ပျက်လုံး ဖျက်လုံး မရှက်ဆုံး

DEPARKO DEPARKOJanuary 31, 20121min20312

တစ်လောက ကျွန်တော်တို့မရမ်းကုန်းမြို့နယ် ( ၆ ) ရပ်ကွက်မှာ ၂၇-၁-၂၀၁၂ ရက်နေ့ စာပေဟောပြောပွဲ ကျင်းပတယ်။
ကျွန်တော့်ရင်ထဲမှာ ဟောပြောပွဲမစခင်အချိန်ထိ ပီတိတွေတစ်လှေကြီးနဲ့ပါ၊ ကျွန်တော်တို့လို ရပ်ကွက်မျိုးမှာ စာပေဟောပြောပွဲကို စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်ဖြစ်မြောက်အောင်တာဝန်ယူတဲ့ သူတွေကို ကျေးဇူးတင်ရင်းနဲ့ပေါ့၊ ဟောပြောပွဲမှာ နိုင်ငံတော်က စာပေဆုချီးမြှင့်ခြင်းခံရတဲ့ စာရေးဆရာမ တစ်ဦး စာရေးဆရာ နှစ်ဦးနဲ့ စည်သူဘွဲ့ ချီးမြှင့်ခံရတဲ့ ဆရာကြီး ကိုဂုဏ်ပြုအခန်းအနားပါပါတယ်၊ စာပေဟောပြောပွဲ လဲပြီးရော ဖျော်ဖြေရေးအစီအစဉ်စပါတယ်၊ ပွဲကိုလာတဲ့ ပရိတ်သတ်အများစုဟာ အရွယ်မရောက်သေးတဲ့ကလေးသူငယ် တွေများပါတယ်။ အများစုက ဆယ်နှစ်ဝန်းကျင်မိန်းကလေးငယ်တွေပါ။ သူတို့ဟာ နာမည်ကြီးဟာသ သရုပ်ဆောင်တွေရဲ့ ဖျော်ဖြေမှုကိုလာရောက်အားပေးကြတာပါ၊ ကွင်းထဲမှာ ကလေးပရိတ်သတ်က ပိုများပါတယ်။ ဟာသသရုပ်ဆောင်နဲ့ ကာရာအိုကေစင်တင်ဖျော်ဖြေမှုလဲစရော ကျွန်တော် ကွင်းထဲမှာတောင်မနေနိုင်တော့ဘဲ အိမ်ပြန်ပြေးခဲ့ရပါတယ်၊ ယိုသူမရှက် မြင်သူရှက်ကြောင့်ပါ အိမ်ရောက်ပေမဲ့ ကျယ်လောင်လှတဲ့ ယုတ်ယုတ်ကန်းကန်းပျက်လုံးတွေကို တစ်ညလုံးစိတ်မချမ်းမြေ့စွာနဲ့ ကျွန်တော်ရင်နာခဲ့ရပါတယ်၊ကျွန်တော်နားမလည်တာက ဒီလို စင်ပေါ်မှာ မောင်နဲ့နှစ်မ သားအမိ နားထောင်ဘို့ မသင့်တဲ့ ယုတ်ယုတ်ကန်းကန်း လိင်ဆိုင်ရာ အောက်ပိုင်းပျက်လုံးတွေကို ပျက်ပြတာဟာ အမြင်မတော်တာ သရုပ်ဆောင်ကပြကြတာ ဖက်ရှင်တစ်ခုလား အစကနေအဆုံးထိ တစ်ခြားပျက်လုံးဆိုတာမပါရအောင်ကို လိင်ဆိုင်ရာပျက်လုံးတွေချည်းဘဲပျက်နေတာကို တားမည့်သူမရှိ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေကို သင်ကြားပို့ချနေတဲ့ လိင်ပျက်လုံးဟာသသရုပ်ဆောင်တွေကို ကျွန်တော်လေးစားအံ့ဩခဲ့ရပါတယ်။ ဟာသကြောင့် ကျွန်တော့်နား ပဒါသ မဖြစ်ဘဲ သွားကြည့်မိတဲ့ ကိုယ့်ခြေထောက် ရိုက်ချိုးချင်စိတ်ပေါက်ခဲ့ရတာကို နားလည်ခံစားပေးကြပါလို့၊
ဒီပါကို

12 comments

  • အာချိတိုမိုတို water-melon

    January 30, 2012 at 7:14 pm

    မှန်ပါ့မှန်ပါ့ ပြက်လုံးဆို sex မပါရင်မရတော့ဗျ
    လူတွေက sex ပါမှရယ်တတ်တာ
    မှတ်မှတ်ရရ ပြေတီဦး ဖောင်တေးရှင်းတုန်းကလဲ ညစ်ညမ်းဟာသတွေဘဲဗျ
    မြန်မာပြည်ရဲ့အနုသုခုမ သဘင်ပညာက မထိမ်းနိုင်ရင်တော့ မတွေးရဲစရာဘဲ။

    • ငယ်ငယ်

      January 31, 2012 at 8:42 pm

      ဘယ်စာရေးဆရာတွေလဲ။ နာမည်ပြောပြလိုက်ပါလား။
      သူတို.တောင်ဒီလိုပြောသေးတာပဲနော်။
      ယူတို.ကဘာလို. မပြောရဲတာလဲ။
      စာရေးဆရာနာမည်တွေဖော်ပြလိုက်ပါ။ ။။။။။

  • naywoonni

    January 30, 2012 at 7:44 pm

    ရွာထဲမလဲ ……. နာမယ်ပြောင်းတွေ အကောင့် ပြောင်းတွေလား အသစ်တွေလား မျက်စေ့တောင်လည် လည်လာတယ်…။ များမှများ…။ စာပေဟောပြောပွဲမှာ အဲဒိလိုနည်းနဲ့ ပွဲထိန်းသွားတာက တော့ ဝမ်းနည်းစရာပေပဲ….။ ဒီနှစ်တို့ ဆီမှာ မဖြစ်ရလို့ အသံဖိုင်လေးပဲရရ လိုချင်ပါသည်……။

  • Thel Nu Aye

    January 30, 2012 at 8:27 pm

    အင်းနောက်ဆိုရင်ရုပ်ရှင်ဆင်ဆာအဖွဲ့လို ပြက်လုံးဆင်ဆာအဖွဲ့လို့လဲရှိဖို့လိုလာတော့မှာပေါ့။

  • windtalker

    January 31, 2012 at 7:18 pm

    ဒိုပါကီ ပျိုကညာ မဒီ
    အိုနာသည် ဆိုလာသည်
    ပျုံးလက် ရှုံးမဆက်
    ကျုံးအထွက် ပုန်းအရက်
    ငတုံးမက် ဆုံးဖြတ် ။
    ……………………
    ဘာရယ်ညာရယ် မဟုတ်ပါဘူး
    မော့စ်တို ့မိုးဒီတို ့လို ဝါရင့်ကြီးတွေက အစ “အစိရှည်” ဆိုပြီး ပျက်နေကြမှတော့ ၊ နောင်တက်တဲ့ ရစတား တို ့၊ ဘာတို ့ညာတို ့ကပါ ခြေရာလိုက်ကုန်ကြတော့တာပါဘဲ ။ ဝါရင့်ကြီးတွေကိုယ်တိုင် ပြင်မှ နောင်မျိုးဆက်လဲ ဆင်ခြင်ကြမယ်လို ့ထင်ပါတယ် ။

  • koyinmaung

    February 1, 2012 at 9:26 am

    ရှေ့တုန်းက ဓါတ်စီ ဓါတ်စံ ပျက်လုံးတွေ
    ကလပ်ကြေးမှုံခေါတ်ကပေါက်စီပေါင်မုန့်ပြဇာတ်ပျက်လုံးတွေ
    မြို့တော်ပေါစံ ဦရွှေငါးအစရှိတဲ့လူရွှင်တော်ကြီးတွေရဲ့ပျက်လုံးတွေ
    အမှတ်ရမိပါရဲ့ ခုလိုညစ်ညစ်ညမ်းညမ်းပျက်လုံးတွေမပါဘဲ
    ရယ်ရလွန်းလို့မျက်ရည်ထွက်အောင်ပျက်နိုင်တဲ့လူရွှင်တော်ကြီးတွေပါ
    ခုခေါတ်လူရွှင်တော်တွေလဲအတုယူသင့်ပါတယ်……

  • koyinmaung

    February 1, 2012 at 9:48 am

    ရှေခေါတ်ကဓါတ်စီဓါတ်စံပျက်လုံးတွေ
    ကလပ်ကြေးမှုံခေါတ်က ပေါက်စီပေါင်မုန့်ပြဇာတ်ပျက်လုံးတွေ
    မြို့တော်ပေါစံ ဦးရွှေငါး ဆိုနီ အစရှိတဲ့လူရွှင်တော်ကြီးတွေရဲ့ပျက်လုံးတွေကို
    အမှတ်ရမိပါရဲ့။
    ခုခေါတ်လူရွှင်တော်တွေပျက်တဲ့ညစ်ညစ်ညမ်းညမ်းပျက်လုံးမျိုးမပါဘဲ
    ရယ်ရလွန်းလို့မျက်ရည်ထွက်အောင်ပျက်လုံးထုတ်နိုင်တဲ့လူရွှင်တော်ကြီးတွေပါ
    ခုခေါတ်လူရွှင်တော်များအတုယူသင့်ပါတယ်…..

  • DEPARKO DEPARKO

    February 2, 2012 at 12:25 pm

    နာမည်တင်မကဘူး ဓါတ်ပုံပါဖေါ်ပြပေးပါ့မယ် ကျွန်တော်က တစ်ခုခုလုပ်ရင်ငြင်းမရအောင်လုပ်တတ်တာ ဗွီဒီယိုတောင်ရိုက်ထားသေး

  • apulay

    February 3, 2012 at 10:54 am

    ဖိုက်စတားအဖွဲ့ ကိုပြောတာလား ။

  • ဖိုက်စတားအဖွဲ ့ဘဲနေမယ်ထင်တယ်ဗျာ။စာရေးသူရဲ ့တင်ပြပုံသိပ်ကောင်းလို ့
    အတုယူပါတယ်ဗျာ။မှန်ပါတယ် မြန်မာ့ယဉ်ကျေးမှုကို ပပျောက်အောင်လုပ်နေသူ
    တွေကို အားမပေးသင့်ပါဘူး။ဝိုင်းပြီး ကန် ့ကွက်ရပါမယ်။

Leave a Reply