နိုင်ငံခြားသူတစ်ဦး နှင့် influenza ဖြစ်ခြင်း

AKKOJanuary 31, 20121min16310

ဖုန်းမှ ringtone သံကြား၍ ကိုင်လိုက်သောအခါ မြန်မာပြည်သို့မကြာခဏလာလည်တတ်သော ဥရောပနိုင်ငံတစ်ခုမှ ၊ မိတ်ဆွေနိုင်ငံခြားသူ ၁ယောက် နေမကောင်း၍ လာကြည့်ပေးရန် request လုပ်သဖြင့် မအားသည့်ကြားမှသွားကြည့်ရန် ချက်ချင်းဆိုသလို ဆုံးဖြတ်လိုက်ရသည်။မိမိနိုင်ငံလာလည်သည့်ဧည့်သည်ဖြစ်သည်ကတကြောင်း၊မိတ်ဆွေဖြစ်နေသည်က တကြောင်း trader ဟော်တယ်သို ့သွားရန် လိုအပ်သည့်ဆေးများထည့်၍ အမြန်ဆုံးထွက်ခဲ ့ရပြန်သည်။
အသက်၅ဝခန် ့ရှိသော သူမမှာ ကုတင်ပေါ်တွင် နွမ်းလျစွာဖြင့် ရှိသမျှ အင်အားနှင့် ပြုံး၍ နှုတ်ဆက်ရှာသည်။
လူနာမြင်လျှင် စိတ်မကောင်း ဖြစ်တတ်သော စာရေးသူအဖို ့ခံစားရပါသည်။ မေးကြည့်သောအခါမှ အဖျားတက်၍ ကိုယ်လက်နာကျင်နေကြောင်း၊ချောင်းအနည်းငယ်ဆိုးနေကြောင်း သိရပါသည်။စမ်းသပ်ကြည့်သောအခါ အသက်ရှူလမ်းကြောင်းတွင် ရောဂါလက္ခဏာ အနည်းငယ်သာတွေ ့ရသဖြင့် အင်(influenza)မိနေသည်ဟု သိလိုက်ရပါသည်။ သူတို ့နိုင်ငံတွင် viral infection ဆိုလျှင် အရမ်းကြောက်ကြသည်။ ယောကျာ်းဖြစ်သူ နိုင်ငံခြားသားက စိုးရိမ်တကြီးဖြင့် လင်မယား ခွဲအိပ်ဖို ့လိုမလို ကအစ သိချင်တာအကုန် မေးမြန်းလေတော့သည်။ သူတို့ကို ရှင်းပြခဲ့တဲ့ ဖျားနာခြင်းအကြောင်း ရွာသူရွာသားတို့ပါဗဟုသုတရစေဖို့ ပြန်ပြောပြလိုက်ပါသည်

 

Influenza ဆိုတာက virus ပါ။ myxoviruses ရဲ ့ အုပ်စု ၂ခုဖြစ်တဲ ့orthomyxoviruses နဲ ့ paramyxoviruses ထဲက orthomyxoviruses ပါ။influenza viruses လို ့လည်းခေါ်ပါတယ်။ ရောဂါနာမည်ဆိုရင် တုပ်ကွေးရောဂါပါ။(influenza) ပေါ့။တကမာ္ဘလုံး ပျံ ့နှံ ့တတ်တဲ ့ရောဂါပါ။ ရုတ်တရက် ဖျားမယ်၊နုန်းချိမယ်၊ချမ်းလာမယ်၊ကြွက်သားတွေ ကိုက်ခဲမယ်၊နာကျင်မယ်၊နှာရည်ယိုမယ်၊ချောင်းဆိုးမယ်၊နှာချေမယ် စသည့် အသက်ရှူလမ်းကြောင်းပိုးဝင်တဲ လက္ခဏာပြမယ်။ influenza က type A,B,C ဆိုပြီး ၃မျိုးရှိတယ်။အေ ဗိုင်းရပ်စ် ကတော့ အသွင်ပြင်ပြောင်းနို်င်ဆုံးပဲ။ ဆေးတွေကို ခုခံနိုင်ဖို ့နဲ ့ သူကိုယ်သူမသေအောင်ပေါ့။

 
အဓိကကတော့ ဖြစ်နေတဲ ့လူဆီက ကူးတာပါ။လေထဲကနေ ကူးတာပါ။ ချောင်းဆိုးတာတို ့၊နှာချေတဲ ့အခါမျိုးတွေမှာပေါ့။ နှာရည်ထိထားတဲ ့လက်တွေထိရာကနေ အများဆုံးကူးကြတာ။ ဒါကြောင့် လက်ဆေးတဲ ့အကျင့်လုပ်ပါလို ။ ဗိုင်းရပ်စ် တွေက အသက်ရှူလမ်းကြောင်းထဲ အရင်စဝင်တယ်။ တချို ့ဆို ၁ လလောက် တရှောင်ရှောင်ပဲ။ ပိုဆိုးရင် ဗိုင်းရပ်စ်တွေပါမက ဘက်တီးရီးယားပိုးတွေပါ ဝင်လာရော။ ခန္ဓာကိုယ် ထဲကိုရောက်ပြီး ၁-၄ ရက်လောက်ကြာမှ ရောဂါလက္ခဏာတွေ စပြတော့တာပဲ။ ရုတ်တရက် အဖျားကြီးမယ်၊နုန်းချိမယ်၊ချမ်းလာမယ်၊ကိုယ်လက်မအီမသာဖြစ်လာမယ်၊ကြွက်သားတွေ ကိုက်ခဲမယ်၊နာကျင်မယ်၊ခေါင်းကိုက်မယ်၊နှာရည်ယိုမယ်၊ချောင်းခြောက်ဆိုးမယ်၊နှာချေမယ်။အဖျားက ၃ရက်လောက်တက်နိုင်တယ်၊ အသက်ရှူလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာတွေကတော့ နောက် ၃-၄ ရက်လောက်ထိဖြစ်နိုင်တယ်၊Total က ရ ရက်လောက်ကြာနိုင်တယ်။ချောင်းဆိုးတာနဲ ့အားနည်းနေသလိုဖြစ်မှာက ၁-၃ ပတ်လောက်ကြာတတ်တယ်။အေနဲ ့ဘီ ဗိုင်းရပ်စ် ကြောင့် အဖြစ်များတယ်။၁နှစ်အောက် ကလေးတွေမှာဆို ကြက်ညှာ(croup)ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကအေ ဗိုင်းရပ်စ်ကြောင့်ပဲ။ နမိုးရီးယားတို့၊ဦးနှောက်ရောင်တာတို ့နောက်ဆက်တွဲဖြစ်တတ်တယ်ဆိုတာ သိထားဦးနော်။
ကျောင်းနေအရွယ်ကလေးတွေမှာ အဖြစ်များဆုံးပဲ။အရွယ်စုံဖြစ်တတ်တယ်။
အဓိကကတော့ ရောဂါပိုးပါတဲ ့အရည်စက်(droplets)လေးတွေ ရှူမိလို ့ကူးတာပါ။

 

ကာကွယ်ဖို ့အတွက်ဆိုရင် လက်ဆေးပါ၊လူများတဲ ့နေရာတွေရှောင်ပါ။ချောင်းဆိုးနှာချေရင် လက်ကိုင်ပဝါအုပ်ထားပါ။ ကာကွယ်ဆေးက ထိရောက်စွာမကာကွယ်ပေးနိုင်ပါ၊ဗိုင်းရပ်စ်က သွင်ပြင်ကောင်းပြီးခုခံနိုင်လို ့ပါ။ ကိုယ်ခံအားကောင်းတဲ့လူဆို ဗိုင်းရပ်စ်ကသူ့ဘာသာသေသွားပါတယ်။၁ယောက်နဲ ့၁ယောက် ဗိုင်းရပ်စ်သေသွားတဲ ့အချိန်က မတူပါဘူး။ရက်အနည်းငယ်မှ ရက်သတ္တပတ်အနည်းငယ်အထိကြာတတ်ပါတယ်။
ရောဂါဖြစ်လို ့မြန်မြန်ပြန်ကောင်းချင်ရင် ဆေးခန်းသွား၊ကုသမှုခံယူပါ။

 

စောစောက မိတ်ဆွေနိုင်ငံခြားသူကြီးကို လိုအပ်တဲ ့ကုသမှုတွေပေး၊ရှင်းပြပေးလိုက်တယ်။ စေတနာ့ဆရာဝန်ပဲ လုပ်ခဲ ့ရပါတယ်။ငွေရှင်းပေးမယ်လုပ်တော့ အားနာတာကတကြောင်း၊မိတ်ဆွေဖြစ်နေတာကတကြောင်း ကြုံထောင့်ကြုံခဲဖျားတာဖြစ်ပြီး ၊ လိုအပ်လို ့ကူညီတာ၊ care လုပ်တာပါလို ့ပြောပြီး ဒေါ်လာတွေမယူပဲ ကျေးဇူးနှင့်ပီတိကိုသာ ယူ၍ နှုတ်ဆက်ရင်း ပြန်လာခဲ့ပါသည်။နောက်နေ ့ပြန်တွေ ့တော့ မိတ်ဆွေအမျိုးသမီးကြီးမှာ မနေ ့ကတွေ ့ခဲ ့သော လူနာပုံနှင့်မတူ အကောင်းပကတိ လန်းဆန်းတတ်ကြွနေသော အသွင်မျိုးဖြစ်နေတော့ အံ့ဩလည်းအံ့ဩ၊ ဝမ်းလည်းဝမ်းသာဖြစ်မိပါတော့သည်။ နေကောင်းသွာ ၍ ကျေးဇူးအလွန်တင်ကြောင်း ပြောရာ စေတနာအလျှောက် ကူညီပေးခြင်းသာဖြစ်သဖြင့် ပျော်ရွှင်နေသောသူမကို ပီတိပြုံးများဖြင့်သာ ပြုံးပြမိပါတော့သည် ။

10 comments

  • htet way

    January 31, 2012 at 6:57 pm

    ဒေါက်တာခင်ဗျား
    ဗဟုသုတရပါတယ် နောက်လည်း ဒီလိုဆောင်းပါးမျိုး မအားတဲ့ ကြားကပဲ
    ရေးပေးပါလို့ မေတ္တာရပ်ခံတောင်းဆိုပါတယ်။

  • water-melon

    January 31, 2012 at 7:23 pm

    ဒေါက်တာကြီးရှင့်
    သမီးဗိုက်ထဲက အောင့်အောင့်နေလို့ 😆

    ကျွန်တော်က အချိုနဲ့မတည့်ဘူးဗျ
    အချိုစားတာများရင် ချွဲကြပ်၊အသက်ရှူကြပ်ပြီး ဘယ်ဘက်မျက်ခုံးရောင်လာတယ်
    အချိုများများစားတဲ့နေ့ဆို ချွဲပျော်ဆေးကတော့ သောက်ရတယ်
    ချွဲပျော်ဆေးကောင်းကောင်းလေး ပြောပြပေးပါရှင့်
    ပြန်ကြားပေးပါ ဒေါက်တာကြီးရှင့် 😀

    • etone

      February 1, 2012 at 9:20 am

      တာမီးလေးရေ … ချွဲသလိတ်ပျော်ဖို့က ရေမချိုးပဲ တပတ်လောက်နေရပါမယ်ဂွယ် ။
      ပြီးလျှင် ရှောက်တီး တုံးယုံး တပြိုင်နက် မျိုရပါမယ် ….

      ချွဲလည်းကျ .. လည်ပင်လည်းကွဲ အဟဲ :mrgreen:

  • windtalker

    January 31, 2012 at 7:31 pm

    ဒေါက်တာ ခဗျာ
    အခုခေတ် ၊ အင်း အခုခေတ်ရယ်မှ မဟုတ်ပါဘူး
    ရှေးခေတ်တွေ ကတဲ က ရှိသင့် ဖြစ်သင့်ခဲ့တာပါဘဲ
    နားရှက်စရာ လို ့ကျုပ်တို ့လူမျိုးတွေ ထင်နေကြတဲ့ ၊ ပြောရမှ ရှက်နေကြတဲ့
    “ ဆာကမ်စီးရှင်း ” လုပ်တဲ့ အကြောင်းလေးရယ် ၊ ဘာကြောင့် လုပ်သင့်တယ် ဆိုတာလေးရယ် ကို
    အသေးစိတ် အပြည့်အစုံ ၊ ဖြစ်နိုင်လျှင် ပုံလေးတွေ နဲ ့ပါ ၊ ပို ့စ်ရေးတင်ပေးပါ လို ့
    ကိုးဆယ့်ကိုးစားစွာဖြင့် တောင်းဆိုလိုက်ပါတယ် ခင်ဗျား ။

  • Khin Latt

    January 31, 2012 at 8:55 pm

    တုံတုံ ရဲ့ ဆေးခန်းပိုင်ရှင်မှန်း အခုမှသိတော့ တယ်။
    စေတနာ မေတ္တာ တွေကို အရမ်းလေးစားပါတယ် AKKO ရေ။ တကယ်ပါ။
    အရင် ထဲ က တုံတုံ Post တွေ ဖတ်ပြီးကထဲကပါ။ 🙂

    ခင်မင်စွာဖြင့်
    အရီးလတ်

  • water-melon

    February 1, 2012 at 8:07 am

    အမလေး အရီးလတ်ကလည်း
    တုံတုံ ရဲ့ ဆေးခန်းပိုင်ရှင်ထက် အချစ်ဆေးခန်းက ပိုမှန်မယ်ထင်တယ်။
    မအီတုံက ကြေငြာပြီးသား မင်္ဂလာဆောင်ရင် ဖိတ်ရမယ်နော်
    ခဲဖိုးလည်းပေးရမယ် 😆

    • etone

      February 1, 2012 at 9:49 am

      ဖရီးသဲ ..ဖရဲသီး …ရေ … အချစ်ဆေးခန်းတော့ မဟုတ်ပါဘူးဟယ် … တော်ကြာ … ချစ်ချင်တဲ့ လူတွေ လာတိုးနေမှဖြင့် ပြေးပေါက်မှားနေမယ် …

      ( အဲ့ဒီနားမှာ .. အခြော်တကော်တွေ အများဂျီးပဲ ညဘက်ဆို မိန်းမနဲ့ အရမ်းတူတယ် … မီနီစကတ်နဲ့ အကျီ င်္ရင်စည်းနဲ့ လမ်းသလားနေတာ … အီး ကြက်သီးထထှာ 😆 )

  • AKKO

    February 3, 2012 at 9:26 am

    @ဆရာထက်ဝေး
    ဗဟုသုတရတယ်ဆိုလို့ ဝမ်းသာမိပါတယ် ။ နောက်လည်း လက်လှမ်းမှီသလောက်ရေးပါဦးမယ် ။ ကျေးဇူးတင်ပါတယ် ။

    @ ဖရဲသီးရေ
    ဆရာ့ ဆရာပေးတဲ့ နည်းအတိုင်းလုပ်ကြည့်လိုက်ပါ ။ သေချာတာတော့ သူပြောသလို လည်ပင်းကွဲမယ်ဆိုတာပါပဲ 😆

    @မောင်ပေရေ
    အဲ့ဒီအကြောင်းလေးကိုလည်း အကြမ်းဖျဉ်းလေးပြောပြပေးဖို့ ရေးနေပါတယ် ။

    @အမေလတ်ခင်ဗျာ သူခဏခဏဖွလို့ ၊ သားပွရတာပါ 🙁

  • mahar zaw

    February 4, 2012 at 9:05 pm

    ဒေါက်တာခင်ဗျာ မြန်မာတစ်ယောက်ရဲ ့စိတ်ဓာတ်နဲ ့လုပ်ရပ်ကို
    ချီးကျူးလေးစားအားကျမိပါတယ် ဗဟုသုတလည်းရပါတယ်ကျေးဇူးပါခင်ဗျာ

  • AKKO

    February 8, 2012 at 4:50 pm

    mahar zaw ရေ နောက်လည်းအားပေးပါဦးကွယ်။ အများအကျိုးအတွက် အချိန်ကုန်၊လူပမ်းရကျိုးနပ်ပါတယ်။ကြားရတာလေးတွေအတွက်လည်း ဝမ်းသာပါတယ်ကွယ်။

Leave a Reply