ရွှေအတုမဟုတ်ပါ သို့သော် !! ?

ေမာင္ရိုးFebruary 3, 20121min44423

တနေ့က အလုပ်ကအိမ်ပြန်ရောက်တော.သတင်းဆိုးတခုကြားရတယ် ။ ဆာမိရဲ.မိတ်ဆွေတယောက်ရွှေအတုပေါင်နှံမှုနဲ့
ရဲစခန်းရောက်နေလေရဲ.—ဒါနဲ.ဘဲသူ.အိမ်ကအကူအညီတောင်းလို.ပြဿနာဖြစ်တဲ.မြို.သစ်ကရဲစခန်းကိုလိုက်သွားရပါတယ်။
ရောက်တော.မှောင်စပျိုးနေပြီ–ဒါနဲ.တာဝန်မှုးအရာရှိနဲ.တွေ.ပြီးအကျိုးအကြောင်းမေးကြည်.တော. ဖြစ်ပုံကဒီလိုပါ—–
အဲဒီနေ. နေ.လည်လောက်မှာပဲဆာမိရဲ.မိတ်ဆွေကသူ.ရဲ.၅ပဲသားလောက်ရှိတဲ.မောင်းကွင်းလက်စွပ်ကိုငွေ ၁၀၀၀၀ဝ နဲ.ပေါင်ပါတယ်။ဆိုင်ကလည်း ယူတဲ.ငွေနဲ.ပေါင်တဲ.ပစ္စည်းကပိုတန်တော.ချက်ချင်းပဲငွေထုတ်ပေးလိုက်တယ်–ဒါနဲ.ဘောက်ချာ
ရေး လက်ဗွေလဲနှိတ်ပြီးရော–ရွှေအတုပေါင်ပါတယ်ဆိုပြီးရဲစခန်းကိုအကြောင်းကြားသတဲ. –ဆာမိရဲ.မိတ်ဆွေကလည်းသူ.
ပစ္စည်းဟာအတုမဟုတ်ကြောင်းအခိုင်အမာငြင်းဆိုတာပေါ.–ဒါပေမဲ. ဆိုင်ရှင်လုပ်သူကရွှေရည်စစ်တဲ.စက်နဲ.စစ်ပြိးကြောင်း–
ရွှေအတုသာလျှင်ဖြစ်ကြောင်း ပြောဆိုရင်းရဲစခန်းရောက်ခဲ.ကြပါတယ်—- ဆာမိအဖေါ်ခေါ်လာသူကပန်းတိမ်ဆရာပါ–ဆာမိသူငယ်ချင်းပဲဆိုပါတော.—-သူကလက်စွပ်ကိုယူကြည်.ပြီး—ဆာမိကိုလက်တို.ပြီးပြောပါတယ်–မြန်မြန်တောင်းပနြ်ပီး ပြဿနာရှင်းခိုင်းပါတယ် ၊ ပြီးမှ သူရှင်းပြမယ်ပေါ.—-ဒါနဲ.ဆိုင်ရှင်ကိုတောင်းပန်ပြီး ခံဝန်ချုပ်လက်မှတ်ရေးထိုးကြရပါတယ် —ဆာမိရဲ.မိတ်ဆွေကတော.
သူ.ပစ္စည်းကအတုမဟုတ်ပါပဲနဲ.လက်မှတ်ထိုးရတယ်ဆိုပြိးပေါက်ကွဲနေတယ်လေ—-တာဝန်မှုးအရာရှိကလည်းတော်တော်
လေး အကွက်မြင်ပါတယ်–လက်စွပ်ကိုဖြတ်ကြည်.တော.အလယ်မှာရွှေသားပဲတွေတာကြောင်.မသေချာသေးလို.အမှုက
မဖွင်.ရသေးဘူး—အမှုကဖွင်.ပြီးပြီဆိုရင်တော. ပိတ်ရခက်ပါလိမ်.မယ်——
ကိစ္စပြီးတော. ည ရ နာရီကျော်ပြီ ။ ဗိုက်ဆာနေတဲ.ဆာမိတို.လည်း အဲဒီမြို.သစ်မှာပဲညစာစားဖို.စီစဉ်ရင်း
ကျေးဇူးရှင်ရဲအရာရှိများကိုပါမေတ္တာနဲ. ဖိတ်ခေါ်ခဲ.ပါတယ်—ဆိုင်ထဲရောက်လို.စားရင်းသောက်ရင်းရဲစခန်းမှာမရှင်းလင်းခဲ.
တဲ.လက်စွပ်ကိစ္စကို ပန်းတိမ်ဆရာကိုရှင်းပြစေခဲ.ပါတယ်—
ဒီလိုပါ — အဲဒီလက်စွပ်ကအတုပါလို.တိုက်ရိုက်ပြောဖို.ခက်ပေမဲ.—အတုပါပဲ ။အတုဝယ်မိသလိုပဲဝယ်သူကို
တန်ဖိုးအားဖြင်.နစ်နာစေပါတယ်—ဒါပေမဲ.အပြင်ပန်းကြည်.ရင်ပဲဖြစ်ဖြစ်၊ မြန်မာ.ရိုးရာနည်းနဲ.စစ်ဆေးကြည်.ရင်ပဲဖြစ်ဖြစ်
အတုဖြစ်ကြောင်းမထင်ရှားပါဘူး—-မြန်မာ.ရိုးရာနည်းဆိုတာငရဲမီးနဲ.တို.ကြည်.တာပါ။အများစုလုပ်တာကတော.မှတ်
ကျောက်ပေါ်မှာတိုက်ပြီးငရဲမီးနဲ.တို.ကြည်.တယ် ၊ဘာမှမထူးခြားရင်ရွှေပဲလို.ယူဆကြတယ်။တကယ်တော.လည်းရွှေရည်
၁၁ ပဲ ၂ရွေးပါရင်ငရဲမီးနဲ.တို.လည်းဘယ်လိုမှမပြောင်းလဲပါဘူး—အဲဒီအနေအထားဆိုရင်သူတို.က “မီးလွတ်ရည်”လို.
ခေါ်ကြပါတယ် အဲ–ရွှေရည် ၁၁ ပဲ ၂ ရွေးအောက်ရောက်ရင်တော. ငရဲမီးနဲ.ထိရင် အရောင်ပြောင်းခြင်းနဲ.ညှော်နံ.
တွေထွက်လာပါတယ်–ဒီလိုအနေအထားဆိုရင် မီးမလွတ်ဘူးလို.ပြောကြပါတယ်—ဒီတော.ရွှေရည် ၁၆ ပဲ ကနေ
၁၁ ပဲ ၂ရွေးအထိ ငရဲ မီးနဲ.ဘယ်လိုမှဓတ်မပြုပါဘူး ။အခုပစ္စည်းက ကြိုက်သလိုငရဲမီးနဲ.တို.ပြီးငရဲမီးခွက်ထဲပါစိမ်ထား
နီုင်ပါတယ်–ဘာမှမဖြစ်ပါဘူး–ဒါပေမဲ.အတုပါပဲ ။
ရွှေအတုဆိုတဲ.နေရာမှာအများသိပြီးတဲ.အတိုင်း ရွှေရည်စိမ်နဲ.၊ ထပ်ထည်လို.ခေါ် တဲ.
အပြင်ကရွှေ အထဲကကြေး (သို.) ဘော်ကိုထည်.ထားတဲ.အတုများသာကြားဘူးကြမှာပါ။ ဘော် ဆိုတာကငွေအခေါက်
ကိုပြောတာပါ–အခုလက်စွပ်ကမှတ်ကျောက်မှာတိုက်ကြည်.တော.လည်းရွှေရောင် ၊ငရဲမီးလည်းမစားဆိုတော.——
သူ.ကိုရွှေရည်စစ်တဲ.စက်နှင်.သာစစ်လို.ရပါတယ်။ဒီစက်တွေကလည်းနေရာတိုင်းမှာမရှိပါဘူး—ရဲစခန်းကအရာရှိများက
လည်းဒီပစ္စည်းမျိုးအခုမှတွေ.ဘူးတာ ၊ဘယ်လိုစစ်ဆေးရမယ်ဆိုတာဘယ်သိမလဲ ။ဒီတော. ဒီပစ္စည်းမျိုးလုပ်တဲ.သူတွေမှာ
ဥပဒေကိုလက်တလုံးခြားလုပ်လို.ရသလိုဖြစ်နေတယ်။ခက်တာက–ပစ္စည်းမှာရွှေကလည်းပါနေတော. အတုပါလို.အရမ်းပြော
လို.မရပြန်ဘူး။အတုဖြစ်ကြောင်းလည်းအလွယ်မပြနိုင်ဘူး–ဒီလိုနဲ.ဘဲအတုမှန်းမသိ၊အစစ်မှန်းမသိတဲ.ပစ္စည်းတွေကိုတန်ဘိုး
ထားဝတ်ဆင်ထိန်းသိမ်းရင်း—အပေါင်ဆိုင်ရောက်တော.မှပဲ မိအေး ၂ခါနာရပါတော.တယ်။။။။။
ကဲဗျာ –ဒီလက်စွပ်လေးဘယ်လိုလုပ်ထားတယ်ဆိုတာပြောကြပါစို.—ဆာမိတို.ရဲ. မြန်မာ.ပန်းတိမ်လုပ်
နည်းအရရွှေထည်ပစ္စည်းလုပ်ရင်ကြေး ဘော် တို.ကိုအချိုးကျ ပေါင်းစပ်ရပါတယ်။ကြေး ဘော် ထဲ.တဲ.အချိုးအစားကိုမူတည်
ပြီး “အငန်စပ်၊အဖန်စပ်” လို.ပြောကြတာယ်–ကြေး များရင်ငန် ပြီး ဘော်များရင်ဖန်တယ်လို.ဆိုပါတယ်။ငန်တယ်ဖန်တယ်
ဆိုတာကမှတ်ကျောက်ပေါ်ကရွှေရည်ကိုကြည်.ပြီးပြောတာပါ။နိုင်ငံခြားဖြစ်ပစ္စည်များကတော.ကြေးဘော်တို.ထက်စာရင်အ
လိုွင်းကိုရောထည်.ပြီးစပ်ပါတယ်။ဆာမိတို.ကရွှေရည်ကို ၁၆ပဲ ၊၁၅ပဲ —–၁၂ပဲ စသည်ဖြင်.သတ်မှတ်သလိုနိုင်ငံတကာအ
နေနဲ.ဆိုရင်လဲ 24K –22K ——18Kစသည်ဖြင်.သတ်မှတ်ပါတယ်။18Kဆိုတာ ၁၂ပဲရည်ကွက်တိပါပဲ ။အခုလက်စွပ်
ကစောစောကပြောတဲ.အလွိုင်းကိုအချိုးအဆများစွာထည်.စပ်ထားတာပါ။
ဒီတော.မေးစရာရှိပါတယ်—အလွိုင်းတွေများရင်ဖြူမသွားနိုင်ဘူးလားဆိုတော.—မဖြူပါဘူ၊လုံးဝမဖြူပါဘူး။
အဲဒီအလွိုင်းကရွှေရောင်အလွိုင်းဖြစ်နေလို.ပါပဲဗျာ။အလွိုင်းရဲ.ဓာတုဗေဒအမည်တော.ဆာမိလည်းမသိပါဘူးဒါပေမဲ.အလွိုင်း
သတ္ထုကိုငရဲမီးကဘယ်လိုမှဓတ်မပြုနိုင်ပါဘူး—ဒါကြောင်.မှတ်ကျောက်ပေါ်မှာတိုက်ထားတဲ.အမှုန်အစအနလေးတွေဟာ
ငရဲမီးမှာဘာမှမဖြစ်ကြဘူး။မသိရင်ရွှေပါပဲ—ဒီရွှေရောင်အလွိုင်းနဲ.ရွှေနဲနဲရောပြီးလုပ်ထားရင်အတွေ.အကြုံမရှိတဲ.သူဆို
ညံ.တဲ.ရွှေလို.ပဲထင်မှာပါ။ဝတ်တဲ.သူတွေအဖို.တော.ဘယ်သောအခါမှမသိနိုင်ပါဘူး ။၊၊၊
ဆာမိမိတ်ဆွေဆီ ဒီပစ္စည်းရောက်လာတာကလည်း သူ.မိန်းမကလမ်းလျှေက်ပွဲစားတွေဆီကအလျော.
တွက်သက်သာတယ်ဆိုပြီးဝယ်ထားတာပါ ။ ဆာမိအမြင်မှာတော.ရွှေအတုလုပ်တဲ.သူတွေ၊အဖွဲ.လိုက်ရှိနေတာပါပဲ။
လွန်ခဲ.တဲ. ၂ နှစ်ကျော်လောက်တုန်းကလည်းမင်္ဂလာဒုံဘက်မှာရွှေဆိုင်တော်တော်များများဒီလိုအတုတွေကိုဝယ်မိလိုက်သေး
တယ်လို.ကြားဘူးပါတယ်—ဒီလိုပစ္စည်ူးကုစက်နဲ.စစ်မယ်ဆိုရင်လည်းအလယ်မှာလေဟာနယ်မရှိတဲ.၊အပွမဟုတ်တဲ.၊
ကျောက်မပါတဲ.အကျစ်ထည်ကိုသာစစ်လို.ရတာပါကျောက်ထည်နဲ.အပွထည်တွေကိုစက်နဲ.စစ်ရင်သေချာတဲ.အဖြေမထွက်
ပါဘူး—–ရွှေရည်စစ်တဲ.စက်ဆိုတာ အာခိမီးဒီး ရဲ.သီအိုရီကိုအခြေခံပြီးသိပ်သည်းဆကိုစစ်တာကြောင်.ပါ ။
ကီလိုရွှေ ၁၉.၃၂ ၊ အကယ်ဒမီ ၁၉.၂၄ ခန်. ဘသန်း ။ရွှေနဂါး ၊အောင်သမာဓိ ၁၉.၂—ခန်.
ဆိုင်များမှလုပ်တဲ.အခေါက်လို.ပြောနေကြတဲ.ပစ္စည်းတွေကတော.၁၉.၀—(သို.)၁၈.၈၈ ။၁၂ ပဲရည်ကတော.
၁၅.—-ခန်. ဒါကြောင်.၁၄ (သို.)၁၃ အောက်ဆိုရင်ရွှေပါဝင်နှုံးအရမ်းနည်းနေလို.ပါပဲ ။ဘော် ရဲ.သိပ်သည်းဆ
က ၉.၂၅ ပါ ဒါကြောင်.ငွေထည်တွေကို 925 လို.ခေါ်တာပေါ.—
ဒီလိုနဲ. စားပြီးတော.ဆာမိတို့လည်းပြန်ခဲ.ကြပါတယ်–အပြန်လမ်းတလျှေက် ဧည်.ခံကျွေးမွေးစားရိတ်
ကိုဒကာခံ ၊ငွေလိုနေတဲ.ဆာမိမိတ်ဆွေကိုလည်းငွေချေးပေးခဲ.ရင်း အိမ်က လေဒီဆာမိကိုဘယ်လိုများစာရင်းလိမ်ရမလဲလို.
မဟုပ်မဟတ်တွေအကြံထုတ်ပြီး ညနေကတွေ.ခဲ.ရတဲ.လက်စွပ်လေးကိုသတိယလျှက်——–
ရွှေအတုမဟုတ်ပါဘူး——–ဒါပေမဲ. !!!!

23 comments

  • ဦးဦးပါလေရာ

    February 3, 2012 at 1:04 am

    အလွိုင်းရွှေတုကို စစ်တဲ့နည်းရှိပါတယ်။ လူသိနည်းပါတယ်။
    ကြားဘူးထားတာ အခုမေ့နေလို့ ။ တနေ့ကြုံရင်ပြောပါမယ်။
    ရွှေတုမမိချင်ရင် အကောင်းဆုံးကတော့ ရွှေကိုမဝတ်ပဲ ကိုရီးယားလို ဖန်စီတွေပဲဝတ်ရင်
    ခေတ်လဲမီ၊ ပိုက်ဆံလဲ အကုန်သက်သာမယ်။

    တကယ်တော့ ရွှေက အစားထိုးလို့မရတဲ့ စက်မှု့ကုန်ကြမ်းတမျိုးပါပဲ။
    အခုစာရိုက်နေတဲ့ကွန်ပျူတာထဲက ဆားကစ်တွေထဲမှာလဲ ပါတာပေါ့။
    အဲဒါ ရွှေမဝတ်လို့ ရွှေဈေးကျသွားရင် – ကုန်ကြမ်းအဖြစ်ဈေးပေါပေါသုံးရတာပေါ့။

  • surmi

    February 3, 2012 at 1:52 am

    ဦးပါရေ –ကျေးဇူးပဲ ကြားဖူးထားတာလေးသတိရရင်လုပ်ပါဦးနော။
    ကျွန်တော်လည်းကြားဖူးထားတာတော.ရှိတယ်၊သိပ်မသေချာဘူးထင်လို.ရယ်၊မစမ်းသပ်ရသေးလို.ရယ်
    ထည်.မရေးလိုက်တာ။

  • koyinmaung

    February 3, 2012 at 3:29 am

    ဒီလိုရွှေအတုအကြောင်းခုမှသိရတယ်
    ကျေးဇူးပါ ဆာမိလေးရေ …..

  • Khin Latt

    February 3, 2012 at 4:18 am

    တစ်ချို့ တွေကျတော့ အိုစာမင်းစာဆိုပြီး ရွှေဝယ်စုကြတာ။
    အဲဒီလိုမျိုးများ အတုဆိုရင် လိုလို့ ထုတ်ရောင်းချိန်ကျ ငိုကြရတော့မှာ။
    ကိုယ်ချမ်းသာဖို့ ချမ်းသာပြီးရင်းချမ်းသာရင်း အတွက် ဘဲ ကြည့်နေကြတဲ့ စိတ်ဓာတ်တွေ ရှိနေသမျှတော့ မရှိဆင်းရဲတဲ့ လူတွေ၊ ရိုးသားတဲ့သူတွေ ဘဲ ထပ်ထပ်ဆင်းရဲ နေရမှာပါဘဲ။
    ဘယ်လို ရုန်းတက်လို့ ရကြပါ့မလဲ။ 🙁
    Post လေးအတွက် ကျေးဇူးပါ ဆာမိရေ။

  • ဖိုးအာလူး

    February 3, 2012 at 6:22 am

    ရွှေဝယ်တဲ့အခါ သက်သာရင်ပြီးရောဆိုပြီး အလွယ်လမ်း သက်သာတယ်ဆိုတဲ့လမ်း
    မလိုက်သင့်ကြောင်းပါ
    အာမခံချက် အပြည့်အဝ ရှိတဲ့ ရွှေဆိုင်မျိုးမှာ သာလျှင် ဝယ်ယူသင့်ပါကြောင်း

  • MaMa

    February 3, 2012 at 8:26 am

    ရွှေအကြောင်း ဖယောင်းသက်သေ ဆိုတဲ့ စကားပုံလေးတော့ ကြားဖူးတာပဲ။
    ဘယ်လိုသက်သေလိုက်သလဲတော့ မသိဘူး။

    • inz@ghi

      February 3, 2012 at 8:35 am

      ရွှေအကြောင်း ဖယောင်း သက်သေ ဆို…
      လူအကြောင်း ….အင်း လူအကြောင်းကတော့ …နှာခေါင်းသက်သေဆိုလား …
      ဟီး…….

      😀
      ဝင်နောက်သွားတဲ့ ….
      နှူးဘာဂီ

    • laypai

      February 3, 2012 at 12:45 pm

      သေသေချာချာ တော့ မသိ ဘူး မမ ရဲ့။ ကြုံဖူးတာလေးတော့ ပြော ပြမယ် နော်။
      မော်လမြိုင်ကျွန်း မြီု့ လောကသကျ မာရဇိန် ကြေးသွန်းဘုရား တန်ဆောင်း တိုင် တွေ မှာ ရွှေရည်သုတ် ထားတာ ( ၁၉၉ဝခု ဝန်းကျင်ခန့် က) ကို သူခိုးက ဖယောင်းနဲ့ လိမ့် သွားတာ တဲ့ အပေါ် အောက် အမြောင်း လိုက် အစင်း ရာ ဖြစ်ပြီး ရွှေရောင် တွေ ပျက်နေတာ တွေ့ဖူးတယ်။
      လူကြီးတွေ က ဂေါပက တစ်ယောက် ကို မေး တော့ ရိုးရိုး ဖယောင်း နဲ့ လိမ့် လို့ မရဘူးတဲ့၊ ပျားဖယောင်းနဲ့ လိမ့် ယူသွားတာ ဖြစ်လိမ့် မယ် လို့ တော့ ပြောတာပဲ။

  • kyeemite

    February 3, 2012 at 8:33 am

    ကိုဆာမိရှင်းပြမှ..အတုမဟုတ် အစစ်မဟုတ်အကြောင်းသိရတော့တယ်…သင့်ခရုပါဗျာ..
    ကျုပ်တော့ ရွှေ ဆိုရင် ဘာရွှေမှမကြိုက်တော့ဘူးဗျာ..စိတ်နာလို့..

  • Thel Nu Aye

    February 3, 2012 at 9:22 am

    ရွှေမဝတ်တော့ဘူး။ ဦးဦးပါလေရာပြောသလိုဖန်စီပဲဝတ်တော့မယ်။ ဒါပဲတတ်နိုင်တာကိုး။ း)

    • zarlay

      February 3, 2012 at 1:13 pm

      မြန်မာပြည်မှာက ပိုက်ဆံရှာရတာခက်တော့ လူတွေလဲ မရိုးသားချင်ကြတော့ဘူးနော်

  • awra-cho

    February 3, 2012 at 9:39 am

    “ရွှေ ဆိုရင် ဘာရွှေမှမကြိုက်တော့ဘူးဗျာ..စိတ်နာလို့..“ဆိုတော့ စိန် ရော ကြိုက်ရဲ့လား

  • Shwe Tike Soe

    February 3, 2012 at 10:05 am

    ကျေးဇူးဗျာ ကိုဆာမိ အခုလို ရွှေအစစ်နဲ.မခြား အတုကို သေသေချာချာ ရှင်းရှင်းလင်းလင်းနဲ. ပို.စ်တင်ပေးထားတာ တကယ်ဗဟုသုတ ရတယ်.. ဒါအပြင် ကိုယ်လည်းသိသွားတော့ အလိမ်မခံရတော့ဘူးပေါ့…
    အခုမှပဲ အဲဒီအကြောင်းကို ပြည့်ပြည့်စုံစုံသိတော့တယ်…. အဲဒါကြောင့် သေချာစစ်ဆေးပြီးမှဝယ်သင့်တာပေါ့နော…

  • etone

    February 3, 2012 at 10:25 am

    ကိုဆာမိရေ ကျွန်မက ရွှေကြောင်း ဂဃနဏ မသိပါဘူး ။ ပဲတွေ ၊ ရွေးတွေလည်း မတွက်တတ်ပါဘူး ။
    16ပဲရည်ဆိုလျှင် အခေါက်ရွှေဆိုတာလောက်ပဲ နားလည်တယ် ။ ရွှေစုတာလည်း ဝါသနာ မပါလို ၊ ရွှေဝတ်တာလည်း ဝါသနာ မပါခဲ့ဘူး ။ ဆယ်ကျော်သက်အရွယ်ကတော့ ဖန်စီတွေ ဝတ်ရတာ ဝါသနာ ထုံခဲ့ပြီး တွေ့သမျှ လိုက်ဝယ်စုတတ်ခဲ့ပေမယ့် အခုအရွယ်မှာတော့ အဲ့ဒါတွေဝတ်ရတာလည်း ဝါသနာမပါပဲ အိမ်ရှုပ်သလို ဖြစ်နေခဲ့ပြီ ။ ပွဲလန်းသဘင်တွေမှာ ရွှေထည် ၊ကျောက်ထည်တွေကို အမြတ်တနိုးဆင်ယင်တတ်ပေမယ့် .. အမြဲတမ်းဝတ်ထားဖို့ကတော့ … စိတ်ထဲ အောင့်သက်သက်နဲ့ … ။ မလွတ်လပ်သလိုချည်းခံစားရတယ် … ဒါကြောင့် နာရီတောင် မပတ်ဖြစ်ဘူး ။

    တကိုယ်လုံးမှာ ရွှေဆိုလို့ ဒီနှစ်အတွက် အမေမွေးနေ့လက်ဆောင်ပေးထားတဲ့ 16ပဲလက်စွပ်လေးတစ်ကွင်းနဲ့ နေနံအရ မြဆောင်ရမယ်ဆိုလို့ အဖွားပေးထားတဲ့(ဘယ်နှစ်ပဲလည်း မသိဘူး ) နားကပ်တစ်စုံပဲ ရှိတယ် ။

    ကျွန်မတို့လို ရွှေအကြောင်း သိပ်မသိတဲ့ လူတွေ အတွက် ကိုဆာမိရဲ့ ပို့စ်လေးတွေက ဗဟုသုတရစေပါတယ် …များများလည်းရေးပါဦးနော် ။
    မှတ်မှတ်ရရ ရွာထဲမှာ ရွှေကြောင်းရေးတာဆိုလို့ … ကိုဆာမိနဲ့ … ရွှေကြောတွေ့တဲ့ ကိုဘုန်းကျော်ပဲ ရှိမယ် ထင်တယ် … ။

  • Novy

    February 3, 2012 at 10:42 am

    အခုမှပဲ အလွိုင်း နဲ့ရွှေရောတာ ကြားဘူးတော့တယ်
    ကျေးဇူးပါ ဆာမိရေ
    ဒါကြောင့်မို့ဆိုင်မှာ လုပ်ပြီးသားအထည်တွေ မဝယ်ချင်တာ

    ရွှေစုချင်သူများအတွက်တော့ အောင်သမာဓိ/1.25လို ဆိုင်ကြီးတွေမှာ
    အခေါက်ရွှေကို 1ပဲလောက်ကနေစပြီးဝယ်ပြီးစုလို့ရပြီလို့
    သတင်းကောင်းပေးလိုက်တယ်နော်

  • ဟိုက် ဆာမိပြောမှဘဲ ရွှေကိုအတုပီသအောငိလိမ်ထားပုံကိုသိရတော့တယ်။
    ဒီလိုမျိုးတွေ နယ်ဖက်ကိုရောက်လာရင် အားလုံးစစ်မယ့်သူ၊စက်တွေလဲ
    မရှိတော့ ဆုံးရှုံးကြမှာဘဲ။သတိပေးရမယ်ဗျို ့။ကျေးဇူးပါဗျာ။

  • shweminnthar

    February 3, 2012 at 11:08 am

    ရွှေအတုအစစ်ခွဲနည်းသိတဲ့သူရှိရင်တင်ပေးကြပါဦး…
    surmi ရေ post အတွက် ကျေးဇူးပါ..

  • ဆူး

    February 3, 2012 at 11:22 am

    ရွှေဝယ်ရင်တော့ ဝယ်နေကျ ဆိုင်ကပဲ ဝယ်ဖြစ်တာ များတယ်။ ဆိုင်ဘောက်ချာနဲ့ ပြန်ရောင်း ပြန်ဝယ် လုပ်ပေးတာပဲ.. တခါမှ အဲလိုမျိုးတော့ မကြားဖူးဖူး။
    နောက်ပိုင်း ရွှေသိပ်မဝယ်ချင်တော့ဘူး စိန်ဝယ်ချင်နေတာ.. ဟိဟိ.. စိန် အကြောင်းလေး ဘာလေး သိလား.. နည်းနည်း ပြောပြပါအုန်းနော်။ ဗဟုသုတလေး ဘာလေး ရအောင်..

  • surmi

    February 3, 2012 at 11:36 am

    တနေ.ကျရင်တော.၊ရွှေဆိုင်တွေမှာအမှန်တကယ်အာမခံပေးပြီး
    အဲဒီရွှေဆိုင်တွေကို ရွှေလုပ်ငန်းရှင်များအသင်းကကျပ်မတ်ပြီး
    ရောင်းချဖို.အတွက်ရွှေရည်သတ်မှတ်ချက်ထုတ်ပြန်ပြီး
    တုပ လိမ်လည် ပုံမှားရိုက်သူများအတွက်ဥပဒေသီးသန်.ပြတမ်းပြီး
    ——- — ————————-ပြီး
    ———————————–ပြီး
    ကွန်မန်.တွေအတွက်ကျေးဇူးပါ ။တချို.အချက်အလက်လေးတွေမပြည်.စုံခဲ.ရင်လဲခွင်.လွတ်ပါ။

    • windtalker

      February 3, 2012 at 10:11 pm

      ကျွန်တော့်လို ရွှေဆိုတာ အဝါရောင် လို ့ဘဲ သိထားတဲ့ လူတွေအတွက်တော့ ၊ အကို ့ပို ့စ် က ပြည့်စုံ ပါတယ် ခင်ဗျာ

      • surmi

        February 3, 2012 at 10:45 pm

        ကိုပေ.ဘောပွဲတွေလဲအားပေးနေပါတယ်ဗျာ။မရေးဖြစ်ပေမဲ.အမြဲဖတ်ပါတယ်။
        ရွာသူမမများစိတ်ဝင်စားကြတဲ. စိန် ကတော.ဂျလေဘီသယ်ဆာမိပိုက်ဆံစုနေလို.
        ရွှေဘုံသာမရောက်ဖြစ်သေးပါ—-

  • kyeemite

    February 3, 2012 at 11:38 am

    awra-cho ရေ စိန်ကိုတော့မမေးနဲ့ ဗျို့ ..သားသားကြိုက်ကြိုက်..အရမ်းကြိုက်..ဟီးဟီး

  • နွယ်ပင်

    February 3, 2012 at 12:54 pm

    ရွှေအကြောင်းကိုတော့ ကောင်းကောင်းနားမလည်ပါဘူး
    ရွေလုပ်မယ်ဆိုရင်လည်း ဝယ်နေကျ ဆိုင်ကပဲ ဝယ်ဖြစ်ပြီး
    ပြန်ရောင်းလည်း ဆိုင်ကပဲ ပြန်ဝယ်ပေးတော့ တစ်ခါမှ
    ဒီလိုမျိုးတော့ မကြုံဖူးမကြားဖူးသေးဘူး အခုလိုဗဟုသုတ ရမယ့်
    ပိုစ့်လေးကို တင်ပေးတဲ့အတွက် ကျေးဇူးပါနော် ….

Leave a Reply