ဒေါ်အောင်ဆန်းစုကြည်နဲ ့ဦးတင်ဦး ဒုက္ခရောက်ခြင်း

တကယ်တော့ ယနေ ့ခေတ်မှာ မှတ်ပုံပြန်တင်ပြီး ပါတီထူထောင်ခွင့်ရထားပြီဖြစ်တဲ့၊အနယ်နယ်အရပ်ရပ်မှာ ရုံးသစ်တွေရော၊အဟောင်းတွေပါ အသီးသီးပြန်ဖွင့်နေကြပီ
ဖြစ်တဲ့ NLD ပါတီဟာ ၁၉၉ဝပြည့် ရွေးကောက်ပွဲရဲ ့အောင်နိုင်သူဆိုတာ သမိုင်းက သက်သေပါ။ဘယ်သူမှငြင်းလို ့မရပါဘူး။
ပြီးခဲ့တာတွေလဲ ပြီးသွားပြီမို ့ထပ်မပြောတော့ဘူးဗျာ။ဒါပေမယ့် ခုနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ ့၈၈ မျိုးဆက်ကျောင်းသားတွေ တိုင်းပြည်အတွက် ဘယ်ပုံစံ
အပေးအယူအချိတ်အဆက်မိမိချီတက်နိုင်မလဲဆိုတာ အများပြည်သူရဲ ့စိတ်ဓာတ်၊ခံယူချက်နဲ ့ကိုယ်ရည်ကိုယ်သွေးအပေါ်အများကြီးမှီခိုသွားပါပီ။တိုင်းပြည်တစ်ပြည်တည်ထောင်မယ့်နေရာ မှာ ခေါင်းဆောင်ကောင်းရှိဖို ့လိုသလို နောက်လိုက်လဲကောင်းဖို ့လိုပါတယ်။ဒေါ်စုပြောဖူးတဲ့ စကားတစ်ခွန်းမှာ“ခေါင်းဆောင်ရှိလို ့
ဒီမိုကရေစီလှုပ်ရှားမှုရှိတာမဟုတ်ဘူး၊ဒီမိုကရေစီလှုပ်ရှားမှုရှိလို ့ ခေါင်းဆောင်ဆိုတာဖြစ်လာတာ”ပါတဲ့ဗျာ။
ကျနော်ကပြောချင်တာကို ဝေ့လည်နေသလို ဖြစ်နေသလားလို ့ဗျာ။ဒီလိုပါ“ခုနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ ့၈၈ မျိုးဆက်ကျောင်းသားတွေ တိုင်းပြည်အတွက် ဘယ်ပုံစံအပေးအယူအချိတ်အဆက်မိမိချီတက်နိုင်မလဲဆိုတာ အများပြည်သူရဲ ့စိတ်ဓာတ်၊ခံယူချက်နဲ ့ကိုယ်ရည်ကိုယ်သွေးအပေါ်အများကြီးမှီခိုသွားပါပီ”ဆိုတဲ့ အချက်ကိုထောက်ပြဝေဖန်ပေးပါမယ်။ဒါပေမယ့်ခုပေးမယ့်ဝေဖန်မှုဟာတစ်ခြားနေရာဒေသကလူအများအတွက်မဟုတ်ပါဘဲ သံတွဲဒေသကဒေသခံအများအတွက်သာဖြစ်ပါ
တယ်။
စိတ်ဓာတ်မရှိ၊ညီညွတ်မှုမရှိသူများ၊ခံယူချက်မရှိသူများ၊သူတပါးအပေါ်မနာလိုမရှုစိမ့်သူများ၊အနိုင့်အထက်လုစားသူများ အင်မတန်ပေါတဲ့မြို ့ဆိုလဲ မမှားပါဘူး။အဲဒီလို ညီညွတ်သွေးစည်းမှု အနည်းဆုံးဖြစ်တဲ့ မြို ့က လူတွေဧည့်ခံလိုက်တာ ဒေါ်အောင်ဆန်းစုကြည်နဲ ့ဦးတင်ဦးတို ့ကို ဝတ္တရားပျက်ကွက်သွားပါလေရောဗျ။ဒါဟာ ဘယ်သူ ့လက်ချက်လို ့ထင်ပါသလဲ။ခင်များတို ့သိထားတဲ့ ကုလားတွေ၊ခရစ်ယန်တွေလက်ချက်မဟုတ်ဘူး။ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး(ရက္ခိတနွယ်ဝင်)ဆိုတဲ့ အမျိုးသီလကိုစောင့်ထိန်း
သူတွေ လက်ချက်ပါဘဲ။
၁၉၉၆ ခုနှစ်မှာ ရခိုင်ပြည်နယ်ကို ဒေါ်အောင်ဆန်းစုကြည်၊ဦးတင်ဦးနဲ ့NLD ရဲ ့EC တွေသံတွဲကို စည်းရုံးရေးဆင်းပါတယ်။ရခိုင်ပြည်နယ် သံတွဲမြို ့ရဲ ့NLD ရုံးခန်းဟာ မြို ့လယ်ခေါင်မှာတော့ မဟုတ်ပါဘူး။ချောင်ကျကျထောင့်လေးတစ်နေရာမှာ တော်တော်လေးကို ပါတီအပေါ်မှာ သံယောဇဉ်ကြီးတဲ့ ဦးထွန်းကြိုင်က အိမ်မှာလုပ်ပြီးဖွင့်ထားလို ့သာမြင်ရတာပါ။နို ့မဟုတ်ရင် ရုံးခန်းတောင် အစအနရှာတွေ ့ပေါ့မလား တွေးမိပါတယ်။ဒါက နေရာထိုင်ခင်းတည်ရှိပုံကို ပြောပြ
တာပါ။လိုရင်းကို ပြောပါမယ်။
ဒီလို နဲ ့ဒေါ်စုရယ်ဦးတင်ဦးရယ် ညအိပ်အနားယူဖို ့ကိုလဲ အာဏာပိုင်တွေက ဟို
တယ်တွေအားလုံးကို လက်မခံဖို ့အမိန် ့ထုတ်ထားလေတော့ သံတွဲNLDကလူကြီးတို ့မှာစဉ်းစားရခက်နေတယ်ပေါ့ဗျာ။ဒီအချိန်မှာ သူတို ့စဉ်းစားမိတာက ဒေါ်စုဟာ ညအိပ်ရာဝင်ရင်ဘဲဖြစ်ဖြစ်၊မနက်စောစောဘဲဖြစ်ဖြစ် ဘုရားဝတ်တက်၊ဝတ်ပြုချင်မှာ
ဘဲပေါ့။ဒါပေမယ့် ပါတီရုံးစိုက်ရာ အိမ်ဟာ အစ္စလာမ်အိမ်ဖြစ်နေလေတော့ ဘယ်မှာ ဘုရားကျောင်းဆောင်ရှိပေါ့မလဲ။
အဲဒီတော့ တစ်မြို ့လုံးက ဗုဒ္ဓဘာသာဝင်အိမ်တွေ အိမ်စုံစေ့သွားပါတယ်။ဘယ်အိမ်မှ လက်မခံရဲပါဘူး။အဲဒီတော့ ပါတီရုံးမှာဘဲ ဘုရားပုံတော်တစ်ချပ်ဝယ်၊ချက်ချင်းကျောင်းဆောင်တစ်ခုဖန်တီး ပြီးဧည့်ဝတ်ပြုရပါတော့တယ်။ဒါဟာ အစ္စလာမ်
အိမ်ဆိုတာကိုတွေးလို ့မရတော့ဘူး။ဒေါ်စုနဲ ့ဦးတင်ဦးတို ့အတွက် ကို သစ္စာခံသက်
သေပြုသွားတာပါ။အမှန်က သံတွဲမှာရှိနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ သူတို ့ဘယ်
လောက်သေးသိမ်ညံ့ဖျင်းသလဲ မတွေးမိကြတော့ဘူးထင်တယ်ဗျာ။သမိုင်းမှာလဲ ပြောစမှတ်ဖြစ်သွားတာပေါ့။နောက်ပြီး ကူညီမှုလဲမရှိ၊နှောင့်ယှက်မယ်ဆိုရင် သိပ်အား
နေကြသလိုပါဘဲ။
ဒီနေရာမှာ တောင်ကုတ်မြို ့နဲ ့ဂွမြို ့နယ်ဖက်က ဗုဒ္ဓဘာသာဝင်တွေ စည်းလုံးကြတာကို အင်မတန်ချီးကျူးမိပါတယ်။
သံတွဲက ဗုဒ္ဓဘာသာဝင်တွေဧည့်ခံလိုက်ကြပုံများဗျာ။တကယ်တော့ သူတို ့လက်
ညှိုးထိုးနေတဲ ့ကုလားပါတီက ကုလားတွေဧည့်ဝတ်ကျေတယ်ဆိုတာ တွေ ့နေတာ
ကိုတောင် ငါတို ့သူတော်ကောင်းပါထအော်နေသေးတယ်ဗျာ။
အဲဒီတော့ မနေ ့က ပါတီဆိုင်းဘုတ်အသစ်တင်တယ်၊ရုံးဖွင့်ပွဲလေး အကျဉ်းချုံလုပ်တယ်။ဒါပေမယ့် တက်ရောက်လာတဲ့သူတွေထဲမှာ ဗုဒ္ဓဘာသာဝင်တွေ
အင်မတန်နည်းနေတယ်ဆိုတာ အဲဒါကြောင့်ပါဘဲ။အော် သံတွဲသားတွေ……………………..အော်သံတွဲသားတွေ…….

9 comments

  • ဒီလိုအဖြစ်မျိုးရှိခဲ့မှန်းမသိရိုးအမှန်ပါ
    အခုလို တူးဖော် ဖော်ပြပေးတဲ့အတွက်
    ကျေးဇူးပါဗျို့
    လူမသိသူမသိ အချက်အလက်များရှိသေးရင်
    ထပ်မံ ဖတ်ရှုရမယ်လို့
    မျှော်လင့်လျှက် …

  • Thel Nu Aye

    January 31, 2012 at 6:48 am

    1996 ကဆိုတော့အဖြစ်အပျက်ကတော့အဟောင်းပေါ့။ ဒါပေမဲ့ဗုဒ္ဓဘာသာဝင်၊ အစ္စလာမ်ဘာသာဝင် ဆိုတဲ့စကားကြီးကတမျိုးဖြစ်နေလားလို့။ ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆိုခြင်းမကြိုဆိုခြင်း
    ဟာလူတဦးချင်းစီနဲ့ပဲသက်ဆိုင်တယ်လို့ထင်ပါတယ်။ ဘာသာရေးနဲ့မသက်ဆိုင်ဘူးလို့ထင်ပါတယ်။ ဥပမာ ဆရာတော်တပါးကြွလာတာကိုဗုဒ္ဓဘာသာဝင်တွေမကြိုဆိုပဲတခြားဘာသာဝင်တွေကကြိုဆိုတယ်ဆိုရင်တော့အတိအကျသက်ဆိုင်ပါတယ်။ အခုကိတ်စမှာဘာသာရေးပါလာတာကတော့မျိုးများဖြစ်နေသလားလို့။

  • ba gyi

    January 31, 2012 at 9:49 am

    ကျုပ်တို့လူမျိုးတွေမှာ အရိုးစွဲနေတဲ့ကျောက်စိတ်ရယ်၊ကိုယ်ကျိုးထိပါးမခံနိုင်တာရယ်ကြောင့်ပါ၊မလုပ်၊မရှုပ်၊မပြုတ်ပေါ့၊ တော်ပါသေး တယ်၊ဒါကိုကျနော်တို့နားလည်ပေးနိုင်ပါသေးတယ်၊မြန်မာပြေမဟုတ်ပါလားကွယ်ရို့၊ အသက်ပါရန်ရှာတဲ့၊ ဒီပဲရင်းအဖြစ်မျိုးဖန်တီးတဲ့ အညာသား အမျိုး ယုတ် တစ်ချို့ထက်စာရင်ပေါ့လေ။

  • kokothandar

    January 31, 2012 at 10:25 am

    စစ်အစိုးရရဲ့သဘောထားသေးသိမ်စွာ ပိတ်ပင်မှုကရွံစရာပါလား ထခုတော့ အယှက်မရှိ ဒေါ်စုကို ကြိုဆိုပါတယ် ဖြစ်ပြန်ရော
    ပြောင်လိုက်တဲ့ခွက်တွေ ခုချိုန် မှာ သူတို့ဘယ်လိုမှဒေါ်စုကို လမ်းကြောင်းပိတ်လို့ မရတာ လက်ခံရပြီလေ ကလင်တန်က့ဒေါ်စုကို
    တွေ့တဲ့ ဖက်လဲတကင်းနေပုံက ကြည့်နေရင်း ကြည်နူးမိလို့ မျက်ရည်တောင်ဝဲမိပါတယ် သူတို့နဲ့ တွေ့စဉ်ကမျက်နှာထားက
    တာဝန်ကျေတွေ့တဲ့ပုံ ဒေါ်စုတွေ့တဲ့ပုံက လှိုက်လှိုက်လှဲလှဲ အဲဒီပုံတွေကို ဝံကျီး ကိုကျော်ဆန်း ရုံးခန်းမှာ ချိပ်ထားပေးသင့်တယ်

  • ဟုတ်တယ်ဗျာ တကယ်ကို ထပ်တူထပ်မျှဝိုင်းဝန်းအားပေးသင့်တာပေါ့ဗျာ။
    ဒီပဲယင်းလို အရေးအခင်းမျိုးကလဲ ရုပ်ပျက်လှသလို၊ခုလို တာဝနါမကျေပုံကလဲ
    စိတ်ပျက်စရာပါ။ဒီဖက်ကလူတွေရဲ ့မျက်ကန်းမျိုးချစ်စိတ်တွေ၊နောက်ပြီးတော့
    သာကူးတွေ ရဲ ့ဗလောင်းဗလဲ စိတ်ဓာတ်တွေကြောင့် စိတ်ပျက်မိပါတယ်။ဒါဟာ
    ဘာသာရေးအပေါ်တိုက်ခိုက်တာ မဟုတ်ပေမယ့် သဘောထားတင်းမာပြီး အကျိုး
    ရလိုသူအများကိုသာ ဆိုလိုပါတယ်။တကယ်ကို နစ်နာခံအလုပ်လုပ်ကြတဲ့
    ဗုဒ္ဓဘာသာဝင်တွေသူတွေလဲရှိကြပါတယ်။

  • cobra

    January 31, 2012 at 2:41 pm

    ခုလိုမသိသေးတာတွေပြန်လည်ဖော်ပြတဲ့
    အတွက်ကျေးဇူးပါ…။

  • ဒါကလဲဗျာ. မတူတာလေးတွေထဲက တစ်ခုပေါ့။နောက်များကြုံကြိုက်ရင်လဲ
    သာကူးတွေ၊ထော်လံဖား အခွင့်ရေးသမားတွေအကြောင်းရေးပါမယ်။အား
    လုံးကို ကျေးဇူးအထူးတင်ပါတယ်နော်။

  • ကြောင်ကြီး

    February 2, 2012 at 10:12 am

    အန်အယ်လ်ဒီအနေနဲ့ သံတွဲကိစ္စကို အရေးတယူ စဉ်းစားသင့်တယ်။ လောလောဆယ် သံတွဲမှာ ကြားဖြတ်ရွေးကောက်ပွဲ မရှိလောက်ဘူးနဲ့တူတယ်။ ချင့်ချင်ချိန်ချိန်နဲ့ ရေရှည်စဉ်းစားရမယ့် ကိစ္စဖြစ်ပါတယ်။ အခုလို ရေးပေးမှ ဌာနချုပ်က လူကြီးများ ခေါင်းထဲတန်းရောက်မယ် ထင်တယ်။ ကိုယ်ပိုင်အမြင်အရတော့ အစ္စလာမ်ဘာသာဝင်များအနေနဲ့ ပိုလုပ်ပြဖို့ လိုမယ်ထင်တယ်။ ဒါမှဒေသခံတွေရဲ့ ယုံကြည်မှုကို ရမှာကိုး။ အခုဟာက အားကိုးဖို့ အဆင့်မရောက်သေးဘဲ ယုံကြည်မှုအဆင့်မှာကို လိပ်ခဲတင်းလင်းဖြစ်နေတာ။ မြန်မာ့နိုင်ငံရေး အကြပ်အတည်းလည်း ဒီသဘောပဲဖြစ်ပါတယ်။ သံတွဲကိစ္စကတော့ ဘာသာရေး လူမျိုးရေးပါလို့ ပိုသိမ်မွေ့ နက်ရှိုင်းတယ်။ အစွန်းရောက်တွေကြောင့် ကမာ္ဘမှာ အစ္စလာမ်ဘာသာ မျက်နှာပန်း မလှဘူး။ အဲဒီပြသနာကို မွတ်စလင်များကိုယ်၌ ပြင်ချင်တဲ့စိတ်ရှိမှ ဖြေရှင်းလို့ရမယ်။ နို့မို့ရင် ကမာ္ဘနဲ့အဝှမ်း အလားတူပြသနာတွေ ဆက်ရှိနေမယ်။ လုပ်ရမှာ နှစ်ဖက်ပေါ့နော်၊ သို့ပေမယ့် လူနည်းစုဖက်က ပါးရည်နပ်ရည် ရှိဖို့လိုတယ်။ ပိုလိုအပ်တာတော့ ရိုးသားမှု…။ ရေရှည်အတွက်ပြောတာပါ၊ ရေတိုမှာတော့ ဒီလိုသွားနေမှာပဲ။

  • အိုး ကိုကြောင်ကြီးရေ ကျေးဇူးတင်လိုက်တာဗျာ။အင်မတန်မှကို တန်ဖိုးရှိလေးနက်တဲ့
    ကွန်မန် ့လေးပါဗျာ။သံတွဲကနေ ခုလို အဖြစ်အပျက်မျိုးတွေရှိနေသလို တခြားမြို ့တွေ
    မှာလဲရှိနေတယ် ကြားရပါတယ်။အားလုံးလက်တွဲညီညီ ကြိုးစားဖို ့ဘဲလိုတာပေါ့။သူ ့
    လက်ညှိုးထိုး၊ကိုယ့် လက်ညှိုးထိုးနဲ ့မပြီးတော့ဘူးဖြစ်နေတော့တာတွေ ရပ်ဖို ့ကောင်းနေပီ
    လေနော်။

Leave a Reply