ကျပ်၅၀၀ဝတန် ဖုန်းကဒ် အကျိုးစီးပွားကာကွယ်မှု တိုက်ပွဲကြီး

လင်းဝေJanuary 31, 20121min17657

လူတိုင်းသိတဲ့ လိမ်ညာမှု ဇာတ်လမ်းကြီးပါဗျား။ နောက်ကွယ်က ကိုယ်ကျိုးစီးပွားတွေအတွက် တိုင်းပြည်က ဆင်းရဲသား၊ သာမန်လူတန်းစား၊ လူလတ်တန်းစား တွေဆီက ငွေကို ညှစ်ထုတ်ဖို့ ကြံစည်ချက် အထမြောက်ကာနီးမှ ပါးစပ်ထဲ သွင်းကာနီးမှ ပုတ်ချ ခံရတဲ့ နှာခေါင်းသွေးထွက်ကာနီး ဇာတ်လမ်းကြီးပါဗျား။

မြို့နေလူထု အလွန်စိတ်ဝင်စားနေသော သတင်းတစ်ပုဒ်ဖြစ်သလို ရှင်းရှင်းလေးလေးနဲ့ ရှုပ်နေတဲ့ ဇာတ်လမ်းလေးကို ပြပါဆိုရင်တော့ လူတိုင်းသိပြီးသား ၅၀၀ဝတန်ဖုန်းကဒ် ဇာတ်လမ်းပါခင်ဗျား။

ဒီဇာတ်လမ်း မှာ အဓိက အာဏာပိုင်ကတော့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ဖြစ်သော်လည်း အဲဒီ ဌာနကြီး က အသံလုံးလုံး တိတ်နေပါတယ်ဗျ။

အခုတော့၊ ဇန်နဝါရီ ၂၉ရက်နေ့က ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန နဲ့အတူတူ အငြင်းပွားနေကြတဲ့ ကိစ္စကို ရွှေပြည်တံခွန်ဆက်သွယ်ရေးလုပ်ငန်း နဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တို့က အောက်ပုဇွန်တောင် က ဆက်သွယ်ရေးလုပ်ငန်းသင်တန်းကျေုာင်းမှာ စာနယ်ဇင်းတွေကို ခေါ်ပြီး ရှင်းလင်းပွဲလုပ်ကြပါတယ်။ ဆက်သွယ်ရေးသင်တန်းကျောင်း သင်တန်းခန်းမအပြည့် တက်ရောက်သတင်းယူသူများပြားလှတယ်လို့ မြဝတီ သတင်းစာမှာ ဖော်ပြထားပါတယ်။ ( ဒီသတင်းကို မြဝတီ သတင်းစာက နောက်ကျောဖုံးမှာ အထူးတလည် ဖော်ပြထားတာပါ။) တစ်လောကလည်း ဒီအကြောင်းကို ကြေးမုံသတင်းစာက ၅၀၀ဝတန် ထုတ်မယ့် အကြောင်းအရာ ကို ဖြစ်ရင် ကောင်းတာပေါ့ ဖြစ်အောင်လုပ်ပေးသင့်တာပေါ့ ဆိုတာမျိုး အယ်ဒီတာ့ အာဘော်ပုံစံနဲ့ ရေးသွားပါသေးတယ်။ ပြောင်ပြောင်တင်းတင်းတော့ ရေးတာမဟုတ်ပါဘူး ဟိုလိုလို ဒီလိုလိုနဲ့ပေါ့လေ။ အရင်လို ဘာပဲဖြစ်ဖြစ် မြန်မာ့ဆက်သွယ်ရေးကသာ ကောင်းပါသည် ဆိုပြီး ရေးတာမဟုတ်တော့တာ ကိုသတိထားမိပါရဲ့။ နည်းနည်းကောင်းလေစွ။

ှရှင်းလင်းပွဲမှာ ရွှေပြည်တံခွန်ဆက်သွယ်ရေးလုပ်ငန်းက မန်းနေးဂျင်းဒါရိုက်တာ ကနေပြီး လုပ်ငန်းအစီအစဉ်ကို ရှင်းပြပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အင်ဂျင်နီယာများက နည်းပညာဆိုင်ရာကိစ္စများကို မေးမြန်းပြီး ပြန်လှန် မေးခွန်းတွေနဲ့ အသက်ဝင်ပါသတဲ့။ နောက်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မန်းနေးဂျင်းဒါရိုက်တာ ကလည်း ဆက်သွယ်ရေးစနစ်တွေကောင်းဖို့အတွက် မဆရ ကဦးတည်ချက်ရှိပါတယ်။ မတူတာတွေဘေးဖယ်ပြီး တူတာတွေပေါင်းလုပ်ဖို့( ဒီ စာသားလည်း အခုတလော သိပ်ခေတ်စားတယ်။ သံယောင် လိုက်သူတွေလည်း များမှများ) ပြောပါတယ် ဆိုသဗျ။

ကြားဖြတ်ပြောရရင်တော့ ကိုယ်သိသလောက် ၂သိန်း ၃သိန်းဆိုပြီး အကောင်အထည်ဖော်ဖို့လုပ်နေကြတဲ့ နယ်မြေအလိုက်ခွဲစားဖို့ စီစဉ်ထားကြတဲ့ အောင်ရီဖြိုး(အောင်သောင်းသား) အေးရှားဝါးလ်(ဘယ်သူလည်း ဘယ်နောက်ခံလည်း သိတယ်ဟုတ်)၊ အီးလစ် ( အီးတောင် လစ် ပြီးရောင်းစား တဲ့ တေဇ စီးပွား ) စတဲ့ စတဲ့ လုပ်ငန်းများ အပြင် အခြား လုပ်ငန်းများ အတွက် တော့ မြန်မာ့ဆက်သွယ်ရေးကို မှီပြီးစား၊ မြန်မာ့ဆက်သွယ်ရေး က ဝန်ထမ်းများကလည်း အဲဒီ ကောင်တွေ ကို မွေးပြီးစား စတဲ့ အချီကြီးကို ထိခိုက်မှာတော့အသေအချာပဲဗျ။ ဖုန်းကဒ်ဈေးနှုန်းကော ဖုန်းခေါ်ဆိုခ ကော ဘယ်လိုမှ မယှဉ်နိုင်ဖြစ်နေလေတော့ ဘယ်လိုများ လုပ်ကြမလဲ။ အခုအချိန်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ အဲဒီ အပေါင်းအပါများဟာ ဒီလို ဝင်လာရှုပ်တဲ့ ရွှေပြည်တံခွန် ကို ဘယ်လို နောက်ကောက်ချဖို့ ကြံစည်နေကြမလဲသိချင်ပါ့။

အဲဒီဆွေးနွေးပွဲကြီးမှာတဲ့ “ဖုန်း SIM Card တခုကို ကျပ် ၅,၀၀ဝ ဖြင့် အများပြည်သူသို့ ရောင်းချပေးရန် မဖြစ်နိုင်သေးကြောင်း၊ ဆက်သွယ်ရေးတာဝါတိုင်များ စိုက်ထူရန်မြေနေရာများ မလွယ်ကူကြောင်း ဘာညာ သာရကာနဲ့ မြန်မာ့ ဆက်သွယ်ရေးမှ သတင်းထုတ်ပြန်ပါတယ်”။ “ဆက်သွယ်မှု ကွန်ယက်ကို စနစ်တကျ တည်ဆောက်ရန် အချိန်များစွာ လိုအပ်ခြင်းနှင့် တည်ဆဲဥပဒေတို့အရ ကိုက်ညီမှု မရှိခြင်းတို့ကြောင့် ကျပ် ၅၀၀ဝ တန် ဖုန်းကိစ္စမှာ လောလောဆယ်တွင် ဖြစ်နိုင်ခြေ မရှိသေး” စာသားလေးပါတယ်။ အဲဒီပွဲမှာပဲ ရွှေပြည်တံခွန် ဘက်ကလည်း နောက်နေ့ ထရိတ်ဒါးစ် ဟိုတယ်မှာ သီးသန့်ရှင်းလင်းပွဲ လုပ်ပါတယ် တက်ရောက်ဖို့ဖိတ်ပါတယ် လို့ ပေါ်တင်ပြောပါတယ်။ တော်တော်တော့ သတိ္တရှိတာပဲဗျ။ ချီးကျူးပါတယ်။ ဒီလို ဖိုက်တာတွေ များများ ပေါ်ထွန်းပါစေ။

အဲသလိုနဲ့ မနေ့က ထရိတ်ဒါးစ်ပွဲမှာ ရွှေပြည်တံခွန်ကနေပြီး ထုတ်ပြန်ချက် ကတော့ မူလ ကတိပေးထားသည့်အတိုင်း မကြာမီ အချိန်အတွင်း ရောင်းချပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ကြောင်း “ဖုန်းကဒ်များကို ကျပ် ၅,၀၀ဝ ဖြင့် မကြာမီ ရောင်းချနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်” “ နည်းပညာအခက်များနှင့် ပတ်သက်၍ မိမိတို့ အချိန်တိုအတွင်း
ဖြေရှင်းပေးနိုင်ပြီး ၆ လအတွင်း ဆောင်ရွက်နိုင်သည် ” ဆိုလာပြန်ပါတယ်။ “တည်ဆဲဥပဒေထဲက မည်သည့် ဥပဒေမဆို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် သွေဖည်နေခြင်း၊ ဆန့်ကျင်နေခြင်း၊ ညီညွတ်ခြင်းမရှိပါက ယင်းဥပဒေများ အားလုံးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ စတင်အသက်ဝင်သည့်နေ့ ၂ဝ၁၁ ခုနှစ် မတ်လ ၃ဝ ရက်နေ့မှ စတင်၍ အလိုအလျောက် ပျက်ပြယ်သွားပြီ ဖြစ်ပါသည်။” လို့လည်း ဥပဒေ အရမဖြစ်နိုင်ပါဘူး လို့ ကောက်ရိုးမျှင်ကို ဆွဲပြီး ဖင်ပိတ်ငြင်းနေတဲ့ မြန်မာ့ဆက်သွယ်ရေးရဲ့ အကြောင်းပြချက်ကိုလည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၄၄၆ နှင့် ၄၄ရ တို့ကို ကိုးကားချေပ ထားပါသေးတယ်။

မဇိ္ဖိမသတင်းဆိုက်မှာ အဲဒီလို အခြေအနေကို တင်ပြထားတာတော့
“အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ တည်ဆဲဥပဒေတခုခုသည် အခြေခံဥပဒေနှင့် ဆန့်ကျင်နေခြင်း၊ ညီညွတ်ခြင်း ရှိ၊ မရှိ တို့ကို သံသယရှိပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးသို့ တင်ပြ အဆုံးအဖြတ် ယူသင့်ကြောင်း အမျိုးသား လွှတ်တော် အမတ်လည်းဖြစ် ရှေ့နေတဦးလည်းဖြစ်သူ ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။”
“ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီမညီကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးမှာ အဆုံးအဖြတ် ခံယူရမှာဖြစ်တယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ သူ့ဟာသူ ပြောလို့တော့ မရဘူးလေ။ အခြေခံဥပဒေ ခုံရုံးက ဒါဟုတ်တယ် အခြေခံ ဥပဒေနဲ့ ဆန့်ကျင်နေတယ်ဆိုရင်တော့ အဲဒီဥပဒေက အတည်မဖြစ်ကြောင်း အခြေခံဥပဒေက ကြေညာရမှာ။ အခြေခံ ဥပဒေ ခုံရုံးကသာ အဆုံးအဖြတ်ပေးနိုင်မှာ” ဟု ဦးသိန်းညွန့်က ပြောသည်။ ဆက်သွယ်ရေး လုပ်ငန်းများတွင် အပါအဝင်ဖြစ်သည့် “စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက်စ်၊ အီးမေးလ်၊ အင်တာနက်” စသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်မှ ဥပဒေပြုခွင့်ရှိကြောင်းလည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၉၆ တွင် ဖေါ်ပြထားသည်။”

ကဲ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ လွှတ်တော်ထဲမှာ အဆုံးအဖြတ်ပေးရမယ့် ကိစ္စဖြစ်လာရော မဟုတ်လားဗျာ။

ဒီလိုဆိုတော့ တကယ်လို့များ ကြံ့ဖွံ့ပါတီကနေပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ သူတို့ကိုသာ မဲထည့်ရင် ၅၀၀ဝတန်ဖုန်းရစေရမယ် လို့များ မဲဆွယ်ခဲ့ရင် ….. ကိုယ့်လူတို့ ဘယ်လိုလုပ်ကြမလဲ။
(တော်တော်တော့ အောက်တန်းကျတဲ့ မဲဆွယ်မှု ဖြစ်မှာပဲနော်၊ ဖုန်း ဆင်းကဒ် ဈေးသက်သာစေရမယ်။ ဒါတောင်မလွယ်ဘူး သူတို့ပါတီဝင်တွေရဲ့ အကျိုးစီးပွားကို အနစ်အနာခံခိုင်းဖို့ တော်တော်ညှိယူရဦးမှာ)

နောက်တစ်ခုက အောက်က ရှော့တွေ တက်လာရင် ဘယ်လိုလုပ်မလဲနော်။
(အင်တာနက်ပေါ်မှာ တွေ့တာလေး ပြန်ရှယ်ပေးလိုက်ပါတယ်)

သို့

မြန်မာ့ဆက်သွယ်ရေး (MPT)

အကြောင်းအရာ ။ ။ ဖုန်းငှားရမ်းခနှင့်ပတ်သတ်…၍ ဆွေးနွေးတင်ပြခြင်း

ကျွန်တော်သည် မိုဘိုင်းလ်ဖုန်း(နံပါတ်xxxxxxx) ကို xxxxခုနှစ်မှစတင်ကာ
ငွေကျပ် ၂၅သိန်းဖြင့် တရာဝင်ငှားရမ်းသုံးစွဲခွင့်ရရှိထားခဲ့ပါသည်။
သို့သော် ယနေ့ခေတ်အခါတွင် မြန်မာ့ဆက်သွယ်ရေးဌာနကြီး၏ စေတနာရှေ့ထားကာ
မိုဘိုင်းလ်ဖုန်းဈေးများကို ငွေကျပ် ၅သိန်းထိလျော့ချထားပေးပြီးဖြစ်သလို မကြာမီတင်တွင်လည်း အဆိုပါ နှုန်းထားငှားရမ်းခ…များအား ထပ်မံ၍ လျော့ချပေးသွားဦးမည်ဟု သိရှိရသဖြင့် ကျွန်တော့်လက်ရှိ သုံးစွဲနေသောဖုန်း(နံပါတ်xxxxxxx) ကို ဆက်လက်ငှားရမ်းလိုခြင်းမရှိတော့ဘဲ လူကြီးမင်းတို့ထံမှ ဆက်လက်ငှားရမ်းပေးရန်ရှိသည် ငှားရမ်းခံသက်သာသည့် မိုဘိုင်းလ်ဖုန်းများကိုသာ သုံးစွဲရန် အကြံဖြစ်မိပါသည်..။

သို့ပါ၍ လက်ရှိ ငွေကျပ်၂၅သိန်းဖြင့် ငှားရမ်းထားရသည့် မိုဘိုင်းလ်ဖုန်း(နံပါတ်-xxxxxxx) ကိုပြန်လည်အပ်နှံကာ ပေးသွင်းထားသော ငှားရမ်းခများကို ပြန်လည်ထုတ်ယူလိုပါသည်..။ အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ လူကြီးမင်းတို့ဌာနမှ မည်သို့ဖြေရှင်းပေးမည်ဟု အကြောင်းပြန်လာမည်ကိုလည်း မျှော်လင့်လျက်ရှိပါသည်..။

လေးစားစွာဖြင့်..
ဦး/ဒေါ်________

57 comments

  • blackchaw

    January 31, 2012 at 10:31 am

    သို့ပါ၍ လက်ရှိ ငွေကျပ်၂၅သိန်းဖြင့် ငှားရမ်းထားရသည့် မိုဘိုင်းလ်ဖုန်း(နံပါတ်-xxxxxxx) ကိုပြန်လည်အပ်နှံကာ ပေးသွင်းထားသော ငှားရမ်းခများကို ပြန်လည်ထုတ်ယူလိုပါသည်..။
    အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ လူကြီးမင်းတို့ဌာနမှ မည်သို့ဖြေရှင်းပေးမည်ဟု အကြောင်းပြန်လာမည်ကိုလည်း မျှော်လင့်လျက်ရှိပါသည်..။

    အဲဒီ စာလေးကို အလွန်အကြိုက်တွေ့မိပါတယ်။

  • koyinmaung

    January 31, 2012 at 10:43 am

    ဟုတ်တယ်ဗျို့ငှားရမ်းအသုံးပြုတဲ့ဖုန်းတွေ
    ပြန်အပ်ယင်ငွေပြန်ရသင့်တာပေါ့…

    • ကြောင်လတ်လေး

      February 1, 2012 at 10:11 pm

      “”သို့ပါ၍ လက်ရှိ ငွေကျပ်၂၅သိန်းဖြင့် ငှားရမ်းထားရသည့် မိုဘိုင်းလ်ဖုန်း(နံပါတ်-xxxxxxx) ကိုပြန်လည်အပ်နှံကာ ပေးသွင်းထားသော ငှားရမ်းခများကို ပြန်လည်ထုတ်ယူလိုပါသည်..။ အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ လူကြီးမင်းတို့ဌာနမှ မည်သို့ဖြေရှင်းပေးမည်ဟု အကြောင်းပြန်လာမည်ကိုလည်း မျှော်လင့်လျက်ရှိပါသည်..။””

      ၁၀။ ဌာနမှလက်ရှိပြဌာန်းထားသည့် နည်းဥပဒေများကို ငှားရမ်းသုံးစွဲသူက လိုက်နာရမည်။ ငှားရမ်းသုံးစွဲသူက CDMA တယ်လီဖုန်းကို ပြန်လည်အပ်နှံလိုလျှင်သော်လည်းကောင်း ။ ဌာနက အကြောင်းတစ်ခုခုကြောင့်ငှားရမ်းသုံးစွဲသူ၏ CDMA တယ်လီဖုန်း အသုံးပြုခွင့်ကို ရပ်စဲလိုလျှင်သော်လည်းကောင်း၊ဤပဋိဉာဉ်စာချုပ်ကို ရပ်စဲနိုင်သည်။ ဤပဋိဉာဉ်စာချုပ် ရပ်စဲသည့်အချိန်တွင် CDMA SIM Cardကိုထုတ်ယူသွားစဉ်ကအတိုင်း ငှားရမ်းသုံးစွဲသူက ဌာနသို့ ပြန်လည်ပေးအပ်ရမည်။ ငှားရမ်းသုံးစွဲသူအနေနှင့် လျော်ကြေး တစ်စုံတစ်ရာဖြစ်စေ၊ ငှားရမ်းခ ပြန်လည်ထုတ်ပေးရန်ဖြစ်စေ၊ တောင်းခံပိုင်ခွင့်မရှိပါ။

      ဆက်သွယ်ရေးရဲ့တယ်လီဖုန်းစာချုပ် ကို( ၂၅/၁၅သိန်းတန် မိုဘိုင်းဖုန်းဝယ်ကိုင်ထားဖူးသူများ) သေချာပြန်ဖတ် ကြည့်ကြစေလိုပါတယ်။
      အချက် ၁၅ ချက်ရှိပါတယ်။ အကုန်လုံးသိချင်ရင်တော့စာရိုက်ပြီးတင်ပေးပါ့မယ်၊ ဓါတ်ပုံရိုက်တင်တာ မရလို့ပါ။ သုံးစွဲသူအခွင့်အရေးအပြည့်အဝရှိနေတာကို တွေ့မြင်ရပါမယ်။ ခွစ်ခွစ်ခွစ်…..

  • Ka Yin Lay

    January 31, 2012 at 10:48 am

    နောက်ဆုံးမတော့ အဖြေ ကပေါ်လာပီ ချီးထုပ် အဖွဲ့တွေက အချီကြီးစားမလို့ ကြံစည်
    နေကြတာကိုး ၊ အင်းပေါ့လေ သူတို့ ရဲ့ ချီးအိမ် ကြီးက သူများထက် ကြီးနေလို့
    သောက်စား ကြီးတာ လို့ပဲ ယူဆလိုက်ပါမယ် ။

  • manawphyulay

    January 31, 2012 at 10:51 am

    5000 တန်ပဲမျှော်နေတာဆိုတော့ နောင် ငါးနှစ်ကြာရင်ကော ကိုင်နိုင်ဖို့အလားအလာရှိပါ့မလားဟင်…

  • စိန်ပေါက်ပေါက်

    January 31, 2012 at 11:24 am

    ဘာဆက်သွယ်ရေးလဲ
    သောက် 😮
    ဟစ်တလာတောင် လိပ်ခေါင်းထွက်အောင် အော်နေရတဲ့ ဟာ
    တစ်ယောက်ဖုန်းပြောရင် တစ်ရက်ကွက်လုံးကြားနေရတဲ့ဟာ
    ဟိုခေါ်မရ.ဒီနယ်ခေါ်မရနဲ ့ဟာ..
    တန်းဆီနေရတဲ့ဟာ
    သူ ့မေဂျီးဒေါ် ဆက်သွယ်ရေးပါလား
    ပျက်တောက်ဖြတ်စားဖို ့ လှိမ့်တွယ်နေတဲ့ အရေးပဲတွေးနေတဲ့ ပျက်တွယ်ရေး

    မတန်တဆလဲ ပေးရသေးတယ်..
    စာချုပ်ထဲ ငှား တာဆိုလုပ်သေးတယ်..
    ဦး၊ဒေါ်..တို ့ပြောသလို မငှားတော့ဘူး ပြန်အပ်မယ်ဆို ပြန်ထုတ်ပေးမှာလား
    အေလဘေးတွေ-တိုမေတိုအဝှာပြုလေးတွေ.

    (သများရေးတာဟုတ်ဘူးနော်..ကိုယ်စောင့်နတ်ရေးတာ )

    • mayzin lei

      January 31, 2012 at 5:35 pm

      အခု ဖုန်းဆက်ရင် မကြာခဏ ကြားနေရတာတော့ အဝေးဆက်သွယ်မှုလိုင်းများ
      မအားသေးပါရှင်တဲ့။ နောက်ဆိုရင် အနီးဆက်သွယ်မှုလိုင်းများလည်း
      မအားသေးပါရှင် လို့များ ထပ်ကြားရဦးမလားပဲ

  • နှာကိုယ်တော် မောင်မောင်ဇာ

    January 31, 2012 at 11:34 am

    ပိုင်သကွာ …
    တက္ကနော် လော်ဂျစ်ကယ်လ် ပလင်န် ကို ထုတ်မပြဘဲ
    ဘဇ္ဇနက်ဇ် ပလင်န် ပဲ ပြသွားတာ …

    ပိုင်သကွာ
    ၂သိန်းခွဲ ၃သိန်းတွေကို
    ၅ချိန်း တည်းနဲ့ ၁ချက်ထဲ အပီဆော်သွားတာ..

    ပိုင်သကွာ
    ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ ခေါင်းစဉ်အောက်က
    ဘရန်း အဝဲနက်စ် တော့ ရပီ …

    ပိုင်သကွာ
    ဝါ့အော့ဖ်မောက်သ်တွေများ
    အဂ္ဂမဟာ ဖေ့စဘုတ်တော်ကြီးမှာ ပလူပျံနေချက်

    ပိုင်သကွာ
    ပညာသားပါသလောက် နူးညံ့တဲ့
    သည်အာ့ထ်အောဖ့် ကွန်ဖရန်တေးရှင်း …

    ပိုင်သကွာ
    “ဟာ” နေတာတွေကို ပါးပါးလေး “သ”မ လိုက်တဲ့
    ဟာသ အသစ်

    ကျေးကျေးပါ ဆြာလင်းဝေရေ့…
    အဆိုပါသတင်းထဲမှာ
    တွေ့တာလေးတွေ ကောက်ရေးမိပါတယ်ဗျ…

    ခင်တဲ့

    နှူးဘာချုပ်

  • Thel Nu Aye

    January 31, 2012 at 11:38 am

    သို့

    ဖုန်းငှားရမ်းသူလူကြီးမင်း

    အကြောင်းအရာ ။ ။ ဖုန်းငှားရမ်းခနှင့်ပတ်သတ်…၍ ဆွေးနွေးတင်ပြခြင်း

    ကျွန်တော်များဆက်သွယ်ရေးမှငှားရမ်းသောဖုန်းများသည် ငါ့လက်ကလွတ်ဗြွတ်ဖုန်းများဖြစ်သဖြင့် လူကြီးမင်းသုံးစွဲလိုသောစိတ်မရှိလျှင်ပြန်လည်အပ်နှံနိုင်ပါသည်။ သို့သော် ပိုက်ဆံကိုမူရှေ့လူယူသွားပါ သဖြင့်ဖုန်းကိုသာကျွန်တော်မျိုးလက်တွင်းသို့အပ်နှံပြီးပိုက်ဆံကိုမူရှေ့ လူဆီတောင်းပါရန်။

    လေးစားစွာဖြင့်..

    ဆက်သွယ်ရေးတာဝန်ခံဂျုတ်ကြီး

  • nayminn

    January 31, 2012 at 11:46 am

    အနီထောင့်က ၃ သိန်း နဲ့ အပြာထောင့်က ၅ ထောင်…..ရွာသားရေ တစ်ပွဲတစ်လမ်း အကဲစမ်းကြမယ်..။

    –ဗေပုံ–ထိပုံထီ–ဗေထီ—။
    ဘယ်သူနိုင်မယ် ထင်လ ဲ…. ၃ သိန်း က ( ပူးကပ်ခွါ /အရပ်အမောင်း / အလုံးအထည် / နောက်ခံအား / ဆရာသမား ရော အကုန်သာဆိုပဲ )..။

    • Harumoto

      January 31, 2012 at 12:06 pm

      ၅ထောင်က ပရိတ်သတ်အားရှိတယ်..
      အဖေကလဲ အားဖြည့်ပေးထားတယ်…
      မသကာ..မနိုင်ရင် ကုန်းကိုက် မှာဘဲ စိုးတယ်…(စရိုက်ပေါ့)

  • Harumoto

    January 31, 2012 at 12:03 pm

    ရွှေပြည်တံခွန် ကလည်း လျှော့မှာမဟုတ်ဘူး
    သူ့အဖေက…..(ဘယ်နှစ်လုံး)..ဆိုဒါ မသိကြဘူးလား..
    ကျောင်းတော်က ရန်စကို ဒီပွဲ မှာ..အပီနွဲ လိုက်မယ်..
    သွေးကျဲ ရင် နောက်ဆုတ်နေကြ….။

    • Thel Nu Aye

      January 31, 2012 at 12:08 pm

      ကိုးလုံးလား ( အရင်ရှစ်လုံးလေ )

      • Harumoto

        January 31, 2012 at 1:01 pm

        ဒီတပွဲ အနိုင် တွယ်ပြီးရင်
        အားပေးတဲ့ ပရိဿတ်လဲ ရှိရင်
        နောက်တပွဲ နွဲ ဘို့လဲ အသင့်ဘဲ တဲ့ဗျား…
        သတင်းကောင်း ကြေငြာမောင်းခတ်လိုက်ပါတယ်…ဗျိုး….။

  • Potter Herry

    January 31, 2012 at 12:15 pm

    ရွှေပြည်တံခွန် က ငချွတ်တွေ သိစေရန် ငါတို့ ၃သိန်း တန် ဖုန်းတွေ ရောင်းပီး နောက်ဆုံးဂွင်လေး ဖန် လိုက် ဦးမယ်..မင်းတို့ ၅၀၀ဝ တန် တွေ ခန ဝေးဝေး ကိုရွေ့ထားလိုက်ဦး ..အထာ တွေ ဂွင် တွေ မသိရင် နည်းပညာတွေက အိပ်ပျော်နေကြတာ..ငါဆိုလိုတဲ့နည်းပညာ အရ မဖြစ်နိင်ဘူးဆို တာ ဘာသာပြန်ရရင် အထာ နဲ့ဂွင် ပဲ ..မင်းတို့ ၅၀၀ဝ တန် က ငါ့ အစာ ကို လာပုတ်တာ တော့ငါ က သည်းခံမယ် မထင်နဲ့ ပုံ (ဆက်သွယ်ရေးဝန်ကြီး)…. 😛

  • kai

    January 31, 2012 at 12:25 pm

    ဆောက်ထားပြီးသား အင်ဖရာစရပ်ချာကို.. နှမ်းဖြူးပြီး နှမ်းဖြူးခလေးပေးသုံးသွားတာလို့.. ပိုပိုထင်လာမိတယ်..
    ဒီအင်ဖရာစရိပ်တွေက.. လူထုကကျခံထားတာတွေပါ…။
    ဆိုတော့.. ကျန်ဖုန်းမသုံးသူလူထုကြီးအတွက်.. တရားမျှတတယ်တော့ မထင်မိဘူး..။

    ဒါကတပိုင်း…
    နောက်တခုက… ယူအက်စ်မှာ အိုင်ဖုန်းတွေရောင်းကောင်းတော့.. စလုပ်တဲ့. AT&Tက..လိုင်း(ဒေတာသယ်နိုင်အား)နဲ့ဖုန်းမမျှအောင် ထည့်ထားသလိုဖြစ်ပြီး.. အိုင်ဖုန်းတွေခဏခဏ ခေါ်ရခက်တာ.. ဒေတာပို့တာကြပ်ကုန်တာ ဖြစ်ခဲ့တာသတိရမိတယ်..။

    ၅၀၀ဝ ကဒ်တွေရောင်းပြီး..လိုင်းမနိုင်ပဲ.. လူကြီးမင်းနဲ့ချည်းတိုးမှာလည်း ..တော်တော့်ကို ဖြစ်နိုင်ချေတွေ့နေရပါတယ်..။
    အခု..မြန်မာပြည်အင်တာနက်လိုပေါ့…
    တိုင်းပြည်မှာရှိတဲ့.. အင်ဖရာစရပ်ချာနဲ့မမျှအောင်.. အင်တာနက်လိုင်းတွေရောင်းထားတော့… လိုင်းတွေကြပ်..နှေးတာမျိုးပေါ့…။

    ဆိုတော့..
    ၅၀၀ဝ တန်ဖုန်းဝယ်ပြီး.. တကယ်တန်းဖုံးဆက်မရပဲ.. အလှကိုင်ထားကြရမှာပေါ့…

    တချို့ကိစ္စတွေက.. မီဒီယာအားနဲ့ဖွပြီး ..အစိုးရကို.. အတင်းဖိတိုင်း.. လူထုက နောက်မလိုက်ရပါဘူး..
    တိုင်းပြည်နာတတ်ပါတယ်..။ 🙁

    ( အဲဒီကုမ်ပဏီ အတွင်းရေး.. ဘက်ခ်ဂရောင်း မသိပါ..။ သာမန်အမြင်နှင့် ရေးခြင်းသာဖြစ်ပါကြောင်း.. )

    • windtalker

      January 31, 2012 at 12:39 pm

      ကိုလင်းဝေ ပို ့စ် ကို ဖတ်ပြီးတော့လဲ အရမ်းကြိုက်မိတယ် ။
      သဂျီး ကော်မန် ့ထဲက နောက်ဆုံးစာသား ကို လဲ အရမ်းကြိုက်တယ် ။
      တိုင်းပြည်နာမယ့်အရေးဆိုရင်တော့ ပြန်စဉ်းစားကြစေလိုပါတယ် ။

    • Mr. MarGa

      January 31, 2012 at 7:03 pm

      အဲဒါလဲဟုတ်တာပဲ
      ဘာပဲဖြစ်ဖြစ်ပေါ့လေ
      ဈေးနှုန်းကတော့ မဖြစ်နိုင်စရာမရှိဘူး(လို. ပြောကြတယ်)
      ဆက်လုပ်သင့်ပါတယ်လေ

    • Wow

      February 2, 2012 at 1:49 pm

      ရွှေပြည်တံခွန်ကမ္မဏီအနေဖြင့် ငါးထောင်တန် SIM ကဒ်ရောင်းချပေးနိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြာင်း ယနေ့နေ့လည် ထရိတ်ဒါးဟိုတယ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ပြောဆိုလိုက်သည်။

      “ကျွန်တော်တို့သတင်းထုတ်ပြန်ထားတဲ့ အချက်အမှတ်ငါး မှာပါထားတဲ့ အတိုင်းဆက်လုပ်မှာ ဖြစ်ပါတယ်”ဟု ရွှေပြည်တံခွန် ကုမ္မဏီ၏ စီမံချက်ဒါရိုက်တာ ဦးရဲထွဋ်ဝင်းက ပြောသည်။

      ရွှေပြည်တံခွန်ကုမ္ပဏီမှ တာဝန်ရှိသူတို့ကို ယနေ့သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်

      ယင်း ရွှေပြည်တံခွန်ကုမ္ပဏီ၏ ထုတ်ပြန်ချက် အမှတ် STPG002 အမှတ် ငါးတွင် ရွှေပြည်တံခွန်မှ မူလကပေးခဲ့သည့်အတိုင်း လူတစ်ဦးမှတ်ပုံတင်တစ်ခုလျှင် SIM Card တစ်ခု (ကျပ် ၅၀၀၀) နှုန်းဖြင် ရောင်းချနိုင်ရန် နိုင်ငံတော်၏ မူဝါဒနှင့်အညီ အောင်မြင်အောင ်စီမံကြိုးပမ်းဆောင်ရွက်တော့မည် ဖြစ်သည်ဟုပါရှိသည်။

      ယမန်နေ့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပုဇွန်တောင်မြို့နယ် ဆက်သွယ်ရေး သင်တန်းကျောင်း၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ရွှေပြည်တံခွန်ကုမ္ပဏီကိုပါ ဖိတ်ကြားပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတာဝန်ရှိသူတို့က ၅၀၀ဝ တန်ဖုန်းကိစ္စမှာ လောလောဆယ်တွင် မဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။

      ထိုသို့ပြောကြားအပြီး နောက်တရက်အကြာတွင် ရွှေပြည်တံခွန်ကုမ္ပဏီက ယခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ဆက်လက်ကြိုးစားသွားမည့် အကြောင်း ထုတ်ပြန် အသိပေးလိုက်ခြင်းဖြစ်သည်။

      မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ငါးထောင်တန်ဖုန်း မဖြစ်နိုင်သေးသည့်အကြောင်းအချက်များကို ပြောဆိုရာတွင် ရေဒီယိုစခန်းများ တည်ဆောက်ရန် အချိန်ယူရခြင်း၊ စက်ပစ္စည်းများ လုံလောက်စွာတပ်ဆင်ရခြင်းနှင့် မြို့တွင်းနှင့် အခြားမြို့များသို့ ဆက်သွယ်ရာတွင် ပင်မကျောရိုးဆက်သွယ်မှုအတွက် အချိန်ယူတည်ဆောက်ရခြင်းတို့ကြောင့်ဟု အကြောင်းပြ ပြောဆိုထားသည် ကိုတွေ့ရသည်။

      ယင်းအချက်နှင့်ပတ်သက်၍ ရွှေပြည်တံခွန် ကုမ္ပဏီမှ ဦးရဲထွဋ်ဝင်းက “သူတို့ရဲ့နည်းပညာအရတော့မသိပါဘူး ကျွန်တော်တို့နည်းပညာအရတော့ ခြောက်လအတွင်းလုပ်နိုင်ပါတယ်”ဟု ထပ်မံပြောကြားသည်။

      ငါးထောင်တန် မိုဘိုင်းဖုန်းအတွက် အမေရိကန်နည်းပညာဖြစ်သည့် 3GPP Rel 7 နည်းပညာအား အသုံးပြုသွားမည် ဖြစ်၍ ရွှေပြည်တံခွန်ကုမ္မဏီအနေနှင့် ပြည်ပဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် သွားမည်ဟု သိရသည်။

      ရွှေပြည်တံခွန်ကုမ္မဏီမှ ဝါယာလက်နက်ဝေါ့ခ် နည်းပညာရှင် မစ္စတာ ဟီလို ရွိုင်း က “ကျွန်တော်တို့ အနေနဲ့ တာဝါတိုင် အကြီးကြီးတွေ တည်ဆောက်ဖို့မလိုအပ်ပါဘူး”ဟုဆိုသည်။

      ငါးထောင်တန် မိုဘိုင်းဖုန်းအတွက် လိုအပ်သည့်တာဝါတိုင်အကြီးများအစား ပိုမိုပေါ့ပါးသည့် တာဝါတိုင်အသေးများကို သုံးစွဲသွားမည်ဟု ယနေ့ရှင်းလင်းပွဲတွင်ပြောဆိုသည်။

      ရွှေပြည်တံခွန်ကုမ္မဏီအနေဖြင့် Second Mobile Network Operator အဖြစ်ဆောင်ရွက်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ တင်ပြထားပြီး အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုနှင့်ပါတ်သက်၍ ဦးရဲထွဋ်ဝင်းက “ဒါကတော့ MPT က ပြည်သူတွေကို ငါးထောင်နဲ့ ဖုန်းကိုင်စေချင်တဲ့စေတနာ အပေါ်မူတည်ပါတယ်”ဟုပြောသည်။ ။

      ဇန်နဝါရီ ၃၀၊ ၂၀၁၂ (YPI)
      သစ်ထူးလွင် 1/30/2012 05:56:00 PM

  • နှာကိုယ်တော် မောင်မောင်ဇာ

    January 31, 2012 at 12:36 pm

    မှတ်မိတာလေး ၂ခု ပြောချင်တယ်ဗျို့ ကိုလင်းဝေရေ့…

    အနှီ သိန်းအစိတ် ပါတ်ချာလည် ခေတ်ကပေါ့ဗျာ ….
    ဖုန်းကို ကံစမ်းမဲဖောက်သလို ငှားရမ်းအသုံးပြုခွင့် ချထားပေး(ထွီ ….) တဲ့ခေတ်က ခည…(ကန်တော့ပါရဲ့ဗျာ…)

    ၁။ မီးပွိုင့်တွေ မိတ္ထူဆိုင်တွေမှာ အသင့်ရေးပြီး ဖောင်ဖြည့်လျှောက်လွှာလေးတွေ ရောင်းကြတာ မြင်ဖူးရဲ့…။
    အံမယ် နောက်ပိုင်း (A4 အပြာလေးတွေ လိမ္မောလေးတွေနဲ့ ကိုယ့်ဟာလေး ရွေးအောင် eye-catch ဖြစ်အောင်ပေါ့)
    နဲ့တောင် ရိုက်နှိပ်ရောင်းချတာ ကြုံခဲ့ဖူး …

    ကံကောင်းထောက်မစွာ ဖုန်းကျပြီဟေ့ဆိုရင် ကိုယ်တိုင်မသုံး ဘဲ ..လက်လွှဲရောင်းသူတွေများတော့ သိတဲ့အတိုင်း ….
    ၂။ လူတိုင်း စကားပြောတတ်လျင် (ဝန်ထမ်းနှင့် နီးစပ်လျင်ပိုကောင်း) ဖုန်းပွဲစားဖြစ်၏။

    အော်. ..ဒါတွေ ခုတော့ ပါးစပ်ရာဇဝင်လေး တစ်ခုဖြစ်ကျန်နေခဲ့ပီနော ….

    တချိန်ကတော့
    မှတ်မှတ်ယယ ပေါ့..
    (စာလုံးပေါင်းမမှားပါ ….မှတ်မှတ်သားသား ခခယယ ဟုဆိုလိုပါသည်..)

  • chityimhtoo

    January 31, 2012 at 12:40 pm

    ဘာပဲပြောပြော ၅ထောင်နဲ့ဖုန်းကိုင်မယ်ဆိုတာ ပြည်သူတွေအားလုံးမျှော်လင့်ချက်။လက်ဘက်ရည်ဆိုင်
    ထိုင်လည်းဒီအကြောင်းဘဲပြောနေကျတာ။ဆိုက်ကားစီးရင်တောင် ဆိုက်ကားသမားတွေက ၅ထောင်ဖုန်း
    သာထွက်ရင်ကျွန်တော်တို့လည်းကိုင်နိုင်ပါပြီဗျာဆို ပြီးမျှော်လင့်ချက်လေသံလေးတွေနဲ့ပြောနေကျတာ။
    နည်းပညာပိုင်းကိုသူတို့တာဝန်ယူတယ်ဆိုတော့ ရွှေပြည်တံခွန်ကုမ္မဏီက တစ်ကယ်သာလက်တွေ့လုပ်
    ပြမယ်ဆိုရင်တော့ ပြည်သူတွေအားလုံးအတွက်တော့အကောင်းဆုံးပေါ့ဗျာ။ဆက်သွယ်ရေးကစားခဲ့ကျ
    တာလည်းနှစ်ပေါင်းမနည်းတော့ပါဘူး။လူတစ်ယောက်မှာအစာအိမ်တစ်လုံးဘဲပါလာကျတာပါ။သူများနိုင်ငံ
    မှာ sim card တောင်အလကားပေးနေတာ မဖြစ်ဘူးဆိုတာတော့မရှိပါဘူး

  • chityimhtoo

    January 31, 2012 at 12:45 pm

    လူတစ်ယောက် သိန်းဂဏန်းပေးမှဖုန်းဝယ်နိုင်မယ်ဆိုတဲ့ကိစ္စရိုက်ချိုးပြီးသားဖြစ်သွားတာပေါ့ဗျာ…

    • shweminnthar

      January 31, 2012 at 11:04 pm

      မြန်မာပြည်မှာလူဖြစ်ရကျိုးနပ်ချင်တယ်..ဒါဗျဲ…..

  • လင်းဝေ

    January 31, 2012 at 12:54 pm

    ၁။ ရွှေပြည်တံခွန် ရှင်းပြချက်အရ ဆိုရင် သူ့ဆက်သွယ်ရေး ကွန်ယက်ကို သူ့ဖာသာသူဆောက်မှာပါ။
    ( တိုင်းပြည်ပိုက်ဆံနဲ့မဟုတ်လို့ လူထုက ကျခံတာမဟုတ်။ ကျန်ဖုံးမသုံး လူထု အေးရာအေးကြောင်းပါ။)
    ၂။ သူ့ဆက်သွယ်ရေးကွန်ယက်ထဲမှာ သူ့လိုင်းနဲ့ သူ့အလုံးသူချပေးမှာ။ လက်ရှိ မဆရ ဖုန်းလို ကျပ်မယ် ချောင်မယ် မသိပါ။ ( သူ့ အကန့်နဲ့သူ ဖြစ်ကြ ပျက်ကြမှာ )
    ၃။ ဆက်မရဘူး အလှကိုင်ထားရရင် အခု မဆရ ကို တရားစွဲမရပေမယ့် အဲဒီ ကောင်တွေကို စွဲလို့ရနိုင်မယ်။
    ၄။ အဲဒီ ရွှေပြည်တံခွန် ကိုလည်း မသိဘူး။ သို့သော် မဆရ ကို ခါးသီးလွန်းလို့( ခံစားဖူးမှ သိမှာပဲ)။ မဆရ က လူလည်ကျလွန်း လူပါးဝလွန်းလို့ သူ့ပြိုင်ဘက် ပေါ်လာတာ။ မဆရ ဂွင်ကို ပုတ်ထုတ်တာကို လက်ခုပ်တီးကြတာပဲ။ မီဒီယာကမြှောက်ပေးနေတာမဟုတ်။ မီဒီယာတွေကိုယ်တိုင်က လူထု စိတ်ဝင်စားလို့ လိုက်ရေးနေရသလို ရေးနေတဲ့ မီဒီယာသမားတွေ ကိုယ်တိုင်မှာလည်း အထက်က ခံစားချက်မျိုးရှိနေကြလို့ပါ။
    ( တိုင်းပြည်နာနေတာက အဲသလို မှုန်ဝါးဝါးအတွေးတွေကြောင့် လူလည်တွေကို ခံမပြောရဲ ခံမချရဲလို့ပါ။ အခုကိစ္စက အစိုးရ ကိုဖိတာမဟုတ်၊ အစိုးရပိုင်လုပ်ငန်းကို ဂုတ်ခွစီးပြီး ကိုယ်ကျိုးရှာနေသူများကို လျှာဖြတ်မယ့် ကိစ္စပါ။)
    ၅။ အစိုးရ နဲ့ အစိုးရပိုင် လုပ်ငန်း များကို သေချာစွာ ခွဲခြားနားလည်ဖို့ အချိန်ရောက်ပါပြီ။ ဒါမှ အစိုးရပိုင်လုပ်ငန်းများမှ လက်ဝါးကြီးအုပ်ခြင်း၊ ငွေအလွဲသုံးစား ကြီးစွာလုပ်ခြင်းများကို ပြည်သူတွေ နားလည်မှာပါ။

    • ရွာစားကျော်

      January 31, 2012 at 1:25 pm

      မှန်လိုက်လေ ကိုလင်းဝေ၊ မှန်လိုက်လေဗျာ…
      ရွှေပြည်တံခွန်က ပုဂ္ဂိုလ်တွေ ဆ.သ.ရ သင်တန်းကျောင်း
      မီဒီယာတွေ့ဆုံပွဲမှာ အဲဒီလိုချက်ကျလက်ကျ ပြန်မချေပတာ
      အားမရဘူးဗျာ.. ဟိုက ပြောကောင်းသွားတာပေါ့..

  • Wai Phyo

    January 31, 2012 at 1:54 pm

    ဘယ်ကျော်လို့ရမလဲကွ တေဇ (ငတူး) ငထွန်း(အေးရှားဘော) အောင်သောင်းသား ရယ ် အဲ့စည်းတွေကို ဒို့ တမတကြီးတောင်ကျော်နိုင်သေးလို့လား ရွှေပြည်တံခွန်မကျော်နိုင်တာလည်း သူ့အပြစ်မဟုတ်ပါဘူး

  • john thang

    January 31, 2012 at 2:10 pm

    အရင်တုန်းကမော်ကြွားတဲ့သူတွေ ခံပေါ့။

  • Khin Kha

    January 31, 2012 at 2:48 pm

    ဆက်သွယ်ရေးကလုပ်စားနေတာကြာပြီလေ။
    သူလုပ်စားနေတဲ့စားကျက်ထဲ ရွှေပြည်တံခွန်ကဝင်ရှုပ်တော့ အခံရခက်နေတာနေမှာပေါ့။
    ပြည်သူတွေသက်သာစေချင်ပေမဲ့ ဆက်သွယ်ရေးတာဝါတွေဆောက်လို့မပြီးသေးလို့
    အခုဈေးမြင့်နေတာတဲ့။ နောင်ဈေးပိုလျှော့လာမှာပါတဲ့။ သူများက 5000 နဲ့ရောင်းမယ်ဆိုတော့
    မဟုတ်ပြန်ဘူး မဆရရယ်။ တတ်လည်းတတ်နိုင်ပါပေ့ကွယ် မင်းတို့ခေတ်တွေကမပြီးနိုင်မစီးနိုင်နော်။

  • Thel Nu Aye

    January 31, 2012 at 3:13 pm

    အခုတော့ရွှေပြည်တံခွန်ကထပ်မြင့်တိုက်တွေပေါ်မှာတာဝါတိုင်လေးတွေလက်တွေ့ဆောက်ပြတော့လဲ ဘာမှနားမလည်တဲ့ကိုယ်တွေကတော့ ၅၀၀ဝ ဆိုတာဖြစ်နိုင်တယ်မှတ်တာပဲ။ သူကြီးကတော့မဖြစ်နိုင်ဘူးပြောတယ်။ သူတို့ထောင်ပြတဲ့တာဝါတိုင်လေးတွေနဲ့တကယ် သုံးလို့ရရင်၊ တကယ်ဟုတ်ရင်တော့ဒို့တွေအဆင်ပြေတာပေါ့။

    • amatmin

      January 31, 2012 at 5:29 pm

      တာဝါတိုင် ဆိုတာက GSM Repeater လေးတွေလားဗျ..
      ဟုတ်တယ်ဆိုရင်တော့ ဆက်သွယ်ရေး ကအခုမက်ဆေ့ချ် တွေပို့ပြီး လိုက်ပိတ်နေတာ ဒါကြောင့်ဖြစ်မယ်.
      ဒင်းတို့ရဲ့ ဒီလိုညစ်.ဂွင်ရှာ စနစ်ဘယ်တော့မှ အဆုံးသတ်နိုင်ပါ့မလဲနော်..
      ၅၀၀ဝထိချပေးဖို့ဆိုတာကလည်း မလွယ်ဘူးဆိုရင်တောင်..
      သုံးမဲ့သူတွေအဆင်ပြေလောက်မဲ့ ကြားခံဈေးနှုန်းတခုနဲ့ ပြေလည်သွားရင်တော့အကောင်းဆုံးပဲ..

      • Thel Nu Aye

        January 31, 2012 at 9:36 pm

        GSM Repeater မဟုတ်ဘူးမှတ်တယ်။ ဘူးလေးတွေတော့မဟုတ်ဘူး။ ဘာလဲတော့ ကျွန်မလဲမပြောတတ်ဘူး။ တိုင်တိုလေးတွေနဲ့စလောင်းလိုခွက်သေးသေးလေးတွေပါတယ်။ ထပ်မြင့်တိုက်ခေါင်မိုးတွေမှာတပ်တာပဲ။ ဒါမျိုးဆိုဆက်သွယ်ရေးဖြတ်စရာမလိုဘူးပြောတာပဲ။ ဘယ်သူမှန်လဲတော့ကျွန်မတို့နားမလည်ဘူးပေါ့နော်။ စောင့်တော့ကြည့်ရမှာပဲ။ သူကြီးပြောသလို တယောက် ၅၀၀ဝ နဲ့ လူသန်းပေါင်းများစွာဆီကပဲလိမ်မလား။ တကယ်စေတနာထား တာလားဆိုတာတော့လောလောဆယ်ဆယ်ဘုရားမှပဲသိမယ်ထင်ပါတယ်။

        • Mလုလင်

          January 31, 2012 at 10:52 pm

          အဲဒါ ဟုတ်တယ်ဗျို ့။ If you use GSM repeater without licence …. ဆိုပြီး message ဝင်လာတာပဲ။ အဲဒါမျိုးက တရားဝင် လို့လားဗျ။ SKY NET တောင် ကိုယ်ပိုင် ဂြိုလ်တု နဲ့ Internet လိုင်း ချိတ်မယ် ဆိုပြီး မရလို့ MPT နဲ့ ပေါင်းရသေးတာပဲ ဟာ … (ဒါ .. ညှိ နိုင်တဲ့ ကေစ့် လို့ ထင်မိပါတယ်။)

  • Phaung Phaung

    January 31, 2012 at 3:41 pm

    အင်း … ဒီလိုနဲ့ပဲ တနေ့လုပ်မှတနေ့စားရတဲ့ လက်လုပ်လက်စားပြည်သူတွေတော့ မျှော်ရင်းနဲ့ ရူးတော့မှာပဲ
    တော်ကြာ ရတော့မယ် ……. အခု မရတော့ဘူးတဲ့ … ရမယ်/မရဘူး…ရမယ်/မရဘူး… ဒန့် တန် ဒန့် တန်

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 31, 2012 at 3:49 pm

    သဂျီးမင်းတရားကြီးအမိန့်ရှိတော်မူတဲ့သဘောလေးဟာလည်း အလွန်သင့်မြတ်တော်မူလှပါတယ်
    သို့သော်……………………..
    ငါးထောင်ဆိုရင်တော့ လူတန်းစေ့တယ်လီဖုံးတွေနဲ့ပွားကြမှာပါ
    မြန်မာနိုင်ငံသူ နိုင်ငံသား လိင်တူချစ်သူတွေလည်း တယ်လီဖုန်းငတ်နေကြတာ
    သနားစရာတောင်ကောင်းပါတယ် 🙁
    ဒီကိစ္စကနေ ဝင်ငွေတွေလည်းသောက်သောက်လဲရမှာပါ သံသယဖြစ်စရာမလိုပါဘူး
    ကျုပ်တောင်ဘယ်နေရာမှာလည်းသိဘူးနောက်လိုက်သေးတယ် လုပ်ကိုင်ခွင့်ရလို့ကတော့
    သမ္မဒကိုကြောင်ကြီးကို ကဇွန်းရွက်ဆယ်စီးလာဘ်ထိုးပြီး
    ကိုယ်ပိုင်ဂြိုလ်တုလွှတ်ပြီးတော့ကိုလုပ်မယ် လို့ 😀
    အနည်းဆုံးတစ်ကျပ်ရင်းတစ်ကျပ်ရမဲ့သေခြာပေါက်ကိစ္စဆိုတော့ ရင်းနီးမြုပ်နှံမယ့်လူကတော့
    ဘာလို့ခေါ်သဒုံး ကျုပ်လည်းခေါ်တတ်ဘူး သဂျီးပြောတဲ့ အင်ဖရာစရပ်ချာ ဆိုတာတွက်ငွေကို
    ရှိတဲ့အိုးခွက်တွေပေါင်နှံပြီးတော့ကိုလုပ်မှာဘဲ
    အဲ့သည်မှာဖြစ်လာတဲ့ပြဿနာက တစ်ပြားမှမရင်းနှီးဘဲနဲ့ သောက်သောက်လဲဝင်ငွေရခြင်တဲ့
    ငါလိုးမသား 👿 တွေကတော့အတတ်နိုင်ဆုံးထိမ်းချုပ်ကြ ညစ်ပတ်ကြမှာပါဘဲ
    အဲ့သည်သတ္တဝါတွေရဲ့ အကြောင်းကတော့ ခင်ဗျားတို့သိပြီးသားပါ
    ပြောသာပြောရတာဗျ ခင်ဗျားတို့အရပ်သဘောနဲ့ပြောရင် ကျုပ်ကိုယ်တိုင်က ဘာမှအဆင့်ရှိတာမဟုတ်ဘူး
    ဘာကောင်ညာကောင်ဆိုတာဘေးဖယ်ထားပြီး သဘောလေးကိုတွေးကြည့်ဘို့ပါ
    ခုနက ပြောခဲ့သလို သဂျီးမင်းတရားကိုယ် ဒေါ်ရှင် ကြီးပြောတဲ့ အင်ဖရာစရပ်ချာ ဆိုတာကတော့
    မှန်ပါတယ်
    ငါးထောင်တန်ဆိုတာနဲ့ ဇဂါးပြောတတ်တဲ့သူတွေအကုန်ဝယ်မှာလို့တွက်ရပါမှာပါဘဲ
    ဒီအကြောင်းလေးမှာ ခင်ဗျားတို့ လက်တွေ့လုပ်နိုင်တဲ့အကြောင်းလေးတစ်ခုရှိတယ်ဗျ
    ဒါကတော့ ကျုပ်ထင်တာကို ခပ်တည်တည်နဲ့ပြောတာပါ
    အောက်က အကြောင်းပါ
    သပိတ်မှောက်ကြပါစို့ http://myanmargazette.net/97611/society-lifestyle
    ဒီနေရာလေးမှာ နည်းလမ်းနှစ်ခုလည်းရှိသေးတယ်ဗျ
    ရွှေပြည်တံခွန်ကို ခင်ဗျားတို့လင့်မူပြီးအကြံတွေပေး တိုက်တွန်းတာတွေ ( အားပေးတာတွေ )
    လုပ်သင့်တယ် အထူးသဖြင့် မြန်မာလူဦးရေသန်းဘယ်နှစ်ဆယ်ရှိသေလောက် လိုင်းတွေကို
    အပြီးစီစဉ်ထားသင့်တဲ့အကြောင်းပေါ့ သူတို့လည်းနားလည်မှာပါ
    ခုနကကျုပ်ပြောပြီးသလို ဒီကိစ္စက အရှုံးမရှိတဲ့အတွက် ဘယ်လောက်ဖြစ်ဖြစ်ရင်းနှီးမဲ့သူကတော့
    လုပ်မှာဘဲ ဒီသဘောကို ကျုပ်တို့က အပီပြင်အတိုက်ခံပေးရမှာ
    ခင်ဗျားတို့သိတဲ့အတိုင်းဘဲ လက်ရှိခွေးမသားတွေက ဘာမှမရင်းနှီးဘဲအမြတ်လိုခြင်နေတဲ့ကောင်တွေတင်
    မဟုတ်ဘဲ လက်ဝါးကြီးပါအုပ်ထားခြင်နေတာ
    ဘာမပြည့်စုံဘူးညာမပြည့်စုံဘူးဆင်ခြေပေးနေမှာဘဲ
    တစ်ကယ်လုပ်မဲ့သူကတော့ မဖြစ်မနေ ရင်းနှီးမြုပ်နှံမှာပါ သေခြာပေါက်ငွေရမယ့်အလုပ်ဟာကိုနော
    ဒါကြောင့် လုပ်ပေးမယ့်သူတွေကို ကျုပ်တို့က အပြည့်ဝ တိုင်းသိပြည်သိထောက်ခံတဲ့
    ထောက်ခံရေးလုပ်ငန်းတွေတော့ လုပ်ပြရမှာဘဲ
    နောက်တစ်နည်းက လက်ရှိ ဘာမှ မစိုက်ဘဲအမြတ်လိုခြင်နေတဲ့ ခွေးမသားတွေကို
    ကိုယ်ပိုင်ရင်းနှီးမြုပ်နှံပြီးအကောင်ထည်ဖေါ်ပေးဘို့ ကြီးကြီးကျယ်ဖိအားပေးရမှာဘဲ
    ပြောသာပြောတာ ဒီနွားမသားတွေ လူစိတ်သိပ်ရှိပုံမရတော့ သေချာဘူး
    ဒါ့ကြောင့်ခင်ဗျားတို့အနေနဲ့ အဲ့သည်ငါးထောင်တန်ဖုန်းလိုင်းကိုရဘို့အရေး
    လုပ်ပေးမယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကို ( အင်တိုက်အားတိုက်အားပေးထောက်ခံ ) ခြင်းဟာလည်း
    အလွန်အရေးကြီးမယ်လို့ဆိုခြင်ပါတယ်
    ခင်ဗျားတို့လက်တွေ့ကျကျကြိုးစားသင့်ပါတယ် ဆက်သွယ်ရေးကောင်းမွန်လို့
    တိုးတက်လာမဲ့ကိစ္စတွေက အများကြီးပါ ( အဆိုးဖက်ကလည်းရှိသပေါ့ဗျာ )
    အကယ်၍ ခင်ဗျားတို့မှာ ငါးထောင်တန်ဖုံးလိုင်းတွေရတဲ့အခါ ခင်ဗျားတို့မှာ အခက်ခဲတွေမရှိစေရပါဘူး
    ခင်ဗျားတို့ကို ကျုပ် ကူညီတဲ့အနေနဲ့ တရုပ်ဖုံးတွေကို ဈေးသက်သက်သာသာနဲ့
    ကျုပ်ကိုယ်တိုင် ရောင်းချပေးမယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်
    ပုံ
    မိုက်ကယ်ဂျော်နီအောင်ပု တရုပ်ဖုန်းရောင်းချရေး ( မဝယ်ပါ )
    မှတ်ချက်။ ။ ဤဆိုင်မှ ဖုံးများအားလုံး မပျက်မခြင်းအာမခံသည်။

  • sealion

    January 31, 2012 at 4:09 pm

    မဆရ က တော့ သူ တို ့ စားခွက် ကို လားလုမှာ စိုးလို ့ ဆွေ ဆွေ ကို ခုန်နေတာပဲ Technology ကိုမှီလုပ် စားပြီး ပြည်သူ ့တွေ စုဆောင်းထားတာတွေ ကို လည်မျိုနင်းပြီး နှုက်ထုတ်နေကြတာပါ တခု ခက်တာကတော့ စားသုံးသူ တွေ ပေးရတဲ ့ တန်ဖိုး နဲ ့ အညီ ဝန်ဆောင်မှု ကောင်းကောင်းပြန်မရတာပါပဲ စိတ်ဓါတ်တွေ ခံယူချက်တွေ ပြည်သူ နီတိန ဲ ့အောက်ဆုံးရောက်နေတာနဲ ့ဆို်င်ပါလိမ့် မယ်ဗျာ တနပ်စားညဏ် နဲ ့ မျက်လုံး တလုံး ရှိနေသူတွေများနေခြင်းပါပဲ

  • မောင်ဘလိူင်

    January 31, 2012 at 4:28 pm

    ဆက်သွယ်ရေး လူပါးဝတာလည်း လူတိုင်းသိနေတာ
    ဆိုတော့ မပြောတော့ပါဘူး..ဒါပေမဲ့လို့ ရွှေပြည်တံခွန်ကလူ
    ပြောတဲ့အတိုင်းခြောက်လအတွင်း ဆင်းကဒ် သန်းချီ ရောင်းဖို့
    အင်ဖရာ ဆောက်ဖို့ ဆိုတာ ….ကျွန်တော်ဖြင့် မတွေးတတ်
    အောင်ပါပဲ..။မဖြစ်နိုင်ဘူး မဟုတ်ပါ..ဂြိုဟ်တုသုံးနိုင်ရင်
    ရပါလိမ့်မယ်..ဒီအခါကျတော့ ပေါ်လစီနဲ့ ပြန်ငြိဦးမယ်…
    ကျွန်တော့် သူငယ်ချင်းတစ်ယောက် မိုဘိုင်း သန်းသုံးဆယ်
    စီမံကိန်းစကတည်းက သင်တန်းတွေတက်..။လက်တွေ့ တည်
    ဆောက်တဲ့ လုပ်ငန်းတွေမှာလည်း ကိုယ်တိုင်ကိုယ်ကျပါဝင်
    ပြီး လုပ်နေတာပါ။သူ့ကို ကျွန်တော်မေးကြည့်တော့ ဈေးနှုန်း
    ကတော့ ဘယ်လိုထားထားပေါ့တဲ့…ငါးထောင်မကလို့
    အလကားပေးပေး။ တက်ကနီကယ် ပိုင်းမှာတော့ သူသိ
    သလောက် ဒီလူပြောသလို မြန်မြန်ကြီး မဖြစ်နိုင်တာ
    သေချာတယ်တဲ့..။ကျွန်တော်လည်း တယ်လီကွန်းပိုင်းမှာ
    အတွေ့အကြုံအလွန်များတဲ့ ကျွန်တော့် ဆရာသမားများကို
    မေးကြည့်တော့ Mission Impossible ပေါ့ကွာတဲ့..။
    (ဦးလွင်နိုင်ဦးက အီသန် ဟန့် ဆိုရင်တော့ အဟေးဟေး.. 🙂 )

    • ကြောင်လတ်လေး

      February 1, 2012 at 10:03 am

      “တက်ကနီကယ် ပိုင်းမှာတော့ သူသိ
      သလောက် ဒီလူပြောသလို မြန်မြန်ကြီး မဖြစ်နိုင်တာ
      သေချာတယ်တဲ့..။ကျွန်တော်လည်း တယ်လီကွန်းပိုင်းမှာ
      အတွေ့အကြုံအလွန်များတဲ့ ကျွန်တော့် ဆရာသမားများကို
      မေးကြည့်တော့ Mission Impossible ပေါ့ကွာတဲ့..။”

      ဟိုပုဂ္ဂိုလ်ကလည်း မြန်မြန်ကြီးတစ်နိုင်ငံလုံး လုပ်ပေးမယ်ပြောမထားပါဘူးခင်ဗျ၊ ရန်ကုန်နဲ့ ဧရာဝတီ နှစ်ခုကိုပဲ အရင်လုပ်မယ်ဆိုပါတယ်ခင်ဗျ၊ အဲဒါကိုခြောက်လအတွင်းမြန်မြန်မလုပ်နိုင်ဘူးပဲ ထားပါဗျာ၊ တ ဖြေးဖြေးလုပ်ခွင့် ပေးလိုက်ရင်ကော မရနိုင်ဘူးလားလို့ မေးပေးပါခင်ဗျာ။

      ဥပဒေကြောင့် မဖြစ်တာလား?
      နည်းပညာကြောင့်မဖြစ်တာလား?
      ငွေကြေးရင်းနှီးမြှုပ်နှံမှုကြောင့်မဖြစ်တာလား?
      လား?……………လား?……………..လား??????????

      ကုမ္ပဏီကလည်းတိတိကျကျပြည်သူကိုထွက်ရှင်းပြဖို့လိုပါပြီခင်ဗျာ။

  • မောင်ဘလိူင်

    January 31, 2012 at 4:35 pm

    နည်းနည်းကျန်သွားလို့…ကျုပ်က
    အခြေအနေမဲ့ ဆိုတော့ ဆင်းကဒ် အလကား
    ပေးတောင် ဟမ်းဆက်ဖိုး မတတ်နိုင်သေးဘူး..
    (အိုင်ဖုန်း..အင်းဖုန်း..ကန်ဖုန်းလေး ကိုင်ချင်လို့
    သနားဂျဘာ.. ဟီဟိ)

  • nature

    January 31, 2012 at 6:05 pm

    ကိုယ့်ဟာကိုယ်တာဝါတိုင်ဆောက်မယ်ဆိုရင်တော့ စိတ်ဝင်စားတယ်ဗျ။ ဒါပေမဲ့သုံးနေကျဖုံးလိုင်းတွေနဲ့ ဆက်လို့မရဘူးဆိုတာကလည်းခက်သားဗျ။ ဒါကို ကျွန်တော်နားလည်သလိုပြောရရင် intercom သဘောများဖြစ်နေမလား။ ဒီဈေးနှုန်းနဲ့ တာဝါတိုင်တွေကို မြန်မာပြည်အနှံ့ ဆောက်နိုင်မှာလား။ ဒါမျိုးဖြစ်မယ်ဆိုရင်နောက်ဆို အားလုံးတန်းတူညီမျှ အခွင့်အရေးရှိဖို့ အပြိုင်လေလံဆွဲတဲ့စံနစ် ကိုပွင့်ပွင့်လင်းလင်း ဖော်ဆောင်ကြရင်ကောင်းမယ်။ ဒီအတွက်နိုင်ငံတော်ကလည်း ဒီလုပ်ငန်းလည်ပတ်ဖို့ ဝန်ထမ်းနဲ့ အထွေထွေစရိပ်အတွက် ထိုက်သင့်တဲ့အကျိုးအမြတ်တခုကို တရားဝင်ယူပါ။ ၅၀၀ဝ ကျပ်ဆိုတာကတော့သိပ်နဲလွန်းတယ်။ ပိုယူလို့ရပါတယ်။ ကောင်းကောင်းသာလုပ်ပါ။ လိုင်းမိကောင်းဖို့တော့အာမခံပေးဖို့လိုပါတယ်။

  • naywoonni

    January 31, 2012 at 7:27 pm

    ၅၀၀ဝ တန် ဖုန်းကဒ်ရနိုင်မရနိုင်၏ အဓိကသော့ချက်

    နိုင်ငံရေးအရထင်ရှားကျော်ကြားသူများ အကျဉ်ထောင်အသီးသီးမှ လွတ်မြောက်လာသည့် သတင်းများနည်းတူ အများစိတ်ဝင်စားသော အခြားကိစ္စတစ်ခုမှာ ၅၀၀ဝ တန် မိုဘိုင်းတယ်လီဖုန်းကိစ္စ သတင်းဖြစ်သည် ။ ဒေသတွင်းနိုင်ငံများအတွင်း တယ်လီဖုန်း sim Card များကိုဈေးကြီးပေးဝယ်နေ ရသော မြန်မာနိုင်ငံ ပြည်သူများအဖို့ အထူးတစ်လည်စိတ်ဝင်တစားရှိကြသည်မှာလည်း အဆန်း မဟုတ်ပါပေ။

    ထိုတယ်လီဖုန်းစီမံကိန်းကို တာဝန်ယူမည့် ရွှေပြည်တံခွန်ကုမ္ပဏီကလည်း ဖြစ်အောင်လုပ်မည် ၊ နည်းပညာအရ ဖြစ်နိုင်သည် ရကိုရမည် ၊ နိုင်ငံတော်ကခွင့်ပြုသည်နှင့် မတ်လတွင် စပြီးမိတ်ဆက်တော့မည် ဇွန်လတွင်ကဒ်များစရောင်းမည် ၊ ပထမအဆင့်တွင် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် အကောင်အထည်ဖေါ်မည် ။နောက်ပိုင်းတစ်နိုင်ငံလုံး ဆောင်ရွက်မည် ၊ ဒေါ်လာသန်း ၈၀ဝ ခန့် ရင်းနှီးမြှုတ်နှံမည် ၊ မြန်မာ့ဆက်သွယ်ရေးနှင့်မပတ်သက် ၊ အစရှိသဖြင့် အာမခံရဲရဲဖြင့် တာထွက်လာသောကြောင့် ပြည်သူအများက ဝမ်းသာကြလေသည် ။

    ဝမ်းသာသည့်စိတ်နှင့်အတူ ဒီလောက် ပြည်သူတွေအတွက် ကောင်းတဲ့အစီအစဉ်တွေကို အစိုးရက ဘာလို့ လက်တုန့်ဆိုင်းနေရတာလဲ ၊ သူတို့အတွက် အကျိုးအမြတ်မရှိလို့ မလုပ်တာနေမှာပေါ့ ၊ သူ့ဟာသူလုပ်မှာကို ဘာလို့ လက်နှေးနေရတာလဲ ၊ အစရှိသဖြင့် အပြစ်တင်ကြလေသည် ။ ထိုအတောအတွင်း မြန်မာ့ ဆက်သွယ်ရေးက အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက မြန်မာ့ဆက်သွယ်ရေးနှင့် အဆက်အသွယ် မလုပ်ပဲ မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပေးထားသော တယ်လီဖုန်းများနှင့်ဆက်သွယ်ရန် နည်းပညာအရ မဖြစ်နိုင်ပါကြောင်း ၊ ပြည်ပနိုင်ငံများနှင့်ဆက်သွယ်ရန် မြန်မာ့ ဆက်သွယ်ရေး နှင့် မဖြစ်မနေဆက်သွယ် ရမှာ ဖြစ်ကြောင်း ၊ မိုဘိုင်းနက်ဝပ်တည်ဆောက်ရန်မှာ နေ့ချင်းညချင်း မဖြစ်နိုင်ပါကြောင်းပြောကြားခဲ့သဖြင့် ဦးဇော်မင်းဦးကို ဝိုင်းဝန်းအပြစ်တင်ကြသူများ အများအပြားလည်းပေါ်ပေါက်လာလေ၏ ။

    ပြည်တွင်းပြည်ပမှ နည်းပညာနှင့်နီးစပ်သူများ ကလည်း အခြားတိုင်းပြည်များရှိဈေးနှုံးများ ၊ နည်းပညာများကို ကိုးကား၍ လုပ်ရင် ရနိုင်ကြောင်း ၊ သူများရလျင်ကိုယ်ရရမှာဖြစ်ကြောင်းစသည်တို့ကို နည်းပညာ အကိုးအကား အချက်အလက်အကိုးအကား များဖြင့် ထောက်ခံသည့်ဘက်မှ ရေးသားကြ သည်များတွေ့ရသဖြင့် ပြည်သူများ၏ မျှော်လင့်ချက်သည် ပိုမို လာကာ အစိုးရတာဝန်ရှိသူများကို အပြစ်ဆိုသည် များလည်း ပို၍ ပို၍ တိုးလာလေတော့သည် ။

    ဗမာလို ရိုးရိုးလေးတွေးကြည့်မိပါသည် အခြားနိုင်ငံများတွင် နည်းပညာအရ ရလျှင် ကျွန်တော်တို့နိုင်ငံတွင်လည်း ရနိုင်ရမည်သာ ဖြစ်ပါသည် ။ အခြားနိုင်ငံများတွင် ဈေးသက်သက်သာသာနှင့် ရနိုင်လျှင် မြန်မာနိုင်ငံတွင်လည်း ရနိုင်ရမည်သာ ဖြစ်လေသည် ။ အဓိက ပြသနာမှာ နည်းပညာပိုင်း ၊ Sim Card ၏ဈေးနှုန်းပိုင်းမဟုတ်ပါ ၊ အဓိကသော့ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

    ယခင်အစိုးရလက်ထက်တွင်ရော ယခုအစိုးရလက်ထက်တွင်ပါ ဆက်သွယ်ရေးကဏ္ဍ၏ မိုဘိုင်းတယ်လီဖုန်းလုပ်ငန်းများတွင် ရင်းနှီးမြှုတ်နှံလိုသူအများအပြား လာရောက်ဆွေးနွေးဘူးပါသည် ။ကမ္ဘာနှင့် ဒေသတွင်းမှ မိုဘိုင်းတယ်လီဖုန်း ကုမ္ပဏီကြီးများအပါအဝင် ဖြစ်ပါသည် ။ပြည်တွင်းလုပ်ငန်းရှင်ကြီးများမှတစ်ဆင့်လည်း သက်ဆိုင်ရာကို ချဉ်းကပ်ဆက်သွယ်မှုများလည်းရှိပါသည် ။သက်ဆိုင်ရာကုမ္ပဏီများက ၁၀၀% ငွေကြေးရင်းနှီးမြှုတ်နှံမည် ၊ အကျိုးအမြတ်ကို နိုင်ငံတစ်ကာစံနှုန်းများ အတိုင်း နိုင်ငံတော်နှင့် ရင်းနှီးမြှုတ်နှံမှု ပြုလုပ်သည့်ကုမ္ပဏီတို့ ခွဲဝေယူကြမည် ။ ဒီအထိအဆင်ပြေပါသည် ။အဆင်မပြေသည့်အဆင့်မှာ သက်ဆိုင်ရာကုမ္ပဏီကြီးများက ၎င်းတို့ ရင်းနှီးမြှုတ်နှံထားသည့်ငွေများကို အမေရိကန်ဒေါ်လာနှင့် ပြန်လိုချင်သည့်ကိစ္စဖြစ်လေသည် ။

    ဥပမာဆိုကြပါစို့ ယခုရင်းနှီးမြှုတ်နှံမည်ဟု နာမည်ကြီးနေသော ရွှေပြည်တံခွန်ကုမ္ပဏီသည် မိုဘိုင်းတယ်လီဖုန်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ဝ ရင်းနှီးမြှုတ်နှံကာ တယ်လီဖုန်း အလုံး ၂ သန်းကို မြန်မာပြည်သူတွေကို မရောင်းပဲအလကားပေးလိုက်သည် ဆိုကြပါစို့ ထိုဖုန်းအလုံး ၂ သန်းကိုရသွားကြကုန်သော မြန်မာတို့သည် တစ်သက်လုံး ချုပ်တီးထားသမျှ အတိုးနှင့်ပြောကြပေတော့မည် ။တစ်နေ့ကို ပျမ်းမျှ ဖုန်းတစ်လုံးသည် ဝ.၅ ဒေါ်လာနှင့်ညီမျှသည့် မြန်မာငွေတန်ဘိုးပဲ ပြောသည်ဆိုကြပါစို့ ၊ အဆိုပါ ကုမ္ပဏီသည် တစ်နေ့အမေရိကန်ဒေါ်လာ ၁သန်း နှင့်ညီမျှသည့်ကျပ်ငွေများဝင်ငွေရှိလေသည် ။တစ်လ အမေရိကန်ဒေါ်လာ သန်း ၃ဝနှင့် ညီမျှသော မြန်မာကျပ်ငွေများဝင်ငွေရှိလေသည် ။ တစ်နှစ်ဆိုလျှင် ဒေါ်လာ သန်း ၃၆ဝ နှင့်ညီမျှသော မြန်မာကျပ်ငွေများ ဝင်လာလေတော့သည် ။ ၃ နှစ်ဆိုလျှင် သူတို့အရင်းကျေလေပြီ….။ ထိုမြန်မာကျပ်ငွေနှင့်ဝင်လာသော ဖုန်းပြောခများကို သက်ဆိုင်ရာကုမ္ပဏီများက အစိုးရထံသွင်းပြီး အစိုးရထံမှ အမေရိကန်ဒေါ်လာ ပြန်လိုချင်ကြလေသည် ။ဒီမှာတင် အစိုးရက စဉ်းစားရလေပြီ ။မစဉ်းစား၍မရတော့ ၊ ပြည်သူတွေများများပြောလေ အစိုးရက ဒေါ်လာများများ ရှာရလေဖြစ်လာတော့မည် ။ ဒီနေရာမှာ အဆင်မပြေဖြစ်ကြလေသည် ။

    တယ်လီဖုန်းပြောသည့် ကိစ္စတစ်ခုတည်းအတွက် တစ်နှစ်ကို ဒေါ်လာ သန်း ၃ ၊ ၄ ရာရှာရမည်မှာ မြန်မာနိုင်ငံ ကဲ့သို့နိုင်ငံငယ်အဖို့ မလွယ်လှ ၊ ယခင်က ယခုကဲ့သို့ ဒေါ်လာတရားဝင်လဲလှယ်သည့် နေရာများလည်းမပေါ်သေး ၊ ယခုပေါ်နေသော်လည်း လိုသလောက်လဲ၍မရနိုင် ထောင်ဂဏန်းလဲသည်ကိုပင်အဆင်မပြေလှသေး အကန့်အသတ်များရှိနေဆဲ၊ အခက်အခဲများရှိနေဆဲဖြစ်သည် ။ ငွေကြေးဈေးကွက်များပေါ်ပေါက်လာနိုင်ရေး ကြိုးစားနေရဆဲဖြစ်သည် ။

    အချုပ်အားဖြင့်ဆိုရသော် ၅၀၀ဝ တန်ဖုန်း စီမံကိန်းလုပ်မည်ဆိုသော ကုမ္ပဏီသည် အစိုးရထံမှ ဒေါ်လာကိုမည်သည့်နည်းနှင့်မျှ ပြန်မတောင်းလျှင်အဆင်ပြေပါမည် ၊ ပြန်တောင်းလျှင် အဆင်မပြေနိုင်ပါ ၊ အဖြေကဒါပဲဖြစ်မည်ဟုယူဆပါသည် ။ ပြည်တွင်းသတင်းမီဒီယာများအနေဖြင့် ဤမေးခွန်းကို ရွှေပြည်တံခွန်ကုမ္ပဏီ၏ MD ဦးလွင်နိုင်ဦးကို မေးစေလိုပါသည် ၊ သူတို့ရင်းနှီးမြှုတ်နှံ ထားမှုအတွက် အစိုးရထံမှ တနည်းနည်းဖြင့် ဒေါ်လာပြန်ယူလို မယူလို သာမေးစေလိုပါသည်၊ သူ၏ အဖြေသည် ပြည်သူများစိတ်ဝင်စားနေသည့် ၅၀၀ဝ တန်ဖုန်း ဖြစ်နိုင် မဖြစ်နိုင် ၏ အဖြေဖြစ်မည် ထင်ပါသည် ။ဒေါ်လာ ပြန်ယူမည်ဆိုလျှင်မဖြစ်နိုင်ပါ ၊ဒေါ်လာ ပြန်မယူဘူး ဆိုလျှင် ဖြစ်နိုင်ပါမည် ။

    Credit to _http://doctorsatephwar.blogspot.com/2012/01/blog-post_14.html?spref=fb

    • မိုက်ကယ်ဂျော်နီအောင်ပု

      January 31, 2012 at 7:39 pm

      ခင်ဗျားတို့ ဗမာပက်ချံတွေ တိပ်မကပ်ထားဘူးဆိုယူမယ်ဂျာ
      ဂုံနီအိပ်နဲ့ထည့်ထားမယ်
      ပုံ
      Hight MD

      • chityimhtoo

        February 1, 2012 at 12:29 pm

        မြန်မာပိုက်ဆံတွေအရင်တုန်းကတော့ တိပ်ကပ်တွေတော်တော်များတယ် ဘပု
        ခုတော့ တော်တော်လေးနည်းသွားပြီး သိပ်မတွေ့ရတော့ပါဘူး။အကြွေလည်းအရင်လိုမရှားတော့ဘဲလိုသလောက်ရတယ်

    • THE MOON

      January 31, 2012 at 10:57 pm

      ့စီးပွားရေးသမားများကဒေါ်လာသန်း1000ခန်ရင်းပြီး3နှစ်လောက်နဲ ့အရင်းကြေမှာမို ့
      လုပ်ကိုင်ခွင့်ရဘို ့ကျိုးစားနေကြတယ်။
      ့စီးပွားရေးသမားများကဒေါ်လာသန်း1000ခန်ရင်းပြီးလုပ်ကိုင်ခွင့်ရဘို ့ကျိုးစားနေချိန်မှာ
      ဆက်သွယ်ရေးကပြည်သူ ့ငွေနဲ ့ရင်းပြီး ့ပြည်သူအတွက်လုပ်မပေးနိုင်ဘူးလား။

      ““။ဒေါ်လာ ပြန်ယူမည်ဆိုလျှင်မဖြစ်နိုင်ပါ ၊ဒေါ်လာ ပြန်မယူဘူး ဆိုလျှင် ဖြစ်နိုင်ပါမည် ။““
      ဆိုတာကိုဖြေရှင်းပြီးဖြစ်သွားမှာပါ။

    • THE MOON

      January 31, 2012 at 11:14 pm

      ့စီးပွားရေးသမားများကဒေါ်လာသန်း1000ခန်ရင်းပြီး3နှစ်လောက်နဲ ့အရင်းကြေမှာမို ့
      လုပ်ကိုင်ခွင့်ရဘို ့ကျိုးစားနေကြတယ်။
      ့စီးပွားရေးသမားများကဒေါ်လာသန်း1000ခန်ရင်းပြီးလုပ်ကိုင်ခွင့်ရဘို ့ကျိုးစားနေချိန်မှာ
      ဆက်သွယ်ရေးကပြည်သူ ့ငွေနဲ ့ရင်းပြီး ့ပြည်သူအတွက်လုပ်မပေးနိုင်ဘူးလား။

      ““။ဒေါ်လာ ပြန်ယူမည်ဆိုလျှင်မဖြစ်နိုင်ပါ ၊ဒေါ်လာ ပြန်မယူဘူး ဆိုလျှင် ဖြစ်နိုင်ပါမည် ။““
      ဆိုတာကိုဖြေရှင်းပြီးဖြစ်သွားမှာပါ။
      5000တန်ဖုံးဖြစ်နိုင်၊မဖြစ်နိုင်။ဆိုတာမှာရင်းနှီ းငွေကအဓိကပါ။
      ရင်းနှီ းငွေကိုမြန်မာ့ဆက်သွယ်ရေး(သီု ့) ရွှေပြည်တံခွန်ကုမ္ပဏီ(သို ့)အခြားကုမ္ပဏီများကစိုက်ထုတ်
      ရင်းနှီးမယ်ဆိုရင်5000မပြောနဲ ့။အခမဲ့ပေးလဲဖြစ်နိုင်ပါတယ်။
      ရင်းနှီ းငွေကို ဖုံး သုံးစွဲသူကကျခံရမယ်ဆိုရင်၊250000ပေးရမှာမီု ့5000တန်ဖုံးမဇြစ်နိုင်ပါ။

  • win win

    January 31, 2012 at 8:07 pm

    ဆက်သွယ်ရေးဆိုုင်ရာ အခြေခံအဆောက်အအုုံများ တည်ဆောက်ရပါသဖြင့် လိုု့ဖြေသွားတော့ တခြားနိုင်ငံတွေကော အခြေခံအဆောက်အအုုံများ မတည်ဆောက်ပဲနှင့် ဖုုန်းပြောနိုင်ပါသလား? ဘာကြောင့်များ ဈေးပေါပေါနှင့် ပေးနိုင်နေသလဲ အဖြေရှာစေလိုုပါသည်။ 300000 ကျပ် X 3000000 လုုံး / ဒေါ်လာ ဈေး 900 နှင့်စားလ ျှင် 1 Billion $ ခန့်ရှိပါသည်။ ဒီငွေတွေကိုု ပြည်သူတွေဆီကနေ ပေးရမှာနော် ။ ကွန်ရက် တည်ဆောက်စရိတ်က ဒီလောက်တောင်ပဲ ကုုန်သလား။

  • unclegyi1974

    January 31, 2012 at 10:24 pm

    ကိုနီကဒေါ်လာနဲ့တောင်းရင်အခက်လို့ပြောလို့ပါ
    မြန်မာကအခုဒေါ်လာမရှားပါဖူးပေါနေလို့မြန်မာငွေဈေးကိုအတင်းပြန်မြှင့်နေရတာပါ
    အခုကိုပဲဒေါ်လာသုံးရအောင်ကားတွေသွင်းခိုင်းနေပါပြီ
    အခြားသောပစ္စည်းများလည်းတင်သွင်းခွင့်ပြုနေပါပြီ
    မြန်မာငွေကိုအခုထက်ပိုပြီးဈေးချချင်နေတာဆိုတော့
    သူတို့ကဒေါ်လာဆိုလည်းဒေါ်လာပေးလိုက်တာပြသနာမရှိလောက်ဖူးလားလို့

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 31, 2012 at 11:14 pm

    အင်းအင်းအေးအေး
    ဒီပိုစ့်ထဲ ဆိတ်ဝင်ကျောင်းမိတာ ကျုပ်အမှားလားသိဘူး နောက်ဆုန်လို့တော့ဖြစ်ဘူး
    ဆြာဘလှိုင်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င်င်
    ဆြာ .. ဘလှိုင်င်င်င်င်င်င်
    ခင်ဗျားဘာကောင်လဲမသိပေမယ့် ကျုပ်ကတော့ဘာကောင်မှမဟုတ်ဘူး 😀
    အရင်ဂဒဲက ကျုပ်ထင်တယ် ခင်ဗျား လက်ရေးသိပ်မညံ့ဘူး
    တစ်ချက်ထဲနဲ့ တစ်ယောက်ဖုန်းနံဘတ်တစ်ခုရဘို့ဆိုတာမလွယ်ဘူး
    ( နှမ်းဖြူးပြီး နှမ်းဖြူးခလေးပေးသုံးသွားတာ )
    အဲ့ဒါ ခင်ဗျားတို့ သဂျီးမင်းတရားကြီးရဲ့အာဘော်ဘဲ
    ခင်ဗျားတို့ အင်တိုက်အားတိုက် ထောက်ခံကြည့်
    ( တစ်အိမ်ထောင် ဖုံးလိုင်းတစ်လိုင်း ) ရမှာလေဗျာ
    ကြုံလို့ပြောလိုက်တာ ဒီမိုကရေစီဆိုတိုင်းနဲ့ ကိုယ်နဲ့မတူသူတွေကို လိုက်ဖမ်းရင် ခင်ဗျားတို့ နွားတွေဘဲ
    ငါးထောင်တန်ဆိုတိုင်းနဲ့ လက်ရှိမှာ လူတိုင်းစေ့ ဘယ်လို ဝန်ဆောင်ပေးနိုင်မှာတုန်း
    ကိုယ့်တိုင်းပြည်အခြေနေလဲသိမှပေါ့
    ပုံစံတစ်ဆယ် တစ်ရွက် ဖုံးတစ်လိုင်းကတော့ သေခြာတယ် ဆက်လုပ်ကြ
    ခင်ဗျားတို့ မိသားစုမှာ ဖုံးလိုင်းတစ်ခုရမဲ့ကိစ္စ ခင်ဗျားတို့ကြိုးစားရင်ရနိုင်တယ်

    • student

      January 31, 2012 at 11:22 pm

      အကုန်လုးံဖုန်းကြိုတင်ငွေပြည်.ကဒ်လုပ်တာဝန်ကြီး
      တေဇ ထွန်းမြင်.နိင် ကြံဖွတ်၁၂%အမြတ်ရတယ်။

      • မိုက်ကယ်ဂျော်နီအောင်ပု

        January 31, 2012 at 11:39 pm

        ဪ……………..
        ဒါကတော့ လူကြီးမင်းရယ်………………..
        သူ့ကိစ္စကို ကိုယ့်အပူမလုပ်လိုပါဘူး
        သူလိုခြင်တာကို ဝန်ဆောင်ပြီးယူပါစေ ကျေနပ်ပေးလိုက်ပါ
        အနီးစပ်ဆုံးပြောကြည့်ခွင့်ပြုပါ
        Printer တွေဟာ မရှိန်းန်းးးးးး ကိုရောင်းတာမဟုတ်ဘူး ( ဆေး ) ကိုရောင်းတာလေး
        သတိထားစေလိုပါတယ်
        ဖုန်းလိုင်းမှာလဲ ဒီလိုဘာဘဲ
        နံပါတ်ကိုရောင်းတာမှ မဟုတ်တာ
        သာကီတွေလေဗျာ သူများအကြောင်း တယ်စပ်စုတာဂလား
        ထမင်းစားပြီးဘီလား
        နေကောင်းလား
        ဘယ်ကလာလဲ
        ပြောခြင်ကြသလို ပေးနိုင်ပါတယ် ဖြစ်အောင်လုပ်စမ်းပါ
        ဒါက နည်းနည်းလေးတီခေါက်ပြတာပါ
        ကျနော်
        မိုက်ကယ်ဂျော်နီအောင်ပု ပါ
        ပြောကြပါ အားမနာပါနဲ့ ကျုပ်တို့ရဲ့ မျိုးစက်သစ်တွေတွက် ရဲရဲဝန့်ဝန့်ပြောကြပါ ဆိုကြပါ
        စောက်သုံးမကျတဲ့ .. အတိုက်ခံပြောတဲ့လူကို ရန်သူလို့ သဘောမထားကြပါနဲ့
        ပြောကြပါ
        ဆိုကြပါ
        ကြုံလို့ဖိတ်ခေါ်ပါတယ်
        ကိုသစ်မင်း တို့
        ကိုဘလက်ချော တို့
        ဘကြီး သဘောင်္ဒရိုင်ဘာ တို့
        ( ကျန်တဲ့လူတွေလဲ တို့နာမည်တွေမပါဘူးဆိုပြီး ကလေးဆိုးကြီးတွေလို စိတ်မကောက်ပါနဲ့
        စိတ်ကောက်ရင်လဲ ခင်ဗျားတို့တွေ စောက်ရူးဘဲ )
        လာကြဘာ
        ပြောကြပါ
        ဆိုကြဘာ
        ( ကျုပ်ကတော့ ဝါသနာအတိုင်း အခြားနာမည်နဲ့ ခင်ဗျားတို့ကို ဝင်ဆဲအုန်းမှာ ဆဲအုန်းမှာ 😀 😀 😀 )

    • မောင်ဘလိူင်

      February 2, 2012 at 11:17 am

      ကျုပ်လည်း ဘာကောင်မှ မဟုတ်ရပါဘူး အန်ကယ် ဂျော်နီရယ်..
      အခြေအနေမဲ့ တစ်ယောက်ပါလို့…အန်ကယ် ဂျော်နီရေ..
      ကျုပ်ကတော့ ငါးသိန်းတန်ဖုံး ငါးထောင်နဲ့ ရဖို့ထက်
      ဆန်တစ်ပြည် ငါးရာနဲ့ပဲ ရောင်းရမယ်ဆိုတာမျိုး တောင်း
      ဆိုချင်မိတယ်..ကျုပ်အတွက်တော့ ဖုန်းပြောဖို့ထက် ထမင်းဝ
      ဖို့ အရေးကြီးတာကိုး ခင်ဗျ…ကျုပ်က အဖျက်အမြင်နဲ့ ဝင်ပြီး
      အခွက်ပျောင်တာ မဟုတ်ပါဘူးခင်ဗျ..ခင်ဗျားတို့ ငါးထောင်တန်ဖုန်း
      ရဖို့အရေး တို့အရေး လုပ်ရင်လည်း ကျုပ်ဝင်ပြီး တို့အရေးလုပ်ပါ့မယ်ဗျာ..
      (တစ်ခါ တစ်ခါကျတော့ ဒမော့ခရက်စီ စနစ်ရဲ့ အားနည်းချက်က
      မိဘ မတတ်နိုင်တာ ဝိုင်းပူဆာတဲ့ ကလေးဆိုးတွေ လို ဖြစ်တတ်တာမျိုး..
      ငပိန်းတွေနဲ့ အတ္တသမားတွေ ဝိုင်းတောင်းဆိုလို့ အသေခံသွားရရှာတဲ့
      ဆရာဖြစ်သူ ဆော့ခရတ္တိ အဖြစ်ကိုကြည့်ပြီး ပလေတိုက ဒီစနစ်ကို
      အတော် စိတ်နာသွားဖူးတာပဲ..) တစ်ပြည် ထောင့်ငါးရာ နှစ်ထောင်ရောင်း
      နေတဲ့ ဆန်ချောများ ကျုပ်တို့လို လူတန်းစားတွေ နေ့တိုင်းနီးနီးစားနိုင်အောင်
      ငါးရာနဲ့ ရောင်းပေးပါလို့ တောင်းဆိုချင်တာ ဖြစ်နိုင်မလား မသိဘူး..(အများကြီးမှ မလျှော့ခိုင်းတာ နော..)ကျုပ်ကို ဗွေမယူပါနဲ့ အန်ကယ်ဂျော်နီရယ်..
      အမိုက်အမဲလေး..ဉာဏ်တိမ်နုံအသူ အခြေအနေမဲ့လေး တစ်ယောက်မို့ပါ..နော်..လို့..။

  • နှာကိုယ်တော် မောင်မောင်ဇာ

    January 31, 2012 at 11:45 pm

    We are Asean က ရတဲ့ စာသားဗျာ. ….။

    https://www.facebook.com/pages/We-are-Asean/108454242602231

    ကနဦးတပ်ဆင်ခ မြန်မာငွေနဲ့ (၁၅)သိန်းဝန်းကျင် (ဖုန်း+အင်တာနက်+ရုပ်သံ)

    လစဉ်ကြေး (၅၁၂-လိုင်း) တစ်လ(၆)သောင်း၊ တစ်ခါသွင်း သုံးလစာ တစ်သိန်းရှစ်သောင်း ကြိုတင်ပေးသွင်းရပါမည်။

    နှစ်စဉ်ကြေး (၅)သောင်း

    မယူမနေရ ပါလာတဲ့ ဖုန်းက ပြောပြော မပြောပြော တစ်နှစ်မှာ အနိမ့်ဆုံး နှစ်ခါလောက်တော့ ဘီလ်ကို တောင်းယူလေ့ရှိပါတယ်။ နှစ်စဉ်ကြေး (၅)သောင်းကတော့ မသုံးလဲ ပေးကိုပေးရမှာပါ။

    သတ်မှတ်ရက်ကို တစ်ရက်ကျော်သွားလို့ အပိတ်ခံရဖူးပါတယ်။ တစ်ပတ်အတွင်း ငွေလာသွင်းမှ နောက်ရက်ကို လိုင်းပြန်ဖွင့်ပေးပါသတဲ့။ ခရီးသွားနေတဲ့ ကျနော် တစ်ပတ်ထက် ၂-ရက်ကျော်ပြီးမှ ပြန်ရောက်လို့ ငွေသွားသွင်းတော့ (၃)သောင်း အပိုဒဏ်ရိုက်ခံရပြီး နောင် ရက်-၂ဝကြာထိအောင် လိုင်းမပွင့်တာနဲ့ မြို့နယ်ကိုယ်စားလှယ် RSP ကို သွားပြောတော့ ကိုယ်စားလှယ်က ဆားဗစ်ထွက်တဲ့လူတွေ ပြန်ရောက်ရင် လွှတ်လိုက်မယ်ပြောပြီး ညမိုးချုပ်မှ လာရောက်ကြည့်ရှုပေးပါတယ်။

    နောက်ရက်ထိလဲ လိုင်းက ပွင့်မလာသေးတာနဲ့ ထပ်လိုက်သွားပြီး သွားမေးတော့မှ ရုံးချုပ်ကို ဆက်သွယ်ပေးပါမယ် ပြောတာကြောင့် ကိုယ်တိုင်ပဲ ဆက်မေးကြည့်မိတော့ ရုံးချုပ်က ငွေမသွင်းသေးလို့ မဖွင့်ပေးသေးတာလို့ ပြောပြန်တာကြောင့် ငွေသွင်းပြီးကြောင်း အသေအချာ ပြန်ပြောပြတော့ RSP ကို ပြန်မေးကြည့်ပေးမယ်လို့ ပြောပြန်ပါတယ်။

    ဒါနဲ့ ကိုယ်တိုင်ပဲ ကိုယ်စားလှယ် RSP ကို ထပ်ပြီးသွားပြောတော့ ရုံးချုပ်ကို သူတို့က ငွေးသွင်းတဲ့နေ့ကတည်းက ဖက်စ်ပို့ထားတာကို ရုံးချုပ်က ဖက်စ်လက်ခံသူက လိုင်းဖွင့်မဲ့သူကို အကြောင်းမကြားပေးမိလို့ မဖွင့်ပေးမိတာတဲ့။

    စုစုပေါင်း ၂၂-ရက်ကြာမှပဲ လိုင်းကို ပြန်ဖွင့်လိုက်လို့ ကျနော် နစ်နာသွားရတဲ့ ၂၂-ရက်အတွက် ငွေ (၄)သောင်း(၄)ထောင်ကို ဘယ်လိုလုပ်ပေးမလဲ မေးမြန်းတော့ ဒါက ရုံးချုပ်ကမူအတိုင်းပဲတဲ့။ အဲ့ဒါကို မကြိုက်ရက် မသုံးနဲ့တဲ့။ သူတို့လဲ ဘာမှ မတတ်နိုင်ဘူးတဲ့။ နောက်ဆို ငွေကို အချိန်မှန် လာသွင်းဆိုပြီး ပြန်ပြောလွှတ်လိုက်ပါတယ်။

    အခုတော့ လိုင်းက သုံးမယ်ဆိုရင်လဲ ညပိုင်းလောက်ပဲ နဲနဲကောင်းတတ်ပါတယ်။ တစ်နေကုန် ဘာမှကို သုံးမဖြစ်လောက်အောင် ဆိုးဝါးလွန်းပါတယ်။ Upload ကို ဓာတ်ပုံတစ်ပုံလောက်ပင် တင်လို့မရအောင်ကို လုပ်ထားပါတယ်။ RFA, VOA, ဧရာဝတီ၊ မဇ္စိမ၊ MPT(ဆက်သွယ်ရေးရဲ့စာမျက်နှာ) နဲ့ မြန်မာပြည်ရဲ့ အခြားလိုင်းတွေမှာ လူတိုင်းကြည့်လို့ရတဲ့ Site တွေကိုလဲ ပိတ်ထားပါသေးတယ်။ gtalk နဲ့ gmail တွေကို သုံးမရခဲ့တာ (၆)လ ကျော်တောင် ကြာခဲ့ပါပြီ။

    စတတ်ပြီး သုံးစဉ်ကတည်းက ဒီနေ့အထိ တစ်နှစ်လောက် ကြာလာခဲ့ပေမဲ့ ဒီလိုင်းကြောင့် နေ့စဉ်နဲ့အမျှ စိတ်ဒုက္ခသာ ရောက်နေရပြီး ပြန်ဖြုတ်ချင်ရင်လဲ ငွေ(၁၅)သိန်းနဲ့ အသုံးပြုထားတဲ့ ပစ္စည်းတွေက အဆုံးပါ။ မဖြုတ်ဘဲဆက်နေပြန်တော့လဲ လစဉ်ကြေးတွေ သုံးလတစ်ကြိမ် ပင်ပင်ပမ်းပမ်း ချွေးသွေးနဲ့ ရင်းပြီး ရှာထားသမျှကို လုံးခနဲ့ပုံပေးပြီး သူတို့ကို အလုပ်အကျွေးပြုရတဲ့ ဝတ်ကိုပဲ ခံရတော့မှာပါ။

    ဘာလုပ်ရမှန်းကို မသိတော့တဲ့ စုပ်လဲဆူး စားလဲရူးဆိုတဲ့ ကျွန်ုပ်ရဲ့ဘဝကို အများသိအောင်သာ အွန်လိုင်းကနေ ရင်ဖွင့်ရပါတော့မည်။

    မှတ်ချက်။ ကျနော်၏ ရေးသားမှုအတွက် အပြည့်အဝ တာဝန်ယူပါသည်။ စကိုင်းနက်မှ တာဝန်ရှိသူများ မကျေနပ်ပါက ကျွန်ုပ်နှင့် အချိန်မရွေး လာရောက်ဆွေးနွေးနိုင်ပါသည်။ ကျွန်ုပ်၏ ဤပို့စ်ကို ပြန်လည်လက်ဆင့်ကမ်း Share ပေးခြင်းဖြင့် ကူညီကြပါ

    (Skynet User တစ်ဦး၏ ခံစားချက်)

    တွေ့တာ ကူးပီးရှဲတာနော. … ကျပ်ရေးတာမဟုတ်ဘူး..
    (ကြောက်လို့တော့ မဟုတ်ပါ … သေချာသိအောင်ရေးထားတာပါ…)

    ဟာသတပုဒ်ပြောပြပါဆို ….သများသာ သည်လို ရေးခံပြောခံထိရင်
    တိုင်နဲ့ခေါင်း ဆောင့်ပီး သေပစ်လိုကတယ်…ဒါမိုး အပြောမခံချင်လွန်းလို့ဆိုလား …
    (တီလုပ်ပြည်မှလာတဲ့ စကားလို့ မှတ်ဖူးပါတယ်ဗျ.. မမှန်ရင်လည်းပြင်ကြပါ……….)

    ခုတော့ ကြောက်တယ်ဗျာ…
    (ကြောက်တဲ့ အနက် ကို နောက်မှ ဖွင့်ပါရစေဗျား. ……)

    ပုံ
    ခင်တဲ့
    ဖား..

    • မှော်ဆရာ

      February 2, 2012 at 12:04 am

      ဒါမျိုးလဲရှိသကိုး

  • ရဲစည်

    January 31, 2012 at 11:56 pm

    အထက်ကစာကိုရော ကောမန့်တွေကိုပါ ဖတ်ရင်းနဲ့စိတ်ဝင်စားလာလို့ဝင်ရေးမိပါတယ်။ဖြစ်နိူင်ပါတယ် ၉၈%ထောက်ခံပါတယ်။download speed 2MB internet ဆက်ကြောင်းတစ်ခုရှိရင် လူ၅ဝလောက်က router စလောင်း၃ခုနဲ့ ၁မိုင် ပတ်လည်အတွင်းမှာ ကောင်းကောင်းသုံးနိူင်ပါတယ်။ကုန်ကျမှုက ၁နှစ်စာမှ မြန်မာငွေ တသောင်းကျော် လောက်ပဲကျပါတယ်။ဖုံးဆိုရင် ပိုပြီးတောင် ကုန်ကျမှု သက်သာမှာပါ အကျယ်ရေးရင် ပို့စ်တစ်ခုစာ လောက်ဖြစ်မှာမို့ တိုတိုဘဲရေးလိုက်ပါရစေ။လုံးဝဖြစ်နိူင်ပါတယ်။အဓိကကတော့ (စား၊ရိတ်)ပါဘဲ။အသေးစိတ် ဆွေနွေးချင်ရင် yeexie.ys@gmail ကိုမေးနိူင်ပါတယ်ခင်ဗျာ။

    • ကြက်ဖင် ( အကယ်ဒမီ )

      February 1, 2012 at 12:10 am

      ဂွတ်
      ဂွတ်
      ဘဲထီးဂွတ်ဘလိုက်တာ ဘဲမ ဥ သွားတယ် 😀
      အဲ့သည်လိုတော့ဗလိုင်းထီးဆိုင် မလုပ်နဲ့လေ
      ဘယ်လောက်သိသလဲ ဝင်အော်မှပေါ့
      မသကာ
      ခင်ဗျား ဘိ … တွေဘာတွေသွားခြင်ရင် ကိုယ့်ဘော်ဒါဆိုဒ်ကား လက်တို့ပြီးခေါ်လို့ရတာပေါ့
      ဟုတ်ဘူးလား
      ခင်ဗျားနားလယ်သလောက် ဝင်အော်ဇမ်းဘာ

  • Lwin Aung

    February 1, 2012 at 12:24 pm

    Permit is the most expensive in the world.

  • Wai Phyo

    February 2, 2012 at 10:26 am

    5သိန်းဖုန်းတွေ ။နောက်ပေါ်လာမယ်ဆိုတယ့် 3သိန်းဖုန်းတွေကို မဝယ်ယူပဲ ဆန္ဒပြကြပါစို့လား……..
    ဒါဆို သူတို့ အထာနပ်လောက်မယ်ထင်တာပဲ

  • မတူတာတွေဘေးဖယ်ပြီး တူတာတွေပေါင်းလုပ်ဖို့( ဒီ စာသားလည်း အခုတလော သိပ်ခေတ်စားတယ်။
    သံယောင် လိုက်သူတွေလည်း များမှများ) ပြောပါတယ် ဆိုသဗျ။

    တော်တော်လေး တာသွားတဲ့စကားပါဘဲ။ကိုလင်းဝေရေ ငှမ်းရမ်းသုံးစွဲခတွေက တော့ ပလုံတောင်မကြားရတော့ဘူး။
    ဆုံးပီပေါ့။ဟင့် ဗျာ။

Leave a Reply