သပိတ်မှောက်ကြပါစို့

naungJanuary 31, 20121min22231

ခေါင်းစဉ်ကြည့်ပြီး ကြောက်မသွားကြပါနဲ့၊ နိုင်ငံတော်ကို ပုန်ကန်ဖို့ မဟုတ်ပါဘူး။

ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နေတဲ့ အချိန်မှာ ကျွန်တော်တို့ ပြည်သူတွေကလည်း ကျွန်တော်တို့ လိုအပ်ချက်တွေကို တောင်းခံနိုင်ဖို့ အတွက် လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာနဲ့ ဖော်ထုတ်တင်ပြသင့်ပြီလို့ထင်ပါတယ်။

မြစ်ဆုံကိစ္စ၊ ထားဝယ်ကိစ္စတွေမှာ ကျွန်တော်တို့ ပြည်သူတွေ စည်းလုံးညီညွတ်ခဲ့ ကြသလို၊ အခု ၅၀၀ဝ တန်ဖုန်းကိစ္စမှာလည်း ညီညွတ်သင်ပြီလို့ထင်ပါတယ်။

၅၀၀ဝ တန်ဖုန်းကို မဖြစ်နိုင်ပါဘူးဆိုပြီး MPT ကပြောနေပေမယ့် ရွှေပြည်တံခွန်ကတော့ မဖြစ်ဖြစ်အောင် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ၁၅သိန်း၊ ၅သိန်း၊ အခု ၃သိန်း တောင် ရင်းနှီးပြီးမှ ဆက်သွယ်မှုအပြင်ကို ရောက်နေတာထက်စာရင် ၅၀၀ဝကျပ်လောက်တော့ ရင်းနှီးသင့်တယ်လို့ ထင်ပါတယ်။

ဒါကြောင့် မဖြစ်နိုင်ဘူးပြောတဲ့ MPT ပြည်သူတွေက ဝိုင်းဝန်းပြီ သပိတ်မှောက်ကြပါစို့။

Wikipedia တောင် သပိတ်မှောက်သေးတာဘဲ။ အကျိုးသက်ရောက်၊ မသက်ရောက်တော့ မသိဘူးလေ။

လက်ရှိ အသုံးပြုနေတဲ့ MPT ဖုန်းတွေကို အတတ်နိုင်ဆုံး မပြောဖို့၊ နောက်ထပ်ထုတ်မယ့် ၃သိန်းတန်ဖုန်းတွေကိုလည်း အတတ်နိုင် ဆုံး ဝယ်မသုံးဖို့ ကို social network တွေကနေ လှုံဆော်ဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်။

နောက်တစ်ခုကလည်း သမ္မတကြီးဆီကို တင်ပြမလို့ လက်မှတ်ထိုး စုနေတဲ့ သူတွေလည်း ရှိတယ်လို့ကြားပါတယ်။ အဲဒီလို့ စုနေတဲ့ သူတွေကိုလည်း facebook လိုနေရာမျိုးကနေပြီး လှုံဆော်ဆောင်ရွက်ရင် ပိုပြီးကောင်းမယ်လို့ ထင်ပါတယ်။

အဲဒီတော့ အားလုံးပူးပေါင်းဆောင်ရွက်ပြီး MPT ကို သပိတ်မှောက်ကြပါစို့လို့……………………။

31 comments

  • Ka Yin Lay

    January 31, 2012 at 10:28 am

    ကောင်းတယ်ဗျာ ထောက်ခံလိုက်ပါတယ် ပေးချင်ရင်ပေးလို့ရနိုင်တဲ့ ပြည်သူတွေအတွက်
    ထူးကဲတဲ့ အခွင့်အရေးကြီးပါ ။ ဝန်ထမ်းတွေ ဖြစ်နေပီး စီးပွါးရေးလုပ်စားနေကြတဲ့ MPT
    လူကြီးမင်းများ ခင်ဗျားတို့ ပြည်သူတွေရဲ့ ဂုတ်သွေး စုတ်ယူစားသုံးနေကြတာတွေ
    ရပ်သင့်ဖို့ အချိန်တန်နေပါပီ ၊ ၅၀၀ဝ တန် ဖုန်း အသုံးပြုခွင့်ပေးလိုက်ရင် သူတို့အတွက်
    ဘာမှ မရတော့မှာ စိုးတဲ့အတွက် ငြင်းဆန် နေတာ မဟုတ်ပါလားဗျာ ။

  • စိန်ပေါက်ပေါက်

    January 31, 2012 at 12:06 pm

    မှောက်တဲ့လူလဲမှောက်ကြ
    ငါတို ့က ကိုဘပု ( စာပေစိစစ်ရုံကိုချီးထုပ်နဲ ့ပေါက်တဲ့လူ ) ကို ဆက်သွယ်ပြီး
    MPT ရုံးကို ချီးပုံးနဲ ့ထုဖို ့တာဝန်ယူမယ်
    အေလဘေးတွေ နံဖို ့သာပြင်ထား
    😀

    • မြို့တော်ဝန်အောင်သိန်းလင်းအိမ်ကိုထုတဲ့သူရော
      ခေါ်အုန်းမလားဗျို့ …. 😛

      ဘဇင်းပုကတော့ စတင်သပိတ်မှောက်လိုက်ပါပြီ
      နေ့ဆွမ်းစားပြီးလို့ ….. 😛

    • နှာကိုယ်တော် မောင်မောင်ဇာ

      January 31, 2012 at 12:22 pm

      ထုဗျာ …
      အဂ္ဂမဟာ ဖေ့စဘုတ်တော် ကြီးမှာတော့
      ထုကုန်ဘီ….။
      MPT ကို တခြားအဓိပ္ပါယ် ဖွင့်ဆိုပီးတော့ …
      Myanmar Prosti***e Team ဆိုလား …အဟဲ စာလုံးပေါင်း တယ်မေ့ …

      ခုနေရှဲရင်တော့ Like ဆယ်ဂဏန်းလောက်တော့ ရဦးမယ်ထင့် …
      ခစ်ခစ်…

      • နှာကိုယ်တော်ရေ Myanmar prostitute team လို ့ပေါ့။ဟီး မိုက်တယ်ဗျာ။
        ဒါပေမယ့် ခုတော့ အကျိုးတူပူးပေါင်းမယ် ဘာညာ ကြားနေရတယ်ဗျ။
        အမတ်မင်းပြောတဲ ့မက်ဆေ့ချ်က MPT ကနေလာတာမှာ စာလုံးပေါင်းတွေ
        မှားနေလို ့ ဖေ့စ်ဘွခ်မှာ ဆော်နေကြပီလေ။

  • amatmin

    January 31, 2012 at 12:36 pm

    မှောက်မယ်ဆိုလည်း မှောက်လိုက်တာပေါ့..
    MPT ကို မီးဒုတ်..မီးဒုတ် 👿

  • Wai Phyoe

    January 31, 2012 at 12:47 pm

    ပာားပာား ကျုပ်ကလဲမှောက်ချင်နေတာ အဲ့အစုတ်ပလုပ် MPT ကို လုပ်လိုက်လေဗျာကြာလားလို့gazetteကနေလဲ မဲထည့်လိုရကောင်းသား

  • laypai

    January 31, 2012 at 12:50 pm

    5000 တန် ဖုံးသာ တကယ် ပေါ်လာ လို့ က တော့၊ ၃ ~ ၄ သိန်း တောင်းပြီး ခန့် ထားတဲ့ လမ်းဘေးဖုန်း ဝန်ထမ်းတွေ ကို MPT ဘယ်နေရာ မှာ ပြန်ခန့် မလဲ မသိဘူးနော်။

  • kokothandar

    January 31, 2012 at 12:53 pm

    တစ်ချိန်က တယ်လီဖုန်း သွားလျောက်ရင် သုံးတတ်ရဲ့လား အကြည့်နဲ့ လျောက်လွှာထားချင်ထားခဲ့လေလို့ အပြောခံခဲ့ရပါတယ်
    ဖုံး ရတဲ့အကြောင်းကြားစာ က စာတိုက်မှုးလက်ထဲမှာ ရမှန်းသိတော့လဲ ငွေ ၃.၄ထောင်ချပေးရ sim card သွားထုတ်တော့လဲ
    ဟို တစ်ထောင် ဒီတစ်ထောင်နဲ့ မြန်အောင်လုပ်ရ ကာယကံရှင်ရဲ့ ကိုယ်အာရုံရတဲ့ နံပါတ်ရ ရေးပေးရတဲ့ငွေယူရနဲ့ သိန်းပေါင်းများစွာ ရဘူးတဲ့ ဌာနရဲ့ဝန်ထမ်းတွေနဲ့အထက်ကလူတွေရဲ့ ဝင်ငွေဘဲလေ ဘယ်လိုလုပ် ၅၀၀ဝနဲ့လုပ်စေချင်ပါ့မလဲ
    တစ်နေ့တစ်ခါ စားစရာလာပို့သူကို နောက်နေ့မပို့ပါနဲ ့ လို့ ဘယ်သူကပြောမှာလဲနော်
    ခဏ စိတ်လျော့ထားပါအုံး ဆက်သွယ်ရေးက လူမှုဆက်သွယ်ရေးမှာ အရေးကြီးပါတယ် သာရေးနာရေး တွေမိသားစုတိုင်းရှိတယ်

  • ရွာစားကျော်

    January 31, 2012 at 12:56 pm

    ၃ သိန်းဖုန်းတွေ မဝယ်ဘဲ သပိတ်မှောက်ကြဗျာ
    ထောက်ခံတယ်
    လက်ရှိ အသုံးပြုနေတဲ့ MPT ဖုန်းတွေကို မသုံးဘဲ
    သပိတ်မှောက်လို့တော့ ဖြစ်တေးဝူး.. အဟီး
    အိမ်ရှင်မနဲ့ အဝေးမှာဆို ဒီပေါ်ကပဲ ကျူစရာရှိတာကိုး..

  • windtalker

    January 31, 2012 at 12:58 pm

    ဘာလုပ်လုပ်ပေ့ါကွယ် ၊ မြန်မာ့ဆက်သွယ်ရေးလက်အောက်ခံ ဝန်ထမ်းများနဲ ့တော့ မဆိုင်ကြောင်း ပြောပါရစေကွယ် ။

  • cobra

    January 31, 2012 at 2:24 pm

    တယ်လဲညီညွတ်နေကြပါလား…
    တကယ်ကောင်းတဲ့အစီအစဉ်ပါပဲ
    လုပ်သင့်တာကြာနေပါပီ
    ရွှေပြည်တံခွန်က သက်ဆိုင်ရာလူကြီးတွေကိုလည်းအထူးကျေးဇူးတင်ပါတယ်

  • kyeemite

    January 31, 2012 at 2:45 pm

    သိပ်စိတ်မဝင်စားဘူးဗျာ…ကျုပ်ကအရမ်းချမ်းသာလို့လားတော့မသိဘူး…
    ဟီး..ဟီး..အဲဂလိုပြောချင်လိုက်တာလို့…

  • Khin Kha

    January 31, 2012 at 2:59 pm

    5000 နဲ့ရောင်းပေးမယ့်သူက ရောင်းပေးမယ်၊ သုံးလို့ရမှာပါတယ်ဆိုတာတောင် မဆရက မဟုတ်ပြန်ဘူး၊
    sim card ကိုအလကားပေမယ်ဆိုရင်တောင် မဆရမှာ သုံးစွဲလို့ဒါဏ်ကြေးပေးနေရမလားမသိဘူး။

  • ဆူး

    January 31, 2012 at 3:20 pm

    သပိတ်မှောက်တာတော့ ဟုတ်ပါပြီ။ လူမှုရေး စီးပွားရေး အတွက် ဖုန်းဆိုတာ ဆက်သွယ်ရေးမှာ အဓိက အရေးပါတယ်။ သာရေး နာရေးက အစ ဈေးအတက်အကျ စတာတွေက ဖုန်း အသုံးပြုခြင်းကြောင့် များစွာ တွင်ကျယ်လာပြီးတော့ မရှိတဲ့ လူထက် ရှိတဲ့ လူက သတင်းဦးနေတဲ့ ခေတ်ကြီးထဲမှာ ဒီလို သပိတ်မှောက်ရင် ကိုယ့်ခြေထောက် ကိုယ်ဖြတ်သလို ဖြစ်နေမှာပေါ့။ မမှောက်နိုင်ဘူး မလိုအပ်တော့ မပြောပါဘူး။

  • amatmin

    January 31, 2012 at 3:32 pm

    ဂလိုမျီုးမက်ဆေ့ချ် လေး MPT ကနေဝင်လာပါတယ်ဗျ..
    ဘာသဘောပါလိမ့်.. 🙁
    ှုှုIf you use GSM repeater without licence,remove innmdiately.
    Omitting shall dealt with according to law. (MCPT)

    • amatmin

      January 31, 2012 at 3:35 pm

      * immediately ပါ..

  • kyeemite

    January 31, 2012 at 3:58 pm

    တော်လိုက်တဲ့ ဖွားဆူး..ဒါကြောင့်လဲ ရွာမှာထင်ပေါ်ပေတာဘဲ…
    ကျုပ်လဲသဘောတူတယ်…မှောက်ဖူး…

  • သားငယ်

    January 31, 2012 at 4:35 pm

    ဆယ့်ငါးသိန်း ကိုလဲ မှောက်တယ် ငါးသိန်းကိုလဲ မှောက်တယ် သုံးသိန်းမပြည့်တပြည့် ကိုလဲ မှောက်တယ်
    တစ်လုံးမှမဝယ်နိုင်လို ့ နောက်ဆုံး လမ်းဘေးဖုန်းတောင်မှ အလကားမဆက်ဘူး ပိုက်ဆံကုန်မှာ စိုးလို ့
    ဆက်သွယ်ရေးဝန်ထမ်း တွေကလဲ အကျင့်ပျက်ဝန်ထမ်းစာရင်းမှာ ထိပ်ဆုံးမဟုတ်တောင်မှ နေရာကောင်း
    မှာရှိနေပါတယ် သူတို ့ကို အထိမနာစေချင်ပေမယ့် နောက်ထပ် အဲ့လို.မလုပ်ရဲအောင်တော့ ဆုံးမချင်တာဗျ
    ကွန်နရှင် မကောင်းတာနဲ ့တင် တော်တော်တင်းနေတာ

  • water-melon

    January 31, 2012 at 5:36 pm

    အမလေးလိုချင်တိုင်းသာ သပိတ်မှောက်လို့ကတော့ သမ္မတကြီး ဦးနှောက်ခြောက်ပြီး ဆံပင်တွေတောင်ဖြူကုန်တော့မယ်
    ဖိအားပေးတိုင်းလဲ မကောင်းဘူးနော်
    တော်ကြာအကုန်ပွင့်ထွက်ကုန်မှ နားအေးကုန်

    ဒို့ကတော့ သပိတ်မမှောက်ရဲပါဘူးတော်
    နေ့လည်စာ မစားရမှာကြောက်လို့ 😀

  • water-melon

    January 31, 2012 at 5:37 pm

    အမလေးလိုချင်တိုင်းသာ သပိတ်မှောက်လို့ကတော့ သမ္မတကြီး ဦးနှောက်ခြောက်ပြီး ဆံပင်တွေတောင်ဖြူကုန်တော့မယ်
    ဖိအားပေးတိုင်းလဲ မကောင်းဘူးနော်
    တော်ကြာအကုန်ပွင့်ထွက်ကုန်မှ နားအေးကုန်မယ်

    ဒို့ကတော့ သပိတ်မမှောက်ရဲပါဘူးတော်
    နေ့လည်စာ မစားရမှာကြောက်လို့ 😀

  • naywoonni

    January 31, 2012 at 7:17 pm

    ၅၀၀ဝ တန် ဖုန်းကဒ်ရနိုင်မရနိုင်၏ အဓိကသော့ချက်

    နိုင်ငံရေးအရထင်ရှားကျော်ကြားသူများ အကျဉ်ထောင်အသီးသီးမှ လွတ်မြောက်လာသည့် သတင်းများနည်းတူ အများစိတ်ဝင်စားသော အခြားကိစ္စတစ်ခုမှာ ၅၀၀ဝ တန် မိုဘိုင်းတယ်လီဖုန်းကိစ္စ သတင်းဖြစ်သည် ။ ဒေသတွင်းနိုင်ငံများအတွင်း တယ်လီဖုန်း sim Card များကိုဈေးကြီးပေးဝယ်နေ ရသော မြန်မာနိုင်ငံ ပြည်သူများအဖို့ အထူးတစ်လည်စိတ်ဝင်တစားရှိကြသည်မှာလည်း အဆန်း မဟုတ်ပါပေ။

    ထိုတယ်လီဖုန်းစီမံကိန်းကို တာဝန်ယူမည့် ရွှေပြည်တံခွန်ကုမ္ပဏီကလည်း ဖြစ်အောင်လုပ်မည် ၊ နည်းပညာအရ ဖြစ်နိုင်သည် ရကိုရမည် ၊ နိုင်ငံတော်ကခွင့်ပြုသည်နှင့် မတ်လတွင် စပြီးမိတ်ဆက်တော့မည် ဇွန်လတွင်ကဒ်များစရောင်းမည် ၊ ပထမအဆင့်တွင် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် အကောင်အထည်ဖေါ်မည် ။နောက်ပိုင်းတစ်နိုင်ငံလုံး ဆောင်ရွက်မည် ၊ ဒေါ်လာသန်း ၈၀ဝ ခန့် ရင်းနှီးမြှုတ်နှံမည် ၊ မြန်မာ့ဆက်သွယ်ရေးနှင့်မပတ်သက် ၊ အစရှိသဖြင့် အာမခံရဲရဲဖြင့် တာထွက်လာသောကြောင့် ပြည်သူအများက ဝမ်းသာကြလေသည် ။

    ဝမ်းသာသည့်စိတ်နှင့်အတူ ဒီလောက် ပြည်သူတွေအတွက် ကောင်းတဲ့အစီအစဉ်တွေကို အစိုးရက ဘာလို့ လက်တုန့်ဆိုင်းနေရတာလဲ ၊ သူတို့အတွက် အကျိုးအမြတ်မရှိလို့ မလုပ်တာနေမှာပေါ့ ၊ သူ့ဟာသူလုပ်မှာကို ဘာလို့ လက်နှေးနေရတာလဲ ၊ အစရှိသဖြင့် အပြစ်တင်ကြလေသည် ။ ထိုအတောအတွင်း မြန်မာ့ ဆက်သွယ်ရေးက အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက မြန်မာ့ဆက်သွယ်ရေးနှင့် အဆက်အသွယ် မလုပ်ပဲ မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပေးထားသော တယ်လီဖုန်းများနှင့်ဆက်သွယ်ရန် နည်းပညာအရ မဖြစ်နိုင်ပါကြောင်း ၊ ပြည်ပနိုင်ငံများနှင့်ဆက်သွယ်ရန် မြန်မာ့ ဆက်သွယ်ရေး နှင့် မဖြစ်မနေဆက်သွယ် ရမှာ ဖြစ်ကြောင်း ၊ မိုဘိုင်းနက်ဝပ်တည်ဆောက်ရန်မှာ နေ့ချင်းညချင်း မဖြစ်နိုင်ပါကြောင်းပြောကြားခဲ့သဖြင့် ဦးဇော်မင်းဦးကို ဝိုင်းဝန်းအပြစ်တင်ကြသူများ အများအပြားလည်းပေါ်ပေါက်လာလေ၏ ။

    ပြည်တွင်းပြည်ပမှ နည်းပညာနှင့်နီးစပ်သူများ ကလည်း အခြားတိုင်းပြည်များရှိဈေးနှုံးများ ၊ နည်းပညာများကို ကိုးကား၍ လုပ်ရင် ရနိုင်ကြောင်း ၊ သူများရလျင်ကိုယ်ရရမှာဖြစ်ကြောင်းစသည်တို့ကို နည်းပညာ အကိုးအကား အချက်အလက်အကိုးအကား များဖြင့် ထောက်ခံသည့်ဘက်မှ ရေးသားကြ သည်များတွေ့ရသဖြင့် ပြည်သူများ၏ မျှော်လင့်ချက်သည် ပိုမို လာကာ အစိုးရတာဝန်ရှိသူများကို အပြစ်ဆိုသည် များလည်း ပို၍ ပို၍ တိုးလာလေတော့သည် ။

    ဗမာလို ရိုးရိုးလေးတွေးကြည့်မိပါသည် အခြားနိုင်ငံများတွင် နည်းပညာအရ ရလျှင် ကျွန်တော်တို့နိုင်ငံတွင်လည်း ရနိုင်ရမည်သာ ဖြစ်ပါသည် ။ အခြားနိုင်ငံများတွင် ဈေးသက်သက်သာသာနှင့် ရနိုင်လျှင် မြန်မာနိုင်ငံတွင်လည်း ရနိုင်ရမည်သာ ဖြစ်လေသည် ။ အဓိက ပြသနာမှာ နည်းပညာပိုင်း ၊ Sim Card ၏ဈေးနှုန်းပိုင်းမဟုတ်ပါ ၊ အဓိကသော့ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

    ယခင်အစိုးရလက်ထက်တွင်ရော ယခုအစိုးရလက်ထက်တွင်ပါ ဆက်သွယ်ရေးကဏ္ဍ၏ မိုဘိုင်းတယ်လီဖုန်းလုပ်ငန်းများတွင် ရင်းနှီးမြှုတ်နှံလိုသူအများအပြား လာရောက်ဆွေးနွေးဘူးပါသည် ။ကမ္ဘာနှင့် ဒေသတွင်းမှ မိုဘိုင်းတယ်လီဖုန်း ကုမ္ပဏီကြီးများအပါအဝင် ဖြစ်ပါသည် ။ပြည်တွင်းလုပ်ငန်းရှင်ကြီးများမှတစ်ဆင့်လည်း သက်ဆိုင်ရာကို ချဉ်းကပ်ဆက်သွယ်မှုများလည်းရှိပါသည် ။သက်ဆိုင်ရာကုမ္ပဏီများက ၁၀၀% ငွေကြေးရင်းနှီးမြှုတ်နှံမည် ၊ အကျိုးအမြတ်ကို နိုင်ငံတစ်ကာစံနှုန်းများ အတိုင်း နိုင်ငံတော်နှင့် ရင်းနှီးမြှုတ်နှံမှု ပြုလုပ်သည့်ကုမ္ပဏီတို့ ခွဲဝေယူကြမည် ။ ဒီအထိအဆင်ပြေပါသည် ။အဆင်မပြေသည့်အဆင့်မှာ သက်ဆိုင်ရာကုမ္ပဏီကြီးများက ၎င်းတို့ ရင်းနှီးမြှုတ်နှံထားသည့်ငွေများကို အမေရိကန်ဒေါ်လာနှင့် ပြန်လိုချင်သည့်ကိစ္စဖြစ်လေသည် ။

    ဥပမာဆိုကြပါစို့ ယခုရင်းနှီးမြှုတ်နှံမည်ဟု နာမည်ကြီးနေသော ရွှေပြည်တံခွန်ကုမ္ပဏီသည် မိုဘိုင်းတယ်လီဖုန်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ဝ ရင်းနှီးမြှုတ်နှံကာ တယ်လီဖုန်း အလုံး ၂ သန်းကို မြန်မာပြည်သူတွေကို မရောင်းပဲအလကားပေးလိုက်သည် ဆိုကြပါစို့ ထိုဖုန်းအလုံး ၂ သန်းကိုရသွားကြကုန်သော မြန်မာတို့သည် တစ်သက်လုံး ချုပ်တီးထားသမျှ အတိုးနှင့်ပြောကြပေတော့မည် ။တစ်နေ့ကို ပျမ်းမျှ ဖုန်းတစ်လုံးသည် ဝ.၅ ဒေါ်လာနှင့်ညီမျှသည့် မြန်မာငွေတန်ဘိုးပဲ ပြောသည်ဆိုကြပါစို့ ၊ အဆိုပါ ကုမ္ပဏီသည် တစ်နေ့အမေရိကန်ဒေါ်လာ ၁သန်း နှင့်ညီမျှသည့်ကျပ်ငွေများဝင်ငွေရှိလေသည် ။တစ်လ အမေရိကန်ဒေါ်လာ သန်း ၃ဝနှင့် ညီမျှသော မြန်မာကျပ်ငွေများဝင်ငွေရှိလေသည် ။ တစ်နှစ်ဆိုလျှင် ဒေါ်လာ သန်း ၃၆ဝ နှင့်ညီမျှသော မြန်မာကျပ်ငွေများ ဝင်လာလေတော့သည် ။ ၃ နှစ်ဆိုလျှင် သူတို့အရင်းကျေလေပြီ….။ ထိုမြန်မာကျပ်ငွေနှင့်ဝင်လာသော ဖုန်းပြောခများကို သက်ဆိုင်ရာကုမ္ပဏီများက အစိုးရထံသွင်းပြီး အစိုးရထံမှ အမေရိကန်ဒေါ်လာ ပြန်လိုချင်ကြလေသည် ။ဒီမှာတင် အစိုးရက စဉ်းစားရလေပြီ ။မစဉ်းစား၍မရတော့ ၊ ပြည်သူတွေများများပြောလေ အစိုးရက ဒေါ်လာများများ ရှာရလေဖြစ်လာတော့မည် ။ ဒီနေရာမှာ အဆင်မပြေဖြစ်ကြလေသည် ။

    တယ်လီဖုန်းပြောသည့် ကိစ္စတစ်ခုတည်းအတွက် တစ်နှစ်ကို ဒေါ်လာ သန်း ၃ ၊ ၄ ရာရှာရမည်မှာ မြန်မာနိုင်ငံ ကဲ့သို့နိုင်ငံငယ်အဖို့ မလွယ်လှ ၊ ယခင်က ယခုကဲ့သို့ ဒေါ်လာတရားဝင်လဲလှယ်သည့် နေရာများလည်းမပေါ်သေး ၊ ယခုပေါ်နေသော်လည်း လိုသလောက်လဲ၍မရနိုင် ထောင်ဂဏန်းလဲသည်ကိုပင်အဆင်မပြေလှသေး အကန့်အသတ်များရှိနေဆဲ၊ အခက်အခဲများရှိနေဆဲဖြစ်သည် ။ ငွေကြေးဈေးကွက်များပေါ်ပေါက်လာနိုင်ရေး ကြိုးစားနေရဆဲဖြစ်သည် ။

    အချုပ်အားဖြင့်ဆိုရသော် ၅၀၀ဝ တန်ဖုန်း စီမံကိန်းလုပ်မည်ဆိုသော ကုမ္ပဏီသည် အစိုးရထံမှ ဒေါ်လာကိုမည်သည့်နည်းနှင့်မျှ ပြန်မတောင်းလျှင်အဆင်ပြေပါမည် ၊ ပြန်တောင်းလျှင် အဆင်မပြေနိုင်ပါ ၊ အဖြေကဒါပဲဖြစ်မည်ဟုယူဆပါသည် ။ ပြည်တွင်းသတင်းမီဒီယာများအနေဖြင့် ဤမေးခွန်းကို ရွှေပြည်တံခွန်ကုမ္ပဏီ၏ MD ဦးလွင်နိုင်ဦးကို မေးစေလိုပါသည် ၊ သူတို့ရင်းနှီးမြှုတ်နှံ ထားမှုအတွက် အစိုးရထံမှ တနည်းနည်းဖြင့် ဒေါ်လာပြန်ယူလို မယူလို သာမေးစေလိုပါသည်၊ သူ၏ အဖြေသည် ပြည်သူများစိတ်ဝင်စားနေသည့် ၅၀၀ဝ တန်ဖုန်း ဖြစ်နိုင် မဖြစ်နိုင် ၏ အဖြေဖြစ်မည် ထင်ပါသည် ။ဒေါ်လာ ပြန်ယူမည်ဆိုလျှင်မဖြစ်နိုင်ပါ ၊ဒေါ်လာ ပြန်မယူဘူး ဆိုလျှင် ဖြစ်နိုင်ပါမည် ။

    Credit to _http://doctorsatephwar.blogspot.com/2012/01/blog-post_14.html?spref=fb

    • student

      January 31, 2012 at 11:19 pm

      ထောက်ခံတယ်။ကျွန်တော်လဲMPT ADSL ယူထားတာသုးံလို.မရတာခပ်များများပဲ။
      အခုတော.လိုင်းပါပိတ်မလိုက်ပီ။ADSL connection မရရင်သူတို.ဆီက MPT ဝန်ထမ်းခေါ်ရင်
      ပိုက်ဆံလဲပေးရတယ်ကြို.ပို.လဲလုပ်ပေးရတယ်။ အကုန်လုးံဖုန်းကြိုတင်ငွေပြည်.ကဒ်လုပ်တာ
      တေဇ ထွန်းမြင်.နိင် ကြံဖွတ်၁၂%အမြတ်ရတယ်။

    • THE MOON

      January 31, 2012 at 11:46 pm

      naywoonniခင်ဗျား။
      အကောင်းဆုံးအကြံပြ ုလိုက်မယ်။ဆက်သွယ်ရေးကဘဲ250000နဲ ့ရောင်းမယ့်အစား
      5000နဲ ့ရောင်း။ ကုန်ကျငွေက 3 နှစ်နဲ ့ကြေမှာလေ။
      ““။ဒေါ်လာ ပြန်ယူမည်ဆိုလျှင်မဖြစ်နိုင်ပါ ၊ဒေါ်လာ ပြန်မယူဘူး ဆိုလျှင် ဖြစ်နိုင်ပါမည် ။””
      ဆိုတဲ့ပြသာနာလဲမရှိတော့ဘူးပေါ့။၊
      3 နှစ်နဲ ့ကြေမဲ့ကုန်ကျစရိတ်ကိုပြည်သူတွေကိုကျခံစေမှာလား။ စိုက်ထုတ်ရင်းနှီးမှာလား
      ကသာအဓိက အဖြေဖြစ်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 31, 2012 at 11:57 pm

    ဆြာကြီးတွေ ခင်ဗျားတို့ဂယ်လုပ်ရမှာဂ
    အဲ့သည် ၅၀၀ဝ ကုမ္ပဏီကို ဘယ်လောက်ခင်ဗျားတို့ ထောက်ခံသလဲဆိုတာလေးပါ

  • the best

    February 1, 2012 at 12:33 am

    ရွှေပြည်တံခွန် ၅၀၀ဝ တန် ဆင်းမ်ကဒ်ဟာ နည်းပညာ အရ လောလောဆယ် မဖြစ်နိုင်ဘူးလို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတွေက SKYNET UP TO DATE channel မှာ ရှင်းလိုက်ပါပြီ ။

  • etone

    February 1, 2012 at 1:44 pm

    အနီးပြောပြော အဝေးပြောပြော ဒီဖုန်းပဲ သုံးပြီးပြောနေရတာဆိုတော့ … ဖုန်းမသုံးနဲ့ဆိုရင်တော့ သိပ်အဆင်ပြေမှာ မဟုတ်ဘူး … ။ မလိုအပ်ပဲ ဖုန်း မသုံးနဲ့လို့ပြောရမယ် … ။ ဆက်သွယ်ရေးဆိုလျှင် ဖုန်းဆင်မကဘူး … စာပို့စနစ်တွေ အင်တာနက်တွေလည်း ပါတယ်လေ ..ဒီတော့ .. အင်တာနက်လည်း မသုံးကြပါနဲ့ ဗျို့ … 😀

    ငါးထောင်တန်ဖုန်းသာ ပြောနေကြတာ … အဲ့ဒီကုမ္ပဏီ တကယ်ရှိမရှိဆိုတာ … (မမြင်တွေ့သေးလို့ ) မယုံကြည်သေးပါဘူး … ။ ဘယ်သူနဲ့ ဘယ်လို အင်တာဗျူးတယ်ပဲပြောပြော … အင်တာနက်ထဲက … ပေါက်ကရဇာတ်လမ်းတွေက များသမို့ … ယုံရခက်နေပါတယ် … ။

    ငါးတောင်တန်ဖုန်း ကုမ္ပဏီ တကယ်ရှိတယ် ထားဦးတော့ … ဟမ်းဆက်ဘယ်လို အမျိုးစားသုံးလို့ရမလဲ ရေးမထားဘူး … ။ ကဒ်ကတော့ ငါးထောင် … ဟမ်းဆက်က သိန်းနဲ့ ချည်ဆိုလျှင် ..ဘာထူးတော့မလဲနော် 🙄

  • the best

    February 1, 2012 at 10:42 pm

    ခင်ဗျားတို့ မှောက် မှောက် ၊ မ မှောက် မှောက် ၊ MPT ကတော့ ခင်ဗျားတို့ ဖုန်းတွေ ဆက်မရ ခေါ်မရ အောင် အင်တာနက်လိုင်းတွေ ကွန်နရှင် မရ အောင် သပိတ်မှောက်လိုက်ပါပြီ ။ ခစ်ခစ်…
    ကြိုတင်ငွေပြည်.ကဒ်ပါ သပိတ်မှောက်ကြ မလား ။ ခစ်ခစ်… ခစ်ခစ်… ခစ်ခစ်…
    ခံစားချက်မျိုးရှိနေကြလို့ တော်တော်တင်းနေတာ ပါ။ဂေါတမ ဗုဒ္ဓ ပြောခဲ့တယ်” သည်းခံ ” တဲ့ …..

  • အာ ချောင်

    February 2, 2012 at 4:40 pm

    အာချောင်ကြားခဲ့တာကတော့ ဒေါ်လာကြောင့်ဟုတ်ဘူး
    အခုMPT ကွန်နက်ရှင်ကိုဖြတ်ပြီးမှသွားဖို့ ဥပဒေပြဌာန်းထားတာက ပြောသမျှဖုန်းလိုင်းအားလုံးကို သူတို့ကချုပ်ကိုင်ထားချင်လို့ပဲ ။ နိုင်ငံရေး၊စီးပွါးရေးနဲ့ပတ်သက်လာရင် ဆက်သွယ်ရေးကအဓိကလေ
    အဲ့ဒီတော့ ရွှေပြည်တံခွန်ပြောသလို သူ့ဆက်သွယ်ရေးကွန်ယက်နဲ့သူပေးလုပ်လိုက်ရင် အကုန်လုံး လွတ်လပ်စွာပြောလို့ရပြီး ဘယ်သူတွေနိုင်ငံရေးဘယ်လိုလုပ်နေကြလဲ သူတို့ မသိနိုင်(ခိုးနားထောင်လို့မရ) တော့ဘူး၊ ဖြတ်ချချင်တိုင်းလဲဖြတ်ချလို့ရတော့ဘူး တဲ့
    အဲ့ဒါကြောင့် ခွင့်မပြုတာတဲ့..

  • fatty

    February 2, 2012 at 8:55 pm

    ကျုပ်ကတော့ မှောက်တာမကြိုက်လို့ လှန်ထားလိုက်ပြီ

  • htoosan

    February 2, 2012 at 10:41 pm

    ိဒီနေ့ မြန်မာတိုင်းမ်ထဲမှာ ဆက်သွယ်ရေး တာဝန်ရှိသူပြောထားတာ ဥပဒေ အရ လုပ်လို့မရလိုု့ပါ ဆိုတာရယ ်၊ ဆင်းကဒ်ကို ၅၀၀ဝ ကျပ် နဲ့တောင်မဟုတ်ဘူး .. အလကား ပေးမဲ့ proposal တင်ထားတဲ့ ကုမ္မဏီတွေ တောင် ရှိတယ်ဆိုပြီး ပါလာတော့ ..
    သူကြီးရေ .. သူကြီးပြောတဲ့ အင်ဖြူဆာရ်ချာကြီး တို့ တက္ကနီကယ်တို့ ကို မေ့ထားလို့ ရမယ်ထင်ပါတယ်။ ဥပဒေ ပြန်ဆွဲပြီးရင် ပရိုက်ဗိတ်တွေ လုပ်ခွင့်တွေ ပြု သွားမယ်လို့ လဲဆိုထားပါတယ် ဆိုတော့………

    ရောင်းမဲ့ နှစ်သိန်းခွဲတန်တွေတော့ သပိတ်မှောက်မှောက် မမှောက်မှောက် မဝယ်ယူသင့် သေး ပါဘူး .. နောက် လေးငါးလလောက်စောင့်ကြည့်သင့်တယ်ထင်တာဘဲ….

Leave a Reply