N+ 300112 ဘာသာရေးဓမြတိုက်မှုကြောင့်အကျဉ်းချခံနေရသော ဓမ္မဝိဟာရီဆရာတော်

natureJanuary 30, 20121min21226

ဘာသာရေးဓမြတိုက်မှုကြောင့်အကျဉ်းချခံနေရသောဓမ္မဝိဟာရီဆရာတော် သည် ထေရဝါဒဗုဒ္ဓဘာသာအိမ်ကြီးကို အနုကြမ်းစီး ဓမြတိုက် အပိုင်စီးရန်ခပ်တည်တည် အိမ်ရှေ့တံခါးပေါက်ကို လာခေါက်သဖြင့် အကျဉ်းချခံနေရပြီဖြစ်ပါသည်။ သို့ပါသော်လည်း သူ၏ နောက်လိုက်တပည့်တပန်းများမှာနောင်တရ ကြောက်ရွံ့ခြင်းမရှိပဲ မလျှော့သော်ဇွဲဖြင့် နောက်ဖေးပေါက်မှသော်လည်းကောင်း ၊ ခွေးတိုးပေါက်မှသော်လည်းကောင်း ဆက်လက်ဝင်ရောက်၍ ဓမြတိုက်ရန်မပြတ်ကြံစည်လျှက် ရှိနေကြမြဲဖြစ်ပါသည်။ ပုထုဇဉ် သံဃာများ၏ အားနည်းချက် ပျော့ကွက်များကို ရှာဖွေအပြစ်တင်ရှုပ်ချပြီး ထေရဝါဒကို ယုံကြည်သူများအချင်းချင်း စိတ်ဝမ်းကွဲပြီး ယုံကြည်မှု ပျက်ပြားစေရန် အမျိုးမျိုး သပ်လျှိုသွေးခွဲလျှက်ရှိဆဲဖြစ်ပါသည်။ ထေ၇ဝါဒနှင့် သံဃာမဟာနာယက အဖွဲ့အစည်းကိုလည်း ပြည်သူများအထင်မှားစေရန်အမျိုးမျိုး  ပုတ်ခတ်ဝေဖန် ရန်တိုက်ပေးလျှက်ရှိပါသည်။

ထိုကြောင့်ခွေးမြီးကောက်ကျည်တောက်စွပ်ဆိုသလို နောင်တရခြင်းမရှိပဲ ထေရဝါဒဗုဒ္ဓဘာအား  ဓမြတိုက် အပိုင်စီးရန် ဆက်လက်၍ ကြံစည်နေသော ထေရဝါဒဗုဒ္ဓဘာသာအတွက်အန္တရာယ်ကြီးသော ဓမ္မဝိဟာရီဆရာတော်၏ ကျန်ရှိသောအပေါင်းအပါများကိုပါ အာဏာစက်နှင့် ဓမ္မစက်ပေါင်း ပြီး ဖမ်းဆီးအရေးယူသင့်ပါသည်။ မြွေပွေးဆိုသည်မှာ ခါးပိုက်ပိုုက်ထားရန်မသင့်ပါ။ ယခုအချိန်သည်ထေရဝါဒ အားကောင်းသောအချိန်ဖြစ်သဖြင့် နှိမ်နှင်းရန် သင့်သောအချိန်ပင်ဖြစ်ပါသည်။

ဓမ္မဝိဟာရီဆရာတော်၏ လူ့မြုံးအယူအဆကြီးဖြင့် လူသားများအား သံသရာမှ မလွတ်စေရန်ထောင်ဖမ်း နေပါသဖြင့် ဓ္မဝိဟာရီဆရာတော်အားဖမ်းဆီးထားခြင်းသည် မြန်မာပြည်သူပြည်သားများအား ကယ်တင်ရာရောက်သဖြင့်ကုသိုလ်ရပါသည်။

 

https://myanmargazette.net/90448/creative-writing

 

26 comments

  • captainamerica

    January 31, 2012 at 12:46 am

    သိပ်မှန်တာပေါ့ဗျာ ထောက်ခံပါတယ်။သူတပည့်ကျော်ကြီးတွေကဒီဆိုဒ်ထဲမှာကို
    လူတွေအာရုံနောက်အောင်လိုက်နှောက်နေတုန်းပဲဗျ။ဟိုဆိုဒ်လေးဖတ်လိုက်ပါအုန်း
    ဒီဆိုဒ်လေးဖတ်လိုက်ပါအုန်းနဲ.လူတွေကိုအမျိုးမျိုးလိုက်စည်းရုံးနေတယ်။
    “No men is perfect”ဆိုတဲ့အတိုင်းသံဃာတော်အများစုဟာလူထဲကဖြစ်လာကြတာပါ။
    အမှားကတော့အနည်းနဲ.အများကင်းမှာမဟုတ်ဖူး။အဲဒါကိုသူတို.ကအားနည်းချက်လို.
    မြင်ပီးသံဃာတော်တွေကိုလူထုအကြည်အညိုပျက်အောင်လိုက်လုပ်နေတယ်လို.့မြင်တာပဲ။
    ကျွန်တော်သူတို.ကိုအစကစိတ်ဆိုးတယ်။နောက်ပိုင်းကိုယ်ကဗုဒ္ဒဘာသာဆိုတော့အကုသိုလ်
    ကုသိုလ်ဆိုတာနားလည်နေတော့သူတို.ကိုသနားပဲသနားတော့တယ်။ဗုဒ္ဒဘာသာမှာပဉ္စာနန္ဒိယကံ
    ကအပြစ်အကြီးဆုံးမဟုတ်ဖူး။မိစ္ဆာဒိဌိအယူဝါဒကအပြစ်အကြီးဆုံး။ပဉ္စာနန္ဒိယကံကကမ္ဘာပျက်ရင်
    လွတ်တယ်။မိစ္ဆာဒိဌိအယူသမားကမလွတ်ဖူး။နောက်တစ်ကမ္ဘာကိုပြောင်းပီးဆက်ခံရတယ်။
    ဘာဖြစ်လို.လဲဆိုတော့သူတို. အကုသိုလ်ကအရမ်းကြီးလို.ငရဲသစ်ငုတ်ဖြစ်ရတာ။လူအများစုရဲ.
    သံသရာလွတ်မြောက်ရေးကိုအနှောက်အယှက်ဖြစ်ပီးအယူလွဲစေလို.။ဒါပေမဲ့သူတို.လိုလူစားမျိုးတွေက
    ကြောက်မှာလည်းမဟုတ်ပါဝူး ဘုံခန်းနဲ.မြှောက် ငရဲခန်းနဲ.ခြောက်လို.ပြောမှာဘဲ။လောကမှာဘုရားရှင်
    ခေတ်ဘုရားကိုယ်တိုင်ကတောင်ချွတ်လို.မရတဲ့လူစားမျိုးတွေပေါ်ခဲ့တာပဲ။ သူတို.သေခါနီးလို.ဂတိနမိတ်ပေါ်လာမှဘဲသိရမှာဘဲ။ အဲဒါကတော့ဘယ်သူ. ဘယ်သူမှကြိုမသိဝူး။ကိုယ်တွေ.ကြုံလာမှသိလာမယ့်ကိစ္စတွေဘဲ။

    • mggwa

      January 31, 2012 at 1:56 pm

      “စာရထဘိက္ခဝေ စရိကံ”တဲ့ ဗုဒ္ဓက သူ့တပည့်တွေကို လောကသားတို့ အကျိုးစီးပွားအတွက် လှည့်လည် ဟောပြော (စည်းရုံး) ကြတဲ့။
      အခုလည်း သူတို့ MG ရွာထဲမှာ လောကသားတို့ အကျိုးစီးပွားအတွက် လှည့်လည်ဟောပြောနေတာ ဘာမနာလိုဖြစ်နေရတာလဲ။
      လူတွေဟာ လူညံတွေမဟုတ်ကြပါဘူး။
      သူတို့ဘာသာ သူတို့ တန်ဘိုးသတ်မှတ်သွားမှာပါကွ။
      ကိုယ့်တရားကို်ယ်ယုံရင် အယှဉ်ခံရဲရမယ်လေ။
      ဈေးကွက်စီးပွားရေးခေတ်မှာ အယှဉ်ပြိုင်မခံနိုင်ရင် (ဘာသာရေး) ရွာထဲက ထွက်သွားတာ အကောင်းဆုံးပဲ။
      လူတွေကို ဟိုမလေ့လာနဲ့ ဒီဟာလေ့လာလို့ လိုက်ချုပ်ချယ်နေစရာမလိုပါဘူးကွဲ့။

      လိုချင်နေတာက ဒီမိုကရေစီ လုပ်နေတဲ့ဘာသာရေးက ချုပ်ချယ်မှုအပြည့်နဲ့ ဗဟိုဦးစီး။ ဒီပုံစံနဲ့ကတော့ ဒီမိုကရေစီနဲ့က ဝေး – – – – ။

  • True Answer

    January 31, 2012 at 7:33 am

    မိမိ အယူဝါဒကို လွတ်လပ်စွာ မိမိအမည်ဖြင့် မတင်ပြဘဲ….
    မိမိ အယူဝါဒကို ဗုဒ္ဓအယူဝါဒဖြစ်လေဟန် ….လှည့်စားကောက်ကျစ်ခြင်း၏ ရလာဒ်
    ဗုဒ္ဓဘာသာအားလုံးထဲတွင် ရှေးအကျဆုံးဖြစ်သော
    ဘုရားဟော နှင့် အနီးစပ်ဆုံးဖြစ်သော
    ပြုပြင်ထပ်တိုး အနည်းဆုံးဖြစ်သော
    ထေရဝါဒဗုဒ္ဓဘာသာ ကျမ်းစာများ ကို မှားယွင်းသယောင်
    အပြစ်တင် ပုတ်ခတ်မှုကြောင့်….
    မိမိစေတနာက မိမိကို အကျိုးပေးနေခြင်းဖြစ်ပါသည်။

    (မှတ်ချက်။ ထေရဝါဒဗုဒ္ဓဘာသာ ကျမ်းစာများကို တိုက်ခို်က်နေသော်လည်း မိမိတို့ဝါဒနှင့် လိုသလို ဆွဲပြီးအဓိပ္ပါယ်ဖွင့်လို့ရသော ထေရဝါဒဗုဒ္ဓဘာသာ ကျမ်းစာများထဲမှ စာသားအချို့ကိုမူ အကိုးအကားအဖြစ် လူအများယုံကြည်အောင် ယူပြလေ့ရှိသည်)

  • uzin

    January 31, 2012 at 10:02 am

    nature ဆိုတာ ဒကာလား/ဦးဇင်းလားတော့ မသိပါ။ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်ဆိုတာ ဗုဒ္ဓအဆုံးအမနဲ့ နေသူ၊ နေရမည့်သူတွေပါ။ ဗုဒ္ဓအဆုံးအမမှာ အပိုင်း(၃)ပိုင်းရှိပြီး သီလ၊ သမာဓိ၊ ပညာပါ။ ဒီသုံးပိုင်းမှာ သီလဟာ အရေးအကြီးဆုံးလို့ ပြောလိုပါသည်။ nature အနေနဲ့ ဓမ္မဝိဟာရီ ဆရာတော်ကို မကြိုက်ရင် မကြိုက်တာမှာတင် ရပ်နိုင်အောင်ကြိုးစားပါ။ သူ့ကို ပြန်ပြီး အမုန်းမပွားလိုက်ပါနဲ့၊ အဲဒီအမုန်းဟာ nature ကို ပြန်ပြီး ဒုက္ခပေးပါလိမ့်မယ်။ captainamerica ပြောသလို သူတို့မှားရင် သူတို့မှားတဲ့အတိုင်းဖြစ်ပြီး၊ ထေရဝါဒ ဦးဇင်းတွေမှားရင်လည်း မှားတဲ့သူ ခံရမှာပါပဲ။ ထုတ်ဖော်ပြောဆိုကြတာတော့ လူသားအားလုံးရဲ့ ကိုယ်ပိုင် အခွင့်အရေးပါ။ ဦးဇင်းတို့ စာသင်ရာမှာလည်း အခြားဘာသာအကြောင်းတွေနဲ့ ယှဉ်ပြီးသင်ကြားပေးတာ ခံရပါတယ်။ ဒီလိုယှဉ်ပြတာဟာ မှားတယ်လို့ပြောတာမဟုတ်ပါဘူး။ သူတို့ပြောတာမှာလဲ ယှဉ်ပြပြောဆိုတာ ပါနိုင်ပါတယ်။
    ဒီလိုပြောလို့ သူတို့ဘက်ကလို့တော့ မထင်လိုက်ပါနဲ့၊ ဦးဇင်းတို့ သာသနာရဲ့ အဓိကအားနည်းချက်ဟာ အင်အားကို အားကိုးပြီး ဗုဒ္ဓအဆုံးအမနှင့် မကိုက်ညီသော အချက်များနှင့် တုန့်ပြန်ဖိနှိပ်ခြင်းပဲ ဖြစ်ပါတယ်။

  • ရင်နင့်

    January 31, 2012 at 10:04 am

    ကျွန်တော်ထေရဝါဒ ဘာသာဝင်တစ်ယောက်ပါ ဒီနေ့ကစပြီး မိုးပြာကိုပြောင်းပါတော့မယ်

    • mggwa

      January 31, 2012 at 1:30 pm

      ကိုယ်လည်း မင်းနဲ့ ခပ်ဆင်ဆင်ပဲ။ နဂိုက ဘာဝါဒညာဝါဒတွေ သိပ်စိတ်ဝင်စားတာ မဟုတ်ဘူး။
      ဗုဒ္ဓဟာ သဘာဝကျတဲ့တရားပဲဟောခဲ့တာ။
      ဗုဒ္ဓတရားအပေါ်မှာ သဘာဝကျကျဖွင့်ဆိုပေးရင် ဘယ်သူဖွင့်ဖွင့် ဝါဒစွဲမပါပဲလက်ခံသွားမှာပဲ။
      အခုကထေရဝါဒ တရားလွန်ဝါဒစွဲတွေနဲ့ “ကျားကျား မီးယပ်ပဲ” ဆိုပြီး လုပ်နေကြတော့ ကိုယ်တောင်မိုးပြာကို စွဲရမလိုဖြစ်နေပြီ။
      ဒါပေမယ့် ဗုဒ္ဓကဟောခဲ့တယ်။ အယူဝါဒတစ်ခုခုကို စွဲနေရင် မိစ္ဆာဒိဋ္ဌိ ၆၂-မျိုးထဲက မလွတ်ဘူးတဲ့။
      သို့ကြောင့် ကျွန်ုပ် မောင်ဂွသည် ဗုဒ္ဓတရားအပေါ်တွင် ဝါဒစွဲတွေမပါပဲ လွတ်လပ်စွာလေ့လာနေပေတော့လေသတည်း။

      • nature

        January 31, 2012 at 5:31 pm

        အရင်ထဲက မိုးပြာ မဟုတ်ဘူးလားဗျ ?

        • mggwa

          February 1, 2012 at 4:27 pm

          သဘာဝကျတဲ့တရားဖက်ကနေ သဘာဝမကျတဲ့တရားတွေကို ဝင်ဂွကျတာနဲ့ပဲ မိုးပြာဖြစ်ရရောလား။
          သဘာဝမကျပဲ တစ်ဖက်စောင်းနင်းနဲ့ ပြောနေရင် ထေရဝါဒ မကလို့ ၊ မဟာယာနဖြစ်နေပါစေ၊ နောက်ဆုံးမိုးပြာကိုက သဘာဝမကျတာတွေ ပြောလာရင်တောင် ငါ့အလုပ်က သဘာဝမကျရင်ဝင်ဂွကျရမှာပဲ Natureရဲ့။

          Nature ရေ သူပြော၊ လူပြောအစွဲတွေနဲ့ လမ်းဆုံးမနေနဲ့။ ကိုယ့်နာမည်အတိုင်း သဘာဝမကျရင် ရဲရဲကြီးကို လက်မခံနဲ့ကွာ၊ ဒါမှ Nature ဆိုတဲ့ နာမည်နဲ့ထိုက်တန်မှာကွ။

        • nature

          February 1, 2012 at 5:03 pm

          ရွာထဲမှာတော့ပြောတိုင်းယုံရအောင် အ တဲ့သူတွေသိပ်မရှိဘူးထင်တာပဲ။ သူများကို ညာလို့ရပေမဲ့ ကိုယ့်ကိုယ်ကို ညာလို့မရပါဘူူး။

    • we ren thu

      February 3, 2012 at 10:46 pm

      ပြောင်းလိုက်ပါ —ဗုဒ္ဓဘာသာမှာ လူသန် ့သွားတာပေါ့–ဟုတ်ဘူးလား???

  • lulu3

    January 31, 2012 at 10:20 am

    ကိုယ်အယူ အစကိုယ် လွပ်လပ်စွာ ပြောဆိုခွင့်ရှိ သင့်ပါတယ်
    အများညီ လို့ ဤ ကကျွဲ မဖြစ်ပါ

  • စိန်ပေါက်ပေါက်

    January 31, 2012 at 11:48 am

    အဲဒီ ကိုကိုပြာက ဘုရားထက်တက်တဲ့ ဘုရားဆရာဗျ
    ထောင်ချထားတာ ကံက ချက်ချင်း အကြိုးပေးတယ်လို ့မှတ်တယ်
    ဘဝကူးရင် ဒီ့ထက်ဆိုးမယ်မှတ်တယ် ကိုကိုပြာရေ

    သူရို ့ကိုယ် သူရို ့အရိယာ ဘညာဟစ်ပြီး ဘာရည်ရွယ်ချက်နဲ ့ စောစောစီးစီး ဗုဒ္ဓသာသနာကို ကွယ်စေချင်နေသလဲ နားမလည်ဘူး
    ကိုယ်ကိုယ်တိုင် တရားပေါက်နေပြီ အမှန်သိနေပြီဆိုရင် ကိုယ့်ဘာသာ ပေါက်သထက်ပေါက်အောင် ဆက်ပြီး ကျင့်ကြပါ
    ပေါက်ကရဝါဒီတွေ လျှောက်ဖြန် ့စေချင်ဘူး
    အဲလောက်တာပြာချင်နေသပဆို မြန်မာနိုင်ငံထဲ မပြာနဲ ့ဗျာ
    တခြားနေရာ သွားပြာကြ
    အာရုံနောက်တယ်..

  • poeaung6

    January 31, 2012 at 3:13 pm

    ကဲ ကျွန်တော်က ဆုတစ်ခုတောင်းတယ် ပြည့်လည်းပြည့်ချင်တယ် ဘာလည်းဆိုတော့ ဘုရားစစ်က ဟောသော တရားတော်စစ်ကို နာကြားခွင့်ရချင်ပါတယ်

  • ဆူး

    January 31, 2012 at 3:36 pm

    သီရိလင်္ကာနိုင်ငံက သာသနာ ကို အားကျမိတယ်။
    မြန်မာနိုင်ငံမှာလည်း အဲဒီမှာလို သေချာ သင်ကြားပေးဖို့တော့ သင့်ပြီ။
    အသိဉာဏ် နုသေးတဲ့ လူတွေ အတွက်တော့ အမှောင်လမ်းက ဆီးကြိုခြင်း ခံရတော့မှာပဲ..

    ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု
    ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု
    ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု

  • ကိုပါကြီး

    January 31, 2012 at 5:04 pm

    ဘာပဲပြောပြော ကိုယ့်ဟာမှ ဘုရားဟော သူ့ဟာဘုရားဟော မဟုတ်ဘူးဟု အငြင်းပွားခြင်းသည် ဥပဒေသဘောမျိုးနှင့်ပြောရမည်ဆိုပါက တရားမမှု သဘောမျှသာဖြစ်ပေသည်။ ထေရဝါဒအယူနဲ့ ဖွင့်ဆိုပုံမတူတာနှင့်ပဲ ထေရဝါဒကို ထိခိုက်သည်ဟုဆိုကာ ဖမ်းဆီးခိုင်း ထောင်ချခိုင်းခြင်းမျိုးတော့ မလုပ်သင့်ပေ။
    ဒါသည် တရားမမှုကို ရာဇဝတ်မှုဖြစ်အောင် လုပ်လိုက်သော အဂတိလုပ်ရပ်မျိုးဖြစ်နေပေသည်။
    ယခင်အစိုးရက မဟနဘုန်းကြီးများ၏ တိုက်တွန်းပြောဆိုမှုကြောင့် အခြေအနေအရ ဘုန်းကြီးဦးဉာဏကို ထိန်းသိမ်းလိုက်ရသည်ဟုဆိုသော်လည်း ယခုအစိုးရသစ်သည် လူ့အခွင့်အရေးကို အလေးထားသော ဒီမိုကရေစီသို့ သွားနေခြင်းဖြစ်သည့်အတွက် တရားမမှုကို တရားမမှုအတိုင်းသာ စီရင်ဖို့သင့်ပေသည်။

    http://myanmargazette.net/94021/uncategorized-other/copypaste မှာ
    ပိုစ့်ရေးသားသူ mgmaung ရဲ့
    (အယူဝါဒကွဲလွဲမှုအပေါ် အယူဝါဒများဟောပြော၊ ယှဉ်ပြိုင်၊ ညှိနှိုင်းခြင်းတို့ဖြင့်သာ သမိုင်းတွင် ဆောင်ရွက်ခဲ့ကြပါသည်/
    တရားဓမ္မကို တရားဓမ္မများဖြင့်သာ ဖြေရှင်းသင့်ပါသည်/) ဆိုသော စကားရပ်လို
    ဗုဒ္ဓဘုရားဟော အငြင်းပွားမှုကို အယူဝါဒများဟောပြော၊ ယှဉ်ပြိုင်၊ ညှိနှိုင်းခြင်းတို့ဖြင့်သာဆောင်ရွက်သင့်ပါသည်။

    အင်္ဂလိပ်ခေတ်က ဘာသာမတူတဲ့ ခရစ်ယန်ဘာသာနဲ့တောင် ကျောက်ကွင်းအရေးတော်ပုံတွင် နှစ်ဘက်ယှဉ်ပြိုင်ခဲ့ကြသေးတာ အခု ကိုးကွယ်ရာ ဘုရားတူတဲ့သူတွေက နှစ်ဘက်ယှဉ်ပြိုင် ပြောဆို၊ ချေပခွင့် မပြုပဲ တစ်ဖက်သတ် အတင်းအဓမ္မထောင်ချခိုင်းခြင်းသည် တရားသော လုပ်ရပ်မဟုတ်ပေ။

    ဗုဒ္ဓတရားအပေါ် ကိုယ့်ဖွင့်ဆိုမှုကို ကို်ယ့်အမှန်ဟု ရဲရဲရင့်ရင့် ယုံကြည်ပါက မိမိတို့နှင့် ဖွင့်ဆိုပုံမတူသော တရားများကို ပိတ်ပင်နေစရာ မလိုပေ။ လေ့လာသူများက သူ့တန်ဘိုးအတိုင်း သတ်မှတ်သွား မှာဖြစ်ပါသည်။
    ယခုအခါ ကိုယ့်ဖွင့်ဆိုပုံနှင့်မတူသော တရားများကို အတင်းအားဓမ္မ လိုက်လံပိတ်ဆို့နေခြင်းကိုက ကိုယ့်အစဉ်အဆက် ဖွင့်ဆိုထားသည့် တရားတွေကိုက အားနည်းနေတဲ့သဘောဖြစ်နေလို့ ကိုယ်ကိုယ်တိုင် စိတ်မချတဲ့သဘောဖြစ်နေခြင်းကြောင့် ဖြစ်ပါသည်။

    တရားကို တရားဖြင့်သာ ဖြေရှင်းသင့်ကြောင်း ဝင်ပါလိုက်ရပါသည်။

    • nature

      February 1, 2012 at 10:15 pm

      သာမာန်ပေါ့ပေါ့ဆဆလေးတွေးကြည့်ရင်တော့ တရားမမှုလိုပါပဲ။ ဒါပေမဲ့ သေသေချာချာတွေးကြည့် ရင် ရာဇဝတ်မှုပါပဲ ။ ရာဇဝတ်မှုမှ သာမန်ရာဇဝတ်မှု မဟုတ်ပါဘူး ။ လူအစုလိုက်အပြုံလိုက်သေအောင်လုပ်သလိုမျိုး အခြေခံမခိုင်သေးတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာဝင် အားလုံးကို ငရဲမီးလောင်တိုက်ထဲသွင်းမဲ့ လုပ်ဆောင်ချက်တွေပါ ။

      ဒါတွေကို သိမြင်တဲ့ ဉာဏ်အမြှော်အမြင်နဲ့ပြည့်စုံတဲ့ ထေရဝါဒဆရာတော်ကြီးတွေရဲ့လုပ်ဆောင်ချက်ကိုလည်း ချီးကြူးထောက်ခံပါတယ်။ အာဏာစက်နဲ့ ပံ့ပိုးပေးတဲ့ နိုင်ငံတော်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီ မီးလောက်တိုက်သွင်းမဲ့ဝါဒကြီးကို ဆရာကဖြန့်ရင် အပြစ်ဖြစ်ပြီး တပည့်ကဖြန့်ရင် အပြစ်မဖြစ်ဘူးလား။
      နိုင်ငံတော်က အရိယာဖြစ်နေတဲ့ဓမ္မဝိဟာရ ဆရာတော်ကြီးကို တကိုယ်တည်း စိတ်အေးချမ်းစွာ အနှောက်အယှက်မရှိတရားကျင့်နိုင်အောင် စီစဉ်ပေးထားလို့ ကျေးဇူးတောင်တင်ရလေမလားပဲ။ ကျင့်ရင်းကျင့်ရင်နိဗ္ဗာန်ပဲရောက်မလား ။ငရဲပြည်ပဲရောက်မလားတော့မသိ။

      ကိုယ်ကြိုက်တာကိုယ်ယုံလို့ရပါတယ် ။ ကိုယ့်ဟာကိုယ်ငရဲသွားချင်သွားပါ။ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေကိုအဖော်ခေါ်မခေါ်ပါနဲ့။

      ကိုယ့်အယူအဆနဲ့မတူလို့ လိုက်လံပိတ်ဆို့နေတာမဟုတ်ပါဘူး။ ငရဲမီးလောင်တိုက်သွင်းမဲ့ဝါဒကြီးမို့
      လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေလို့ဖြစ်ပါတယ်။ ဒါကိုပဲဆင်ခြေရာ လိုက်ရှာနေဦးမယ်ဆိုရင်တော့ သူ့လောက်မိုက်တဲ့သူ ရှိမှာမဟုတ်တော့ပါဘူး။
      ဒါပေမဲ့ လူတွေဟာ မုသာဝါဒကံတွေ ကျူးလွန်သူများလာတာနဲ့အမျှ ကျွန်တော်တို့မရှိတဲ့ တခေတ်မှာတော့ မိုးပြာဝါဒဟာအားကောင်းလာပါလိမ့်မယ်။
      http://myanmargazette.net/69826/creative-writing

      • ကိုသစ္စာ

        February 2, 2012 at 3:01 pm

        nature အနေနဲ့ ဓမ္မဝိဟာရီဆရာတော်ဟောကြားထားသည့် တရားများကို သေသေချာချာ အောက်ပါ လင့်များတွင် လေ့လာကြည့်ပါက မိမိနာလည်မှုလွဲမှားနေသည်ကို သိရပါလိမ့်မည်။

        http://www.ariyathitsa.org/html/ebooks.html ရှိ
        “ဘုရား” တရားစာအုပ်၊

        http://www.ariyathitsa.org/html/mp-3_2.html ရှိ
        “သီလကို ပညာနဲ့ ဆေးကြောပါ တရား” (http://www.mediafire.com/?9avbgh0dt1q9oi1#1)

        အလယ်လမ်း ငါးပါးသီလ တရား (http://www.mediafire.com/?eg7psva68b6g3z4#1) နှင့်

        အရိယာစစ်တမ်း (http://www.mediafire.com/?75ascti73o6bsh0#1)

        တို့ကို နာယူကြည့်ပါက နားလည်မှု မှန်ကန်လာပါလိမ့်မည်။

        ပရမတ္တသစ္စာနှင့် အရိယသစ္စာကွဲပြားမှသာ
        ပရမတ္တသစ္စာငါးပါးသီလနှင့် အရိယသစ္စာငါးပါးသီလ၊
        ပရမတ္တသစ္စာက ပြောနေတဲ့ ရဟန္တာဆိုတာနှင့် အရိယသစ္စာကဆိုသည့် ရဟန္တာကို ကွဲပြားမှာ ဖြစ်ပါသည်။

        ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ပရမတ္တသစ္စာအတွက် ပွင့်လာသည်မဟုတ်ပါ၊
        အရိယသစ္စာဟောကြားဖို့အတွက် ပွင့်တော်မူလာတာပါ။
        ပရမတ္တသစ္စာသည် ဘုရားမပွင့်ခင်ကတည်းက အိန္ဒိယမှာ ဂျိန်းနိဂဏ္ဍတို့၊ ဗြဟ္မဏဘာသာဝင်တို့ ကျင့်သုံးသောတရားများဖြစ်ပါသည်။
        လူ့အမှု ကံ (သင်္ခါရ)ငြိမ်းစေသည့် အရိယသစ္စာတရားတော်ကတော့ ဂေါတမဗုဒ္ဓဘုရားဟောမှသာ လူသားတွေသိရှိခွင့်ရကြခြင်း ဖြစ်ပါသည်။

        အကျယ်သလိုပါက ဓမ္မဝိဟာရီဆရာတော် ရေးသားသည့် “ဓမ္မ” e-book ကို (http://sites.google.com/site/sayamvasi/003-Dhamma.PDF?attredirects=0) download ယူ၍ လေ့လာနိုင်ပါသည်။

        • nature

          February 2, 2012 at 9:17 pm

          ဗုဒ္ဓမြတ်စွာပွင့်လာတာဟာ လူနတ်ဗြဟ္မာ သတ္တဝါများကို လောကီ လောကုတ္တရာ ၂ဖြာသော အကျိုးပွားစီးဖြစ်စေချင်လို့ ချမ်းသာစေချင်လို့ လို့ပွင့်လာတာပါ။ သတ္တဝါအပေါင်းသံသရာဝဋ်ဆင်းရဲက လွတ်မြောက်ပြီး နိဗ္ဗာန်ချမ်းသာကို ရရှိစေဖို့အတွက် မဂ္ဂင် ၈ပါး မြတ်တရားကို ဟောကြားခဲ့ပါတယ်။ တားမရလဲ သွားပေတော့ကိုသစ္စာရေ။ ကိုသစ္စာ တယောက် အမြင်မှန်ရပြီးကောင်းရာသုဂတိ လားပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

        • we ren thu

          February 3, 2012 at 10:54 pm

          လေ ့လာပြီးပါကြောင်း ခဗျာ————-

  • we ren thu

    February 1, 2012 at 9:15 pm

    ဘာပဲပြောပြော ကိုယ့်ဟာမှ ဘုရားဟော သူ့ဟာဘုရားဟော မဟုတ်ဘူးဟု အငြင်းပွားခြင်းသည် ဥပဒေသဘောမျိုးနှင့်ပြောရမည်ဆိုပါက တရားမမှု သဘောမျှသာဖြစ်ပေသည်။ ထေရဝါဒအယူနဲ့ ဖွင့်ဆိုပုံမတူတာနှင့်ပဲ ထေရဝါဒကို ထိခိုက်သည်ဟုဆိုကာ ဖမ်းဆီးခိုင်း ထောင်ချခိုင်းခြင်းမျိုးတော့ မလုပ်သင့်ပေ။—ဆို တာလေ——–ထေ၇ဝါဒနဲ ့ဖွင့်ဆိုတာ မတူလို ့ ဖမ်းဆီးထောင်ချတာမဟုတ်ပါဘူး ဗျာ—သူတို ့ဟာသူတို ့ပြာပြာဝါဝါ ကျနော်တို ့နဲ ့ဘာမှမဆိုင်ဘူး –မိုးပြာတရားတွေ ကိုလည်း နာကြည့်ဦး –တရားတစ်ပုဒ်မှာ ထေ၇ဝါဒကို ပုတ်ခတ်တာ အနည်းဆုံး ၂ပုံ ၁ပုံတော့ပါတယ် —-နောက် —–အဲဒီ ဘဲလျှောက်ပြေနေတဲ့ ဟာတွေကို —ဖြန် ့လိုက်ပါတယ်–
    ဘုရားက လူကိုသတ်မှ ပါဏာတိပါတလို့ ဟောတယ်။ တိရစ္ဆာန်သတ်ရင် ကံမထိုက်ပါဘူး။ အစိုးရပစ္စည်းဟာ လူ့ပစ္စည်းမဟုတ်ပါဘူး။ အဲဒါကို ခိုးလို့ ကံမထိုက်ဘူး။ ကာမဂုဏ်မှားယွင်းကျက်စားမှုဟာ ကိုယ့်ကာမပိုင်မဟုတ်သူကို မေထုန်ပြုမှုလို့ အဓိပ္ပာယ်ရမှာ မဟုတ်ဘူး။ ကိုယ့်ဘဝမဟုတ်တဲ့အရာတွေကို မမှန်တာပြောလည်း လိမ်ရာမကျဘူး။ မုသာဝါဒမဖြစ်ဘူး။ လိမ်ကောင်းတယ်။ မူးအောင်မသောက်ရင် အရက်သောက်တာက မိတ်ဆွေပေါလို့ စီးပွားဖြစ်တော့ အကျိုးတောင် ရှိပါသေးတယ်။ ဒီလိုသောက်တာကို ဘုရားက သုရာမေရယလို့ ဟောတာမဟုတ်ဘူး။
    ပါဏာတိပါတသိက္ခာပုဒ်အရ လူ့အသက်သတ်မှ အပြစ်ရှိသည်။ တိရစ္ဆာန်များအသက်ကိုသတ်လျှင် ငရဲမကြီးချေ။ အကြောင်းမူ ဗုဒ္ဓသည် အသားစားခြင်းကို ခွင့်ပြုထားသောကြောင့် သတ္တဝါ၏ အသက်သတ်ခြင်းကိုလည်း ခွင့်ပြုရာ ရောက်သည်။
    “ကာမပိုင်အမျိုးသမီးကို သဘောတူပျော်ပါးရာ၌ အပြစ်မရှိ။ ဆန္ဒကို ဖြည့်စွမ်းပေးသောကြောင့် ကုသိုလ်ပင်ဖြစ်နိုင်သည်။တဲ့–
    ကျတော့အထင်နောက်ဆုံးအချက်ကြောင့်ပဲ လူတွေတော်တော် ခိုက်ကုန်တယ်နဲ့တူပါတယ်–

    မဆီမဆိုင် ဝင် ment ကြမယ်ဆိုရင် ကြိုပြီးိတော့ –မိုးပြာဘဲ အကြောင်းကို လေ့လာဖို ့လိုပါလိမ့်မယ်–ကိုယ့်ဟာကို ထေ၇ဝါဒမှာရဟန္တာဆ်ို ပြီး ကြောင်နေလို ့ အဖမ်းံရပြီးတဲ့နောက် –ထေ၇ဝါဒကို ဖျက်ဆီး ဖို ့အကြံနဲ ့ ထင်ရာလျှောက်လုပ်နေတော့တာ—

  • we ren thu

    February 1, 2012 at 9:17 pm

    ဘာဝိနည်း ဘာကျင့်ဝတ် ဘာသီလမှ မရှိပဲ နေချင်သလို နေတဲ့ဘဲကိုမှ ဘုရားထူး နေတဲ့သူတွေကို —ကျွတ်ကျွတ်ကျွတ်—-ဦးဉာဏနဲ ့တကွ သူ ့လူတွေက စိတ်ကစဉ့်ကလျားရောဂါလို့ မြန်မာလို ခေါ်ကြတဲ့ schizophrenia ဝေဒနာစုထဲက paranoid schizophrenia စိတ်ဝေဒနာကို ခံစားနေရတယ်လို့ ယူဆရပါတယ်။ ရောဂါလက္ခဏာကတော့ ကိုယ်ဖြစ်ချင်တာတွေကို ကိုယ့်ဟာကိုယ် စိတ်ထဲက ဖန်ဆင်းထားပြီး ဒါတွေကို တကယ်အဟုတ်အမှန် ဖြစ်ခဲ့လေဟန် ဖြစ်နေလေဟန်နဲ့ ပြောတတ်တယ်။ စိတ္တဇလူသတ်သမားတွေ၊ ထူးဆန်း မော်ဒန်ဘာသာရေးဂိုဏ်းထောင်ပြီး နောက်လိုက်တွေကို ဂွတီးဂွကျ နေထိုင်နည်းတွေ ညွှန်ကြားတတ်တဲ့ အနောက်တိုင်း ဘိုးတော်တွေထဲမှာလဲ ဒီဝေဒနာသည်တွေ တွေ့ရတတ်တယ်။ ကမ္ဘာကြီးကို ဂြိုဟ်မွှေသွားတဲ့ နာဇီအာဏာရှင်ကြီး အဒေါ့ဖ်ဟစ်တလာလဲ ဒီရောဂါမျိုး ခံစားခဲ့ရပုံ ပေါ်တယ်။
    -ဘုရားသခင်နဲ့ တွေ့ရအောင်ဆိုပြီး တစ်ရွာလုံးကို အဆိပ်ခတ်ထားတဲ့ အစာတွေကျွေးပြီး သေရွာခေါ်သွားတဲ့ ဘာသာရေးဆရာကြီး–
    -ဘူတာရုံမှာ အဆိပ်ငွေ့တွေလွှတ်ပြီး လူတွေ အစုလိုက်သေစေခဲ့တဲ့ ဂျပန်ဘိုးတော်
    သူတို့တွေလဲ စိတ်ဝေဒနာ တစ်မျိုးမျိုး ခံစားခဲ့ရသူတွေပါပဲ။ အပြောကောင်းတယ်၊ မြှောက်တန်မြှောက် ချော့တန်ချော့ ဟောပြောတတ်တယ်။ သူတို့ဖြစ်စေချင်တာတွေကို စိတ်ထဲက ဖန်ဆင်းထားတတ်တယ်။ type ၂ မျိုး ခွဲခြားရမှာက
    ၁- အုပ်စုက ဖြစ်စေချင်တာတွေ လျှောက်ပြောနေပေမယ့် သူပြောနေတာတွေ မဟုတ်မှန်း သူ့ကိုယ်သူ သိတယ်။ ဥပမာ သူနဲ့ မတည့်တဲ့သူ အလုပ်ပြုတ်ပြီ၊ ထောင်ကျသွားပြီ၊ ဇနီးကလဲ လင်ငယ်နေပြီ စသဖြင့် မလိုသူ သိက္ခာကျအောင် ဇာတ်လမ်းဆင် ပြောတာမျိုး။ သူဟာ မင်းမျိုးမင်းနွယ်ဖြစ်တယ်၊ ကျိကျိတက် ချမ်းသာခဲ့တယ် စသဖြင့် သူ့ကိုယ်သူ အမွှန်းတင်တာမျိုး။ ယုတ္တိရှိရှိ ဖိန့်နေပေမယ့် မဟုတ်ဘူးဆိုတာ စိတ်ထဲက သူ့ဟာသူ သိတယ်။
    ၂-အုပ်စုက သူ့ရဲ့ ထင်ယောင်ထင်မှား hallucination တွေကို သူ့ဟာသူ တကယ်ထင်သွားတာမျိုး။ ၁-အုပ်စုကနေ ကြာလာတာနဲ့အမျှ အနည်းနဲ့အများ ၂- အုပ်စုထဲ ရောက်သွားတတ်တယ်။ သူ လိမ်နေရတာတွေကို သူ့ဟာသူ ကြာတော့ အမှန်ထင်ပစ်လိုက်တာ။ ထင်သွားတာ။
    ဦးဉာဏက ၁ အုပ်စုဝင် အဖြစ်နဲ့ သူ့စိတ်ဝေဒနာကို အစပျိုးခဲ့တာလို့ ကောက်ချက်ဆွဲမိတယ်။ အဲဒီအချိန်က သူ့ကို အနီးကပ် ဆက်ဆံဖူးခဲ့ရင်တော့ အဲဒီကတည်းက သူဟာ ကိုယ်လိမ်တာ ကိုယ့်ဟာကိုယ် ပြန်ယုံနေတဲ့ ၂ အုပ်စုဝင် ဖြစ်ပြီလား မဖြစ်သေးဘူးလား ဆန်းစစ်နိုင်လိမ့်မယ်။
    ဦးဉာဏက သူ့ကိုယ်သူ ရဟန္တာကြီး ဖြစ်ပြီလို့ ၁၉၈ဝ ဝန်းကျင်ကာလတွေမှာ ကြေညာခဲ့တယ်။
    schizophrenia ကို ယဉ်ယဉ်လေးနဲ့ ရူးတယ်လို့ အရပ်သုံး သုံးရလိမ့်မယ်။ သွက်သွက်ခါသွားတဲ့ အချိန် မဟုတ်ရင် လူနာဟာ လူကောင်းတွေနဲ့ ရောနှောနေလို့ရတယ်။ ဆရာကြီးတစ်ဆူတောင် ဖြစ်နိုင်တယ်။
    စကားပြောရင်လဲ ငါ့စကားနွားရ၊ စားတာနေတာမှာလဲ ရာဂကို ဘယ်လိုမှ ဖုံးမနိုင်ဖိမရ လွှတ်ထားတတ်တဲ့ ဦးဉာဏက သူ့ကိုယ်သူ ရဟန္တာလို့ ကြော်ငြာပေမယ့် သူ့စကား သူ့အမူအရာနဲ့တင် ယုတ္တိမတန်မှန်းလဲ သူသိတယ်။ ပုဆိုးမနိုင်အောင် ရူးတာမျိုး မဟုတ်ဘဲ ယဉ်ယဉ်လေးနဲ့ ဖြစ်နေတဲ့ စိတ်ဝေဒနာရှင်ဆိုတော့ တွေးနိုင်ခေါ်နိုင် တွက်ချက်နိုင်စွမ်း Analytical skill ကလဲ ရှိသေးတယ်။ သူ့စကား ယုတ္တိမတန်ရင် ဖုံးတတ်ဖိတတ် တန်ဆာဆင်တတ်တယ်။
    ရဟန္တာဆိုတာ ရာဂ၊ ဒေါသ၊ မောဟ၊ မာန ချုပ်ငြိမ်းသူကို ခေါ်တယ်ဆိုတော့ ဦးဉာဏ ခက်ပြီ။ ချုပ်ငြိမ်းဖို့ဝေးလာဝေး သူများထက် ပိုတောင်နေသေးတဲ့သူဆိုတော့ ဟန်လုပ်ဖို့ကလဲ ဒီနေရာမှာ သူ့အတွက် မလွယ်။
    လွယ်ပါတယ်။ သူ့ကိုယ်သူ ပြင်လို့မရရင် တရားကို ပြင်ပစ်လိုက်တာပေါ့။ ကိလေသာကုန်အောင်လုပ်ဖို့ ဘုရားမဟောဘူးလို့ လုပ်ချလိုက်တယ်။ ကောင်းရော။ ဒီလိုနဲ့ တစ်ခါမှ မကြုံဖူးတဲ့ ကိလေသာတန်းလန်းနဲ့ ရဟန္တာကြီး ဦးဉာဏ ၂ဝ ရာစုမှာ ပေါ်ထွန်းလာရော။
    ငါးပါးသီလလဲ ဦးဉာဏခမျာ မလုံရှာဘူး။ ဒီတော့ ငါးပါးသီလ မထိန်းနိုင်တဲ့ ရဟန္တာကြီး ဦးဉာဏခမျာ သူထိန်းနိုင်အောင် သီလအသစ်အဆန်းတွေ ထွင်ရပြန်ရော။ ငါးပါးသီလမှာ သူပြင်ပစ်လိုက်တာ တစ်ပါးမှ အကောင်းမကျန်တော့ဘူး။

  • we ren thu

    February 1, 2012 at 9:19 pm

    နိုင်ငံတော်သွားနေတဲ့လမ်းက ဒီမိုကရေစီ
    မြန်မာတွေ သွားနေတဲ့လမ်းက အေးချမ်း သာယာ ခေတ်မီ တိုးတက် ဖို ့
    မိုးပြာတွေသွားနေတဲ့လမ်းက နို်င်ငံသားတွေ အကျင့်ပျက်ဖို ့–ပြည်သူပိုင်ကို ခိုးတတ်ဖို ့-သူများသားမယား စော်ကားတတ်ဖို ့—-
    တခြားစီပဲကွ–

    • ကိုသစ္စာ

      February 2, 2012 at 2:20 pm

      we ren thu အနေနဲ့ ဓမ္မဝိဟာရီဆရာတော်ဟောကြားထားသည့် သီလနှင့် ပတ်သက်သော တရားများကို သေသေချာချာ အောက်ပါ လင့်များတွင် လေ့လာကြည့်ပါက မိမိနာလည်မှုလွဲမှားနေသည်ကို သိရပါလိမ့်မည်။

      http://www.ariyathitsa.org/html/ebooks.html ရှိ
      “ဘုရား” တရားစာအုပ်၊

      http://www.ariyathitsa.org/html/mp-3_2.html ရှိ
      “သီလကို ပညာနဲ့ ဆေးကြောပါ တရား” (http://www.mediafire.com/?9avbgh0dt1q9oi1#1) နှင့်

      အလယ်လမ်း ငါးပါးသီလ တရား (http://www.mediafire.com/?eg7psva68b6g3z4#1) တို့ကို နာယူကြည့်ပါက ငါးပါးသီလအပေါ် နားလည်မှု မှန်ကန်လာပါလိမ့်မည်။

      အရိယသစ္စာ အလယ်လမ်းငါးပါသီလမှသာ လူတို့ဖြည့်ဆည်းသင့်သော သီလဖြစ်သည့်အတွက်
      နိုင်ငံတော်သွားနေတဲ့လမ်းဖြစ်သည့် ဒီမိုကရေစီ
      မြန်မာတွေ သွားနေတဲ့လမ်းဖြစ်သော အေးချမ်း သာယာ ခေတ်မီ တိုးတက်သည့်ပန်းတိုင်သို့ ရောက်မှာဖြစ်ပါသည်။

      (ယနေ့ မြန်မာထေရဝါဒီတွေဟောကြားနေသော ဂျိန်းအယူ၊ ပရမတ္တသစ္စာဝါဒ ငါးပါးသီလသည် ဟောသူဘုန်းကြီးများကော နာသူများပါ လူကြားကောင်းအောင် ရွက်နေ၊ ပေးနေကြသော်လည်း ” ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်ကြနဲ့”
      ဆိုတဲ့ သဘောမျိုးသာဖြစ်နေ၏။ )

  • မောင်ဘလိူင်

    February 2, 2012 at 11:00 am

    ကြိုက်ပြီဗျာ..ကြိုက်ပြီ.. ကျုပ်က အရိယာ သစ္စာတွေ ဘာတွေ
    ရှည်ရှည်ဝေးဝေး လေးလေးနက် သိပ်နားမလည်ဘူး..ဒါပေမဲ့လို့
    မိုးပြာ ဦးဉာဏရဲ့ ငါးပါးသီလတော့ ကြိုက်သွားပြီဗျို့..။
    အဟေးဟေး..ဒါမှ သာယာဝပြောငြိမ်းချမ်းသာယာတဲ့
    လူမှုပတ်ဝန်းကျင်ကြီး တည်ဆောက်နိုင်မှာ ထင်ပါရဲ့။ 🙂
    ကျုပ်ကတော့ အခြေအနေမဲ့ တစ်ကောင်ဆိုတော့
    ထေရဝါဒ ငါးပါးသီလ ဘယ်လုံမလဲ..မိုးပြာအရဆို ကျုပ်က ကုသိုလ်
    တွေ ဘာတွေတောင်ရလို့ပါလား..ကျုပ်လိုကောင်စား အများကြီး
    ဆိုတော့ …သောက်ကျိုးနည်း လူ့အန္ဓတွေကြားထဲ ကျုပ် ဆရာကြီး
    ဖြစ်မှာ မြင်ယောင်သေး။
    (အရိယာ သစ္စာတွေ ဘာတွေ ပြောမနေနဲ့ဦး အရင်ဆုံး
    အခြေခံ သီလပိုင်းကိုတင် Common Sense နဲ့ကြည့်ရင်
    သိနိုင်တာပဲ..)

  • ဟိုက် မလွယ်ပါလားဗျို ့။မိုးပြာတွေရော၊မပြာတာတွေရောပါကုန်ပီ။
    အင်း ဘာသာရေးဆိုတာကို ဝေဖန်ဖို ့က တော်တော်ခက်ပါတယ်။
    အဲဒီတော့ မဝေဖန်ဘဲနေတာ အကောင်းဆုံးဟုထင်မှတ်လျှက်။

  • ဦးဦးပါလေရာ

    February 3, 2012 at 2:01 am

    မိုးပြာခေါင်းဆောင် ဦးဉာဏသည်
    မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာ အလိုအရ ဘုန်းကြီးမဟုတ်တော့ပါ။
    မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာ၏ ဘုရား၊တရား၊သံဃာ တို့ကို စွန့်ပြီးဖြစ်သည်။
    သူဟောတဲ့ထဲမှာပါတဲ့ ဗုဒ္ဓဆိုတာ သူ့ဟာသူ စိတ်ကူးယဉ်ပြီးသူထင်တဲ့အတိုင်း သူ့အလိုအတိုင်း သူဖြစ်စေချင်တဲ့အတိုင်းပြောထားတဲ့ သူ့စိတ်ကူးထဲက ဇတ်ကောင်သာဖြစ်သည်။
    မိုးပြာတရား(အယူဝါဒ)သည်လည်း မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာ၏ တရားအယူဝါဒနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ခြားနားပါသည်။
    မိုးပြာတရား(အယူဝါဒ)ကို သူတို့အယူသီးသန့်အဖြစ် ဟောပြောခြင်းမပြုပဲ
    သူများဘာသာဖြစ်သော မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာကို ပုတ်ခတ်စော်ကားလျှက်ဝါဒဖြန့်သောကြောင့် ဘာသာရေးလူမှု့ရေး အဓိကရုဏ်းများမဖြစ်ရန် တားဆီးသည့်အနေဖြင့် မိုးပြာခေါင်းဆောင် ဦးဉာဏကို ယခင်မဆလအစိုးရလက်ထက်က တားဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

    မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာနှင့် အယူဝါဒမတူလို့ ဖမ်းထားတာမဟုတ်ပါ။
    မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာနှင့် အယူဝါဒမတူသော အခြားဘာသာများ စည်းကမ်းရှိရှိဖြင့် သူတို့ဘာသာအယူဝါဒကို ဟောပြောဖြန့်ချီ သာသနာပြုခွင့် ရရှိနေပါသည်။

    မိုးပြာလို သက်သက် ရန်စ ပြဿနာရှာနေတဲ့အဖွဲ့ကတော့
    ဖမ်းထားတာ သူတို့အတွက်မတရားဘူးဆိုလျှင်
    လွှတ်ထားရင်ရော အသားလွတ်စော်ကားခံရတဲ့ မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာအတွက် တရားတယ်လို့ပြောမှာလား……..။

Leave a Reply