ရှားပါး သင်းခွေချပ်

Wai PhyoeJanuary 31, 20121min33725
သင်းခွေချပ်အကြီးစား

 

သင်းခွေချပ်အကြောင်းကောင်းကောင်းမသိပါ။ရွာထဲကဘော်ဒါများ ကြည့်ရအောင် တွေ့ထားတဲ့ပုံလေးတင်ပေးလိုက်ပါတယ်။ဒီပုံလေးက ကရင်ဒေသမှာတွေ့ခဲ့တယ့်သင်းခွေချပ် အသေးနဲ့အကြီးပါ။ သင်းခွေချပ်တစ်ကောင်ကို အကောင်ပေါ်မူတည်ပြီး သိန်းရာကျော်တန်တယ်လို့လည်းသိရပါတယ်။ထူးဆန်းတာတစ်ခုကတော့ တောတွေထဲမှာဆို သင်းခွေချပ်တွေက လူသံကိုလိုက်တုပြီးတောခြောက်တတ်ခြင်းပါပဲ။

25 comments

  • Potter Herry

    January 31, 2012 at 1:04 pm

    ဟုတ်ဗျ တောနက်ထဲ ရောက်ရင်တဲ့ အချင်းချင်း နံမည်တပ်မခေါ်ရဘူး တဲ့
    ဝေး ဝါး လို့ အသံပြုပါ တဲ့ ၊ မုဆိုးတွေက ပြောတာကြားဖူးတယ် ၊
    နံမည် သွားခေါ်မိရင် သင်းခွေချပ် တွေက အသံတု နဲ့ လိုက်ထူးတယ် တဲ့ ။

  • windtalker

    January 31, 2012 at 1:34 pm

    အဲဒီ သင်းခွေချပ် ကို တရုတ်နိုင်ငံက လူတွေ က ကာမအားတိုးဆေး ဖော်တဲ့နေရာမှာ သုံးကြတယ်တဲ့ ။
    ကာမအားတိုးချင်တာများဗျာ ၊ နွားနို ့စစ်စစ် ရယ် ဖီးကြမ်းငှက်ပျောသီးအမှည့်တစ်လုံး ရယ် ၊ လိုက်ကြက်ဥ (မိတ်လိုက်ပြီးမှဥသောကြက်ဥ) တစ်လုံးရယ် မစ်ရှိတ်လုပ်သောက်လိုက်စမ်းပါ ။ ပိုတောင် လျှံသွားဦးမယ် ။
    အဲ…ဟိတာ လိုချင်သေး သပ ဆိုရင် မုန် ညှင်းဆီ လဲ ရှိသေး သဗျာ ။

  • Wai Phyoe

    January 31, 2012 at 2:11 pm

    ကြက်ဥနဲ့စပါကလင်ကျန်ခဲ့တဲ့ကို့ဆရာ

    • windtalker

      January 31, 2012 at 2:20 pm

      တယ်စုံတဲ့ လူပါလား ဟရို
      ဆာဒူးကြီး ဆာဒူးကြီး
      🙂

      • water-melon

        January 31, 2012 at 5:14 pm

        ဟဲ့ဟဲ့ ဆာဒူးကြီးက မှတ်ပုံမတင်လို့ မသုံးရဘူးတဲ့
        အခုတော့ တင်ပြီလားမသိ
        မောင်ပေ သိပ်မသုံးနဲ့နော်
        တော်ကြာ ဟီဟီ 😀 😀

  • cobra

    January 31, 2012 at 2:17 pm

    ကြားဘူးတာတော့ငယ်ငယ်လေးထဲကပဲ ခုမှတော့သင်းခွေချပ်
    ဆိုတာမြင်ဘူးတော့တယ် ကျေးဇူးအထူးတင်ပါတယ်။
    အကောင်ပုံစံကဘယ်လိုကြီးလဲမသိဘူး။
    ကြက်သီးထတယ်။

  • awra-cho

    January 31, 2012 at 2:23 pm

    ဆရာ ဂျီးတွေ ပါပဲ လား

  • စိန်ပေါက်ပေါက်

    January 31, 2012 at 2:39 pm

    ဟိုက်စ်ရှားဘား..
    ကြားဖူးပြီး မမြင်ဖူးဘူး အဲကောင်ကို
    မြင်ရတော့ အသဲယားသဗျ
    တွားသွားတဲ့ကောင်ဘဲ
    အကောင်ကြီးက မေပေါင့်လိုပဲ အရပ်ရှည်သဟ 🙄

  • ဆူး

    January 31, 2012 at 3:23 pm

    တလောက မှော်ဘီက ဘုန်းကြီးကျောင်းမှာ သင်းခွေချပ် တကောင် ယောဂီရိပ်သာ အနား ရောက်လာလို့ ခွေးတွေ ဟောင်တာနဲ့ သိသွားပြီး ဖမ်းပြီး ခပ်ဝေးဝေးမှာ သွားလွတ်ပေးလိုက်ရတယ်။ ဒီကောင်မျိုးတွေ ရှိတော့ ရှိသေးတယ်။ ဘုန်းကြီးကျောင်းထဲ မှားဝင်လာတဲ့ အကောင်ကတော့ အဲဒီ အကောင်ထက် ပိုကြီးတယ်။

  • water-melon

    January 31, 2012 at 5:18 pm

    အူယားစရာကြီး
    ရွာသူရွာသားတွေ အကုန်လုံးပုံကို save as လုပ်ထားနော်
    တော်ကြာ တရုတ်ပြည်ရောင်းစားတာများလို့ မြန်မာပြည်မှာမရှိတော့ရင်
    သင်းခွေချပ် ဆိုတာ ဒီကောင်လို့ပြောလို့ရအောင် ကူးထားကြ 🙄

  • zarlay

    February 2, 2012 at 11:13 am

    သိန်းရာကျော်တန်တယ်ဆိုတော့ စိန်ထက်တောင် ပိုတန်ဖိုးရှိတယ်ပေါ့

  • AKKO

    February 2, 2012 at 11:44 am

    သင်းခွေချပ်တွေကို ပုံပြင်တွေထဲ ၊ ရာဇဝင်တွေထဲမှာသားကြားဖူးပေမယ့် အခုလို ဓါတ်ပုံနဲ့တကွ တစ်ခါမှ မမြင်ဖူးဘူး ။ သူ့ရဲ့ အစွမ်းကလည်း မသေးဘူးဆိုပဲ ။ ဆေးဖော်ရာနဲ့ လောကီပညာအစီရင်တွေ လုပ်တဲ့အခါ သုံးတယ်ကြားဖူးတယ် ။ ရှားပါး မျိုးဆက်တစ်ခုအနေနဲ့ ဖမ်းမိတဲ့တစ်ယောက်လောက် ပြတိုက်ပို့လှူထားလျှင် ကောင်းမှာပဲ ။ ဒါပေသိ သိန်းရာကျော်တန်တယ် ၊ စိန်ထက်တောင် အဖိုးတန်တယ်ဆိုတော့လည်း 🙄

  • Wai Phyoe

    February 2, 2012 at 12:30 pm

    အင်း သင်းခွေချပ်က တစ်ကယ်တော့ တစ်ချို့ကဆိုမကောင်းဆိုးဝါးအကောင်လို့တောင်ပြောကြတယ်ဗျာ
    ဒီကောင်ကလည်း တောခြောက်တတ်သကိုး

  • Davit

    February 2, 2012 at 2:01 pm

    သိန်းရာကျော်တန်/မတန်တော့ သိဘူးဗျ…..သမိုင်းလမ်းဆုံနားက စိန် ဘီယာဆိုင်မှာ တစ်ခါတစ်လေသင်းခွေချပ်သား ရသည်လို့ ရေးတတ်တယ်….တစ်ပွဲကို 4500 တဲ့…စစ်မစစ်တော့ မစားဘူးလို့မသိဘူးရယ်….တစ်ခါတည်းကြေညာလက်စနဲ့ အဲ့ဒိ စိန်ဆိုတဲ့ဆိုင်မှာ ရန်ကုန်မြို့လိုနေရာမျိုးမှ ရနိုင်ခဲတဲ့ ရှားပါးအမည်းတွေရတယ်ဗျ…. စာကလေးကျွတ်ကြော် 1700 ( 5ကောင် ) ၊
    မြေပွေးခြောက်စပ် 1700 (များတယ်ဗျ) ၊ ယုန်သားချိုချဉ် 2000 (များတာပဲ) ၊ ဂဏန်းပျော့ချဉ်စပ် 1500 (တကယ့်အပျော့တွေဗျို့) ၊ မျောက်သားဟင်း 3000 (အဲသူကတော့ တစ်ခါတစ်လေမှဗျ) ၊ မြွေပွေး/မြွေဟောက် ကျွတ်ကျွတ်ကြော် 1700 ( မြွေပွေး/မြွေဟောက် စစ်ကြောင်းပြချင်လို့ အရေခွံတောင်မခွာဘူး….မိုက်တယ်ဗျ )…..အဲ……ကျန်တာတွေမမှတ်မိတော့ဘူးဗျ…..အများကြီးကျန်သေးတယ်……………

    • Mလုလင်

      February 2, 2012 at 2:07 pm

      စိန် 3 ဆိုတဲ့ ဆိုင်များ လား ခင်ဗျာ ..

      • Davit

        February 2, 2012 at 2:14 pm

        3 ဆိုတာတော့ သတိမထားမိဘူးသူငယ်ချင်းရ….သမိုင်းလမ်းဆုံကနေ ဘုရင်နောင်ဘက်သွားတဲ့လမ်းက ညာဘက်ခြမ်းမှာရှိတဲ့ ဆိုင်လေးလေ….စည်တာကတော့ မမေးနဲ့…ည 8 နာရီကျော်သွားရင် နေရာမရတော့ဘူး….တန်တာကိုးဗျ…….

        • Mလုလင်

          February 2, 2012 at 2:23 pm

          အဲ့ဒီဆိုင် ဆို Sein 3 ဗျ … ဖြစ်လောက်မယ် ဗျ.. မီးပွုင့် နားလေးက ဆိုင်လေ…. စကားမစပ် … ဒီရက် ပိုင်း သွားကြည့်လို့ ညနေပိုင်း ၄ နာရီ လောက် က နေ ၅ နာရီ ကြားလောက် မှာ ကောင်တာ ရဲ့ ဘေးမှာ computer ရယ် printer ရယ် နဲ့ ရှုပ်နေတဲ့ သူကိုတွေ့ ရင် မခေါ် နဲ့ ဗျ…..သိလား 🙂

        • စိန်ပေါက်ပေါက်

          February 2, 2012 at 2:35 pm

          အလိုလေး
          သင်းခွေချပ်ကနေ အရက်သမားတစ်စု အမျိုးစပ်နေကြပါပကောလား 😆

          စိန်လား .စိမ်လား မသိဘူး..တော်တော်တော့ ကျယ်သဗျ
          အမြည်းလဲ အတော်စုံသဗျ
          နားလဲ အတော်ငြီးတယ်ဗျ..
          တန်လို ့..လာလာဆွဲကျတာထင်တယ်ဗျ
          တစ်ခါတစ်ခါ ဖိုက်တင်တွေလဲ ပလေးကျသဗျ..
          အဲတာ စိန်လားဗျ
          🙄

    • Mလုလင်

      February 2, 2012 at 7:24 pm

      မြွေ နဲ့ ပတ်သတ်တာ တွေ မရောင်းတော့တာ ကြာပါပြီ တဲ့ ……..

  • Davit

    February 2, 2012 at 2:32 pm

    ဟိုက်ရှားလဘွတ်….အဲလေ…ဟိုက်ရှားလဘက်………………ကော်တာပဲဗျို့……. ပိုက်ပိုက်မရှိရင် ဘေဝင်တီးလို့ရမဲ့ တစ်ယောက်တော့ တွေပြီ………ဘာတဲ့ Mလုလင်တဲ့……………..မှက်ထားစမ်း ဒေးဗစ်…မြဲမြဲမှက်ထား….နာမည်မမေ့စေနဲ့………….. 😛

    • Mလုလင်

      February 2, 2012 at 2:38 pm

      ဒီတစ်ရက် နှစ်ရက်ထဲ တော့ ရမယ် ဗျ . ဒီရက်ကျော်ရင်တော့ Training ကာလ ပြီးပြီ မို့ အဲ့ဒီ့ ဆိုင် က ဝန်ထမ်း ပဲ အဲ့ Computer ဆိုတာကြီး နဲ့ ကျန်မှာ မို့ ….

  • မြင်ဖူးသွားတော့ ကျေးဇူးပါဗျာ။ကျနော်တို ့ရခိုင်ရိမဖက်မှာတော့ မရှိသလောက်ကိုရှားပါတယ်။
    ရာသီဥတုကြောင့်များလားမသိပါဘူး။အသံကိုမှတ်ပြီးတောခြောက်တာက ကျတ်တွေမဟုတ်
    ဘူးလားဗျာ။သူတို ့က ကျတ်တွင်းတို ့ဘာတို ့လို ကြားဖူးတာပါဘဲ။

  • fatty

    February 2, 2012 at 8:09 pm

    ကျေနော်တို့ကတော့တောကတက်လာဆိုတော့ သစ်ငွေချပ်ကိုစားဘူးတယ်ဗျို့
    အရက်ပြင်းနဲ့ ဝီစကီနဲ့သောက်လို့ကတော့ ဘာပြောကောင်းမလဲ
    သောက်ပီးတဲ့ ဝီစကီပုလင်းကိုလှမ်းသာပစ်လိုက် အဲဒီပုလင်းပါ ထောင်နေသဗျို့
    ကျန်တာဆိုပြောစရာမလိုဘူး ကိုယ်တွေ့ ကိုယ်တွေ့

    • Davit

      February 4, 2012 at 10:06 am

      ဟေ !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

  • Sandy

    February 3, 2012 at 12:40 pm

    သင်းခွေချပ်ဆိုတဲ့ဒီအကောင် ကိုအခုမှမြင်ဖူးတာပါ။
    အခုလိုပြပေးတဲ့အတွက်ကျေးဇူးပါ။

Leave a Reply