ယှဉ်သကို မျိုးလေး ၊ ရှယ်ဆော်တယ်လေး

မောင် ပေJanuary 30, 20121min925

ခေါင်းစဉ်ကို ကြည့်ပြီး ဘာသို ့ညာသို ့မထင်လိုက်ပါနဲ ့ချစ်မိတ်ဆွေ ။ ဘောလုံးပွဲအကြောင်းရေးထားတာပါ ။ တနင်္လာနေ ့ည (သို ့မဟုတ်) အင်္ဂ ါနေ ့နံနက် ၂နာရီခွဲ အချိန်မှာ ကန်ကြမယ့် “အိုစာစူနာ” အဆင့်၉ နဲ ့“အသလက်တီကိုမက်ဒရစ်” အဆင့်၁ဝ တို ့အကြောင်းပါခင်ဗျာ ။
အိုစာစူနာ အသင်းဟာ လာလီဂါ၁၉ပွဲကန်အပြီးမှာ ၆ ပွဲနိုင် ၊ ၉ ပွဲသရေ ၊ ၄ ပွဲရှုံး ၊ ရဂိုး၂၂ ပေးဂိုး၃၁ ၂ရ မှတ်
အိုစာစူနာ အိမ်ကွင်း၁ဝပွဲကန်ခဲ့ရာမှာ ၅ ပွဲနိုင် ၊ ၄ ပွဲသရေ ၊ ၁ ပွဲရှုံး ၊ ရဂိုး၁၄ ပေးဂိုး၈
အသလက်တီကို အသင်းဟာ လာလီဂါ၁၉ပွဲကန်အပြီးမှာ ရ ပွဲနိုင် ၊ ၅ ပွဲသရေ ၊ ရ ပွဲရှုံး ၊ ရဂိုး၃ဝ ပေးဂိုး၂ရ ၂၆မှတ်
အသလက်တီကို အဝေးကွင်း ၉ပွဲကန်ခဲ့ရာမှာ ၁ ပွဲနိုင် ၊ ၂ ပွဲသရေ ၊ ၆ ပွဲရှုံး ၊ ရဂိုး၉ ပေးဂိုး၂၀
အိုစာစူနာ အခုပွဲမကန်ခင်ကစားခဲ့တဲ့ ငါးပွဲမှာ
၂၂.၁.၂၀၁၂ အိုစာစူနာ ၁-၁ ဗလင်စီယာ
၁၅.၁.၂၀၁၂ အိုစာစူနာ ဝ-၂ ရေဆင်း
၁၂.၁.၂၀၁၂ အိုစာစူနာ ၁-၂ ဘာစီလိုနာ (ဘုရင့်ဖလား)
၇.၁.၂၀၁၂ ဆိုစီဒက် ဝ-ဝ အိုစာစူနာ
၄.၁.၂၀၁၂ ဘာစီလိုနာ ၄-ဝ အိုစာစူနာ (ဘုရင့်ဖလား)
အသလက်တီကို အခုပွဲမကန်ခင်ကစားခဲ့တဲ့ ငါးပွဲမှာ
၂၁.၁.၂၀၁၂ ဆိုစီဒက် ဝ-၄ အသလက်တီကို
၁၅.၁.၂၀၁၂ အသလက်တီကို ၃-ဝ ဗီလာရီးရဲ
၇.၁.၂၀၁၂ မာလာဂါ ဝ-ဝ အသလက်တီကို
၂၁.၁၂.၂၀၁၁ အသလက်တီကို ဝ-၁ အယ်ဘာစီတီ (ဘုရင့်ဖလား)
၁၈.၁၂.၂၀၁၁ အသလက်တီကို ဝ-၂ ဘက်တစ်
အိုစာစူနာ အသင်းရဲ ့ဖြစ်နိုင်ဖွယ်ကစားသမားများမှာ
ဂိုး Andres
နောက် Bertran, Sergio, Flano, Satrustegui
လယ် Garica, Nekounam, Punal
လယ် Lamah, Cejudo
ရှေ ့ Nino
အသလက်တီကို အသင်းရဲ ့ဖြစ်နိုင်ဖွယ်ကစားသမားများမှာ
ဂိုး Courtois
နောက် Juanfran, Godin, Dominguez, Filipe
လယ် Tiago, Suarez
လယ် Salvio, Adrian, Turan
ရှေ ့ Falcao
ဈေးအနေအထားအရ အသလက်တီကို သရေဆိုရင် တစ်ဝက်ကျော်ဆုံးရှုံးမှာပါ ။
ဒီနှစ်သင်း တွေ ့ဆုံခဲ့မှုများကို ပြန်ကြည့်မယ်ဆိုရင် အသလက်တီကို က အသာစီးရခဲ့တာကို တွေ ့ရပါတယ် ။
Aug 28, 2011 Atletico Madrid 0 – Osasuna 0
Apr 3, 2011 Osasuna 2 – Atletico Madrid 3
Nov 13, 2010 Atletico Madrid 3 – Osasuna 0
Mar 15, 2010 Atletico Madrid 1 – Osasuna 0
Oct 18, 2009 Osasuna 3 – Atletico Madrid 0
အိုစာစူနာ ရှေ ့က ကန်ခဲ့တဲ့ ခြောက်ပွဲမှာ နိုင်ပွဲမရှိခဲ့ဘဲ ၊ ၃ ပွဲသရေ ၊ ၃ ပွဲရှုံး ထားပါတယ် ။
အသလက်တီကို ကတော့ ပြီးခဲ့တဲ့ ကန်ခဲ့တဲ့ နှစ်ပွဲမှာ ကိုလံဘီယာတိုက်စစ်မှူး “ဖယ်ကာအို” ရဲ ့အစွမ်းပြမှုနဲ ့ဂိုးပြတ်နိုင်ခဲ့တာ ကို တွေ ့ရပါတယ် ။
အိုစာစူနာ နဲ ့အသလက်တီကို နှစ်သင်း အနေအထားကို ယှဉ်ကြည့်မယ် ဆိုရင် ၊ အသလက်တီကို ဟာ နှစ်စဉ် ချန်ပီယံလိဂ် နဲ ့ယူရိုပါလိဂ်များမှာ ကစားနေကြဖြစ်ပါတယ် ။ အိုစာစူနာ က တော့ အဆင့် ၁ဝ အတွင်းနဲ ့ဘဲ ရပ်တည်နေကြပါ ။
အခုလောလောဆယ်မှာလဲ ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအတွက် အသလက်တီကို ရုန်းလာတာကို တွေ ့နေရပါတယ် ။
အိုစာစူနာကလဲ အိမ်ကွင်း မှာ ရလဒ်များဆက်တိုက် ဆိုးနေတာကို ခြေဖျက်ဖို ့ရုန်းလာမှာပါ ။
ဥရောပ ဘူကီများရဲ ့ခန် ့မှန်းချက်များကတော့
အိုစာစူနာ 0-3/1-3/0-2 အသလက်တီကိုမက်ဒရစ် ပါ ။
သည်ပွဲဟာ သရေရလဒ်ဆီကို ဦးတည်နေပြီး ၊ အနိုင်ဆိုရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေတဲ့ “အသလက်တီကိုမက်ဒရစ်ဘဲ” ဖြစ်ပါလိမ့်မယ် ခင်ဗျာ ။
……………………………………………………
……. အားလုံးအောင်မြင်ပျော်ရွှင်ပါစေ …….

5 comments

  • amatmin

    January 30, 2012 at 3:21 pm

    မောင်မင်းကြီးသားက ခေါင်းစဉ်ကိုအသွင်ပြောင်းထားတာကိုးဗျ..
    ဘယ်ရမလဲ..မန့်မှာပဲ မန့်မှာပဲ..လာလာမတားနဲ့.. 🙂
    ကိုပေ ခုတလောမှန်းတာလေးတွေ ဂွတ်နေတယ်ဗျနော်.
    ဘယ်လောက်ပေါက်ပေါက်..အက်သလက်တီကိုပဲဗျာ…

    • စိန်ပေါက်ပေါက်

      January 30, 2012 at 3:48 pm

      ခိုင်ရင် သတင်းပို ့ဦးနော်..
      ဆီသွားလိမ်းရအောင် 😀

      ဆီက ဘာဆီလဲ ခင်ည
      ပဲဆီလား နှမ်းဆီလာ ခင်ည 😆

      • windtalker

        January 30, 2012 at 7:01 pm

        ဆီတင်မဟုတ်ဘူး
        တိုင်ပတ်တဲ့ဆီပါ လိုက်ပို ့ပေးဦးမှာ
        ထီထိုးထားတယ် သိလား

  • windtalker

    January 31, 2012 at 12:23 pm

    ပွဲအပြီးရလဒ်
    “““ အိုစာစူနာ ဝ-၁ အသလက်တီကိုမက်ဒရစ် ”””
    ကျွန်တော့် ဒီပို ့စ်ကိုဖတ်သွားခဲ့တဲ့ လက်တွေ ့ကျသူများ အကျိုးရှိသွားမယ်လို ့မျှော်လင့်ပါတယ် ခင်ဗျာ

Leave a Reply