မီးဘေး အန ္တရာယ် တားဆီး ကာကွယ်သတိ ရှိစေလိုသည်

ဘဲရႈပ္January 30, 20121min914

ယနေ့ နေ့လည် ( ၁ ) နာရီ (၄၅ ) မိနစ် ခန့်တွင် တောင်ကုတ်မြို့ ဈေး အပြင်တန်း ရှိ လောင်စာဆီ
(ဓါတ်ဆီ ၊ ဒီဇယ် ) အရောင်းဆိုင်မှ စ၍ မီးလောင်သောအမှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။
၎င်း မီးလောင်မှုကြောင့် အပြင်တန်းရှိ ဆိုင်ခန်း (၁၂ )ခန်း ခန့် ဆုံးရှုံး နစ်နာမှုများ ကြုံတွေ့ခဲ့ရကြောင်း
သိရှိရပါသည် ။ တောင်ကုတ်မြို့သူ မြို့သားများ ဝိုင်းဝန်းငြိမ်းသတ်မှု နှင့်အတူ မီးသတ်တပ်ဖွဲ့၏ ကူညီမှုဖြင့်
၁း၄၅ ခန့် စလောင်သောမီး မှာ ၃ နာရီကျော်ကျော် ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြကြောင်းသတင်း
ရရှိပါသည်။
မီးဘေး အန ္တရာယ်မှာ မည်မျှ ဆိုးရွားကြောင်း အားလုံးအသိ ဖြစ်ပါသည်။  လောင်စာဆီ အရောင်းဆိုင်များကို
မြို့တွင်း၊ မြို့ အလည် ၊ဈေးတွင်း များ၌ ထားရှိစေခြင်းမှာ မြို့သူမြို့သားများအဖို့ တစ်နေ့မကြုံ တနေ့ကြုံ ကြရမည့်
မီးလောင်မှု အန ္တရာယ်ကို လက်ယပ် ခေါ် နေခြင်းပင် မဟုတ်ပါလော ။
ထို့ အတွက်ကြောင့် တောင်ကုတ်မြို့ တွင်းရှိ လောင်စာဆီ အရောင်းဆိုင်များ အားလုံးကို မြို့ အထွက်ဝ နေရာများသို့
ပြောင်းရွှေ့ ရောင်းချပေးရန် အကြံကောင်းပေးလိုက်ရပါကြောင်း နှင့် ၎င်း အကြံအား တောင်ကုတ်မြို့အုပ်ချုပ်ရေးမှုးများ
အမြန်ဆုံး လိုက်နာ ဆောင်ရွက်ရန် အရေးကြီးပါကြောင်း သိစေလိုပါသည် ။
————————————————————————————
၎င်း နည်းတူ သံတွဲမြို့တွင်လည်း ဒွါရာဝတီ ဈေးတွင်း တွင် လောင်စာဆီ အရောင်းဆိုင်များ၊ အရက်ဆီရောင်းဆိုင်များ၊
ဓါတ်ဆီများကို သိုလှောင်လျှက် နေ့စဉ် မီးအသုံးပြုနေပါသော ရွှေပန်းထိမ်များ ၊ ထင်းမီးဖို နှင့် မီးသွေးမီးဖို အသုံးပြု
နေရပါသော ထမင်းဆိုင် ၊ မုန့်ဆိုင်များ အား စည်ပင်သာယာရေးမှ လိုအပ်သလို အရေးယူဆောင်ရွက်ရန် လိုပါကြောင်း
သတိပေးလိုပါသည် ။
ဖြစ်သင့်သည်မှာ ဈေးတွင်း၌ လောင်စာဆီရောင်းဝယ်ခြင်း၊ အရက်ဆီများရောင်းဝယ်ခြင်း၊ ရွှေဆိုင်များ၌ ဓါတ်ဆီများ
သိုလှောင် အသုံးပြုခြင်းများကို တားဆီးရန် အထူးလိုအပ်သည်ဟု ထင်မြင်မိပါသည် ။
————————————————————————————-
ပြည်နယ် စည်ပင် ဝန်ကြီး ခင်ဗျား ။  ။
အစားကောင်းအသောက်ကောင်းများ စားသောက် ၊ ကားသစ်ကြီး ကိုစီး ၊ သာကူးများပေးတဲ့လက်ဆောင်များကို
အားပါးတရ ယူငင် ဂွမ်းဆီထိ ပီတိဖြစ် နေခြင်းအပေါ်၌ ခေတ္တ နားတော်မူပြီးသကာလ ကိုယ့်မြို့ ကိုယ့်ဒေသ
ကို ကာကွယ် စောင့်ရှောက်နိုင်အောင် အမိန့်တော်များ ချမှတ် ဆောင်ရွက်တော်မူပါတော့ လို့ ဤ ဂေဇက်မှ
တိုးရှိုး တောင်းပန် အသနားခံလိုက်ရပါတော့သည် ခင်ဗျား ။

4 comments

  • ဖွတ်ငပျင်း

    January 30, 2012 at 8:38 pm

    တောင်ကုတ် သံတွဲ ရယ်လို့မှ မဟုတ်တာ ၊ ဘယ်မြို့မဆို မီးဘေးကို ကြိုတင် အသိနဲ့ကာကွယ်
    နိုင်အောင် သတိရှိကြရမယ်လေ ၊ ဒီလောက် ပြွတ်သိပ် ကြပ်ညပ်နေတဲ့ ဈေးတွင်းဆိုင်ထဲတွေမှာ
    လောင်စာဆီ ရောင်းရတယ်လို့ဗျာ ၊ ဈေး တာဝန်ရှိတဲ့သူတွေက သေနေကြလို့လား၊
    တားဆီးကန့်ကွက်ရမှာ သူတို့ တာဝန် မဟုတ်ပေလား ၊
    အခု ဟာက မီးဘေးရှောင် မလောင်ခင်တား မှ မဟုတ်တာ ၊ မီးဘေးရှောင် လောင်ပြီးမှ တား
    ဖြစ်နေပီ ၊ ဪ . . . စိတ်ညစ်ပနော် . . .
    ဥနှောက်မရှိတဲ့ သူတွေကို အပစ်ဖို့ရတာလဲ ဖွတ်ငပျင်း ဇတ်အတင်း ဖြစ်နေပီကော ။

  • Thel Nu Aye

    January 31, 2012 at 8:51 am

    သူတို့ပြောတယ်လေ။ သင့်ကြောင့်မီးမလောင်ပါစေနှင့်တဲ့။ လောင်စာဆီ အရောင်းဆိုင်များ၊ အရက်ဆီရောင်းဆိုင်များ လို့မှမပါတာ။ ဒီဆိုင်တွေသာမရှိရင် ရဲတွေခါနာနိမ်းသွားမှာပေါ့။ သူတို့ဆီကမှဆက်ကြေးကမျိုးမျိုးမြက်မြက်ရတာ။ နှစ်လုံးသုံးလုံးကလဲနဲသွားပြီလေ။ ဒါလေးမွေးထားရတာ။

  • Ka Yin Lay

    January 31, 2012 at 10:19 am

    အသိဉာဏ် ကြီးပါပေ့ ဆိုတဲ့လူတွေ လူတွေ ။ ဒါ စဉ်းစားရမဲ့ အရေးကြီးဆုံး အချက်ပါ ။
    တသက်လုံး ရှာထားတဲ့ စီးပွါးဥစ္စာ ပေ့ါဆမှု ကြောင့်တချက်လေး ဖြစ်ခဲ့ရင် အားလုံး
    ကုန်ပီ ။
    လောင်စာဆီမှ ရယ် တော့မဟုတ်ပါဘူး ။ လူတွေ နေ့စဉ်သုံးနေတဲ့ ဖယောင်းတိုင်၊
    ခြင်ဆေးခွေ ၊ မီးဖို( လျှပ်စစ်မီးဖို ၊ ဂက်စ် မီးဖို) တွေကိုလဲ အစဉ် သတိပြု သုံးကြရပါမယ် ။
    အာဏာပိုင်ကြီးများကလဲ ဈေးတွင်း ဈေးပြင် လောင်စာဆီ အရောင်းဆိုင်တွေကို ဖယ်ရှား
    ပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်သွားမယ် ထင်မိရတာပါပဲ ။

  • Potter Herry

    January 31, 2012 at 12:08 pm

    ကံကောင်းတယ်ဆိုရမယ် .. ဆိုင် နဲနဲလေးပဲ လောင်သွားလို့သာ ..
    မီးလောင်လို့ အတိဆင်းရဲ ဒုက္ခရောက်ရသူတွေ မြင်ဖူး ကြုံဖူးပါတယ် ..
    နေစရာ လဲမရှိ .. စီးပွားလဲပျက် နဲ့ မကြည့်ရက် မမြင်ရက် စရာ အတိပါ..
    ဒီလို အဖြစ်မျိုး မမြင်ရ မကြားရ လိုပါ၏ လို့ပဲ ဆုတောင်းနေရပါတယ် ..

Leave a Reply