လိတ်တက်နောက်ကလိတ်တက်များ

ကြောင်လေးJanuary 31, 20121min724

လိတ်တက်နောက်ကလိတ်တက်များ

 

ကျနော်တု့ိ ဗွီစီဒီတွေပေါ်တုန်းက အကောင်းဆုံးစနစ်ဆိုပြီး အသဲအသန်ဝယ်သုံးခဲ့ကြတယ်၊ဟောသိပ်မကြာဘူး၊ဒီဗွီဒီဖြစ်ပြန်ရော။   နောက်သိပ်မကြာပါဘူး အီးဗွီဒီ တဲ့။ နောက်ဘလူးရေး သရဲဖတ်တွေပါဖြစ်လာပါတယ်။ တီဗွီတွေဆိုလည်း ဒီလိုပါပဲ  မှန်ပြား၊ ပလာစမာ ၊အလယ်စီဒီ၊ အယ်လအီးဒီ ဆိုပြီးပေါ်လာလိုက်တာ အရင်ဦးအောင် ဝယ်သုံးနိုင်တဲ့သူတွေက သိန်း ဆယ်ချီပြီးဂုဏ်ယူနေတဲ့အချိန် မရှိမရှားတွေက လိုက်ဝယ်၊ဟော …ခုတော့………….

အခုခေတ်နည်းပညာနဲ့ပတ်သက်တဲ့ပစ္စည်းတွေ စောစောဝယ်လေ ခံရလေပဲ၊ နောက်မှဝယ်တဲ့သူက ပိုမြင့်တဲ့နည်းပညာကို လျော့နည်းတဲ့ တန်ဘိုးနဲ့ ကိုင်ရတယ်။ အချိန်တော့ ယူရတာပေါ့။

အဲဒီတော့ ဘာစဉ်းစားမိလည်းဆိုတော့ ကိုယ့် အခြေအနေနဲ့ကိုယ်   မဖြစ်မနေလိုအပ်တယ်ဆိုရင်တော့ဝယ်ပေါ့။ သူများဝယ်သုံးလို့ ကိုယ်လည်းကြွားချင်လို့ ဝယ်သုံးတယ်ဆိုရင်တော့ ခံပေါ့၊ နေလို့ ရရင်တော့ နေလိုက်ပေါ့၊ နောက်ကျလေ ပိုကောင်းလေ၊ပိုသက်သာလေ ဖြစ်မှာပဲ။ အခုခေတ်က ရိုက်စားလုပ်လို့ သိပ်မရတော့ဘူး၊ယှဉ်ပြိုင်မှုတွေဖြစ်လာပြီ၊များများယှဉ်ပြိုင်ခွင့်ပေးလေ၊ များများတိုးတက်လေပဲ။ ဒီနေရာမှာ ဟိုစကားပုံက မှန်သွားပြန်ရော ……………….

4 comments

  • water-melon

    January 31, 2012 at 8:41 am

    ဟုတ်တယ်
    တရုတ်ကလည်း ပေါလချော သွင်းလာတာရယ်
    ဈေးတွေတော်တော်ကျသွားတယ်
    တော်ပြီနောက်ဆို သူများထက်ဦးအောင်မဝယ်တော့ဘူး :mrgreen:

  • Thel Nu Aye

    January 31, 2012 at 9:01 am

    အခုခေတ်တိုးလာတဲ့စကားပုံရှိတယ်လေ။ ” ခေတ်မှီချင်ရင်ဘာမှမဝယ်နဲ့တဲ့ ”။ အဲဒါဆိုအမြဲခေတ်မှီနေရော။ ဒီနေ့ဝယ်လိုက်တာနဲ့မနက်ဖြန်ခေတ်နောက်ကျသွားရောပဲ။

  • koyinmaung

    January 31, 2012 at 9:37 am

    မှန်လိုက်လေသဲနုအေးရေ……

  • Harumoto

    January 31, 2012 at 3:42 pm

    အသစ်သုံးချင်လို့ကတော့
    အဟောင်းပြန်ရောင်းလို့ရတဲ့ ဈေးကွက် ရှာထားမှ..

Leave a Reply