သူကြီးကို ထောက်ခံတာလား !!!!!!!!!!

KingJanuary 31, 20121min15113

သူကြီးကို ထောက်ခံတာလား ဆိုလို့ တစ်မျိုး မမြင်ကြပါနဲ့ဗျာ … အမှန်တော့ ကျွန်တော်တင်ခဲ့တဲ့ ပို့စ် တစ်ခုမှာ သူကြီးက သန်း၁၀ဝ စီမံချက်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းနေလေတော့ …..

အခုလဲ ဖေ့စ်ဘုတ်မှာ တက်လာသမျှ ကြည့်မိရင်း ………..

အားလုံးနဲ့အတူ နည်းနည်း ပွားကြည့်ရအောင်ဗျာ

သွားကြည့်စရာ အဖော်မရှိလို့ အားငယ်လိုက်တာဗျာ …. 🙁

 

နောက်ထပ်ဗျာ ကျပ် ၅၀၀ဝ ထောင်တန် ဖုန်းကိစ္စကလည်း နည်းနည်းခေတ်စားနေတော့ ……

 

အားလုံးပဲ

တစ်ချက်ပြုံးရင် တစ်သက်မမုန်းဘူးဆိုတဲ့

အကျဉ်းထောင်က မင်းကောင် … 😛

13 comments

  • windtalker

    January 31, 2012 at 12:25 pm

    လူဆိုး..
    ဒီလောက်ကောင်းတဲ့ အစီစဉ်ကို ထပ်ကြေငြာပေးနေတယ်
    ပိုက်ဆံငါးထောင်ကျပ် သုံးရုံနဲ ့
    ပန်းတွေလဲ ရဦးမယ် ၊ လန်းလန်းလေးဝတ်သွားရင် ပုံဆွဲခံရဦးမယ် ၊ ညစာလဲ စားရဦးမယ်
    ကံထူးရင် ဟော်တယ်မှာပါ နှပ်ရဦးမယ်
    ကဲ…ဘာလိုသေးလဲ အူးဂျီးရာ

  • amatmin

    January 31, 2012 at 12:48 pm

    ၅၀၀ဝ တန်ဖုန်းထွက်ရင် ဝယ်ကိုင်ဖို့ စုထားတဲ့ငွေ ငါးထောင်နဲ့ ရှိုးပွဲသွားကြည့်ဖို့ဆုံးဖြတ်လိုက်ပြီဗျာ..
    သဂျီးကို ထောက်ခံတာလည်း ပါတာပေါ့ နော..
    အခန်းများ မဲပေါက်ခဲ့ရင်ဖြစ်လာတဲ့ပြသာနာတွေကို သဂျီးရှင်းပေးရမှာ.. ဒါဗျဲ 🙂 🙂

  • awra-cho

    January 31, 2012 at 1:32 pm

    ကျန်တာ မပြောတော့ပါဘူး၊ ကလေး ကို သဘောကျ လို့ပါ၊အခု ပွနေတဲ့ မော်ဒယ်လ် လေးပြောတဲ့ အနုပညာရှင် ဆိုတဲ့ အကြောင်းလေ၊ တခါ ဖတ်ဖူးတာ သတိရသွားလို့၊ ဟာသပါ၊ အနုပညာရှင်ဆိုတာ
    အနည်းဆုံး နံရံ သေးပန်းရင်တောင် ထန်းတော ဖြစ်အောင် ပန်းတတ်တယ်တဲ့၊

  • စိန်ပေါက်ပေါက်

    January 31, 2012 at 3:01 pm

    မြင်ယောင်သေး
    ဘာပွဲမှမရှောင်တဲ့ တို ့မြန်မာတွေ..ချစ်သူများနေ ့ဆိုလဲ လိုက်နေ ့ကြဦးမှာပဲဆို တိဘီးသား..တိဘီးသား
    အခန်းမဲဖောက်မယ်ဆိုတော့ ဘာအခန်းတုံး
    ကက်မလာ တပ်ထားမှာလား..မြှုပ်ထားမှာလား..ဘာလား.ညာလား..

    ချစ်သူများနေ ့ရှိသလို..သေသူများနေ ့လဲ ကျင်းပပေးဖို ့ နှိုးဆော်ပါတယ်..
    အူးကင်းအရင်သေပြပါ..
    သများတို ့ သေသူများနေ ့ကျင်းပချင်လို ့
    😀

  • zarlay

    January 31, 2012 at 3:08 pm

    သူကြီးကို ထောက်ခံရင် ၅၀၀ဝ တန်ဖုန်းအကြောင်း ဆက်လက်တင်ပြပေးမလို့လား ၅၀၀ဝတန်ဖုန်းအတွက် ဆိုရင်တော့ မရရင်လည်းနေပါစေ မထောက်ခံတော့ဘူး

  • cobra

    January 31, 2012 at 3:17 pm

    မနှစ်တုန်းကလဲ ဒီလိုပဲပြောတာပဲ
    ပထဆုံးအတွဲ ၅၀ဝကိုချောက်ကလတ်ကျွေးမယ် ပန်းတွေပေးမယ်
    ဆိုပီးဘာမှလည်းမလုပ်ပေးဘူး
    ဒီနှစ်တော့သွားစရာအတွဲလေးလဲမရှိတော့ဘူး
    မသွားတော့ပါဘူး
    ဖုန်းဝယ်ဖို့ သိမ်းထားတော့မယ်။

    • windtalker

      January 31, 2012 at 9:11 pm

      ရွာထဲမှာ ဝစ်သောက်တွေ များပ
      ကော်ဂျီးရာ….
      ခက်တာလိုက်လို ့

  • water-melon

    January 31, 2012 at 4:36 pm

    ဗေဒင်ဟောပေး၊ ပန်းချီဆွဲပေး၊ ညစာစားခွင့်ကတော့ ထားပါတော့ အခန်းများကို ကံစမ်းမဲဖောက်ပေးမယ်ဆိုတာကြီးက အထာကြီးနဲ့ တော်ကြာမမြင်ကွယ်ရာ spy ကင်မရာတပ်ထားလို့ကတော့ ဒီနေ့အိပ် မနက်ဖြန် ဝက်ဆိုဒ်ပေါ်ရောက်
    အင်း မလွယ်ပါဘူး
    မြင်ယောင်ပါသေးတယ် တိုးတိုးကြိတ်၊
    ခေါင်းစဉ်ကတော့ မျှော်စင်ကျွန်းက အပြတ်ချဲတဲ့ အတွဲ :mrgreen:

  • Harumoto

    January 31, 2012 at 5:08 pm

    လူတွေကို ၅၀၀ဝ နဲ့ မြှူဆွယ်နေတယ်.
    ဘယ်နေရာသုံးရမလဲနော်…
    သေချာတာ တခုမှလဲ မရှိဘူး
    အိတ်ထဲကပိုက်ဆံကို
    အားလုံး ဝိုက်မဲ့ ပုံဘဲ.။

  • @ ကိုပေ
    ဘာလိုသေးလဲဆိုတော့
    ငဝိုင်းလိုပါသေးကြောင်းး
    ============================================
    @ အမတ်မင်းခင်ဗျား
    ၅၀၀ဝ ထဲနဲ့ သွားကြည့်မယ်ဆိုတော့ တစ်ယောက်ပဲဖြစ်နေမှာပေါ့
    စိုင် လေးကလည်း သူ့ဟာသူခံပြီး လာကြည့်မယ်ဆိုတဲ့သဘောလားဗျ …. 😛

    ============================================
    @ awra-cho
    တားတား ချူချူးပေါက်တာကို လာကြည့်ပြီးပြောနေဒယ်ဗျို့ … ဗျဲ .. 😛 (ဤစာအား သတ်ပုံအသင်းသားများ မမြင်စေရ) 😛
    ============================================
    @ ကပေါက်ဖော်
    အခုတော့ အခုတော့ … အကြံတူရန်သူဖြစ်မည်ဆိုတော့ သေခိုင်းပြီပေါ့လေ … သူကြီးတူမကို ကျွန်တော်ပြိုင်မလုရင်လည်း လုမယ့်သူရှိတယ်
    ရွာထဲမှာ လူပျိုဖြစ်ကြောင်း ကြေညာပြီး နို့သောက်နေတဲ့သူပေါ့ .. ရှာကြည့်ရင် တွေ့လိမ့်မယ် … 😛

    ============================================
    @ ဇာလေး
    မထောက်ခံရင်လည်း … အဲ မထောက်ခံပါနဲ့လေ … လူတိုင်းမှာ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိသည် ဤသည်မြန်မာပြည် … ငါကွ … 😛
    ============================================
    @ cobra
    မနှစ်က ရောက်တဲ့အကြောင်းနဲ့ ဒီနေ့ သွားစရာလူမရှိတော့ဘူးဆိုတော့ …. ပြီးတော့လည်း ကံစမ်းမဲတွေလည်း မပေါက်ဘူးဆိုတော့ …..
    တကယ်လို့များ ကံစမ်းမဲပေါက်ရင် ဒီနှစ်လည်း …. 😛

    ============================================
    @ ဖရဲရေ
    မျှော်စင်ကျွန်းက အပြတ်ချဲတဲ့ အတွဲ ဆိုပြီး ခေါင်းစဉ်ရသွားပါပြီ
    ဆင်ဆာမတင်ဘဲ အဲဒီအခွေကို ခိုးကူးတွေဆီ ဖြန့်ရမယ် …. 😛
    ============================================
    @ Harumoto
    ကိုယ်ကကြူး ကိုယ့်ဒူးတောင် မယုံရ ဆိုတော့
    သေချာသိမ်းထားနော် ….

    ============================================
    အားလုံးကိုခင်မင်ချစ်ခင်စွာဖြင့်
    မင်းကောင်

    • windtalker

      January 31, 2012 at 9:13 pm

      အလို
      “စိုင် လေးကလည်း သူ့ဟာသူခံပြီး လာကြည့်မယ်ဆိုတဲ့သဘောလားဗျ”
      အဲဒါ ဘာဖြစ်တာတုန်း
      ကောင်ကလေး အဲဒါ ဘာကြီးပါတုန်း
      ဟီဟိ

      • amatmin

        January 31, 2012 at 11:31 pm

        သတ်ပုံလက်ထောက်ဂျီး ပြန်ရှင်းပေးလိုက်ဦးဗျ..
        မေးစရာ ဖစ်တွားပီ..နို့မို့ အဲ့လူပေကြီးက ယုံရတာဟုတ်ဖူးရယ် 😛

      • “စိုင် လေးကလည်း သူ့ဟာသူခံပြီး လာကြည့်မယ်ဆိုတဲ့သဘောလားဗျ” ဆိုတဲ့နေရာမှ
        ကျွန်တော်ကတော့ လက်မှတ်ခကိုသာ ရည်ရွယ်ပါကြောင်း
        ကျန်တဲ့ခံမယ့်ကိစ္စ (မုန့်စား၊ အအေးသောက် အစရှိသဖြင့်)တွေကိုတော့ မသိပါကြောင်း
        ဆက်လက်ရှင်းလင်းတင်ပြအပ်ပါသည် ………….. 😛
        ပုံ
        သတ်ပုံလက်ထောက်၊ ခြေထောက်၊ ထောက်လို့ရတာ အကုန်ထောက် (မှတ်ချက်။ မေး) … 😛

Leave a Reply