အင်တာမီလန် အသင်း ဘင်နီတက်ဇ်အား ခေါ်ယူနိုင်ရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့

khinmintatthuJune 2, 20101min550

အင်္ဂလန် အသင်း မန်နေဂျာ ကာပယ်လိုအား ခေါ်ယူမည်ဟု အားလုံးက ထင်မှတ် နေခဲ့ချိန်တွင် အင်တာမီလန် အသင်း တာဝန် ရှိသူများသည် လီဗာပူးလ် အသင်း မန်နေဂျာ ရာဖေးလ် ဘင်နီတက်ဇ်အား ခေါ်ယူရန် ဆက်သွယ် ကြိုးပမ်း ခဲ့သည်ဟု သိရသည်။

နောက်ဆုံး ထွက်ပေါ်နေသည့် သတင်းများ အဆိုအရ အင်တာမီလန် အသင်းသည် ဘင်နီတက်ဇ်အား နည်းပြသစ် အဖြစ် ခန့်အပ် နိုင်ရန် အတွက် နီးစပ်နေပြီ ဖြစ်ကြောင်း သိရပြီး ဘင်နီတက်ဇ် အနေဖြင့့် မည်ကဲ့သို့ ဆုံးဖြတ်မည် ဆိုသည်အား စောင့်ဆိုင်း နေရခြင်း ဖြစ်သည်။

အင်တာ ဥက္ကဋ္ဌ မိုရက်တီက “ဘင်နီတက်ဇ်ဟာ အရမ်းတော်တဲ့ နည်းပြ အဖြစ် ကျွန်တော် အမြဲ အသိအမှတ် ပြုထားတဲ့ မန်နေဂျာ တစ်ဦးပါ” ဟု ထုတ်ဖော် ပြောကြားခဲ့သည်။ အသင်းနှင့် နီးစပ်သူ တစ်ဦးကမူ “အင်တာဟာ အားလုံးက ကာပယ်လိုကို နည်းပြသစ် အဖြစ် ခန့်မယ်လို့ တွေးနေတာကို ကျေနပ် နေခဲ့တာပါ။ ဒါမှ သူတို့ တကယ် လိုချင်တဲ့ ဘင်နီတက်ဇ်ကို လူတွေက စိတ်ဝင်စားမှု လျော့ကျ သွားမှာမို့ပါ” ဟု ဆိုခဲ့သည်။

သို့သော် အင်တာမီလန် အသင်းသည် ဘင်နီတက်ဇ်၏ လက်ရှိ လစာ တစ်နှစ် ပေါင် ၄.၅သန်းအား ၂ဆပေး ကမ်းလှမ်းမှုအား ပယ်ချ ခံရမည်ကို စိုးရိမ် နေရဆဲ ဖြစ်သည်ဟု သိရသည်။ ယခင် နည်းပြဖြစ်သူ မော်ရင်ဟိုကလည်း “အင်တာရဲ့ နည်းပြသစ် အတွက် ကျွန်တော် ဖလား ၃လုံး အရယူပေးခဲ့ပြီး လက်ဆောင် အဖြစ် ချန်ထားခဲ့ပါတယ်” ဟု ဆိုခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ အတွင်းလူ တစ်ဦးက “ဂျို့စ် (မော်ရင်ဟို)ထက် ပိုပြီး ရာဖာ (ဘင်နီတက်ဇ်)က ဘာများ ပိုလုပ် ပြနိုင်မှာမို့လဲ? သူ့ထက် ကျသွားဖို့ပဲ ရှိပါတယ်” ဟု သုံးသပ် ပြောကြားခဲ့သည်။