ပရဟိတကို စိတ်ဝင်စားကြသူများ

mandalarthuJanuary 30, 20121min1135

အခုတလော ဟိုနေရာမှာလည်း “ပရဟိတ” ၊ ဒီနေရာမှာလည်း “ပရဟိတ”နဲ ့ ကျွန်မတို ့မန္တလေးမြို ့မှာသာမက မြန်မာနိုင်ငံ နေရာအနှံ ့အပြားမှာ တော်တော်လေး ကျယ်ကျယ်ပြန် ့ပြန် ့လုပ်ကိုင်လာကြတာ တွေ ့မြင်နေရပါတယ်။

ကိုယ် ့လူမျိုး၊ကိုယ် ့ဘာသာဝင် အချင်းချင်း မွန်မြတ်သောစိတ်ထားဖြင် ့ရိုင်းပင်းကူညီမှုတွေက

မြင်၇၊ကြားရတာနဲ ့ပင် အားရကျေနပ်စရာပင်

ဆင်းရဲ နွမ်းပါးသော မိသားစုများမှ ပေါက်ဖွားလာသော ကလေးငယ်များကို  ပညာဆက်လက်သင်ကြားနိုင်အောင် မိမိတတ်စွမ်းနိုင်သလောက် လစဉ်ငွေကြေး နှင် ့စာအုပ်စာတန်းများ ကူညီထောက်ပံ ့မှုပေးနေသော ပရဟိတ အသင်းအဖွဲ ့များနှင် ့

ထို အသင်းအဖွဲ ့များတွင် မိမိတို ့ကိုယ်တိုင် ပါဝင်ပြီး ကလေးငယ်များကို အချိန်ပိုင်းစာသင်ကြားပေးခြင်းနှင် ့မိမိကဆရာဝန်ဖြစ်ပါက မိမိတတ်နိုင် သလောက် မိမိ ဧ။် အားလပ်ချိန်ကလေးများကို ဖဲ ့ကာ ရောဂါဝေဒနာကို ခံစားနေရရှာသော ဆင်းရဲနွမ်းပါးသူ သက်ကြီးရွယ်အိုများအား အခမဲ ့ဆေးဝါးကုသမှု ပေးခြင်းတို ့က

နတ်လူသာဓုခေါ်ဆိုနိုင်သော

မိမိကိုယ်ကျိုးမပါသော

ပရဟိတ စစ်စစ် အလုပ်များပင်။

လူဆိုသည်မှာ မွေးဖွားလာကတည်းက မိမိ အကျိုးကိုသာအများဆုံး ကြည် ့တတ်ကြ ၍ သူတပါးအကျိုးကို

ထည် ့တွက်တတ်သူက ခပ်ရှားရှားပင်။

မိမိဧ။်အချိန် ၊မိမိဧ။်ငွေ၊မိမိဧ။် လုပ်အားကို စိုက်ထုတ်၍

အများအကျိုးအတွက် တပင်တပန်းလုပ်ဆောင်ပေးနေသူတို ့က တော ့

ပရဟိတကို စိတ်ဝင်စားသူများပင်။

ထိုသူများဧ။် ခံယူချက်၊ ထိုသူများဧ။် စိတ်ထားကတော ့အတော်လေး အတုယူဖွယ်ကောင်းပါသည်။

သူတို ့ဧ။်လုပ်ဆောင်ကူညီပေးမှုကြောင် ့အခြားသူတို ့ထံမှ ငွေကြေး၊ကျေးဇူးတရားတုံ ့ပြန်မှုုု နှင် ့အခြားမည်သည် ့တစုံတရာကိုမျှ ့ပြန်လည်ရယူဖု ့ိထိုသူတို ့မမျှော်လင ့်ကြပါ။

မွန်မြတ်လှသော လေးစားအတုယူဖွယ် စိတ်ဓာတ်ပင်။

ဘဝတစ်လျှောက်လုံးမှာ သူတို ့ဧ။်ဘဝကို သူတပါးအတွက် သူတို ့တတ်စွမ်းသရွေ ့သူတို ့ဧ။်

ငွေကြေး (သို ့)  လုပ်အားဖြင် ့ကူညီရင်း

အဓိပ္ပါယ်ရှိရှိ လျှောက်လှမ်းနေကြသည်မှာ

မိမိကိုယ်ကျိုး၊မိမိမိသားစု ကောင်းစားဖို ့သာတခုတည်းသာ ကြည် ့၍ နေ ့ရောညပါ

ပင်ပန်းကြီးစွာလောဘတကြီး လုပ်ကိုင်ရှာဖွေနေကြသူများအဖို ့တွေးကြည် ့တတ်လျှင်

ရှက်ဖွယ်လိလိပင်။

ပရဟိတလုပ်ရာ၌လည်း အချိန်ပြည် ့လုပ်ဆောင်နေရမည် မဟုတ်ပါပေ။

မိမိ အကျိုးစီးပွားကိုလည်းထိုက်သင် ့သလို လုပ်ဆောင်နေရဦးမှာပင်။

မိမိအကျိုး သူတပါးအကျိုးနှစ် ဖက်မျှကာ လုပ်ဆောင်တတ်မှသာ

အတ္တနှင် ့ ပရ  မျှမျှတတ ဖြင် ့ဟန်ချက်ညီညီ ဖြင် ့

လောက အကျိုး ဆထက်တပိုး သယ်ပိုးနိုင်မည့်

လူပီသ သည် ့လူသားစင်စစ် အဖြစ် ဘဝကို အဓိပ္ပါယ်ရှိရှိ တည်ဆောက်နိုင်မှာ မဟုတ်ပါလော။

ဘယ်တစ်ဦးတစ်ယောက်ကိုမှ မောင်းခတ်ကြေငြာနေရန်မလိုသော

မွန်မြတ်သော ပရဟိတ အလုပ်များကို လူသားတိုင်း တတ်စွမ်းသမျှလုပ်ဆောင်သွားမည် ဆိုလျှင်ဖြင် ့

အေးချမ်းသော လောကလူ ့ဘောင်ကို တည်ဆောက်နိုင်ပြီး

လူတိုင်း သည် ဘဝမှာ မြင် ့မားသော ဘဝပိုင်ရှင်များဖြစ်နိုင်ကြမည်မှာ အမှန်ပင်ဖြစ်ပါတယ်။

 

 

 

 

5 comments

  • Khin Latt

    January 30, 2012 at 10:04 pm

    ကောင်းမွန်တဲ့ အတွေးပါဘဲ သမီးရေ။
    အရီးက အသက်ကြီးသူတွေကို စောင့်ရှောက် တဲ့ ပရဟိတ ဝင် အတော်ဖြစ်ချင်တယ်။
    တစ်နေ့ပေါ့။ အားမွေးထားပါတယ်။
    သမီး လေးအတွက် ကျေးဇူးဘဲ နော်။ 🙂

    • မန္တလာသူရဲ့မျှဝေပေးမှုကိုကျေးဇူးတင်ပါတယ်
      အတ္တနှင် ့ ပရ မျှမျှတတ ဖြင် ့ဟန်ချက်ညီညီ ဖြင် ့
      လောက အကျိုး ဆထက်တပိုး သယ်ပိုးနိုင်မည့်
      ………………..
      ကြိုးစားနေတုံးမှာ အခုလို စာများဖတ်ခွင့်ရတဲ့အတွက် ပိုမိုကြိုးစားချင်စိတ် ဖြစ်ပေါ်လာမိပါတော့တယ် ….
      ————————————————————————————————————-

      အရီးလေးရေ
      သားကတော့
      အသက်ငယ်တဲ့သူတွေကို စောင့်ရှောက်ပါ့မယ်
      (မိန်းမပျိုလေးများ လမ်းမှားမရောက်စေရန် ကိုယ်ဖိရင်ဖိ စောင်မကြည့်ရှုပါ့မယ် .. ဤကား သူကြီးအလိုတည်း) … 😛

      ကပေါက်ဖော်၊ ကပေ၊ ကိုရင်စည်၊ 77၊ ကိုထွန်းဝင်းလတ်၊ ဖရဲ၊ မှော်ဆရာနဲ့ ဂီဂီကလည်း
      အသက်ငယ်တဲ့သူတွေကို စောင့်ရှောက်ပါ့မယ်
      (ယောကျင်္ားပျိုလေးများ လမ်းမှန်ရောက်ရန် … ဤကား မိုက်ကယ်၏အလိုတည်း) 😀

  • True Answer

    January 31, 2012 at 8:20 am

    ယခုပို့စ်လေးအတွက် ကျေးဇူးတင်ရှိပါသည်။

  • manawphyulay

    January 31, 2012 at 10:56 am

    ပရဟိတဆိုတာ လူတိုင်းမှာ ဒီလိုစိတ်လေးတွေ မွေးမြူသင့်တယ်လို့ မြင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နိုင်တစ်ပိုင်လုပ်နိုင်တာလည်း အကျိုးခံစားရပါတယ်။ မနောလည်း တစ်နိုင်တစ်ပိုင်ပေါ့။ ခုတောင် ရထားတဲ့စာမူခနဲ့ ဆည်းဆာရိပ်မှာ လှူဖို့စီစဉ်နေပါတယ်ရှင်။

  • mandalarthu

    January 31, 2012 at 12:39 pm

    အရီးခင်လတ်ေ၇…..ကောင်းလိုက်တဲ ့စိတ်ကူးဘဲနော်။အသက်ကြီးတဲ ့သူတွေကိုစောင် ့ရှောက်တဲ ့ပရဟိတ အလုပ်ဆိုတာလူတိုင်းလုပ်နိုင်ဖို ့ခက်ခဲမယ်ထင်ပါတယ်။အတော်လေးစိတ်ရှည်ပြီး ပြုစုတတ်မှသာဖြစ်တာမို ့အရီးခင်လတ်ရဲ ့မွန်မြတ်တဲ ့စိတ်ကူးလေး တနေ ့အကောင်အထည်ပေါ်လာပါစေလို ့………ကျေးဇူးပါနော် ..အရီးေ၇။
    ကိုKing ေ၇….ပရဟိတ အလုပ်တွေကို လုပ်ခွင် ့ရပါစေနော်။….အားပေးပါတယ်။
    ကိုTrue Answer ေ၇…. ကျေးဇူးပါနော်။
    မနောေ၇………မနောပြောတာအမှန်ပါဘဲ….တပိုင်တနိုင် လုပ်ရင်းနဲ ့စိတ်တူတဲ ့လူတွေစုပြီး တဖြည်းဖြည်း ကျယ်ကျယ်ပြန ့်ပြန် ့လုပ်ဖြစ်သွားခဲ ့ရင်တော ့လောကကို ပိုလို ့အလှဆင်နိုင်မှာပါနော်။
    မနောလေးရဲ ့အလှူ တွက် သာဓုပါနော်။

Leave a Reply