ကျွန်တော်နဲ့မသိခြင်းများ
ကျွန်တော့်ဘ၀မှာ ကျွန်တော့အသက်အရွယ်နဲ့ လိုက်ဖက်ညီတဲ့ အရာတော်တော်များများကို သဘောပေါက် နားလည်ခဲ့ပြီ ထင်ခဲ့ပေမယ့် ပြန်စဉ်းစားလိုက်တော့ ကျွန်တော်မသိတာတွေတော်တော်များမှန်း သိခဲ့ရတော့မှ တော်တော်ညံ့သေးတာပဲလို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ် ပထမဆုံးတစ်ခုကတော့ ကျွန်တော်တို့နိုင်ငံကို နိုင်ငံခြားက ကားတွေတင်သွင်းခွင့်ပြုပြီဆိုတဲ့သတင်းပါပဲ ကားတစ်စီးကို ဒေါ်လာ ၃၅၀၀ ၀န်းကျင်ဆိုတော့ ကျွန်တော့်မှာ ၀မ်းသာလိုက်ရတာ ငါတော့ ပိုက်ပိုက်လေးစုပြီး ကားကြီးဝယ်စီးလိုက်ဦးမယ်ပေါ့ ဘယ့်နှယ်လုပ် ဘယ်လို မျက်လှည့်ပြလိုက်တယ်မိသိ မြန်မာပြည်ရောက်တော့ ဒေါ်လာ ၁၀၀၀၀ အောက် တစ်စီးမှမပါဘူး သဘောင်္ခတွေဈေးကြီးလို့နေမှာပါလေ ဆိုပြီး ကိုယ့်ဟာကို တံတွေးလေးမျိုချပြီး နှစ်သိမ့်လိုက်မိတယ် အခွန်တွေကပဲကြီးတာလား လောဘတွေကပဲကြီးတာလား ကုန်ဈေးနှုန်းကပဲ ကြီးတာလား ကျွန်တော့်မှာ လားပေါင်းများစွာနဲ့ စိတ်ကုးလေးကို စိတ်ကူးထဲမှာပဲ ချွေးသိပ်ခဲ့ရပါတယ်။ နောက်တော့လာပြန်ပြီတစ်မျိုး ကုမ္ပဏီတစ်ခုက ဂျီအက်စ်အမ် ဖုန်းကဒ်ကို တစ်ကဒ် ၅၀၀၀ နှုန်းနဲ့ ရောင်းချပေးမယ်တဲ့ ကျွန်တော့်မှာနောက်တစ်ခေါက် စိတ်ကူးလေးယဉ်ပြီး ငါကတော့ ဖုန်းကို တစ်ခါတည်း လေးလုံးလောက်ဝယ်ကိုင်ပစ်မယ် ဆက်တဲ့သူမရှိရင် ကိုယ့်ဟာကို ပြန်ဆက်မယ်ကွလို့ အားခဲထားလိုက်တာ နောက်ဆုံးတော့ မြန်မာ့ ဆက်သွယ်ရေးက တရားဝင်ကြေငြာချက်ထုတ်ပြန်လိုက်တော့ အဲဒီဖုန်းက နည်းပညာအရရော ဥပဒေအရပါ မဖြစ်နိုင်ပါတဲ့ ရခဲ့ရင် သူ့ဖုန်းနဲ့သူပဲ ဆက်လို့ရတဲ့ အမျိုးအစားပဲဖြစ်မယ်တဲ့ ဒီိလိုဖြစ်တော့ရော ဘာဖြစ်လဲနော် လူတိုင်း ၅၀၀၀ တန်ဝယ်ပြီး အချင်းချင်းဆက်ကြမှာပေါ့ နိုင်ငံခြားခေါ်ချင်တဲ့သူ ၅ သိန်းပေးဝယ်ပေါ့ ဘာဖြစ်လဲ ဟုတ်တယ်မလား။ ကျွန်တော်မူဆယ်ရောက်ခဲ့တုန်းက ဖုန်းကဒ်ဆိုတာ ယွမ် ၅၀ ပဲပေးရပါတယ် မြန်မာငွေနဲ့ ၆၀၀၀ ၀န်းကျင်ပေါ့ ဘယ်လမ်းဘေးဖုန်းဆိုင်ဝယ်ဝယ်ရတယ် ဟန်းဆက်ဝယ်ရင် ကဒ်ပါလက်ဆောင်ပေးတဲ့ဆိုင်တွေြုကယ်ခေါင်မှာပေါမှပေါ ဒါဆို ဘာလို့သူတို့ကျတော့ ဖြစ်နိုင်ရတာလဲ ကျွန်တော်တို့ကပဲ နောက်ကျန်လွန်းတာလား သူတို့ကပဲ ကျော်တက်သွားတာလား ကျွန်တော်တို့က ရပ်နေတာလား ကျွန်တော့်မှာ နားမလည်ခြင်းများစွာနဲ့ စိတ်ကူးလေးတွေ လွင့်ပျယ်လို့ ဆောင်းအိပ်မက် တစ်ခုလိုပဲ ပျောက်ပျက်သွားခဲ့တာပဲ။ ဖုန်းဝယ်လို့ မှတ်ပုံတင်မိတ္တူပေးရ ဓါတ်ပုံပေးရတာ တစ်ကမ္ဘာလုံးမှာ မြန်မာနိုင်ငံတစ်နိုင်ငံပဲ ရှိမယ်ထင်တယ်နော် ကျွန်တော် နားမလည်လို့ပါ သိတဲ့သူများ ရှင်းပြပေးကြပါ နောက်ပြီး ဖုန်းဝယ်ရင် ၀ယ်တယ်လို့မခေါ်ပဲ ဆက်သွယ်ရေးကို လျှောက်ရပါတယ် လျှောက်လွှာလေးနဲ့ ဖုန်းငှားရမ်းသုံးစွဲခွင့်ပြုပါရန်ဆိုပြီးလေ ဒါလဲ နိုင်ငံတကာမှာ ဒီလိုပဲလားဟင် ကျွန်တော်မသိလို့ပါဗျာ ဒီလိုသာ ငှားရမ်းသုံးစွဲရတယ်ဆိုရင် ကျွန်တော်တို့ အရင်က ငှားထားတဲ့ ၁၅ သိန်းတန် ဂျီဖုန်းလေးကို အရင်းအတိုင်း ပြန်အပ်ချင်လို့ပါ ဒါဆို ငှားရမ်းခ ပြန်ပေးမှာလားဟင် ကျွန်တော့်မှာ နားမလည်ခြင်းများစွာနဲ့နောက်ဆုံးတော့ တစ်ယောက်တည်း ချာချာလည်လိုက်နေတော့တာပဲ။ ကျွန်တော်တို့ နိုင်ငံကြီး တိုးတက်နေပါတယ်။ တစ်မျိုးသားလုံးရဲ့ အကျိုးစီးပွားနဲ့ လုပ်ပိုင်ခွင့်တွေလဲ ပြည်သူလူထုရဲ့ လက်ထဲမှာပဲ ရှိနေပါတယ်။ ကျွန်တော်နားမလည်ပါဘူး ဟုတ်မယ်ထင်ပါတယ်နော် နားလည်သူများ ဖြေပေးကြပါဦးဗျာ ကျွန်တော့်ရဲ့ ဦးနှောက် ပိစိကွေးလေးနဲ့ ဘာမှမစဉ်းစားနိုင်တော့လို့ပါ။
ပိုစ့်တင်ပါမယ်ဆိုမှ ဘာမှရိုက်လို့မရဘူး စာရိုက်တာမပေါ်ပဲ စာလုံးကအဖြူရောင်ဖြစ်နေတယ် select လုပ်မှ ပေါ်တယ် ဒါကြောင့် notepad ထဲမှာရိုက်ပြီး ကော်ပီကူးတင်လိုက်တော့ copy/paste ဖြစ်သွားတယ် စိတ်ပိန်တယ်။
Was this answer helpful?
LikeDislikeကိုယ့်အဆံနဲ့  ကိုယ်ဝယ်တာတောင် အေဘေးတွေက စာချုပ်ထဲ ငှားတယ်ရေးတာ..
မြိုလို့ ဆို့ လို ၀မှ ငါးထောင်တန်ထုတ်ပေးပါလိ့မ်မယ်..
အဲဒီခေတ်ကျရင် အီသီယိုးပီးသီးယားမှာ သတောင်းစားကအစ ကိုယ်ပိုင်လေယာဉ်နဲ့  ဖြစ်နေပြီလေ
Was this answer helpful?
LikeDislikeဒီလိုပါပဲ ဖုန်တြွေုကားထဲ ယိုင်တိုင်တိုင် လှည်းကြီးမောင်းရင်းနဲ့လေ :D
Was this answer helpful?
LikeDislike“ဖုန်းဝယ်လို့ မှတ်ပုံတင်မိတ္တူပေးရ ဓါတ်ပုံပေးရတာ တစ်ကမ္ဘာလုံးမှာ မြန်မာနိုင်ငံတစ်နိုင်ငံပဲ ရှိမယ်ထင်တယ်နော်”
In Singapore, if you want to buy a SIM card, you have to show an identity to register. It can be ur passport / IC / Work Permit, etc. Your number is attached to your personal detail.
But in Malaysia, you don’t have to show them and you can buy a SIM card easily.
In UK, you have to show ur identity if you want to make a phone contract. But you don’t have to, if you buy a SIM card only.
In my opinion, I don’t mind to show my identity because it can help polices a lot if all phone numbers are registered systematically.
Was this answer helpful?
LikeDislikeကျေးဇူး မှတ်သားသွားပါတယ်ဗျာ
Was this answer helpful?
LikeDislikeစိတ်နာတယ် စိတ်နာတယ်ဟေ့ ၊ ဒါမျိုးတွေ သိနေကြားနေရတာ ၊
ကျုပ်တို့မလဲ ဖွတ်ဘဝ က မတက်နိုင်ကြတာ အဲ့ကောင်တွေကြောင့် ၊
ဲမြို ဆို့ လို့ကို မဝနိုင် ကြသေးဘူးလား သူတောင်းစားတွေရဲ့ ၊
ခင်ဗျားတို့ ကျုပ်တို့တွေ ကြပ်တည်းနေကြရတာ အထက်တန်းစား သူတောင်းစား တွေ
ကြောင့် မဟုတ်လို့ ဘာလဲဗျာ ။
Was this answer helpful?
LikeDislikeဟုတ်ဖူး ပျင်းနေတဲ့ ဖွတ်တွေကြောင့် အဲ ဟုတ်ဝူး……….. ဘာပြောရမှန်းမသိတော့ပါဘူး…။ ငါကလည်း လျှာကို ရှည်တယ်……………
Was this answer helpful?
LikeDislikeအချိန်မတန်သေးလို့ပါ နီးလာပါပြီ
တရုတ်ပြည်မှာလှတဲ့ဖုန်းနံပါတ်ပေါ်မှာမူတည်ပြီးဈေးအမျိုးမျိုးရှိပါတယ်
အနည်းဆုံ3း0ယွမ်ကနေအထက်ပါ
နံပါတ်မရွေးဘူးဆိုရင် ဖုန်းကပ်တခုမှ30ယွမ်ဘဲပေးရပါတယ်
20ယွမ်းဖိုး ဖုန်းအလကားပြောလို့ရပါသေးတယ်တယ်
ဒါကြောင့်ဖုန်းနံပါတ်တခုအတွက်ယွမ်ငွေ10ဘဲကျပါတယ်
ဖုန်းသွားဝယ်လို့လက်ဆောင်တောင်းယင်ဖုန်းနံပါတ်တခုရနိုင်ပါသေးတယ်…
ဒါကြောင့်5000တန်ဖုန်းဆိုတာဖြစ်ကိုဖြစ်လာရမှာပါ…
Was this answer helpful?
LikeDislikeCommunication infrastructure ကုန်ကျစရိတ်.. ထိန်းသိမ်းစရိပ်.. အထွေထွေစရိပ်ဖိုးတွေဘယ်သူပေးမှာလည်းဟင်င်င်…
ထပ်ခါပြောနေတာ.. ဘယ်သူမှ.. သတိထားမိပုံမပေါ်ဘူး…။
Was this answer helpful?
LikeDislikeဆက်သွယ်ရေးကပေးလိမ့်မပေါ့သူကြီးရဲ့။ သူတို့အမြတ်ကြီးစားထားတာနဲမှမနဲပဲဟာကို။ ပထမ ဒေါ်လာ ၄၀၀၀၊ နောက် ၁၅ သိန်း၊ နောက် ၅ သိန်း အမြတ်ကြီးပဲဟာ။ သူတို့သာမြန်မာနိုင်ငံသားတွေကိုစေတနာလေးနဲနဲရှိတယ်ဆိုရင် နောက်ထပ် ၅၀၀၀ ထပ်တင်၊ ၁၀၀၀၀ နဲ့ရောင်း၊ ရပြီမဟုတ်လား။ ဖုန်းခေါ်ဆိုခကလဲနဲမှမနဲပဲသူကြီးရဲ့။ တမိနစ် ၂၅ ကျပ်။ တလတလ သိန်းချီဆောင်ကြရတာ။ အနဲဆုံး ၃၀၀၀၀ ကနေ ၅၀၀၀၀ ပဲ။ အဲဒါတွေထဲကပြန်သုံးလို့ရောမရဘူးလား။ နားမလည်လို့မေးတာပါ။
Was this answer helpful?
LikeDislikeသူကြီးရေ . ခပ်တုံးတုံးအတွေးလို့ဘဲ ပြောရင်ပြောပေါ့နော် .. ဒီလို infrastructure ကို ဘယ်သူပေးမလဲဆိုတာ စဉ်းစားရင် Telecome ကုမ္မဏီ အသစ်တွေ ထပ် မပေါ်နိုင်တော့ဘူးဆိုတဲ့ အတွေး ဖြစ်စေပါတယ် ။
နောက်ပေါ်တွေက ဈေးနိမ့်နဲ့ ၀င်ရတာဆိုတော့ ဘယ်နိုင်ငံမှာများ ရှိပြီးသား ကုမ္မဏီတွေက သူတို့ ဟာ ပေးသုံးပြီး အ၀င်ခံမလဲဆိုတာလေးရယ် ….Satellite တွေ Satellite phone တွေ ဘယ်လို အလုပ်လုပ်လည်းဆိုတာရယ် ..
လုံခြုံရေးအတွက် မပေးနိုင်ပါဆိုရင်တော့ လက်ခံနိုင်သလိုဖြစ်ပေမဲ့ Technically ဆိုတာတော့ လက်ခံလို့မရဘူးဖြစ်နေတယ် ။ ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့နော်………..
Was this answer helpful?
LikeDislikeပုံပြင်တွေစောင့်ရင်းနဲ့ ခုထိ အခွံတောင် မ၀ယ်နိုင်သေးတဲ့ဘ၀ကို အားငယ်မိပြန်တယ်။
Was this answer helpful?
LikeDislike