လူတစ်ယောက်ရဲ့တန်ဖိုးကိုဘယ်လိုသတ်မှတ်သင့်ပါလဲ

mayzin leiJanuary 31, 20121min5116

လူတစ်ယောက်ရဲ့တန်ဖိုးကို ဘာနဲ့ တိုင်းတာသင့်ပါသလဲ။

ပညာတတ်မြောက်ခြင်းလား၊ ရုပ်ရည်လှပခြင်းလား၊

ဥစ္စာဓနကြွယ်ဝခြင်းလား၊အပေါင်းအသင်းဝင်ဆန့်ခြင်းလား၊

ရာထူးဂုဏ်သိမ်ရှိခြင်းလား။

16 comments

  • water-melon

    January 31, 2012 at 5:51 pm

    အရင်ဆုံးချိန်ခွင်နဲ့ချိန်ကြည့်ပါ
    မရရင် ကတ္တားနဲ့ချိန်ပါ
    ဒါမှမရသေးရင် တန်ပိုဂိတ်က ကတ္တားနဲ့ချိန်ကြည့်ပါ 😀
    အလကားနောက်တာ
    ဘယ်လို တန်ဖိုးသတ်မှတ်လဲဆိုတော့ သူ့ရဲ့ အကျင့်သီလ၊စာနာသနားစိတ်၊ကိုယ်ပိုင်စွမ်းအား၊သူတစ်ပါးအပေါ် ကောက်ကျစ်ရုပ်ညံတဲ့ စိတ်မရှိရင်။ ထင်တာဘဲ 😆

  • alinsett

    January 31, 2012 at 6:08 pm

    တန်ဖိုးဆိုတာ… ဘယ်သူ သတ်မှတ်တဲ ့တန်ဖို းနဲ ့တိုင်းတာမှာလဲ..
    လူတစ်ယောက်ချင်းစီမှာ..သူတို ့တန်ဖိုးထားတာက တစ်မျိုးစီလေ..။
    ပြိးတော့ လူတစ်ယောက်ကိုူ တစ်ဘဝစာအတွက်…သတ်မှတ်ချက်တစ်ခုတည်းနဲ ့တန်ဖိုးဖြတ်..တိုင်းတာရင် မကောင်းဘူးလို ့ ထင်ပါတယ်။
    လူတစ်ယောက်ဟာ..ဒီအချိန်မှာ တန်းဖို းရယ်..လို ့မရှိသေးပေမယ့်..နောက်တချိန်မှာ တန်ဖိုးဖြတ်မရအောင် ဖြစ်နေတတ်တယ်လေ..။

    ကျွန်တော်.တွေးမိတာလေးကို ဝင်ပြောတာပါနော်။ မှားတာပါရင် ခွင့်လွတ်ပါ။

    ခင်မင်စွာ..

  • aye.kk

    January 31, 2012 at 6:23 pm

    လူကိုလူလိုမြင်၊လူလိုပီသအောင်နေ(ငါးပါးသီလလုံအောင်နေ)…
    ရိုးရိုးကျင့်မြင့်မြင့်ကြံနေထိုင်တတ်ကလျှင်..လူ ့တန်ဖိုးမည်ပါပေသည်။

    • Thel Nu Aye

      January 31, 2012 at 10:10 pm

      အမ aye.kk ပြောတာမှန်ပါတယ်။ ဟုတ်ပါတယ်။

  • MaMa

    January 31, 2012 at 6:49 pm

    mayzin lei ရေ- ကိုယ်ကျင့်သိက္ခာနဲ့သာ တိုင်းပါကွယ်။
    လူမျိုးမရွေး ဘာသာမရွေး လူတိုင်းအတွက် အကျုံးဝင်ပါတယ်။
    ကြုံတုန်းပြောရဦးမယ်- မောင်ဖရဲ
    ရုပ်ညံ့ပေမယ့် စိတ်လှရင် ပြီးတာပါပဲ။
    စိတ်ယုတ်ညံ့တာတော့ သည်းမခံသင့်ဘူး။
    (လျှာရှည်တတ်တာ ဝါသနာပါလို့ပါ ရွာသူားအချင်းချင်း စိတ်မဆိုးကြေး။) 😀

    • amatmin

      January 31, 2012 at 7:55 pm

      ဖရဲတော့ သတ်ပုံကြောင့်အမှတ်လျော့ခံထိသွားပီ.. 🙂
      လေးစားပါတယ် သတ်ပုံဆရာမ..
      လူ့တန်ဖိုးကို တော့ငွေကြေးပိုင်ဆိုင်မှုတွေ ဖယ်ထုတ်ပီး သူ့ပတ်ဝန်းကျင်မှာ ဘယ်လောက်အသုံးဝင်/တည့် တယ်ဆိုတာနဲ့ တိုင်းတာကိုကြိုက်တယ်..
      ဒါနဲ့ နောက်တခါမေးရင် ရွှီးလို့ရအောင် ရှည်ရှည်လေးရေးပြီးမေးဗျ နော.. 😛

  • စိန်ပေါက်ပေါက်

    January 31, 2012 at 7:36 pm

    အူးလေးရေ..အူးလေးရေ

    လူတစ်ယောက်ရဲ့တန်ဘိုးကို အဲလူတစ်ယောက်ရဲ့
    မနေ ့ကနဲ ့ ဒီနေ ့ကို ယှဉ်ပြီး တန်ဘိုးဖြတ်သင့်ပါတယ်

    မနေ ့က အသုံးကျပြီး ဒီနေ ့ အရက်မူးနေရင် အဲလူ တန်ဘိုးမရှိဘူး..ကျသွားတယ်လို ့ခေါ်ပါတယ်

    မနေ ့က သိန်းတစ်ရာဘိုး ဓါးပြတိုက်ပြီး ဒီနေ ့ သိမ်းထားတဲ့တစ်ရာဘိုး ဒါနပြုရင် အဲလူတန်ဘိုးတက်လာတယ်လို့ ခေါ်ပါတယ် 😀

    ဒီနေ ့ဟာ မနေ ့ကလိုဖြစ်ပြီး မနက်ဖြန်ဟာ ဒီနေ ့လိုဖြစ်နေရင် အဲလူရဲ့တန်ဘိုး တည်ငြိမ်နေတယ်လို ့ခေါ်ပါတယ်

    သေချာ အပြည့်အစုံသိချင်ရင်တော့
    လူအသားကို ရောင်းစားလို ့ရတဲ့ခေတ်ကျရင်တော့ ပိန်တာ..ဝတာပေါ်မူတည်ပြီး အလေးချိန်ကြီးတဲ့လူကတန်ဘိုးကြီးပါတယ်
    ပြီးတော့.
    မသိတော့ပါဘူး

  • windtalker

    January 31, 2012 at 8:00 pm

    ဒီနေရာမှာ ရွာထဲက ရွာသားတစ်ဦးပြောခဲ့ဖူးတဲ့ စကား ကို ဘဲ ပြောချင်ပါတယ်
    “ စားချင်တာစား ၊ ဦးဏှောက်တော့ လာမစားနဲ ့” တဲ့
    ကဲ…ရဲဘော်တို ့၊ ငါတို ့တိုက်ပွဲဝင်ကြပါစို ့။

  • water-melon

    January 31, 2012 at 8:32 pm

    ကိုပေပြောနေတယ် ရဲဘော်တို ့၊ ငါတို ့တိုက်ပွဲဝင်ကြပါစို ့ တဲ့
    ပစ်ပစ် ဖိုင်းယား အားအု
    ကိုပေ ဖွားဖက်တော် သေနတ်မှန်သွားပြီ။ 😀

    • naywoonni

      January 31, 2012 at 9:46 pm

      ကပေ သေလို့ မဖစ်သေးဘူး ဒီဇာတ်ကားမှာ……..။ အာဘွားပေးပြီးကြပ်ပေးလိုက်ကြပါဦး နီးတဲ့သူတွေက…………။

      • Thel Nu Aye

        January 31, 2012 at 10:08 pm

        ပြေးပြီ။ လက်ဆောင်ပန်းစည်းကဘုကိတ်စတောင်ပြီးအောင်မရှင်းရသေးဘူး။ နောက်တခါ အာဘွားပေးပြီးကြပ်ထိုးခိုင်းပြန်ပြီ။

  • jujuma

    February 1, 2012 at 10:27 am

    လူတိုင်းမှာ တန်ဖိုး ကိုယ်စီ ရှိတယ်လို့ထင်ပါတယ်…
    အနည်းအများကွာတာပဲရှိမှာပါ..
    ဘယ်သူကမှတန်ဖိုးဖြတ်လို့ မရနိုင်ပါဘူး …

  • kyeemite

    February 1, 2012 at 11:41 am

    လူတစ်ယောက်ရဲ့တန်ဘိုး ကို ကိုယ်ကျင့်တရားနဲ့ဘဲတိုင်းသင့်ပါတယ်…

  • True Answer

    February 1, 2012 at 2:18 pm

    သီလ- သမာဓိ -ပညာ (သို့)
    (ဘယ်လောက်အတိုင်းအတာထိ) မကောင်းမှုရှောင် နိုင်သလဲ
    (ဘယ်လောက်အတိုင်းအတာထိ) ကောင်းမှုလုပ် နိုင်သလဲ
    စိတ်ကို ဘယ်လောက်ဖြူအောင်ထားနိုင်သလဲ တိုင်းပါမည်။

  • etone

    February 1, 2012 at 2:24 pm

    သူများတွေ ဘာနဲ့ တိုင်းတာလည်း မသိပေမယ့် …. ကျွန်မကတော့ လူတစ်ယောက်ရဲ့ တန်ဖိုးကို
    1.ကိုယ်ကျင့်တရားကောင်းမှု
    2.သစ္စာရှိမှု
    3.သီလစောင့်သိမှု
    4.ကိုယ်ချင်းစာ၊ သနားညှာတာတတ်မှုနဲ့
    5.မှန်ကန်စွာဆုံးဖြတ်ချက် ချနိုင်မှုတို့ အပေါ် ခြုံငုံစဉ်းစားပြီး တိုင်းတာပါတယ် ။

Leave a Reply