မယ်ထွေးအသားခါးလှတယ်

DEPARKO DEPARKOJanuary 30, 20121min1025

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ငယ်စဉ်ကလေးဘဝ ကစားနည်းမျိုးစုံရှိခဲ့ပါတယ်။ တိုးတက် ပြောင်းလဲဖြစ်ပေါ်မှုနဲ့အတူကစားနည်းတွေဟာခေတ်နဲ့အညီနေရာဒေသပေါ် လိုက်ပြီးပြောင်းလဲတာရှိသလိုဖွံ့ဖြိုးမှုအားနည်းတဲ့ ကျေးလက်ဒေသအချို့မှာတော့ ရှေးရိုးကစားနည်းတွေရှင်သန်နေတုန်းပါဘဲ။

စိတ်မကောင်းစရာက မြို့ပြနေကလေးငယ်အများစုအတွက် အုပ်စုဖွဲ့ကစားဖို့နေရာမရှိတော့လို့ စည်းလုံးခြင်းညီညွတ်ခြင်းရိုင်းပင်းကူညီခြင်းအစရှိတဲ့ အတူအကွပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့ကစားနည်းတွေဖြစ်တဲ့ ထုတ်ဆီးတိုးခြင်း၊ ဘော်လုံးကန်ခြင်း၊ စိတ်ပြေးတန်းကစားခြင်း၊ လိပ်ဥဖွက်တမ်းကစားခြင်း၊အစရှိတဲ့ ကစားနည်မျိုးစုံကိုအစားထိုးလို့ ကလေးအများစုဟာဂိမ်းဆိုင်၊ ဂိမ်းစက်ကလေးများ၊ မီဒီယာပစ္စည်းများ၊အခြေခံလူတန်းစား ကလေးငယ်များကတော့ ပုံပါသော ကဒ်ပြားများကိုဖိနပ်ဖြင့်ပစ်ပေါက်ကစားခြင်း၊ ကဒ်ပြားများကိုဖဲချပ်ကဲ့သို့ အသုံးပြုကာလောင်းကစားဆန်ဆန်ကစားခြင်းအစရှိတဲ့ကစားနည်းများေ ပြာင်းလဲကစားတာတွေ့ရမှာဖြစ်တယ် အကျိုးဆက်ကတော့ ကလေးငယ်အများစုဟာ တကိုယ်ကောင်းဆန်လာခြင်းဒေါသကြီးလာတတ်ကြခြင်း ရိုင်းစိုင်းလာခြင်းအတူတကွ ပူးပေါင်းဆောင်ရွက်လိုစိတ် အားနည်းလာခြင်းမိန်းကလေးငယ်များမှာလည်းအချိန်မတိုင်ခင် လိင်စိတ်နိုးကြွလာခြင်းတစ်ဦးအပေါ် တစ်ဦးညှာတာစိတ်ကင်းမဲ့လာခြင်း ရုပ်ဝထ္ထုပစ္စည်းများအပေါ် အလွန်အမင်းခင်တွယ်လာခြင်းတို့ကိုတွေ့ရှိရမှာဖြစ်ပါတယ်။

နယ်မြို့များနဲ့ ဖွံ့ဖြိုးမှုနည်းပါးတဲ့ကျေးလက်ဒေသတွေမှာမိန်းကလေးငယ်များဟာ အရွယ်မရောက်ခင် အိမ်ထောင်ပြုကြရတာကိုလည်းစိတ်မကောင်းစွာ ကျွန်တော်တွေ့ခဲ့ရတယ်။

တစ်ချို့ဒေသမှာဆိုဆယ့်သုံးနှစ်အရွယ်တွေတောင် အိမ်ထောင်ကျကြတာတွေ့ရတယ်။ အဓိကကတော့ အရွယ်လွန်ယောက်ကျားတစ်ချို့ရဲ့ တဏှာစိတ်ကြောင့်နဲ့ စီးပွါးရေးအင်အားချို့တဲ့ပြီးပညာမတတ်တဲ့မိဘအချို့ကြောင့်ပါ။ ကလေးသဘာဝ ကစားခုန်လွှားပညာသင်ရမည့် အရွယ်တွေ အိမ်ထောင့်တာဝန်ထမ်းဘို့တော့မဟုတ်ပါဘူး အညှာအတာမဲ့တဲ့ ပုရိသယောက်ကျား ကြီးတွေရဲ့ စိတ်အာသာဖြေဘို့ဆိုတာကိုဘယ်သူမှမငြင်းနိုင်ပါဘူး။ ပြသနာကအဲဒီကလေးတွေရဲ့ အိမ်ထောင်ရေးမထိမ်းသိမ်းနိုင်တာကိုအကြောင်းပြလို့ အဲဒီကယ်တင်ရှင်ဆိုတဲ့ တဏှာအိုးတွေကဘဲ ကလေးတွေရဲ့ဘဝကို နင်းခြေဖျက်ဆီးပြစ်နေကြတယ်။ ဘေးပါတ်ဝန်းကျင်တွေကလဲ ကိုယ်နဲ့မဆိုင်သလိုမသိကျိုးကျွံပြုနေကြတယ်လေ။ ဒါတွေဟာတကယ့်အဖြစ်အပျက်တွေပါ ကလေးတွေကိုကလေးတွေလို့မြင်တတ်ကြဘို့နဲ့ ပါတ်ဝန်းကျင်မှာရှိတဲ့ လူစိတ်ရှိရင် ဒီကိစ္စတွေကိုတားမြစ်ရမှာပါ ဒါဟာကလေးသူငယ် အကြမ်းဖက်မှုမြောက်တဲ့အပြင် မတရားသဖြင့်ကာမရယူမှုမှာအလိုတူအလိုပါ မဖြစ်ဘို့အရေးကြီးပါတယ်။ ဒါကြောင့်မယ်ထွေးအသားခါးလွန်လှပါကြောင်းမောင်းတီးလိုက်ရပါတယ်။

 

ဒီပါကို

5 comments

  • စိန်ပေါက်ပေါက်

    January 30, 2012 at 7:07 pm

    အူးလေးက
    တစ်ထိုင်ထဲနဲ ့ ငါးပုဒ်တောင် ဆွဲထလိုက်တာ
    တော်တော်အားကျဖို ့ကောင်းတယ်ဗျာ
    ကျနော်ဆို ငါးလလောက်နေမှ တစ်ပုဒ်လောက် ရေးတတ်တာဂျ
    ပြီးတော့
    ညာဘက်မှာ စည်းကမ်းလေးတစ်ချက် ဖတ်ကြည့်ပါဦးဂျ
    စာရေးသူများတဲ့အတွက် တစ်နေ ့၂ပုဒ်ပဲ ရေးခွင့်ရှိတယ်ဂျ 😀

    အူးလေးတင်ပြတာကို ဆွေးနွေးရရင်တော့
    ဘဲအိုကြီးတွေက မယ်ထွေးအသားလေးတွေပဲ ချိုတယ်ထင်ပြီး ကြိုက်နေကြတာမိုလို ့
    မယ်ထွေးနဲ ့ မယ်ထွေးမိဘတွေကို ငယ်ငယ်ရွယ်ရွယ်နဲ ့ ဘဲအိုကြီးတွေကို မပေးစားသင့်ကြောင်း ပညာပေးသင့်တယ်ခင်ဗျ
    ကျန်တာတော့ သိတော့ဘူးခင်ည

    • Mလုလင်

      January 30, 2012 at 11:21 pm

      ဦးပေါက် ဖော် ဦးသွားပြီ … တက်ကြွတာ ကောင်းပါတယ်။ ဒါပေမယ့် စည်းကမ်းတကျ တက်ကြွ မယ်ဆို.. ပိုကောင်းမယ် လို့ ထင်ပါတယ်။

  • အာချိတိုမိုတို water-melon

    January 30, 2012 at 7:30 pm

    အင်း ဒီလိုဆိုတော့လဲ
    မယ်ထွေးအသားခါးလှတယ် ချောင်းငယ်ရေနဲ့လည်းမဆေးနိုင်တော့ဘူးပေါ့ဗျာ
    ငယ်ရွယ်ချိန်မှာ ဒီလိုဖြစ်သွားတယ်ဆိုတော့ ဘဝရဲ့ အမဲစက်ကြီးပေါ့
    အင်း အသိပညာချို့တဲ့ခြင်းရဲ့ နောက်ကွယ်
    မြန်မာပြည်ကြီးမှာ ဒီလိုကိစ္စတွေ ဘယ်လောက်များရှိနေမလဲ။

    • naywoonni

      January 30, 2012 at 8:32 pm

      နာလည်းစားကြည့်ချင်တယ် ….။ တစ်ကယ်ခါးလား မခါးဖူးလား သိရအောင်လို့ ခါးရင်တော့ နောက်မစားတော့ပါဘူး …။ တစ်ခါထဲနော်…။ နော်လို့ ….. မြည်းကြည့်ရုံလေးတင်ပါဟာ………… လိမ်မာပါတယ်အာဂျီနိုမိုတိုရယ်………..။

  • DEPARKO DEPARKO

    January 31, 2012 at 5:56 pm

    ပြောချင်ရေးချင်တာတွေ သိပ်များသွားလို့ စည်းကမ်းဖေါက်သလိုဖြစ်သွားတာ ခွင့်လွတ်ကြပါ ၊
    ကျွန်တော်က အင်တာနက်ကို အသုံးပြုလို့ရတဲ့အချိန်က ကန့်သတ်ချက်ရှိလို့ပါ ၊
    အခုလဲခရီးထွက်ရတော့မှာမို့လို့ ပြောချင်တာလေးပြောခွင့်ပြုကြပါ၊
    အားလုံးကို ကျေးဇူးအထူးတင်ပါတယ်
    ဒီပါကို

Leave a Reply