“အဝေးမျှော်”

aye.kkJanuary 31, 20121min13213

နေဝင်ကာနီး
ခရီးငါ့မှာ
ဝေးလှဟုထင်
တွေးဆမြင်ခါ
ငါလျှင်ဧည့်သည်
ဤလူ့ဘုံမယ်
အလယ်လာရ
ခဏမျှတည်း
ဘဝမီးအိမ်
မှိန်ပြချိန်တန်
နိဗ္ဗာန်ရည်မှန်း
ဆန်လမ်းကိုသည့် အဝေးမျှော်။

13 comments

  • alinsett

    January 31, 2012 at 6:24 pm

    ကဗျာလေးက ကောင်းပါတယ်။

  • windtalker

    January 31, 2012 at 7:25 pm

    သည်အရွယ်မှာတော့
    သည်ဆေးသာ အကောင်းဆုံး
    ကိုယ်နဲ ့အတူပါမယ့်ဆေး
    ဘာဆေးလဲ ငါ့ကိုလာမေး
    သံသရာအတွက်
    သီလ၊ဘာဝနာ ဆေး
    …………………………

  • စိန်ပေါက်ပေါက်

    January 31, 2012 at 7:46 pm

    နိဗ္ဗာန်သွားချင်လို ့လား.
    ယာဉ်လွှတ်လိုက်မယ်လေ 😀

    အန်တီအေးရေ
    တိုတိုနဲ ့ ထိတဲ့ကဗျာလေးဖြစ်ပါကြောင်း..
    အားပေးလျက်

  • aye.kk

    January 31, 2012 at 7:46 pm

    အလင်းဆက်,..ကျေးဇူးပါ။
    ကိုပေနဲ့ကီးရေ,…ထပ်ဖြည့်စွက်ခါပြောပြပေးတာ၊ကျေးဇူးနော်။
    အန်တီအနေနဲ့…
    ထပ်ပြောချင်မိတာက…
    စိတ်အလိုလိုက်…
    မိုက်နေသူကငါ…ဖြစ်နေတယ်လို့ထင်မြင်မိနေပါတယ်ကွယ်။

  • shweminnthar

    February 1, 2012 at 12:40 am

    မနက်ဖြန်ညတရားပွဲမှာ၎င်းကဗျာအား.
    ထည့်ဟောလိုက်ပါမည်ဒကာမကြီး..

  • Khin Latt

    February 1, 2012 at 4:52 am

    အစ်မအေး ရေ –
    ~~~ စိတ်အလိုလိုက်… မိုက်နေသူကငါ… ~~~
    အစ်မ တင်မဟုတ်ပါဘူး။
    ကျွန်မ ရောပါတယ်။
    ကျွန်မ သူငယ်ချင်းတစ်ချို့ ဆိုရင် ဘာဝနာဘက် ကို စသွားနေကြပြီ။

    ခင်မင်စွာဖြင့်
    မလတ်

  • aye.kk

    February 1, 2012 at 5:26 am

    shweminntha,ကျေးဇူးပါ။
    မလတ်,အားပေးစကားအတွက်..
    အလေးထားကာလေးစားမိပါတယ်။

  • thit min

    February 1, 2012 at 7:20 pm

    အဝေးမျှော်ဇာတ်
    စိတ်မှာမှတ်သိ
    အမှန်ရှိရာ
    သွားလိုရောက်လို
    နားခိုလိုလည်း
    အပိုဒုက္ခ လိုဒုက္ခ နဲ့
    ယဲ့ယဲ့တွဲငင်
    တို့ဝိငြင်သည်
    ရီရွှင်ပျော်ပါး
    မေ့နိုင်အားလျှက်
    အမှောင်တွင်းနက်
    ခရီးဆက်။

  • Harumoto

    February 1, 2012 at 8:36 pm

    အဝေးမျှော်ပြီး
    ထိုခရီးကား
    တွေးဆမရ
    မှုံပြပြ။
    လာသည့်ခရီး
    တွေးဆပြီးလည်း
    ဦးတည်လားရာ
    ရှိခဲ့ပါဘူး။
    သံသရာခရီး
    ဘယ်မပြီးသည့်
    လောဘ ဒေါသ
    ပြောသမျှကို
    သူ့အလိုလိုက်
    မိုက်ကြအုံးစို့။

  • aye.kk

    February 1, 2012 at 9:55 pm

    ကိုသစ်,နှင့်harumoto…ကျေးဇူးပါနော်။(ကဗျာလေးတွေကိုအရမ်းချစ်ပါ၏)

  • nature

    February 1, 2012 at 9:59 pm

    အတိတ်ကိုတွေး မဆွေးလေနဲ့ ၊
    အတိတ်ဆိုတာ ပြန်မလာဘူး။
    အနာဂတ်မှန်းဆ မလွမ်းတနဲ့၊
    အနာဂတ်ဆိုတာ မသေချာဘူး။
    ပစ္စုပ္ပန်မှာ လုပ်သင့်ရာဝယ် ၊
    ပညာ လုံ့လ အသုံးချလျှက် ၊
    ဘဝတန်ဖိုး အားမာန်ကိုး ၍ မြတ်နိုးကြည်ဖြူ ၊
    အရယူလော့။
    (အဂ္ဂမဟာပဏ္ဍိတ အရှင် နန္ဒမာလာဘိဝံသ)

  • aye.kk

    February 2, 2012 at 5:09 am

    nature,ရေ…..သတိပေးတဲ့၊ကဗျာလေးအတွက်၊ကျေးဇူးပါနော်။

Leave a Reply