ရှားပါး သင်းခွေချပ်
သင်းခွေချပ်အကြောင်းကောင်းကောင်းမသိပါ။၇ွာထဲကဘော်ဒါများ ကြည့်၇အောင် တွေ့ထားတဲ့ပုံလေးတင်ပေးလိုက်ပါတယ်။ဒီပုံလေးက က၇င်ဒေသမှာတွေ့ခဲ့တယ့်သင်းခွေချပ် အသေးနဲ့အကြီးပါ။ သင်းခွေချပ်တစ်ကောင်ကို အကောင်ပေါ်မူတည်ပြီး သိန်း၇ာကျော်တန်တယ်လို့လည်းသိ၇ပါတယ်။ထူးဆန်းတာတစ်ခုကတော့ တောတွေထဲမှာဆို သင်းခွေချပ်တွေက လူသံကိုလိုက်တုပြီးတောခြောက်တတ်ခြင်းပါပဲ။
ဟုတ်ဗျ တောနက်ထဲ ရောက်ရင်တဲ့ အချင်းချင်း နံမည်တပ်မခေါ်ရဘူး တဲ့
ဝေး ဝါး လို့ အသံပြုပါ တဲ့ ၊ မုဆိုးတွေက ပြောတာကြားဖူးတယ် ၊
နံမည် သွားခေါ်မိရင် သင်းခွေချပ် တွေက အသံတု နဲ့ လိုက်ထူးတယ် တဲ့ ။
Was this answer helpful?
LikeDislikeအဲဒီ သင်းခွေချပ် ကို တရုတ်နိုင်ငံက လူတွေ က ကာမအားတိုးဆေး ဖော်တဲ့နေရာမှာ သုံးကြတယ်တဲ့ ။
ကာမအားတိုးချင်တာများဗျာ ၊ နွားနို့ စစ်စစ် ရယ် ဖီးကြမ်းငှက်ပျောသီးအမှည့်တစ်လုံး ရယ် ၊ လိုက်ကြက်ဥ (မိတ်လိုက်ပြီးမှဥသောကြက်ဥ) တစ်လုံးရယ် မစ်ရှိတ်လုပ်သောက်လိုက်စမ်းပါ ။ ပိုတောင် လျှံသွားဦးမယ် ။
အဲ…ဟိတာ လိုချင်သေး သပ ဆိုရင် မုန် ညှင်းဆီ လဲ ရှိသေး သဗျာ ။
Was this answer helpful?
LikeDislikeကြက်ဥနဲ့စပါကလင်ကျန်ခဲ့တဲ့ကို့ဆ၇ာ
Was this answer helpful?
LikeDislikeတယ်စုံတဲ့ လူပါလား ဟရို

ဆာဒူးကြီး ဆာဒူးကြီး
Was this answer helpful?
LikeDislikeဟဲ့ဟဲ့ ဆာဒူးကြီးက မှတ်ပုံမတင်လို့ မသုံးရဘူးတဲ့

အခုတော့ တင်ပြီလားမသိ
မောင်ပေ သိပ်မသုံးနဲ့နော်
တော်ကြာ ဟီဟီ
Was this answer helpful?
LikeDislikeကြားဘူးတာတော့ငယ်ငယ်လေးထဲကပဲ ခုမှတော့သင်းခွေချပ်
ဆိုတာမြင်ဘူးတော့တယ် ကျေးဇူးအထူးတင်ပါတယ်။
အကောင်ပုံစံကဘယ်လိုကြီးလဲမသိဘူး။
ကြက်သီးထတယ်။
Was this answer helpful?
LikeDislikeဆရာ ဂျီးတွေ ပါပဲ လား
Was this answer helpful?
LikeDislikeဟိုက်စ်ရှားဘား..
ကြားဖူးပြီး မမြင်ဖူးဘူး အဲကောင်ကို
မြင်ရတော့ အသဲယားသဗျ
တွားသွားတဲ့ကောင်ဘဲ
အကောင်ကြီးက မေပေါင့်လိုပဲ အရပ်ရှည်သဟ
Was this answer helpful?
LikeDislikeတလောက မှော်ဘီက ဘုန်းကြီးကျောင်းမှာ သင်းခွေချပ် တကောင် ယောဂီရိပ်သာ အနား ရောက်လာလို့ ခွေးတွေ ဟောင်တာနဲ့ သိသွားပြီး ဖမ်းပြီး ခပ်ဝေးဝေးမှာ သွားလွတ်ပေးလိုက်ရတယ်။ ဒီကောင်မျိုးတွေ ရှိတော့ ရှိသေးတယ်။ ဘုန်းကြီးကျောင်းထဲ မှားဝင်လာတဲ့ အကောင်ကတော့ အဲဒီ အကောင်ထက် ပိုကြီးတယ်။
Was this answer helpful?
LikeDislikeအူယားစရာကြီး
ရွာသူရွာသားတွေ အကုန်လုံးပုံကို save as လုပ်ထားနော်
တော်ကြာ တရုတ်ပြည်ရောင်းစားတာများလို့ မြန်မာပြည်မှာမရှိတော့ရင်
သင်းခွေချပ် ဆိုတာ ဒီကောင်လို့ပြောလို့ရအောင် ကူးထားကြ
Was this answer helpful?
LikeDislikeသိန်းရာကျော်တန်တယ်ဆိုတော့ စိန်ထက်တောင် ပိုတန်ဖိုးရှိတယ်ပေါ့
Was this answer helpful?
LikeDislikeသင်းခွေချပ်တွေကို ပုံပြင်တွေထဲ ၊ ရာဇ၀င်တွေထဲမှာသားကြားဖူးပေမယ့် အခုလို ဓါတ်ပုံနဲ့တကွ တစ်ခါမှ မမြင်ဖူးဘူး ။ သူ့ရဲ့ အစွမ်းကလည်း မသေးဘူးဆိုပဲ ။ ဆေးဖော်ရာနဲ့ လောကီပညာအစီရင်တွေ လုပ်တဲ့အခါ သုံးတယ်ကြားဖူးတယ် ။ ရှားပါး မျိုးဆက်တစ်ခုအနေနဲ့ ဖမ်းမိတဲ့တစ်ယောက်လောက် ပြတိုက်ပို့လှူထားလျှင် ကောင်းမှာပဲ ။ ဒါပေသိ သိန်းရာကျော်တန်တယ် ၊ စိန်ထက်တောင် အဖိုးတန်တယ်ဆိုတော့လည်း
Was this answer helpful?
LikeDislikeအင်း သင်းခွေချပ်က တစ်ကယ်တော့ တစ်ချို့ကဆိုမကောင်းဆိုးဝါးအကောင်လို့တောင်ပြောကြတယ်ဗျာ
ဒီကောင်ကလည်း တောခြောက်တတ်သကိုး
Was this answer helpful?
LikeDislikeသိန်းရာကျော်တန်/မတန်တော့ သိဘူးဗျ…..သမိုင်းလမ်းဆုံနားက စိန် ဘီယာဆိုင်မှာ တစ်ခါတစ်လေသင်းခွေချပ်သား ရသည်လို့ ရေးတတ်တယ်….တစ်ပွဲကို 4500 တဲ့…စစ်မစစ်တော့ မစားဘူးလို့မသိဘူးရယ်….တစ်ခါတည်းကြေညာလက်စနဲ့ အဲ့ဒိ စိန်ဆိုတဲ့ဆိုင်မှာ ရန်ကုန်မြို့လိုနေရာမျိုးမှ ရနိုင်ခဲတဲ့ ရှားပါးအမည်းတွေရတယ်ဗျ…. စာကလေးကျွတ်ကြော် 1700 ( 5ကောင် ) ၊
မြေပွေးခြောက်စပ် 1700 (များတယ်ဗျ) ၊ ယုန်သားချိုချဉ် 2000 (များတာပဲ) ၊ ဂဏန်းပျော့ချဉ်စပ် 1500 (တကယ့်အပျော့တွေဗျို့) ၊ မျောက်သားဟင်း 3000 (အဲသူကတော့ တစ်ခါတစ်လေမှဗျ) ၊ မြွေပွေး/မြွေဟောက် ကျွတ်ကျွတ်ကြော် 1700 ( မြွေပွေး/မြွေဟောက် စစ်ကြောင်းပြချင်လို့ အရေခွံတောင်မခွာဘူး….မိုက်တယ်ဗျ )…..အဲ……ကျန်တာတွေမမှတ်မိတော့ဘူးဗျ…..အများကြီးကျန်သေးတယ်……………
Was this answer helpful?
LikeDislikeစိန် 3 ဆိုတဲ့ ဆိုင်များ လား ခင်ဗျာ ..
Was this answer helpful?
LikeDislike3 ဆိုတာတော့ သတိမထားမိဘူးသူငယ်ချင်းရ….သမိုင်းလမ်းဆုံကနေ ဘုရင်နောင်ဘက်သွားတဲ့လမ်းက ညာဘက်ခြမ်းမှာရှိတဲ့ ဆိုင်လေးလေ….စည်တာကတော့ မမေးနဲ့…ည 8 နာရီကျော်သွားရင် နေရာမရတော့ဘူး….တန်တာကိုးဗျ…….
Was this answer helpful?
LikeDislikeအဲ့ဒီဆိုင် ဆို Sein 3 ဗျ … ဖြစ်လောက်မယ် ဗျ.. မီးပွုင့် နားလေးက ဆိုင်လေ…. စကားမစပ် … ဒီရက် ပိုင်း သွားကြည့်လို့ ညနေပိုင်း ၄ နာရီ လောက် က နေ ၅ နာရီ ကြားလောက် မှာ ကောင်တာ ရဲ့ ဘေးမှာ computer ရယ် printer ရယ် နဲ့ ရှုပ်နေတဲ့ သူကိုတွေ့ ရင် မခေါ် နဲ့ ဗျ…..သိလား :-)
Was this answer helpful?
LikeDislikeအလိုလေး
သင်းခွေချပ်ကနေ အရက်သမားတစ်စု အမျိုးစပ်နေကြပါပကောလား
စိန်လား .စိမ်လား မသိဘူး..တော်တော်တော့ ကျယ်သဗျ

အမြည်းလဲ အတော်စုံသဗျ
နားလဲ အတော်ငြီးတယ်ဗျ..
တန်လို့ ..လာလာဆွဲကျတာထင်တယ်ဗျ
တစ်ခါတစ်ခါ ဖိုက်တင်တွေလဲ ပလေးကျသဗျ..
အဲတာ စိန်လားဗျ
Was this answer helpful?
LikeDislikeမြွေ နဲ့ ပတ်သတ်တာ တွေ မရောင်းတော့တာ ကြာပါပြီ တဲ့ ……..
Was this answer helpful?
LikeDislikeဟိုက်ရှားလဘွတ်….အဲလေ…ဟိုက်ရှားလဘက်………………ကော်တာပဲဗျို့……. ပိုက်ပိုက်မရှိရင် ဘေဝင်တီးလို့ရမဲ့ တစ်ယောက်တော့ တွေပြီ………ဘာတဲ့ Mလုလင်တဲ့……………..မှက်ထားစမ်း ဒေးဗစ်…မြဲမြဲမှက်ထား….နာမည်မမေ့စေနဲ့…………..
Was this answer helpful?
LikeDislikeဒီတစ်ရက် နှစ်ရက်ထဲ တော့ ရမယ် ဗျ . ဒီရက်ကျော်ရင်တော့ Training ကာလ ပြီးပြီ မို့ အဲ့ဒီ့ ဆိုင် က ၀န်ထမ်း ပဲ အဲ့ Computer ဆိုတာကြီး နဲ့ ကျန်မှာ မို့ ….
Was this answer helpful?
LikeDislikeမြင်ဖူးသွားတော့ ကျေးဇူးပါဗျာ။ကျနော်တို့ ရခိုင်ရိမဖက်မှာတော့ မရှိသလောက်ကိုရှားပါတယ်။
ရာသီဥတုကြောင့်များလားမသိပါဘူး။အသံကိုမှတ်ပြီးတောခြောက်တာက ကျတ်တွေမဟုတ်
ဘူးလားဗျာ။သူတို့ က ကျတ်တွင်းတို့ ဘာတို့ လို ကြားဖူးတာပါဘဲ။
Was this answer helpful?
LikeDislikeကျနော်တို့ကတော့တောကတက်လာဆိုတော့ သစ်ငွေချပ်ကိုစားဘူးတယ်ဗျို့
အရက်ပြင်းနဲ့ ၀ီစကီနဲ့သောက်လို့ကတော့ ဘာပြောကောင်းမလဲ
သောက်ပီးတဲ့ ၀ီစကီပုလင်းကိုလှမ်းသာပစ်လိုက် အဲဒီပုလင်းပါ ထောင်နေသဗျို့
ကျန်တာဆိုပြောစရာမလိုဘူး ကိုယ်တွေ့ ကိုယ်တွေ့
Was this answer helpful?
LikeDislikeဟေ !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
Was this answer helpful?
LikeDislikeသင်းခွေချပ်ဆိုတဲ့ဒီအကောင် ကိုအခုမှမြင်ဖူးတာပါ။
အခုလိုပြပေးတဲ့အတွက်ကျေးဇူးပါ။
Was this answer helpful?
LikeDislike