“ကွန်ဖမ်းခြင်း”

1 ကွန်လေးက လေထဲမှာအလွင့်
2 ကွန်ကိုလွှင့်အပစ် ရေထဲကို မကျခင်လေးပါ
3 ရေထဲတောင် သူပါသွားမလားထင်ရပါတယ်
4 ပစ်ထဲ့လိုက်တာများအားရပါးရ
5 ကွန်ကလေးက လေထဲမှာဝဲနေပေမယ့် ဒီထက်လှအောင်ရိုက်လို့ရသေးတယ်လို့ထင်ပါတယ်
6 ဒီလူ့လက်က ကွန်ထွက်သွားပုံက အားပါလွန်းပါတယ်
7ဒီပုံလေးကိုတော့ ကျနော်နှစ်သက်ပါတယ် လေထဲဝဲတာနဲ့ရေထဲမှာအရိပ်ကျတာ လိုက်ဖက်လို့ပါ

 

8 ရေထဲများကျသွားမလားစိုးမိပါတယ်
9 အားအပြည့်မာန်အပြည့်

 

10ကွန်ပစ်လာကို မိအောင်မနည်းလိုက်ရိုက်လိုက်ရတယ်
11 ဒါကတော့ ရေထဲကျမှ မိသွားတာ
12 ကွန်အကျ နောက်ခံကလဲလှမှလှ
 

22 comments

  • ရွှေစိန်ပေါက်လု တို့ တောင်သမန်အင်းကို ဓါတ်ပုံရိုက်ဘို့သွားကြပါတယ်။
    ရွှေနဲ့စိန်ကတော့ ကွန်ဖမ်းဘူးတယ်။
    ပေါက်နဲ့လုကတော့ အခုမှပထမဆုံးအကြိမ်။
    အဲတော့ အင်းထဲမှာငါးဖမ်းနေတဲ့လှေကို အကူအညီတောင်းလို့ကွန်ပစ်ခိုင်းပါတယ်။
    သူက တော့ ကွန်ပစ်ရင်းငါးဖမ်း။
    ကျွန်တော်တို့ကတော့ ဓါတ်ပုံရိုက်ရင်းကွန်ဖမ်း။
    ဒါလေးတွေကတော့ ကျနော် မတတ် တတ်နဲ့လက်ဆော့ထားတာလေးတွေပါ။
    နောက်တစ်ခါ ဆိုရင်တော့ ဒိထက်လှမယ်ထင်ပါရဲ့။

  • weiwei

    February 9, 2012 at 9:29 am

    ကိုပေါက်လက်ရာက ပရိုအဆင့်ဝင်နေပြီ …
    ကင်မရာအကောင်းစားသာ သုံးလိုက်ရင် ပြိုင်ပွဲဝင်လို့တောင် ရနိုင်တယ် …

  • စိန်ပေါက်ပေါက်

    February 9, 2012 at 11:35 am

    ဒေါ်ပေါက်ရေ
    အဲတာ သစ်ပင်ပေါ် တက်ရိုက်တာလား..ဟယ်ဒီကော်ပဒါစီးပြီး ရိုက်ထားတာလားဟင်..
    ရိုက်ချက်တွေက ဗဲထီးဂွတ်လို ့ပါ..

  • Shwe Tike Soe

    February 9, 2012 at 11:55 am

    မိုက်တယ်တော့ လေးပေါက်တို.။ကိုလုတို.။ ကိုစိန်သော့တို.ရိုက်ချက်တယ်လဲပျင်းပါလား.. 😀
    စိတ်ရှည်လက်ရှည် ပယ်ပယ်နှယ်နှယ်ကို ရိုက်ပစ်လိုက်ကြတာ…

  • မိပေါက်မရေ
    (အဲတာ သစ်ပင်ပေါ် တက်ရိုက်တာလား..ဟယ်ဒီကော်ပဒါစီးပြီး ရိုက်ထားတာလားဟင်..
    ရိုက်ချက်တွေက ဗဲထီးဂွတ်လို ့ပါ..)

    အဲတာ တံတားဘောင်ပေါ်ကားယားခွပြီးတက်ရိုက်ထားတာ။
    ဘဲထီး က ကွတ်နေတဲ့ပုံရှိတယ်။
    ရွာထဲတော့ မတင်တော့ဘူး။
    မန်းလေးလာရင်ပြမယ်။

    • Khin Latt

      February 10, 2012 at 5:38 am

      အဲဒီ ကားယားခွ တာကို မှတ်တမ်းတင်ထားမဲ့ သူ မရှိဘူးလား။
      ကိုပေါက် ဒါဆို ဟိုထဲ က ကွန်ပစ်နေတာ ကိုပေါက်ပေါ့။ 🙂

    • စိန်ပေါက်ပေါက်

      February 10, 2012 at 1:34 pm

      သများကိုလဲ ကားယားခွနည်း သင်ပေးပါလား အမရီး
      များလဲ ကားယားခွချင်လို ့ (ဓာတ်ပုံရိုက်တဲ့အခါ ပြောတာပါ)

  • pooch

    February 9, 2012 at 7:35 pm

    အော် ရိုက်ပါရိုက်ပါ ရိုက်ကြပါ ၊ ရိုက်နိုင်လွန်းသူကြီးရဲ့ 😀
    ရိုက်နိုင်လွန်းတဲ့ ကိုကိုပေါက် တယောက်လဲ နောက်နေ့ ဘယ်တော့ မဒမ်ပေါက်ရဲ့ ရိုက်ချက်မိမလဲ မသိဘူး
    ဟိုက သူ့ကိုပစ်ထားလို့ တော်တော်လေး စိတ်ကောက်နေပြီ မှတ်တာပဲ 😆

  • ကိုကိုလတ် ဟုတ်လားမမေးနဲ့တော့အေ့
    အဖြေပေးထားပါပြီအေ့
    သွားကြည့်လိုက်ပါအေ့……………………………….

  • Moe Z

    February 10, 2012 at 12:04 pm

    လေးပေါက်ရေ မိုက်တယ်ဗျို့ နံပါတ် ၅ ပုံကို ကြိုက်တယ်
    ရေအရောင်ကတစ်မျိုးပဲ လေးပေါက်က ဘယ်အချိန်ရိုက်တာလဲ

  • nozomi

    February 10, 2012 at 12:13 pm

    အကုန်ကြိုက်တယ်
    ၁ ကိုတော့ အကြိုက်ဆုံး
    ကျွန်တော်က ကိုပေါက် ပုံတွေ ကြည့်ပြီးပြောတာ

    ကျွန်တော်ပြောသလိုမျိုး ကိုချောကြီး
    ဟိုတလောက ပြောဘူးတယ်
    ဘာတဲ့
    မိန်းကလေးတွေ အကုန်ကြိုက်တယ်
    အိမ်ကမိန်းမကတော့ အကြိုက်ဆုံး ဆိုလားပဲ

  • မိုးစက်ရေ
    ဒါက မနက်ဆယ်နာရီနဲ့ ဆယ့်တစ်နာရီကြား ဦးပိန်တံတားအလည်ခေါင်လောက်ကနေရိုက်ထားတာပါ။
    ကိုုနိုဇိုမိ
    မြင်မြင်သမျှ အကုန်လဲ
    ဒါပေမယ့်လဲ ငါမရ။
    ဟုတ်တယ်ဟုတ်.

  • စိန်ပေါက်ပေါက်

    (သများကိုလဲ ကားယားခွနည်း သင်ပေးပါလား အမရီး
    များလဲ ကားယားခွချင်လို ့ )
    အလွယ်လေးရယ် အိမ်နားမှာခေါင်းအုံးရိုက်ပြိုင်ပွဲရှိရင် အဲဒီတန်းပေါ်တက်ခွပါ။

  • blackchaw

    February 10, 2012 at 1:50 pm

    အသာလုပ်ပါ ဗိုလ်နိုဇိုရယ်။
    ကိုပေါက် ဓါတ်ပုံတွေကြည့်ပြီး
    ဘယ်နှယ့် ကျွန်တော်က ပါလာရတာတုန်းဗျာ။
    အဓမ္မကြီးတော့ လုပ်ကြပါနဲ့ ဗျာ။

  • blackchaw

    February 10, 2012 at 4:45 pm

    ကိုပေါက်ရေ။
    ဓါတ်ပုံပဟေဌိ မှာ
    ကျွန်တော်မှန်းလိုက်တဲ့
    ကိုပေါက်ပုံ နှစ်ပုံက ကွက်တိနော်။
    လူရင်းတွေ လည့်စားလို့ ရဘူးဗျ။ ဒါတောင် နည်းနည်း လျှော့မှန်းလိုက်တာ။

  • ဟုတ်ပါ ကိုဘကလက်ရေ
    အဖြေကို ပါးပါးလေးတော့ ပိုစ်ထဲမှာရေးပေးထားပါတယ်။
    အားလုံးမျက်စေ့လည်တာ ကိုသော့။
    ဘယ်သူမှ သုံးပုံဆက်တိုက်ထည့်မယ်လို့ မတွေးဘူးလေ.
    အဲဒီမှာရွာလည်ကုန်တာပါ။

  • သူကြီးရေ
    လုလင်က ကွန်ပစ်တဲ့ပုံမရောင်းဘူးတဲ့။
    ကျနော်ကတော့ရောင်းမယ်ဗျာ။
    အလှူထဲထပ်ထည့်ချင်လို့။
    ဒီလိုလှူရတာ ပိုက်ဆံထည့်ရတာထက်ပိုပြီး ဖီလင်လာလို့ပါ။
    ဒီအထဲက ကြိုက်တဲ့ပုံတွေ့ရင်ဝယ်လိုက်။
    ပြီးရင် ပန်းတနော်အလှူထဲ ထည့်လိုက်။
    ငါးဆယ်ပြည့်အောင် သုံးပုံထပ်ဝယ်လိုက်ပါလား။.
    ဒါမှာ ငွေလွှဲရတာလွယ်သွားအောင်လေ.။
    (နံပါတ် ကိုးပုံလေဆို ကျနော်အတော်သဘောကျပါ၏)

  • si tone

    August 17, 2012 at 6:08 pm

    ကွန်ပစ်တဲ့ ပုံလေးတွေက အရမ်းလှပါတယ်……. တကယ်ကို သဘာဝဆန်တယ်

  • Mလုလင်

    August 17, 2012 at 11:05 pm

    ဒီပုံတွေ မြင်တော့ မန်းလေးကို လွမ်းသွားပြီ .. အဲဒါ လျှော်ပေး တော့ …..

Leave a Reply