ပွတ်လိုက်ရင် ပြောင်ပေမယ့်

Mလုလင္January 30, 20121min16520

အလုပ် ကိစ္စ တစ်ခုနဲ့ မြို ့ထဲ .. တိတိကျကျ ပြောရရင် ဆိပ်ကမ်းသာ လမ်းဘက်ခြေဦးလှည့်ဖြစ်ခဲ့တယ်။ ..

အဲ့ဒီ့မှာ မြင်ကွင်း တစ်ခုက နဲနဲ အတွေးပွားစေခဲ့တယ်။ ပလက်ဖေါင်း ဈေးဆိုင်ပိုင်ရှင် တစ်ယောက် က အဘအရွယ် ပေါ့ . ဦးလေး တစ်ယောက် ကို HandSet ရောင်းနေတာပါ။ ထုံးစံအတိုင်း အာဝဇန်း ရွှင်ရွှင် နဲ့ပေါ့လေ။ ဖုန်းလက်ကိုင်လေး က ဟောင်းနေပါပြီလေ။ ဒါပေမယ့် သူဘာပြောလဲ .သိလား ..ပွတ်လိုက်ရင် အသစ်ပါပဲ အဘရယ်တဲ့။ ပကျွတ် .. ပကျွတ် .. (ပုဆိုး နဲ့ ပွတ်သံ) ကြည့် .. တွေ့လား .. ပြောင်သွားပြီတဲ့ …

ဒါ လက်ပူတိုက် .. ပြီးပြီးရော .. ပြောလဲပြော .. လုပ်လဲလုပ် တာပါ။

ဒီလိုမျိုးတွေ ဘယ်လောက တွေမှာ ဘယ်လောက်များများ ဖြစ်နေပြီလဲ ?

ကိုယ်သန် တဲ့ လောက အကြောင်းလေး .. အပုပ် ချလိုက်ဦးမှ.. Software Package တစ်ခုရောင်းမယ်ဆိုပါတော့ .. မဝယ်ခင်မှာ ဝယ်ချင်လာအောင် ပြောရတယ်။ ဈေးဆစ် ရင်လဲ ဖြစ်အောင် ကို လုပ် ပေးကြတယ်။ After Sale Service ကျမှ ချို လုပ်ကြကော … နောက် ..

IT Product တစ်ခု ဝယ်တယ်။ အာမခံ က လဲ ကောင်းတယ် ၂ နှစ် … ၁ နှစ်ကျော်ကျော် လောက်မှာ ပျက်လို့ သွားပြ တော့ ၂ လ စောင့်ခိုင်းတယ်။ မစောင့် နိုင်ရင် အလိုက်ပေးပြီး နောက်တစ်ခု ယူပါတဲ့။

 

ခု အလွန် ခောတ်စားနေတဲ့ 5000 တန်ဖုန်း ကေစ့် လေး .. သတင်းစာရှင်းလင်းပွဲ လုပ်တဲ့ သူက ပြည်သူ နဲ့ ဝန်ကြီးဋ္ဌာန ကို ရန်တိုက် ပေးတယ်ပဲ မှတ်တယ်။ ဒါမျိုးကို ဘာကျင့် ဘာကြံ လို့ တင်စားရမှန်းကို မသိတော့ဘူး။ ဆက်သွယ်ရေး ဥပဒေ သာ သေချာသွားကြည့် ၅၀၀ဝ မဟုတ်ဘူး။ အလကား ပေးမယ့် company တောင် ပေါ်လာဦးမှာ.. သူ့လိုပဲ proposal တင်ထားတဲ့ company တွေရှိတယ်။ ရာကျော် တယ်လို့ တော့ ပြောတာပဲ။ ကဲ .. အဲ့ဒီ့ ရာကျော် ထဲက ဒီတစ်ခု က ပဲ ထ ပြီး ရှင်းလင်းပွဲ လုပ်တာဆိုတော့ …. !!!

ပညာရေးဘက်မှာ ကြည့် … နီးမှ ပွဲတိုး မေးခွန်းလိုက် .. အလွတ်ကျက် .. ပြီး ဖြေ အမှတ်ကောင်း … ကဲ … ကျွန်တော် မရင်းနှီး သေးတဲ့ လောက မှာ လဲ ဒီလို လက်ပူတိုက် အဖြစ်တွေ ရှိကောင်းရှိနေနိုင်လောက်သေးတယ်။

လက်ပူတိုက် တတ် တာ နဲ့ လောဘ နဲ့ ပေါင်းလိုက်တဲ့ အခါကျ .. မောဟ ထူထူကြီးတွေ ဖုံးလို့ ….

ဒီလိုနဲ့ မတော်တဆ လူငယ်တွေများ … လက်ပူတိုက် ဖြေရှင်းနည်း (ပြီးပြီးရော..တပွဲတိုး!!တမျိုးထင်သွားမှာ စိုးလို့!!) ရဲ့ အရသာ ကို သိဖူး ခံစားဖူးသွားကြ မယ်ဆိုရင်ဖြင့်.. ဒီ generation က နေ နိုင်ငံခေါင်းဆောင်တွေ ဖြစ်လာတဲ့ အခါ …. အဆုံးထိ စဉ်စား ဖို့ ရေထ သောက်ရမယ့် အခြေအနေပါပဲ ..

လေးစားစွာဖြင့်.

Mလုလင်

20 comments

  • kanjosan

    January 31, 2012 at 7:51 am

    ရွှေပြည်တံခွန်က Mလုလင်ပြောသလို နံမည်ကြီးခြင်လို့ လုပ်တာလား… တကယ်ဘဲတိုင်းပြည်ပေါ် စေတနာရှိလို့လား၊ သူ့ဘက်က အမြတ်တွေအများကြီးကျန်မှာမိုလို့ လုပ်တာလားတော့ မပြောတတ်ပါဘူး… တကယ်ဖြစ်စေခြင်ပေမဲ့ အပေါ်ကပြောသလို အချိန်အနည်းငယ်အတွင်း ကွန်နက်ရှင်ကောင်းကောင်းနဲ့ ဟလိုနဲ့တင်လိုင်းကျတာ မဖြစ်အောင် လုပ်နိုင်ပါ့မလား…. အဲ့ဒါလည်းစဉ်းစားစရာဘဲ… ပွတ်ရင်ပြောင်တယ်ဆိုလို့ ရွာသားတွေကို တစ်ခုစကားထာဝှက်လိုက်မယ်… ငယ်ငယ်ကကြားဖူးတာလေးပါ.. အဲ့ဒါကတော့ ” ပွတ်ရင်ပြောင် ဆောင်ရင်လေး ရေစိမ်သောက် ရူရူပေါက်တဲ့ဆေး ” တဲ့ အဲ့ဒါဘာလဲ…. ဖြေနိုင်တဲ့သူကို ကျွေးမှာကတော့ ဒန်ပေါက်ရယ် ရေခဲမုန့်ရယ် ဖွာလူတာရယ် အုန်းထမင်းရယ် ကြိုက်ရာကို ကြိုက်တဲ့ဆိုင်မှာ ကျသလောက်ရှင်းပြီး စားနိုင်ပါတယ်…

  • Thel Nu Aye

    January 31, 2012 at 9:17 am

    မြွေမှန်ရင်တွင်းဝင်ဖြောင့်မှာမို့ဘယ်သူကမြွေလဲဆိုတာစောင့်ကြည့်ဖို့ပဲကျန်ပါတော့တယ်။ ရွှေပြည်တံခွန်ကပဲစေတနာမှန်ရင်တော့ပြည်သူတွေဈေးသက်သက်သာသာနဲ့ဖုန်းကိုင်နိုင်တာပေါ့။ သူပြောခဲ့သလိုပဲလူမှု့ရေး၊ စီးပွားရေးတွေမြန်ဆန်လွယ်ကူချောမွေ့သွားတာပေါ့။ ဆက်သွယ်ရေးကတော့ဘယ်တုန်းကမှစေတနာ မထားခဲ့ဘူးဆိုတာအခုမှသိတာတော့မဟုတ်ပါဘူး။ သိနေတာတော်တော်ကြာခဲ့ပါပြီ။ အားနာစိတ် ကလေးနဲ့ပဲဖြစ်ဖြစ်၊ အားမတန်လို့မာန်လျော့တာပဲဖြစ်ဖြစ် ရွှေပြည်တံခွန်နဲ့ပူးပေါင်း မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ရှင်။ ကျွန်မကတော့နာမည်ကြီးအောင်လုပ်တယ်လို့တော့ မထင်ပါဘူး ရှင်။ အကြီးအကျယ်ပြောပြီးမှ ပြောသလိုမလုပ်နိုင်ခဲ့ပဲအဖျားရှုးသွားရင်တသက်လုံးခေါင်းဖော်နိုင်စရာရှိတော့မှာ မဟုတ်တဲ့အတွက်ဒီလိုကြီးမားတဲ့စိမ်ခေါ်မှု့နဲ့တော့စတန့်ထွင်မှာမဟုတ်လောက်ပါဘူး။

    • Mလုလင်

      January 31, 2012 at 5:12 pm

      အဲဒါတော့ ဟုတ်တယ် အစ်မ သဲနုအေး ရေ .. စတန့်မထွင်လောက်ဘူး လို့တွေးရတာပါပဲ …
      ခေါင်းဖော်နိုင် တဲ့ အဖြစ်အပျက် လေးနှစ်ခုလောက်တော့ သိတယ်ဗျ ..
      ဒီလိုဗျာ.. ကြာပါပြီ . ဟိုးကျန်ခဲ့ တဲ့ နှစ်တွေထဲမှာ အတိုး ၆ ရာခိုင်နှုန်းပေးတဲ့ အကျိုးဆောင် company တွေ ဒေဝါလီ ခံသလိုလို ဖျက်သိမ်းတဲ့ ကေစ့် လေး … အဲ့ဒီ့ တုန်းက ဘောစိ နဲ့ ဒါရိုက်တာ အဖွဲ့ဝင် (အချို ့) .. ခုထိ ခေါင်းတထောင်ထောင် နဲ့ဗျ .. တစ်ယောက် ဆို Shopping Mall ကြီးတောင် လုပ်လိုက်သေး… နောက်တစ်ခု က … ဂျာနယ် တစ်ဆောင် နဲ့ .. အထူးကု ဆေးခန်း အပြန်အလှန် တရားစွဲကြတဲ့ ကေစ့်လေး … နှစ်ဖက်လုံးက မှန်တယ် ဆိုပြီး တင်းခံ ထားကြတုန်း .. Third party က တစ်ယောက် ဝင်ညှိ ပေးလို့ အင်တာဗျူး တစ်ခု ပြန်ဗျူးပေးပြီး ညိမ်သွားကြဖူးတယ်။ .. လူသိရှင်ကြား ကေစ့်တွေ မှာ .. အဲလို တွေဖြစ်ဖူးကြတယ်ဗျ။ (ကျွန်တော့ တစ်ယောက်ထဲ အမြင်ကတော့ အဖျားရူး သွားတယ် လို့ ပေါ့)… စီးပွား ရေးတစ်ခုမှာ အားနာစိတ်နဲ့ ဆိုတာ မရှိပါဘူး။ သူတောင် လုပ်နိုင်ရင် .. သူ့ထက်လုပ်နိုင်သူတွေ တစ်ထောကြီးပါ။ Media ကို လက်နက် တစ်ခုလို သုံးတာကို အနည်းငယ် ခံပြင်း ရုံ သက်သက်ပါ။ အစ်မ ရေ ..
      လေးစားစွာဖြင့်
      Mလုလုင်

    • Mလုလင်

      February 12, 2012 at 1:03 am

      လွန်ခဲ့တဲ့ ၁ နှစ် ဝန်းကျင် လောက်က ဖြစ်မလားပဲ။ သူသာ ရွေးကောက်ပွဲဝင်မယ်ဆို ကျွန်တော် တို့ပါတီကိုဖျက်သိမ်းပြီး သူ့ ပါတီထဲ ဝင်မယ် လို့ ပြောခဲ့ တဲ့ လူ တစ်ယောက် ရှိခဲ့သလားလို့ပါ။ ခုတော့ လဲ မသိချင်ယောင်ဆောင် နေတဲ့ အပြင် သွားလေသူကိုအားနာလို့ သူ့ ပါတီ ဝင်မယ့် နေရာတွေကို ကျွန်တော်တို့ပါတီက ရှောင်ပါမယ်တဲ့လေ။
      လေးစားစွာဖြင့်
      Mလုလင်

  • minnannawar

    January 31, 2012 at 9:37 am

    “ဓါတ်လုံး” ပေါ့။
    တကယ်သာဓါတ်လုံး သုံးလို့ရမယ်ဆိုရင် ၅၀၀ဝတန်ဖုံးဆိုတာလည်း မဖြစ်နိုင်စရာမရှိပါဘူး။ မလေးရှား မှာ sin card တစ်ခု RM 8.5 နဲ့ pass port ပြပြီး အလွယ်ဝယ်လို့ရနေတာပဲ။ ဆက်သွယ်ရေးက လူတွေကို “ဓါတ်လုံး”ပြလိုက်ပေါ့၊ ဒါမှ ဓါတ်ပေါက်သွားမှာ။

  • Shwe Tike Soe

    January 31, 2012 at 9:59 am

    မှန်သပ ကိုလု ရေ တကယ်ပဲ ဖြစ်လာရင်တော့ကောင်းတာပေါ့…… ကိုလုပြောသလို လက်ပူတိုက် တဲ့ အလုပ်တွေ မလုပ်ကြရင်ကောင်းမယ်နော… အခုတော့ အဲဒီအထဲက ရုန်းထွက်ဖို.တော်တော်ကိုကြိုးစားရအုံးမယ်..
    သူတို.တွေဘာပဲပြောပြော စိတ်ထဲတော့မရှိပါဘူး.. ကိုယ်စီးပွားကို မနည်းရှာနေရတာ… ၅၀၀ဝ တန်ဖုန်း ၅သိန်းတန်ဖုန်း သိန်း၅ဝ တန်ဖုန်း ဘယ်ဖုန်းလာလာ ဆက်သွယ်ရေးအဆင်ပြေဖို. ဝယ်သုံးခဲ့ရတာပါပဲ…….
    လာချင်တာလာ လိုရင်ဝယ်သုံးမယ် မချပေးလဲ စိတ်ထဲတော့မရှိပါဘူး.. ဒါပဲ နော 😀

    • Mလုလင်

      January 31, 2012 at 5:14 pm

      မျှော်လင့်ရတဲ့ ပင်ပန်းမှုမျိုး ထက်စာ ရင် လုပ်ယူလိုက်လို့ ပင်ပန်းတာမျိုး ပဲ ပိုမျှော်လင့်မိတယ် အစ်ကိုရေ ..

  • awra-cho

    January 31, 2012 at 11:03 am

    တစ်ယောက်ယောက် က တော့ တစ်ကွက်ချန်ထား နေပြီ။ နှစ်ဘက်လုံး ပွင့်ပွင့်လင်းလင်း ပြော
    သင့်ပြီထင်တယ်။ အခုက ရှင်းတာရှင်းနေ ကြတယ်၊ အကုန်မပြောကြဘုူး၊ မယ်သီလ ရန်တွေ့သလို
    ဖြစ်နေပြီ၊ “ငါ့ဟာငါ ဟိုဒင်း ပြု ချင်လို့ ဟိုဟာလုပ်ထားတာ၊ ဘယ်သူယူသွားတာလဲ၊ ကိုယ့်ဟာကို ဟိုဒင်း
    ုလုပ်ချင် ဟိုဟာလုပ်ပါ လား”

  • စိန်ပေါက်ပေါက်

    January 31, 2012 at 11:08 am

    အလိုလေး
    အိမ်က မိန်းမကြီးကိုလဲ ပြန်မှ ပကျွတ်ပကျွတ် ဆို ပွတ်ကြည့်ဦးမယ်
    သစ်လွင်တောက်ပပြောင်လက်လာမလားလို ့..စမ်းကြည့်ဦးမှ

    • Mလုလင်

      January 31, 2012 at 5:21 pm

      ပကျွတ် ပကျွတ် မည်အောင် တိုက်နော် … တိရား .. မမြည် မချင်း တိုက်နော့ ..။

  • Wai Phyoe

    January 31, 2012 at 1:15 pm

    အဲ အဲ့လို ၁နှစ်အာမခံပေးပြီးရောင်းတဲ့ဆိုတဲ့ဆိုင်ထဲမှာတော့ DoDo Ko Ko ကိုရှောင်ဗျို့ ဗြောင်လိမ်စားတွေသွားဝယ်တုန်းက ကောင်းလိုက်တဲ့ ဆားဗစ် IBM လေးဝယ်လာတာ ၄လတောင်မခံဘူး Memory card ကစကြွတယ် နောက်ပိုင်းတော့မပြောချင်တော့ဘူးဗျာ။
    ဖုန်းဆက်ပြီး မေးတော့ ဘယ်သူကပြောတာလဲတဲ့ပြန်တောင်ပောာက်ခံလိုက်ရသေးတယ်။

    • Mလုလင်

      January 31, 2012 at 5:17 pm

      အဲဒလို ဆိုင် နံမည် တွေနဲ့ တက်ခဲ့တဲ့ ပြသနာ တွေ စာစီရေးလိုက်ရင် တစ်ထောင့်တည ပုံပြင်ဖစ်သွားနိုင်တာမို့ …… စိတ်လျှော့ပါ ငါ့ညီရေ .. (UCSY က ဆိုတော့ ကျွန်တော့ Junior ဖြစ်နိုင်တာမို့ .. ငါ့ညီလို့ ပဲ သုံးလိုက်ပါတယ်နော့- ကျွန်တော် က 13 ကပါ။)

    • laypai

      January 31, 2012 at 5:24 pm

      ဟုတ်တယ် ဗျို့ ပစ္စည်း ဆိုတာ မသိရင် မဝယ်နဲ့ ၊ marketing ကတော့ ကောင်းတယ် ပဲ ပြောကြတာ၊
      နယ်ကနေ ကာလာ ပရင်တာ အရေးတကြီး လို လို့ မှာ တော့၊ များများ သုံ ရအောင် ink-box တွဲပြီးသား ပရင်တာ ဝယ် ပေး လိုက်မယ် ပေါ့၊
      ဒီမှာ inbox ပြန်တွဲတဲ့ ပရင်တာ တွေက နယ်ပို့ရင် error ရှိနိုင် လို့ Espon L100 original ink-box တွဲပြီးသား 130000 ကျပ် နဲ့ ဝယ်ပေး လိုက်တယ်၊
      နယ်ရောက်တော့ photo paper print out တာ အဆင်မပြေလို့ service ကို ဖုန်းဆက်မေးတော့
      Espon L100 က photo paper မရဘူးတဲ့ လေ။
      color printer ဆိုပေမဲ့ ရုံးသုံးမို့ photo paper မရတာတဲ့ လေ။

      • Mလုလင်

        February 3, 2012 at 11:55 pm

        Laptop ကို အာမခံ ပေးပြီး Battery ကို မပေးတာမျိုးလဲ ရှိသေးသနော့ .

  • မဟာ ထမိန်ကြီးဝါဒ

    January 31, 2012 at 2:31 pm

    kanjosan ရေ… ကြိုက်ရာကိုကြိုက်တဲ့ဆိုင်မှာ ကျသလောက်ရှင်းပြီး စားရမှာလား…ကြိုက်ရာစားတာကို ကျသလောက် ရှင်းပေးမှာလား..စကားကိုရှင်းအောင်ပြောလေ။ ဟိုလူကြီးလိုတော့ မလုပ်နဲ. ။ ။ 🙂

  • Wai Phyo

    January 31, 2012 at 3:15 pm

    သိတော့ပါဘူးကွယ် လုပ်ချင်သလိုသာလုပ်ကြပါတော့ ရှင်တို့ရ လူကြီးတွေပဲ

  • အပေါစား မြူဆွယ်မူ့
    အပေါစား ဖြေရှင်းမူ့တွေနဲ့နေ့စဉ်လည်ပါတ်နေတဲ့ဘဝကြီးတွေနဲပအသားကျနေရတဲ့သူတွေပါကွာ။

  • padonmar

    February 12, 2012 at 7:08 pm

    ပြောတော့မိုး ထိုးတော့မြေကြီးဆိုတာလည်း အဲဒီသဘောတွေပါပဲ။
    လက်ပူတိုက်တဲ့ အလုပ်က အဖျားရှူးတော့လည်း ဒါတို့ပြေ ဆိုကြရပြန်ရော။
    ဒါတွေ အားလုံးဟာ ခိုင်မာတဲ့ဥပဒေ မရှိတာရယ်၊ဥပဒေအထက်မှာ လူတွေရှိနေတာရယ်ကြောင့်ပါ။
    လူများစုက မျက်စိမပွင့်တော့လည်း လှည့်စားခံရတာကို ဒါထုံးစံပဲလို့ ရောင့်ရဲလိုက်ကြတာပဲ။
    ဒီတာဝန်ကို Media တွေက စတုတ္ထမဏ္ဍိုင်အနေနဲ့တာဝန်ယူပေးနေကြပါပြီ၊
    တချိန်တည်းမှာပဲ အစွန်းရောက်မသွားဖို့တော့ သတိထားရပါမယ်။

    • Mလုလင်

      February 12, 2012 at 10:55 pm

      ဟုတ်တယ် တီတီ ရေ .. Media အလွဲသုံးမှု ပပျောက်ရေး . ဒို့အရေး … ဒို့အရေး … ဒို့အရေး
      ဒပ်ကလောက်..ဒပ်ကလောက်..ဒပ်ကလောက်

Leave a Reply