ။ ကွန်ဆားဗေးတစ်၊ လစ်ဘရယ် မျှအောင်ထည့်ထားလိုက်။ ဒါဆိုရင်ပီးဘာဒယ်….။

  • နှာကိုယ်တော် မောင်မောင်ဇာ

    January 30, 2012 at 9:27 am

    အရီးလတ်ရေ့ …..
    သဂျီးဆာဗာ ကို နှိပ်စက်တဲ့ထဲ ကျုပ် ထိပ်တန်းက ပါမယ်ထင့် ….
    ဆာဗာ မဆန့်မှာ လေးမှာ တော့ ပူဝူးခည …..
    အာဏာ ကိစ္စလည်း ဖီလင်မလာပါဝူး ….
    ရေးလို့ရ ပီးတာပဲ ….ဟီး…..

    ပုံတွေလည်း တင်ဦးမှာ …
    ကောမန့်တွေလည်း ဖောဖောသီသီ ပေးဦးမှာ ….

    အဟမ်း ….
    အယူဝါဒ အရတော့ … သရုပ်မှန် – မော်ဒန်
    သုတ – ရသ …ဘယ်ဂိုဏ်းကမှ မဟုတ်ပါဝူးဂျာ …..

    သိတယ်မလား …ကျုပ်က နှူးဘာဂိုဏ်းကလေ. ……
    ဟဲဟဲ …
    😛

    ခင်တဲ့ …
    တူတော်လေး …
    နှာကိုယ်တော် မောင်မောင်ဇာ

    p.s: အနုမြူအပျော့ရဲ့ လှုပ်ရှားနေသော စီအာအမ် လေးဒဿမ သုံညတဲ့ဗျာ…
    နောက်ရက်တွေ ရွာထဲ လာနိုင်မယ် မထင်တော့ …..

  • Shwe Tike Soe

    January 30, 2012 at 10:04 am

    ကျွန်တော်ကတော့ ဘာမှမပြောလိုပါဘူး ဒါပေမယ့် ကော့မန်.ပေးတဲ့ဟာတွေ အကျိုးမရှိဘူး အရေးမပါတဲ့ပို.တွေ စိစစ်ရွေးချယ်ဖျက်ပြစ်သင့်တယ်ဆိုရင် ကျွန်တော်တို.လို အသိဉာဏ်သေးတဲ့လူတွေ တင်စရာပို.စ်ရှိတော့မယ်မထင်.. ပြီးတော့ ဒီဆိုက်ထဲမှ ခင်မင်ကြရတဲ့ မန်ဘာသူငယ်ချင်းတွေ ပို.စ်တင်ရင် ကိုယ်ကအားပေးချင်တဲ့ စိတ်တစ်ခုထဲနဲ. မအားမလပ်ရင်တောင် နဲနဲလေးအားပေးတဲ့အနေနဲ. ကောမန်. အတိုလေးတွေ ပေးမိတာပါပဲ…
    အပြင်က ဝင်ဖတ်သူကတော့ အကျိုးမရှိဘူးထင်ရပေမယ့်… ပို.စ်တင်သူနဲ. ကောမန်.ပေးသူရဲ. အကြားမှာ အဲဒီလိုလေးတွေက ပိုမိုခင်မင်မှုရမယ်ထင်တယ်….
    ကျွန်တော်ဆိုရင် ပို.စ်တင်တာနည်းပါတယ်. ဒါပေမယ့် ပို.စ်တင်ဖြစ်ရင်တော့ တိုတိုရှည်ရှည် ကောမန်.လေးတစ်ကြောင်းရရင် အရမ်းဝမ်းသာပြီး ထပ်တင်ချင်တဲ့စိတ်တွေဖြစ်လာတယ်..
    ကျွန်တော်ထင်ပါတယ် မလတ်ကလည်း စေတနာနဲ.ပြောတာဆိုတာ….. ဒါပေမယ့် ကျွန်တော်တို.လူငယ်တွေ ကျွန်တော်ထက်ငယ်တဲ့ ညီအကိုမောင်နှမတွေ အားလုံးက အခုမှ ပညာရှာ အတွေ.အကြုံရှာနေကြရတဲ့သူတွေပါ.. အဲဒီလို အရေးမကြီးတဲ့ ကော့မန်.တွေမသုံးဘူးဆိုရင်တော့ ဘာမှမရေးယုံသာရှိတော့မှာပေါ့….
    အမှားပါရင်ခွင့်လွှတ်ပါ… ဒီမန်းလေးဂဇတ် ဆိုဒ်ကြီးက ကျွန်တော်တို.အတွက် အားဆေးပါ…. 😀

  • weiwei

    January 30, 2012 at 10:36 am

    အရီးလတ်ရေ ..
    သူကြီးကတော့ မန်ဘာများလေကြိုက်လေပါ …
    သူကြီးက ၇၀၀ဝ ကျော်နေပြီလို့ ဂုဏ်ယူဝင့်ကြွားနေတာ တကယ်တော့ ၁ဝ ကိုယ်ခွဲတွေ အများကြီးပဲ .. 🙂
    ကျွန်မကတော့ သူကြီးကို ကိုယ်ချင်းမစာမိဘူး .. ကိုယ့်ကိုကိုယ်ပဲ ဆန်းစစ်မိတယ် … အမှတ်တရ ကျန်နေမယ့် ပို့စ်တွေ ကွန်မန့်တွေအတွက် အရမ်းသတိထားပါတယ် … တော်ရုံနဲ့တော့ ကွန်မန့်မပေးဖြစ်ဘူး … မခင်လို့ အားမပေးဘူးလို့ ထင်မှာစိုးတဲ့အတွက်သာ အတတ်နိုင်ဆုံး ကွန်မန့်ပေးဖို့ ကြိုးစားဖြစ်ပါတယ် …

  • စိန်ပေါက်ပေါက်

    January 30, 2012 at 10:51 am

    အားပေးတွားပါတယ်ခင်ဗျ..ကျေးဇူးတင်ပါတယ်..အရမ်းကောင်းပါတယ်..အဲ..အဲ..ဟုတ်ပါဘူး..ဟုတ်ပါဘူး..မွှားလို ့.ဘွာတေး..
    ထောက်ခံပါတယ် အရီးလတ်ရေ

    ဒါပေသိ..
    စာရေးသူတော်တော်များများကတော့ ကွန်းမန် ့လေးတွေ မျှော်နေမယ် ထင်မိပါတယ်..
    တစ်ချို ့က ရေးတာရေးတယ်..ကိုယ့်စာရဲ့အခြေအနေ.ဘလိုလူမျိုးဖတ်သလဲ..ဘလိုလူမျိုးမဖတ်ဘူးလဲ သိချင်ကြတယ်ထင်ပါရဲ့
    ပြီးတော့ ဖတ်ပြီး ဘာပြောလို ့ပြောရမှန်းမသိဘူး..အားပေးချင်ပေမဲ့..ဘယ်နေရာက ဝင်ဆွေးနွေးရမှန်းမသိတဲ့ပို့စ်တွေရှိပါတယ်
    အဲလိုမျိုးဆို..ဝင်မပြောပဲထားလိုက်ရင် စာရေးသူူအနေနဲ ့ ပရိတ်သတ်မရှိဘူး.ထင်ပြီး ဆက်မရေးမှာဆိုးလို ့..
    အားပေးတဲ့အနေနဲ ့..ဝင်ဝင်ပွါးမိတာဘာ

    ကျနော်က စာဖတ်သူပါဗျား..
    တစ်နေ ့တက်သမျှပို ့စ် အကြွေးမထားပဲနဲ ့ကို အကုန်လိုက်ဖတ်ချင်တာ..အဲလောက် လောဘာကြီးပါဒယ်..
    မရေးတတ်လို ့…ရေးဖို ့အားထုတ်လဲ ပို ့စ်ကောင်းတစ်ခု ထွက်မလာလို ့.မရေးတော့ဘဲ လိုက်လိုက် ဖတ်နေတာဘာ..
    အထူးသဖြင့်
    သဂျီးတူမကို ဖက်ချင်တာပါ..သူရေးတဲ့စာတွေ တစ်ပုဒ်မှ မမြင်ဖူးလို ့..ဖတ်ချင်တာကို ပြောတာပါ..
    အို..
    ဘာပဲဖစ်ဖစ် ဖက်နေရရင် ကျေနပ်နေလို ့.လက်မထောင်ဆိုလဲ လက်မပဲ ထောင်ပါ့မယ်လို ့.
    နော်..နော်..နော်..
    တဂျီး..ချိတ်ချိုးနဲ ့..နော်…
    သများကို တစ်ချိန်ကြရင် တူရီးတော်ရမှာဘဲဟာဂျီးကို
    ဟာဘဲ.ဟာဘဲ

  • အာဖျံကွီး

    January 30, 2012 at 10:52 am

    ဒို့ကတော့နော် ဘာတွေ ဘယ်လို ပြောင်းလဲ ပြောင်းလဲ မပြောင်းမလဲရှိနေမှာပါ ။
    ဂွတ်တယ်ထင်ရင် ဒူး ကြ ပါတော့လို့ပဲ ( အလိုက်အထိုက်လေးနဲ့ပေါ့) . . ခိခိ ..

    • etone

      February 1, 2012 at 3:13 pm

      အလေလွင့်မရေးနဲ့ဆိုမှ ရေးချင်စိတ်က ပေါက်လာပြီ … ဒီရွာထဲမှာ အာဖျံကွီးတစ်ယောက်ရှိပါတယ် … လူဟောင်းပါ … ဒီတစ်ယောက်တော့ မဟုတ်လောက်ဘူး .. နာမည်တူပဲ ဖြစ်မယ်ထင်ပါရဲ့ …. ။
      သဂျီးရေ .. အဲ့ဒီကိစ္စလေး ပြောချင်နေတာ … တခြားဆိုက်တွေမှာ နာမည်ရွေးလျှင် တူနေတဲ့အခါ .. အော်တိုတခြားနာမည်ပြောင်းခိုင်းပါတယ် ..ဒီဆိုက်မှာရော .. နာမည်ယူလို့ရမရ ချက်ကင်းလိုက်တဲ့ဟာလေး ထည့်ဆွဲပေးထားလျှင်ကောင်းမှာပဲ … ။

      ဒါက နှစ်ခိရှာလို့ပါ ..ပထမတစ်ခါက ကိုအဖြောင်ယူပါ …. ။ သူလည်း အဖြူရောင်လို့ ယူထားတာကနေ … တခြား လူရှိတာတွေ့လို့ n****i အဖြစ်ပြောင်းလိုက်ရတာပါ … အကောင့် လုပ်ကတည်းကသာ သိလျှင် .. ဒီလို ပြောင်းစရာတွေ ဖြစ်လာမှာ မဟုတ်ပါကြောင်း … 🙄

  • Potter Herry

    January 30, 2012 at 10:58 am

    ဟုတ်ပါသကောဗျာ… ထားလို့ကနေမယ် .. သတ်လိုက သေ ( မှားလို့) မသေအောင်
    နေမှာ .. ဖြစ်ချင်ရာဖြစ် မောင်ဘချစ် လုပ်နေပါမယ် ..
    ဧည့်သည်ဆိုတာ အိမ်ရှင့် စည်းကမ်းအတိုင်းနေနေရမှာ ထုံးစံပဲ မို့လားဗျာ..။

  • ဖိုးအာလူး

    January 30, 2012 at 11:24 am

    ဟေ့လူ ဟေ့လူ
    စွတ်တင်မနေကြနဲ့
    ဟိုမှာ ထွက်တော့မယ် တကဲကဲ ဖြစ်နေပြီဟ
    အမ ခင်လတ်ကို အားနာပါတယ်
    မထူးတော့ရင်လဲ ကိုကြောင်ကြီးနဲ့ အမခင်လတ်ပေါင်းပြီး သဂျီးအာဏာစက်
    လွှဲယူတော်မူကြကုန်။
    ( ဟိဟိ စခြင်းနောက်ခြင်းသာလျှင်ဖြစ်ပါကြောင်း) ……. 😛

  • ဘမျိုး ဘိုးတူ

    January 30, 2012 at 11:33 am

    ပြုပြင်ပြောင်းလဲရေး တဲ့လားကွယ့် .. ဘတို့လဲ အောင်ဖေ ရတော့မှာ ထင်ပါရဲ့ကွယ် ..
    အင်းလေ အသက်လေးရလာတော့လဲ လောကကြီးမှာ လူပိုဘဝ ရောက်နေရတာလေ ..
    စာလဲ သေချာမရေးတတ် ဗဟုငှက်တ ကလဲ မူးလို့ ရှုစရာမရှိလေတော့ ကောင်းပါလေ့ကွယ်..
    ဟိုသူငယ်ပြောသလို ဧည့်သည်ဟာ ဧည့်သည်ပါပဲ ။

  • နှာကိုယ်တော် မောင်မောင်ဇာ

    January 30, 2012 at 11:37 am

    မားကတ်တင်း ဗျ မားကတ်တင်း …
    သဂျီးသာ မားကတ်တင်း တတ်ရင် အာဏာလည်း ဘယ်သူမှ မသိမ်းဘူး..
    သတင်းစာလည်း မရှင်းလင်းရဝူး …နည်းနည်းလျှော့ကြဘာနော တွေ ဘာဒွေလည်း
    လေပြည်မထိုးရဘူး ….။

    သဂျီးရယ် မားကတ်တင်း ဖတ်စမ်းဘာ …စေဒနာနဲ့ပြောဒါဘာ …….။
    ကတ်စတမ်မာ ရီလေးရှင်းရှစ်ပ် ကို ရင်ဘတ်ချင်းဂျပ်ပင်ထိုးပီး တည်ဆောက်တဲ့
    ပညာတွေ သုံးပစ်လိုက်စမ်းဘာ ….။ မားကတ်တင်းဖော် မီဒီးယာ ဆိုတဲ့ ရှုဒေါင့်ကနေ
    စာရးသူတွေရဲ့ အသည်း အညှာ ကို ဆွဲခါပစ်လိုက်စမ်းဘာ ……

    အဟမ်း…
    မန်ဘာတယောက်အနေနဲ့ ပြောရရင်လည်း …ကျုပ်တို့လိုနေတာ မားကတ်တင်းဗျ
    မားကတ်တင်း ….။ ဆာဗာ ကိစ္စ မိန်တိန်းနန့်ကိစ္စက သဂျီးကိစ္စ …ကျုပ်တို့ကိစ္စမဟုတ်…
    မားကတ် ရှယ်ယာ အနေနဲ့ မားကတ်တင်းသဘောအရ ပြောရရင် ….
    သုတတွေ များနေရင် ရသ ရေးတဲ့ဘက်က အားစိုက်ပီး ဖိရေးပစ်လိုက်
    ရသတွေများနေရင် သုတသမားတွေ ကြိုးစား လိုက်ကြ
    ပေါက်ပန်း၄ဝ တွေ မျုားလာရင် အနှစ်တွေ သွန်ချကြည့် ….
    ဒါ့ပုံတွေ များနေရင် ကဗျာတွေ အန်ထုတ်ကြည့် …
    ဝတ္ထုတွေများနေရင် ဆောင်းပါးတွေ ကောက်ခြစ်ကြည့် …..
    ကိုယ့်မားကတ်ရှယ်ယာ အတွက် ကိုယ် ပရိုမုတ်လုပ်ကြစမ်းဘာဗျာ …
    မားကတ်တင်း သဘောသဘာဝဒွေပါ …..
    ကိုယ်ပွားတွေ ရှဲဒိုးတွေ က hosue of brands တွေ လုပ်လာကြရင် …
    ပင်ကိုယ် သမားတွေက branded house တွေ ထလုပ်ပစ်ကြ ….

    မားကတ်စပေ့စ်ထဲမှာ စာဖတ်သူ တည်းဟူသော ဘုံ ကတ်စတမ်မာ ကြီးကို
    ကိုယ့် ပိတ်သတ် သူ့ ပိတ်သတ် သန်ရာသန်ရာ ရှယ်ယာဖဲ့ယူနေကြတဲ့ မားကတ်တင်းရွာကြီးလို့
    မြင်ကြည့်စမ်းပါဂျာ …သာယာသွားမယ်..

    တော်သေးဘီ
    မောတွားဘီ…

    ပုံ
    မောင်မောင်ဇာ

  • Gipsy

    January 30, 2012 at 12:38 pm

    အထေ့ အငေါ့
    စောင်းပါး ရိပ်ခြည်
    တိမ် ပလီ သို့
    အိပ်စား ကာမ
    ဤသုံးဝ နဲ့
    ထာဝရ အသက်ရှင်ခြင်းထက်
    တစ်ခဏ ဘဝ လူဖြစ်ကျိုးနပ်ဖို့
    ဝန်းကျင်ထိမ်းသိမ်း
    ရွာမြေ စိမ်းလမ်းသာယာ
    ဒို့ ကြိုးစားကြည့်ရအောင်လေ…… ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 30, 2012 at 1:24 pm

    အားလုံးမင်္ဂလာဘာ
    သဂျီးမင်းကတော့ ခင်ဗျားတို့သိတဲ့အတိုင်းဘဲ စေတနာဗလပွနဲ့ သူ့အတွက်ဘာအရည်အဖတ်တွေရလဲ
    သိဘူး ရေးခြင်တာရေးပေးနေတာဘဲ ( ဒါက ခပ်တည်တည်နဲ့ သဂျီးကိုမြှောက်လိုက်တာ )
    အဲ့သည်သဂျီးကို ခင်ဗျားတို့လျှော့မတွက်နဲ့ ခင်ဗျားတို့ကို ရေးခြင်တာရေးကြစမ်းဆိုပြီး ခင်ဗျားတို့ရဲ့
    ဦးနှောက်တွေကိုဖေါက်စားနေတာ ( ဒါက ထောင်ပေးလိုက်တာ )
    မန်ဘာတစ်ယောက်ကိုဘယ်လောက်ပါဆိုပြီး ဂဏာန်းပေါင်းစက်နဲ့ နှိပ်ပြီးတွက်ပြလိုက်တာ
    ဒေါ်လာတွေမနည်းမနောဘဲနော ဒါပေသိအဲ့တာတွေက သဂျီးက ခင်ဗျားတို့ကို ခပ်တည်တည်နဲ့
    ရှိုးလိုက်တာ ခင်ဗျားတို့သိတဲ့အတိုင်းဘဲ အမေရိကန်ဘစ်ဇနစ်တွေအကုန်လုံး စက္ကူတွေဘဲ
    ရိုက်နှိပ်ပြီးလူတွေကိုမြှောက်ပေးနေတာဘဲမဟုတ်လား ( ဒါကဆော်ထည့်ဗလိုက်တာ )
    မှတ်ချက်။ ။ အပေါ်ကဟာတွေက အရဂါးပြောဒါ 😀 😀 😀
    ပြဿနာက သူ့ဟာကိုသူဘယ်လိုသဘောထားလဲဆိုတာတော့ ကျုပ်လည်းသိဘူး
    တစ်ခါတစ်လေ ကိုယ်ကအကောင်းဖက်ကနေကိုယ့်အမြင်လေးကိုယ်ပြောတာကို
    သူများ ( အဆိုးမြင် ) တွေဖက်ကတော့ အိုးကမပူစလောင်းကပူဆိုပြီးလုပ်မလားပြောတတ်ဘူး
    လောကသဘာဝဟာကိုး ( အနိစ္စ ဒုက္ခ အနတ္တ )
    ဒီအကြောင်းတွေကိုပြောနိုင်ဘို့လောက်ကြတော့ ကျုပ်က ဆိတ် .. ဘဲကျောင်းတတ်တော့
    ရွာက ဇာတ်ပွဲတွေမှာ နေရာလုကြတဲ့သဘောလေးဘဲပြောနိုင်ပါတယ်
    လယ်ဂွင်းထဲမှာ ဇာတ်ပွဲတစ်ပွဲဖြစ်ပြီဆိုပါတော့
    ဖျာတစ်ယောက်တစ်ချပ်ဝိုင်းခင်းလိုက်ရင် နေရာတွေကုန်သွားတဲ့သဘောလေးတော့ရှိမှာပါ
    တစ်ချို့ဖျာတွေကြတော့ လူအပြည့်ထိုင်းမယ် တစ်ချို့ဖျာတွေကြတော့ လူအပြည့်မထိုင်ဘူး
    ဆိုလိုတာက ( space ) လို့ခေါ်သလား ကျုပ်လည်းသိဘူးနော ကိုယ်ထင်တာ ရမ်းချလိုက်တာ 😀
    ဖျာတွေတစ်ချပ်ပြီးတစ်ချပ်ခင်းပြီးတော့ လူပြည့်သည် မပြည့်သည်ကတစ်ကြောင်းသွားပြီး
    ဆိုဒ်နေရာက ကျယ်သွားမယ်ထင်တယ် ဒါကနေရာအကျယ်အဝန်းရဲ့သဘော
    ခင်းလိုက်တဲ့ဖျာနေရာထဲမှာ အပျိုမခပ်ချောချောလေးတွေထိုင်နေရင်တော့ ဒါက သိပ်ကြည့်လို့ကောင်းတာပေါ့ဗျာ
    မဟုတ်ဘဲ
    အပျိုကြီးတွေ အဖွားကြီးတွေ အီပေါက်ရင်နံတဲ့လူတွေ အရက်သမားတွေ
    ဇာတ်မင်းသားတွေကို အော်ဆဲတတ်တဲ့လူတွေ ပါရင်တော့ ပွဲမစည်ဘဲ ပွဲရှုပ်သွားနိုင်တယ်လို့ ထင်တာဘဲ
    ( ဘာဘဲဖြစ်ဖြစ်ပါ အဲ့သည်လို အရှုပ်တွေကို ရှင်းခြင်ရင်တော့ ကျုပ်ရဲ့အရှုပ်တွေကိုလည်း
    ရှင်းပြစ်နိုင်ပါကြောင်း )

    • မိုက်ကယ်ဂျော်နီအောင်ပု

      January 30, 2012 at 1:34 pm

      တစ်ခုသတိထားမိတာလေးတော့ရှိသဗျ
      စာလုံးပွိုင့်တွေထက်ကို ဓာတ်ပုံ properties တွေက ပိုလေးတယ်ဗျ
      ဒါကတော့ ဓာတ်ပုံဆြာတွေကို မီးနဲ့ရှို့ခဲ့တာဗျို့ 😀 😀 😀
      ဖင်မှာဂျက်အင်္ဂျင်တတ်ပြီးပြေးဘီ ..ဘစ်ဘစ်ဘစ်ဘစ်

  • amatmin

    January 30, 2012 at 2:14 pm

    အရီးလတ် ရှင်းပြပေးထားလို့ သဂျီးဒုက္ခ ကိုစာနာပေမဲ့..
    ပို့စ်ကောင်းရေးနိုင်ဖို့ခက်ခဲ.ရွာနဲ့အဝေးမှာလည်းမနေနိုင်..
    ကွန်မန့်နဲ့သာ အသက်ဆက်နေရသမို့…
    အရီးစာ ဖတ်ပြီး (ဆာဗာအရေး) စိတ်မောရပါသော်လည်း..
    စိတ်မပူကြစေရန်အတွက် သဂျီးမှကြေညာချက်မြန်မြန်ထုတ်ပေးမည်ဟု မျှော်လင့်ရင်း..

    သဂျီးကိုယုံကြည်စွာဖြင့် 😛

  • windtalker

    January 30, 2012 at 2:37 pm

    ဒါဆိုရင်တော့
    ရွာထဲတက်သမျှ ပို ့စ်အားလုံး နီးပါး ကို ဒိုင်ခံ ကော်မန် ့ပေးတဲ့ ပေါက်ဖော်
    ပေါက်ဖော် တစ်ဝက်လောက် ကော်မန် ့ပေးတဲ့ ကျွန်တော်
    ဆင်ခြင်ရတော့မှာပေါ့ဗျာ ။
    အပေါ်က ရွှေတိုက်စိုး ပြောသလိုပါဘဲ ။ ကွန်မင့်သည် အားရှိ၏ တဲ့ ။
    အားရှိပေမယ့်လဲ ဆိုက်မှာ အမှိုက်ဆိုတော့က ။
    1နဲပါ၏

  • awra-cho

    January 30, 2012 at 3:24 pm

    ကော်မန် ့ပေး ရင် ဆိုက်လေးမှာ ပြောတာ ဝိုင်းမန့်လိုက်တာ ၂ဝ ကျော်သွားရော၊ငယ်ငယ် ကျောင်းတက်
    တုန်းက ဆရာတစ်ယောက် သွားသတိရ မိတယ်၊ မအားလို့ သူ့အချိန် မဝင်တော့ ဘူးဝင် ပြောတာ
    သူ့အချိန် ကုန်သွားတယ်။ ဒီလို ဖြစ်နေပြီ။

  • kai

    January 30, 2012 at 4:11 pm

    အင်း..
    ဒို့ရွာသူားတွေ.. အင်မတန်ချစ်ဖို့ကောင်းပါတယ်..။
    ဒီလိုလူတွေရထားတာ..မလျှော့ရက်… မပစ်ရက်ပါဘူး…။

    ဆိုတော့…
    နည်းပညာပိုင်း.. သိသလောက်နည်းနည်းတော့ ပြောကြည့်မယ်နော…
    ဆာဗာHDD စပေ့စ်က.. ဈေးမများပါဘူး..။ တိုးယူသွားလို့ နိုင်နေပါသေးတယ်..။
    ဒါပေမဲ့.. ဆာဗာမီမိုရီနဲ့.. စီပီယူက.. တိုးယူရင်စရိတ်တော်တော်ထောင်းပါတယ်..။

    အဲဒါတွေကအစားများတာက.. ဘာလုပ်ရင်ဖြစ်သလည်းဆိုတာ ကျုပ်လည်းသေချာမသိပါဘူး..။
    အစားများလာရင်.. ဝင်တဲ့မန်င်ဘာတွေ.. အယ်ရာခဏခဏတက်တာဖြစ်တာပါ…။
    နောက်ပြီး..
    ဆာဗာကနေ.. မီမိုရီလိမစ်ကျော်နေရင်.. သတိပေးစာတွေထပ်ခါလာပြီး.. တိုးရမယ်ပြောတာပါပဲ..။
    ဆိုတော့…
    သုံးနေတဲ့ ဒေတာဘေ့စ်ဆာဗာကို ပါဖော့မင့်န်တက်အောင်.. ပရော့ဖက်ရှင်နယ် လူငှားပြင်ညှိရတာလုပ်တာလုပ်.. မီမိုရီတိုး..စီပီယူတိုးလုပ်တာလုပ်နဲ့..သွားနေခဲ့တာပါ…။

    ဆိုတော့..

    12. Post/Comment တို့ကို စာဖတ်သူတို့အတွက် အကျိုးရှိ/ကျန်ရစ်စေမည့် စာများသာရေးကြပါရန်။ အကြောင်းအရာတူသတင်းကို အရင်တင်ထားသူအောက်တွင်သာ ပေါင်းရေးကြပါရန်၊

    အဲဒီစည်းကမ်းကို.. တတ်နိုင်သလောက် “စိတ်ကူးပေါက်သလို” လိုက်နာကြစေလိုတာပါပဲ..။
    အဲဒီလိုဆိုတော့.. ပေါ့ပေါ့ပါးပါး နှုတ်ဆက်တာ.. နောက်တာ.. မိတ်ဆက်တာလေးတွေမလုပ်ရဘူးလားဖြစ်ချင်ဖြစ်ပါမယ်..။

    ဒါတွေမပါရင်.. ပျင်းစရာကြီးဖြစ်နေမှာပေါ့နော..။ ကျုပ်ကိုယ်တိုင်လည်း.. စာတွေဖက်ပြီး.. ရယ်စရာပေါ့ပေါ့ပါးပါးလေးတွေမပါရင်.. အိပ်ငိုက်တတ်လို့ပါ.. 🙁
    ဆိုတော့.. လုပ်နိုင်ပါတယ်..။
    ရွာသူားတွေ.. ကိုယ်အသိလေးနဲ့.. လုပ်သင့်တယ်ထင်တဲ့ဘောင်ထဲက ရေးနိုင်လုပ်နိုင်ပါတယ်လို့ပါ..

    ဒီရွာကို.. တဦးချင်စီကိုယ်တိုင်က.. တာဝန်ယူထိန်းကျောင်းရင်း.. ရတာယူ..ရှိတာပေး.. ပျော်ပျော်လေး သွားစေချင်ပါတယ်နော…
    ဘက်ဂျက်ကတော့…
    ကိုရင်ကြောင်ကြီးထောက်ခံချက်နဲ့.. စီအိုင်အေရယ်.. စရဖရယ်ကို ..ဘီလ်တင်လိုက်မယ် စိတ်ကူးပါတယ်..။
    (နောက်တာပါ..)
    ခုတလော အလှူငွေတွေရတာမို့.. အရင်နှစ်တွေထက်စာရင်.. အများကြီး အသက်ရူနိုင်ပါသေးကြောင်းနဲ့..
    ဂီဂီပြောသလို.. မားကက်တင်းနည်းလမ်းရှာနေကြောင်း..

    • Khin Latt

      January 30, 2012 at 4:17 pm

      သူကြီး နဲ့ တိုင်ပင် ၍ လုပ်ခြင်း လုံးဝ မဟုတ်ကြောင်း ပါ။
      ဒီ comment က အတူတူ တက်သွားခြင်းပါ။ 😉

      • Moe Z

        January 30, 2012 at 4:25 pm

        ထူးတော့ထူးဆန်းတယ် 4:11pm မှာ တပြိုင်တည်းတက်လာတယ် 😀

      • စိန်ပေါက်ပေါက်

        January 30, 2012 at 4:28 pm

        တူတူတက်ပါဘူး
        သဂျီးကွန်းမန် ့ အရင်တက်တာဘာ

        တေချာလဲ ကြည့်ဘဲနဲ ့
        ဟာဘဲ..ဟာဘဲ

        • Khin Latt

          January 30, 2012 at 4:45 pm

          ဟဲ့ …. စိန်မျောက် အဲ စိန်ပေါက်ပေါက် ရဲ့ ….. 😉
          သူက သူကြီး ကွဲ့။ သူက ရှေ့ က ကြားဖြတ်သွားတာ။
          ဒီတစ်ခါတော့ ကြည့်နေလိုက်တယ်။ LOL 🙂

    • Mr. MarGa

      January 31, 2012 at 7:02 pm

      ကျေးဇူးပါဗျာ
      ဦးမာဃတို.လဲ လိုက်နာပါမယ်
      အကောင့်တွေတော့ မဖျက်ပါနဲ. လို. နော်
      ဦးမာဃတို.က အားမှ ဝင်ရတာပါ
      active မဖြစ်တာတွေဖျက်မယ်ဆိုရင်တော့ ထိပ်ဆုံးက အဖျက်ခံရမယ်ထင်တယ်
      ကွန်းမန်.တော့ ရအောင် ကြိုးစား ထိန်းပါ့မယ်
      လေးစားစွာဖြင့်
      ဦးမာဃ(ခေတ္တ လူ.ပြည်)

  • Khin Latt

    January 30, 2012 at 4:11 pm

    အဟိ –
    လူတွေ နဲနဲ လန့်သွားပြီ ဆိုတော့ ပြောချင်တာလေး လာပါပြီ ခင်ဗျ။
    ဒီအတိုင်းဝင် ရင် အရသာ မရှိ ဖြစ်မှာစိုးလို့။
    ထုံးစံ အတိုင်း ကိုးကားရမယ် ဆိုရင် တော့ ဆရာမင်းလူရဲ့ ဝတ္ထုတိုတစ်ပုဒ် ထဲမှာပါဘဲ။ 😉

    ရွာတစ်ရွာ မှာ မီးပေါ့ဆ ကြ လွန်းလို့ သူကြီး မင်း က အမိန့် ထုတ် သတဲ့။
    “မီး မပေါ့ဆ ရ။ ပေါ့ဆ၍ မီးလောင်ပါက သေဒါဏ်” ပါတဲ့ဗျာ။
    ဒီတော့ ရွာသူ/သား တွေခမျာ မတော်တဆ မီးလောင်မှာစိုးလို့ ထမင်းဟင်းတောင် မချက်ရဲ ဖြစ်ကုန်ကြသတဲ့။
    ဒီတော့ တစ်ချို့ က သူကြီး ကို သတင်းပို့ ကြတယ်။
    “သူကြီး – ရွာ ထဲမတော့ အမိန့် ကြောင့် လူတွေ ဘာမှ ကို မလုပ်ရဲ အောင် ဖြစ်ကုန်ပြီ။ နဲနဲ တော့ ပြန် လျှော့ မှ ကောင်းမယ်နော။” လို့ပေါ့။
    ဒီတော့ အမိန့် သစ် ထွက်လာပြန်ပါတယ်။
    “မီး မပေါ့ဆ ရ။ ပေါ့ဆ၍ မီးလောင်ပါက သေဒါဏ်၊ သေဒါဏ် ဟု ဆိုသော်လည်း တကယ် မဟုတ်”
    အဲဒီတော့ ရွာသူ/ သား များ သက်ပြင်းချ နိုင်ပြီး ပုံမှန်ပြန်နေရင်း စည်းကမ်းပျက် ပြန်ပါရော။
    တစ်ချို့ က သူကြီး ကို “သူကြီး – သူကြီး ပြန်လျှော့ လိုက်တာ နဲ့ ရွာထဲ မတော့ ပုံမှန် အတိုင်း ဖြစ်ချင်သလို ဖြစ် ကုန် ပြန်ပြီ။ အမိန့် အသစ် တစ်ခုတော့ ပြန်ထုတ်ဦး” လို့ တိုင်ပြန်ပါရော။
    ဒီတစ်ခါ မှာတော့ ……
    “မီး မပေါ့ဆ ရ။ ပေါ့ဆ၍ မီးလောင်ပါက သေဒါဏ်၊ သေဒါဏ် ဟု ဆိုသော်လည်း တကယ် မဟုတ်၊ တကယ် မဟုတ်ဟု ဆိုသော်လည်း မပေါ့နှင့်၊ ပေါ့ဆ၍ မီးလောင်ပါက သေဒါဏ်”
    ဆိုပြီး မောင်းခတ်ရပြန်ရောတဲ့။

    ကဲ ချစ်လှစွာသော ဂေဇက် ရွာသူ/သား များရေ –
    တကယ်တော့ ကိုယ်ဘက် က ရေးစရာ ရှိတာတွေ၊ မန့်စရာရှိတာတွေ ကိုသာ မန့် ကြပါ။
    သူကြီး ထံမှ မောင်းခတ်တဲ့ အမိန့် များထုတ်လာရင် လဲ ပျော်ပျော်ကြီး ခဏ လောက် လိုက်နာလိုက်ကျ ၊ နောက်တော့ လဲ ပြန်ဖောက် ကြတာပေါ့။
    အဓိက က တော့ ကိုယ့်ရွာလေးကို ကိုယ် မြတ်နိုးစွာ ချစ်ကြ ဖို့ဘဲလိုပါတယ်။
    တစ်ဦး နဲ့ တစ်ဦး အခံစိတ် ကောင်းကောင်း ရှိဖို့ဘဲ လိုပါတယ်။
    လူဘဲ စက်ရုပ်မှ မဟုတ်တာ။
    တစ်ချိန်လုံးကြီး ဘယ်ကောင်းနေနိုင်ပါ့မလဲ။
    ဒီလို ဘဲ မှားလိုက် ပြင်လိုက်ပေါ့။
    မဟုတ်ရင် ပျင်းစရာကြီး။
    မဟုတ်လော။ 😉

    PS – ကျွန်မ ကို နားလည်ပေးကြ လို့ အားလုံး ကို တကယ်ကြီးကျေးဇူး အကြီးကြီး တင်ပါတယ်။ တစ်ယောက်ချင်း ကို အလာပ သလာပ ဝင်ချင် သော်လည်း ရုံးချိန် မှာ အချိန်ခိုး နေရသောကြောင့် ခွင့်လွှတ်တော် မူကြပါ ချင့်။ 😀

    • ကြက်ဖင် ( အကယ်ဒမီ )

      January 30, 2012 at 4:52 pm

      ဟုတ်

    • December Snow Lay

      January 30, 2012 at 6:42 pm

      နှစ်လိုဖွယ် ကောင်းလိုက်တဲ့ အရေးအသားလေးနော် ….
      မှန်တာလေးကို ရှင်းလင်းအောင်တင်ပြပေး နိုင်တာလဲ မင်္ဂလာတစ်ပါးပါ….
      တချို့လဲ နဲနဲတွန့်သွားကြပုံရတယ် ….

    • Khin Latt

      January 30, 2012 at 7:45 pm

      ကျေးဇူးပါ ကိုကြင်ဖက် နဲ့ စနိုးလေး ရေ။ 🙂

  • နောက်ဆုံးပိတ် အိတ်နဲ့လွယ်မလို့ လာတာ
    အခုတော့ ……… ခဲလေသမျှ သဲရေကျ (သူများတွေ မန့်ထားပြီး ကိုယ်မန့်စရာမရှိတော့လို့)
    နောက်ဆုံးတော့လည်း
    ပိုနေမြဲ ကျားနေမြဲ ပဲပေါ့ ……. 😛

  • ဆူး

    January 30, 2012 at 5:42 pm

    ကော်ပီတွေ ဖော်ဝပ်တွေ ထပ်ခါ ထပ်ခါ ဖြစ်နေလို့ သတင်းပေးရင်လည်း မဖျက်ဘူး။ မှတ်တမ်းထားမယ်တဲ့.. နှစ်ပေါင်း ၁၀ဝ လောက်ဆိုရင် ဒါဟာ ကြီးမားတဲ့ သမိုင်းကြီး ဖြစ်မယ်တဲ့..
    မန်ဘာ အချင်းချင်းက ပြောတော့ ဘယ်သူမှ မကြိုက်ဘူး။ ဝန်ပိလို့ သနားလို့ ပြောတာ သူကလည်း ဝင်မပြောဘူး။
    အဲလိုတွေ လုပ်တတ်လို့ အမြင်ကတ်ပြီး သိပ်မပြောတော့တာ.. သူ့ဟာသူ ကုန်ချင်ကုန် ခမ်းချင်ခမ်း.. ဂရုမစိုက်ပါဘူး။ တခုခုဆို ငြီးသာ ငြီးပြတာ.. ပြီးတော့ လက်သိပ်ဖွာတာ.. ကပ်စေးနဲတဲ့ အခါကျတော့လည်း မရမက အသေကြပ်တာ..
    မဝင်တာကြာတဲ့ မန်ဘာတွေ ပွိုင့်တွေ ဖျက်သိမ်းလိုက်ရင် အပိုစွန်းတွေ အများကြီး ထွက်လာမယ်။ မလာတာ ကြာမှတော့ သူတို့လည်း စကားဝှက် မေ့ချင်မေ့နေလောက်ပါပြီ။

    ဆူး ပိုစ်မှာ တင်တဲ့ ပုံတွေကတော့ ဆာဖာ လေးမှာ စိုးလို့.. သဂျီးကို ဝန်မထမ်းခိုင်းဘူး တခြားမှာ တင်ပြီး ဒီမှာ လင့်နဲ့ ပဲ တင်တယ်။ ဒေတာ သဘောအရကတော့ စာနဲ့ ပုံဆိုရင် ပုံက နေရာပိုယူပြီးတော့ စာကတော့ အချက်အလက် နဲ့ မှတ်တာမို့ နေရာ အယူနည်းပါတယ်။

    သရဲခြောက်နေတဲ့ ရွာကို လူရှိမှန်း သိအောက် အော်ကျယ် အော်ကျယ် စကားပြောလို့ လူသံကြားပြီး ရောက်လာလို့ လူတွေ လည်း များနေပြီ။ အလှူရှင်တွေလည်း ရှိနေပါပြီ။
    အခု အခြေအနေက သူ့ ဆန္ဒလည်း ပြည့်တဲ့ သဘောပေါ့.. ဒီထက် ပိုပြီး ဆွဲဆောင်မှုရှိမယ် ဆိုရင် ပိုပြီး လှူတဲ့ လူတွေ လာကြပါလိမ့်မယ်။

    ဒါဆိုရင် စေတနာကုန်တဲ့ စေတနာ့ဝန်ထမ်း စိတ်ကို သဘောပေါက်မှာပါ အန်တီ ခင်လတ်ရေ..
    ကွန်မန်း ဆိုတာကတော့ အချင်းချင်း နွေးထွေးမှု မေတ္တာကို အပြန်အလှန်ပြတဲ့ သဘောဆောင်နေလို့ မပေးပဲ နေရင် တဖြေးဖြေး အိပ်စက်သွားလိမ့်မယ်။ ဆူး အခု လက်ရှိန်တော်တော် ရှော့ထားပါတယ်။ သူ့ဟာသူ လူစည်နေတော့ သိပ်မရေးဖြစ်တော့တာလည်း ပါတယ်။ သူငယ်ချင်းတွေ ပိုစ်တင်ထားမှ အားပေးတဲ့ သဘောနဲ့ ဝင်လာပြီး ကြည့်ရင်းနဲ့ တခြား ဟာတွေ အနည်းငယ်သာ ဖတ်ဖြစ်တော့တယ်။
    အရင်တုန်းက တက်လာသမျှ ကွန်မန်း တခု မလွတ်တမ်း ပိုစ်တခု မလွတ်တမ်း အကုန်ဖတ်ပြီး အကုန် ဖတ်ပြီး အားပေးတယ်။ လမ်းထဲမှာ အော်နေလို့ လူထွက်လာချင်မှ လာမယ် အိမ်တံခါး သွားခေါက်လိုက်ရင်တော့ လူထွက်လာဖို့ ပိုသေချာတယ်လေ။ အခုတော့ တံခါး သိပ်မခေါက်ချင်တော့ဘူး။ အန်တီ ခင်လတ် ကိုတော့ ဆူး အခု စိတ်တံခါးခေါက်လိုက်တယ်။ အန်တီ အလုပ်ရှုပ်နေရင် နောက်မှ ထွက်လာခဲ့ပါ။ ဆူး ကတော့ တံခါး ခေါက်ရင် စိတ်ပါလက်ပါ တံခါးခေါက်ခဲ့တာ များတယ်။ သန်ခေါင်စာရင်း စစ်သလိုတော့ ခေါက်ခဲ့တာလည်း အကြိမ်ကြိမ် ရှိဖူးပါတယ်။
    စားဝတ်နေရေး အတွက် အလုပ်ကို ဦးစားပေးရမှာ မို့ ကိုယ်ပိုင် အိမ်တောင် မဆောက်နိုင်တော့ဘူး သူများ အိမ်ပဲ တံခါး လိုက်ခေါက်နေရတော့တယ်။ 🙁

    အန်တီ လည်း ရွင်လန်း ချမ်းမြေ့ပါစေ။ အရာရာ အဆင်ပြေပါစေ။

  • Khin Latt

    January 30, 2012 at 7:42 pm

    ဆူးရေ – ရွာသူမဖြစ်ခင် ထဲ က ဆူးရဲ့ လက်သံတွေကို သဘောကျခဲ့တာ။
    အရင် အပြင်က လူ အနေနဲ့ ဝေဖန်ရင် ဒီဂေဇက် မှာ ဆူးဟာလဲ ဂေဇက် စာဖတ်သူတွေ ရဲ့ ထိတ်တန်း ဖေးဘရိတ် တစ်ယောက် ပါဘဲ။
    အဲဒီတုန်းကတော့ ရွာသူ မလုပ်ခဲ့လို့ ဆူး ရဲ့ အိမ်ကို လဲ တံခါးလာမခေါက် ပေမဲ့ ဆူးကို အမြဲကြည့်နေတာပါ။
    အခုလဲ လက်သံပြင်းပြင်း Post လေးတွေ ကို မကြာမကြာ တင်ပါဦး ဆူး ရေ။
    ဆူးကို အရီး တို့ အစဉ်အားပေးနေပါတယ်။
    ကဲ – တို့ နှစ်ယောက်လဲ အခု တူဝရီး ဖြစ်ပြီနော်။
    အရီး အိမ်တံခါးကို ဒီလို ခပ်ကျယ်ကျယ် ခေါက်လိုက်သမို့ ဝမ်းလဲသာ ကျေးဇူးလဲတင်ပါတယ်။
    ဆူး လဲ ကျန်းမာ ရွှင်လန်းပြီး ပိုပြီး တိုးတက်အောင်မြင်ပါစေ။
    လိုချင် တဲ့ ဆန္ဒတွေလည်း ပြည့်ပါစေ။ 😉

    ချစ်ခင်စွာဖြင့်
    အရီးလတ်

  • aye.kk

    January 30, 2012 at 8:12 pm

    မလတ်..ပေးတဲ့အကြံကောင်းပါတယ်၊သင့်မြတ်တယ်လို့လဲယူဆပါတယ်။

  • (တစ်ခုသတိထားမိတာလေးတော့ရှိသဗျ
    စာလုံးပွိုင့်တွေထက်ကို ဓာတ်ပုံ properties တွေက ပိုလေးတယ်ဗျ)
    တော်ပြီ နောက်ဆိုဓါတ်ပုံမတင်တော့ဘူး။
    တော်ကြာ သူကြီးပိုက်ဆံကုန်တာ ကိုပေါက်ကြောင့် ဆာဗာလေးတယ်ဖြစ်နေမယ်နော်။
    ကိုမိုက်ကယ်ချစ်စ ဂျက်ကီဆရာဂျော်နီချီးပေအောင်ပုရေဟုတ်တယ်နော်

    • ကြက်ဖင် ( အကယ်ဒမီ )

      January 30, 2012 at 11:08 pm

      ဦးပေါက်
      အဲ့သည်လူနော အဲ့သည်လူ ဘယ်သူလဲတော့ ကျနော်လည်းမသိဘူးဗျ
      အခြောက်ဘဲ
      အခြောက်တွေက အခြောက်ဇဂါးပြောတာ မဆန်းပေမဲ့
      ဓာတ်ပုံဆိုတာက
      ကျနော့်အမြင် တော်တော် အကုန်ကျ သက်တာတာကလား
      တော်တော်တန်ဖိုးကြီးတယ်
      အခြားမကြည့်နဲ့
      ကျနော် ငယ်ငယ်က တစ်ခုခု မြင်ဘူးခြင်ရင် ကိုယ်မြင်ဘူးခြင်တဲ့နေရာကို
      ထမင်းထုပ်ပြီးသွားရတာ ( ကံမကောင်းရင် ပေါ်တာပါပြေးရတယ် ( ဇဂါးချပ် ) )
      ခုဆိုဩည့်
      ကျနော်မမြင်ဘူးတာတွေ ဥပေါက် ဓာတ်ပုံရိုက်ပြီးတင်ပေးတော့
      ကျနော်အဲ့သည်နေရာကို ကိုယ်တိုင်သွားစရာမလိုတော့ဘူး
      ကျေးဇူးတင်တယ် ကျနော်ကျေးဇူးတင်တယ်
      ဘယ်သူမှ ကျေးဇူးမတင်ဗဇေ ကျနော်တင်တယ်
      ကျနော်
      ထီ .. ဆယ်ခါလောက် ဆက်တိုက်ပေါက်ရင် လေဘောက်ကို
      ကင်မရာတင်မဟုတ်ဘူး ဂြိုလ်တုကြီးပါ ဝယ်ပေးအုန်းမာ ဝယ်ပေးအုန်းမှာ

    • zarzarhtwe

      January 31, 2012 at 7:06 am

      ဦးပေါက်ရှင့်…ဆာဗာလေးတဲ့ကိစ္စတော့….. ဦးပေါက်ရဲ့ဓါတ်ပုံတွေကိုတော့အမြဲအားပေးလျှက်ပါ(အမှတ်တရ၊အလွမ်းပြေလေးတွေပါ)ကူးယူထားတဲ့ပုံတွေလည်းအများကြီးပါ။ဒီမန်းဂေဇက်ထဲကို ဦးပေါက်ရဲ့အတွေးပါးပါးလေးတွေကို စတင် ဖတ်ရင်းဝင်ရောက်ခဲ့တာ ကြာပါပြီ။နောက်ပြီး ကိုကြောင်ကြီးနှင့်ကိုမိုက်ကယ်အောင်ပု တို့ရဲ့ commentများကိုအားပေးဖတ်ရှုလျှက်ပါ

  • Khin Latt

    January 31, 2012 at 6:44 am

    ကိုပေါက် ရေ ကျွန်မ ပြောတာမှာ စကားပြောတတ်တဲ့ ဓာတ်ပုံတွေ လုံးဝ*၁၀ဝ မပါပါ။
    ဘဘု အတွက် ယမကာ ပုံလေး နဲနဲ ရိုက်ပေးလိုက်။ ဒါဆို ပြီးပြီ။
    နောက်တစ်ခု စဉ်းစားမိတာက – ကိုပေါက် ရဲ့ Hot ဖြစ်ခဲ့တဲ့ ဓာတ်ပုံ တစ်ပုံ ပုံ ထဲ မှာ များ ဘဘု ပုံပါသွားလေရော့သလား။ (စတာနော် 😉 )

    ကျွန်မ လဲ “ကို ကြင်ဖက်” အတိုင်းပါဘဲ။
    မရောက်ဘူးသော အရပ်များ ကို ရောက်ရ၍ ထိုအရာများသည် အလွန်တန်ဖိုး ထားစရာဖြစ်ပါ၏။
    ပိုပြီး သာ တိုးရိုက်ပါ ကိုပေါက်ရေ။ 🙂

  • htoosan

    January 31, 2012 at 9:21 am

    လက်မထောင်တာ စိုက်တာ ညီသွားအောင် ဝင်ရောက်ညှိပေးလိုက်ပါသည် ။ နှစ်ဘက်စလုံးမှန်သည် ဟုထင်မြင်မိပါသည် ။ မရေးလျှင် စိတ်မကောင်းဖြစ် အားလျော့တတ်ကြသလို ရေးပြန်တော့ ဆာဗာကြီးလေးတာလည်းမှန်ပါသည် ။
    သူကြီး အလှုများများရအောင်သာ ဆုတောင်း(ယုံကြည်သူများ)ပေးကြကုန်ပါလော့…..
    ဆုတောင်း မယုံကြည်သူများ ကိုယ်တိုင် ထည့်ဝင် လူကြပါကုန်လော့………………. 😀 😀

    • ဆူး

      January 31, 2012 at 11:35 am

      ကိုထူးဆန်းရေ.. ဆူး တော့ ယုံကြည်တယ်။ ဆုပဲ တောင်း ပေးလိုက်မယ်။
      အဟမ်း..

      • weiwei

        January 31, 2012 at 11:49 am

        ကျွန်မကတော့ ဂေဇက်ကို ငွေလဲလှူချင်ပါတယ် … အခုပိုက်ဆံစုနေပါတယ် (ပွိုင့်) … လေးသောင်းကျော်ရနေပါပြီ …. တစ်သိန်းပြည့်တာနဲ့ သူကြီးကို တစ်သိန်းတိတိလှူမယ် … ကတိပေးတယ် … လုပ်အားခစစ်စစ်နဲ့ တကယ်လှူမှာ ….

        • amatmin

          January 31, 2012 at 4:38 pm

          တူရာသီဖွား အန်တီဝေ လှူမယ်ဆိုလို့ ဝမ်းသာပါတယ်ဗျ..
          ကျနော်လည်းလှုချင်တာ ပွိုင့်နဲ နေလို့ ညစ်ရတယ်..
          အဲဒေါ့ကာ အားလုံးညီတူသွားအောင် ၁ဝ % စီဖြတ်လှူကြရင်ကောင်းမယ်..
          ကိုယ်စီ ၁၀% ဆိုရင်..သူနဲ ငါများ အငြင်းမပွားရတော့ဘူးပေါ့ .. 😀
          ခွစ်..ခွစ်..နောက်ထှာ

        • htoosan

          January 31, 2012 at 11:38 pm

          မဝေ များများမြန်မြန်ရအောင် ကျွန်တော်တို့လည်း ဝိုင်းမန့်ပေးမယ်လေ…. 😀

  • မလတ်ရေ မြသိန်းတန်ဘုရားနား ကထန်းပင်
    လှေကားတောင် ထောင်ထားတာ
    တက်သောက်လိုုက်ရုံဘဲ။
    အဲဒီပုံလေးကို သူ့အတွက်ဆို ယူလာတာ
    ဆာဗာလေးမှာစိုးလို့ အဲဒီပုံတင်တော့ဘူးဗျ။
    ဒီပြင်ပုံတွေဘဲတင်တော့မယ်။

    • Khin Latt

      January 31, 2012 at 8:44 pm

      ကိုပေါက် ရေ အဲဒီပုံ က ပိုအရေးကြီးတယ်။
      တင်ပါဗျို့။
      မဟုတ်ရင် သူကြီး နောက်ထပ် လေးလုံး ထပ်ပို့ နေရဦးမယ်။ 😉

  • fatty

    January 31, 2012 at 5:00 pm

    ကျုပ်နာမယ်ကြောင့်လေးနေတာများလားဗျာ …

  • yaungchikha

    January 31, 2012 at 8:06 pm

    အစ်မလတ်ရေ……….. ကျနော်ကွန်းမန့်ပေးတာနောက်ကျသွားတယ်၊ ကွန်နက်ရှင်မကောင်းလို့ ကွန်းမန့်ပေးချင်တာကို error တက်တက်နေလို့ ဆိုဒ်ကိုဝင်လို့မရဖြစ်နေတာ၊ အစ်မပို့စ်လေးကို စဖတ်တော့ ကျနော်တွေးဘူးတဲ့ တချို့အကြောင်းအရာလေးတွေတူသလို၊ အစ်မတွေးသလိုမတွေးမိတာ တွေလည်းရှိတဲ့အတွက် အစ်မရေးထားတဲ့ အရေးအသားလေးတွေကို နှစ်သက်မိပါတယ်၊ ဦးပေါက်တင်ထားတဲ့ပို့စ်မှာလေ ကျနော့်ကို သတိရတဲ့အတွက် အစ်မကိုကျေးဇူးတင်ပါတယ်နော်၊

  • Khin Latt

    January 31, 2012 at 8:41 pm

    မြန်မာပြည်မှ ဂေဇက် သုံးနေရသူ တွေ ဟာ ရတဲ့ Point နဲ့ ကုန်တဲ့ စရိတ် ဘယ်လိုမမျှနိုင်ပါဘူး။
    အဲဒါ လုံးဝ သေချာပါတယ်။
    ဒါကြောင့် မြန်မာပြည်မှ member များ အတွက် Point ပိုလို့တောင် ရအောင် စီစဉ်ပေးသင့်ပါတယ်။ (မှန်သော စကားကို တကဲ့ကို ဆိုပါတယ်။)
    သူကြီးလဲ အိတ်စိုက်စရာမလို ၊ member တွေလဲ point ဖောဖောသီသီ ရရင်တော့ Win-Win Situation လို့ ဆိုနိုင်ပါမယ်။
    ဒီတော့ ကျွန်မတို့ ဂီဂီ ပြောသလို Marketing ကို လုပ်ကို လုပ်ရပါတော့မယ်။
    ဒါကြောင့် ဘယ်လို လုပ်ကြမလဲ ဝိုင်းစဉ်းစား သင့်ပါတယ်။
    တကယ်တော့ မဖြစ်နိုင်စရာ အကြောင်း လုံးဝ မရှိပါဘူး။

    အခုချိန်မှာ တော့ ဂီဂီ မှ ဝင်းဝင်း အကြောင်း ကို ကိုလင်းဝေ ပြောသလို မိုးဒီ တွေ မော့စ် တွေ နဲ့ စရေးသင့်ပါတယ်။ ဒါဆိုရင် အားလုံး ဆီက အကြံညဏ် ကောင်းတွေ ရလာပါမယ်။

    အခုချိန်မှာ အနည်း ဆုံး တော့ စိန်ပေါက်ပေါက် နှင့် အဖွဲ့ ဦးဆောင်၍ ရန်ကုန် member များ ဂေဇက် ဆိုင်းဘုတ် များကိုင် ၍ မြို့ အနှံ့ ခရီး ဆန့်ကြပါ။
    ကိုဘလက် ကားအမိုးပေါ်တွင် ကြီးသထက်ကြီးနိုင်သော ဆိုင်းဘုတ် တင်၍ သုံးခွ ရန်ကုန် မကြာမကြာ သွားပေးပါ။
    မန်းလေးသူ/သား များ ဂေဇက် ဆိုင်းဘုတ် များကိုင် ၍ မြို့ အနှံ့ ခရီး ဆန့်ကြပါ။
    ကိုုပေါက် ဘယ်မှာ ရိုက်ရိုက် ကင်မလာ တွင် ဆိုင်းဘုတ် ဆွဲထားပါ။
    သံတွဲ သား များ ဂေဇက် ဆိုင်းဘုတ် များကိုင် ၍ မြို့ အနှံ့ ခရီး ဆန့်ကြပါ။
    ကလေး မြို့ မှ ကျွန်တော် လဲ ဒီလိုပါဘဲ။ ဆိုင်းဘုတ် ကိုင်၍ သွားလာခြင်းပြုပါ။
    တုံတုံ က AKKO ရဲ့ ဆေးခန်း မှာ ဆိုင်းဘုတ် ချိတ်ထားပါ။ လူနာ များ ကို ဆေးပေးရင်း ဂေဇက်အကြောင်းရှင်းပြပါ။
    ဦးဖက် ဝိတ် လျှော့ ပါ။ ဘာမှ မဆိုင်ဘူး မပြောပါနှင့်။
    အဲဒီ နောက် ဂေဇက် သုံးလွန်း၍ ဤသို့ ဝိတ် ကျ သည်ဟု ကြော်ငြာ ပါ လော့။

    စဉ်းစားလို့ ရသူများ ထပ်၍ အကြံပြု ကြပါ။ 😀

    • htoosan

      January 31, 2012 at 10:01 pm

      ကျွန်တော် မျက်စိလည်သွားပါသည် ။ မန်ဘာများများဝင်ရင် သူကြီး ပိုက်ပိုက်များများထွက်မှာ မဟုတ်ဘူးလား.. member များလာလို့ ကြော်ငြာ ထည့်ချင်သူ ရှိလာရင်တော့ ပြန်ရနိုင်မလား..

      အလကားရတဲ့ ဂျာနယ်တွေ မှာကြော်ငြာ ထည့်လို့ရရင်ထည့်ပါ ၊ဥပမာ မြန်မာတိုင်းမ် classified မှာ ထည့်ဗျာ.တစ်ခြားဂျာနယ်တွေလည်းထည့်လိုရရင်ထည့် ။

      သူကြီးရေ ထည့်လို့ရမရ မေးပေးရမလား ….

      • Khin Latt

        February 1, 2012 at 4:40 am

        ကထူးဆန်း – သများ က ဆရာလုပ်ချင် စိတ် ဘဲရှိတာ အဲဒါကို မသိဘူး။
        အခုမှသိတာ။ ဒီတော့ လူခေါ်ကြတာပေါ့။
        စာထူးစာဆန်း လေးတွေ များများ ထည့်ပါဦး ကထူးဆန်းရေ။ 🙂

    • နှာကိုယ်တော် မောင်မောင်ဇာ

      January 31, 2012 at 11:25 pm

      အရီးရေ ….
      ဂီ တိုင်ပတ်နေပြန်လို့ပါဗျာ ….
      စာမရေးဖြစ်တာ ခွင့်လွှတ်ပါဗျာ …

      လူစွမ်းကောင်း ကို အဆုံးသတ်ရမယ်…
      ကျမဇာတ်ကြောင်း က တကယ့် ကလိုင်းမက်စ် ရောက်နေတယ်…
      ပျားသကာ က ဝင်းဝင်း ကိစ္စက ချိန်နေတုန်းဗျ….မူရင်းစာက …
      မားကတ်တင်း ပစ်ချ် အတွက် ရည်စူးရေးထားတာမျိုးဖြစ်နေလေတော့ …
      ဈေးရောင်းတဲ့ (ဝါ) အိပ်မက်ရောင်းတဲ့ ကိစ္စ ပါလာတယ်ဗျာ …..

      သည်တော့ ကျနော် ရည်စူးထားတဲ့ လူမှုဆက်ဆံရေး ချောမွေ့ဖို့
      ဇောင်းပေးရေးရမယ်ဆိုရင် အနှီ ဈေးရောင်းတဲ့ အပိုင်းတွေ ဖြတ်ချပစ်ရမယ်ဗျာ…

      နောက်ထပ် အခက်အခဲတခုကတော့ အဆိုပါ စာအုပ်မှာ သုံးထားတဲ့ ဥပမာ ဥပမေယျတွေက
      သိပ်ကို အမေရိကန်ဆန်လွန်းနေတာကလား …(အမေရိကန်မဟုတ်ရင် မသိလောက်တဲ့
      လိုကယ်လ် မုဗ်မန့်တွေထဲက ပညာသားပါတာတွေ ထုတ်ပြထားတာရယ်..)
      သည်တော့ ရီလေးဗန့်ဖြစ်မယ့် အားလုံးနဲ့ ကျွမ်းဝင်မယ့် ဟာမျိုး ရှာရင်း ကြာနေတယ်
      ပြောရမယ်ဗျာ ….. ။

      ဘာနဲ့တူလဲဆို ….. ဂျာပွန်လို …. buta ni shinju (ဝက်ကို ပုလဲ(ပေးတယ်) ဆိုတာမျိုး)
      ပေါ့ … ဒါမျိုးက ကျွဲပါးစောင်းတီး ဆိုတဲ့ စကားပုံ မျိုး ရှာမတွေ့ မချင်း …
      ကျနော် ခြုံငုံမိအောင် မရေးနိုင်မှာမို့ …စာပြန်ဖတ်ရင်း စာရှာဖတ်ရင်း ….(ဝင်းဝင်း ကို အချိန်ပေးပါလို့…)

      သည်အကြွေးတွေ ကို မတ်လမကုန်ခင် ရှင်းပါ့မယ် လို့ ကတိပေးပါတယ်ဗျာ…
      (မတ်လမှာ ကိုဘလက်ကို တခုကတိပေးထားတာလည်း ရှိသေးရဲ့ …..)

      အဲ့ဒါကျော်သွားရင်တော့ (စာ-ဆက်ရေးဖြစ်မယ် …ရေးဖို့ အခွင့်အရေး ရှိဦးမယ် အချိန်အခါ အခြေအနေပေးမယ်
      ဆိုရင် ) course တခု ကို လေ့လာကြတဲ့ ပုံစံမျိုး ရေးချင်တယ်ဗျ….

      လောလောဆယ်တော့ ။စိတ်ကူး သက်သက်ပါ အရီးရယ် …

      ကျနော်တွေးမိတာလေး ပြောပြမယ်နော်. …..topic တခုတည်ကြည့်မယ်…
      စာအုပ် စာတမ်း ..လေ့လာစရာ material စုမယ် … အဆင့်လိုက် လေ့လာမယ် …
      ပြီး မြန်မာစာ ဘာသာပြန် ချရေးမယ်. ..materials တွေကိုလည်း ရှဲမယ်ပေါ့ …..
      အပိုင်းတိုင်း အပိုင်းတိုင်းမှာ အပြန်အလှန် ပြောဆိုဆွေးနွေးတာတွေ…ဖြည့်စွက်ပေးတာတွေ..
      ရေးသူဖတ်သူကြား ဘယ်သူက မိန်းကာရိုက်တာ ဆိုတာမရှိဘဲ …ဝါ့ခ်ရှော့ပ်ပုံစံလေး ….
      တွေးထားမိတာရှိတယ်ဗျာ …။

      ဒါဟာ ကျနော် ချစ်ခင်လေးစားရတဲ့ …ကိုသစ် မအားမလပ်တဲ့ ကာလတွေမှာ ….
      ညီငယ်တယောက် အနေနဲ့ အစ်ကို့ရဲ့ ဆန္ဒတွေ စေတနာတွေကို တတ်စွမ်းသမျှလေး
      အကောင်အထည်ဖော်ရင်း ..(ဒါက မန်ဘာတွေကြား..) …. မန်းဂေဇက်ရဲ့
      အရောင်ကို ပိုမိုတောက်ပြောင်လာအောင် တတ်သမျှ မှတ်သမျှ ဝိုင်းကြဝန်းကြရင်း…
      ဖော်ဆောင်သွားပေးချင်မိတဲ့ အတွေးမျှင် သက်သက်ပါဗျာ …….

      [အစ်ကိုရေ… ညီ့ကို guideline ချပေးပါဦးဗျာ ……]

      (တကယ်တော့ သည်အတွေးက ကိုယ်နေတဲ့ ကိုယ်ချစ်တဲ့ နေရာလေးကို အိမ်သာလိုထားချင်သလား
      ဟိုတယ်လိုထားချင်သလား ဆိုတဲ့ စိတ်နဲ့ပါဗျာ ….)

      ကျနော်သဂျီး အမျိုးလည်းမဟုတ်သလို ကိုသစ် ယောက်ဖ
      (ဟီဟိ …တူးဆွမိတွားဘီ. ..ကန်တော့နော်အစ်ကို) လည်း မဟုတ်ပါ….

      ဒါပေမယ့် ကျနော် က ခင်ဗျားတို့ အားလုံးနဲ့ (တရွာလုံးနဲ့ )..အမျိုးတော်တယ်လေ…..
      ဘာလို့လဲသိလား … ဟုတ်ကဲ့ပြောပါ့မယ်…. ဘာလို့လဲဆို ….
      ခင်ဗျားလည်း မြန်မာ ကျုပ်လည်း မြန်မာ ပဲရော်….

      ခင်တဲ့ …..

      • မိုက်ကယ်ဂျော်နီအောင်ပု

        February 1, 2012 at 12:28 am

        ကျုပ်ဖင်မှာပွေးပေါက်နေတာကို ဆရာဝန်မပြဘဲ
        ဆပွန်ဆာခေါ်ပါမယ် ကောင်းကောင်းပေးပါမယ် ( ဝန်ဆောင်ခ )
        အောက်ပါစီကမ်းကလနားများဖြင့်ပြည့်စုံရပါမည်
        အသက် ဆယ့်ရှစ်နှစ်မှ နှစ်ဆယ့်လေးနှစ်အတွင်း အိမ်ထောင်မရှိဘူးသော ညီမငေးများ
        ဖြစ်ရပါမည်
        မဲမဲကြီးများ သီးခံပါ
        ဘုတ်ပဲမကြီးကြီးများသီးခံပါ

        • Khin Latt

          February 1, 2012 at 4:21 am

          အဘဘု – ဒါရိုက် ဝင် တိုက်ခိုက် သဖြင့် နီရမလား စဉ်းစားနေပါ၏။ 😆

      • Khin Latt

        February 1, 2012 at 4:37 am

        ဂီဂီ ရေ – buta ဝက် စကားတစ်လုံး သိပြန်ပြီ။
        ဒါထက်
        ~~~ (တကယ်တော့ သည်အတွေးက ကိုယ်နေတဲ့ ကိုယ်ချစ်တဲ့ နေရာလေးကို အိမ်သာလိုထားချင်သလား
        ဟိုတယ်လိုထားချင်သလား ဆိုတဲ့ စိတ်နဲ့ပါဗျာ ….) ~~~~
        အမ်း ပြောရရင် ဟိုတယ် ဆိုလိုက်တာနဲ့ အိမ်သာပါ တွဲပါပြီး လေ ကလေး ရဲ့။ 😉

        ~~~ ကိုသစ် ယောက်ဖ ~~~
        မင်း က လဲ အစ်မ (သို့) ညီမ နဲ့ကိုး။ 😆

        အချိန် ကတော့ ကိုယ်ချင်းစာပါတယ်။
        ဒါပေသည့် နဲနဲတော့ ပေးပါဦးဟယ်။ (ကိုသစ် ရောပါဘဲ)
        အခုက ဈေးကွက်ဝင်ရမဲ့ အချိန်ကောင်းမို့ပါ။

  • ၁။ မိန်းကလေးများက ဂေဇက်မန်ဘာဝင်ထားသူများကိုသာ ဦးစားပေးပါ …
    ၂။ ယောကျင်္ားလေးများက ဂေဇက်မန်ဘာမဝင်ရင် ချစ်လက်ဆောင်မပေးဟု စစ်ကြေညာပါ …
    ၃။ မိမိအနားမှာရှိသော အပျိုကြီး/လူပျိုကြီးများအား ဂေဇက်တွင် ပရိုမိုးရှင်းရှိသည်ဟု စည်းရုံးပြောဆိုပါ ….
    ၄။ ဆရာကြီး/ဆရာမကြီးများက မိမိထံလာရောက်ကန်တော့ကြသော တပည့်များအား ဂေဇက်တွင် အကျိုးများကြောင်းပြောရင်း ဆုပေးပါ …
    ၅။ မြန်မာနိုင်ငံအတွင်းမှာရှိသော ဂေဇက်မန်ဘာများ ကိုင်ဆောင်သော ဆိုင်းဘုတ်များတွင်
    (က) ဂေဇက်တွင် စာဖတ်ခြင်းဖြင့် သင့်အရည်အသွေးကိုမြှင့်တင်ပါ
    ( ခ ) ခေတ်မီသူတိုင်း ဂေဇက်တွင် အသင်းဝင်ကြသည်
    ( ဂ ) ဂေဇက်တွင် မန်ဘာဝင်ခြင်းဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို ထုဆစ်ကြပါစို့

    အခုတော့ ဒီလောက်ပါပဲ
    ချစ်ခင်စွာဖြင့်
    အကျဉ်းထောင်က မင်းကောင်
    နှလုံးသားမြို့တွင် အကျဉ်းကျနေသူ …. 😛

  • Khin Latt

    February 1, 2012 at 4:42 am

    တော်ဒယ်၊ တော်ဒယ်။
    နှလုံးသားမြို့တွင် အကျဉ်းကျနေသူ ကို လဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးသူအမြန် ပေါ်လာပါစေ။ 😀

    ခင်တဲ့
    အရီး

  • ဆူး

    February 2, 2012 at 4:02 pm

    အရီးတော့ အာဏာသိမ်းပြီးတော့ ရံပုံငွေ ထည့်ဝင်နေရပြီ.. ဟိဟိ..

    ဂေဇတ် မှာ ကြေညာ ရဖို့ ကြိုးစားတာ အထိရောက်ဆုံးလို့ မြင်တယ်။
    ကြေညာထည့်တဲ့ လူ အတွက် အကျိုးရလာဘ်သည် သူ့ကို လူသိသည်။ ကြေညာကြောင့် လာဝယ်သူသည်လည်း ပိုရိုမိုးရှင်းလိုမျိုး ထားပေးရင်ကော.. စသဖြင့်..
    ဆိုဒ်ထဲက သိပြီး လာအားပေးတဲ့ သူအတွက် အထူး ကုတ်နံပါတ် တခု ကြေညာမှာ ထည့်ပေးထားပြီး လာအားပေးတဲ့ အခါ အဲဒီ ကုတ်နံပါတ်နဲ့ လာ အားပေး.. ပြီးရင် ဖေ့ဘွတ်လို အားပေးကြောင်း သဘောကျ နှစ်သက်ကြောင်း ကုတ်နံပါတ် နဲ့ မန်ဘာ နာမည်နဲ့ လာအားပေးတယ်ပေါ့..
    နာမည်ကြီး မန်ဘာ တွေ အားပေးတယ် ဆိုရင် နောက်လူတွေ လာအားပေးလေမလား… နာမည်ကြီး ရဲ့ အရှိန်ပေါ့…
    နောက်ပိုင်း.. ကြေညာခ ကို နည်းနည်း ပို ညှစ်ပြီးတိုးတောင်း.. ကြေညာကြောင့် လက်တွေ့ ရောင်းအားတက်ရင်တော့ ပိုပြီး ကြေညာချင်ကြမယ်။ သူများ ကောင်းတာ မြင်ရင် ဈေးကွက် လာလုကြအုန်းမယ်။ ဟိဟိ..

  • Khin Latt

    February 3, 2012 at 4:24 am

    ဒါကြောင့် လဲ ရွာတော်ရှင် ဆူး လို့ အမည်တွင် တာ ကိုး။
    Marketing ကိုလဲ အတော် ကျွမ်းသကိုး။
    ဆူးအကြံ ကို သူကြီး မေးစိပွတ်ပြီး စဉ်းစားနေလောက်ပြီ။ 😉

Leave a Reply