သိလျင်ပြောကြပါဗျာ ….

ムラカミJanuary 30, 20121min20820

ဆန်းဒေး…

 

စိုင်……………..

ပစ်ဖို့ ထွက်တယ်…

နှင်းတော ထဲ သွားတယ်..

ဘုရား သွားတယ် …

ဇီးချိုလား ဆားငန်သီးလား မသိတဲ့ တော ကို သွားတယ် …

ရေကန် နဲ့ ချယ်ရီပင်တွေ ကြားကိုသွားတယ်. …

ခွေးကျောင်းတဲ့ …ကွင်းပြင်ကိုဖြတ်လို့..

 

 

 

ရွက်ကြွေတော တခု ကိုရောက်တယ်…..

ငှက် ………

တစ်ကောင်တွေ့တယ်…

လှတယ် …ချစ်ဖို့ကောင်းတယ် ….

အသံသာတယ် …… ဘေးက စိုင်ကို ငြိမ်ငြိမ်နေခိုင်းပြီး …

စိုင်အစား ငှက်ပစ်ခဲ့တယ်…..

 

ရွက်ကြွေတောမှာ ….

ဘာငှက်လဲ ကျနော် မသိ …

ဖလက်ရှ်တောင် မဖောက်ရဲ …

လန့်ပြေးမှာ စိုးတာကိုး …

နောက်တချက် … ဖလက်ရှ်ဖောက်လိုက်လို့ လန့်ပြေးမယ်ဆို

အနှီ ဖလက်ရှ်နှင့် ရိုက်ချက်သည် နောက်ဆုံးသော ရိုက်ချက်ဖြစ်မှာမို့ပါ…

 

ကျနော် ကိုယ့်ကိုကိုယ် သိပ် မယုံကြည်ပါ …. ထို့ကြောင့် အနီးကပ်ရန်မကြိုးစားဘဲ..

အဝေးမှသာ တယ်လီပြောင်း ၄၀ဝမမ ဖြင့် ဆော်လိုက်ပါသည်…။

 

မှတ်ချက်။ အထင်မကြီးနဲ့ ဆြာတို့ …၄၀ဝမမ ဆိုတာ အေပီအက်စ် ကိုမြှောက်ပီးသားပြောတာ..

ကျနော် သုံးခဲ့တာ အလွန်အင်မတန်ဈေးပေါတဲ့ EFS၅၅-၂၅ဝမမ …

၂၅ဝ ကို ၁.၆ မြှောက်တော့ ၄၀ဝမမ ဖြစ်လေသတည်း …

မတန်မရာ ကျနော့် စကေးလ်းနဲ့ ..ပိုက်ပိုက်တတ်နိုင်ဦးတော့ EF100-400mm USM L ဝယ်မကိုင်ရဲပါဗျ

အဲ့ ပိုက်ပိုက်လဲ မတတ်နိုင်ပါ…..။ဟီး..။

ဘာငှက်လဲ …ဘယ်လို အကောင်လဲ သိရင် ပြောပြပေးပါဗျား ….

တင်ပြီနော…။

သည်တခါ ၂ပုံတည်း တင်ပါ့မယ်ဗျာ…..။

ဆာဗာ စပေ့ စားရင် …ပုံ ၃၀-၄ဝမျိုး ….

 

စိတ်ပေါက်ရင် ရာဂဏန်းနား နီးတဲ့ …ပုံတင်တဲ့ ကျုပ်ပဲ ………. သမခံထိမှာမလား …

 

 

 

 

 

 

တော်သေးပီဗျာ …

 

 

ခင်တဲ့…

အင်ဇာဂီ..

မစ္စတာ ဂိုင်း

ဖားသက်ပြင်း

အူးဖွတ်ကျား

ကအင်ဂျီး

ဇိမ်ဖုံးဂျီးငယ်

ပဂါးနီးနီး

ပေါ်လို ဂီလ်ဘာတို

နှူးဘာ ဂိုဏ်းချုပ်

မောင်မောင်ဇာ

 

 

P.S သည်ရက်ပိုင်း နှုတ်ဆက်တာတွေ ခေတ်စားလို့ ..ပြောတာတော့ မဟုတ်ဘူးခင်ဗျ…

တခါတခါ ခေါင်းထောင်လာတဲ့ အတွေးလေးတစ်ခုပါဗျာ ……. သည်လိုပါပဲ ……

တခုလေးပါ …..အဲ့ …….ကျုပ် က နှုတ်ဆက်မယ့်ကောင် တော့ မဟုတ်ဘူးရယ်…..။

20 comments

  • Khin Latt

    January 30, 2012 at 9:58 pm

    တင်ပါဟယ် ။ ကြိုက်သလောက် သာတင်ပါ။
    အားပေးပါတယ်။
    စိတ်မချိုး ပါနဲ့။ (သိဒယ် မပြောနဲ့ မင်း ချိတ်မချိုးတတ်ဘူး၊တနည်း အမှတ်မရှိဘူး ဆိုဒါ)
    ပြစ်မသွားကြပါနဲ့ဟယ်။
    အရီး က သူကြီး ကို တုတ်နဲ့ ထိုး ကြည့်တာပါ။
    လှုပ်သလားလို့။ 😀

    အဲဒါ “စာကလေး”။မှန်တယ်ဟုတ်။ ဒါလေးများ။ 😉
    အရီးဘယ်လောက်တော်တယ်၊ ဗဟုသုတကြွယ်တယ် ဆိုတာသိပြီမဟုတ်လား။

    ခင်တဲ့
    အရီး

    • နှာကိုယ်တော် မောင်မောင်ဇာ

      January 30, 2012 at 10:20 pm

      စာကလေး မဟုတ်ပါ အရီးရယ် ..အဲ့ငှက်က စာကလေးထက် ၂-၃ ဆ လောက်ထွားတယ်ဗျ…
      လိမ္မော်ရောင် အကွက်တွေပါတယ်ဗျ ….
      ဂီလည်း သိဝူးရယ်..

      အရီးကို စိတ်မဆိုးပါဘူးဗျာ ..
      အရီးရေးတာကြောင့်လည်း ခံစားရလို့ မဟုတ်ပါဘူးဗျာ ….

      တကယ်တော့…
      သည်ရွာထဲမှာ လေးစားကြည်ညိုစရာ …
      နှစ်သက် ခံစားစရာ စာတွေရေးတင်နေတဲ့ …လူတွေထဲမှာ …
      (အထူးသဖြင့် …ရွာသူတွေထဲမှာ ..) တီချယ်နုနဲ့ အရီးကို ဂီက ထိပ်ဆုံးက ဦးထိပ်ပန်ဆင်လျက်ပါဗျာ…

      အဲ့လို သဘောမျိုး မရှိရိုးအမှန်ပါ …….

      တခါတခါတော့ စာရေးချင်စိတ်ပျောက်သွားတာမျိုးက တော အမှန်ဆိုတာတော့ ဝန်ခံတယ်ဗျာ ……။
      အဟုတ်ပါ….။ စိတ်ထဲမကောင်းတာ တခုက တော့ ….
      (ကျနော်သည်လည်း register မလုပ်ဘဲ ၃နှစ်လောက် စာဝင်ဖတ်မိတဲ့ ချာတိတ် တယောက်
      ဖြစ်ခဲ့ဖူးပြီး …. ကိုယ်ယူခဲ့တာများပြီ ကိုယ်လည်း တတ်စွမ်းသမျှ ပေးဆပ်ကြည့်ရအောင် ….
      ဆိုပြီး ရွာထဲ ဝင်လာခဲ့တယ်ဗျာ ….၆လတောင် မပြည့်တတ်သေးထင့် ….)

      လက်လှမ်းမီသမျှ အကုန်ရေးတင်ဖြစ်တယ်ဗျာ ..ကျနော် ဖြတ်သန်းမိသမျှပေါ့ ……
      စိတ်ကူးလေးက တခုပဲရှိတာပါ …လက်တလော အမှေးမိန်ခံ ကဏ္ဍ တွေ အားဖြည့်ဖို့…..
      ကျနော် ရည်စူးထားတဲ့ စာရေးဟန် တခု ရှိပေမယ့် ကျနော် စာအစုံရေးဖြစ်နေတယ်ဗျာ….

      သည်တော့ ခုကာလလို…. ဂိုဏ်းဂဏပိုင်း …အထှာပိုင်း ..အသင်းအဖွဲ့ပိုင် း…..
      ပါဝင်လာတဲ့ အခါ ဆွေးနွေးငြင်းခုန်ကြတဲ့အခါ…..ကျေနော် ခံစားမိတာ …တခုပဲဗျ….

      အဲ့ဒါ ဘာလဲဆို …ရသသမားတွေရဲ့ သုတပိုစ့်တွေများလို့ ..စာလေးတယ်. …မြင့်တယ် လူသစ်တွေ
      မရေးရဲ ရှိတော့မယ် လို့ ပြောတဲ့ အထဲလည်း ကျနော် ရေးတာတွေပါနေရဲ့ ….

      ပေါက်ပန်း ၄ဝတွေ အရေ မရ အဖတ်မရတွေ ရေးလို့ အော်တော့လည်း ကျနော် မလွတ်ကင်းပြန်…

      စပေ့စ် ကိစ္စ …ဒါ့ပုံဘက် မြားဦးလှည့်တော့လည်း …ရိုက်သမျှ တင်နေမိတဲ့ ကျနော့် တာဝန်မကင်း ….

      ကျနော်ပဲ ရွာဆော်ကြီးခွေး ဖြစ်နေတာကိုး …..ပြန်သုံးသပ်ဦးမယ်ဗျ…..
      ရွာက အလှူ မဏ္ဍပ် တခုဆို …ကျနော် အကျိုးပြုတာနဲ့…ကျနော် ဝင် တီး သွားတာ ကို မျှကြည့်ချင်တယ်…

      သည်ရက်ပိုင်း (ကျနော် ရွာထဲရောက်ပြီးနောက်ပိုင်း…) သဂျီးဆာဗာ ကို ဒုက္ခအပေးဆုံး
      နေရာအယူဆုံးက ကျနော်ဆိုတာ ကျနော် သိတယ်ဗျ ……။

      မောပီ
      တော်သေးပီ
      ဂီဂီ…

      ှု

      • Khin Latt

        January 31, 2012 at 6:31 am

        အရီး မတိ လို့ ရမ်းတုတ် မိတာပါဟယ်။ အခုတော့ ပုံတွေ ရာချီ၊ ထောင်ချီ တင်ပါဟယ်။ 😉
        ဒါထက် ဝင်းဝင်း ကိုရော၊ အလှကုန် အမျိုးသမီးရော၊ တစ်ခြား ဆက်ရန် တွေရော တန်းလန်း နော်။
        မျှော်နေကြတယ်။
        အရီး ကို ပင့်ပေးထား၍ သင်းကရုပါ။ ဒါမျိုးဆို အလွန်သဘောကျ၍ ညအိပ် မရအောင် ကို ပျော် တတ်ပါသည်။ 😀

  • အဖြေမှားရင်
    သူကြီးတူမနဲ့ အတင်းမပေးစားနဲ့ ဒါပဲ … ကြိုပြောထားတာ
    (ဂီ ရဲ့ မာကတ်တင်းပညာကို အကူအညီတောင်းပြီး သူကြီးက ကျွန်တော်တို့လို မလည်မဝယ် ကောင်လေးတွေကို ……)
    အရင်ဆုံး နာမည်ကိုမပြောသေးဘူး
    သူက အတောင်ပံနှစ်ဖက်ပါတယ်
    လေထဲမှာ ပျံဝဲနိုင်တယ်
    နှုတ်သီးကနေ အစာစားတယ်
    နားဖို့အတွက် ခြေထောက်နှစ်ချောင်းပါတယ်
    အမြင်အာရုံအတွက် မျက်စိနှစ်လုံးကလည်း ရှိသဗျ
    ဒီလောက်အထိ မှန်သလားမသိ
    အမည်ဆိုတာ ပညတ်ချက်တစ်ခုပါပဲ
    ဂီဂီကနေ ဖွတ်ကြား ပြောင်းလိုက် မောင်မောင်ဇာ ပြောင်းလိုက် ဘယ်လိုပဲ အခေါ်အဝေါ်တွေ ပြောင်းလဲနေစေကာမူ
    လူတိုင်းရဲ့ စိတ်နှလုံးသားထဲမှာ ဘာရှိလဲ …
    ကျွန်တော်ကတော့ သူ့ကို ငှက်လိုပဲ သိတယ်ဗျ … 😀
    (အမှန်က ငှက်ကိုမသိ Comment ပေးချင်၍ ပေါက်ကရလျှောက်ရေးသွားသည်။ ပုံတွေကတော့ အမြဲကောင်းနေတယ်ဗျ)

  • kai

    January 31, 2012 at 2:21 am

    ပြေးနေတဲ့..မြင်းတွေ.. အရှိန်မတန့်စေချင်ပါဘူး…
    ဆိုတော့.. ဆာဗာနည်းပညာနားလည်မယ်ထင်ရတဲ့ ဂီဂီနဲ့..သိနိုင်သူများကို ပြောပြချင်ပါတယ်..
    ဒီဝက်ဘ်ဆိုက်က..
    Intel(R) Xeon(R) CPU L5609 @ 1.87GHz ရှိတဲ့ CPU ၂ခုပါတဲ့ ဆာဗာပေါ်မှာ ရှိနေတာပါ..
    RAM: 4 GB ရှိပါတယ်.။ HDD က.. 30G လောက်နေရာစားနေပါတယ်.. ဝယ်ထားတာရဲ့.. တဝက်ပဲရှိပါသေးတယ်..
    bandwidth လည်း လစဉ်ဝယ်ထားတာရဲ့ တဝက်တောင်မပြည့်တာကို သုံးနေတာပါ…။

    အဲဒီလိုဆာဗာကြီး၂လုံးရှိပြီး.. တလုံးကို ဘက်ကပ်အတွက်ထားပါတယ်..။
    ဆာဗာအပေါ့စားနောက်တလုံးကိုတော့.. DNS ကိုအချိန်မရွေးပြောင်းနိုင်အောင်.. သီးသန့်ထားထားပါသေးတယ်..။

    ဆိုတော့… ပြည့်မှီအောင်ရေးကြပါဥင်္ီးလေ…။ 😆
    がんばれ!

    • Khin Latt

      January 31, 2012 at 6:25 am

      သူကြီး – ကျွန်မ က ဒီ Site ကို Go Daddy တွေဘာတွေမှာ တင်ထားတယ်မှတ်လို့။
      ဟား – အခုတော့ ပိုတောင် သနားသွားပြီ။ :opps:

      ဂီဂီ …. သူကြီး က … မင်း… ကို … မြင်း …. တဲ့။ အဟိ။ 😉

  • နှာကိုယ်တော် မောင်မောင်ဇာ

    January 31, 2012 at 7:41 am

    ဂမ်းဘားလဲ့ ဆိုတဲ့ ဒီမို သဂျီးရေ့….

    ဆာဗာနဲ့ ဘက်ကပ်ရဲ့ ဗလ ကိုသိလိုက်ပါပြီ ….
    သဂျီး စကား အရဆိုရင်
    ၁၊ စတိုးရေ့ချ် က ပြဿနာ မဟုတ် ၊ မန်မိုရီ နဲ့ စီပီယူက ထောင်း၏
    ၂၊ ဆာဗာ နဲ့ ဘက်ကပ် ဗလ အတူတူ…။

    သည်တော့ access များရင် memory နဲ့ CPU အလုပ်များမယ် …
    သဂျီးဘက် ဆိုဒ် မှာ ထပ်တိုးဖို့အော်မယ်၊ ကလိုင်းရန့် ဆိုက်ဒ် ဘက်မှာ access err တွေပြမယ်…။

    သည်တော စောဒက တက်ချင်တာက ….
    ၁။ ဘက်ကပ် ကိစ္စ
    ဘက်ကပ် ကို ဘယ်အချိန် ဘယ်လောက် ဘယ်လို run ပါသနည်း ဆိုတဲ့မေးခွန်းပါပဲဗျာ….။
    (၁ပါတ် ၁ခါလောက်.. အနှီ တခါမှာ ၃နာရီစာလောက် run ပေးပြီး main server ကို မိန်တိန်းသည်ထားပါတော့)

    အသုံးနည်းသည့် ဘက်ကပ် အတွက် resource allocation မှာ main server နှင့် ဗလချင်း အတူတူ … ထားတဲ့အချက်
    ကလေး များ ဟာ …နေသလားလို့ပါဗျာ …။

    သည်တော့ မိန်းဆာဗာ ကို ဗလ အပိုဆောင်းပေးထား ..ဘက်ကပ် ကို နည်းနည်း လျော့ထား…
    မိန်တိန်း လုပ်နေချိန်ဆို မက်ဆေ့ချ်လေးတင်ပြီး ဖိုရမ်တို့ ကွန်းမန့်တို့လို ဆားဗစ်မျိုး ခန ပိတ်ထား …

    သည်လိုမျိုးနဲ့ အင်အား ချိန်ခွင်လျှာကို ပြောင်းလဲ ကြည့်ပါလား လို့ အကြံပြုချင်ပါတယ်ဗျ ….။

    ၂။ Differentiation
    မန်ဘာနဲ့ နွန်း-မန်ဘာ ကြားက ကွာခြားချက် ကို ပိုမြှင့်ယူပြီး ဆာဗာရဲ့ အပူချိန် ကို လျော့ချခြင်း လို့ ပြောရမလားပဲဗျ…။
    (အကောင်းဆုံး နည်းတော့ မဟုတ်ဘူးထင့် …)
    ဘာတွေဘယ်လို အဆင့်ခွဲရမယ် ဆိုတာလည်း တိတိပပတော့ မသိတာဝန်ခံပါတယ်…
    အဆင့်ခွဲတယ် ဆိုလို့ အလွတ်ဝင်ဖတ်တဲ့လူထက် အခွင့်အရေး ပိုလိုချင်တယ် ဆိုတာမျိုး တော့ မထင်စေချင်ဘူးဗျ…..
    Dashboard ဖွင့်ရင် Current Online မှာ ယူဇာ နာမည် ခြောက်တီးခြောက်ချက် ၂ယောက် ၃ယောက်လောက် Guest ၅၀-၆ဝလောက်
    တွေ့တွေ့နေရတာ သိပ် စိတ်မချမ်းသာဘူးရယ် …။ အနှီ ကွာခြားချက် ကို လျော့ချ နိုင်မယ်ဆို (ဝါ) Current Online မှာ
    ယူဇာ ၃၀- ဂတ်စ် ၃ဝ လောက် ဖြစ်လာမယ်ဆိုရင် ဆာဗာ ပူရကျိုး ပိုနပ် ပေမပေါ့ဗျာ …။
    ဆိုက်ရဲ့ ဖရီးအင်ဖော်မေးရှင်းဖော် အဲဗရီး မြန်မာ ဆိုတာကိုလည်း မထိခိုက်စေဘဲ
    မန်ဘာဖြစ်ရင် ဒါတွေ ဒါတွေ ဒါတွေ လုပ်လို့ ရလာမယ် ဆိုပြီး ဖွင့်ပြ ရေးချ ထားပေးပြီး မန်ဘာရှစ်ပ် လုပ်ဖို့ ပိုပြီး ပရိုမိုးရှင်း
    ဆင်းနိုင်ရင် သဂျီး ဂူဂဲလ် အနဲလတစ် က ရမယ့် ဒေတာတွေလည်း ပိုမို တန်ဖိုးရှိလာမယ် မဟုတ်ပါလားဗျာ …။

    Free Inf: for EveryOne ..အင်း ..မန်ဘာလေးတော့ register လုပ်ပြီးဖတ်ကြပါ ဆိုတာမျိုး အသိကလေး တခု
    ယူဇာတွေ Guest တွေမှာ ရှိစေဖို့ပါ ….။

    သည်အချက်ကို ပြောရတာ …
    ကျနော်ကိုယ်တိုင်လည်း ပြူးတူးပြဲတဲ သတင်းတွေ ဝိုင်းစကတ်တိုသိန်း ဒါ့ပုံတွေ ဒါဘယ်သူလဲ အမေးအဖြေတွေ ပါတဲ့
    ဖောဝပ်မေးလ် တွေက တဆင့် ရွာထဲ Guest အနေနဲ့ ဟိုးအရင်ကတည်းက ရောက်ဖူးကြောင်းပါ ….။
    အများအကျိုးပြု ဆိုက်တခုရဲ့ resource ကို တိတ်တိတ်လေး လာ တိတ်တိတ်လေးပြန်ထွက်ပြီး ဖြုန်းတီးဖူးကြောင်းပါ..။

    ၃။ ဖက်စက်လတိတ်တာ မော်ဒရိတ်တာ ..
    ပေါ်လစီပိုင်းက အစ ခေါင်းစဉ်ပြင်တာ အလည် ပို့စ် ရွှေ့တာ အဆုံး သဂျီးပဲ လုပ်နေရတာက သဂျီးကိုပို တာဝန်ပိုစေသလို
    ဆိုက်ဒ် အက်ဒမင်ပိုင်း ရဲ့ ရက်စပွန့်စ် စပိဒ် ကို လျော့ကျစေတယ်လို့ မြင်မိတယ်ဗျ …။ ကပေါက်ဖော်တို့လို ရွာမှာ အမာခံတွေ ရှိပါတယ်။
    သည် ဆြာသမားတွေကို ဗော်လန်ဒီယာ အနေနဲ့ စည်းရုံးတာဝန်ပေးပြီး ခေါင်းစဉ်ပြင်ပေးတာမျိုး …တနေ့ ၄-၅ပိုစ့် လွှတ်တင်လိုက်လို့ ထိပ်ဆုံး၂ခု ကလွဲရင်
    ကျန်တာတွေ စကတ်ဂျူးလ် လုပ်တာမျိုး …။ သိပ်ပြီး အစွန်းရောက်တဲ့ ပိုစ့်မျိုးကို ပန်ဒင် လုပ်ပြီး သဂျီးဆီ approval တင်တဲ့ စာရင်းထဲ ရွှေ့တာမျိုး ..
    စတာတွေ ဝိုင်းကြဝန်းကြမယ် ဆိုရင်ဖြင့် သဂျီး ဆိုက် ကို လှည့်မကြည့်နိုင်ခင်မှာ ယခုထက်ပို ကောင်းမယ် လို့ထင်ကြောင်း….

    • Khaing Khaing

      February 28, 2012 at 1:11 pm

      အမလေး ဂီရယ် အပေါ်က ဒါတ်ပုံလေးကြည့်ပြီ အဖြေရှာနေတုန်း အောက်ကဂီတို့ရေးတာတွေနဲ့ မူးနောက်ရီဝေသွားတာပဲ ငှက်လေးက သစ်ပင်အရောင်နဲ့တူတယ်နော် ဒါဆို ပေါက်သင်ညိုငှက်ဖြစ်မယ် ပေါက်သင်ညိုတွေက သူတို့ပတ်ဝန်းကျင်ကိုလိုက်ပြီး အသွေးအရောင် ပြောင်းကြတယ်လေ ….အခိုင်ကတော့ ပေါင်သင်ဌက် လို့အမည်ပေးမယ်….

  • နှာကိုယ်တော် မောင်မောင်ဇာ

    January 31, 2012 at 8:09 am

    ဩ မေ့လို့ရယ် …..ဒါ့ပုံတွေကိစ္စ …
    ကျနော်လည်း အမှုမဲ့အမှတ်မဲ့နဲ့ လုပ်ဖြစ်တယ်ဗျ…
    ဖိုင်ဆိုဒ် မလျှော့မိတဲ့ကိစ္စပါ…

    ဆာဗာမှာ ဖူးလ်ဆိုဒ် အပ်ပလုဒ် ဖြစ်သွားတာကိုး …
    သည်တော့ insert into post ရွေးတဲ့အခါမှာ
    small, medium, large, original size ဆိုပြီး ရွေးစရာ
    ပေါ်တာ ကို ကြည့်ရင်း သတိထားမိတာပါ…။

    ပုံမှန်အားဖြင့် 800x600px နဲ့ ပြပါ ဆိုရွေးဖြစ်တယ်ဗျာ..
    ၂ကြိမ်လောက် right-click နဲ့ open in new tab နဲ့ ဖွင့်ကြည့် ရင်
    မူရင်း ဆိုက်ဒ် အထိ ချဲ့ကြည့်လို့ ရတာ တွေ့ရပါတယ်..။
    ပုံကို ဒေါင်းလုဒ် ပြန်ချကြည့်ရင်လည်း မူရင်း ဆိုဒ် အတိုင်း ပြန်ကျလာတယ်ဗျ…
    အဲ့ဒါကို right click ထောက် properties ထဲဝင် ပြီး detail inf ဝင်ဖတ်ရင်တောင်
    ဘာကင်မလာ ဘယ်ပြောင်း နဲ့ ဘယ် f-stop မှာ ဘယ်အပါချာနဲ့ ဘယ်နှစက္ကန့် ပစ်ထားတယ်
    ဆိုတာပါ ပါနေသေး …။

    ကျနော် Greatest Hits 2011 တင်မယ်ဆိုတော့ FB ကနေ ကောင်းနိုးရာရာ ပုံတွေ
    ပြန်ဒေါင်းပြီး တင်မယ်လုပ်တော့ ဆိုဒ်တွေ လျှော့ချထားခံထိတာ တွေ့ရတယ်ဗျ….
    မူရင်းဆိုဒ် တွေမဟုတ်သလို အနှီ detail inf တွေလည်း ပြုတ်ကျကျန်စ်တယ်ပေါ့ဗျာ…
    (အင်းလေ လိုမှ မလိုတာကိုး) ……

    သည်တော့ အကြံပြုချင်တာက ပုံတွေကို display size အတိုင်းပဲသိမ်းနိုင်မယ်ဆိုရင်
    Memory, CPU loading ကိစ္စသာမက စပေ့ ကိစ္စပါ အတော် သက်သာသွားမယ်ထင်ကြောင်း..

    • htoosan

      January 31, 2012 at 10:30 am

      ဟူး.. မောလိုက်တာ ..
      မောပီ
      တော်သေးပီ
      ဂီဂီ…

    • kai

      January 31, 2012 at 5:04 pm

      အခု.. Smush.it ဆိုတဲ့..plugin ထည့်ထားတယ်…
      အထဲမှာတွေ့ရပါလိမ့်မယ်..။
      ပုံကိုမထိခိုက်ပဲ.. အရွယ်လျှော့ပေးတယ်ဆိုတာပဲ.. 🙂

      ကျန်တာတွေထဲ.. ၂ အတွက်ကို..လေ့လာ ကြည့်နေပါကြောင်း…။ 😆

  • စိန်ပေါက်ပေါက်

    January 31, 2012 at 10:57 am

    ဒါ့ပုံတွေဘာတွေက Picasaweb မှာ Upload တင် ပိုတောင်မြန်သေး 😀
    ပြီးမှ လင့်ခ်ယူပြီး လာပြ ဘယ်ရောက်မိုက်ရဲ
    ချွေတာချင်ရင် ပေါတာဘာ..

    သများ မော့ဒ် လုပ်ပါရစေနဲ ့
    သများ ခနက်ရှန်နဲ ့ ဘီလိုမှ မော့ဒ် လို ့မရဘူး.အဲတာကြောင့်ပါ.နို ့မို ့ဆို ကူညီပေးဘာဒယ်..

    ငဂီရေ
    အဲတာ စာကလေးအမျိုးစားထဲကပဲ ဖြစ်မှာပါ
    ကြားကားဆွဲသွားလို ့လား.ဒါမှမဟုတ် အစားကြီးလို ့လားမသိ ဝလာတာနေမယ်..
    စာကလေးပါ.

    • နှာကိုယ်တော် မောင်မောင်ဇာ

      January 31, 2012 at 11:12 am

      သများကလည်း ခနက်ရှင် ကနောက်ဆို ကောင်းလာဒေါ့မှာ …
      ၅ဂျိန်းတန် ဖယ်လီတုန်း ..အဲ့လေ ..တယ်လီဖုန်းဒွေ ရလာရင်

      ဒါမှမီဟုတ်လည်း ခန်ပနီ အသစ်တခုခုကနေ နည်းပညာ အသစ်တွေနဲ့
      ၅ဂျိန်း ခန်ပနီလို တိုက်ကွက်အသစ်တွေ ဆင်လာရင် ….
      ဟီဟိ…

      စာကလေး တော့ မီဟုတ်ဘူးထင့်..
      ဆိုဒ်က ဇရက် လောက်ရှိတယ်ခည..
      မယုံရင် စိုင်ကလေးမေးကြည့်ပါလား

      ဂီ။ နော့် စိုင်ကလေး။
      စိုင်။ ဟုတ်ပါတယ်ချင့်။

      ကဲ တွေ့လား…
      😀

  • blackchaw

    January 31, 2012 at 11:02 am

    ဆာဗာ ကိစ္စတွေတော့ သိတ်နားမလည်ပါဘူး ခင်ဗျာ။
    ငှက်ပုံ လှလှလေးကိုတော့ ဝင်ရောက်အားပေးသွားပါတယ်။
    စာကလေး ယောက်ဖ ငှက်လို့ ထင်ပါတယ်။ : D

  • လင်းဝေ

    January 31, 2012 at 12:28 pm

    အဲဒါ စာကလေးယောက်ဖလည်း မဟုတ်ဘူး။
    နောက်ကို အရွယ်ကိုသိသာအောင် မီးခြစ်ကလေး ဘောပင်လေး အနားမှာ သွားထားပြီး ရိုက်မယ်နော် ပြောပြီး မှ ရိုက်လေ။ နောက်တာပါ။
    အဲဒါ ဂျပန်မယ်ညို ငှက်လို့ခေါ်တယ်။ နှင်းတောထဲ ချယ်ရီပင်တွေကြားထဲနေတာမို့ အရောင်နည်းနည်း ရေမြေလိုက်သွားတာ။
    Suntory – Hibiki နဲ့ မြည်းရင် သိပ်ကောင်းတယ်။ ( ငှက်ချစ်သူ အသင်းဝင် စစ်စစ်ပါ )

    • MaMa

      January 31, 2012 at 5:40 pm

      မနှစ်က (MOB ဘဏ်ကထင်တယ်) ထုတ်တဲ့ ပြက္ခဒိန်မှာ ငှက်ချစ်သူအသင်းက ရိုက်ထားတဲ့ ဆန်းဆန်းပြားပြားငှက်တွေရဲ့ ဓာတ်ပုံတွေ အများကြီးပဲ။ အဲဒီထဲမှာတောင် ပါလားမသိဘူး။ ပြောပြမလို့ ပြန်ရှာတာ မတွေ့ဘူး။

  • windtalker

    January 31, 2012 at 12:57 pm

    စာကလေးနဲ ့အမျိုးတော်ရင် တော့ ၊ ဖမ်းစား ၊ ပစ်စား ၊ ကင်စား ၊ ကြော်စား
    အဘယ်ကြောင့်ဆိုသော်
    စာကလေးကြော် စားခြင်းသည် ယောက်ျားအားကို ထူးကဲစွာ အကျိုးရှိစေ၏

    • နှာကိုယ်တော် မောင်မောင်ဇာ

      January 31, 2012 at 1:25 pm

      ဟုတ်ပါဘီ ကပေ့ရယ် ..စားပီပဲထားပါတော့
      အဲ့သည့် အားကို တားတားက ဘယ်နား တွားသုံးရမဲ ဟင်င်င်….

      အင်း ..ဒါတွေသိလို့ပဲ အပေါ်က ငှက်ချစ်သူကြီးက
      ဆန်တိုရီနှင့် တွဲဖက်ပေးတယ်ထင့် ……

      😀
      ခင်တဲ့
      နှူးဘာဂီ

  • nozomi

    January 31, 2012 at 5:05 pm

    ဂီဂီ ရေ အဲဒါ ဥဩ ဖြစ်မယ် ဗျ
    တော်တော် လှတာပဲနော

    တကယ်တော့ ဘာပုံမှ မမြင်ရပါ ၊ အပေါ်က မန်းထားတွေ ဖတ်ပြီး ရမ်းသမ်းဖြီးဖြမ်းလိုက်ခြင်းဖြစ်ပါသည်
    တချို့ရက်တွေ ရွာထဲ လုံးဝ ဝင်လို့ မရပါ
    ကံကောင်းလို့ ရွာထဲ ဝင်လို့ရတဲ့နေ့ ပို့စ် တစ်ခု ပေါ်အောင် refresh အခါ ၂ဝ လောက် လုပ်ရပါတယ်
    ပို့စ် ပေါ်ရင်လဲ စာတွေသာ ဖတ်လို့ ရပြီး ဘာပုံမှ ကြည့်လို့ မရပါ ၊ မျက်စေ့မမြင်တဲ့သူတွေ သူများပြောတာ နားထောင်ပြီး စိတ်နဲ့ မှန်းကြည့်ရသလို
    အပေါ်က ကွန်မန့်တွေ ဖတ်ပြီး ပုံဖော်ကြည့်ရတာပါ
    အခု လဲ စာကလေးထက်ကြီးတဲ့ကောင် ဆိုလို မနက်ကတင် အိမ်ဘေးကသစ်ပင်မှာ ဥဩသံ ကြားခဲ့ ရလို့ ရမ်းပြီး မှန်းလိုက်ရပါတယ်

    ( သက်ဆိုင်သူများ ခင်ဗျာ – လွတ်လပ်စွာ ရေးခွင့် ၊ ပြောခွင့် ၊ ဆွေးနွေးခွင့်ဆိုတာတွေ ရဘို့ လုပ်နေကြသလို လွတ်လပ်စွာဖတ်ခွင့် ရဘို့ အတွက်လဲ လိုင်းကောင်းကောင်းလေးဖြစ်အောင် …………..)

  • ကြောင်ကြီး

    February 2, 2012 at 12:20 pm

    စိုင်ပဲကြည့်ချင်တယ်ကွာ..။

Leave a Reply