ဒေါ်အောင်ဆန်းစုကြည်၏ထားဝယ်ခရီးစဉ်…

AP/ Khin Maung Win

 

AFP/Soe Than Win

 

AFP/Soe Than Win

ဒီနေ့မလေးရှားသတင်းစာဖြစ်တဲ့ The Star News Paper မျက်နှာဖုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းကိုဖေါ်ပြထားပါတယ်။အရှေ့တောင်အာရှနိုင်ငံသတင်းမီဒီယာတွေရဲ့အထူးလေးထားဂရုစိုက်မူကိုပေါ်လွင်စေပါတယ်။

ကျနော်ဒီသတင်းကို မနက်ထဲကတင်ဖို့ပါပဲ..ဒါပေမယ့်ဒီနေ့မှ အလုပ်ကလည်းအရမ်းများပါတယ်၊ဒါပေမယ့်ရွာသံယောဇဉ်ကြောင့် မနက်(၄)နာရီအထိ မအိပ်သေးပဲကြိုးစားပန်းစားတင်ပေးလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးခရီးစဉ် အဖြစ်ပထမဦးဆုံးအနေနဲ့ မြန်မာပြည်ရဲ့တောင်ဖြားစွန်းမှစတင်တယ်လို့ထင်ပါတယ်။ကျနော်စိတ်ထင်တော့ အောက်ခြေမှစပြီးမြန်မာပြည်ကိုပြောင်းလဲဖို့အတွက်သူမရဲ့ပထမဦးဆုံးခြေလှမ်းစတင်ခြင်းပါပဲ။

ဒေါ်အောင်းဆန်းစုကြည်ကို ထားဝယ်မြို့ခံတွေနဲ့အနီးအနားမှထောင်ပေါင်းများစွာသော ပြည်သူတွေဟာသောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါတယ်။

AFP..သတင်းထဲမှ ဒေါ်စုရဲ့မိန့်ခွန်းကိုယခုလိုထည့်သွင်းရေးသားထားပါတယ်။

“If we move in the right direction our country will have many opportunities.We are eager to seize them”

“For the security of the people the rule of law is very important…We hope to give back to the people by working for more stability in people’s lives.”

ပြည်တွင်းမှာ အရေးကြီးဆုံးကတော့ ဥပဒေစိုးမိုးရေးပါပဲ…

12 comments

  • koyinmaung

    January 31, 2012 at 5:12 am

    ဒေါ်အောင်ဆန်းစုကြည်ကိုထာဝယ်ပြည်သူတွေကလက်ဆောင်ပေးတဲ့ပန်းကနေကြာပန်းတွေပါလား
    စိတ်ဝင်စားစရာပါဘဲ…

    • Thel Nu Aye

      January 31, 2012 at 6:50 am

      ကြာကြာနေရအောင်လို့ပေါ့။ ကောင်းပါတယ်။

    • zarlay

      February 1, 2012 at 2:35 pm

      ကြည့်ရတာ စိတ်ချမ်းသာလိုက်တာနော်

  • htoosan

    January 31, 2012 at 8:42 am

    သေချာအောင် နေကြာစိုက် ..
    ဟဟ …ဆောရီး ..မဆလခေတ်က လယ်သမားတွေကို အတင်းစိုက်ခိုင်းတဲ့ ဆောင်ပုဒ် …. 😀

  • kyeemite

    January 31, 2012 at 9:24 am

    ကိုကြောင်ကြီးလားတစ်ခါပြောဘူးတဲ့…ခရီးထွက်ရင် ပရိပ်သတ်ကိုနှုတ်ဆက်နိုင်မဲ့ သင့်တော်မဲ့ကားဆိုတာ
    ဒေါ်စုအတွက်ရသွားဟန်တူပါရဲ့..အပိုင်ရသွားပီဆိုရင်တော့ဝမ်းသာပါတယ်..

  • kokothandar

    January 31, 2012 at 9:30 am

    NLD ့ပါတီဝင်များခင်ဗျား လုံခြုံရေး သတိ အမြဲရှိပါစေ သွားသင့်တဲ့နေရာ ကိုသာအာရုံပြုပါ နေရာတွေစုံအောင် ထိ ဇွတ် ခရီးမထွက်
    စေလိုပါ

  • khinmintatthu

    January 31, 2012 at 10:52 am

    အခုလိုပြည်သူတွေ ဝမ်းပန်းတသာနဲ့ ကြိုဆိုကြတာ ဝမ်းသာစရာပဲနော်…

  • kai

    January 31, 2012 at 12:50 pm

    ယူအက်စ်မှာတော့. လွှတ်တော်ကိုယ်စားလှယ်လောင်းတွေလုံခြုံရေးကို.. ဒေသခံရဲ၊အက်ဖ်ဘီအိုင်၊ယူအက်စ်မာရှယ်တွေအပြင်.. အက်စ်အက်စ်(Secret Service) တွေကပါ တာဝန်ယူပေးကြတယ်..။
    မြန်မာပြည်မှာလည်း ဆိုင်ရာအာဏာပိုင်တွေ.. တာဝန်ယူလုပ်ပေးနေတယ် ထင်မိပါတယ်..။

    ဒေါ်အောင်ဆန်းစုကြည်တယောက်.. တနိုင်ငံလုံး တောက်လျှောက်ခရိးသွားမယ်ထင်ပါတယ်..။
    .. သွားရလိမ့်မယ်…။
    တိုင်းရင်းသားပြည်နယ်တွေ ဦးစားပေးသွားရမှာပါ…။

    အာဏာရပါတီက.. သဘောထားကြီးကြီးထားနေတယ်လို့.. သတင်းတွေမှာ မြင်နေရပါတယ်..။
    ဆိုတော့..
    တိုင်းပြည်အတွက် ..ကောင်းတာတွေဖြစ်လာမှာပါ…။
    NLD က..အမတ်နေရာ ..အနည်းဆုံး.. ၄ဝတော့ ရအောင်.. ယူစေလိုကြောင်းနဲ့..ဒေသခံများက.. ငွေကြေးများလည်း.. ထောက်ပံ့လှူကြစေလိုပါကြောင်း…။ 🙂

  • ba gyi

    January 31, 2012 at 2:32 pm

    တိုင်းပြည်တစ်ကယ်ပြောင်းဘို့၊ကောင်းဘို့-
    လူထုအားကို အများကြီးလိုပါသည်။
    လောလောဆယ်တော့ သူကြီးမင်းရေ
    အန်အယ်လ်ဒီ တစ်ချို့မြို့နယ်လူငယ်အဖွဲ့တွေ၊ မြိုံနယ်ရုံးခန်းလေးရပ်တည်နိုင်ဘို့အတွက်၊ ရာသီပေါ်ပွဲဈေးပွဲကလေးတွေမှာ လမ်းဘေးဆိုင်ခန်းနေရာငှားပြီး၊
    ခဗျာများ ဗိုလ်ချုပ်နှင့်၊ဒေါ်စု အထိမ်းအမှတ် စာအုပ်၊ဓါတ်ပုံ၊ရင်ထိုး စတဲ့အမှတ်တစ်ယကလေးတွေရောင်းပြီး
    ရိုးသားပွင့်လင်း၊ပင်ပန်းစွာ နဲ့၊ ပြည်သူကြားမှာ ရံပုံငွေရှာနေကြရပါတယ်ဗျား။

  • Wai Phyo

    January 31, 2012 at 2:56 pm

    အမေစုရဲ့ လုံခြုံရေး ကစိတ်ချရလား တွေးပူမိပါသေးတယ် လူထုပရိတ်သတ်ကြီးက များလွန်းတော့ ၊သူ့ကိုချစ်တဲ့ သူတွေများလွန်းတော့လေ……………ဒါပေမယ့် တဖက်က အကောက်မကြံနိုင်ဘူးလို့ မပြောနိုင်ဘူး လားဗျာ…………….ကျွန်တော်စိုးရိမ်လွန်မိတာလား……………..

  • zaw min

    January 31, 2012 at 4:19 pm

    ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးအတွက်အထူးဂရုစိုက်သင့်တဲ့အချက်ပါပဲ…လုံခြုံရေးဆိုတာ ဒေါ်စုတစ်ယေက်ထဲအတွက်ပင်မဟုတ်ပါ၊ပြည်သူလူထုတစ်ရပ်လုံးအတွက်လိုအပ်တာပါ၊ဒါကြောင့်လက်ရှိအစိုးရအနေနဲ့ ပြည်သူလူထုကိုလုံခြုံမူပေးနိုင်ရမယ်၊ပြည်သူတွေစိတ်အေးချမ်းသာမှတိုင်းပြည်တိုးတက်ကြီးပွါးအောင်ဆောင်ရွက်နိုင်မှာပါ၊ပြည်နယ်အရပ်ရပ်မှာရှိတဲ့ စစ်မီးတွေလဲငြိမ်းသက်ဖို့လိုပါတယ်၊
    ဒေါ်စုတစ်ယောက်ထဲနဲ့တိုင်းပြည်ကိုတည်ဆောက်ဖို့မဖြစ်နိုင်ပါဘူး၊တိုင်းပြည်တစ်ကယ်တိုးတက်ကြီးပွါးစေခချင် နိုင်ငံသားအားလုံးအသိစိတ်ဓါတ်နဲ့ပူးပေါင်းပါဝင်မှဖြစ်မှာပါ၊
    ဒေါ်စုအမြဲပြောနေကြစကားလေးတစ်ခွန်းက တိုင်းပြည်ကိုတစ်ကယ်ပြောင်းလဲစေချင်ရင်၊ပြောင်းလဲအောင်လုပ်ရပါမယ်၊ပြည်သူလူထုရဲ့ ကံကြမ္မာဟာ ပြည်သူလူထုကပဲဖန်တီးရယူရမှာပါ၊
    ကိုခိုင်ပြောသလိုလက်ရှိ အာဏရပါတီကသဘောထားကြီးပေးနေတယ်ဆိုတာကလည်း၊သဘောထားကြီးရမဲ့ အကြောင်းတွေရှိနေလို့ထင်ပါတယ်…။

  • fatty

    January 31, 2012 at 4:35 pm

    ဒီကနေ့ဂျာနယ်တွေမှာဘဲ ဒေါ်အောင်ဆန်းစုကြည်ခြံဝင်းထဲမှာ ပိတောက်တွေအချိန်အခါမဟုတ်ပွင့်တယ်လို့
    ပါရှိပါတယ်။ ဥိးတင်ဦးကတော့ အတိတ်နမိတ်ကောင်းတယ်လို့ယူဆပါတယ်။

Leave a Reply