ရွှေပြည်တံခွန်ကုမ္ပဏီ၏ သတင်းစာရှင်းလင်းပွဲနောက်ဆက်တွဲ

amatminJanuary 30, 20121min20237

ဒီကနေ့ ၃၀.၁.၂၀၁၂ ကုန်သည်ကြီးများဟိုတယ်မှာ လုပ်သွားတဲ့ရွှေပြည်တံခွန်ကုမ္ပဏီက

၅၀၀ဝ တန်ဆင်းကဒ်ထုတ်ပြီး ဆက်သွယ်ရေးစနစ်အဆင်ပြေစေရမယ်လို့ကြွေးကြော်ထား ပြီး

သူလုပ်မဲ့ တယ်လီဖုန်းဆင်းကဒ်နဲ့ ပက်သက်တဲ့နောက်ထပ်ကြေညာချက်တခုပါ

စာဖတ်သူအတွက်အပ်ဒိတ်လည်းဖြစ်လောက်ပြီး နောက်ဆက်တွဲအနေနဲ့

သူတို့ဘာဆက်လုပ်မလဲလို့ စိ်တ်ဝင်စားနေကြသူလည်းအတော်များမှာမို့

thevoice ဂျာနယ်ကနေဖတ်ရတာလေးကိုသတင်းပို့စ်အနေနဲ့ပြန်တင်ပေးပါတယ်..

ရွှေပြည်တံခွန်အနေ နဲ့ကြေညာချက်တွေနဲ့တင်ပြီးမသွားဘဲ တကယ်လက်တွေ့လုပ်ဆောင်မှာကိုလဲ မျှော်လင့်ပါတယ်။

အောက်မှာတော့ သူတို့ ရဲ့ကြေညာချက် အသေးစိတ်ပါ…

 

မူရင်းသတင်းက The Voice Weekly ပါ။

37 comments

  • စိန်ပေါက်ပေါက်

    January 30, 2012 at 5:09 pm

    ကြိုက်ဘီဗျာ
    ဒါပေမဲ့
    ရလာမှသာ ရလာတယ်..သူတို ့ တစ်ကယ်လုပ်နိုင်ခဲ့တယ်ဆိုပြီး ချီးကျူးတော့မယ်..
    ခုတော့ ဘာမသိညာမသိနဲ ့ ရမ်းသမ်း ကျေးဇူးလဲ မတင် အပြစ်လဲ မဆိုချင်ပါကြောင်း

  • kotun winlatt

    January 30, 2012 at 5:38 pm

    အင်းးးးးး
    ဟုတ်ပါ့ ကပေါက်ဖော်ရေ…
    ရလာမှ ကျေးဇူးးတင်တယ်ပဲ ပြောတော့မယ်…
    မရခင်တော့ ဘာဖြစ်တယ်
    ညာဖြစ်တယ်… ဆိုပီးး အပြစ်တွေပြောမနေတော့ပါဘူးးးးး

    • zarlay

      February 1, 2012 at 2:45 pm

      အိမ်မက်တွေ မက်ခိုင်းနေပြန်ပြီနော်

  • Thel Nu Aye

    January 30, 2012 at 8:24 pm

    ရွှေပြည်တံခွန်ရေအခုလောက်ရောက်မှတော့နောက်မဆုတ်နဲ့တော့နော်။ အားပေးနေတယ်။ ဝယ်မလို့ရှေ့ဆုံးကတန်းစီထားတယ်။ အနားရောက်မှကုန်ပြီလုပ်ရဘူးနော်။

  • windtalker

    January 30, 2012 at 8:52 pm

    အစီအစဉ်တော့ ရှိထားပြီးပြီပေါ့နော်
    လုပ်ခွင့်သာ ရခဲ့မယ် ဆိုရင်ပေါ့နော်
    ပေါ့နော် လေးနော် အေးနော်

  • MTY

    January 30, 2012 at 9:49 pm

    မလွယ်လှဘူးထင်ပါတယ်။တစ်ကယ်ဖြစ်မှဘဲ..??????

  • amatmin

    January 31, 2012 at 2:24 am

    အပေါ်က ဆရာသမားတွေရဲ့ ကွန်မန့်တွေအတွက်ကျေးဇူးပါဗျ..
    ကြေညာချက်အသေးစိတ်က ပုံဆိုဒ်အနည်းငယ်သေးသွားတာ
    တောင်းပန်ပါတယ် နော်.. 🙂

  • kanjosan

    January 31, 2012 at 7:43 am

    တကယ်ဖြစ်လာရင်တော့ ဆိုက်ကားသမား အမှိုက်တွန်းလှည်းသမား အောက်ခြေဝန်ထမ်းတွေပါ အသုံးပြုနိုင်လို့ ဆက်သွယ်ရေးပိုပြီးလွယ်ကူလာမှာ… ဆိုက်ကားငှားခြင်ရင်တောင် ဖုန်းနဲ့ ဆိုက်ကားဆရာကို လှမ်းခေါ်တာတို့ … ဈေးသည်ကို ဖုန်းနဲ့လှမ်းခေါ်ပြီး ဝယ်တာတို့ဖြစ်ရင်ဖြစ်လာမှာ… ဟီး၂ လျှောက်ပြောကြည်တာ။ ။ မြန်မာပြည်ကလူတွေက ဖုန်းကို ဇိမ်ခံပစည်းတစ်ခုလို သဘောထားနေတာ… ၅ သိန်းတန်ဖုန်းတုန်းကလည်း ဝယ်လိုက်ကြတာဘဲ… အခုလည်း CDMA ငါးသိန်းတန်ဖုန်း အပြင်ဈေးကွက် နံပတ်ထပ်ပြီးကောင်းရင် ၆ သိန်းနဲ့ ပေးဝယ်တယ်တဲ့… ဆက်သွယ်ရေးက ၃၀၀၀၀ဝ နီးပါးနဲ့ချပေးမယ်ဆိုတော့လည်း စောင့်ပြီးဝယ်မဲ့သူတွေ ရှိနေတယ်… ဒီထက်ဈေးနည်းတဲ့ ၅၀၀ဝ တန်ကျတော့လည်း အောက်ခြေဝန်ထမ်းတွေရော အားလုံးက မျှော်လင့်နေကြတာ… ဖြစ်နိုင်ရင်တော့ ဖုန်းဖိုးရော တစ်မိနစ်ကျသင့်ငွေရောကို သူများနိုင်ငံတွေနည်းတူ ဈေးကျရင်ကောင်းတာပေါ့.. အဲ့ဒီအတိုင်း ဘယ်တော့ဖြစ်လာမလဲ ဆိုတာကတော့.. မကြာမှီလာမည် မျှော်ဆိုတာလိုဖြစ်နေပြီ….

    • မိုက်ကယ်ဂျော်နီအောင်ပု

      February 1, 2012 at 12:21 am

      ခင်ဗျားပြောတာကို သဘောပေါက်ပါတယ်
      လူသားတွေရဲ့ လွပ်လပ်တဲ့ မျှော်လင့်ချက်ကို @#$% စောက်ခွက်ပျောင်တာ
      ကန့်ကွက်တယ်
      သူတစ်ပါးတွေရဲ့ မျှော်လင့်ချက်တွေကြောင့် ရလာမဲ့ အခွင့်ရေးကို ခင်ဗျားခံစားရင်
      ခင်ဗျားအသေဆိုးနဲ့သေပါစေ

      • amatmin

        February 1, 2012 at 11:09 am

        ဘပုရေ.
        သဂျီးဝင်ဖျက်ပေး သွားပေလို့ပေါ့ဗျာ..နို့မို့အခက်သား..
        မန့်တာက ဆိုလိုရင်းကိုကွက်တိရောက်ပေမဲ့.သိပ်ပြင်းလွန်းတော့ 🙁
        ကျနော်တခုတ်တရပြန်ပြောရရင်တော့ အမေနဲ့ပက်သက်ပြီး.
        ဘပုမန့်ခဲ့တာလေးက ကျနော့ ကိုအမြဲသတိပေးနေသလို..
        အဲလိုမန့်ခဲ့တာကကျနော့အဖို့တော့ ပိုနားဝင်ခဲ့သလို.လေးစားမှုလဲဖြစ်ခဲ့ပါတယ်..
        ဒါနဲ့.ကျနော်တို့အားလုံးတူညီစွာ မကြိုက်ကြမဲ့အရာတခုကတော့ အခွင့်ထူးခံနေခြင်းပါ..
        ဒါကြောင့်လည်းအခွင့်အရေးပိုယူချင်သူ ရနေသူတွေ(အထူးသဖြင့်အုပ်ချုပ်သူများ)အပေါ်မှာ
        ဒီရွာကနေပဲ နိုင်သလောက်ဝိုင်းလက်ညှိုးထိုး.ကန့်ကွက်နေကြတာပေါ့…
        တဆက်တည်းပြောရရင်.လူတိုင်းမလုပ်ကြပါနဲ့လို့ သတ်မှတ်ချက်တခုကို.
        ချိုးဖောက်ခွင့်ရနေသူတွေကို အခွင့်ထူးခံလို့သတ်မှတ်ထားတယ်ဆိုရင်အဲဒီချိုးဖောက်နေသူဟာ
        မိုးပျံအောင်တော်နေပါစေ.. သူ့စိတ်ဓါတ် လုပ်ရပ်ကို မေးခွန်းထုတ်ရပါမယ်..
        .ကျနော်လေးစားရတဲ့သူတွေကို အဆိုးဘက်အလေးမသာစေချင်ပါဘူး..

  • ကြောင်လတ်လေး

    January 31, 2012 at 8:00 am

    မနေ့ကပဲ ဆက်သွာ်ရေးရဲ့ ဥဆောင့် ညွန်ကြားရေးမှူးကထုတ်တဲ့( မဖြစ်နိုင်သေးဘူး) အစိပ္ပါယ်ရတဲ့စာကို မြန်မာတစ်နိုင်ငံလုံးလိုက် ကြောညာစာရွက်တွေကပ်နေပါတယ်ခင်ဗျာ။

  • ကြောင်လတ်လေး

    January 31, 2012 at 8:01 am

    မွှားသွားလို့ တတင်းအချက်အလက်နဲ့နည်းပညာဌာနကထုတ်တာပါခင်ဗျာ။

  • chityimhtoo

    January 31, 2012 at 9:55 am

    ဟုတ်တယ်။တစ်နေ့က webpage ခေါ်လိုက်တော့ ကြေငြာစာတမ်းတွေ့တယ်။ရွှေပြည်တံခွန်ကုမ္မဏီက
    ပြည်သူတွေ လူတိုင်းအဆင်ပြေအောင် ကြိုးစားပြီးလုပ်ပေးနေတာ ဒီဆက်သွယ်ရေးကဘာကြောင့်
    ကန့်လန့်ခံနေရတာလည်း။ရွှေပြည်တံခွန်ကဘဲ နည်းပညာအခက်အခဲမရှိစေရဘူးတာဝန်ယူပါတယ်
    ပြောထားတာ ဆက်သွယ်ရေးကသူတို့မစားရလို့ သဲနဲ့ပက်နေတာလား။သက်ဆိုင်ရာဝန်ကြီးတွေ
    မရှက်ကျဘူးလားမသိဘူး။ပြည်သူတွေအပေါ်စေတနာမရှိဘူးလား။ဒီလောက်စားနေကျရတာတော်
    ပါပြီဗျာ ပြည်သူတွေကိုမျှော်လင့်ချက်လေးပေးလိုက်ပါ။

  • koyinmaung

    January 31, 2012 at 10:15 am

    ဖြစ်နိုင်တဲ့ကိစ္စပါ….
    သုံးတဲ့သူများလေဝန်ဆောင်မှုပေးတဲ့သူ
    တွက်ချေကိုက်လေမဟုတ်လား…
    အားပေးပါတယ်….

  • htoosan

    January 31, 2012 at 10:18 am

    မှတ်ပုံတင် တွေ အများကြီး လုပ်ထားဦးမှ …. :mrgreen:

  • john thang

    January 31, 2012 at 10:43 am

    အိမ်နီးချင်း နိုင်ငံတွေမှာတောင်ရနေတဲ့ဟာ၊ ဘာလို့မရမှာလဲ။

  • john thang

    January 31, 2012 at 10:58 am

    သူတို့ရောင်းမဲ့ ၂သိန်းခွဲဆိုတဲ့ အမြတ်ကြီးစားထားတဲ့ကဒ်တွေတောင် ၅၀၀ဝ မဟုတ်ဘူး ၂၀၀ဝ နဲ့ရောင်းချင်ရင် တောင်ရတယ်။

    အားလုံးနားလည်ကြပါ။ ၂ သိန်း ၃သိန်း နဲ့လုံးဝမဝယ်ပါနဲ့။

  • intro

    January 31, 2012 at 11:19 am

    မပူနဲ့ ရွှေပြည်တံခွန်ဘက်မှာလူတွေအများကြီးရှိတယ်…. 🙂

  • chityimhtoo

    January 31, 2012 at 12:19 pm

    ဖြစ်နိုင်ပါတယ်ဗျ သူတို့ sim card တစ်ကဒ်လုပ်ခက ၃၀ဝဘဲရှိတယ်။ဖုန်းခေါ်ဆိုခနှုန်းမှာရမယ်။၃နှစ်လောက်ဆိုသူတို့ရင်းနှီးတဲ့ပမာဏပြန်ရနိုင်တယ်လို့တော့
    ပြောကျတာဘဲ။

  • Potter Herry

    January 31, 2012 at 12:41 pm

    မြန်မာပြည်ရောက် နိုင်ငံခြားဧည့်သည်များ အမြန်ဆုံး အတတ်လွယ်ဆုံး မြန်မာစကား တခွန်းရှိပါတယ်….. အဲ့ဒါ..
    ‘ ဟယ်လို ကြားလား ကြားလား ကြားလား ကြားရလား ‘…..

  • mggwa

    January 31, 2012 at 1:45 pm

    မြန်မာ့ဆက်သွယ်ရေးက အင်ဂျင်နီယာများက သူတို့သိထားတဲ့ နည်းပညာအရ မဖြစ်နိုင်ဘူးထင်ရင် လုပ်လို့ရတယ်လို့ ပြောဆိုနေတဲ့ ရွှေပြည်တံခွန်ကုမ္ပဏီရဲ့တင်ပြထားတဲ့ project ကို ဒီမိုကရေစီဈေးကွက်စီးပွားရေးအရ လုပ်ဆောင်ခွင့်ပေးသင့်ပါတယ်။

    သူရှုံးရင် သူခံပါလိမ့်မယ်။ သူမြတ်ရင် သူစံပါလိမ့်မယ်။
    သူမဟုတ်တာလုပ်ရင် သူအရေးယူခံရပါလိမ့်မယ်။
    ဈေးကွက်စီးပွားရေးအရ မြန်မာ့ဆက်သွယ်ရေးဌာနနှင့် ကုမ္ပဏီများဟာ ဈေးပြိုင်၊ နည်းပညာပြိုင်ဆိုင်မှုများဖြင့် ပြည်သူများသုံးစွဲမှု ပိုမိုလွယ်ကူအောင် လုပ်ဆောင်ကြရမှာပါ။

    မြန်မာ့ဆက်သွယ်ရေးက အင်ဂျင်နီယာများက လုပ်ဆောင်ခွင့် မပြုတာသည် မိမိလည်မလုပ်တတ်၊ လုပ်မည့်သူကိုလည်း ပေးမလုပ်ချင်တဲ့ လူ့လွယ်အိတ်လို ဘေးတိုက်ကန့်လန့် လုပ်နေသော လုပ်ရပ်ဖြစ်နေပေသည်။

    အနည်းဆုံးတော့ သူ့ကုမ္ပဏီက ထုတ်သော ဖုန်းအချင်းချင်းပဲပြောလို့ရပါစေ ဒီဈေးလောက်နဲ့ တစ်ဦးကို တစ်ဦးဆက်သွယ်ဖို့ ရသွားမှာကို ပြည်သူ့များအကျိုးကြည့်ပြီး ဝမ်းမြောက်ဝမ်းသာ အားပေးရမှာပါ။

    ဒို့မြန်မာများ သဘောထားကြီးနိုင်ကြပါစေ။
    သဘောထားကြီးမှ တိုးတက်မှာ။
    (ခေတ်မှီ ဖွံ့ဖြိးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့)

  • Wai Phyo

    January 31, 2012 at 2:31 pm

    စီးပွားရေးဈေးကွက်အရ လုပ်နိုင်ရင်လုပ်လေ မလုပ်နိုင်ဘေးဖယ်ဒိုးတော့ ဒါသဘာဝပဲ။
    ဆိုနီက ပစ္စည်းသစ်ထုတ်လို့ တိုရှီဘာက မထုတ်နိုင်ရင် ဘေးမှာထိုင်နေ ဒါစီးပွားရေးပဲ။5000တန်ဖုန်းထုတ်နိုင်တယ် မထုတ်နိုင်တဲ့ကောင် ဘေးထိုင်နေလေ။ ဒါကသဘောတရားပဲ ကမ္ဘာပေါ်မှာနေတဲ့ လူဆိုတဲ့ သတ္တဝါတိုင်းလက်ခံတဲ့ သဘောတရားပဲ။ ကိုယ်ပဲ လုပ်မယ် ကိုယ့်ထက်သာသွားရင်လိုက်ပိတ်မယ် မရရင်ကိုယ်နဲ့ တည့်တဲ့ (အမျိုးတူတဲ့) ကောင်တွေခေါ်ပီး အဖွဲ့နဲ့ဖြဲမယ် ………..ဒါတွေက လူလုပ်တဲ့ အလုပ်မျိုးမဟုတ်ဘူး ။တိရိစာ္ဆန်တွေ အတိုင်းပဲ ။ 5000တန်ဖုန်းထုတ် လို့ ကိုယ်မကျေနပ်ရင် 3000တန် နဲ့ ပြောလို့ရမယ့်နည်းပညာလိုက်ရှာပေါ့။ဒါမှန်ကန်သောယှဉ်ပြိုင်ခြင်းပေါ့ ။ခင်ဗျားတို့ညစ်ပတ်တာတွေ ဒီမိုကရေစီနိုင်ငံဆီသယ်မလာ ပါနဲ့တော့။စစ်အစိုးရခေတ်ကကုန်သွားပီ။မှန်ကန်သောယှဉ်ပြိုင်မှာတွေဖြစ်မှ မြန်မာနိုင်ငံက တိုးတက်လာမှာပေါ့။အရင်ကလို သူများတက်လာပီဆို ရိုက်ချတတ်တဲ့ ခင်ဗျားတို့ အကျင့်တွေပြင်သင့်နေပီ …………………။သတ္တိရှိရင် ပြည်သူ့ဆန္ဒကို မဲခွဲ ကြည့်လေ။ မင်းတို့ မျိုးတောင်ကန်းသွားမယ်။(မင်းဆိုတာဘယ်သူ့ပြောမှန်းသိပီးသားဖြစ်မှာပါ)

  • ဆူး

    January 31, 2012 at 4:05 pm

    တကယ် လက်တွေ့ ၅၀၀ဝ နဲ့ ရတဲ့အခါ တခြား ကုမ္ပဏီတွေကလည်း အပြိုင် လိုက်ရောင်းခွင့်ရနေရင်တော့ အမျိုးသားရေး စိတ်ဓါတ်လိုပဲ သဘောထားပြီး ရွှေပြည်တံခွန်ကပဲ အားပေးပေးမယ်။
    တဲ့တဲ့ ရင်ဆိုင်ရဲတဲ့ သတ္တိကို သဘောကျလို့ပါ။

  • Phaung Phaung

    January 31, 2012 at 4:36 pm

    Waiphyo ပြောတာကို အပြည့်အဝထောက်ခံပါသည်။

  • Mr. MarGa

    January 31, 2012 at 6:48 pm

    ပြောတာတွေကတော့ စုံနေတာပဲ
    အခု အဲဒီကုမ္ပဏီက ဆက်သွယ်ရေးနဲ.ပေါင်းမယ်လို.ပြောတယ်
    မပေါင်းလို.တော့မရဘူးထင်တယ်
    ပေါင်းမှ အခြေခံအဆောက်အအုံတွေသုံးခွင့် ရ မှာလေ
    စဉ်းစားစရာက
    အဲဒီအချိန်ကျရင် ဆက်သွယ်ရေးက ဈေးသတ်မှတ်မယ်ထင်တယ်
    ငါးထောင်ထက်တော့ များနိုင်တယ်

  • tree

    January 31, 2012 at 8:13 pm

    ကြိုးစားထား ရွှေပြည်တံခွန်လိုပြောချင်ပါတယ် ဖြစ်အောင် လုပ်ပြလိုက်စမ်းပါ ။ မမြင်ဖူးတဲ့လူတွေကို (ဆက်သွယ်ရေးကိုပြောပါတယ်)

  • the best

    February 1, 2012 at 12:07 am

    ရွှေပြည်တံခွန် ၅၀၀ဝ တန် ဆင်းမ်ကဒ်ဟာ နည်းပညာ အရ လောလောဆယ် မဖြစ်နိုင်ဘူးလို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတွေက SKYNET UP TO DATE channel မှာ ရှင်းလိုက်ပါပြီ ။
    ဘယ်လိုလဲ ဦးလွင်နိုင်ဦး ?
    မြန်မာ့ဆက်သွယ်ရေး မှာ ရွှေပြည်တံခွန်ကုမ္ပဏီ လို နည်းပညာတတ် မရှိတာလား ။ မြန်မာ့ဆက်သွယ်ရေးက ဖုန်းတွေ အင်တာနက်လိုင်းတွေ ဆက်မရ ခဏခဏ ခေါ်ရခက်တာ.. ဒေတာပို့တာကြပ်ကုန်တာ ဖြစ်ခဲ့တာ တွေ ဟာ မြန်မာ့ဆက်သွယ်ရေး တာဝန်ရှိသူတွေ ရဲ့ နည်းပညာ လို့ပဲ ယူဆလိုက်ပါမယ် ။
    ဒီလိုဆိုရင်တော့ တိုင်းပြည်ကတိုးတက်ဖို့ဝေးနေဦးမှာပဲ… မြန်မာပြည်သူတွေဟာ မြန်မာ့ဆက်သွယ်ရေး ရဲ့ သားကောင်တွေလား ။ မြန်မာပြည်သူတွေဟာ မြန်မာ့ဆက်သွယ်ရေး ရဲ့ ဒဏ်ကို ခံနေကြရတာပါ။
    ရွှေပြည်တံခွန်ကုမ္မဏီ နဲ့ မြန်မာ့ဆက်သွယ်ရေး တွေ့ပြီး ဥပဒေအရ ရှင်းလိုက်ပါ ။
    ဆက်သွယ်ရေးကလုပ်စားနေတာ လား ။ ရွှေပြည်တံခွန်ကုမ္မဏီ ကလုပ်စားနေတာ လား ။
    အဲဒီလိုပုံစံအတိုင်းသွားနေ ရင် ဒုံရင်းကဒုံရင်း ပါ။
    ပြည်သူတွေ အလကားနေရင်း လှုတ်လှုတ် လှုတ်လှုတ် ဖြစ်အောင် ဆွပေးနေတာ လား ။
    တိုင်းပြည်ခေါင်းဆောင်တွေ ဘာမှလုပ်မပေးနိုင်ဘူး လား ။ တိုင်းပြည်ခေါင်းဆောင်တွေ မသိဘဲတော့မနေပါဘူး ။ မသိချင်ယောင်ဆောင်နေတာလား၊ ပြည်သူ့ဆန္ဒ္ဒ္ဒကို အမြဲအလေးထားသင့်ပါတယ် ။ မြန်မာပြည်သူတွေ မတရား ခံနေကြရတာ ပါတယ်။
    နိဂုံးချုပ်ရင် ဂျာနယ်တွေ ကံကောင်း ကြ ပါတယ် ။

  • Lwin Aung

    February 1, 2012 at 11:46 am

    I fully backup with Shwepyitakon because it is fair price compare with Lao, Cambodia, Thailand and India.
    All partners with Telecommunication are taking a not simple profits ( Mobile Phone and connection ) for a decade.

  • laypai

    February 1, 2012 at 3:55 pm

    ၅ ထောင် နဲ့ အနိမ့်ဆုံး ၃ သိန်း ဆို ရင်တောင် အဆ ၆ဝ ကွာတယ်။
    ရွှေပြည်တံခွန်ကသာ တကယ် လုပ်နိုင်ရင် မြန်မာ့ဆက်သွယ်ရေး ရေ ပြည်သူတွေ ကို ဘယ်လိုတောင်းပန်ရမလဲ ဆိုတာကိုသာ ပြင်ဆင်ထားပေတော့။

  • win win

    February 1, 2012 at 4:48 pm

    ၅၀၀ဝ တန် sim card ပဲ အားလုုံးကိုုင်လိုုက်ရင် MPT network ထဲမည်သူမှ ဝင်ရောက်ဆက်သွယ်စရာ မလိုုတော့ဘူးပေါ့။လူတန်းစားအများစုု ဝင်ငွေနှင့်လည်း ကိုုက်ညီပါတယ်။အားလုုံးဝိုုင်းဝန်းပြီး ဖြစ်မြောက်အောင် တိုုက်တွန်းစေချင်ပါသည်။

  • kosharshi

    February 1, 2012 at 7:17 pm

    ရွှေပြည်တံခွန်ရေ .. ယုံရမှာလား ၅၀၀ဝ တန်ဖုန်း.. ဘယ်တော့လဲဟင်.. မတ်လလောက်ကိုစတင်မိတ်ဆက်တော့မယ်ဆိုတော့ .. Network ကြီးကတော့ခုလောက်ဆို တော်တော်တည်ဆောက်ပြီးလောက်ပြီပေါ့..ဘယ်နားမှာဆောက်နေပြီလဲဟင်..လေထဲမှာဆောက်နေတာဆိုရင်တော့ .. လေနောက်ပါသွားဦးမယ်နော..မစားရတဲ့အမဲ သဲနဲ့ပက်ဆိုသလို ဆက်သွယ်ရေးနဲ့ .. ရွှေပြပြည်တံခွန် ဘယ်သူက ပက်တာလဲဟင်.. ပက်သူကာယကံရှင်များသာ သိမှာပေါ့ ..ဘာပြောပြော ဂျာနယ်တွေတော့ ရောင်းလို့ ကောင်းမှကောင်း … ဂျာနယ်ဝယ်ဖတ်ရတာ ဖုန်း ၃ လုံးဘိုးလောက်(၅၀၀ဝ တန်)ကုန်သွားပြီ.. ဟီ ဟီ ဟီ….

  • အင်းဗျ။လူတန်းစေ့ကိုင်ဆောင်နိုင်မှာကို မနာလိုဖြစ်နေတဲ့လူတစ်စုလဲရှိနေတယ်နေမှာပေါ့။
    သူတို ့ဘဲဖုန်းကိုင်မယ်၊ဖုန်းတွေဟာ မတူမတန်သလို လုပ်နေတဲ့ပုံပါဘဲဗျာ။ရွှေပြည်တံခွန်က
    အာမခံနေတာကို လုပ်ခိုင်းလိုက်ရင် ပြီးရောပေါ့။

  • Loverlay True

    February 2, 2012 at 2:06 pm

    ချကွာ..တွယ်ကွာ..တုတ်ကွှာ..အုပ်ကွာ..အဟိဟိ..
    အဲဒီအထည်းမှာ နာအပါဝူး… အနောက်ကပဲနေမယ်..
    ဘာပဲဖြစ်ဖြစ်…ရွှေပြည်တံခွန်ကိုပဲ အားပေးမယ်..
    တို့မြန်မာပြည်မှာက ဖုန်းလေးခါးကြားညှပ်ခဲ့ရင်
    ဆောင့်ကြွားကြွားနဲ့ကြည့်လို့ကိုမရဘူး..
    လူတိုင်းမကိုင်နိုင်ဘူးဆိုတဲ့အထာနဲ့..ဟင်းဟင်း..
    ကြည့်ထားရွှေပြည်တံခွန်ကလုပ်ပြလိမ့်မယ်..
    တောင့်ထားကွ…ရွှေပြည်ကြီးရ…။

  • DEPARKO DEPARKO

    February 3, 2012 at 12:09 pm

    လိုချင်တဲ့လူရှိနေလို့ ဈေးခေါ်လို့ရတာ ဘယ်သူမှမယူရင်တန်ဘိုးသတ်မှတ်လို့ရမှာမဟုတ်ဘူး ရွှေပြည်တံခွန်ရေ မင်းနောက်မှာ တစ်နိုင်ငံလုံးရှိတယ် ငါတို့လိုဝန်ထမ်းတွေအပါအဝင်ဘဲ လောကကြီးမှာ မဟုတ်တာလုပ်နေတဲ့သူတွေကိုအားပေးအားမြှောက်ပြုနေလို့ကတော့ တစ်ချိန်မှာပျက်စီးသွာမှာအသေအချာဘဲ။ တောင့်ခံထားကွ

  • demon phyi

    February 6, 2012 at 1:44 pm

    ရွှေပြည်တံခွန်ရေ.
    ၅၀၀ဝ တန်ဖုန်းကိုအပြည့်အဝထောက်ခံပါတယ်ဗျာ..နောက်မဆုတ်ဘဲ ဆက်လုပ်ဖို့လဲ အားပေးပါတယ်.
    လူတိုင်းဖုန်းကိုင်နိုင်တော့ကောင်းတာပေါ့ဗျာ..
    နိုင်ငံတကာမှာ ၅၀၀ဝ တောင်မတန်တဲ့ဖုန်ူတွေကို ၁၅သိန်း…၅သိန်း..နဲ့ လိမ်ရောင်းနေတဲ့လူတွေကို လူလိမ်တွေ မှန်းသိသွားအောင်လုပ်ပြလိုက်…အခုတောင် ၃ သိန်းအောက် ဖုန်းတဲ့…ထပ်လိမ်အုံးမလို့…
    သူတို့ကတော့ပြည်သူတွေကိုရသလောက် လိမ်အုံးမှာ…ထပ်ပြီးအလိမ်မခံတော့ဘူး..၅၀၀ဝ တန်လေးပဲစောင့်တော့မယ်..ရအောင်တော့ကြိုးစားပါဗျာ……အားပေးပါတယ်……:D

    ပြည်သူတွေထောက်ခံပေးပါဆိုရင်လည်း….Company လိပ်စာသာပေး…ချက်ခြင်းလာထောက်ခံပေးမယ်

  • နတ်ဆိုးလေး

    February 15, 2012 at 6:08 pm

    အပေါင်းအသင်းတို့ရေ ထာဝရ ရဲ့ ပိုစ့် ကို ဖတ်ကြည့်ကြပါအုံး အဲ့ အတိုင်းဆို အားလုံးက စဉ်းစားစရာတွေဖြစ်ကုန်ပြီနော် …..ဖြစ်နိုင်ရင်တော့ ကြိုဆိုပါတယ်…..အားလုံးသော ပြည်သူတွေကလဲ စောင့်မျှော်နေကြပါတယ်

Leave a Reply